Thursday, 11 July 2013

ဒွေး ( သို့မဟုတ် ) ကိုသားကြီး...



ဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြု ခံရသူဖြစ်သည်။ ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့ ရန်ကုန်မြို့တွင် မွေးဖွားပြီး မွေးချင်းများအနက် သားဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။ ထင်လင်း (ခေါ်) ဒွေးသည် Y.I.T မှ အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက် ဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်အခြေချခဲ့သည်။ သရုပ်ဆောင်လောကထဲသို့ မဝင်မီက အဆိုတော် ဖြစ်ချင်ခဲ့ပါသည်။ မမျှော်လင့်ပဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်းအမည်နှင့် ပထမဆုံး ဝင်ရိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်း၏ ဒုက္ခကို အရောင်ဆိုးတယ် အမည်ရှိ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနှင့် ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ကားမှာ ပရိတ်သတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

ဒွေးသည် မပပဝင်း (ခ) မမိုးမိုးနှင့် အိမ်ထောင်ကျသည်။

ဒွေးသည် ဦးလေးဖြစ်သူ အကယ်ဒမီ ကျော်ဟိန်း၏ လမ်းညွှန် ဆွဲခေါ်မှုကြောင့် ရုပ်ရှင်လောကထဲမှာ အောင်မြင်ခဲ့သည်။ ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော စူပါမင်းသား တစ်ယောက်ဖြစ်လာခဲ့သည်။ ဒွေးသည် ၁၉၉၇-ခုနှစ်တွင် အမေ့ခြေရာဇာတ်ကားတွင် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပါသည်။ ထိုသို့ ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို င်္ဂီတလောကတွင်လည်း အောင်မြင်နေသူ တစ်ယောက်ဖြစ်သည်။ သီချင်းပါင်း အပုဒ် ၃၀ကျော် ကို သီဆိုခဲ့သည်။

ဒွေးကိုယ်တိုင် ဒါရိုက်တာအဖြစ် နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ `နှင်းဆီမိုးတိမ်´ဖြစ်သည်။

ဘ၀နိဂုံး

အောင်မြင်နေချိန်တွင် အကယ်ဒမီ ဒွေးသည် မမျှော်လင့်ဘဲ နှလုံးရောဂါနှင့် ၂၀၀၇ခု၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ညနေ (၅) နာရီ၌၊အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီ ဖြစ်သည်။

(ဒွေးကွယ်လွန်ခြင်း အမှတ်တရအဖြစ် အထက်ပါအချက်အလက်များကို https://sites.google.com/site/myanmarsite1/home/dipinkaryarbudda/dway မှ ကူးယူဖော်ပြပါသည်။)

Monday, 8 July 2013

အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ ...............



အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။

Sunday, 7 July 2013

ဆဲဗင်းဇူလိုင်အတွက် ၈၈ ငြိမ်းချမ်း/ပွင့်လင်းရဲ့ သ၀ဏ်လွှာ


 


စာအမှတ် - ၅ / ၂၀၁၃ ( က )
နေ့စွဲ -၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်။
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )
၁၀၃၉/၁၀၄၀၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း -၀၁ ၅၆၅၉၁၉ ။ ၀၉ ၇၃၀၈၁၇၀၁၊
Email – info@the88generation.org


                                 ၅၁ နှစ်မြောက် “ (၇)ဇူလိုင်နေ့ ” အထိမ်းအမှတ်
              ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

ရက်စွဲ။။၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက် ၂၀၁၃ ခုနှစ်

လွန်ခဲ့သော (၅၁)နှစ်က ဤနေ့ ဤရက်တွင် အာဏာသိမ်း စစ်အစိုးရအား အံတုဆန့်ကျင်ခဲ့သည့် (၇)ဇူလိုင် ကျောင်းသားလှုပ်ရှားမှုကြီး ဆင်နွှဲပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပါလီမန် ဒီမိုကရေစီ အညွန့်အညှောင့် ကလေးသည်လည်း စစ်အာဏာရှင်စနစ်အောက် တွင် ချေမွ ဖျက်ဆီးခြင်း ခံခဲ့ရသည်။


မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦးမှစ၍ ကျောင်းသားထု၏ အခန်းကဏ္ဍ၊ ကျောင်းသား သမဂ္ဂ ၏ အခန်းကဏ္ဍသည် အထင်ကရ နေရာမှ ပါဝင်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲ တစ်လျှောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက် အအုံသည် ကျောင်းသား

ခေါင်းဆောင် ဘ၀မှ အမျိုးသား ခေါင်းဆောင် အဆင့်ထိ နိုင်ငံ့ခေါင်းဆောင်အဆက်ဆက် မွေးဖွား သန့်စင်ခဲ့ရာ ဘူမိနက်သန်လည်းဖြစ်သည်။
 


တန်ဖိုးကြီးမားသော သမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီြး ခင်းဖြင့် ကျောင်းသားထု၏ မတရားမှုကို ဆန့်ကျင်တော်လှန်သည့် အစဉ်အလာကို ဖျောက်ဖျက်နိုင်လိမ့်မည် ဟုယူဆခြင်းသည် စစ်အာဏာရှင်တို့၏ သမိုင်းတွင်မည့် မှားယွင်းမှုကြီးပင်ဖြစ်သည်။ 

အာဏာရှင် အဆက်ဆက် ကြေပျက်သွားသော်လည်း သမဂ္ဂ၀ိညာဉ်ကား မျိုးဆက် အဆင့်ဆင့် စီးဆင်းလျက်ပင်ရှိသည်။
 


ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသည့်ကာလတွင် ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အအုံပြန်လည်ပေါ်ထွန်းရေးအတွက် မျိုးဆက်အသီးသီး ပူးပေါင်း ကြိုးပမ်း နေကြပြီဖြစ်သည်။


ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂ ရှိရမည်။
သမဂ္ဂ၀ိညာဉ် ရှင်သန်ဖွံ့ဖြိုးနေစေရမည်။
သမဂ္ဂအဆောက်အအုံ အမြန်ဆုံး ပေါ်ထွန်းစေရမည်။


၈၈ မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို စည်းရုံးသိမ်းသွင်းဖို့ ထိုင်းဝန်ကြီးချုပ်ကို သပ်ဆင်ရှီနာဝပ် ညွန်ကြား





ထိုင်းနိုင်ငံက ရရှိတဲ့ သတင်းတစ်ပုဒ်အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှီနာဝပ်နဲ့ ထိုင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးYuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါ တို့ မကြာခင်က ဟောင်ကောင်ကျွန်းတစ်နေရာမှာ လှို့ဝှက်တွေ့ဆုံခဲ့ရာမှာ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူ ဖြစ်အောင် စည်းရုံးဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို လှို့ဝှက် ဖမ်းယူထားတဲ့ အသံဖိုင်မှာ ထိုင်းနဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်တွေ လစဉ်လတိုင်းတွေ့ဆုံပြီး အစားအစာအတူတကွ စားသုံးကြကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လူယုံတော်ဖြစ်ပြီး မြန်မာနိုင်ငံမှာ တံခိုးသြဇာ ကြီးမားသူဖြစ်ကြောင်း၊ ကြွယ်ဝချမ်းသာသူလည်းဖြစ်ကြောင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းလုပ်ငန်းတွေကို လိုချင်ရင် သူ့ကို အသုံးချနိုင်ကြောင်း၊ သူ့ကို မိမိတို့ ထိန်းချုပ်နိုင်အောင် မလွဲမသွေ ကြိုးစားရမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

ထိုင်းဘာသာစကားနဲ့ ပြောကြားထားတဲ့ အဲဒီတွေ့ဆုံပွဲ အသံဖိုင်ကို နားထောင်တဲ့ ထိုင်းလူမျိုးတဦးက ဝန်ကြီးချုပ်ဟောင်း သပ်ဆင်နဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီး ဆာစီပရာဖါ တို့ ပြောဆိုစကားတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့စည်းရုံး သိမ်းသွင်းထားနိုင်ပြီလို့ အဓိပ္ပာယ်ရတဲ့ ပြောကြားချက် လည်းပါဝင်တယ်လို့  သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမည်ရှေ့ကနေ ရင့်သီးတဲ့ အသုံးအနှုံးတခုလည်း ထိုင်းဘာသာနဲ့ ထည့်သွင်းခေါ်ဝေါ်ခဲ့ကြတယ်လို့ဆိုပါတယ်။

အဲဒီလို လှို့ဝှက်တွေ့ဆုံဖို့အတွက် ထိုင်း ဒုတိယ ကာကွယ်ရေးဝန်ကြီးဟာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇွန်လက ဟောင်ကောင်ကို သွားရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှီနာဝပ်က လက်ရှိ ထိုင်း ဝန်ကြီးချုပ်ဖြစ်တဲ့ သူ့ရဲ့ညီမ ယင်းလတ်ရှီနာဝပ်အနေနဲ့ ကာကွယ်ရေးဝန်ကြီးရာထူးကိုပါ ပူးတွဲရယူဖို့နဲ့ ဝန်ကြီးအဖွဲ့အတွင်း ရာထူးအပြောင်းအလဲတွေပြုလုပ်ဖို့ ညွန်ကြားခဲ့တဲ့အပြင် သူတို့ပြောဆိုစကားတွေထဲမှာ ထိုင်းဘုရင်မိသားစုအကြောင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အခုလို တွေ့ဆုံပွဲကို ပုဂ္ဂိုလ်တယောက်က လှို့ဝှက် အသံဖမ်းထားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှီနာဝပ်ဟာ ၂ဝ၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အကြိမ်အတော်များများ သွားရောက်ခဲ့ပါတယ်။

သူဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ရက်တွေ အတွင်းက မေမြို့မှာ တစ်ညအိပ်ခရီးသွားရောက်တွေ့ဆုံပြီး အတူတကွ ရေကစားခဲ့ကြပါတယ်။ အဲဒီခရီးစဉ်မှာ သပ်ဆင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မေမြို့မှာတွေ့ဆုံခဲ့ကြတာလား၊ နေပြည်တော်မှာ တွေ့တာလားတော့ မသိရပါဖူး။

ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ဝေဖန်ပြောကြားချက်ကို မသိရသေးပါဖူး၊ ဗိုလ်ချုပ်ကြီး ဆာစီပရာဖါ ကတော့မဟုတ်မမှန်ဖူးလို့ ငြင်းဆိုပါတယ်။

ထပ်မံစုံစမ်းသိရှိရတဲ့ အချက်တွေကို တင်ပြမှာဖြစ်ပါတယ်။

Thursday, 4 July 2013

ကိုကိုကြီး အနှစ် ၅၀ ပြည် အမှတ်တရ


ယုံကြည်ချက် ဘဝကို ထောင်ထဲ့ဝင်တဲ့  အကျဉ်းစံ ရဲဘော်  ကိုကိုကြီး အမြန်လွတ်မြောက်ပ့ါစေ