Monday, 27 August 2012

"နိုင်ငံတော်သမ္မတဦးသိန်းစိန် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေး"



နိုင်ငံတော်သမ္မတရုံးမှ (၂၇-၈-၂၀၁၂) ရက်စွဲဖြင့် အမိန့်အမှတ်(၂၁/၂၀၁၂) ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ထုတ်ပြန်လိုက်ပါသည်။

ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ ရဲချုပ်ကျော်ကျော်ထွန်း ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး ပြန်ကြားရေး
၃။ ဦးသန်းဆွေ ယဉ်ကျေးမှု
၎။ ဦးအောင်သိမ်း သမ္မတရုံး

၅။ ဒေါက်တာလင်းအောင် ဘဏ္ဍာ/အခွန်
၆။ ဦးဆက်အောင် စီမံ/စီးပွား
၇။ ဒေါက်တာဒေါ်ခင်စန်းရီ စီမံ/စီးပွား
၈။ ဒေါ်စုစုလှိုင် လူမှု/၀န်ထမ်း
၉။ ဦးသောင်းတင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း
၁၀။ ဦးထင်အောင် စွမ်းအင်
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် လ၀က
၁၂။ ဦးအေးမြင့်မောင် ပတ်ဝန်းကျင်/သစ်တော
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် ပတ်ဝန်းကျင်/သစ်တော
၁၄။ ဦးသောင်းထိုက် အားကစား
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး ကျန်းမာရေး

Sunday, 26 August 2012

အမှတ်တရနေ့များ

MALAYSIA  CARE  BPRM SPORTS DAY   25.8.2012   အမေ့ကျောင်းမှ ကျောင်သား / သူ များ၏ ပြိုင်ပွဲဝင်  အမှတ်တရ  အောင်မြင်မူ  ပုံရိပ်များ 

or PNG files.

သွေးတစ်စက်မြင်ကွင်းပုံရိပ်များ


မလေးရှားနိုင်ငံကပ်ပုန်နယ်မှာတည်ရှိသော   မြန်မာဘုန်တော်ကြီးကျောင်းမှာ၂၆.၈.၂၀၁၂ နေ နံနက် ၁၀ နာရီမှာ ကပ်ပုန်း( ရ) ရက်သားသမီးနာရေးကူညီမုအသင်းမှ










၎ ကြိမ်မြောင်စုပေါင်းသွေးလှူန်ဒါန်းပွဲကိုကျင်းမှရာမှတ်တင်ဓာတ်ပုံများ

Tuesday, 21 August 2012

ကွက်လပ်ဖြည်ကြသူများ

သာစည်ကျေးရွာ ပရဟိတ ကျောင်းသို့ အွန်လိုင်းတွင်တွေ့ဆုံကြသောသူများ စုပေါင်း လှုဒါန်းကြသော တွဲလက်များ အွန်လိုင်း အလှုရှင် တစ်ဦးမှ မတည်ထားသော ငွေဖြင့် စာရေးကိရိယာ ကျောင်းသုံးပစ္စည်းများ ကိုလှုဒါန်းကြ ပါသည်။ ကလေးမြို့ မှ ဂျာနယ်လစ်များ နှင့် စီဂျေ များလည်းပူးပေါင်း ပါဝင် လှုဒါနးကြသည်ဟု သိရှိရပါသည်။

Thursday, 16 August 2012

မြန်မာ့ မူးယစ်ဆေးဝါး ပြဿနာ ပိုဆိုးလာကြောင်း အတည်ပြု

ဇူလိုင်လအတွင်း ဘိန်းဖြူ ၁၁၆ ကီလိုနှင့် အဖက်တမင်း ဆေးပြား ၁ ဒဿမ ၄ သန်းကို ဖမ်းဆီးရမိလိုက်ပြီးနောက်
မြန်မာနိုင်ငံတွင် အဖက်တမင်း မူးယစ်ဆေးဝါးပြဿနာသည် `အလွန်အန္တရာယ်ရှိ´ သည့် အခြေအနေသို့ ရောက်ရှိ
နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားလိုက်သည်။

“အခြေအနေ ပိုဆိုးလာပါတယ်။… ၂၀၁၄ ခုနှစ်မှာ မူးယစ်ဆေးဝါး ကင်းစင်စေရပါမယ်လို့ ကတိပြုထားပေမယ့် ဘိန်းမဲပဲ ကင်းစင်နိုင်ပါလိမ့်မယ်။ စိတ်ကြွဆေးကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတဦးက မကြာသေးခင်က  ပြောကြားခဲ့သည်။

ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်မှုခင်းပေါင်း ၃၄၂ မှု ဖြစ်ပွါးခဲ့ပြီး မသင်္ကာသူ ၄၇၃ ဦးကို ဖမ်းဆီးခဲ့
သည်ဟု နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့က သတင်းဖော် ပြခဲ့သည်။

စိတ်ကြွဆေးအများစုကို မြန်မာနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့လည်း ၀င်ရောက်လာနေကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘိန်းစိုက်ပျိုးမှုနှင့် အဖက်တမင်းဆေးပြား ထုတ်လုပ်မှုသည် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ
အတွက် ငွေဝင်လမ်းတခု ဖြစ်ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆိုအရ ရှမ်းပြည်နယ်သည် မက်တာအဖက်တမင်း ထုတ်လုပ်သည့် အဓိကနေရာ
ဖြစ်ကြောင်း သိရသည်။ ၁၉၉၈ မှ ၂၀၁၀ ခုနှစ်အတွင်း အဖက်တမင်းပုံစံ စိတ်ကြွဆေး ဖမ်းဆီးရမှုသည် လျှင်မြန်စွာ တိုးပွါးလာနေကာ ၀ယ်လိုအား မြင့်တက်မှုကြောင့် သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း  ကုလ က ပြောသည်။

“ကုလ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) အား ရှမ်းပြည်နယ်တွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ခွင့် ပြုထား
သည့်နရာများအား  အစိုးရတာဝန်ရှိသူများက ထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့် ပြုခဲ့သဖြင့်လည်းကောင်း၊ မကြာသေးမီက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြောင့်လည်းကောင်း ကုလ မူးယစ်ဆေးဝါး အေဂျင်စီ
အနေဖြင့် အားတက်မိကြောင်း” ပြောဆိုခဲ့သည်ကို မဇ္ဈိမ က ဇူလိုင်လအတွင်းက သတင်းပေးပို့ခဲ့သည်။

“ကာလကြာရှည်နေပြီဖြစ်တဲ့ ဆင်းရဲမွဲတေမှုရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ရင်၊ ကျေးလက် စားနပ်ရိက္ခာ မလုံလောက်မှုကို လျှော့ချပေးနိုင်ရင်၊ လက်နက်ကိုင်ပဋိပက္ခကို လျော့ပါးသွားအောင် လုပ်နိုင်ရင် ဘိန်းစိုက်
တောင်သူတွေကို ဘိန်းခင်းတွေဆီ မသွားအောင် လုပ်နိုင်ပါလိမ့်မယ်” ဟု UNODC ဘန်ကောက်ရုံး ကိုယ်စားလှယ် ဂယ်ရီလူးဝစ်စ် က ဆိုသည်။

တောင်သူများအား ဤသို့ အသွားနှစ်ဘက်ရှိသော ၀င်ငွေရလမ်းမှ ရှောင်ဖယ်သွားစေလိုပါက ၎င်းတို့၏ စားဝတ်
နေရေးကို တနည်းတဖုံ ဖြည့်ဆည်းပေးရန် လိုကြောင်းလည်း သူက ပြောသည်။

“ဒီလုပ်ငန်း ထိရောက်ဖို့ဆိုရင် တောင်သူတွေကို သူတို့စားဝတ်နေရေး ရေရှည်ဖူလုံစေမယ့် အခြား နည်းလမ်းတွေ
ဖြည့်ဆည်းပေးဖို့ လိုမယ်။ တောင်သူတွေ ဘိန်းစိုက်တာ စားနပ်ရိက္ခာ ၀ယ်ဖို့ပါ။ ကြွေးဆပ်ဖို့ပါ။ ကျန်းမာရေး အသုံးစရိတ်နဲ့ ကျောင်းလခ ပေးနိုင်ဖို့ပါ” ဟု ဂယ်ရီလူးဝစ်စ် က ပြောသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း UNODC နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ဘိန်းစိုက်
တောင်သူများကို ဘိန်းမစိုက်ရန် ဆွဲဆောင်သည့်အနေနှင့် စားဝတ်နေရေး ပြေလည်စေရန် အဖြေရှာပေးခဲ့သည်။ လမ်းများ ဖောက်ပေးခဲ့သည်။ ဆည်မြောင်း တာတမံနှင့် ရေကြောင်း သွားလာရေးအတွက် ကူညီခဲ့သည်။ ရပ်ရွာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ လုပ်ကိုင်ပေးခဲ့သည်။

ဥရောပသမဂ္ဂနှင့် ဂျပန်နှင့် ဂျာမဏီအစိုးရများက ပေးအပ်သော ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော UNODC ၏ အခြားနည်း ဖွံ့ဖြိုးမှု အကူအညီများသည် မကြာသေးခင် အချိန်အထိ ရှမ်းပြည်နယ် တောင်ပိုင်းရှိ သုံးမြို့နယ်တွင်သာ
ဆောင်ရွက်နိုင်သည့် အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းများ ဖြစ်နေသည်။ ယင်းသည် ရှမ်းပြည်နယ်တခုလုံးနှင့် တနိုင်ငံလုံးအတွက် လိုအပ်နေသော အခြေခံ အဆောက်အအုံများ၊ ဈေးများ၊ ကျောင်းများ၊ ရေရှည် တည်တံ့နိုင်မည့် စားဝတ်နေရေး လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် မလုံလောက်ပါ။

အစိုးရတပ်များနှင့် တိုင်းရင်းသားနှင့်နိုင်ငံရေး သူပုန်အဖွဲ့အစည်း အမျိုးမျိုးအကြား ရာစုနှစ် တ၀က်ကျော်ကြာ
ဖြစ်ပွါးနေသော ပြည်တွင်းပဋိပက္ခကြောင့် နိုင်ငံမှာ အစိတ်စိတ် ကွဲပြားနေရပြီး မတည်ငြိမ်မှုနှင့် ဆင်းရဲမွဲတေမှုကို
ဖြစ်ပေါ်စေခဲ့သည်ဟု UNODC က ပြောသည်။

ကရင် လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) အပါအ၀င်
မြန်မာပြည်တာင်ပိုင်းမှ တပ်ဖွဲ့များနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့
ခြင်းကြောင့် ယခင်က မသွားရောက်နိုင်ခဲ့သော ဒေသများသို့ ယခု သွားရောက်နိုင်ခဲ့သည်။

UNODC ၏ လေ့လာမှုအရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၀ ခုနှစ်တွင် ၃၈,၁၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၄၃,၆၀၀ ဟက်တာအထိ ရှိလာခဲ့သည်ဟု ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စစ်တမ်းတွင်
ဖော်ပြထားသည်။ ယင်းစိုက်ပျိုးမြေ အများစုသည် ရှမ်းပြည်နယ်အတွင်း ရှိသည်ဟုလည်း ဆိုသည်။ သို့သော် အစိုးရအနေဖြင့် ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း ဘိန်းစိုက်မြေ စုစုပေါင်း ၆,၁၂၄ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း ၅,၁၃၆ ဟက်တာသာ ဖျက်ဆီးနိုင်ခဲ့
သည် ဟု စစ်တမ်းက လေ့လာဖော်ပြထားသည်။

နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုတွင် အိမ်ထောင်စုပေါင်း ၂၄၆,၀၀၀ ပါဝင်ပတ်သက်နေပြီး ယင်းတို့အထဲမှ ၉၁ ရာခိုင်နှုန်း
သည် ရှမ်းပြည်နယ်မှ ဖြစ်သည်ဟု UNODC ၀ဘ်ဆိုက်၏ မေလ ဆောင်းပါးတွင် ရေးသားထားသည်။

ဘိန်းတိုက်ဖျက်ရေးသည် မြန်မာအစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော ဘိန်းတိုက်ဖျက်
ရေး လုပ်ငန်းများသည် သိသိသာသာ တိုးတက်လာပြီး ဘိန်းစိုက်ခင်း အမြောက်အများကို ဖျက်ဆီးနိုင်ခဲ့သည်။

“သို့သော် ယင်းလုပ်ငန်းသည် သာမန်အားဖြင့် ဆင်းရဲပြီး ကြွေးထူသော ဘိန်းစိုက် တောင်သူများအတွက် အလွန်အထိနာသော နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ထွက်လာစေခဲ့သည်။ တောင်သူ အများအပြားသည် စားနပ်ရိက္ခာ ၀ယ်ယူရန်နှင့် မသေရုံလေး နေထိုင်နိုင်ရုံအတွက်သာ ဘိန်းစိုက်ပျိုးနေကြခြင်းဖြစ်သည်” ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

အခြားနည်းလမ်းဖြင့် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးခြင်းမပြုဘဲ ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းကို လုပ်ဆောင်ပါက ဘိန်းစိုက်ပျိုးခြင်းမှ ရရှိသည့်ဝင်ငွေအပေါ် ရပ်တည်နေရသော အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ ပိုမိုကြီးထွားလာနိုင်ပြီး မိသားစုများကို ကျွေးမွေးနိုင်ရန်အတွက် အခြား ၀င်ငွေရလမ်းများကို ရှာဖွေကြရလိမ့်မည်ဟု UNODC မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆင် အီလေး (Jason Eligh) က ပြောသည်။

မကြာမီ ကာလများအတွင်း ဘိန်းစိုက်ပျိုးမြေ တိုးတက်လာရခြင်း အဓိကအကြောင်းများမှာ ကာလ ရှည်ကြာနေပြီဖြစ်
သော ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာလုံခြုံမှု လျော့ကျလာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသတွင်း လုံခြုံမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သူက ပြောသည်။ UNODC သည် ၂၀၁၁ ခုနှစ်က စ၍ ရှမ်းပြည်နယ်
တောင်ပိုင်းတွင် ရေရှည် တည်တံ့မည့် စားဝတ်နေရေး ဖူလုံစေမည့် အခြားနည်းလမ်းများ နှင့် စားနပ်ရိက္ခာ လုံခြုံမှုရှိစေမည့် စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် ဂျာမဏီအစိုးရ တို့က ပေးအပ်သော ရန်ပုံငွေများဖြင့် ဘိန်းစိုက်ပျိုးခြင်းအပေါ် မှီခိုနေရေသော ရပ်ရွာအသိုင်းအ၀ိုင်းကို ကွင်းဆင်းကာ တိုက်ရိုက် အကူအညီများအဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Wednesday, 15 August 2012

ဗိုလ်ချုပ်ကြီးသူရတင်ဦးကာကွယ်ရေးဦးစီးချုပ်အဖြစ်က ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ

တစ်ချိန်က မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ်အဆင့်မှ စတင်ကာ မြန်မာ နိုင်ငံ၏ (၄)ဦးမြောက် ကာကွယ်ရေး ဦးစီး ချုပ်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သောလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦးအနေဖြင့် ကာကွယ်ရေးဦးစီး ချုပ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၆ခုနှစ် မတ်လ ၆ ရက် ရက်စွဲပါ နိုင်ငံတော်ကောင်စီ၏ ကြေညာချက် အမှတ်(၂၆/၇၆)အရ ကာကွယ်ရေးဦးစီး ချုပ်အဖြစ် ၆-၃-၇၆မှစတင်ကာ နှုတ် ထွက်ခွင့်ပြုကြောင်း (က-က-ထူး)၏ ၂၀ ရာထူး(၆)ဖြင့် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရပြီး နှုတ်ထွက်ခဲ့ရသည့်အကြောင်းအရင်းအား ထိုစဉ်က နိုင်ငံပိုင်သတင်းစာအချို့နှင့် ၁၉၉၀ နောက်ပိုင်း ထုတ်ဝေခဲ့သော တပ် မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း စာအုပ်၌ ““ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ် သူ ဒေါက်တာဒေါ်တင်မိုးလွင်အနေဖြင့် လူကြီးမိသားစုလိုက်နာရမည့်စည်းမျဉ်း များကို ထိပါးမှုကြီးနှင့်စပ်လျဉ်း၍ ထိန် ချန်မှုကိုပါကျူးလွန်ခဲ့သည့်အတွက် တာ ၀န်မှ ရပ်စဲသည့်အပြင် ထောင်ဒဏ်(၇) နှစ်ပါကျခံစေရန် ချမှတ်အတည်ပြုခဲ့ ကြောင်းရေးသားပါရှိခဲ့သည်။

ဦးနေ၀င်းအစိုးရမှ ကြေညာသကဲ့သို့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ဇနီးသည် လူကြီးမိသားစု လိုက်နာရမည့် မျဉ်းများ အား ထိပါးခဲ့ခြင်းရှိ မရှိ၊ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည်လည်း နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုကို ကျူးလွန်ခဲ့ခြင်းရှိမရှိ သမိုင်း ဖြစ်ရပ်အမှန်များအား ဗိုလ်ချုပ်ကြီး သူရတင်ဦးအားတွေ့ဆုံမေးမြန်းခဲ့ရာ–

မေး- ဦးနေ၀င်းရဲ့ အစိုးရက ကာကွယ် ရေးဦးစီးချုပ်ရာထူးက မဖယ်ရှားခင် ဘဘနဲ့ ဦးနေ၀င်းနဲ့ကြားမှာ အဖုအထစ် တွေဘာတွေများရှိခဲ့ဖူးပါသလား။ အဲ့ဒီ အဖုအထစ်လေးတွေရှိမယ်ဆိုရင် သိပါ ရစေ။

ဖြေ- ပြောရရင် သီးသန့်အရေးအခင်း တုန်းက ဦးသန့်အလောင်းကို ဟိုကနေ ပြီး အရုပ်ကလေးလို လှလှပပလေး လုပ် ပြီး ဒီကိုပို့လာတယ်။ ဒီမှာ ကျောင်းသား တွေ၊ ပြည်သူလူထုက ကြိုဆိုကြတာပေါ့။ ဒါပေမယ့် အစိုးရဘက်က လုံးဝမကြိုက် ဘူး။ အဲ့ဒီတုန်းက ဦးစန်းယုတို့ဘာတို့ အပါအ၀င် ၀န်ကြီးတွေ (၁၄)ယောက် လောက်က ဦးသန့်အလောင်းကို ခမ်းခမ်း နားနားနဲ့ ကြိုဖို့ သဘောတူညီချက်ရတယ်။ အဲ့သလို တစ်ယောက်ညီချက်ရပြီး ဦးစန်း ယုက ဦးနေ၀င်းကိုသွားပြောတယ်။ နိုင်ငံ ဂုဏ်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ခမ်းခမ်းနားနားကို ကြိုဆိုမယ်ဆိုပြီးတော့ ဒီတော့ ဦးနေ၀င်းကပြောတယ်။ မင်းတို့ လုပ်ချင်လုပ် ငါတော့မလုပ်ဘူးဆိုပြီး ပြော လိုက်တယ်။ သူမလုပ်တော့ အခြေအနေ တွေက အရမ်းဆိုးတယ်။ ပြီးတော့ ဦးသန့် အရေးအခင်းဖြစ်တုန်းမှာ ကျောင်းသား နဲ့ လူထုအော်တာမကောင်းဘူး။ ဘာလဲ ဆိုတော့ ““နေ၀င်စန်းယုကျဆုံးပါစေ၊ တင်ဦးစိန်ဝင်း ကျန်းမာပါစေ၊ ကိုစိန်ဝင်း ဆိုတာ ၀န်ကြီးချုပ်ပါ။ ဘဘအနေနဲ့က လည်း ဦးနေ၀င်းကို ခဏခဏပြောဖူး တယ်။ ကျွန်တော်တို့ ဒီလိုနေရာတွေ၊ ရာ ထူးတွေရလာတာ ကျွန်တော်တို့တော်လို့၊ တက်လို့ ရောက်လာတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ ကျေးဇူးနဲ့ရောက်လာတာပါ။ ကျွန်တော်တို့မှာ ပြောစရာတွေရှိရင် ပြောပါပြင်ပါမယ်။ လိုအပ်ရင် တပ်မတော် က ထုတ်ပစ်ပါလို့တောင် ခဏခဏပြော ခဲ့ဖူးတယ်။

မေး- ဘဘ ကာကွယ်ရေးဦးစီးချုပ်ဖြစ် တဲ့အချိန်တိုင်းပြည်မှာ မာရှယ်လော လည်း ထုတ်ထားတဲ့အချိန်လည်းဖြစ်နေ တော့ ဘဘတပ်ကရဲဘော်တွေက ဦးနေ ၀င်းရဲ့သားကို ဖြိုးဆံပင်ကို ဖြတ်ပြီး တချို့ လွန်တဲ့ စကားတွေပြောခဲ့တာကို ကိုဦးနေ ၀င်းကတော်တော် စိတ်ဆိုးခဲ့တယ်လို့ သိ ရပါတယ်။ အဲဒီ အဖြစ်အပျက်လေးကို လည်း သိပါရစေ။

ဖြေ- အဲဒီတုန်းက ၁၉၇၅ လောက်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အချိန် ဒီရန်ကုန်တက္ကသိုလ် သမ ဆံပင်ညှပ်ဆိုင် မှာ ဦးနေ၀င်းရဲ့သား ကိုဖြိုးရဲ့ဆံပင်က ပခုံးနားထိရှည်တယ်။ အဲ့သလို ဆံပင် လာ ညှပ်တာကို ဘဘတပ်က ရဲဘော်တွေက တွေ့ပြီး ဒါလမ်းသရဲပုံတဲ့။ အဲ့ဒါကို တိုတို ညှပ်လိုက်လို့ပြောတယ်။ ဒီတော့ ကိုဖြိုး က သူက သမ္မတကြီး ဦးနေ၀င်းရဲ့သားပါ လို့ ပြန်ပြောတယ်။ အဲ့ဒီမှာ ရဲဘော်တွေ ကလည်း ခု စစ်အုပ်ချုပ်ရေးထုတ်ပြန် ထားတဲ့အချိန်တဲ့။ တိုင်းပြည်ကို မင်းအဖေ သမ္မတကြီးအုပ်ချုပ်နေတာမဟုတ်ဘူးတဲ့။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ကြီးတင်ဦး အုပ်ချုပ်နေတာတဲ့။ စစ်တပ်ဆိုတော့ ကိုဖြိုးကလည်းကြောက်တာပေါ့။ အဲ့ဒါ အိမ်ပြန်ရောက်တော့ သူ့အဖေကို တိုင်၊ သူ့အဖေက ဘဘလိုချက်ချင်းခေါ်တော့ တာပဲ။ အဲ့ဒီညမှာအခြေအနေက တော် တော်ဆိုးတယ်။ ဘဘတို့ လူကြီးအိမ်တွေ မှာ လူကြီးအိမ်အချင်းချင်း ဆက်သွယ် ထားတဲ့ စကားပြောစက်ကနေပြီးတော့ ဦးနေ၀င်းအသံကြီး ထွက်နေတာကို အိမ် ကသားက လာပြောလို့ သွားနားထောင် တော့ ဘဘလို့ခေါ်တာဖြစ်နေတယ်။ တင်ဦးကိုေ ခ်ါလိုက် တင်ဦးကိုခေါ်လိုက် ဆိုပြီး အဲ့ဒါနဲ့ ဘဘလည်း ချက်ချင်းသူ့ အိမ်ဘက်ရောက်လာတာပေါ့။ သူ့အိမ် ရောက်သွားတော့ သူဆင်းလတယ်။ နှာ ခေါင်းက နှာရည်တွေထွက်ပြီး မျက်နှာ ကလည်း နီနေတယ်။ စကားလည်း တစ် လုံးမှမပြောဘူး။ မတ်တပ်ပဲရပ်နေတယ်။  သူကမှ ပေးမထိုင်တာ ကိုယ်ကဘယ်လို့ မရမလဲ။ အဲ့ဒါသူက ဟေ့ကောင်ထိုင်တဲ့ ပြီးတော့ ဘဘကို မင်းကြားပြီးပြီလား။ မင်းတပ်ကကောင်တွေငါ့သားကို လုပ် လိုက်တာလေတဲ့။ ဘဘကလည်း အဲ့ဒီ အကြောင်းကို မသိတော့ ဘယ်လုပ်လိုက် လို့ပါလဲဆိုတော့ ငါ့သားဆံပင်သွားညှပ် တဲ့ဟာကို မင်းတပ်က ကောင်တွေက လမ်းသရဲဆိုပြီး ဆံပင်ကိုဖြတ်လိုက်တယ်။  ပြီးတော့ မင်းကောင်တွေပြောသွားတဲ့ စကားကမကောင်းဘူး။ ဒီမှာ မင်းအဖေ သမ္မတကြီးဦးနေ၀င်းအုပ်ချုပ်နေတာမဟုတ် ဘူးတဲ့။ တစ်တိုင်းတစ်ပြည်လုံးကို ဗိုလ် ချုပ်ကြီးတင်ဦးအုပ်ချုပ်နေတာတဲ့။ အဲ့ဒီ စကားအရမ်းဆိုးတယ်တဲ့။ ဘဘကလည်း ဦးနေ၀င်းကို ကျွန်တော်မှာ ဒီစိတ်မျိုးမရှိ ပါဘူး။ သိလည်းမသိခဲ့ပါဘူးလို့ပြော တယ်။ အဲ့ဒီမှာသူက တေးထားတယ်။ နောက်အပြစ်ရှာတယ်။ ဒါပါပဲ။

မေး- ဘဘအပြစ်ရှာတယ်ဆိုတော့ဘယ် ပုံစံမျိုးနဲ့ အပြစ်ရှာခဲ့တာလည်း သိပါရ စေ။

ဖြေ- အမှန်တော့ ဘဘကာကွယ်ရေးဦး စီးချုပ်ဖြစ်တဲ့ အချိန်ကပါ။ ကြာလည်း ကြာပါပြီ။ ဘဘလို ထောက်လှမ်းရေးက လူတွေပဲ လာကန်တော့ကြတာ။ ဘဘတို့ နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်း မျဉ်းအရ ရသမဆ လက်ဆောင်တွေကို အထက်ကို စာရင်းနဲ့တကွ အတိအကျ ပြန်အပ်ရတယ်။ အဲ့ဒီတုန်းက ထောက် လှမ်းရေးက ဘဘကို လာကန်တော့တာ အခင်းပြားလေးပါ။ အဲဒါ ဘဘက ဟေ့ ကောင်တွေ မင်းတို့ပေးတာကို ငါက အထက်ကိုစာရင်းနဲပ ပြန်အပ်ရမှာ။ အဲ့ သလိုပြောတော့ သူတို့က ဒီရေချိုခန်း အခင်းက ဟောင်ကောင်က။ ဒါကြောင့် ဆရာ့ကို ကန်တော့တာပါ။ အထက် လည်းမတင်ပါနဲ့။ ကျွန်တော်တို့ ပြေလည် အောင် လုပ်ပေးမယ်လို့ပြေတယ်။ အဲ့ဒါ ဘဘ အမျိုးသမီးကလည်း သူတို့ပိုက်ဆံ ပေးပြီး ၀ယ်တာနော်ဆိုပြီး နေလိုက်တာ အဲ့ဒါကို ပြန်ပြစ်ရှာပြီး ဦးနေ၀င်းက တင်ဦး မင်းကစည်းမျဉ်းစည်းကမ်းကို ထိ ပါးတယ်။ ထွက်တဲ့ အဲ့သလိုအဖြစ်ရှာခဲ့ တာပါ။

မေး- ပြီးတော့ အဲ့သလို ရာထူးကနေ ဘဘကို ဖယ်ရှားပြီးတော့ နိုင်ငံတော် သစ္စာဖော်ကဖျက်ပုန်ကယ်မှုမှာ ထိန်ချန် မှုကိုကျူးလွန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် (၇)နှစ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်ဟာကို အခြေခံပြီးတော့ ဘဘကို ပုန်ကန်မှုကို ထိန်ချိန်ခဲ့တယ်လို့ စွပ်စွဲခဲ့ ရတာလဲသိပါရစေ။

ဖြေ- သြော်..အဲဒါက ဘဘကိုရာထူး ကနေ ဖယ်ရှားပြီးတော့ တိုင်းမှူးတွေက လာပြီး မခံဘူး။ ချမယ်ဆိုပြီး လုပ်ပါ လေရော။ ဘဘကို သူတို့က ဗိုလ်ချုပ် မခံဘူး။ ကျွန်တော်တို့ချမယ်။ ဒီတော့ ဘဘလည်း မင်းတို့ကလည်းတစ်မျိုး။ အဲ့ဒါ သူတို့ကို ဖျောင်းဖျပြီး ပြန်လွှတ် လိုက်တယ်။ အဲဒါကို ဦးနေ၀င်းကို သိရဲ့ သားနဲ့မပြောဘူး။ ပုန်ကန်မှုကို ထိန်ချန် တယ်ဆိုပြီး ထောင်ခုနစ်နှစ်ချလိုက်တယ်။

မေး- ဘဘကို ဖယ်ရှားခဲ့သလို မ-ဆ-လ  ခေတ်က ကျန်အရာရှိကြီးတွေကိုလည်း ဦးနေ၀င်းအနေနဲ့ ဖယ်ရှားခဲ့တာမျိုးရှိပါ သလား။

ဖြေ- သူလုပ်ခဲ့တဲ့အထဲမှာ ဘဘအပြင် ၀န်ကြီးဦးရွှေ၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ် မှူးကြီးစိန်မြ၊ ဗိုလ်မှူးကြီးတန်ယုဆိုင်ပြီး တော့ ဗိုလ်မှူးကြီးစံဝင်း အဲ့ဒီထဲက ဦးရွှေ ဆုရင် အဲဒီတုန်းကသူက သတ္တုတွင်းဝန် ကြီးဌာန၀န်ကြီး သူ့သားက အလုပ်ကိစ္စ နဲ့ ဂျပန်သွားတယ်။ ဂျပန်ကလည်း ၀န် ကြီးသားဖြစ်တဲ့အတွက် သေသေချာချာ ကြိုဆိုတယ်။ သူကလည်း ဟိုရောက် တော့ အလုပ်လလေးဘာလေးလုပ်ဖို့အ တွက်ပေါ့နော်။ သူကလည်း သူ့အစီအစဉ် နဲ့သူအလုပ်လုပ်ဖို့။ အဲ့ဒါ ဂျပန်မှာ နေရာ လေးဘာလေးပဲ စီစဉ်ခိုင်းတာ။ အဲ့သလို သူ့သားလုပ်တာကို ဦးရွှေရဲ့ အရှိန်ကိုသုံး တယ်။ ပြီးတော့ အဲ့ဒါကို ဦးနေ၀င်းက လာဘ်ပေးလာဘ်ယူနွယ်တယ်။ ကိုယ်ရေး ကိုယ်တာနွယ်တယ်၊ အဲ့ဒါမင်းထွက်တဲ့။ ၀န်ကြီးရွှေကို အဲ့သလို စွပ်စွဲပြီး တရားစွဲ။ အဲ့ဒီမှာ တရားရုံးက စစ်ဆေးတော့လည်း ဘာမှအပြစ်မရှိဘူးဆိုတာ ပြောတာပဲ။ တရားရုံးကလုံးဝ အပြစ်မရှိဘူးဆိုတာ ဆုံး ဖြတ်ပြီး အမှုလွှတ်လာတာပဲ။ ဒါပေမယ့် ဦးနေ၀င်းက ပျက်သွားတဲ့ကြိုး ပြန်ဆက် ရင် အဖုအထုံးဖြစ်တယ်။ အဲ့ဒါ မင်းထွက် ဆိုပြီးဖယ်လိုက်တာပဲ။ နောက်တစ်ယောက် က ကိုစံဝင်း ဘဘတို့ မဆလခေတ်တုန်း က ၀န်ကြီးဌာနတွေက အစိုးရတွေဆီက ငွေချေးတဲ့အခါ ပြန်ဆပ်ရင် အမြတ် တစ် ကျပ်ပို့ပေးရတယ်။ တစ်ရာချေးရင် တစ်ရာ့တစ်ကျပ်ပေါ့နော်။ အမြတ်ကြိုက် သလောက်များ။ ဒါပေမယ့် တစ်ကျပ် အောက်တော့ လျှော့လို့မရဘူး။ အဲ့ဒီ တုန်းက ကုန်သွယ်ရေးဝန်ကြီး ဦးစံဝင်း လာမယ့် ဒီဇင်ဘာ ခရစ်စမတ်မှာ ကပွဲ သဘောမျိုးလေးလုပ်ပြီး ပိုက်ဆံရှာမယ် ပေါ့။ အဲ့ဒါကို ၀န်ကြီးများအဖွဲ့ ကက်ဘိ နက်အစည်းအဝေးကို တင်ပြတော့လည်း  ခွင့်ပြုတယ်။ အဲ့ဒါလုပ်တာက အင်းယား လိတ်မှာလုပ်တယ်။ အဲ့ဒါသူ့အိမ်နဲ့လည်း နီးတယ်။ အဲဒီမှာ ဒီခရစ်စမတ်ပွဲကိုသူ့ သမီးတွေကို မသွားဖို့သူက တားထား  တယ်။ ဒါပေမယ့် သူ့သမီးတွေက သူမသိ အောင် ခိုးထွက်ပြီးလာတာ ဦးနေ၀င်း သိလည်းသိရော သူ့တပည့်တွေခေါ် ဂျစ်ကားနဲ့သွားပြီးတော့ ကပွဲဝိုင်းမှာ ၀ိုင်း ရိုက်ပါလေရော။ သမ္မတနဲ့ လူကြမ်းအဖွဲ့ ဆိုတာ ကြားဖူးမှာပေါ့။ ဦးနေ၀င်းကိုယ် တိုင်ခေါင်းဆောင်ပြီး ၀င်ရိုက်တာတို့ ပစ္စည်းတွေရိုက်ချိုးတာတို့လုပ်။ အဲ့သလို ဖြစ်တုန်းကလည်း လူထုက သိပ်ဘ၀င် မကျခဲ့ဘူး။ နောက်ပိုင်းကျတော့ ဒီကိစ္စ မင်းမှာတာဝန်ရှိတယ်ဆိုပြီး ကိုစံဝင်းကို ဖယ်လိုက်တာပါတဲ့။ ကိုစံဝင်းကိုယ်တိုင် လည်း ၀န်ကြီးများအဖွဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာပဲလေ။
မေးခွန်းများအား အထက်ပါ အတိုင်း ပြန်လည်ပြောကြားပေးသွားခဲ့ သည်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ၂၆-၂-၁၉၄၆ခုနှစ်မှစတင်ကာ ဒုတိယ ဗိုလ်အဆင့်မှစ၍ တာဝန်အသီးသီး ဒေသအသွယ်သွယ်တာဝန်ထမ်းဆောင်ခဲ့ ပြီး ၁၉၇၆ ခုနှစ် မတ်လ (၆)ရက်နေ့၌ နိုင်ငံတော်ကော်စီ၏ ကြော်ငြာချက်အရ ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ ရပ်စဲခြင်း ခံခဲ့ရပြီး ပြန်လည်တည်တော်လှန်ရန် လာ ရောက်ပြောကြားသော တိုင်းမှူးများအား ဖျောင်းဖျ၍ ငြိမ်းငြိမ်းချမ်းချမ်း နေရန် ပြောဆိုလွှတ်လိုက်သော်လည်း အထက် သို့ တင်ပြခြင်းမရှိခဲ့သည်ဟုဆိုကာ နိုင်ငံ တော်သစ္စာဖောက်ဖျက်မှုအား ထိန်ချိန် ခဲ့သည်ဟု စွဲချက်တင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ အရ အလုပ်နှင့်ထောင် ဒဏ် (၇)နှစ်ကျခံစေ၇န် ၁၁-၁-၇၇တွင် ဦးအုံးမောင် တိုင်းတရားသူကြီးအဖွဲ့မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရားစီ ရင်ရေးအဖွဲ့မှ အပြစ်ကျခံစေရန် အမိန့် ချခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်ဦး၏ အယူခံ တင်သွင်းချက်အားလည်း ဦးစိုးလှိုင် ပြည် သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင်မှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ဗဟိုတရားစီရင် ရေးအဖွဲ့မှ ၂၀-၈-၇၇ တွင်ပယ်ချခဲ့ပြီး အမိန့်နှင့်ပြစ်ဒဏ်များကို အတည်ပြုခဲ့ သည်။

Labels:

ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက်



ဒု
သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)အား ဒုတိယသမ္မတအဖြစ်ရွေးချယ်သည်။
 ယင်းနေ့ နံနက်ပိုင်းတွင် ဒုတိယသမ္မတ အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် "ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟူ၍ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်းနေရာတွင် လစ်လပ်သွားသည့် ဒုတိသမ္မတ နေရာတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ကြောင်း သိရသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်တင်သွင်းသော ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဒုတိယသမ္မတရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ပါကြောင်း ၁-၇-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၇ နှင့်အညီ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ 
VP2
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းအား ပြည်ထောင်စု လွှတ်တော်တွင် တွေ့ရစဉ်

ဒုတိယသမ္မတရာထူး လစ်လပ်နေရာ ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ''ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ၁၈-၄-၂၀၁၂ မှ ၁-၅-၂၀၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေးကုသမှုခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန် လိုအပ်သဖြင့် ၁-၅-၂၀၁၂ မှ ၃၀-၆- ၂၀၁၂ ရက်နေ့အထိ နေအိမ်၌ ဆေး ကုသစောင့်ရှောက်မှုခံယူရန် ရည်ညွှန်းချက်ပါစာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူသော်လည်း သက်သာပျောက်ကင်းမှု မရှိခြင်းကြောင့် အချိန်ကာလတစ်ခုအထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယသမ္မတရာထူး တာဝန်ထမ်းဆောင်ခြင်းအား ၁-၇-၂၀၁၂ ရက်နေ့မှစ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း ၂ ပါစာနှင့်တင်ပြလာပါသည်။လစ်လပ်သွားသော ဒုတိယသမ္မတရာ ထူးနေရာဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ)ပါ ပြဋ္ဌာန်းချက်အရ သ၀ဏ်လွှာ ပေးပို့အပ်ပါသည်''ဟု နာယကက ဇူလိုင်လ ၄ ရက်နေ့က ဖတ်ကြားခဲ့သည်။

လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် ကနဦးတွင် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်များ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ထမင်းစားရပ်နားချိန်အတွင်း ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ ပြောကြားခဲ့ပြီးနောက် အချိန်ကြာမြင့်စွာ ဒုတိယသမ္မတ ခန့်အပ်ခြင်းအား ဆိုင်းငံထားခဲ့ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ) ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား မည်သည့်အကြောင်းကြောင့် ဒုတိယသမ္မတ အဖြစ် ခန့်အပ်နိုင်ခြင်း မရှိသည်နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခန့်အပ်ရာတွင် ဖွဲ့စည်ပုံအခြေခံဥပဒေပါ ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပြည်စုံသူကိုသာ ရွေးချယ်ခန့်အပ်ရကြောင်း ဖွဲ့စည်ပုံအခြေခံဥပဒေအရ သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယသမ္မတ နှစ်ဦးရှိပြီး  ဒုတိယသမ္မတတစ်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိသည်။
နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည်  ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည် ဟု သိရပါသည်။

Labels:

အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံး လူ့အခွင့်အရေး ဖောက်ဖျက်



အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံးက တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် ဒေသခံ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
ဘယ်လို အကြောင်းမျိုးနဲ့မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဖို့နဲ့ လူ့အခွင့်အရေး စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့လည်း ကော်မရှင်က ဒီကနေ့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒေသခံတွေအပေါ် လက်နက်ကိုင် တပ်ဖွဲ့တွေက ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း မိမိတို့အဖွဲ့က တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။။
"သွားပြီးတော့ စစ်ဆေးတဲ့အခါမှာ ပေါ့နော်။ ညှဉ်းပန်း နှိပ်စက်တယ် ဆိုတာမျိုးကို ကျွန်တော် တွေ့ရတယ်။ တွေ့ရတော့ ဒီမှာလည်းပဲပေါ့နော်၊ ဒီလူ့အခွင့်အရေးရဲ့ စံတစ်ခုဖြစ်တဲ့ ညှဉ်းပန်း နှိပ်စက်မှုကို မပြုရဘူးပေါ့နော်။ Torture မလုပ်ရဘူးဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီးတော့လည်းပဲ ရှောင်ရှားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့ တိုက်တွန်းချက်ပေါ့နော်။ ဒါလူ့အခွင့်အရေး စံတွေနဲ့ ကျွန်တော်တို့ အရေးကြီးတာတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ သွားပြီးတော့ စုံစမ်းစစ်ဆေးရင်းနဲ့ ကျွန်တော်တို့ ဒီအရေးကြီးတဲ့ အချက်လေးတွေကိုလည်း ထည့်သွင်းဖြော်ပပါတယ်"
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ၀ိုင်းမော် မြို့နယ်တွေထဲက စစ်ပြေးဒုက္ခသည် စခန်း ၁၆ ခုကို သွားရောက် လေ့လာခဲ့ရာမှာ နှစ်ဖက်တပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု အရေးယူတော့မည်ဟု သမ္မတ ဦးသိန်းစိန်ပြော


အဂတိလိုက်စားမှုသည် နိုင်ငံအတွင်း၌ နေရာတိုင်းတွင် ရှိနေသေးသည့်အတွက် တာဝန်ရှိသူများက ထိထိရောက်ရောက် ဖြေရှင်း သွားရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန် က ထည့်သွင်းပြောဆိုသွားသည်။
“လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ် သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ပြောသည်။
ယင်း ကော်မရှင်၏ ဥက္ကဌလည်း ဖြစ်သော သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြီး သန့်ရှင်းသော အစိုးရတရပ်ဖြစ်ရေးအတွက် စွန်း ထင်းနေသော အဂတိလိုက်စားမှု အမည်းစက်အား အစိုးရအနေဖြင့် အစွမ်းကုန် ချေဖျက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်း သည်။
“အောက်ခြေက ဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီးအကဲမှာသာ တာဝန်ရှိတယ်လို့ ခံယူပြီး ထိထိရောက် ရောက် ကိုင်တွယ် ဆောင်ရွက်သွားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်”ဟု ၎င်းက ဆိုသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း ဥပဒေနှင့်အညီ အရည်အချင်းရှိသူ၊ အဂတိ တရားကင်းရှင်းသူ၊ ရပ်ရွာအကျိုး အမှန်တကယ် ဆောင်ရွက်လိုသူများကို အောက်ခြေအဆင့်ဆင့်မှ ရွေးချယ်ပေးစေပြီး ကျေးရွာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ခံ၍ ဆောင်ရွက်စေမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
နေပြည်တော် ပြည်ထောင်စု စက်မှုဝန်ကြီး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးများဖြစ် သော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့က ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အချိန်မရွေး ပေးနိုင်ကြောင်း၊ လာဘ် စားမိပါက နုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ပြည်တွင်း အပတ်စဉ်ထုတ် Hot News ဂျာနယ် အင်တာနက် စာမျက်နှာတွင် ယမန်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
“ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊ တိကျရင် မနက် ဖြန်ကျနော်အရေးယူမယ်။  ကျနော့်ကို လာဘ်ပေး ရ တယ်ဆိုရင်လည်း ကျနော့်ကိုယ်ကျနော် အရေးယူမယ်။ မီဒီယာတွေအနေနဲ့ ကျနော်တို့ ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။ အာပေး ကြပါ၊ မှားနေတယ်ဆိုရင်လည်း တည့်မတ်ပေးကြပါ။ ဒါပေမယ့် ကျနော်တို့လာဘ်စား နေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ ကျနော်လာဘ်ယူရင် ကျနော်ထွက်ပါမယ်။ ဒီလိုပဲ ကျနော့်မိတ်ဆွေ ၀န်ကြီးတွေ၊ ကျနော့်အဖွဲ့သားတွေလာဘ်ယူရင်လည်း အရေးယူဖို့ အတွက် နိုင်ငံတော်သမ္မတကြီးကို တင်ပြသွားမှာပါ”ဟု ဝန်ကြီး ဦးစိုးသိန်း က ပြောဆိုကြောင်း ဖော်ပြထားသည်။
အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများ အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းသွားရန်ရှိကြောင်း လွှတ်တော် အမတ်များက ပြောဆိုသည်။
အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ပြီး သြဂုတ်လကုန်တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းဥပဒေအရ အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက တာဝန်ယူ ဖွဲ့စည်းရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်သည်။
ယခုနှစ်မတ်လ ၃ ရက်နေ့က သမ္မတ၏ တစ်နှစ်ပြည့်မိန့်ခွန်းတွင်လည်း ခေတ်အဆက်ဆက် အမြစ်တွယ်နေသော အဂတိ လိုက်စားမှုကို ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ အပြန်အလှန် စောင့်ကြည့်ရေး၊ တရားဥပဒေ စည်းမျဉ်းစည်းကမ်း၊ အသိအမြင် မြှင့်တင်ရေး စသည့် ဘက်စုံချဉ်းကပ်မှု နည်းလမ်းများနှင့် သတိပေး အရေးယူခြင်းများဆောင်ရွက်နေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သေးသည်။
အဂတိလိုက်စားမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(Transparency International)၏ ၂၀၁၁ နှစ်တွင် ပြုလုပ်သည့် စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန် နိုင်ငံနှင့်အတူ အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများထဲတွင် တတိယ နေရာ၌ ရှိနေသည်။
သမ္မတ ၏ မိန့်ခွန်းတွင် အဂတိ ကင်းရှင်းရေး လုပ်ဆောင်နေကြောင်း ပြောဆိုထားသော်လည်း အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ အစိုးရဌာနများ အဆင့်ဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုကို အစိုးရသစ် သက်တမ်းအတွင်း တိုက်ဖျက်မှု တိတိကျကျ အရေး ယူဖြေရှင်းမှုများ မတွေ့ရသေးပေ။
ယခုနှစ် မတ်လထဲတွင် အစိုးရ ၀န်ကြီးဌာနများ ဖြစ်သော ပြန်ကြားရေး၊ စက်မှု ၁၊ စက်မှု ၂၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နှင့် စစ်တပ်အတွက် တည်ထောင်ထားသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် တို့ ကျပ်သိန်း ထောင်ချီပြီး အဂတိ လိုက်စားမှု ဖြစ် ပွားခြင်းကို ပြည်ထောင်စု စာရင်းစစ်ရုံးက တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်လာနိုင်သူဟု နာမည်ထွက်နေသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကို ၂ဝဝ၄ ခုနှစ်က အမိန့်မနာခံမှု၊ အဂတိလိုက်စားမှုတို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။
ထို့နောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ ရ သည်။ ဦးခင်ညွှန့်အပါအဝင် သူ၏အဖွဲ့ဝင်ဟောင်းတချို့သည် ယခုနှစ်ဆန်းပိုင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးများ ပျက်စီး



မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်ရိုးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်း လေမူစရီ ကျေးရွာအနီးမှ မြင်ရပုံ 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြန်မာဘက်က ကာရံထားတဲ့ နယ်စပ်ခြံစည်းရိုးမှာ မိုးရာသီ ရေတိုက်စားမှုနဲ့ ခိုးယူခံရမှုကြောင့် ပျက်ဆီးမှုများရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း မိုးဆက်တိုက် ရွာသွန်းပြီး တောင်ပြို၊ မြေပြိုမှုများကြောင့် နယ်စပ်ခြံစည်းရိုး နေရာတချို့မှာ ပျက်ဆီးနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဆပ်ဒါလာ ကျေးရွာသား တဦးက ပြောပါတယ်။
“ဝေလာတောင်ရွာရဲ့ အထက်နားလောက်မှာ မိုးရွာပြီး တောင်ပြိုတော့ ခြံစည်းရိုးပါ ပြိုနေတာကို တွေ့ခဲ့တယ်။ ဒီနောက်ပိုင်း မိုးတွေကလည်း ဆက်တိုက်ရွာတော့ တခြားနေရာတွေမှာလည်း ပြိုတယ်လို့ ပြောသံကြားတယ်။ နယ်စပ်က လူတွေကလည်း သံကြိုးတွေ ခိုးဖြတ်တာတွေ ရှိနေတော့ လုပ်ခါစ ခဏပဲ။ နောက်တော့ ပျက်နေတာတို့၊ သံကြိုးမရှိတာတို့ ရှိနေတယ်” လို့ အဆိုပါ ဆပ်ဒါလာ ရွာသားက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကို ခြံစည်းရိုး ကာရံထားပေမယ့် နယ်စပ်ဒေသ စစ်ဆေးရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ (နစက) များက ခြံစည်းရိုးရဲ့ အဝေးမှာ ရှိနေကြတဲ့အတွက် ခြံစည်းရိုးက သံကြိုးတွေ ခိုးဖြတ်ခံရတာ၊ ပျက်နေတဲ့ ခြံစည်းနေရာများကို အချိန်မီ မပြင်နိုင်ဘဲဖြစ်နေတာတွေ ရှိကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့တမြို့ဖြစ်တဲ့ နတ်ကျောက်စရီမှ မြို့ခံ တဦးက ပြောပါတယ်။
“ခြံစည်းရိုးနဲ့ နစကတွေ ရှိတာနဲ့က ၂ မိုင်လောက်ဝေးတယ်။ ဆိုတော့ နယ်စပ်ကို သွားချင်တိုင်းသွားလို့ ရနေတာပေါ့။ ပြီးတော့ ခြံစည်းရိုးက သံကြိုးတွေကို ခိုးဖြတ်ချင်တိုင်း ဖြတ်လို့ရနေကြတယ်” လို့ နတ်ကျောက်စရီ မြို့ခံက ရှင်းပြပါတယ်။
သူက ဆက်ပြီး “ခြံစည်းရိုး လုပ်ကတည်းက အောက်ခံ ဖောင်းဒေးရှင်း ထည့်တာက တတောင်လောက်ပဲ မြှုပ်ထားတာ ဆိုတော့ ကြာရှည်မခံတာကြောင့်လည်း ပါတယ်” လို့ ဆိုပါတယ်။
ခြံစည်းရိုးကာရံတဲ့ သံဆူးကြိုးများဟာ မိုးရေဒဏ် ခံနိုင်အောင် ဆီလူးထားသော သံဆူးကြိုးများ ဖြစ်ပြီး သံချေး လွယ်ကူစွာ မတက်ကြောင်း၊ ယင်းသံဆူးကြိုးများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရှိ ကောက်စ်ဘဇားမြို့ရှိ မှောင်ခိုဈေးမှာ အရောင်းအဝယ်လုပ်နေကြကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဧရာဝတီက သတင်းတင်ပြခဲ့ပါတယ်။
မောင်တောမြို့မှ ကြေးတိုင်နှင့် မြေစာရင်း ဝန်ထမ်းတဦးက နယ်စပ် ခြံစည်းရိုးကို တခါ ကာထားရုံနဲ့ မပြီးဘဲ၊ ပျက်စီးသွားတဲ့ နေရာတွေကိုလည်း ပြင်ဆင်ပေးနေဖို့လိုပြီး ခြံစည်းရိုးနဲ့အတူ ရှိနေတဲ့ ကားလမ်းကိုလည်း အချိန်းမရွေး သွားလာနိုင်အောင် လုပ်ထားသင့်တယ်လို့ မြင်ကြောင်း ပြောပါတယ်။
“ခြံစည်းရိုးကို မပျက်အောင် ထိမ်းဖို့ဆိုရင် ကားလမ်းတွေ ကောင်းနေဖို့လိုတယ်။ မြေကြီးလမ်းတွေ ဖြစ်နေတော့ ပြင်မယ့်အဖွဲ့တွေကလည်း အချိန်မရွေး မသွားနိုင်ဘူး။ မိုးရာသီရောက်ရင် ပိုဆိုးတာပေါ့” လို့ အဆိုပါ ဝန်ထမ်းက ဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြံစည်းရိုး ကာရံခြင်းဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် မှောင်ခိုကူးသန်းရောင်းဝယ်မှုတွေကို တားဆီးနိုင်အောင် ဖြစ်တယ်လို့ မြန်မာအစိုးရက ပြောခဲ့ပေမယ့် လက်ရှိ အခြေအနေမှာ ဘာကိုမှ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း တက္ကနာမြို့အခြေစိုက် ဘင်္ဂလား ထောက်လှမ်းရေးတဦးက ပြောပါတယ်။
“မြန်မာဘက်က နယ်ခြားစောင့်တပ်တွေက သေသေချာချာ စစ်ဆေးမှုတွေ မရှိလို့ မှောင်ခိုလမ်းက အရင်အတိုင်းပဲ ရှိနေတယ်။ စိတ်ကြွဆေးပြားတို့၊ အရက်တို့က အရင်လိုပဲ ဝင်နေတယ်” လို့ အဆိုပါ ထောက်လှမ်းရေးက ဆိုပါတယ်။
ကီလိုမီတာ ၃၀၀ ကျော် ရှည်လျား ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာနိုင်ငံဘက်က ၂၀၀၈ ခုနှစ် မတ်လကတည်းက စတင်ကာရံခဲ့ပြီး ယခုဆိုရင် နယ်စပ်မှတ်တိုင် ၇၀ အနီး ကီလိုမီတာ ၁၅၀ ခန့်အထိ ကာရံထားပြီး ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်ကို လုံခြုံအောင် ခြံစည်းရိုး ကာရံသော်လည်း ခြံစည်းရိုးအနီး အမြဲတမ်း နယ်စပ်လုံခြုံရေးတပ်များ ရှိရန်လိုအပ်ပြီး အဂတိလိုက်စားမှုများလည်း ကင်းရှင်းဖို့လိုအပ်ကြောင်း မောင်တောမြို့မှ မြေစာရင်း ဝန်ထမ်းက ဆိုပါတယ်။
“အခု ခြံစည်းရိုးပဲရှိတယ်။ လုံခြုံရေးကျတော့ မရှိဘူး။ လုံခြုံးရေး ရှိတဲ့နေရာတွေကျတော့ ဝင်မလား၊ ထွက်မလား ငွေနည်းနည်းလောက် ပေးလိုက်ရင် အကုန်ဖြစ်တယ်” လို့ အဆိုပါ ဝန်ထမ်းက ပြောပါတယ်