Showing posts with label သမိုင်းကြောင်း. Show all posts
Showing posts with label သမိုင်းကြောင်း. Show all posts
Wednesday, December 7, 2011
ငြိမ်းချမ်းရေးဖခင်မဟတ္တမဂန္ဒီ
 နံငယ်ပိုင်လေးကိုသာဝတ်ဆင်ထားပြီးကုတင်တစ်လုံးပေါ်မှာထိုင်နေတဲ့လူ.ငွေကြေးချမ်းသာမူကိုတွက်ကြည်ရင်တော့သူပိုင်ဆိုင်သမျှတွေကိုထုခွဲရောင်းချမယ်ဆိုရင်( ၅သျှီလင်တန်အင်္ဂလိပ်ငွေဒဂါး) ကရောင်းရငွေတစ်ဝက်စာတောင်ရမှာမဟုတ်ဘူး.အဲဒီလူကတော့ အိန္ဒိယပြည်က မဟတ္တမဂန္ဒီပါပဲ..ဒါပေမဲ့ကမ္ဘာပေါ်မှာသန်းကြွယ်သူဌေးတွေထက်သူကတန်ခိုးသြဇာပိုကြီးတယ်..အိန္ဒိယပြည်ကလူတွေဟာ
ရာစုနှစ်ပေါင်းများစွာအထိနိုးကြားမူမရှိကြဘူး..(ပေါင် ၁၀၀ )မပြည်တဲ့ အင်အားချိနဲ့နေတဲသူက သူတိုင်ပြည်သူလူမိုးနိုးကြားလာအောင်လူံဆော်ပေးခဲ့တယ်..သူရဲ့ကြီးမားတဲ့စွမ်းအင်တွေကိုအိန္ဒိယပြည်သူတွေသဘောပေါက်လာအောင်သူကပြုပြင်ပြောင်းလွဲမူတွေကိုလုပ်
ဆောင်ခဲ့တယ်..ကမ္ဘာမှာသူရဲ့လုပ်ဆောင်ဟာအိန္ဒိယနိုင်ငံအတွက်ကောင်းမွန်တဲ့အကူ်းဆက်တွေကိုသက်
ရောက်စေခဲ့တာကိုအိန္ဒိယပြည်သူတွေသိရှိသွားခဲ့တယ်...သူမှာထူးခြားတဲ့ဝိသေသများစွာရှိခဲ့တယ်..
သူမှာသွားတု(အံကပ်)တစ်စုံရှိတယ် အဲဒါလေးကိုနံငယ်ပိုင်းအဝတ်ခေါက်ထဲမှာထည်ပြီးသွားလေရာယူသွား
လေ့ရှိတယ်..အစားအသောက်စားချင်ရင်တော့အံကပ်လေးကိုထုတ်ပြီးပါးစပ်ထဲ့ထည်တယ်..စားသောက်ပြီး
ရင်တော့ရေဆေးသန့်စင်ပြီးပြန်သိမ်းထားလေ့ရှိတယ်..သူဟာအိုင်ရစ် လေသံနဲ့ အင်္ဂလိပ်စကားကိုပြော
တယ်..ဘာလို့လည်းဆိုတော့  အင်္ဂလိပ်စာနဲ့ပက်သက်  ပြီး အိုင်ယာလန်လူမိုးတစ်ဦးက သူလက်ဦး
ဆရာတွေထဲကတစ်ယောက်ဖြစ်နေခဲ့လို့ပဲ..သူဟာနံငယ်ပိုင်းလေးကလွဲလို့ဘာမှမဝတ်ဆင်ခဲ့ဘူး..
ပိုးဦးထုပ်နဲ့ဖိနပ်အပေါ်ပိုင်းခြေမျက်စိထိဖုံးထားတဲ့သားရေဝက်စုံနဲ့ လက်ကိုင်ကြိမ်တုတ်ကိုတော့ နှစ်ပေါင်းများကြာအောင်အင်္ဂလန်မှာသူနေထိုင်ခဲ့တဲ့အချိန်မှာတော့သူဝတ်ဆင်ခဲ့ဘူးတယ်..
သူဟာဥပဒေဘွဲကိုအင်္ဂလန်တက္ကသိုလ်နေရယူခဲ့တယ်..ဘွဲရပြီးနောင်သူရှေ့နေအလုပ်ကိုဝင်ရောက်လုပ်
ကိုင်ခဲ့တယ်..လုပ်ငန်းခွင်ဝင်တဲ့ပထမနေ တရားမှာ သူစကားပြောဖို့ကြီုးစားတော့စိတ်တွေလူပ်ရှားပြီးဒူးတွေ
တုန်နေတယ်......ကြောက်လွန်းလို့လက်လျှော့အရူံးပေးပြီးကမောက်ကမနဲ့ထိုင်ချခဲ့ရတယ်..အဲဒီနောက်မှာတော့သူဟာ.လန်ဒန်မှာရှေ့နေတစ်ယောက်အဖြစ်အောင်မြင်မှာမဟုတ်ဘူးဆိုတာသူသိရှိ
သွားခဲ့တယ်..နှစ်ပေါင်းတော်တော်များများကအင်္ဂလန်ကိုသူပထမဦးဆုံးအကြိမ်ရောက်တော့သူရဲ့အိုင်ယာ
လန်လူမိုးသူဆရာက  အသျှင် ခရစ်တော် တောင်ပေါ်မှာဟောကြားတဲ့တရားတော်ကို အင်္ဂလိပ်စာတော်
လာအောင်လေ့ကျင့်ပေးတဲ့သင်ခန်းစာတစ်ခုဖြစ်ထပ်ခါတလဲလဲကူးခိုင်းဖူးတယ်..သူကလည်းနာရီပေါင်းအတော်ကြာကြာကူးယူရေးသားခဲ့တယ်...အဲ့ဒီအချိန်ကစပြီးသူရင်ထဲ့မှာစွဲနေတဲ့စကားလေးတွေဝင်ရောက်ခဲ့တယ်..အဲဒါတွေကတော့....နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏ အကြောင်းမူကထို့လူတို့သည်မြေကိုပိုင်ကြလိမ့်မည်.
ခိုက်ရန်မလိုသော သူတို့သည်မင်္ဂလာရှိကြ၏ အကြောင်းမူက ထို့သူတိုသည် ဘုရားသခင်၏သားတော်
ဟုအခေါ်ခံရမည်....တစ်ခါတော့ရရန်ရှိတဲ့အကြွေးတွေတောင်းရန် တောင်အာဖရိကတိုက်ကိုသူရောက်
ခဲ့တယ်..အဲဒီမှာသူက အသျှင် ခရစ်တော် တောင်ပေါ်မှာဟောကြားတဲ့တရားရဲ့ ဒသာန ကိုအသုံးချကြည်
လိုက်တဲ့အခါတော့သူအောင်မြင်မူတွေရရှိသွားတယ်..အဲဒီအခါမှာသူဘေးကိုအမူသည်တွေဝိုင်းအုံလာကြ
တော့တာပဲ..ဘာလို့လည်းဆိုတော့တရားရုံးရဲ့ပြင်မှာသူတိုရဲ့တောင်ဆိုမူပြသနာတွေအချိန်ကုန်ငွေကုန်တဲ့
နည်းနဲ့ဖြေရှင်းပေးနိုင်ခဲ့လိုပဲ..အဲဒီနောက်မှာတော့သူဟာတစ်နှစ်ကို ပေါင် သုံးထောင်လောက်ဝင်ငွေရှိလာတယ်...တရားတော်၏ဒသာနအရ နူးညံ့မူက မြေကို ပိုင်စေခဲ့ပြီးလေ..
သူဟာသူရဲ့အောင်မြင်မူတွေကိုဝမ်းမြောက်ဝမ်းသာမူလုံးဝမရှိခဲ့ပါဘူး ဘာလို့လည်းဆိုတော့အိန္ဒိယနိုင်ငံသား
သူလုပ်ဖေါ်ကိုင်ဖက်..သူငယ်ချင်းရောင်းရင်းတွေဟာ စိတ်ဆင်းရဲမူတွေဒုက္ခတွေကြုံနေပြီးအစာရေစာငတ်
ငြတ်ပြီးသေဆုံးခဲ့ရတာကိုသူကိုယ်တိုင်မျက်မြင်ကိုယ်တွေကြုံခဲ့ဖူးလိုပါဘဲ..သူအတွက်အောင်မြင်မူတွေ..လောကီစည်းစိမ်တွေဟာဘာမှအရေးမပါလိုထင်မြင်မိပြီးသူရဲ့ပိုင်ဆိုင်မူအားလုံးကိုစွန့်လွှတ်ခဲ့တဲ့နောက်
ဆင်းရဲမူကိုခံယူကာ....နောက်ပိုင်းမှာဆင်းရဲသားတွေအဖိနှိပ်ခံတွေကူညီဖို့သူဘဝတစ်ခုလုံးကိုမြှုပ်နှံခဲ့တယ်
အိန္ဒိယပြည်ကလူတော်တော်များများရဲအခြေအနေတွေဟာမျှော်လင့်ချက်မရှိအောင်ဆိုးလွန်းလို့သူက..
သားဆက်ခြားဖို့...ကလေးမွေးဖွားနူန်း လျှော့ဖို့ ရပ်ဖို့တောင်းပန်ခဲ့ရတယ်.ဘာလို့လည်းဆိုတော့ကလေးမွေးဖွားခြင်းနဲ့အတူ..လိုအပ်ချက်တွေ..ဒုက္ခ တွေပိုမိုများပြားလာလို့ဘဲ့...
နောက်ပိုင်းမှာတော့..သူဟာလူတစ်ယောက်ကျန်းမာပြီးအသက်ရှင်နေထိုင်နိုင်ရန်အတွက်ဘယ်
လောက်အထိသက်သက်သာသာနဲ့..စားသောက်နေထိုင်နိုင်မလည်းဆိုတာစမ်းသပ်မူတွေကိုပြုလုပ်ခဲ့တယ်
သူကိုယ်တိုင်လည်းသစ်သီးဝလံ..ဆိတ်နို့  သံလွင်ဆီရယ်ကိုအဓိကထားစားသုံးပြီးနေထိုင်တယ်.....
အမေရိကန်လူမိုး ဒေးဗစ်သရူးရဲ့အရေးအသားရှေဆောင်လမ်းပြမူရဲ့လွမ်းမိုးမူကိုသူအတော်လေးခံခဲ့ရတယ်.
လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ လောက်က အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်ကနေ ဒေးဗစ်ဟာဘွဲရခဲ့သူ
ဖြစ်ပါတယ်...ဒေးဗစ်ဟာ မတ်ဆာခူးပြည်နယ်ကဝေါလ်ဒန်ရေအိုင်အစပ်မှာ ၁၀ ပေပက်လည်အခန်း
ကလေးမှာသူတော်စင်ရသေ့လို့နေထိုင်တယ်..သူကအခွန်အခတွေပေးဖို့ငြင်းဆန်တဲ့အတွက်သူထောင်ကျ
တယ်...အဲ့ဒီအချိန်မှာလူတွေကသူရေးတဲ့စာအုပ်ကိုနည်းနည်းလေးတောင်သတိမပြု..အလေးမထားမိကျဖူး.
ဒါပေမဲံနောင်နှစ်ပေါင်း ၇၅ နှစ်မှာတော့အဲဒီစာအုပ်ကိုဂန္ဒီဖတ်ဖြစ်တယ်...ဒေးဗစ်ရဲ့နည်းဗူးဟာကိုသုံးဖို့.
ဆုံးဖြတ်လိုက်တယ်..အိန္ဒီယပြည်နယ်ကိုအင်္ဂလိပ်အစိုးရက ကိုယ်ပိုင်အုပ်ခူပ်ခွင့်ပေးမယ်ဆိုတဲ့ဂတိကို
ဖျက်လို့ဂန္ဒီခံစားရတယ်..အိန္ဒိယလူမိုးတွေ အင်္ဂလိပ်အစိုးရကိုအပြစ်ပေးဖို့သူကတိုက်တွန်းတယ်...အင်္ဂလိပ်
အစိုးရကိုအခွန်အခပေးဆောင်ဖို့ထက်ထောင်ကျခံဖို့..အင်္ဂလိပ်ကုန်ပစ္စည်းတွေကိုသပိတ်မှောက်ဖို့တိုက်
တွန်းတယ်..ဗြိတိသျှအစိုးရက ဆားခွန်တော်ကောက်တဲ့အခါဂန္ဒီကအိန္ဒိယပြည်သူတွေကိုဦးဆောင်ပြီး
ပင်လယ်ကမ်းခြေကိုသွားပြီးကိုယ်တိုင်ဆားချက်တယ်..အိန္ဒိယပြည်မှာ လူပေါင်း သန်း ၆၀ လောက်က
ဟိန္ဒူဘာသာအယူဝါဒအရ ဇက်နိမ့်တွေလို့သတ်မှတ်ခံနေကြရတယ်..ဇာက်နိမ့်သူတွေဟာ အများသောက်
သုံးတဲ့တွင်းရေတို့ ရေကောင်းရေသန့်တို့ကိုသောက်သုံးခွင်မပေးဘူး...လမ်းဘေးကချောင်းတွေ မြောင်းတွေ
ထဲ့ကရေဘဲ့သောက်ရမယ်...ဇက်နိမ့်သမားတွေကိုရွံစရာကောင်းတဲ့စက်ဆုတ်ဖွယ်ရာလူသားတွေအဖြစ်
သတ်မှတ်ခံထားရပြီးဖြစ်တဲ့အတွက်စားသောက်ဆိုင်တွေ...ကုန်စုံဆိုင်မှာဝင်ရောက်ဖို့ရာဝံရဲမှာမဟုတ်
ဘူး.....ဝင်ခွင်လည်းမပြုဘူး...ဇက်နိမ့်သမားတွေကဆိုင်ကခပ်လှမ်းလှမ်းမှာရပ်နေပြီးသူတိုလွှင်ပြစ်ပြီး
ပေးလိုက်တဲ့အစားအသောက်တွေကိုဘဲ့စားသောက်ရတယ်....ဇက်နိမ့်သမားအနေနဲ့တရားရုံးကိုဝင်ခွင့်
မရှိသလိုအများပြည်သူသွားနေတဲ့လမ်းတွေပေါ်ကလည်းပေ ငါးရာအတွင်ကလျှောက်သွားခွင့်မရှိဘူး
ကျောင်းနေခွင့်မရှိဘူး  ..နောက်ဆုံးဇက်နိမ့်သမားတစ်ဦးရဲ့အရိပ်ဟာအစားအသောက်တစ်ခုပေါ်ကျ
သွားရင်တောင်မှအဲဒိအစာစအစားကိုမကောင်းအစားအစားအဖြစ်သတ်မှတ်ပြီးလွှတ်ပစ်တက်ကျတယ်.
အဲ့ဒီလိုအဖြစိဆိုးတွေဟာကမ္ဘာမှာအင်မတန်မှကြေကွဲစရာအကောင်ဆုံးဖြစ်ရပ်တွေပဲ...ဇက်နိမ့်သမားရဲ့
အခွင့်အရေးအတွက်တိုက်ပွဲဝင်ဖို့ဂန္ဒီ သူဘဝကိုမြှုပ်နှံခဲ့တယ်..ဇက်နိမ့်မိန်ကလေးတစ်ယောက်ကိုမွေးစား
ပြီးသမီးအရင်းအဖြစ်နဲ့ကြီးပြင်းအောင်မွေးဖြူစောက်ရှောက်ခဲ့တယ်...လူသန်းပေါင်းများစွာကတော့သူကို
သူတော်စင်အဖြစ်သတ်မှတ်ကြတယ်..ကျန်တဲ့တစ်ခြားလူတွေကတော့  ဟိန္ဒူနတ်ဘုရားတစ်ပါးဝင်စား
တယ်လို့ယုံကြည်နေကြတယ်...လောဘတွေ  အတ္တမာနတွေလွမ်းမိုးနေတဲ့လောကကြီးထဲ့မှာသူကတော့
သူရဲ့ကိုယ်ကိုးအတွက်ဘာတစ်ခုမှမလုပ်ဘဲ့အများအသက်ရှင်နေထိုင်နိုင်ရေးအတွက်သူအသက်ကိုပင်
အသေခံဖို့အမြဲအဆင်သင့်ရှိနေတဲ့လူသားတစ်ဦးပါဘဲ......သူကတော့မဟတ္တမဂန္ဒီပေါ့......
Monday, December 5, 2011
ပုခက်လွှဲတဲ့သံမဏိလက်တစ်စုံ (Margaret Thatcher 1925)
အဆင့်အတန်းမြင့်မားပြီးစိတ်ဆတ်တက်တဲ့ မာဂရက်သက်ချာ ဟာ ဓာတုဗေဒနဲ့ဥပဒေ ပညာရှင်တစ်ဦးဖြစ်ပြီးကလေးနှစ်ဦးထွန်းကားပြီးတဲ့နောက် ၁၉၅၉ မှာ ကွန်ဆာဗေတစ်ပါတီရဲ့အမတ်တစ်ဦးဖြစ်လာပြီးတဲ့အခါမှာတော့သက်ချာဟာသူမတစ်လျှောက်လုံးကိုင်စွဲလာခဲ့တဲ့
နိုင်ငံရေးမျော်လင့်ချက်တွေအကောင်အထည်ဖေါ်လာပြီးဆိုတာမြင်တွေလာခဲ့ပါတယ်...နှောင်အနှစ် ၂၀  မှာတော့သူမဟာဗြိတိန်နိုင်ငံ၏သက်တမ်းအကြာဆုံးဝန်ကြီးခူပ်တစ်ယောက်ဖြစ်ခဲ့သလို သက်တမ်း သုံးကြိမ် ဆက်တိုက်အရွေးခံရတဲ့တစ်ဦးတည်းသောဗြိတိသျှဝန်ကြီးတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်..ဒါအပြင်သူမဟာ ဥရောပ ရဲ့  တစ်ဦးတည်သော ပထမဦးဆုံးဝန်ကြီးခူပ်လည်းဖြစ်ပါတယ်..သက်ချာဟာ ၁၉၇၉ မှ ၁၉၉၀  အထိ ဝန်ကြီးခူပ်တာဝန်ကို  အနှစ် ၁၁ ကျော်   ထမ်းဆောင်ခဲ့တဲ့ကာလမှာ နိုင်ငံပိုင်အင်တာပရိုတ်စ်များ..စက်မူလုပ်ငန်းများကိုပြည်သူပိုင်သိမ်းရေးထောက်ခံအဆိုပြုခဲ့သလို့..အလုပ်သမားများသမဂ္ဂထူထောင်ပေးခဲ့တဲ့အပြင် လူမူရေးစားသုံးစရိတ်ကိုလည်းအားလုံးအကြုံးဝင်တဲ့အထိလျှောချပေးခဲ့ပါတယ်..ဗြိတိန်နိုင်ငံကိုစွမ်းဆောင်ရေးမြင့် လွတ်လပ်တဲ့စီပွားရေးအသွင်းပြောင်ဖို့အတွက်ဆန့်ကျင်မူတွေကိုကြံကြံခံလုပ်ခဲ့သလို့ ဆိုဗိယက်ယူနီယံကို
မြန်မြန်ဆန်ဆန်ပြိုကျစေရာမှာကူညီပံပိုးပေးခဲ့တဲ့အတွက်အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့အတူ ဂုဏ်ပြုခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်
မော်စီတုန်းရဲ့ခွေးတစ်ကောင် (Jiang Qing 1914..1991 )
ဥက္ကဌကြီးမော်ရဲ့ အမိုးသမီးအဖြစ် လူသိများခဲ့တဲ့ကျန်ကျင်းဟာ အာဏာကိုဆုပ်ကိုင်ထားနိုင်ဖို့ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့သူဖြစ်ခဲ့ပါတယ်...သရုပ်ဆောင်ဘဝ..မအောင်ခဲ့တဲ့အိမ်ထောင်ရေး ..အစွန်းရောက်လူပ်ရှားမူစွပ်စွဲချက်တွေနဲ့အကျဉ်းကျခံနေရတဲ့ကာလ စတဲ့ နုပိုဘဝနောက်ပိုင်း ၁၉၈၈ ခုနှစ်မှာ မော်စီတုန်း ဇနီးတစ်ယောက်ဖြစ်လာခဲ့ပြီး နာကျင်ခဲ့တဲ့အတိတ်ကအ်မ်မက်ဆိုးတွေကိုမေ့ပျောက်နိုင်ရန်အတွက်သူမဘဝဇက်ကြောင်းတစေ့တစောင်းဖော်ပြထားတဲ့စာရွက်စာတမ်း
မှန်သမျှဖျကိစီးပစ်ဖို့အမိန်ပေးခဲ့ပါတယ်..သူမဟာ ကွန်ဖြူနစ်ပါတီရဲ့အမြင့်ဆုံးကိုရောက်နိုင်ဖို့အတွက်အာဏာလှေခါးထစ်များကိုတစ်ထစ်ပြီးတစ်ထစ်မဆုတ်မနစ်နင်းတက်ခဲ့ရာမှာနောက်ဆုံးမှာတော့သူမဟာ
ပါတီရဲ့အဖြူတေလေးဦးဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်..လေးဦးဂိုဏ်းနဲ့အတူ ကျန်ကျင်းဟာ ယဉ်ကျေးမူဌာနတိုင်းကိုခူပ်ကိုင်လာခဲ့ပြီးနောက်ပိုင်း များပြားမရေတွက်နိုင်တဲ့ရှေးဟောင်းစာအုပ် စာတမ်း ..ဆောက်အအုံ..ပန်းချီကားတွေကိုဖျက်စီးဖို့အမိန်ပေးခဲ့သူတစ်ဥိးဖြစ်သလို့..တရုပ်လူထုများစွာကိုညှဉ်းပန်းနှိပ်စက်မူအတွက်တာဝန်အရှိလူတစ်ဦးပဲဖြစ်ပါတယ်..အဲဒီအချိန်ကာလက တရုတ်ပြည်သူမည်မျှသေဆုံးခဲ့ရသလည်းဆိုတာတိကျတဲ့အရေအတွက်ကိုမသိရှိနိုင်ပေမဲ့  ၁၉၆၆--၆၉  သုံးနှစ်တာကာလ အတွင်းမှာ လူဦးရေပေါင်း   ၅၀၀၀;၀၀၀ မျှ အထိ မြင့်တက်ခဲ့ရတယ်လို့သိရှိရပါတယ် သမိုင်းပညာ၇ှင်တခို့ကယဉ်ကျေးမူတော်လှန်ရေး၏နောက်ကွယ်မှာ   လေးဦးဂိုဏ်းရှိနေခဲ့တယ်လို့စွပ်စွဲနေတဲ့အချိန်မှာတော့ကျန်ကျင်းကစကားတစ်ခွန်းပြောပြီးမော်စီတုန်းကိုသာအပြစ်ပုံချခဲ့ပါတယ်...သူမပြောခဲ့တဲ့စကားကတော့  သူမ ကမော်စီတုန်းကိုက်စေချင်တဲ့လူကို ကိုက်ပေးရတဲ့  မော် ရဲ့ ခွေးတစ်ကောင်ပါလို  ပြောရင်သူမကိုစွဲခဲ့တဲ့ရာဇဝက်မူစွဲချက်တွေကိုဝန်ချတောင်းပန်မယ့်အစား ၁၉၉၁ ခုနှစ်သူမကိုအဆုံးမစီရင်မှီအထိ အကျဉ်းထောင်ထဲ့တွင် ဆယ်စုနှစ်တစ်ခုလုံးကုန်ဆုံးခဲ့ပါတော့တယ်...
Sunday, October 16, 2011
နန်းမတော်မယ်နု-အပိုင်း(၁) + (၂)
နန်းမတော်မယ်နု-အပိုင်း(၁)
နန်းမတော်မယ်နုအကြောင်းပြောရမည်ဆိုလျှင်တိုတိုလေးနှင့်ရေးလို့မရပေ ပြောမဆုံးပေါင်တောသုံးတောင်မက ရှုပ်ထွေးပွေလီလှသော ကုန်းဘောင်းမင်းဆက်(၇)ဆက်မြောက်တွင် ဖြစ်ပေါ်ခဲ့သောအရှုပ်တော်ပုံရဲ့ ဒါရိုက်တာကြီးမှာ နန်းမတော်မယ်နုဖြစ်နေပြီး ( မိန်းမဖျက်လို့ ပြည်ပျက်) တယ်ဆိုတဲ့စကားဟာ သူတို့မြေးအဖွားနှစ်ယောက်(အဖွားနန်းမတော်မယ်နုမြေး စုဖရားလတ်)
်ကြောင့်များ ပြောဆိုခဲ့ကြသလားမသိပါ..။ ထိုကြောင့် နန်းမတော် မယ်နုအကြောင်းကို တတ်နိုင်သမျှ ပြည့်စုံအောင် ရှာဖွေဖေါ်ထုတ်တင်ပြပေးသွားပါမည်..
သူ့တို့အကြောင်းတွေမှာ ရှည်လျှားသောကြောင့် အပိုင်းလိုက် ခွဲပြီး တင်ဆက်ရတာကို သည်းခံစောင့်မျှော်
ဖတ်ရှု့ကြပါရန် တောင်းပန်အပ်ပါသည်....။
 မယ်နုဟု လူသိများသည့် ဘကြီးတော်စစ်ကိုင်းမင်း၏မိဖုရားခေါင်ကြီးသည် မြတောင်မြို့စား သီပေါမင်း၏ မိဖုရား စုဖရားလတ်၏အဘွားပင် ဖြစ်ပါသည်။
မောင်းထောင်ဆရာတော်သည် လေးကြိမ်မြောက် အဝတည် မင်းတရား၏ မိဖုရားခေါင်ရှင် မယ်နုကို 'အသမႝန္နခတ္တိယအနွယ် ဖြစ်တော်မူသော ရှင်မိဖုရားသည်' ဟု နိဂုံးအုပ် သမိုင်းထိုးရချေသည်။ စင်စစ်ကား ထိုရှင်မိဖုရားသည် ဒီပဲရင်းကျေး ဖလံကုန်းရွာသူ သမီး ဖြစ်သည်။ (ဝိနန္ဒသဘ ၊ သီလဝိသောဓနိ ၊ ရန်ကုန် ၊ သုဓမ္မဝတီ၊ ၁၉၅၈ ၊ ၈၈။)“ဟူ၍ မှတ်ချက်အရ ရိုးရိုးတောရွာသူတစ်ယောက် အဖြစ်မှ ရှင်ဘုရင်မှ မိဖုရားအရာမြှောက်စားသဖြင့် မင်းမျိုးနွယ်အဖြစ် သတ်မှတ်လိုက်ရခြင်းကို ဆိုလိုပေသည်။ အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကိုငှက်ကချီယူပြီး ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင် ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ မိဘုရားခေါင်ကြီးကွယ်လွန်ပြီးနောက်တွင် မယ်နု၏သြဇာမှာ နန်းတွင်းတွင်ပင် ဘုရင့်ကိုကျော်လွန်ကာကြီးထွားလာပြီး မောင်တော်စပ်သစလင်မြို့စားမောင်အိုအား မင်းဆွေမင်းမျိုးအဆောင်အယောင်ဖြင့် မင်းသားတစ်ပါးကဲ့သို့ ချီးမြှောက်စေသည်။ ဘကြီးတော်ဘုရား၏ ညီတော် သာယာဝတီမင်းသားမှ ပုန်ကန်ရာအောင်မြင်ခဲ့ပြီး နောင်တော်ဖြစ်သူ ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုတို့နှစ်ဦးအား အကျယ်ချုပ်ဖြင့်နေစေသော်လည်း မကြာမီ စိတ်မချသဖြင့် မယ်နုနှင့် အပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။
သံတော်ဆင့် ငရွှေသားကို တောင်ဥယျာဉ်တော် အတွင်း ရှေ့တော်တွင် စစ်မေးကာလ နောင်တော်မင်းတရား မိဖုရားကြီးက မောင်တော်သူ “စလင်းစားဦးအိုနှင့် အကျဉ်းခံနေရသူ မှူးတော် မတ်ဟောင်းတို့ကို တိတ်တဆိတ် တိုင်ပင် စည်းကြပ်ရကြောင်း စည်းကြပ်ရာတွင် ပါဝင်သူ မှူးဟောင်း မတ်ဟောင်းတို့ကလည်း မင်းဧရာဇ် ရန်ကင်းတောင်သို့ ထွက်တော်မူသည့် အတွင်း ညဥ့်အခါ အမရပူရ ရွှေနန်းတော်သို့ ဝင်၍ တိုက်ခိုက် စီးနင်းမည့် သူပုန်တို့နှင့် စကားချိန်းချက်၍ လာစေကြောင်းများကို အစစ်ခံချက် ရသည်ဖြစ်၍ နောင်တော် မင်းတရား မိဖုရားကြီးကိုလည်း တောင် ဥယျာဉ်တော် အတွင်း သံတော်ဆင့် ငရွှေသားနှင့် တိုက်ဆိုင် စစ်မေးရာ ဖြောင့်ဆို စစ်မေးချက်ရ၍ မိဖုရားကြီးကိုလည်း ထုံးစံနှင့်အညီ ၁၂ဝ၂ ကဆုန်လဆန်း ၁၂ ရက်နေ့ (၁၂ မေ ၁၈၄ဝ) ရေတွင် ဖျောက်တော်မူ၏။ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၅၉၈။)
ရေတွင်ဖျောက်ဖျက်သည်ဟုဆိုသည်ကို ကြည့်ခြင်းအားဖြင့် မင်းမျိုးနွယ်အဖြစ် လက်ခံကြောင်းထင်ရှားပါသည်။ နန်းတက်ဘွဲ့အမည်အားဖြင့် သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၂၃ဝ) ဖြစ်ကာ မိဖုရားကြီးရဲ့သမီးတော်မှာ နောင်မင်းတုန်းမင်းလက်ထက်တွင် ဆင်ဖြူမရှင်မိဖုရားဟု ထင်ရှားလာမည့် သီရိပဝရတိလာက မဟာရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၄၈၄) ဖြစ်ပါတယ်။ မင်းတုန်းမင်းက ၂၆ မတ် ၁၈၅၃မှာ အလယ်နန်းတော်မိဖုရား အဖြစ် ဆင်ဖြူမရှင်အား တင်မြှောက်ခဲ့ရာမှ ကုန်းဘောင်ခေတ်ဇာတ်သိမ်းကို ဖော်ဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဆင်ဖြူမရှင်သည် မိဖုရားအရာသို့ရောက်ခဲ့သည်။ (ကုန်းဘောင်ဆက်၊ တတိယတွဲ၊ ၁၉၆၈၊ ၁၅ဝ)။
နန်းမတော်မယ်နု-အပိုင်း(၂)
 ကုန်းဘောက်ခေတ် မြန်မာ့ သမိုင်းမှာ ထူးခြားတဲ့ ၊ အဖွားlသမီးlမြေး
                           မိဖုရားကြီးသုံးဦးပေါ်ထွန်းခဲ့ပါတယ်။
ထူးခြားတယ် ဆိုတာ က သူ တို့ သုံးဦး ဟာ သူစိမ်းတွေ မဟုတ် တာရယ် ၊ သုံးဦးစလုံး မိဖုရားဖြစ်ခွင့်ရှိတာရယ်၊
နိုင်ငံရေး ကို သူတို့ ရဲ့ ယောင်္ကျား(ဘုရင)်တွေ ကို ကျော်လွန်ပြီး စီမံခွင့်ရ ခဲ့တာတွေရယ်ကြောင့်ပါ။
သူတို့ သုံးဦးက တော့ အားလုံးသိကြ တဲ့ အတိုင်း (၁) နန်းမတော် မယ်နု ၊ (၂) (နန်းမတော်မယ်နု ရဲ့ သမီး ) ဆင်ဖြူမရှင် ၊
(၃) ( ဆင်ဖြူ မရှင် ရဲ့ သမီး ) စုဖုရားလတ် တို့ပါ။ သူတို့ သုံးဦး ဟာ နိုင်ငံရေး ရှု့ထောင့် က နေကြည့်ရင်
သမိုင်းမှာ သိပ်မလှ ပါဘူး။ ဒါပေမယ့် ဘာသာရေး ရှု့ထောင့်က နေကြည့်ရင် တော့ တော်တော် လေးထူးခြား
နေတာကို တွေ့ရပြန်ပါတယ် ။နန်းမတော် မယ်နု က အင်းဝ မှာ ဆရာတော်ဦးဗုတ် ကို
မယ်နု အုတ်ကျောင်းတော်ကြီး ဆိုပြီး လှူဒါန်း ခဲ့ပါတယ်။ ဆင်ဖြူမရှင် က
မန္တလေး မြို့ အရှေ့ပြင်မှာ ၁၅- ၀ါ သာ ရှိသေးတဲ့ ၀ိသုဒ္ဒါရုံဆရာတော် ကို ၀ိသုဒ္ဒရုံကျောင်းတိုက် ကြီးကို
ဆောက်လုပ်လှူဒါန်း ခဲ့ပါတယ်။ စုဖုရားလတ် က တော့ မန္တလေး မြို့ မှာဘဲ ၂၅-၀ါ ရှိတဲ့
ဆရာတော် ဦးအာလောက ကို မြတောင်ကျောင်းတိုက်ကြီး ဆောက်လုပ်လှူဒါန်း ခဲပါတယ် ။
ဒါတွေဟာ သာသနာ့ သမိုင်းမှာ ဘယ်လိုမှာ ချန်လှပ်လို့ မရတဲ့ သာဓက ပြယုဂ်တွေပါ။
ဒါတွေက ကြုံကြိုက်လို့ တိုက်ဆိုင်လာလို့ ထူးခြားတဲ့ ပြယုဂ် အနေနဲ့ ပြောပြတာပါ၊
နန်းမတော် မယ်နု အကြောင်း
တစ်နေ့မှာနေ့ စစ်ကိုင်းနားက အင်းဝမြို့ဟောင်းမှာ မယ်နုအုပ်ကျောင်းလို့ လူသိများတဲ့ မင်းနဲ့မိဖုရားတို့ရဲ့
မဟာကောင်းမှုတော်, မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးကို ဆရာတော်ဦးဗုဓ်
အလှူခံတော်မူခဲ့တဲ့ နေ့ကပေါ့။ ၁၁၉၂-ခုနှစ် တန်ဆောင်မုန်းလမှာ ကျောင်းရေစက်ချပွဲ,
ကျောင်းတင်ပွဲ ပြုလုပ်တော့ မင်းမိဖုရားတို့က မင်းဆရာတော်ဘုရားကို
သြ၀ါစကား မိန့်ကြားဖို့ လျှောက်ထားကြပါသတဲ့။ အဲဒီတော့ ဆရာတော်က
‘‘မင်းနှင့်တူအောင်ကျင့်ရင် ငါတို့ ဆုံးမသြ၀ါဒ ပေးစရာ မလို။ မင်းနှင့်တူအောင် မကျင့်ရင
် ငါတို့နဲ့ မဆိုင်၊ အ၀ိစိနဲ့သာဆိုင်တယ်။’’လို့ တိုတိုတုတ်တုတ် မိန့်တော်မူလိုက်ပါတယ်။
အဓိပ္ပာယ် ဖွင့်စရာ မလိုအောင် ရှင်းလင်းပြတ်သားတဲ့ ဒီသြ၀ါဒကို မင်း, မိဖုရားနဲ့တကွ အားလုံးက
သဘောကျကြပါသတဲ့။ သြ၀ါဒပေးသူကိုရော, သြ၀ါဒခံသူကိုပါ သာဓုမခေါ်သင့်ဘူးလား။
နောက်ဆုံးသြ၀ါဒနဲ့ ဆက်စပ်မှု ရှိနေတဲ့ အင်းဝရာဇင်ထဲက အဖြစ်အပျက်တစ်ချို့ကို အရင်ဆိုပါရစေ။
၁၁၈၇-ခုနှစ်မှာ နယ်ချဲ့ အင်္ဂလိပ်နယ်တို့ရဲ့ အလိုကျ ချုပ်ဆိုခဲ့ရတဲ့ ရန္တပိုစာချုပ် ချုပ်ဆိုပြီးတဲ့ နောက်
စစ်ကိုင်းမင်းဟာ သာသနာရေး, ကုသိုလ်ရေးဘက်မှာသာ အားစိုက်ခဲ့ပြီး တိုင်းရေးပြည်ရေးမှာ
အားစိုက်မှု နည်းလာခဲ့ပါတယ်။ ၁၁၉၆-ခုနှစ်ကစပြီး စစ်ကိုင်းမင်း ကျန်းမာရေး ချွတ်ယွင်းလာတဲ့အတွက်
အင်းဝရွှေနန်းတော်ရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီး နန်းမတော်မယ်နု, မိဖုရားရဲ့မောင်တော်
စလင်းစား ဦးအိုနဲ့ ဘုရင့်ညီတော် အိမ်ရှေ့စံ သာယာဝတီ မင်းသားတို့က ကိုင်တွယ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်ဲ့။
အဲဒီတော့ မိဖုရားနဲ့ သူ့မောင်တော်တို့က တစ်ဘက် အိမ်ရှေ့မင်းနဲ့ မင်းဆွေမင်းမျိုးတို့က တစ်ဘက်
နှစ်ဦးနှစ်ဘက်တို့ဟာ နိုင်ငံတော်အာဏာကို အပိုင်ရဖို့ အပြိုင်ချကြပါလေတော့တယ်။
ဒီပြိုင်ဆိုင်မှု အပြင် မူလပိုကျတဲ့ နန်းတွင်း မကျေနပ်မှုလည်း ရှိပါသေးတယ်။
နန်းမတော် မယ်နုဆိုတာက ပေါင်းတည်မြို့စား မယ်ပုရဲ့တူမ၊ တောင်သင်းမှူး သီဟကျော်စွာရဲ့သမီး
နန်းမဆန်တဲ့ တောသူဇာတိပါ။ ရွှေဘိုနယ်က ဖလံခုံရွာသူ မယ်နုဟာ အဒေါ်ဖြစ်သူ မယ်ပုရဲ့ မစမှုကြောင့်
အင်းဝရွှေနန်းတော်ထဲကို အပျိုတော်ကလေးအဖြစ်နဲ့ ၀င်ရောက်လာခဲ့ ပါတယ်။
(အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကို စွန်ငှက်ကချီယူပြီး
ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင်
ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်)
တစ်နေ့တော့ အိမ်ရှေ့စံ စစ်ကိုင်းမင်းသားက တစ်ခြား အပျိုတော်တွေထက် ထင်ထင်ပေါ်ပေါ်
ခန္ဓာကိုယ်အလှ ရုပ်လုံးကြွှနေတဲ့ မယ်နုကို မျက်စိကျသွားပြီး မိဖုရားငယ်အဖြစ် သိမ်းပိုက်လိုက်ပါသတဲ့။
အဲဒီအချိန်မှာ အိမ်ရှေ့မင်းရဲ့ မိဖုရားခေါင်ကြီးကတော့ ဆင်ဖြူမယ် ဖြစ်ပါတယ်။
စစ်ကိုင်းမင်း ထီးနန်းရပြီးတဲ့နောက် ၁၁၇၄-ခုနှစ်မှာ ဆင်ဖြူမယ် မိဖုရားကြီးဟာ သားတော်စကြာင်္မင်းကို
ဖွားမြင်ပြီး ကံကုန်ခဲ့ပါတယ်ဘိုး တော်ဘုရားက သားတော် "မန္တလေး မဟာမြတ်မုနိဘုရားကြီး ပင့်လာသူ
" အိမ်ရှေ့မင်းကြီး ကံကုန်တော်မူ သွားသောအခါ မြေးတော် (ဘကြီးတော်ဘုရား)ကို ဆင်ဖြူရှင်မယ်နှင့်
့် လက်ထပ် ထိမ်းမြား တော် မူပြီး အိမ်ရှေ့ ရာထူး နှင်းအပ်ပါတယ်။ ဆင်ဖြူရှင်မယ် ခေါ် အိမ်ရှေ့မိဖုရားက
ညောင်ရမ်း မင်းသား လေး (စကြာမင်း)ကို ဖွားတော်မူပြီး ရက်ပိုင်းအတွင်းမှာပဲ ကံကုန် အနိစ္စရောက်ရရှာပါတယ်။
ဖွားတော်မူ တဲ့ သား တော်ကလေးဟာလည်း သူ့ကို မွေးဖွားနေစဉ်အခါက အင်မတန် ထူးခြားတဲ့
အတိတ်နိမိတ်ကြီးတွေ ပြတဲ့ အတွက် အလွန် ဘုန်းတန်ခိုးကြီးမယ့် မင်းသားကလေးရယ်လို့ ယူဆခြင်း ခံခဲ့ရပါတယ်။
အိမ်ရှေ့ မိဖုရား ဆင်ဖြူရှင်မယ် အနိစ္စရောက်ပြီးတဲ့နောက် အိမ်ရှေ့မင်း (ဘကြီးတော်ဘုရား)ဟာ
သား တစ်ယောက် ဖခင်၊ မုဆိုးဖို အဖြစ် ကျန်ရစ်ပြီး သားတော်လေးကို ချစ်ခင်မြတ်နိုးစွာနှင့်နေရာမှ
ှ ဘိုးတော် ဘုရားဟာ နောက်ထပ် အိမ်ရှေ့မိဖုရားတစ်ပါးကို ရွေးချယ်ပြီး လက်ထပ်
ထိမ်းမြားပေးတော်မူပြန်ပါတယ်။သို့သော်လည်း ဒီမင်းသမီးကလေးဟာ အလွန် ငယ်ရွယ်သူ
၈ နှစ် သမီးမျှသာရှိသေးတဲ့ ပဒေါင်းမင်းသမီး ကလေးဖြစ်ပါတယ်။ အနွယ်တော်ထဲက အိမ်ရှေ့မိဖုရား
ဖြစ်ထိုက်သူဟာ ပဒေါင်းမင်းသမီးကလေးတစ်ပါး သာရှိလေတော့ အချိန်အရွယ် မရောက်ခင်
နန်းစဉ်ထုံးစံအတိုင်း လက်ထပ်ခဲ့ရသော်လည်း ကလေးပဲမို့ သူ့ အဆောင်ထဲမှာ သူ့အထိန်းတော်တွေနှင့်သာ
စံနေတော်မူပါတယ်။ အရွယ်ရောက်မှသာ လင်မယားအရာ မြောက်ရမှာဖြစ်ပါတယ်။
 မယ်နုနဲ့ ဆုံတွေ့ခြင်း
 ဒီအတောအတွင်း အိမ်ရှေ့မင်း (ဘကြီးတော်)ဟာ ဒေါ်ဒေါ်နု (မိဖုရားကြီးနု)နှင့် တွေ့မြင် ချစ်ခင် တော်မူလှတဲ့
အတွက် မိဖုရား ပဒေါင်းမင်းသမီးကလေးနှင့်တကွ အခြားသော ကိုယ်လုပ် မောင်းမ တွေကို ကျော်လွှားပြီး
"နုမှတစ်ပါး ဘယ်သူ့မှ မချစ်နိုင်ဘူး"ဆိုတဲ့ ဘ၀ ရောက်ခဲ့ရပါတယ်။
 ဘိုးတော်ဘုရားကြီး နတ်ရွာစံလို့ ထီးနန်းရိုက်ရာ ဆက်ခံရာမှာလည်း လက်ထပ်ထားပြီးဖြစ်တဲ့
အိမ်ရှေ့ မိဖုရား ပဒေါင်းမင်းသမီးကလေးကို ပစ်ပယ်ပြီး နုနုကိုသာပဲ ရွှေလက်ဆွဲ၍ နန်းသိမ်းပွဲခံခဲ့ပါတယ်။
လူမှာ အမျိုး ကြက်မှာအရိုးဆိုတဲ့ အစဉ်အလာကို ရိုက်ချိုးပြီး၊ လူမှာ အချစ်ကြက်မှာ အမြစ်လို့ စကားပုံကို တဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ပဒေါင်းမင်းသမီးကလေးခမျာလည်း မသေရုံတမယ်သာ
နုနု၏ အဖိအနှိပ် ရှိကြသော်လည်း ဘယ်သူမှ စကားကျယ်ကျယ်ပင် မဟ၀ံ့အောင် ရှိနေကြရပါတယ်။
ဒီအသိုင်းအ၀ိုင်း၊ အသိုက်အ၀န်းထဲမှာ မဟုတ်မခံ ပြောဆိုဝံ့သူဟာဖြင့် ညီတော် " သာယာဝတီမင်း "
တစ်ပါးသာရှိပါတယ် ။ဒေါ်ဒေါ်နုကလည်း ဘုရင့်အချစ်ကို ယုံစားပြီး အများကြီး တန်ခိုးထက်အောင်
သူ့ဘက်သူ ယက်နိုင် သလောက် ယက်၊ ယက်ယူလာလိုက်တာ နေရာတကာ ဒေါ်ဒေါ်နု မပါရင်
ဘာမှ ကိစ္စမပြီးတော့ပါ။ တစ်နန်း တော်လုံးနှင့် တစ်နိုင်ငံလုံးမှာ သူ့သြဇာချည်း ဖုံးလွှမ်းထားလိုက်နိုင်ပါတော့တယ်။
နောက်ဆုံးပိတ် "နု" ဆိုတဲ့ အမည်တောင် မည်သူမှ မသုံးရ။ နု အစား "ထွတ်" ကို သုံးကြရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။
(မကျဉ်းရွက်နုနု-အစား မန်ကျဉ်းရွက်ထွဋ်ထွဋ် လို့ ခေါ်ရမယ်အထိဖြစ်ခဲ့ပါတယ်)
ဒီလို တစ်နန်း တော်လုံးကို ခွစီးပြီး ဒါလောက် သြဇာကြီးနေပါလျက်နှင့်ပဲ ပဒေါင်းမင်းသမီးကလေး
ရှိနေ သေးတာ မလိုလား နိုင်လို့ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားပြန်ပါတယ်။
တစ်နေ့သောအခါ အဆောင်တော် ထဲမှာ ရှိနေတဲ့ ပဒေါင်းမင်းသမီးကလေးကို အလိုတော်ရိ
မင်းလုလင်တွေက ၀င်ဖမ်းပြီး ကျွန်းသေတ္တာထဲ ထည့်ပိတ် ထားခဲ့ တယ်။
အထိန်းတော် အပျိုတော်တွေကလည်း ပျောက်နေတယ်ထင်လို့ ပျာပျာသလဲ လိုက် ရှာရာ
ဘယ်မှာမှ မတွေ့ရ ဒုက္ခဖြစ်နေတုန်း၊ နန်းတွင်း ရုပ်စုံစင်တော်ကြီးမှ တစ်ဆင့် ညီတော်
သာယာဝတီ မင်းနား ပေါက်ကြားသွားလို့ အဆောင်တော်ထဲ အနှံ့အပြား လိုက်ရှာမေးတော့မှ
ကျွန်း သေတ္တာ ကြီးထဲမှာ မွန်းပြီး အသက်မြော့မြော့သာ ရှိတော့တဲ့ ပဒေါင်းမင်းသမီးကလေးကို
တွေ့ရှိ ကယ်ဆယ် လိုက်ရတယ်လို့ နန်းတွင်း ရေးမှာ တစ်ဆင့်စကားများ အစဉ်အဆက်
ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
 အိမ်ရှေ့မင်း ဘယ်သူဖြစ်လာမလဲ
 သာယာဝတီမင်းဟာ ဘကြီးတော်ဘုရင်၏ ညီတော်မင်းသားကြီးဖြစ်ပါတယ်။ ဘကြီးတော်ဘုရားမှ
လွဲရင် နန်းတော်ပေါ်နှင့်တကွ နေပြည်တော်မှ သြဇာထက်သော မင်းသားကြီးတစ်ဦးလည်း ဖြစ်ပါတယ်။
စစ်သည် အင်အား၊ တပည့်တပန်း အင်အား၊ လက်နက်အင်အားကလည်း အလွန် တောင့်တင်းသူဖြစ်လို့
ဒေါ်ဒေါ်နု တို့ မောင်နှမက သူကိုတော့ နိုင့်ထက်စီးနင်း မပြုရဲ၊ လေးစားရပါသေးတယ်။
ထိုအချိန်က ဘကြီးတော်ဘုရား ထီးနန်းအုပ်ချုပ် မင်းလုပ်နေသော်လည်း ထုံးတမ်းစဉ်လာအတိုင်း
အိမ်ရှေ့ မင်း မရှိသေးပါ။ အိမ်ရှေ့နေရာက လစ်လပ်နေပါတယ်။ အမှန်အတိုင်းဆိုလျှင် သားတော်
ညောင်ရမ်းမင်း (စကြာမင်းကလေး)ဟာ အိမ်ရှေ့ဥပရာဇာအဖြစ် အမှန်ကန်ဆုံး ဆက်ခံရမည်သူဖြစ်ပါတယ်။
 ဒါပေမဲ့ မိဖုရား ကြီး ဒေါ်ဒေါ်နုက သြဇာကြီးနေတော့ ညောင်ရမ်းမင်းသားကလေးကို
အိမ်ရှေ့ပေးဖို့ နှောင့်နှေးနေခဲ့ရပြန် တယ်။ တစ်နည်းအားဖြင့်လည်း ညီတော် သာယာဝတီမင်း၏
ဘုန်းလက်ရုံး အင်အားကိုလည်း ခန့်ညား အား ထားရတဲ့အတွက် ထီးနန်းဆက်ခံဖို့
အိမ်ရှေ့ ဥပရာဇာရာထူးကို ပေး ထိုက်ပြန်တယ်။ သားတော်နှင့် ညီတော် နှစ်ဦးအတွက် ဘယ်ဘက်ကို
အလေးပေးရမည်ဟု အတည်တကျ မဆုံးဖြတ်ရခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။
သို့ရှိနေရာမှာ ဒေါ်ဒေါ်နု သြဇာက ဥပရာဇာ ရွေးခန်းကို လက်တန်းပြီး ကာထားသလို ရှိခြင်းကပဲ
အလေးကျောနေခြင်းဖြစ်ပါတယ်။
 အခြေအနေအရ သြဇာကြီးလှသော မိဖုရားကြီး၏မောင်၊ စလင်းမင်းသားကြီး ဦးအို ကလည်း
တန်ခိုးအာဏာကြီးနေသူတစ်ယောက် ဖြစ်ပါတယ်။ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး တရားစီရင်ရေး
စသော ဌာနကြီးတွေမှာ လွှတ်တော်ဝန်ကြီးများနှင့်အတူ မင်းသားကြီး ဦးအိုဟာ စီမံကွပ်ကဲနေရသူ၊
အရေးပါ အရာ ရောက်သော အချုပ်အခြာ ဌာနကြီးတွင် ကြိုးကိုင်အုပ်ချုပ်နေရသူ ဖြစ်လေတော့
အာဏာဟာ ဦးအိုရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ မိဖုရားကြီးကလည်း အိမ်ရှေ့ရာထူးပေးခြင်းပေးလျှင်
သူ့မောင် ဦးအို ကိုသာ ပေးစေချင်တယ်။ ပေးဖို့ မပေးဖို့ဆိုတဲ့ အဆုံးအဖြတ်ကို ပြတ်ပြတ်သားသား
ဆုံးဖြတ်ချက် ချနိုင်သူက ဘကြီး တော်ဘုရားကိုလည်း မိဖုရားကြီးနုက သူ့အိတ်ထဲ ထည့်ထားနိုင်လေတော့
သားတော်နှင့် ညီတော် သာယာဝတီမင်းတို့မှာ အေးအေးဆေးဆေးနှင့်တော့ အိမ်ရှေ့မင်းအဖြစ်ကို
ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ နား လည်ထားကြပြီး ကိုယ့်သတ္တိ၊
ကိုယ့်အင်အားကို အသင့် မွေးထားကြရမှာပဲဖြစ်ပါတယ်။
 တိုင်းသူပြည်သားတွေ အနေနဲ့ကတော့ သားတော် ညောင်ရမ်းမင်း (စကြာမင်းကလေး)ကိုသာ
ချစ်ခင် မေတ္တာထားကြရင်း ရှိတဲ့အတိုင်း အိမ်ရှေ့အဖြစ် လိုလားကြပါတယ်။ သို့သော် ဒီကိစ္စမှာ ဘယ်သူမှ
ပွင့်ပွင့် လင်းလင်း ဆန္ဒပေးရဲကြမည် မဟုတ်ပါ။ သို့ကြောင့် သားတော် ညောင်ရမ်းမင်းကလေးရဲ့
အင်အားဟာ ပြည်သူ့ မေတ္တာပဲ အားကိုးစရာရှိပါတယ်။
ညီတော် သာယာဝတီမင်းရဲ့ အင်အားကတော့ လက်နက်အင်အား၊ လူအင်အားနှင့် သတ္တိစွမ်းပကားပဲဖြစ် ပါတယ်။
ယောက်ဖတော် ဦးအိုရဲ့ အင်အားကတော့ လွှတ်တော်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းကြိုးကိုင်ထားနိုင် သော
အာဏာအင်အားနှင့် သြဇာကြီးလှသော မိဖုရားကြီး၏ တန်ခိုးအရှိန်များ ဖြစ်နေပါတယ်။
ဘယ်သူ မကြိုက် ကြိုက်ကြိုက် အိမ်ရှေ့မင်း ရာထူးကတော့ ဦးအိုဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာရတော့မှာပဲ လို့ထိုခေတ်က မျက်စိကြီးနားကြီး ရပ်ကွက်က
အမြဲတွက်ထားပြီးသား ဖြစ်နေကြပါတယ်။
 သို့သော် ဦးအိုတို့က ပေါ့ပေါ့ဆဆ နေနေလို့မရပါ။ ညောင်ရမ်း မင်းသားကလေး ကို
အရေးမမှု လောက် သော်လည်း သာယာဝတီ မင်းသား၏ အင်အားကြီးမားမှုကို လျစ်လျူရှုနေ၍မဖြစ်ပါ။
သူပြုတ် ကိုယ်ပြုတ် မချလျှင် မဖြစ်ကြတော့သော အခြေအနေက ပေးလာခဲ့ပါတယ်။
အာဏာလက်ကိုင်ရ နေသော အပိုင်း ကနေ ချရလျှင် တရားဥပဒေဘောင်ဝင်ပြီး အပေါ်စီးရနေသူများ
အဖြစ်နှင့် အလစ်ကို ချောင်း နေနိုင်ပါတယ်။ တစ်ယောက် မကောင်းကြောင်း တစ်ယောက
် ၀ါဒဖြန့်ကြရသော အလုပ်ကလည်း ထိုခေတ် ဆီမှစ၍ ပေါ်လာဟန် တူပါတယ်။
 ဦးအိုနှင့် မိဖုရားကြီးနုတို့ဘက်က သာယာဝတီမင်းအား လူဆိုးသူဆိုး မွေးတယ်၊
တိုင်းပြည်အတွင်း တိုက် ခိုက်လုယက်သော ကိစ္စမှန်သမျှ သူတို့ ကြိုးကိုင်တယ်ဟု
ပါးစပ် သတင်းလွှင့်ပါတယ်။ သာယာဝတီမင်းက ဒီသတင်းကြားတဲ့အခါ ဦးအိုနှင့် မိဖုရားကြီးနုတို့
အပေါ်မှာသာ၍ ဆိုးရွားလှသော ၀ါဒဖြန့် သတင်းဆိုးတွေ တစ်မျိုးပြီး တစ်မျိုးတုံ့ပြန်လိုက်ကြပါတော့တယ်။
ထိုခေတ်က ၀ါဒဖြန့်သော အလေ့အထကို သာယာဝတီမင်းသားကြီးနှင့် မိဖုရားကြီးနုတို့က
စတင် တီထွင် လိုက်သည်ဟု ဆိုရပါမည်။
 သာယာဝတီမင်းကို လူဆိုးမွေး၍ ခိုးဝှက်တိုက်ခိုက်နေသူဟု သတင်းဖြန့်လိုက်သလို သာယာဝတီမင်းဘက်
ကလည်း မိဖုရားကြီးနုနှင့် ဦးအိုတို့ တိတ်တိတ်ပုန်းရနေသည်၊ မောင်နှမအစစ်မဟုတ်၊ လင်ငယ် ဟု ဆိုသည်။
ဘကြီးတော်ကို ယုတ်ညံ့သော အောက်လမ်း ဆေးနှင့် ခတ်ကျွေးပြီး နန်းတော်ကြီးကို
အပိုင် စီးထားလိုက် သည်ဟုဆိုသည်။ ငါးစိမ်းသည်မကြီး၊ စုန်းမကြီးဟုလည်းဆိုသည်။
" ပြည်ကြာရင် ဆုံးပါလိမ့် စုန်းမကြီးလင်၊ ပဒေါင်းတောင်ညာတင်မှ၊ ဖျညီခင် တပ်တော်လှဲ့လို့ရယ်၊ ပြန်ခဲ့ မယ်လေး "
  ဤသီချင်းသည် ထိုခေတ်နောက်ပိုင်း နန်းတွင်း ရုပ်စုံစင်တော်မှ သီဆိုသော သီချင်းဖြစ်သည်။
သာယာဝတီ မင်း ပုန်ကန်ရင် ထွက်ခွာသွားသောအခါက ဆိုကြသည်။
ညီတော်က စုန်းမကြီးကို ဖယ်ရှားပြီး ပဒေါင်းမင်း သမီးကို တောင်ညာတင်ပါမှ သူ ပြန်လာတော့မည်ဟု
အစ်ကိုဖြစ်သူ ဘကြီးတော် ဘုရင်အား လျှောက်တင် ဟန်ဖြစ်ပါသည်။
 အင်းဝမြို့ ကုန်းဘောင်ခေတ်က ယခုကဲ့သို့ သတင်းစာများ မပေါ်သေး၍ ၀ါဒဖြန့်ရာ၌
ကလောင်သမား မွေးပြီး ရေးသားစေခြင်းမျိုးများ မပြုနိုင်စေကာမူ ဇာတ်၊ ရုပ်သေးစသော
အနုပညာ ဇာတ်သဘင် ပိုင်းမှနေပြီး တစ်နည်းမဟုတ် တစ်နည်း ဘုရင့်နား ပေါက်ကြားအောင်
် ပြုလုပ်ဖန် တီးနိုင်ခဲ့ပါသည်။တစ်ခုတော့ရှိ၏။ ရှေးက ၀ါဒဖြန့်မှုများသည်ဗြောင် မဟုတ်တမ်း တရမ်းများ
မဖြစ်စေဘဲမူလအခြေခံ ဟုတ် မှန်ရာ အချက်ကလေးများကို မူတည်ပြီးမှ သတင်းလွှင့်တတ်ကြပါသည်။
သာယာဝတီမင်းသားသည် သတ္တိ သွေးရဲရဲတောက်သူ မင်းမှု့ထမ်း တပည့်တပန်းများ တိုးပွားရန်နှင့်
လက်နက်ဓားလှံ စုဆောင်းခြင်း သည် သူ၏ အဓိကအလုပ်ဖြစ်သည်။
 မိဖုရားကြီးနုသည် မောင်တော်ဘုရင်က သူ့အား မြတ်နိုးချစ်ခင်အောင် ဖြစ်သည့်နည်းနှင့်
ကြိုးပမ်းမည်မှာ လည်း အမှန်ပင်။ ဘုရင်က ချစ်ခင်မှ သူ့ကို အလိုလိုက်မည်။
သူကြိုက်နှစ်သက်ရာ စီမံခြယ်လှယ်နိုင်မည်။ သို့ကြောင့် ဘကြီးတော်ဘုရားအား မီးသေအောင်
ပြုထားခြင်းဖြင့် အခွင့်အရေးမှန်သမျှ သူကချည်း အကုန် ရနေသူဖြစ်သည်။ ငါးစိမ်းသည်မကြီး။
စုန်းမကြီးဟု သတင်းကြီးသော်လည်း စင်စစ် ငါးစိမ်းသည် မဟုတ်ပါ။
မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပါသည်။ စုန်းမကြီးဆိုခြင်းကတော့ နုကို အိမ်ရှေ့မင်းသားအဖြစ်က
ကောက်ယူထားသော်လည်း တစ်စတစ်စ နု၏ အစွမ်းအစတွေက အားလုံးပေါ် ကျော်လွှားပြီး
ထိပ်စည်းသို့ ရောက်ခဲ့ရခြင်းကြောင့် အစွမ်းထက်မြက်သော အင်းအိုင်၊ မန္တရား၊ ဆေးဝါး ပယောဂများ
အသုံးပြုခဲ့သူ အောက်လမ်း ဆေးဝါးပညာသည် တစ်ဦးဟု ယိုးစွဲခြင်းဖြစ်ပါသည်။
အမှု့ဆင်ခြင်း(သူတို့ခေတ်မှာတည်းကရှိနေပြီ)
 နောက်ဆုံး၌ (ဘကြီးတော်) ဘုရင်သည် မိဖုရားကြီးနု ကြိုးဆွဲသလို က နေရသော ရုပ်သေးရုပ်သာ ဖြစ်နေ ရရှာသည်။
ဘယ်နည်းနှင့် နိုင်ထားသည်တော့ မသိ၊ နိုင်နေတာကတော့ တိုင်းသိပြည်သိပါပေ။
ယင်းအခြေအနေတွေကို သာယာဝတီမင်းက ခံပြင်းလှသော်လည်း နောင်တော်ဘုရင်မှာ
"တို့ဘုရားလည်း မယားဘက်ခပ်ပါပါ"ဆိုသော ကိန်းမျိုး ဆိုက်နေသဖြင့် မကြိုက်သမျှကိုအံခဲ၍သာ နေရလေသည်။
  ဦးအိုတို့ မောင်နှမကလည်း အင်အားတောင့်သည်ထက် တောင့်လာသော သာယာဝတီမင်းကို ကြာကြာ
ကြည့်မနေနိုင်ကြတော့ဘဲ မကြာခင် အမှုဆင်၍ စတင် တိုက်ခိုက်ကြတော့သည်။
  အမှုကတော့ မဆန်းပါ၊ ဓားပြမှုတစ်ခုမှ ဆက်နွယ်ပြီး အမှုရှာဖွင့်သည်။
 မီးခိုးကြွက်လျှောက် အပေါက်ရှာပြီး လွှတ်တော်က အရေးယူရလေသည်။ သာယာဝတီမင်း ပုဂံမင်းသမီး တို့လည်း
အမှုထဲက အရေးပါအရာ ရောက်သူတွေဖြစ်နေသည်။ လွှတ်တော်ကြီးက ဦးစီးခေါင်းဆောင်
ဝန်ကြီးတစ်သိုက်မှာလည်း နန်းမတော်ကြီး နု၏မောင်၊ စလင်းမင်းသားကြီး ဦးအို၏ အာဏာစက် အရိပ်တွင်
် ကြိတ်မှိတ် ကျိုးနွံနေကြ သူများဖြစ်သည်။ ဘကြီးတော်ဘုရင်မင်းမှာလည်း မမာမကျန်း ဖြစ်သော်မူသည်ဆို၍
တိုင်းရေးပြည်ရေးဘာမှ ပြန်မကြည့်တော့ဘဲ မိဖုရားကြီးနု နှင့် ယောက်ဖတော် ဦးအိုတို့သာ
အကဲရောက် ဘုန်းတောက်နေကြသည်။ လွှတ်တော် ၀န်ကြီး တွေ အပေါ်မှာလည်း ဦးအို ပဲ သြဇာ လွှမ်းနေသူဖြစ်ပါသည်။
 သာယာဝတီမင်းကြီးကလည်း သတ္တိဗျတ္တိရှိပြီး ရာဇ၀တ်၊ ဓမ္မ၀တ်၊ လောက၀တ်များတွင်
သူမတူအောင် ကျွမ်းကျင်လိမ္မတော်မူသူဖြစ်၍ အထောက်အထားများနှင့် နား မျက်စိ ဖွင့်ထားသူ ဖြစ်သောကြောင့်
မိမိအား ပြစ်မှုကြီးစွာရောက်အောင် ကြံစည်ကြိုးစားနေသူများမှာ စလင်းမင်းသားကြီး ဦးအို၊
မြ၀တီဝန်ကြီး ဦးစ၊ ကင်းဝန်ဦးကြွယ်ဝ၊ ကျီအတွင်းဝန် ဦးပါရောက်၊ မြို့လက်ဝန်မောင်ရေး၊
ဝန်ထောက် မောင်ကံရေး၊ ဗိုလ်ကွန်း၊မောင်ကံပေါ်၊ မောင်ဘူး၊ မောင်နှင်း၊ တဒလဗိုလ်တို့ ဖြစ်ကြောင်း
ကြိုတင်သိမြင်တော်မူလေသည်။
 သာယာဝတီမင်းသား နန်းမတော်မယ်နုတို့ကို ပုန်ကန်တိုက်ခိုက်ပြီ
 ထို့ကြောင့် စလင်းမင်းသားကြီး ဦးအိုတို့ အကြံအောင်တော့မလို ရှိနေစဉ် သာယာဝတီမင်းသားသည်
နေပြည်တော် အင်းဝမှ ထွက်ခွာ၍ ရွှေဘိုမြို့ကနေပြီး ခုခံတိုက်ခိုက်ခြင်း ပြုလေတော့သည်။
  နောက်ဆုံး သာယာဝတီမင်းက အင်အားသာသောကြောင့် ဘကြီးတော်ဘုရား နန်းမှဆင်း၍ သာယာဝတီ မင်းအား
ထီးနန်းလွှဲအပ်လိုက်ရပါသည်။သာယာဝတီမင်း ရွှေဘိုမြို့မှနေပြီး အောင်မြင်သောကြောင့်
့် (ရွှေဘိုမင်း)ဟု ခေါ်ပြန်သည်။ သာယာဝတီ ရွှေဘိုမင်းသည် နန်းတော်သိမ်းပြီးရာ၌ ငါတို့ ညီတော် နောင်တော်
အချင်းချင်း အမျက်မရှိပါ။ တစ်မိဝမ်းတွင်း ညီအစ်ကိုရင်းဖြစ်ပြီး နောင်တော်ကြီးသည် ငါ့အား သားတော်ကဲ့သို့
ချစ်မြတ်နိုး တော်မူသည်။ ငါကလည်း ခမည်းတော်ကဲ့သို့ပင် ချစ်ခင်ရိုသေခဲ့သည်။
သို့ပေမဲ့ နန်းမတော်မယ်နု၊ စလင်းစား မောင်အိုတို့သည် ငါတို့ ညီတော် နောင်တော် အကြားတွင်
မတရားလီဆယ် လုပ်ကြံခြင်း ဖြစ်သည်။
သို့သော် ငါသည် ဘုရားဆုကို ပန်သောကြောင့် သည်းခံတော်မူမည်။ သင်တို့အား ထောင်တွင်း၌
အကျဉ်းချ ထားရုံသာ ချထား စေလို့ မိန့်တော်မူပါသည်။
  ထိုသို့ အကျဉ်းချထားခြင်း ခံရသူများမှာ မိဖုရားကြီးနု၊ မောင်စလင်းမင်းသား မောင်အို၊ မြ၀တီဝန်ကြီး ငစ၊
ကင်းဝန် ငကြွယ်ဝ၊ ကျီအတွင်းဝန် ငပါရောက်၊ မြို့လတ်ဝန် ငရေး၊ ၀န်ထောက် ငကံရေး၊ ဗိုလ်ငကွန်း၊
ငကံပေါ်၊ ငဘူး၊ ငနှင်း၊ တဒလဗိုလ်တို့ကို ထောင်တွင်သာချထားသည်။
မြ၀တီမင်းကြီး ဦးစမှာ ဓားခုတ်ရာ လက် မလျှိုလို့ မရသော အခြေတွင် ရှိပါလေသည်။
လွှတ်တော်ဝန်ကြီး အဖွဲ့ဝင် ဖြစ်ရာ သာယာဝတီမင်း၏ အမှုကိစ္စ၌ လွှတ်တော်အမိန့်စာတွင်
သာယာဝတီစား (ငခင်ငယ်) ဟုရေး သားခြင်းကြောင့်လည်း တစ်နည်းအားဖြင့် ပို၍ အခဲမကြေ ဖြစ်ရလေသည်။
ရွှေလွှတ်တော်၏ ထုံးတမ်း စဉ်လာ မှာလည်း ရာဇ၀တ်မှု ရောက်သူတို့အား (င)နှင့် (ငယ်)ကို
တပ်၍ သုံးနှုန်းရမြဲဖြစ်ပါသည်။ ဘကြီးတော်ဘုရားနှင့် ညီတော် သာယာဝတီမင်းသားတို့မှာ
ဇာတာ ငယ်မည်၌ မောင်ဇင်နှင့် မောင်ခင် ဟူ၍ ရှိပါသည်။ သာယာဝတီမင်းသားအား လွှတ်တော်က
ချသော အမိန့်စာ၌ "သာယာဝတီစားငခင်ငယ်" ဟု ရေးသဖြင့် သာယာဝတီမင်းက
တေးထားခြင်းလည်း တစ်ရပ်ပါလေသည်။
 စပ်မိလို့ ဆက်ရေးရဦးမည်။ ရတနာပုံ သီပေါမင်း ခေတ်မှာလည်း တောင်သမန်လယ်စား
ဦးဖေငယ်၏ အမည်ကိစ္စဖြစ်သည်။ အချို့က ဦးဖေငယ်မှာ ရာဇ၀တ်သင့်တော့မှ (ငယ်) တပ်သည်။
ယခင်က ဦးဖေသာ ဖြစ်သည်ဟု ပြောကြသည်။ ထိုသို့ အထင်နှင့် ပြောခြင်းသည် အခြားငယ် ကိစ္စများတွင်
ဟုတ်ချင် ဟုတ်ပါ မည်။ ဦးဖေငယ်၏ ငယ် ကိစ္စကတော့ ရာဇ၀တ် မရောက်မီ "ငယ်"က အရင်ရှိနှင့်ပါသည်။
ဘာကြောင့် တုံး ဆိုတော့ ထိုအချိန်က (မောင်ဖေ)နှစ်ယောက် ဖြစ်နေပါသည်။
 နှစ်ယောက်လုံးလည်း စာရေးစာဆိုသူချည်း ဖြစ်သည်။ တစ်ယောက်က အချုပ်တန်း ဆရာဖေ၊
တစ်ယောက်က လယ်စား ဆရာဖေ ... မောင်ဖေ ... မောင်ဖေ နှစ်ယောက်တွင် တောင်သမန်က
အသက်အနည်းငယ်ငယ်၍ ကိုဖေငယ်၊ မောင်ဖေငယ်ဟူ၍ ခွဲ ခေါ်ခဲ့ကြပါသည်။ ရာဇ၀တ်ရောက်သောအခါ
မူလရှိပြီး ငယ်နှင့် ပေါင်းခေါ်ရမည်ဆိုလျှင် (ငဖေငယ်၊ ငယ်)သာဖြစ်ရပါမည်။ သို့သော် ငယ်တစ်လုံး အခံရှိပြီးမို့
ရာဇ၀တ်သား ငဖေငယ်နှင့်ပဲ ကိစ္စပြီးရပါသည်။ တောင်သမန်လယ်စား ဦးဖေငယ်၊ မောင်ဖေငယ် ဆိုသည်မှာ
ရာဇ၀တ်မှု မဖြစ်ခင်ကတည်းက ခေါ်လာခဲ့ သော နာမည်ဖြစ်ပါသည်။
  သာယာဝတီမင်းခေါ် ရွှေဘိုမင်းသည် ဦးအိုနှင့် မြ၀တီမင်းကြီးစသော အပေါင်းအပါများကို
ထောင်တွင်သာ ချထားပါသည်။ သုတ်သင်သတ်ဖြတ်ခြင်းမပြုပါ။
နောင်တော် ဘကြီးတော်ဘုရင်အားလည်း ကောင်းစွာ ပြုစု စောင့်ရှောက်ထားပါသည်။
 ငခင်ငယ် ဆိုသော အမည်ကိစ္စကိုတော့ နည်းနည်းမှ ကျေနပ်ပုံမရပါ။
  သာယာဝတီမင်းက "၀န်ကြီး ငစ သည် ငါ ထွက်ခွာလာသည့်နောက် လွှတ်တော်က ထုတ်ပြန်သော
အမိန့်တွင် ထုံးစံဥပဒေရှိသည့်အတိုင်း (သာယာဝတီစားငယ်)ဟု မရေးသားဘဲ ငါ့နာမည်ကို ထုတ်ဖော်၍
(ငခင်ငယ်)ဟု ရင့်ရင့်သီးသီး စော်ကား ရေးသားသူဖြစ်သည်။ သင်း သေသင့်ပြီ၊ သို့သော် သင်းကို ယခု မသတ်သေး။
ငါ့ဘုန်းသမ္ဘာတော်ကို ကြည့်စေဦးမည်၊ ထောင်မှာထား" ဟု မိန့်တော်မူကြောင်းကို ဒုတိယ မဟာရာဇ၀င်တော်ကြီး၌
အတိအလင်းရေးသားပါရှိခဲ့ပါသည်။
 ဤသို့ သာယာဝတီမင်းက အကြောင်းကြောင်းကို ငဲ့ညှာထောက်ထား၍ အသက်ဆုံးရှုံးစေ စီရင်သင့်လျက်
မစီရင်ဘဲ ထောင်တွင်သာထားပါစေလျက်၊ မင်းသားကြီး မောင်အိုတို့ အပေါင်းအပါ လူတစ်စုသည်
လက်မလျှော့ကြပါ။ ဘကြီးတော်ဘုရားကို နန်းပြန်တင်မည်ဟု အကြံပြုကြပြန်သည်။
သို့ကြောင့် ထောင် တွင်းမှာပင် အစီအစဉ်ပြုကြပြီး ၁၂၀၁ ခုနှစ်၊ တပေါင်းလတွင် စလင်းမင်းသား ဦးအို၏
လူများဖြစ်သော ရွှေ ထားမင်းသား အခေါ်ခံ င၀င်းငယ်၊ ဗိုလ်ငခန်းကျော်၊ ဗိုလ်ရွှေမောင်တို့က ခေါင်းဆော်၍
လူတစ်ထောင့် ငါးရာနှင့် မတ္တရာကျော်စဉ်ကစ၍ သူပုန်ထစေလေသည်။
  သို့သော် ထိုအကြံအစည်လည်း အထ မမြောက်ရုံသာမက အမရပူရမြို့ အကျဉ်းထောင်တွင် ချုပ်ထားသော
စလင်းမင်းသားကြီး မောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေ သာ၊
ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊
ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ ကွပ်မျက်လိုက်ခြင်းခံရပါသည်။
 သာယာဝတီမင်းက မိမိအား "ငခင်ငယ်"ဟု သုံးနှုန်းရေးသားသော ကိစ္စနှင့်စိတ်ထဲမှာ မကျေမချမ်း ဖြစ်ခြင်း
ခံနေရသော မြ၀တိဝန်ကြီး ဦးစမှာ စလင်းမင်းသားကြီး မောင်အိုတို့လူစု တန်ပြန်ပုန်ကန် သောင်းကျန်းမှုပြု သဖြင့် ကွပ်မျက်သုတ်သင်ရာတွင် တစ်ခါတည်းပါးသွားရန် ရှိသော်လည်း ထိုအခါက မြ၀တီဝန်ကြီး ဦးစ သည်
စလင်းမောင်အိုတို့နှင့်အတူ အမရပူရမြို့က ထောင်တွင်း၌ မရှိ၍ ကံကောင်းထောက်မပြီး ကျန်ရစ်ခဲ့ရ ပါသည်
နန်းမတော်မယ်နုအကြောင်းဆက်ပါမည်
့ ဘကြီးတော်(စစ်ကိုင်းမင်း)က သားတော်လေးကို ညောင်ရမ်းမြို့ အပိုင်စားစေပြီး နန်းသွေးမပါတဲ့
မယ်နုကိုတော့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်ပါတယ်ဲ့။
နန်းသွေးမပါတဲ့သူ မိဖုရားခေါင် ဖြစ်လာတာကို နန်းဆွေနန်းမျိုးတွေက မကျေနပ်ကြပါဘူး။
ဒါပေမယ့် မကျေနပ်မှုရဲ့ ဦးစီးခေါင်းဆောင်များ ဖြစ်ကြတဲ့ ဆင်ဖြူမယ်ရဲ့ ခမည်းတော် ပြည်မြို့စားနဲ့
ဘထွေးတော် တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တော
့ မိဖုရားနဲ့ ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြား သွားခဲ့ပါတယ်။
နန်းမတော် မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံး နီးပါ ဟာ နိုင်ငံရေး လုံးဝ မငြိမ်သက်ခဲ့ ပါဘူး။
နန်းမတော် မယ်နု မိဖုရားဘ၀ မှာဘဲ (၁၁၈၅- ၈၆ ) ခုနှစ်မှာ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ကြပါတယ်။
မြ၀တီ မင်းကြီး ဦးစ နဲ့ မဟာ ဗန္ဓုလ တို့ ရခိုင်ပြည် ဘက် စစ်ထွက် တိုက်ခဲ့ ကြရပါတယ် ။
နောက်…..အင်္ဂလိပ် က ရန်ကုန် ဘက်ပြန်လှည့် ၀င်လာတာကြောင့် ရန်ကုန်ပြန်ဆင်းပြီး ခုခံရသလို
ဓနုဖြူတိုက်ပွဲမှာတော့ မဟာဗန္ဓုလ ကျရှုံးခဲ့ရပါတယ်။ ဒီထက် ဆုံးရှုံးတာကတော့ အင်္ဂလိပ် ကို
ရခိုင်နဲ့ တနင်္သာရီ ကို ပေးလိုက်ရတာပါဘဲ။ ဒါတင်မကပါဘူး စစ်လျှော်ကြေး ငွေ တစ်ကုဋေ ကို လည်း
မြန်မာ အစိုးရက မပေးနိုင်လို့ နန်းမတော် မယ်နု က စိုက်ပေးခဲ့ရတာပါ။
အဲဒီ အချိန် မှာ နန်းမတော်မယ်နု အတွက် နိုင်ငံရေး မတည်မငြိမ်မှု့ က ပြည်ပ နဲ့သာ ရင်ဆိုင်ရတာ
မဟုတ်ပါဘူး ။ပြည်တွင်း မှာ ရှိတဲ့ သူတွေနဲ့ပါ ရင်ဆိုင်နေရတာပါ။ သူ အဓိက ထားရင်ဆိုင်
နေရတဲ့သူကတော့ အခြားသူ မဟ
ရှေးရှေးတုန်းက မြန်မာများ
စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊ ပန်းလောင်းမြစ်၏ မှီရာ (၁) စောလှမြို့နယ်၊ (၂) ပင်လယ်နယ်၊ (၃) မြစ်သားနယ်၊ (၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီမြစ်၏ မှီရာ၊ (၅) မြောင်လှနယ်၊ (၆) မြင်းခုံတိုင်နယ်၊ (၇) မက္ခရာနယ်၊ (၈) ပနံနယ်၊ (၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။
ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်
မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ
(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။
ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။
ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။
ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)
အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။
ညောင်ရမ်းခေတ်(၁၅၉၆-၁၇၅၂)
နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့် အနောက်ဖက်လွန်မင်း (၁၆၀၅ - ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံး မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်
တောင်ငူ -ဟံသာဝတီခေတ် (၁၃၅၁ - ၁၅၉၉)
တပင်ရွှေထီး (၁၃၅၁ - ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။ တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊ အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ (နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။
အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)
ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။
ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ
ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။ မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။
အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။
ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။
တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက်ခိုက် လျက်ရှိသည်။
ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။
ပုဂံခေတ်
အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။ အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သား လက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။
ပုဂံခေတ်မတိုင်မှီမြန်မာနိုင်ငံ
အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။
တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ၄င်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့်သမိုင်းဆရာ ဂေါ်ဒွင်လုစ် ၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။
ဘယ်ခေတ်က မှန်း ခန့်မှန်းလို့ မရတဲ့ ဘုရား ဆင်းတုတော်လေးပါ ဥာဏ်တော် တမိုက်ခန့် ပဲ ရှိပါတယ်ဗျာ
Monday, September 19, 2011
အိုင်စတိုင်း
einstein
(Bene) MYMC ပရိတ်သတ်များ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Knowledge101 အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက် လာပြန် ပါပြီ။ ဒီတစ်ပတ် အတွက် တင်ဆက်ပေးဖို့ စီစဉ်ထား တဲ့သူတော့ Modern Physics ရဲ့ဖခင်လို့ အများကတင် စားလေ့ရှိတဲ့ သိပံ္ပပညာရှင် Albert Einstein ပဲဖြစ်ပါတယ်။ E=mc2 လို့ ဆိုလိုက်တာနဲ့ German လူမျိုး သိပ္ပံပညာရှင် Einstein ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။
ကျွန်တော်တို့အနေနဲ့ Einstein နဲ့ ပတ်သက်တဲ့ သူ့ဘ၀အကြောင်းလေးတွေနဲ့ သူ့ရဲ့သိပ္ပံလေ့လာတွေ့ရှိ ချက်တွေကို MYMC ပရိသတ်ကြီးကို တင်ဆက်ပေးသွားမှာ ပါ။ ကျွန်တော်နဲ့အတူ ကူညီတင်ဆက်ပေးမယ့် ဒီဂျေကတော့ ^AnGeL^ ပဲ ဖြစ်ပါတယ်။ မပြည့်စုံမူများ ရှိခဲ့တယ်ဆိုရင်လည်း နားလည်မှုနဲ့ ခွင့် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကဲ... ဒါဆိုရင် ပထမဦးဆုံးအနေနဲ့ DJ ကပဲ Einstein ရဲ့ ငယ်ဘ၀နဲ့ သူကြီးပြင်းလာပုံလေးကို စတင်ပြော ပေးပါအုံးနော်။
ကိုယ်ရေးအကျဉ်းနဲ့ ငယ်ဘဝ
1(^AnGeL^) သိပံ္ပပညာရှင် Einstein ရဲ့ နာမည်အရင်းကတော့ Alert Einstein ဖြစ်ပါတယ်။ Einstein ကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးရပ်ဇာတိကတော့ German Empire ကြီးထဲက မြို့တစ်မြို့ဖြစ်တဲ့ Ulm မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ဖခင်ကတော့ အရောင်းအ၀ယ် စီးပွားရေး သမား၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Hermann Einstein ဖြစ်ပြီး မိခင်ကတော့ Pauline Einstein ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ Einstein တို့မိသားစုဟာ Munich မြို့ကို ပြောင်းရွေ့ခဲ့ပြီး အဲဒီမြို့မှာပဲ သူ့အဖေနဲ့ သူ့ဦးလေးဖြစ်သူတို့ဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Company တစ်ခုကို စတင်ထူထောင်ခဲ့ပါ တယ်။ Einstein ဟာ အသက် ၅ နှစ်ကစပြီး Catholic Elementary School မှာ သုံးနှစ်ကြာ ပညာစတင် သင်ယူခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ Einstein ဟာ primary နဲ့ secondary ကို Luitpold Gymnasium ကျောင်းမှာ ၇ နှစ်တတ်ခဲ့ပြီးတော့ Germany ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကလေးဘ၀တုန်းက Einstein ဟာ စကားစပြောဖို့ တော်တော်လေး အချိန်ယူခဲ့ရပေမယ့်လည်း elementary school မှာတော့ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
Einstein ဟာ အတွေးအခေါ်နဲ့ စူးစမ်းလေ့လာစိတ်ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်မှာ သူ့ဖခင်ဆီကနေ အိတ်ဆောင်သံ လိုက်အိမ်မြောင်လေးတစ်ခုကို စပြီးမြင်ဖူးတဲ့ အချိန်မှာပဲ Einstein ဟာ လေဟာနယ်ထဲက အရာတစ်ခုခုက သံလိုက်အိမ်မြှောင်ရဲ့ လက်တံကို လှုပ်ရှားအောင် လုပ်နေတာဖြစ်မယ်ဆိုပြီး တွေးတောမိခဲ့ပါတယ်။ Einstein ဟာ ကြီးပြင်းလာတာနဲ့အမျှ စက်ကိရိယာတချို့ကို ကိုယ်တိုင်ဒီဇိုင်း ဆွဲတီထွင်ပြီး သူ့ရဲ့သချာင်္စွမ်းရည်ကို ပြသခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်တွေမှာတော့ Poland နိုင်ငံသား ဆေးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Max Talmey က ၁၀ နှစ်သားအရွယ် Einstein ကို သိပံ္ပပညာရပ်တွေ၊ သချာင်္သင်ခန်းစာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးခေါ်ချက်တွေကို သူတို့နှစ်ယောက် ထမင်းအတူတူစားရတဲ့ အချိန်ပိုင်းလေးမှာ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခဲ့မှုဟာ Einstein အတွက်တော့ သိပ္ပံပညာရပ်အပေါ် ရူးသွပ်မှုကို အစဖော်ပေးလိုက်ခြင်းပါပဲ။
2(Bene) ၁၈၉၄ ခုနှစ် AC/DC current wars ဖြစ်တဲ့အချိန်မှာတော့ Einstein အဖေဖြစ်သူရဲ့ Company ဟာ အရှူံးပေါ်ခဲ့ပြီး စီပွားရေးအခြေအနေကြောင့် သူတို့မိသားစုဟာ အီတလီကို ပြောင်းရွေ့ခဲ့ကြပါတယ်။ စစချင်းမှာတော့ Milan မြို့ကို ပြောင်းရွေ့ခဲ့ပြီး နောက်တော့ Pavia ဆိုတဲ့ မြို့လေးမှာ အခြေချဖြစ်ခဲ့ကြ တယ်။ ဒါပေမယ့် Einstein ကတော့ Munich မြို့လေးမှာပဲ ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ပညာရေးကို မထိခိုက် အောင် ဆက်လက်လေ့လာခဲ့ပါတယ်။ သူ့အဖေကတော့ သူ့သား Albert Einstein လေးကို Electrical Engineer တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမယ့်လည်း Einstein ဟာ စာသင်ကြားမှုလမ်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျောင်းကအာဏာပိုင်တွေနဲ့ ကတောက်ကဆ ဖြစ်လိုက်ပါသေးတယ်။  နောက်နှစ်အ နည်းငယ်အကြာမှာ Einstein က အလွတ်ကျက်မှတ်ပြီး စာသင်ကြားခြင်းဟာ တီထွင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတယ်လို့ ရေးသားခဲ့ပါတယ်။ Einstein ဟာ သူ့ရဲ့ကိုယ်ပိုင် ဖုန်းနံပါတ်ကိုတောင် မှတ်မိသူ မဟုတ်ပါဘူး။ ၁၈၉၅ မှာတော့ သူ့မိသားစုရှိတဲ့ဆီကို ဆရာဝန်ရဲ့ထောက်ခံစာနဲ့ ကျောင်းထွက်ပြီး သွားခဲ့ ပါတယ်။ အဲဒီ့အချိန်ကစပြီး Einstein ဟာ "The Investigation of the State of Aether in Magnetic Fields" ဆိုတဲ့ သူ့ရဲ့ပထမဦးဆုံး သိပံ္ပလက်တွေ့ စမ်းသပ်ချက်ကို ရေးသားခဲ့ပါတယ်။
Einstein ဟာ Zurich, Switzerland က Eidgenössische Polytechnische Schule (ETH) ကျောင်းဝင်ခွင့် ဖြေဆိုခဲ့ပါသေးတယ်။ အဲဒီ စာမေးပွဲကို သူကျခဲ့ပေမယ့်လည်း Mathematics နဲ့ Physics ဘာသာတွေမှာတော့ အမှတ်အလွန် ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Einstein ကို သူ့မိသားစုက Switzerland မြောက်ဘက်ပိုင်းမှာရှိတဲ့ Aarau ကိုလွှတ်ပြီး Secondary School ကို ပြီးအောင် ပညာဆက်လက် သင်ကြားစေခဲ့ပါတယ်။ Aarau မှာ Einstein ဟာ Maxwell ရဲ့ Electromagnetic Theory ကို သင်ကြားခဲ့ပြီး အသက် ၁၇ နှစ်မှာ သူကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်းပဲ Einstein ဟာ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်ဖို့အတွက် သူ့ဖခင်ရဲ့ သဘောတူညီမှုနဲ့ German နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ Zurich Polytechnic မှာ Mathematics နဲ့ Physics ကို ၄ နှစ်ကြာ ဆက်လက်သင်ကြားခဲ့ပါတယ်။
အိမ်ထောင်ရေးနှင့် မိသားစု
3(^AnGeL^) Einsten ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာကို ပြောရမယ်ဆိုရင်တော့ ၁၉၀၃ ခုနှစ်မှာ Einstein ဟာ သူနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ Mileva Maric နဲ့ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ်ကနေ အတူတူသွားလာ၊ စာပေအကြောင်း ဆွေးနွေးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ၁၉၉၀ ခုနှစ်မှာ Einstein ဟာ Diploma ရခဲ့ပေမယ့် Maric ကတော့ သချာင်္ဘာသာရပ်မှာ အမှတ်နည်းတာကြောင့် စာမေးပွဲ ကျရှုံးခဲ့ပါတယ်။ ၁၉၀၄ ခုနှစ် မေလမှာ သူတို့ရဲ့သားဦး Hans Albert Einstein ကို Switzerland နိုင်ငံ Bern မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသား Eduard ကိုတော့ Zurich မြို့မှာ ၁၉၁၀ ပြည့်နှစ်၊ ဇူလိုင်လမှာ မွေးဖွား ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ Einstein ဟာ Berlin ကို ပြောင်းရွေ့ခဲ့ပြီး သူ့အမျိုးသမီးကတော့ သားနှစ် ယောက်နဲ့ ကျန်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ Einstein တို့ အိမ်ထောင်ရေးဟာ ၅ နှစ်ကြာ ခွဲပြီးနေထိုင်ခဲ့တဲ့အတွက် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၁၉ ဇွန်လ ၂ ရက်နေ့မှာတော့ Einstein ဟာ နောက်အိမ်ထောင်ဖြစ်တဲ့ Elsa နဲ့လက်တွဲခဲ့ပါတယ်။ အမှန်တော့ Elsa နဲ့က ၁၉၁၂ ခုနှစ်ကတည်းက ဆက်သွယ်မှုရှိခဲ့ပြီး Einstein နဲ့ အမျိုးလည်းတော်ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ သူတို့ဟာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ခဲ့ကြပါတယ်။ Elsa ဟာ ၁၉၃၅ ခုနှစ်မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါ ရရှိခဲ့ပြီး ဒီရောဂါနဲ့ပဲ ဒီဇင်ဘာ ၁၉၃၆ မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီ Video ကတော့ Einstein ရဲ့ မိန့်ခွန်းပြောကြားချက် မှတ်တမ်းတင် Video တစ်ခုဖြစ်ပါတယ်။
အလုပ်အကိုင်
4(Bene) ဆက်လက်ပြီး Einstein ရဲ့ လုပ်ငန်းခွင်အကြောင်းလေးတွေကို ပြောပြပါမယ်။ Einstein ဟာ ဘွဲ့ရပြီးပြီးချင်း ၂ နှစ်လောက် စာသင်တဲ့အလုပ်ကို ရှာဖွေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Einstein ရဲ့ အတန်းဖော်တစ်ယောက်ရဲ့ ဖခင်အကူအညီနဲ့ Bern မြို့က Patent Office မှာ လက် ထောက်စာမေးပွဲစစ်ဆေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာတော့ Einstein ဟာ Swiss Patent Office မှာ ရာသက်ပန် ၀န်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ များသောအား ဖြင့်တော့ သူ့အလုပ်တွေက Electric signal တွေရဲ့ Transmission ဖြစ်ပေါ်မှုတွေအကြောင်းနဲ့ Electrical, mechanical နဲ့ပတ်သတ်တဲ့ မေးခွန်းများစွာကို ဖြေရှင်းလေ့လာရပါတယ်။ Bern မြို့က သူငယ်ချင်းတစ်ခုနဲ့အတူ Einstein ဟာ Olympia Academy အဖွဲ့ဆိုပြီး နောက်နောက် ပြောင်ပြောင်ဖွဲ့ပြီးတော့ Science နဲ့ philosophy အကြောင်းတွေကို မကြာခဏ လေ့လာဆွေးနွေးလေ့ရှိပါတယ်။ သူတို့ဖတ်တဲ့၊ လေ့လာတဲ့ အကြောင်းအရာတွေထဲမှာ Einstein ရဲ့ သိပံ္ပပညာနဲ့ အတွေးအခေါ်တွေအပေါ် လွမ်းမိုးမှုအများကြီးရှိတဲ့ Henri Poincare', Ernst Mach နဲ့ David Hume တို့အကြောင်းတွေ ပါဝင်ပါတယ်။
ပညာရေးအလုပ်အကိုင်
5(^AnGeL^) ၁၉၀၁ ခုနှစ်မှာတော့ Einstein ရဲ့ စာတမ်းတစ်စောင်ဟာ Physics စာအုပ်တစ်အုပ်မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ် ဧပရယ်လ ၃၀ ရက်နေ့မှာတော့ Einstein ဟာ သူ့ရဲ့စာတမ်းပြုစုချက်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီစာတမ်းကြောင်းပဲ  Einstein ကို Zurich University က PhD ချီးမြှင့်ခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကို အများကတော့ Einstein ရဲ့ ကံအကောင်းဆုံးခုနှစ်လို့ ပြောရလောက်အောင် အဲဒီနှစ်မှာပဲ သူ့ကိုပညာရေးနယ်ပယ်က အသိအမှတ်ပြုသွားစေတဲ့ စာတမ်း ၄ စောင်ကိုလည်း ထုတ်ပြန်နိုင် ခဲ့ပါသေးတယ်။ ၁၉၀၈ ခုနှစ်မှာတော့ သူ့ကိုထက်မြတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်အဖြစ် အသိအမှတ် ပြုခြင်းခံရပြီး Bern University မှာ ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ မကြာခင်မှာပဲ Einstein ဟာ Patent office ကနေ အလုပ်ထွက်လိုက်ပြီးတော့ Zurich University မှာ Physics ပညာရပ်ကို သင်ကြား ပို့ချခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ Professor တစ်ယောက် ဖြစ်လာခဲ့ပြီး ၁၉၁၄ ခုနှစ်မှာ Germany ကို အလုပ်တာဝန်နဲ့ ပြန်သွားခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာ Einstein ဟာ German Physical Society ရဲ့ President အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
၁၉၁၁ ခုနှစ်မှာ Einstein ဟာ သူ့ရဲ့ general relativity ကို အခြေခံပြီးတော့ နေရောင်ခြည်ရဲ့ ဆွဲငင်အားကြောင့် ကြယ်တစ်စင်းရဲ့ အလင်းရောင်ဟာ ကွေ့ကောက်သွားနိုင်တယ်ဆိုတာကို တွက်ချက်လို့ ရခဲ့ပါတယ်။ အဲဒီတွက်ချက်မှုကို ၁၉၁၉ ခုနှစ် မေလ ၂၉ ရက် Solar Eclipse မှာ အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ Einstein ကို ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ Einstein ဟာ Physics ပညာရပ်မှာ Nobel Price ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် Royal Society က Copley Medal ကိုလည်း ၁၉၂၅ ခုနှစ်မှာ ရရှိခဲ့ပါသေးတယ်။
ကမ္ဘာအနှံ့ လှုပ်ရှားမှုများ
7(Bene) ၁၉၂၁ ခုနှစ် ဧပရယ်လ ၂ ရက်နေ့မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်မှုနဲ့ New York မြို့တော်ကို စာပေ ပို့ချဖို့အတွက် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး Washington ကိုလည်း သွားရောက်ခဲ့ ပြီး အိမ်ဖြူတော်ကို နိုင်ငံတကာ သိပ္ပံပညာရှင်များကိုယ်စား သွားရောက်ခဲ့ပါတယ်။ Europe ကို အပြန်လမ်းမှာ လည်း သိပ္ပံပညာရှင်များစွာနဲ့ တွေ့ဆုံခဲ့ပြီးတော့ ပညာရေးဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ၁၉၂၂ ခုနှစ်မှာ အာရှဘက်ကို သွားရောက်ခဲ့ပြီး Japan မှာတော့ တော်ဝင်မိသားစုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ Japan လူမျိုးတွေကို အနှစ်သက်ဆုံးဖြစ်တယ်လို့ Einstein ဟာ သူ့ရဲ့သားဖြစ်သူကို ရေးထားခဲ့တဲ့ စာတစ်စောင်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။
Germany ကို Hitler အုပ်ချုပ်ပြီးတဲ့နောက်တော့ Einstein ဟာ ၁၉၃၃ ခုနှစ်မှာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဧပရယ်လမှာ Einstein ဟာ US က University တွေကို သွားရောက်နေတုန်း သူကြား သိလိုက်ရတာက German အစိုးရက ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Nazi Booking Burnings ဖြစ်ပွားခဲ့ကာ သူ့ကိုလည်း $5000 နဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ထက်မြတ်မှုဟာ Nazi တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ Germany က အခြားသော သိပ္ပံပညာရှင်တစ်ချို့လည်း ဒီအဖြစ်အပျက်ကြောင့် United States ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ၁၉၄၀ မှာတော့ Einstein ဟာ US နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။
ဒီ Video ကတော့ Einstein က သူ့ရဲ့ E=mc2 ကို ရှင်းပြထားတဲ့ Video ဖြစ်ပါတယ်။
သိပ္ပံပညာ လှုပ်ရှားမှုများ
(^AnGeL^) Einstein ဟာ သူ့ဘ၀တစ်လျှောက်လုံး စာအုပ်ပေါင်းစွာနဲ့ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။ များသောအားဖြင့် သူ့ရဲ့ စာအုပ်တွေဟာ Physics အကြောင်းဖြစ်ပေမယ့် တချို့စာအုပ်တွေကတော့ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်းနဲ့ လူမှုရေး အကြောင်းတွေဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ သိပ္ပံလှုပ်ရှားမှုတွေနဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။
Annus Mirabilis papers
Annus Mirabilis papers ကတော့ ၁၉၀၅ ခုနှစ် Annalen der Physik မှာ ပါဝင်ခဲ့တာပါ။ ဒီစာတမ်းမှာတော့ Einstein ဟာ photoelectric effect, Brownian motion, the special theory of relativity နဲ့ E = mc2 အကြောင်းကို ရေးသားထားပါတယ်။
Thermodynamic fluctuations and statistical physics
ဒီစာတမ်းကတော့ Einstein ရဲ့ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းရဲ့နောက်ဆက်တွဲ စာတမ်းတွေကိုလည်း ၁၉၀၂ ခုနှစ်၊ ၁၉၀၃ခုနှစ် နဲ့ ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။
General principles
Einstein ဟာ the Principle of Relativity ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တခြား Principle တွေဖြစ်တဲ့ the Principle of Equivalence, the Principle of Adiabatic Invariance of the Quantum Number နဲ့ Mach's Principle တို့ကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။
Theory of relativity and E = mc2
Theory of Relativity ကို အခြေခံပြီးတော့ Einstein ဟာ E = mc2 ဆိုတဲ့ ညီမျှခြင်းတစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီညီမျှခြင်းကတော့ Nuclear စွမ်းအား ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Einstein ရဲ့ အကျော်ကြားဆုံး ညီမျှခြင်းလို့လည်း ပြောလို့ရပါ တယ်။
Photons
၁၉၀၅ ခုနှစ်မှာ Einstein က အလင်းရောင်ထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေ ပါဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီအဆိုကိုတော့ ၁၉၁၉ ခုနှစ်ကမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။
Einstein ရဲ့ အခြားတွေ့ရှိချက်တွေကတော့
Quantized atomic vibrations
Adiabatic principle and action-angle variables
Wave-particle duality
Theory of critical opalescence
Zero-point energy
General relativity and the Equivalence Principle
Hole argument and Entwurf theory
Cosmology
Modern quantum theory
Bose–Einstein statistics
Energy momentum pseudotensor
Unified field theory
Wormholes
Einstein–Cartan theory
Equations of motion
တို့ဖြစ်ပါတယ်။
ဒီ Video ကတော့ Einstein ကွယ်လွန်သွားကြောင်း သတင်းထုတ်ပြန်ချက် Video ဖြစ်ပါတယ်။
နောက်ဆုံးနေ့ရက်များ
9(Bene) ၁၉၅၅ ခုနှစ် ဧပရယ်လ ၁၇ ရက်နေ့မှာ ကလီစာတွင်း သွေးကြောပေါက်ကွဲမှုကြောင့် ကွယ်လွန်ခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ်တုန်းကလည်း ဒီနေရာကိုပဲ Dr. Rudolph Nissen နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါသေးတယ်။ သူမကွယ်လွန်မှာ Nuclear စွမ်းအင်ကို ကောင်းတဲ့ဘက်မှာ အသုံးချဖို့ တိုက်တွန်းခဲ့ပြီးတော့ ပေါင်းစပ် စက်ကွင်း Theory ကို တင်ပြခဲ့ပါသေးတယ်။ အဲဒီ Theory ကို ပြီးပြည့်စုံအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်က Priceton ဆေးရုံမှာ သူကွယ်လွန်သွားခဲ့ပါတယ်။ တကယ်တော့ Einstein မသေဆုံးခင်မှာ သူ့ရောဂါအတွက် ထပ်မံခွဲစိတ်ကုသဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် Einstein က သူ့ဘ၀မှာ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီမို့ အခုအချိန်မှာ သူသွားဖို့အချိန်တန်ပြီ။ ကံကိုသာ ပုံအပ်လိုက်တော့မယ်ဆိုပြီး ခွဲစိတ်မှုကို ပယ်ချခဲ့ပါတယ်။ သူကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့ ဦးနှောက်ကို အလှူခံပြီး Einstein ဟာ ဘာကြောင့် ဒီလောက်ထိ ဥာဏ်ကောင်းခဲ့တယ်ဆိုတာကို အဖြေရှာ ခဲ့ကြပါသေးတယ်။
Einstein ဟာ ဒီကမ္ဘာမှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့ ခဲယဉ်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေဟာ အံ့မခန်းတွေချည်းပါပဲ။ ကဲ.. ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အကြောင်းကို MYMC ပရိသတ်ကြီး အတော်အသင့် သိပြီလို့တော့ ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့ ဒီနေ့ တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတအနေနဲ့ လာရောက်ဖတ်ရူကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဘယ်လို အကြောင်းအရာလေးတွေကို MYMC ပရိသတ် တွေအတွက် တင်ဆက်ပေးမလဲ ဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။
http://www.mymclub.net/main/index.php?option=com_content&view=article&id=404&Itemid=599 မှကူးယူဖေါ်ပြပါသည်။
ရတနာနတ်မယ်ရဲ့အကြောင်း တစေ့တစောင်း
ပုံ(1)- ရတနာနတ်မယ်ရဲ့ အပြုံး
မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့်
ဖတ်လိုက်မိတယ်။
အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီလောက်
စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့ ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက်တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။
မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြားခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့တပိုင်း တစ ပုံရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီတောစာ ပုံစံကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ နောက်ခံထားပြီး
ရေးထားတာပါ။
ပုံ(2)- ရတနာနတ်မယ်
(Griffith Review ဂျာနယ် ဆောင်းပါးကို www.griffithreview.com/current-edition/240-reportage/821.html တွင် ဖတ်နိုင်သည်။)
အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှချင်တယ် ဆိုတာလည်း ဘာ အကျိုးပြု၊ ဘာဝါဒဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေးတွေကို
သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ(ထားဝယ်) ရေးတဲ့ မင်းဆွေ မင်းမျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။
ဒီ ဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e
Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါတယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမရဲ့ နောက်ခံ
ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီအထဲမှာမှ သူမ ကိုယ်တိုင် ဖွင့်ဟ ပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။
တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ်တော် တယောက် အနေနဲ့တင် သူမဘဝကစိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာ လှတာ
ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာဆိုတဲ့ အချက်တွေ ကတော့ ထပ်ဆင့် ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်သွားရတော့တာပါပဲ။
သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင်မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသားအင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမအိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိတယ်။
ပုံ(3)- ပန်းချီလေလား ဓာတ်ပုံလား။
ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိသားစုပုံတွေကနေ သူမရဲ့ နောက်ခံဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာနတ်မယ်ဟာ သူမအတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။
အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာအသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ
တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ်ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်း သလိုလို။
ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း သြစတြေးလျတိုက်တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။
( စကားချပ် —- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေးတခုမို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေရွှေလာရှာခဲ့တဲ့ နေရာ တခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာအကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)
အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှ ရတဲ့ သမီးလေးကို သူ ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီးတွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်းမြင်ယောင် ကြည့်မိတယ်။
နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကိုနှိမ်ပုံ၊ အရှက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ
ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမ အကြောင်းတွေကိုသာ စိတ်ဝင်စားနေခဲ့လို့သာပေါ့။
သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင်ခဲ့ရတဲ့ မိသားစု မိတ်ဆွေတယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ်နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့မလျော်တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်ကဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်းမင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။
နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်းပြောပြထားသေးတယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်းကောင်း မွန်မွန်
ရှင်းပြ ဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာအစိုးရကလည်း သူတို့ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသားတာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချခဲ့ကြတယ်။
ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သားလေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲနေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန်မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့လည်း ခဏတဖြုတ်
ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ပြီး သိပ်မကြာခင် ၁၉၇၆ မှာ
လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။
ပုံ(4)- ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) ထုတ် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် မင်္ဂလာဆောင်သတင်း
ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူလက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန်ကို
သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန်ပါပဲ။
ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင်ရွက်နိုင်ခဲ့သလား၊ တခုခု ပြီးမြောက်ခဲ့သလား တဲ့။ အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံမြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေးလိုက်သေးတယ်။
လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။
နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း
ဖွင့်ဟခဲ့တယ်။
၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။ “ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာတော့ မိဘ ဘိုးဘွားတွေနဲ့ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။
ပုံ(5)- အီတလီမှာ အချက်အပြုတ် သင်တန်းကျောင်း ဖွင့်ထားတဲ့ ရတနာနတ်မယ် (သို့မဟုတ်)
June Rose Bellamy(ဓာတ်ပုံ – http://www.studiojunebellamy.it/about.html)
လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည်ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်းတချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး
လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာတခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးကမြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုးသမီးကြီး အကြောင်း တွေးနေမိပါတော့တယ်…..။