Wednesday, 4 July 2012

ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။

ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအား သွားရောက်ကူညီ လှူဒါန်းကြတဲ့ အနုပညာရှင်များနဲ့ ယနေ့ပြည်ထောင်စု ဝန်ကြီး(၃)ဦးရဲ့ သတင်းစာရှင်းလင်းပွဲ..

အနုပညာရှင်များမှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း
ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ အလှူငွေ ကျပ် သိန်း ၉၀၀ ကျော်နှင့် အ၀တ်အထည် အထုပ် ၉၀ ကျော် ကို ဒုက္ခသည် စခန်းများ သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် မိုးဟေကို တို့မှ ဒုက္ခသည်များအား တွေ့ ဆုံအားပေးကြစဉ်။
သရုပ်ဆောင် နေတိုး၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့မှ ဒုက္ခသည်ပြည်သူများအား တရင်းတနှီး တွေ့ဆုံနှစ်သိမ့်စဉ်


ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေ၊ မလုံခြုံမှုတွေ၊ ကျမျက်ရည်တွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေရဲ့ မျက်နှာပေါ်မှာ ယခုလို တင်္ဒက ကြည်နှူးတဲ့ အပြုံးမျက်နှာလေးတွေ မြင်တွေ့လိုက်ရတဲ့ အတွက် ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင်များရဲ့ ယခုလို မွန်မြတ်တဲ့ လုပ်ရပ်အား ဝမ်းမြောက် သာဓုခေါ်ဆိုအပ်ပါတယ်..။
မှန်မှန်ကန်ကန် တိတိကျကျ လုပ်ဆောင်မယ် ဆိုရင်တော့ အထူး ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်...။
ယနေ့ ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့် တွေဆုံစဉ်မှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်...။
(ထို့အတူ မှတ်ပုံတင် စစ်ဆေးသူ လဝကများအားလည်း မှတ်ပုံတင်များ စစ်ဆေးရာမှာ လာဘ်ပေး လာဘ်ယူမှုများ ရှိခဲ့ပါက ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပါလိမ့်မယ်..) လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများမှလည်း ရခိုင်တိုင်းရင်းသားတွေ အကျိုးနဲ့ တိုင်းပြည်အကျိုးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်..။
ကျွန်တော်တို့ ယခင်ကလို စစ်ဆင်ရေးတွေ လုပ်လိုက် ဘင်္ဂလီတွေ တဖက်နိုင်ငံကို ထွက်ပြေးသွားလိုက်...။ ဒုက္ခသည်ဆိုပြီး အော်လိုက် ပြန်လက်ခံတော့ ၂ဆပြန်လက်ခံရလိုက်နဲ့ မုန့်လုံးစက္ကူကပ် မိအေးနှစ်ခါနာ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါ..။ ပြတ်ပြတ်သားသားကို ဥပဒေနဲ့အညီ ဖြေရှင်းရမယ့် အချိန်အခါ ရောက်နေပါပြီ။
ဒီလို တိုင်းရင်းသား ရခိုင်လူမျိုးတွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး အသက်တွေ စတေးခံ ပေးဆပ်ခဲ့ရတဲ့ ယခုလို အချိန်အခါမျိုးမှာ အထက်ပါ မှန်ကန်သည့် လုပ်ရပ်အား ပြည်ပနိုင်ငံများမှ ဖိအားပေးခဲ့လာသည် ရှိသော်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့် အာဏာပိုင်တွေ ဘက်က ကျွန်တော်တို့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရပ်တည် ကြမှာမလွှဲမသေပါ...။
ထို့အတွက်ကြောင့် ယခုလို ပြည်သူတွေ အမျိုးသားရေးအတွက် နိုးကြား ညီညွတ်နေကြတဲ့ အချိန်အခါမှာ အာဏာပိုင်များ အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။
..
ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့်တွေဆုံ
ခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။
ယခုလက်ရှိတွင် နှောင့်နှေးကြန့် ကြာမှုများ ရှိနေသော နိုင်ငံကူးလက်မှတ် မူဝါဒအားပြောင်းလဲ မရှိသေးသော်လည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများ တွေ့ရှိပါက ရာဇသတ်ကြီး ပုဒ်မများဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ခန်းမတွင် ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကြခြင်းဖြစ်သည်။

ယနေ့ဇူလိုင်လ၊(၃)ရက် ၌ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း


ယနေ့ဇူလိုင်လ၊(၃)ရက် ၌ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း

၁။ ကိုအေးအောင် ( ကလေး အကျဉ်းထောင်)
၂။ ကိုအောင်အောင်ဦး ( ကသာ အကျဉ်းထောင်)
၃။ ဒေါ်လှလှဝင်း(ခ)ဒေါ်ဝင်း (ကော့သောင်း အကျဉ်းထောင်)
၎။ ကိုပြည့်ဖြိုးမောင် (ပြည်အကျဉ်းထောင်)
၅။ ကိုအောင်နိုင် (ဖားအံ အကျဉ်းထောင်)
၆။ ဦးဝီရိယ (ခ)ခင်မောင်ဝင်း (မန္တလေး အကျဉ်းထောင်)
၇။ ဒေါက်တာကျော်ကျော် (မြင်းခြံ အကျဉ်းထောင်)
၈။ ခွန်ကောရီယို(ခ)မာရီယို (မြင်းခြံ အကျဉ်းထောင်)
၉။ ကိုသန့်ဇော်(ခ)သန်းဇော် (သရက် အကျဉ်းထောင်)
၁၀။ ကိုအန်ထောနီ(ခ)ထွန်းမြ (အင်းစိန် အကျဉ်းထောင်)
၁၁။ ကိုအောင်မိုးဇော်(ခ)မိုးသီဟ (အင်းစိန် အကျဉ်းထောင်)
၁၂။ မအေးအေးနွယ် (အင်းစိန် အကျဉ်းထောင်)
၁၃။ ကိုအေးသိန်း(ခ)ရန်နိုင် (အင်းစိန် အကျဉ်းထောင်)
၁၄။ ကိုမြင့်ကြိုင် (အင်းစိန်အကျဉ်းထောင်)
၁၅။ စောဖရန်စစ် (ခ)ကျော်ကျော် (အင်းစိန်အကျဉ်းထောင်)
၁၆။ စောနိုင်ဝင်း(ခ) အလက်ဇန္ဒား (အင်းစိန်အကျဉ်းထောင်)
၁၇။ မဇာနည်ဦး(ခ)ဇာဇာ (အင်းစိန် အကျဉ်းထောင်)
၁၈။ စောဝီလီယမ် (အင်းစိန်အကျဉ်းထောင်)
၁၉။ ကိုဇော်မင်းအောင် (အင်းစိန်အကျဉ်းထောင်)
၂၀။ ကိုထွန်းမြတ်သူ (အင်းစိန်အကျဉ်းထောင်)

ယခုလွတ်မြောက်လာသူများစာရင်းမှာ၈၈မျိုးဆက်ကျောင်းသားများရုံး၏ နောက်ဆုံးရရှိအတည်ပြုထားသော

စာရင်းဖြစ်ပါသည်။ ယနေ့လွတ်မြောက်လာသော ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ဆက်လက် စုံစမ်းလျက်ရှိပါသည်။

မြန်မာအစိုးရ ရဲနှင့် စရဖ များ ဦးဘရန်ရှောင် ကို ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းတွင် ဖမ်းဆီး


ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား ဂျန်မိုင်ကောင် နှစ်ခြင်းခရစ်ယာန်ဒုက္ခသည်စခန်းမှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးသွားသည့် ဦးလထော်ဘရန်ရှောင်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဇွန်လ ၂၈ ရက်နေ့က တရားရုံးတွင် ဖြောင့်ချက်ပေး ခိုင်းခဲ့ရာ ၀ွမ်းဗိုက် ချက်ပေါ်တွင် အသံဖမ်းစက်တပ်ဆင်ထားခြင်းအား တွေ့ရှိခဲ့သောကြောင့် တရားရုံးမှ ပယ်ဖျက်ပေးလိုက်သည်။

မြစ်ကြီးနား တရားရုံးတွင် အာဏာပိုင်များက ဦးဘထော်ဘရန်ရှောင်အား မိမိအားစွပ်စွဲထားသည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ တရားသူကြီးရှေ့တွင် အပြစ်ဝန်ခံ ဖြောင့်ချက်ပေးခဲ့ရာတွင် ၄င်းကို တရားသူကြီးကိုယ်တိုင် စစ်ဆေးမေးမြန်း၍တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

“ကျနော် အဲဒီညမှာပဲ တရားသူကြီးဆီသွားမေးကြည့်တော့ သူကပြောပြတယ် ဦးဘရန်ရှောင်ရဲ့ မျက်လုံးတွေ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ပြီးတော့ မျက်နှာအောက်မှာတော့  မီးနဲ့တို့ထားပေးတဲ့ ဒဏ်ရာအကြီးကြီးရှိနေတယ်။ တစ်ကယ်တော့ ဒီလိုမျိုး ဒဏ်ရာရှိနေရင် ဖြောင့်ချက်လည်း ပေးလို့မရဘူးလေ။ အဲဒီတော့ တရားသူကြီးက အဲဒီဒဏ်ရာ ဘယ်လိုရတာလဲလို့မေးတော့ ဆိုင်ကယ်မောက်ပြီးရတယ် လို့ပြောတယ်တဲ့” ဟုပြောသည်။

သို့သော် ဦးဘရန်ရှောင်အား တရားသူကြီး မေးမြန်းရာတွင် တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်ခြင်းကြောင့် ဖြစ်သည့် မျက်နှာထားမျိုးကိုတွေ့ရသောကြောင့် အကြိမ်ကြိမ်စစ်ဆေးမေးမြန်းရာတွင် တွေ့ရှိသွားခြင်းဖြစ်ကြောင်း ရှေ့နေဦးမာခါးဆက်ပြောသည်။

“အဲဒါမှန်လား သေချာပြောနော်လို့ပြန်မေးတော့ သူက ကြောက်ကြောက်နဲ့ ဘေးကိုကြည့်တော့ တရားသူကြီးက ဘေးမှာရှိနေတဲ့ စရဖ လူတွေ ရဲတွေကို အပြင်ထွက်ခိုင်းပြီး ခင်ဗျားဖြောင့်ချက် တစ်ကယ်ပေးမှာလားလို့ပြန်မေးတော့ ပေးမယ်လို့ပြန်ပြောတယ်တဲ့ အဲဒီအချိန်မှာ အပြင်မှာရှိနေတဲ့ စရဖ လူတွေက ဂနာမငြိမ်ဖြစ်နေတယ်တဲ့ အဲဒီနောက် ဦးဘရန်ရှောင်ရဲ့ အပေါ်အကျီ ချွတ်လိုက်တော့ သူ့ချက်မှာ အသံဖမ်းစက်ကပ်ထားတာကိုတွေ့တော့ တရားသူကြီးက စိတ်ဆိုးပြီး ဖြောင့်ချက်မယူတော့ဘူးတဲ့။ အဲဒီနောက်သူ့ကို ဘယ်ကိုပြန်ခေါ်သွားကြလဲမသိဘူး” ဟု ပြောသည်။

အာဏာပိုင်များသည် ဦးဘရန်ရှောင်၏ မိသားစုဝင်များနှင့် သူ၏ရှေ့နေဦးမာခါးကို ယခုချိန်ထိ တွေ့ဆုံခွင့်မပေးသောကြောင့် ဆက်လက်၍ ညှင်းပန်းနှိပ်စက်မည်ကို ဦးဘရန်ရှောင်၏မိသားစုများလည်း စိုးရိမ်ပူပန်နေကြသည်။

၎င်းဖြစ်ရပ်ကို တရားသူကြီးမှ ဓါတ်ပုံရိုက်ပြီး မြို့နယ်တရားရုံးသို့ တင်ပြရန်ပြင်ဆင်ရာတွင်လည်း စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဦးဆောင်သူ  ဗိုလ်ကြီးကျော်စွာလင်းက ထိုသို့မတင်ပြပေးရန် တရားသူကြီး ဦးဇော်မင်းအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်သည် ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းမှ အဆောင်မှူးတစ်ဦးလည်းဖြစ်ကာ  ဇွန်လ ၁၇ ရက်ညတွင် မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန်  ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးထားပြီးနောက် သူ့အား မြစ်ကြီးနားတ၀ိုက် ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲကာ ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာမှာ ကိုယ်ဟန်ပြအမူအရာများကိုလည်း လုပ်စေပြီးနောက် ရုံးထုတ်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုလို ဒုက္ခသည်စခန်းများတွင် မသင်္ကာသူများကို လိုက်လံဖမ်းဆီးအရေးယူခြင်းနှင့်ပတ်သက်၍ ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာဦးလဖိုင်ဂျာနော်ဦးဆောင်သည့် အဖွဲ့ဝင် ၅ ယောက်သည် လာမည့် ဇွန်လိုင် ၆ ရက်နေ့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် တန်းစီလှည့်လည်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအာဏာပိုင်များအား စာဖြင့်တောင်းဆိုထားသည်။

ဆန္ဒပြဖော်ထုတ်တောင်းဆိုမည့် ရည်ရွယ်ချက်သည် အစိုးရမှ ဖမ်းဆီးသွားသော ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် အစိုးရထိန်းချုပ်နယ်မြေ ဒုက္ခသည်စခန်းများတွင် ထွက်ပြေးခိုလှုံနေသော ဒုက္ခသည်များကို ဖမ်းဆီးမှု ညှင်းပမ်းနှိပ်စက်မှုမျိုး မပြုလုပ်ရန်နှင့် တရားဥပဒေနှင့်အညီ ၂၄ နာရီ အတွင်းအပြစ်မရှိပါက ပြန်လွှတ်ပေးရန်အပြင် အစိုးရကိုယ်တိုင် ဒုက္ခသည်များကို တာဝန်ယူဆောင်ရွက်ပေးတောင်းဆိုထားသည်။

ဦးလထော်ဘရန်ရှောင်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာသွားလမ်း အင်ပေါန် (N’pawn) ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၄င်းသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဒုက္ခသည်စခန်းသို့ခိုလှုံနေသည်မှာ တနှစ်ကျော်ကြာနေထိုင်နေခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံများသည် ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဦးဘရန်ရှောင်သည် အပြစ်မဲ့ပြည်သူတစ်ဦးသာဖြစ်ကြောင်းပြောဆိုနေကြပြီး အစိုးရသတင်းစာအချို့တွင်မူ ဖောက်ခွဲသူတရားခံအဖြစ်ဖော်ပြရေးသားခဲ့သည်။

ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်


  
    ။ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက  ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့်
တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က သတင်းဌာနများကို ပြောသည်။

ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
meetlotdaw2
ဒုသမ္မတ ရာထူးမှ အနားယူသွားသော ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ 

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော် သား လွှတ်တော်အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှ
ပြန်လည်ရွေးချယ်ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။

ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ်မူတည်၍ သတင်းဌာနများကို ပြောသည်။

"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေးရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ်ထင်တယ်။" ဟု သတင်းဌာနများကိုပြောသည်။

တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းပါရှိသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။

လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထားသည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကို
ဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။