Friday, June 15, 2012
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား
ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ၀စ်ဒ်မာ
ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။
မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier
Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ
သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ
ကို ရပ်ဆိုင်းလိုက်ရပါတယ်။
တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ
မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။
ခုလို နေထိုင်မကောင်း ဖြစ်တာကြောင့် ဆွစ်ဇာလန် သမ္မတ အယ်ဖလင်းဝစ်ဒ်မာ
ရှူသ်စ် (Eveline Widmier-Schumpf) ဖိတ်ကြားထားတဲ့ နိုင်ငံတော် ညစာစားပွဲ
ကိုလည်း ဖျက်လိုက်ရပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး
ဆက်လက် အားပေးကူညီသွားလိုတဲ့ အကြောင်းနဲ့ ဒီအတွက် ဒီနှစ်
နိုဝင်ဘာလလောက်အတွင်း မြန်မာနိုင်ငံမှာ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်သွားမယ့်
အကြောင်း၊ နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတချို့ကို
ပြီးခဲ့တဲ့ မေလက ပြန်ပြီး ရုပ်သိမ်းပေးခဲ့တယ်ဆိုတာနဲ့ တကယ်လို့
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက် မလာဘဲ သိသိသာသာ
ဆုတ်ယုတ်မှုတွေ ရှိလာရင်တော့ အရေးယူမှုတွေ ပြန်လည် ချမှတ်သွားမှာဖြစ်ပြီး လက်
ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့်
အကြောင်းတွေကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင် ဆန်းစုကြည်နဲ့
တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ
ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ (၁၀၁) ကြိမ်မြောက် ညီလာခံမှာ
မိန့်ခွန်းပြောဆိုခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ Berne မြို့ကို
ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အစီအစဉ်တိုင်းဆိုရင် ဆွစ်ဇာလန်
လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကိုလည်း
ခရီးဆက်ဖို့ ရှိနေသလို အဲဒီကနေ ဗြိတိန်၊ အိုင်ယာလန် နဲ့
ပြင်သစ်နိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။ ဗြိတိန် ပါလီမန်မှာ
မိန့်ခွန်းပြောကြားဖို့ရှိသလို လူ့အခွင့်အရေးအဖွဲ့ Amnesty International က
ပေးအပ်တဲ့ လူ့အခွင့်အရေးဆု ကိုတော့ Dublin မြို့မှာ ကမ္ဘာကျော်တေးဂီတအဖွဲ့
U2 က အဆိုတော် ဘိုနိုက ပေးအပ်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ ခရီးစဉ်အစ ILO ညီလာခံမိန့်ခွန်းမှာတော့ မြန်မာနိုင်ငံအတွင်း
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီးခိုင်မာအောင်
အထောက်အကူပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြဖို့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကို
မေတ္တာရပ်ခံလိုက်ပါ တယ်။ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့
မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရ တဲ့
မြန်မာနိုင်ငံထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနိုင်တဲ့
ပြောင်းလဲမှုတွေကိုပါ ဆက်လုပ်စေချင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
Tuesday, June 12, 2012
မောင်တောရဲများ လိမ်ညာ ဝါဒဖြန့်
မောင်တောမျြို့နယ် ရဲစခန်း မှ ရဲများသည် ဟိန္ဒူဘာသာဝင် လူငယ်အချို့ကို
စည်းရုံးပြီး ၎င်းတို့အား ဓါး ထုတ်၊ လှံ၊ နှင့် မီးရှူးတိုင်းများကို
တပ်ဆင်ပေးပြီး၊ ရိုဟင်ဂျာ လူမျိုးများ၏ အိမ်များကို မီးရှိုးခိုင်းသည်။
၎င်းအဖြစ်အပျက်များကို ဓါတ်ပုံရိုက်ယူလေ့ရှိကြောင်းသိရသည်။
ဟိန္ဒူလူငယ်များကို အသုံးပြုခြင်းမှာ ၎င်းတို့သည် ရိုဟင်ဂျာ လူမျိုး နှင့် ပုံစံတူ၊ ရုပ်တူသဖြင့်၊ ၎င်းတို့ကို ရိုဟင်ဂျာ အကြမ်းဖက်သမားများ အဖြစ် အသုံးပြုပြီး ရိုဟင်ဂျာအိမ်များကို မီးရှူးခိုင်းသည်။၎င်းတို့ကို ဓါတ်ပုံရိုက်ယူပြီး၊ ရိုဟင်ဂျာ အကြမ်းဖက်သမားများက ရခိုင်အိမ်များကို မီးရှိုးခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ သတင်းဌာနများသို့ပေးပို့နေသည်။
၎င်းအပြင်၊ ထိုဟိန္ဒိုလူငယ်များကို ရိုဟင်ဂျာဆိုင်များမှ ဆန်၊ ဆီ၊ ဆေးဝါး နှင့် စားသောက်ကုန်များ ကို လုယူခိုင်းပြီး ၎င်းအနေအထားကို ဓါတ်ပုံ ရိုက်နေကြောင်း၊ ၎င်းတို့ကိုလည်း မိဒိယာတွင် ရိုဟင်ဂျာလူငယ်များ ရခိုင်ဆိုင်များမှ ပစ္စည်းများလုယူနေကြောင်း မဟုတ်မတရား ဝါဒဖြန့်နေကြောင်းသိရသည်။
မောင်တော ရဲများသည် များသောအားဖြင့် ဒေသခံ ရခိုင်များဖြစ်ပြီး၊ မောင်တောမြို့နယ် နှင့် ပတ်သက်၍ အ တွေ့အကြုံ ရှိနေသူများဖြစ်သည်။ မောင်တောမြို့ မှ ရဲများသည် လူမျိုးရေးဆန်ပြီး၊ ရိုဟင်ဂျာ ဆန့်ကျင်သူ ရခိုင်တချို့နှင့် ပူးပေါင်းပြီး ရိုဟင်ဂျာအိမ်များကို မီးရှူးခြင်း၊ ပစ္စည်းများလုယူခြင်း နှင့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

Saturday, June 9, 2012
ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဟု ၈၈ ကျောင်းသားများ ပြော
ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ် ထည့်သွင်းရန် ကမ္ဘာ့နိုင်ငံကြီးများက ဖိအားပေးလာပါက အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“ဒီ ရိုဟင်ဂျာ ပြဿနာကို ဘယ်နိုင်ငံကမှ လက်မခံတာကို ကျနော်တို့နိုင်ငံက ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီးတွေကနေပြီးတော့ ရိုဟင်ဂျာတွေကို လက်ခံရမယ်လို့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ လုံးဝ သည်းညည်းခံမှာ မဟုတ်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများသည် နယ်စပ်မှ ကျူးကျော်ဝင်ရောက်လာသည့် ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများ ပါဝင်နေသည်ဟုရှုမြင်ပြီး ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု လုံးဝမဟုတ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းတွင် မျိုးရိုးစဉ်ဆက် နေထိုင်ကြသည့် တိုင်းရင်းသားမဟုတ်သော အိမ်နီးချင်းနိုင်ငံများမှလူမျိုးများကို နိုင်ငံတော်မှ နိုင်ငံသားအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ထိုသူများအတွက် နိုင်ငံသားတဦး ရသင့်ရထိုက်သော အခွင့်အရေး၊ နိုင်ငံသားတဦးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို အပြည့်အ၀လက်ခံသော်လည်း တိုင်းရင်းသားအဖြစ် လက်ခံရန် အတင်းအကြပ် ဖိအားပေးမှုများကို လုံးဝသည်းညည်းခံမည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ သဘောထားကို အတိအလင်း ပြောကြားသည်။
ယနေ့ ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများကို လုံးဝ လက်မခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာမှ ယခုဖြစ်ရပ်ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန် မေတ္တာရပ်ခံခဲ့ပြီး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ခိုကိုးရာမဲ့ ဖြစ်ခဲ့သော ရခိုင်တိုင်းရင်းသားများ နေထိုင်စားသောက်ရေးအတွက်ကို တာဝန်ရှိသူများမှ အချိန်မှီ ဖြည့်ဆည်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကလည်း ရခိုင်ပြည်နယ်ရှိ ၃ ဒဿမ ၈ သန်းသော ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် လူဦးရေ သန်းထောင်ချီရှိသည့် အိမ်နီးချင်းနိုင်ငံကြီး၏ လူမျိုးစုများ စိမ့်ဝင်မှုကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် ဥပဒေတခု ပြဌာန်းစေလိုပြီး ယခုလက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို အမျိုးသားရေး ပြဿနာအဖြစ်ရှုမြင်ကာ ပြည်တွင်းနေ မြန်မာ မွတ်စလင်များကလည်း ထိရောက်သော အကူအညီများ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယမန်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ် မောင်းတောမြို့ မြို့တော်ခန်းမ အနီးရှိ နေအိမ်များနှင့် မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား မီးရှို့ဖျက်စီးခံခဲ့ရသည်။ မောင်တောဒေသတွင် ညမထွက်ရ အမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခြင်းကို ရှုတ်ချကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ရေးကိုလိုလားကြောင်း သဘောထား ထုတ်ပြန်ထားသည်။ ထို့အပြင် ယင်းအဖွဲ့ကြီး၏ အစ္စလမ်ဘာသာဝင်များကို မေတ္တာရပ်ခံ ပန်ကြားလွှာတွင် ဇွန်လ ၅ ရက်နေ့ထုတ် သတင်းစာပါ အသုံးအနှုန်းဖော်ပြချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံ တင်ပြပြီး ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနေကြောင်း၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ရှောင်ကျဉ်ရန် မေတ္တာရပ်ခံကြောင်း
မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ
ယခုအခါ မောင်တောမြို့သို့ အစိုးရ အဆင့်မြင့် အရာရှိများ
ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီ ဖြစ်သဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော
လူထုကြီးမှာ စိတ်သက်သာရ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးကို မေးမြန်းစဉ်
ပြောကြားသည်။
“ အခုဘဲ မောင်တော ဘော်လုံးကွင်းမှာ ရဟတ်ယာဉ်တွေ ဆင်းနေတဲ့ အသံကို ကြားရပါတယ်။ လူကြီးတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်တွေ အသံကြားရတာ ကြောက်စိတ်တွေ ပျောက်ပြီး စိတ်သက်သာရာ ရသွားပါတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။
ရဟတ်ယာဉ် ဆင်းသက်သည့် အသံများကြားသော်လည်း ဘော်လုံးကွင်းထိ သွားမကြည့်ရဲသဖြင့် စစ်ရဟတ်ယာဉ်လား၊ အရပ်ဘက် ရဟတ်ယာဉ်လားဆိုသည်ကို သူမသိကြောင်း ပြောကြားသည်။
ရဟတ်ယာဉ်များဖြင့် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာရာ အနောက်ပိုင်း တိုင်း တိုင်းမှူးနှင့် ၀န်ကြီး တစ်ဦး၊ တခြား ပြည်နယ် အဆင့် ၀န်ကြီးများလည်း ပါဝင်လာကြောင်း ဒေသခံ ၀န်ထမ်း တစ်ဦးက ပြောသည်။
“ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နဲ့ ၀န်ကြီးတွေ ပါလာပါတယ်။ အခု မီးတိုက်ခံရတဲ့ မောရ၀တီ၊ ရွှေရင်အေးတို့ကို သွားကြည့်ပါတယ်။ အဲဒီမှာ မောရ၀တီမှာ အိမ်ခြေ ၁၀၆ ဆောင်မှာ တစ်ဆောင်ဘဲ ကျန်တယ်။ အကုန်လုံး မီးရှို့ခံရတယ်။ လူတွေ ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်”ဟု သူက ပြောသည်။
မောရ၀တီမှာလည်း ဘုန်းကြီးကျောင်းတွင် နေထိုင်သူ လူကြီး တစ်ဦး အသတ်ခံရသည်မှာ သေချာသော်လည်း ကလေးငယ်များ သေဆုံးမူ ရှိသည်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း သူက ပြောသည်။
တခြားမီးတိုက်ခံရသော ကျေးရွာများမှာ ကိုင်းကြီး၊ ရွှေရင်အေး၊ သရေကုန်ဘောင် အပါအ၀င် အဆိုပါ ပတ်ဝန်းကျင်တွင် (၈) ရွာခန့်ရှိကြောင်း သူက အတည်ပြု ပြောကြားသည်။

Friday, June 8, 2012
ထုတ်လိုက်ပြန်ပေါ့ တစ်သောင်းကျပ်တန်ငွေစက္ကူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန်အတွင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊
ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့်
ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ်
ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက် တွင်
ဖော်ပြထားသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။
ပေါ်လွင်ထင်ရှားသောအရောင်
မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊
သပြေခက်နှစ်ခက်နှင့်ဆင်ဖြူနှစ်စီးနှင့်ကြာဖြူတစ်ပွင့်တို့ဖြင့်ဖွဲ့စည်းရိုက်နှိပ်ထားသည်။
မြန်မာစစ်တပ်များ ဆိုင်းတောင်မြို့ထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် စစ်ရေးတင်းမာနေသော မြန်မာစစ်တပ်သည် ဖားကန့်ဖက်တွင် မေလကုန်ပိုင်းမှစ၍ စစ်အင်အားတိုးချဲ့လျက်ရှိရာ တပ်ခွဲမှူးအောင်ကိုလတ်၊ ဒုတပ်ခွဲမှူး ကိုကိုဦး၊ ရဲကင်းမှူး မင်ဦး တို့ဦးဆောင်သော ခလရ တပ်ရင်း(၁၆)သည် မေလ ၃၁ ရက်နေ့တွင် ဤကဲ့သို့ လူနေအိမ်များသို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။
ကျောက်စိမ်းတူးဖော်ရေး ဆဲဗင်းစတား ကုမ္ပဏီရုံးတွင် မော်တာ လက်နက်ကြီးတကြိမ်ကျခဲ့ရာ ကုမ္ပဏီဝန်ထမ်း နေလင်းအောင်ဆိုသူအား ထိမှန်ကာ ညတွင်းချင်းသေဆုံးသွားခဲ့ပြီး တခြားဝန်ထမ်း ၅ ဦးမှာ ဒာဏ်ရာရရှိသွားခဲ့ဟု မျက်မြင်ဒေသခံများပြောသည်။
ထို့အပြင် ဆိုင်းတောင် တရုတ်ဘုရားကျောင်းဝင်းတွင်လည်း တကြိမ်ကျခဲ့ရာ ဦးရဲဝင်းအားထိမှန်၍ ဘယ်ဖက်ပခုံး နှင့် ခြေတစ်လုံးမှာ ဒာဏ်ရာရှိသွားခဲ့သည်။
ဒဏ်ရာသူများမှ ဦးမျိုးဝင်း၊ ဦးမိုင်းစိန်၊ ဦးလူမင်း နှင့် အခြားအမည်မသိ နှစ်ဦး တို့မှာ ယခုချိန် သက်ဆိုင်ရာ ဖားကန့်ဆေးရုံနှင့်မိုးညှင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
အစိုးရစစ်တပ်များသည် လူနေအရပ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ၏ ကားများထိခိုက်ပျက်စီးခြင်းသာမက ဆိုင်းတောင် ရပ်ကွက် (၂ )ရှိ ဒေါ်ချိုမာ၏ အိမ်တွင်လည်း မော်တာကျည်ကျပြီး နေအိမ်နှင့် အိမ်တွင်းပစ္စည်းအချို့ ပျက်စီးသွားကြောင်း ဒေသခံများပြောသည်။
သို့သော် ဆိုင်းတောင် ကြက်သွေးတောင်တွင် တကြိမ်နှင့် နှစ်ခြင်းအသင်းတော်မှ အထွဋ်အမြတ်ထားကာ ကျောက်စိမ်းများဖြင့် စီချယ်ကာ လက်ဝါးကားတိုင်ပြုလုပ်စိုက်ထူထားသော ဆုတောင်းတောင် ဘုရားကျောင်းဝင်းတွင် လက်နက်ကြီး ၅ ကြိမ်ကျခဲ့ရာမှာ ထိခိုက်ပျက်စီးမှုတစုံတရာ မရှိကြောင်း ဒေသခံများပြောသည်။
ဖားကန့်ဒေသတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် ကေအိုင်အိုမှ ဒေသခံများအား ရိက္ခာစုဆောင်း၍ သတိဖြင့်နေရန်ပြောဆိုထားပြီး မြန်မာအစိုးရဖက်ကလည်း ဖားကန့်ဒေသရှိကုမ္ပဏီများနှင့် ၀န်ထမ်းများ အလုပ်သမားများအားလုံးကို မေလကုန်ပိုင်းမှစ၍ နေရပ်ပြန်ရင်ညွှန်ကြားခဲ့ပြီးနောက် တိုက်ပွဲများနှင့် ပစ်ခတ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
Thursday, June 7, 2012
တော်ဝင်စက်ရုံအလုပ်သမားများအကြမ်းဖက်ခံရ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁) မှာရှိတဲ့
ထိုင်ဝမ်တရုတ်ပိုင် တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံက
စက်ရုံအလုပ်သမားတွေဟာ ဇွန်လ ၁ ရက်နေ့
မနက် ၈ နာရီကနေ စတင်ပြီး နောက်တစ်နေ့ နံနက် ၈ နာရီအထိ တစ်နေ့လုံး တစ်ညလုံး ဆန္ဒပြ ခဲ့ကြပါတယ်။ အခြေခံလစာ ၃၀၀၀၀ ကျပ်ရရှိရေးနဲ့ အလုပ်သမား
အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် မေလ ၂၆ ရက်နေ့ကနေ စတင်ပြီး ဆန္ဒပြခဲ့တဲ့ စက်ရုံအလုပ်သမားတွေနဲ့ စက်ရုံလုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်း
ဆန်ခတ်မှုလည်း ဖြစ်ခဲ့ကြပါတယ်။

လက်ရှိ ရခိုင်ပြည် ကျော်နီမော်အရေးအခင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်
မက်ဆင်ဂျာ ဂျာနယ်၊
ဖေ့စ်ဘွတ်ခ်က ကူးယူဖော်ပြသည်၊ ဇွန် ၆၊ ၂၀၁၂
မေး။
။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ
နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး
ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု
အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင်
ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
ဖြေ။ ။
ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။
တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး
လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို
အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင် တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့
သူများရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က
မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို
ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား
ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေးခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ
ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ
ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို
ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာတဲ့
ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ
နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့
ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်
တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ
တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊
သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။
မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ
ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်
ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့
ကတော့ ဒီနေ့ ပြုပြင်ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ
ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော်ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့
ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို
ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ် မှာ အခြေခံတဲ့ သွေးချောင်းစီး
လူသတ်မှုတွေ မဖြစ်စေ ချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည်
ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင် လည်း ညှိနှိုင်းတိုင်ပင်စေချင်တယ်။ အဲဒါ
ရင်ထဲက ဆန္ဒပါ။
မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊
ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့
ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့
အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ
တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး
ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့
ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်
တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက
ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေးယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ်
ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက်
အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး
ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရသတင်းစာထဲမှာပါတဲ့
စကားလုံးတွေကို ပြောချင်တယ်။ ကျွန်တော် တို့ ခင်ဗျားတို့လည်း
မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှုကျူးလွန်တာ လူသတ်မှုကျူးလွန်
တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့
အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊
မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့
သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိပါပြီ။ တစ်လျှောက်လုံးမှာ
အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့
အသုံးအနှုန်းပုံစံကို ကျွန်တော်လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။
နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း
အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။
မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ
ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။
ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့်အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။
ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း (
၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ်
မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို
အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေ ရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့ကာ
ကွယ်တာဆီးရမှာ ဖြစ်သလိုရိုဟင်ဂျာ အရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို
စည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါ တယ်။
ကွယ်တာဆီးရမှာ ဖြစ်သလိုရိုဟင်ဂျာ
မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ
ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင်
သူတို့အနေနဲ့ ဘယ်လိုခံယူချက်မျိုးထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့
ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို
လေးစားလိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော်
သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက်
ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။
ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ
အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့
မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး
ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့်တရားအတိုင်း
စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး
အဆုံးအမနာခံကြမယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ
ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော်
မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို
မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။
ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။
ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့
ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့
နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို
အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့
လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို
ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့
အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့
ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့
ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက
အစ္စလာမ်ဘာသာဝင်တွေကို အရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။
လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော်
ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့
အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။
မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို
ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့
ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့စိတ်ပူပန်မှုပါ။ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ်
ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့
စုဝေးဆန္ဒပြမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းနေစဉ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို
ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ
ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။
ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။
သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။
"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။
တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့
သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ
သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။
အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက
ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။
သူကတော့ မေတ္တာရပ်ခံတယ်"
ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။
ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့
အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။
" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ
ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ
ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့
ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ
မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက
အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော
ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့
အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။
အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"
ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့
ယာဉ်ကြောတစ်ကြောသာဖွင့် ပေးထားပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး
ကို မြို့တော်ခန်းမအနီးမှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်၌ အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ ဆန္ဒပြ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည် ၁၀ ဦး သတ်ဖြတ်ခံရခြင်းနှင့် ရခိုင် အမျိုးသမီးလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း များနှင့်ပတ်သက်ပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် ယနေ့ ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်။
ရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့် အမှုအခင်းအား အစိုးရ သတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသော အသုံးအနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြသည်။
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောသည်။
အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၄င်းက
ဆက်လက် ပြောဆိုသည်။ ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။
ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ၌ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ”ဟူ၍ သတင်း ခေါင်းစဉ်၌ ဖော်ပြထားသည်။
ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်သည်။
အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြသည်။
မေလ ၂၈ ရက်ကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာ အုပ်စု သပြေချောင်း ကျေးရွာနေ အသက် ၂၇ နှစ် ရှိ မသီတာထွေး ကို လူငယ် ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်၍ လက်ဝတ် လက်စား ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည့် အမှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍လည်း ယခု ဆန္ဒပြသူများက တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း ဖြစ်သည်။
မင်းမဲ့စရိုက် အကြမ်းဖက်မှု ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
အဲဒီကြေညာချက်မှာ ၂၀၁၂ ခုနှစ် မေလနဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ
တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့
လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုတွေ၊
မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖွဲ့ရိုက်နှက် သတ်ဖြတ်မှုတွေ
ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်တွေအပေါ် ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေး၊
ဥပဒေနဲ့အညီ အရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို
ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။
ဖွဲ့စည်းလိုက်တဲ့  စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းတို့နဲ့အတူ အဖွဲ့ဝင် (၁၂) ဦး ပါဝင်ကြောင်း သိရပါတယ်။
ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတွေနဲ့အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြအစီရင်ခံရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

“မွတ်ဆလင်ကုလား” ဟူသော စာသားပြင်ဖတ်ရန် ပြန်ကြားရေးဝန်ကြီးဌာန မေတ္တာရပ်ခံ
နိုင်ငံပိုင်ရုပ်သံ မီဒီယာနှင့် သတင်းစာများတွင် ဖော်ပြခဲ့သည့် “မွတ်စလင် ကုလား” ဟူသော အသုံးအနှုန်းအစား “ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူများ” ဟုပြင်ဆင်ဖတ်ရှုရန် မေတ္တာရပ်ခံချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရသည်။
အလားတူ ပြင်ဆင်ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ၎င်း၏ အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ယမန်နေ့ ညနေကပင် တရားဝင် ဖော်ပြထားသည်။
စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင်ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြုကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူးလွန် သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ယမန်နေ့ထုတ် သတင်းစာများ၌ ရေးသားသော်လည်း ရိုးမသစ္စာ ယာဉ်ပေါ်၌ လိုက်ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍မူ “မွတ်စလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အထက်ပါအ ပဋိပက္ခများနှင့် ပတ်သတ်၍ မေ ၄ ရက်နေ့ ည ၈ နာရီ နိုင်ငံပိုင် သတင်းတွင် စတင် ထုတ်လွှင့်ခဲ့ရာ အထက်ပအတိုင်း သုံးနှုန်း ကြေညာသွားသည့်အပြင် နိုင်ငံပိုင် သတင်းစာ များကပါ ထပ်ဆင့် ဖော်ပြခဲ့သောကြောင့် လူအများ၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုသည်။
နိုင်ငံပိုင် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြန်လည် တောင်းပန်ပေးရန် မေ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဗလီရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့ ငြိမ်းချမ်းစွာ စုရုံး၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
သတင်းမီဒီယာများ အနေဖြင့် ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ ရေးသားရာ၌ ပြည်သူများထံ အချက်လက်ပေးရန်သာ ဖြစ်ပြီး ပဋိပက္ခ ပိုမိုကြီးထွားလာစေရန် လှုံ့ဆော်သည့် သဘော မရေးသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ ထည့်သွင်း မရေးသင့်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာ၌ ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
ရခိုင်အဓိကရုဏ်း အစိုးရသတိပေး
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း
ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက
ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ
စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။
ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့
ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က
တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့အဝေးပြေးကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီးသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။
“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက်ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်ကအဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်ကအတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားကထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲလမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ်ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့စပယ်ယာ ၂ ယောက်ပေါ့နော်။ ”
နောက်ဆုံးရတဲ့ သတင်းအရဆိုသတ်ခံရသူစုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက်အပါအ၀င် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင်အမျိုးသမီးတယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ်ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မသီတာထွေး သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက်ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။
တောင်ကုတ်မြို့မှာ သတ်ဖြတ်မှုမဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေးအရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။
“မိုးလင်းကာစကနေပြီးတော့ တောင်ကုတ်မြို့ရဲ့ဈေးပတ်ဝန်းကျင်မှာ စာတွေဖြန့်ကြတယ်၊ လှုံ့ဆော်ကြ တယ်။ ကုလားတွေ မြို့ဝင်တာ၊ ထွက်တာတွေကို လက်မခံဖို့၊ တွေ့ရင်သတ်ကြဖို့ အဲဒါတွေကို လှုံ့ဆော်တဲ့ စာတွေ - အဲဒီ ကျောက်နီမော်မှာဖြစ်တဲ့ ကလေးမလေးရဲ့ဓာတ်ပုံတွေနဲ့ပူးပြီးတော့ လှုံ့ဆော်ထားတာတွေ ရှိတယ်။”
ဒီတိုက်ခိုက်မှုမှာ လူ ၂၀၀ လောက်ပါဝင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အခုချိန်ထိတော့ တစုံ တရာ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့ သံတွဲမြို့မှာ သင်္ဂြိုဟ်တယ်လို့ ပြောပါတယ်။
တောင်ကုတ်မြို့၊ အစ္စလာမ်ဘာသာဝင်တွေသတ်ဖြတ်ခံရတာဟာ တရားဥပဒေစိုးမိုးမှုရဲ့ အားနည်း တာကြောင့်ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှက ပြောပါတယ်။
“ကျနော့အနေနဲ့ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အချိန်က စောစောကြီးပဲ၊ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ကိစ္စမှာလည်း တချက်တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက်ကို ထွက်ပြေးသွားတာမျိုးမဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။”
ဦးခင်လှက ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်မှာတော့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ၊ အာဃတတွေနဲ့လုပ်ဆောင်လို့ မရနိုင်ကြောင်းလည်း ထောက်ပြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလို သုံးသပ်ပါတယ်။
“တောင်ကုတ်မှာ ဖြစ်သွားတဲ့ကိစ္စကလည်းပဲ ဒါ လူအုပ်စုနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးကာမှ၊ တရားဥပဒေ စိုးမိုးမှု၊ ဆင်ခြင်စွာထိန်းသိမ်းနိုင်မှု အင်္ဂါရပ်တွေမှာ တစုံတခု အတိုင်းအတာအထိ ယိုယွင်းသွားတယ်လို့ သုံးသပ်ပါတယ်။ နောင် ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်ပေါ်နိုင်အောင် ဘာသာအသီးသီးက ပုဂ္ဂိုလ်ကြီးတွေနဲ့ လူထုကို ချပြ၊ ဘာသာရပ်ဆိုင်ရာအရ ဆွေးနွေး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။”
မနေ့ညပိုင်းကလည်း စစ်တွေမြို့မှာ နာဇီဈေး ဈေးကောက်နှုန်းမြင့်တက်လာတာကို ဦးဆောင်ဆန္ဒပြခဲ့ သူ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြရာက လူထုနဲ့ ရဲတပ်ဖွဲ့အကြားမှာ အခင်းဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြလူထုက ရဲစခန်းကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း မိုးပေါ်ကို သေနတ်ပစ်ဖောက်သတိပေးပြီး နောက်ပိုင်းမှာ လူအုပ်အကြား ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ရှိပြီး ဒဏ်ရာကြီးမားတာမရှိကြောင်း ပြောပါတယ်။
ဒီနေ့မှာတော့ တောင်ကုတ်ရော စစ်တွေမြို့မှာပါ ပုံမှန်အခြေအနေတိုင်းငြိမ်သက်နေခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အစိုးရက တရားဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမယ့် အပြုအမှုတွေကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

တောင်ကုတ်မှာ မူစလင် (၁၀) ဦး အသတ်ခံရ
အသတ်ခံရသူတွေထဲမှာ ခရီးသည်တင် ကားပိုင်ရှင်လည်းဖြစ်
သံတွဲမြို့မဈေးအနီး ဝေလွင်လွင် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလည်း
ပါဝင်တယ်လို့ သံတွဲမြို့ခံ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ဒေသခံစစ်တပ်နဲ့ အာဏာပိုင်တွေက အခြေအနေတွေကို ထိန်းချုပ်ထားပြီး လူသေအလောင်းတွေအားလုံးကို သက်ဆိုင်ရာက သံတွဲမြို့ကို ပြန်သယ်ဆောင်လာခဲ့ကြတယ်လို့ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။
အခုလို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာဟာ မေလ (၂၈) ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင်တွေက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ကြတာလို့ တောင်ကုတ် ဒေသခံအချို့ကလည်း ပြောပါတယ်။
အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက တနင်္ဂနွေနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်ထံ အဓိကလိပ်မူ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စကနေ လူမျိုးရေး အဓိကရုဏ်းမျိုး ဖြစ်လာနိုင်တာမို့ ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့အတွင်းရေးမှူး မစောမီမီသင်းက ပြောပါတယ်။
ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ မုဒိန်းမှုနဲ့ လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ မွတ်ဆလင် ဘာသာဝင်များဖြစ်တယ်လို့ ဖော်ပြထားပေမယ့် နောက်ထပ်ရရှိတဲ့သတင်းများနဲ့ လူမှုအင်တာနက်စာမျက်နှာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ တရားခံ ၃ ယောက်ထဲက ၂ ယောက်ဟာ မူစလင်ဘာသာဝင်ဖြစ်ပြီး တယောက်ကတော့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တဦး ဖြစ်တယ်လို့ဆိုပါတယ်။

Monday, June 4, 2012
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF
သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့သည်။
မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးအပေါ်အမြင်၊ ရင်းနှီးမြှုပ်နှံသူများအပေါ် သတိပေးစကား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အရေးကြီးပုံနှင့် တိုင်းပြည်တွင်းခြစားလာဘ်စားမှု တိုက်ဖျက်ရေး အထူး လိုအပ်နေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားခဲ့သည်။
အဆိုပါ မိန့်ခွန်း အပြည့်အစုံကို မဇ္ဈိမက မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်သည်။
---

“ကျမ အခုလို ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို တက်ရောက်ခွင့် ရရှိတဲ့အတွက် Professor Schwab နှင့် တကွ ကမ္ဘာ့စီးပွါးရေး ဖိုရမ် စီစဉ်ပြုလုပ်သူ organizer အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို တက်ရောက်ခွင့် ရတာဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပြီး ကျမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါ။ ကျမအနေနဲ့ ကမ္ဘာအရပ်ရပ်က လူတွေနဲ့
တွေ့ဆုံခွင့် ရခဲ့ပြီး တွေ့ဆုံတဲ့သူတိုင်းကလည်း ကျမတို့ နိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို အထူးစိတ်ဝင်စား ကြပါတယ်။ ဒီမနက်မှာ ကျမအနေနဲ့ ပြောချင်တာက တချို့တွေက Burma လို့ ခေါ်ကြပြီး တချို့တွေက Myanmar လို့ ခေါ်ကြတဲ့ ကျမတို့ နိုင်ငံရဲ့ တိုးတက်မှုတွေအတွက် လိုအပ်တဲ့ commitment အကြောင်းပါပဲ။ Commitment ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်မှု၊ ရည်ရွယ်ချက် ခိုင်မြဲမှု၊ သန္နိဋ္ဌာန်ဖြင့် စဉ်ဆက်မပြတ် ကြိုးစားမှုတွေနဲ့အတူ ရည်မှန်းချက် ရှင်းလင်းပြတ်သားမှုတွေ ပါဝင်ပါတယ်။ ကျမအနေနဲ့ မကြာခဏ အမေးခံရလေ့ ရှိတဲ့ မေးခွန်းတခုကတော့ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်လှည့် သွားနိုင်ခြေ ရှိ/မရှိ ဆိုတဲ့ မေးခွန်းပါပဲ။
“လူတွေ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အကြောင်း ပြောဆိုနေကြတဲ့အခါမှာ ကျမတို့ မေးခွန်းထုတ်ရမှာက အဲဒီ့ စကားရပ်ဟာ ဘာကိုဆိုလိုသလဲ ဆိုတာကိုပါ။ ၂ဝ၁ဝ ခုနှစ် နှောင်းပိုင်း ကျမ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့တဲ့
နောက်ပိုင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာတွေ၊ အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေးအတွက် ခြေလှမ်းတချို့တွေ၊ နောက် ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာတွေ အဲလိုခြေလှမ်းတွေကို အားလုံးပါဝင်ခြင်းရဲ့ လက္ခဏာတွေလို့ မြင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ကျမတို့တွေလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့ကြပါတယ်။ အဲဒီမှာ ကျမ သတိထားမိတာက အလေးပေးမှုဟာ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုဆီကို ဦးတည်ချက် ပြောင်းသွားတာ ပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားကြတယ်လို့လည်း ကျမ ကြားသိခဲ့ရပါတယ်။ တပြိုင်တည်းမှာပဲ အရေထူနေပြီ ဖြစ်တဲ့ လုပ်ငန်းရှင် တချို့ အပါအဝင် တခြားသူတွေက ဘာပြုပြင်ပြောင်းလဲမှုလဲ ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ ဒါကြောင့်မို့ reform ဆိုတဲ့ စကားလုံးကို အသုံးပြုသူတွေက စိတ်ကြိုက် အဓိပ္ပါယ်ဖွင့်နေကြတာမို့ ကျမအနေနဲ့ တိုင်းပြည်ထဲက တိုးတက်မှုတွေ အကြောင်းပဲ ပိုပြောချင်ပါတယ်။ ဒါပေမယ့် ကျမအတွက်တော့ ကျမတို့ နိုင်ငံသားတွေရဲ့ အခြေအနေ
တွေ တိုးတက်လာမှုကိုပဲ ပြုပြင်ပြောင်းလဲမှုလို့ အဓိပ္ပါယ် ဖွင့်ချင်ပါတယ်။
“Commitment အကြောင်းကို ပြောရမယ်ဆိုရင်တော့ ကျမအနေနဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေရာ ကနေ နောက်ကို ပြန်ဆုတ်နိုင်သလားလို့ မေးခံရတဲ့ အခါမျိုးမှာ ပြန်ဖြေခဲ့တာက နောက်ပြန်ဆုတ်မဆုတ်ဟာ စစ်ဘက် အနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာပေါ် မူတည်နေပါတယ်လို့ ပြန်ဖြေ ခဲ့ပါတယ်။ ကျမအနေနဲ့ အဲဒါကို အကျယ်ချဲ့ ပြောချင်တာကတော့ ကျမတို့ရဲ့ အောင်မြင်မှုတွေ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်လှည့်သွား မသွားဆိုတာတွေက national commitment အပေါ်မှာ မူတည်နေပါတယ်။ ကျမတို့ရဲ့ နိုင်ငံကို တိုးတက်လာစေချင်သူ မှန်သမျှဟာ အဲဒီ့ commitment မျိုး ရှိရပါမယ်။ ကျမတို့ အနေနဲ့ ကျမတို့ ဘာလိုချင်တယ် ဆိုတာကို သိရပါမယ်။ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ရိုးရှင်းတဲ့ ဆောင်ပုဒ်လေး ဖြစ်တဲ့ “ကမ္ဘာ့အခြေ အနေကို တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်လေးကို နှစ်သက်ရခြင်း ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ မြန်မာ
နိုင်ငံရဲ့ အခြေအနေကို တိုးတက်စေချင်ပါတယ်။ ကျမတို့ ပြုပြင်ပြောင်းလဲမှု (reform) လို့ ပြောတဲ့အခါ အဲဒါကိုပဲ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့ ပြုပြင်ပြောင်းလဲမှုလို့ ပြောတဲ့အခါ အုပ်စုတခု၊ ပုဂ္ဂိုလ်တယောက်၊ အဖွဲ့အစည်းတခု အတွက်ပဲ အကျိုးရှိမယ့်ဟာမျိုးကို မဆိုလိုပါဘူး။ သာမန်လူထု တရပ်လုံးအတွက် အကျိုးရှိမယ့် အရာမျိုးကိုပဲ ဆိုလိုပါတယ်။ ကျမအနေနဲ့ သာမန်လူထု တရပ်လုံးလို့ ရည်ရွယ်ချက်ရှိရှိ သုံးရတာက ကျမတို့ နိုင်ငံဟာ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျမတို့ အားလုံး ပါဝင်ပါတယ်။
“ဒါကြောင့်မို့လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ ကျမတို့အတွက် အလွန် အရေးကြီးပါတယ်။ အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်ရာကနေ အချိန်ကြာလာတာနဲ့ အမျှ national commitment ကို ကျမတို့ လုပ်ဆောင်ရပါမယ်။ ဘာလို့လဲဆိုတော့ national commitment ဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ တကွ နိုင်ငံရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ ယူဆောင်လာစေနိုင်လို့ ဖြစ်ပါတယ်။
“ကျရှုံးနေတဲ့ နိုင်ငံတွေနဲ့ ကျရှုံးရခြင်းအကြောင်း၊ ဘယ်လိုပြုပြင်ရမလဲ ဆိုတာတွေကို ကျမ အနေနဲ့ အများကြီး
လေ့လာနေ ခဲ့ပါတယ်။ ကျမ လေ့လာခဲ့သမျှ အရာတွေ အားလုံးထဲက နှစ်ခြိုက်နေမိတာကတော့ Paul Collier
ရေးသားဖော်ပြခဲ့တဲ့ အကြောင်းအရာပါ။ သူရေးသား ထားတာက ပြုပြင်ပြောင်းလဲမှု နည်းဗျူဟာတွေ အလုပ်ဖြစ်ရေး အတွက် အတိုင်းအတာတခုအထိ ပညာတတ်တဲ့ လူဦးရေ အလုံအလောက် ရှိမှုဟာ အလွန်အရေးကြီးကာ မရှိမဖြစ်လို့ ဆိုခဲ့ပါတယ်။ သူဆိုလိုတာက နိုင်ငံမှာ ရှိတဲ့ လူဦးရေ အချိုးအစားရဲ့ အများစုဟာ အလယ်တန်းပညာ ရှိရမယ်လို့ ဆိုလိုတာပါ။ အလယ်တန်းပညာလို့ သူပြောသွားခဲ့တာက ကျမစိတ်ကို နှစ်ခြိုက်သွားစေတဲ့ အရာပါ။ သူက PhD ဘွဲ့ရသူတွေ၊ တက္ကသိုလ်ဘွဲ့ရတွေ ရှိရမယ်လို့ မပြောခဲ့ပါဘူး။ ပြုပြင်ပြောင်းလဲရေးတွေကို အောင်မြင်စွာ လုပ်ဆောင်
နိုင်ဖို့အတွက် အလယ်တန်းပညာတတ်တဲ့ လူဦးရေ အမြောက်အများပဲ လိုအပ်တာပါလို့ ပြောခဲ့တာပါ။
“အဲဒါဟာ ကျမရဲ့ တွေးခေါ်ပုံနဲ့လည်း တော်တော်လေး လျော်ညီပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံပညာရေး လိုအပ်ပါ တယ်။ အဲဒါကို အရင်ကတည်းက ကျမ အလေးအနက် ပြောခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်အဆင့် ပညာရေးတွေ ဘွဲ့လွန် ပညာရေးကိုပဲ အလေးအနက်ထားပြောကြတာ များပါတယ်။ ကျမ အနေနဲ့ အခြေခံပညာရေး ဆိုတာကို ရှင်းပြရရင် အဲဒါဟာ မူလတန်း ပညာရေးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျမဆိုလိုတာက လူတွေ လုံလောက် တဲ့ ဝင်ငွေရအောင် လုပ်ကိုင် စားသောက်ဖို့အတွက် လိုအပ်တဲ့ ပညာရေးမျိုးကို ဆိုလိုတာပါ။ အဲဒါဟာ ရိုးရှင်းပါတယ်။
“မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေကို ကြည့်ရင်လည်း အလုပ်လက်မဲ့နှုန်းက မြင့်မားနေပါတယ်။ အဲဒီ့ပြဿနာဟာ ချိန်ကိုက်ဗုံးတခုလိုပါပဲလို့ ကျမ အမြဲပြောခဲ့ပါတယ်။ အဲလို အလုပ်မရှိတဲ့ လူငယ်တွေဟာ သူတို့ရဲ့ မိဘတွေအပေါ်မှာ ဘယ်အချိန်အထိ မှီခိုနေလို့ ရမှာလဲ။ နောက်ပြီးတော့ ဘယ်သူတွေက သူတို့ကို အလုပ်ခဲ့မှာလဲ။ တခါတလေမှာ
ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ဟာ မပြတ်မသား ဖြစ်နေတတ်ပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာပြည်ကို စိတ်ဝင်စားလို့ လွန်ခဲ့တဲ့ တလ နှစ်လ လောက်က လာရောက်ကြတဲ့သူတွေ မှတ်ချက်ပြုကြတာက အစိုးရအနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဘယ်သူက အကောင်အထည် ဖော်မှာလဲလို့ မေးကြပါတယ်။ ဘယ်သူတွေက အဲဒီ့ လုပ်ငန်းစဉ်
တွေကို အကောင်အထည်ဖော် ဆောင်ရွက်ကြမှာပါလဲ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဖို့ အာမခံနိုင်တဲ့ သူတွေကို ကျမတို့ ဘယ်လိုရှာမလဲ။ ဒီတော့ ကျမတို့ အနေနဲ့ capacity ကို လိုအပ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့အစည်းတွေက မြင်သလို တအားမြင့်မားတဲ့ capacity တွေ အထိ မလိုအပ်သေးပါဘူး။ အခြေခံကနေ တိုးတက်ဖွံဖြိုးလာမယ့် capacity တွေပဲ လိုအပ်ပါတယ်။ အဲဒီ့ကဏ္ဍအတွက် လူကြီးမင်းတို့အားလုံးဆီက အကူအညီ ရချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ခိုင်ခန့်တဲ့ အခြေခံ
ဖောင်ဒေးရှင်းတွေ ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို လူကြီးမင်းတို့ကို လေးလေးနက်နက် တွေးစေချင်ပါတယ်။ အခုလောလောဆယ်အခါမှာတော့ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ် အများကြီး ရဖို့ မတွေးပါနဲ့။ ရင်းနှီးမြှုပ်နှံသူတွေဟာ အကျိုးအမြတ်ကို မျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြတာ ဆိုတာကိုတော့ ကျမနားလည်ပါတယ်။ ကျမတို့ အနေနဲ့ အဲဒီ့အချက်ကိုလည်း သဘောတူ လက်ခံပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု
တွေ ဆီကနေ အကျိုးအမြတ်ရဖို့ ကျမတို့ဘက်ကလည်း မျှော်လင့်နေပါတယ်။ လာရောက် ရင်းနှီးမြှုပ်နှံသူတွေနည်းတူ ကျမတို့ တိုင်းပြည်အတွက်လည်း အကျိုးရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျမတို့အတွက်လည်း လေးလေးနက်နက်
တွေးပေးစေချင်ပါတယ်။ ဖိုရမ်ထဲမှာ ရှိတဲ့ ဟောပြောသူ speaker တွေရဲ့ စကားတွေကိုလည်း ကျမ နားထောင်ခဲ့
ပြီးပါပြီ။ အဲဒီ့အထဲက မှတ်ချက်တခုကတော့ ကျမရဲ့ စိတ်ကို ဆွဲဆောင်ခဲ့ပါတယ်။ အလွန်ရိုးရှင်းတဲ့ မှတ်ချက်လေးပါ။ ကျမတို့အနေနဲ့ မညီမျှမှုတွေနဲ့ ခြစားမှုတွေကို ကိုင်တွယ်ဖြေရှင်းရဦးမယ် ဆိုတာပါပဲ။ ကျမအနေနဲ့အဲဒါကို လုံးဝ သဘောတူပါတယ်။ ကျမတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ခြစားမှုတွေနဲ့ မညီမျှမှုတွေကို တိုက်ဖျက်ရမှာပါ။ ရင်းနှီးမြှုပ်နှံမှု ကြီးထွားလာခြင်းနဲ့အတူ ခြစားဖို့အခွင့်အရေးတွေ ကြီးထွားလာမှာကို အလိုမရှိပါဘူး။ မညီမျှမှုတွေ ကြီးထွားလာမှာကို အလိုမရှိပါဘူး။ အခွင့်အရေးတွေ ဦးစားပေးခံရမှုတွေ ရထားပြီးသားလူတွေ ပိုပြီး အခွင့်အရေးတွေ ဦးစားပေးခံရမှုတွေ ရသွားမှာကို မလိုလားပါဘူး။ ကျမတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုလား တယ်ဆိုတာက ရိုးရိုးရှင်းရှင်းလေးပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေကို တတ်နိုင်သမျှ များများ ဖန်တီးပေးချင် လို့ပါ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ဟာ အလွန့်အလွန်ကို အရေးကြီးပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များပြာလာတာနဲ့ အတူ အလုပ်လက်မဲ့ လူငယ်တွေကို အလုပ်အကိုင်တွေမှာ အဆင်သင့်ဖြစ်ဖို့အတွက် သင်ကြားပေးမယ့် သင်တန်းတွေလည်း လိုအပ်ပါတယ်။ အသက်မွေးမှု သင်တန်းတွေနဲ့ formal မဟုတ်တဲ့ သင်ကြားမှုတွေ ဒေါက်တာဘွဲ့ အစီအစဉ်တွေထက် အများကြီး ပိုမို လိုအပ်ပါတယ်။ အဲလိုပြောတာ ဟာ ကျမအနေနဲ့ အဆင့်မြင့် ပညာရေးတွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး။ ကျမအနေနဲ့ အဆင့်မြင့် ပညာရေးတွေ ကို အရမ်းတန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံရဲ့ လိုအပ်ချက်ကို လက်တွေ့ကျကျ ကြည့်ရမှာပါ။ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းက လူတယောက်အနေနဲ့ ကျမ လူကြီးမင်းတို့ကို စကားပြောနေတာပါ။ အခြေခံကျွမ်းကျင်မှုတွေသာ လူတွေမှာ ပြည့်စုံလာရင် အားလုံးဟာ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်မှာ ပါဝင်နိုင်လာမှာ ပါ။ ကျမတို့ အနေနဲ့ national commitment ကို အလိုရှိပါတယ်။ အဲဒါမရှိဘဲနဲ့ ကျမတို့ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ အနေနဲ့ national commitment ကို ဒေသဆိုင်ရာ commitment တွေ၊ တကမ္ဘာလုံးဆိုင်ရာ commitment
တွေနဲ့ ချိတ်ဆက်ပြီး တူညီတဲ့ ရည်မှန်းချက်တွေအတွက် လုပ်ကိုင်ချင်ပါတယ်။ ကျမတို့ အနေနဲ့ ပိုမိုကြွယ်ဝပြီး ပိုမို
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို အလိုရှိပါတယ်။ အဲဒီ့လို ပိုမိုကြွယ်ဝပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီး တည်ဆောက်ရာမှာ ကျမ တို့အနေနဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ ပါဝင်ချင်ပါတယ်။ ကျမတို့အနေနဲ့ အရေးမပါသူ ဖြစ်မှာကို မလိုလားပါဘူး။ ကျမတို့ အနေနဲ့ နောက်မှာ ပြတ်ကျန်နေခဲ့မှာကို အလိုမရှိပါဘူး။ ကျမတို့အနေနဲ့ မှားတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး
ဘေးရောက်သွားမှာကိုလည်း အလိုမရှိပါဘူး။
“ကျမအနေနဲ့ ဒီကိုရောက်လာတာ လူကြီးမင်းတို့ ဘာလုပ်ရမယ်ကို ပြောဖို့ မဟုတ်ပါဘူး။ ကျမပြောချင်တာက ရိုးရိုးလေးပါပဲ။ ကျမတို့ နိုင်ငံမှာ ဘာတွေလိုအပ်နေလဲ ဆိုတာကို ပြောပြဖို့ပါ။ ကျမတို့ အနေနဲ့ အဖြေရှာဖွေနေတဲ့
နေရာမှာ လူကြီးမင်းတို့ဆီက အကူအညီတွေ ရချင်ပါတယ်။ တချို့နိုင်ငံတွေဟာ ခြစားမှု ပြဿနာတွေကို ထိန်းချုပ်
လျှော့ချဖို့ ကြိုးစားရင်းနဲ့ လက်ရှိအချိန်မှာ မအောင်မမြင် ဖြစ်နေပါတယ်။ တချိန်မှာ သူတို့ အောင်မြင်လာလိမ့်မယ်လို့
မျှော်လင့်ပါတယ်။ ကျမတို့ အနေနဲ့လည်း ခြစားမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရမှာပါ။ ကျမတို့ အနေနဲ့ အဲဒါမှာ
အောင်မြင်ချင်ပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ သူများတွေထက် နောက်ကျ ကျန်နေတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲလို နောက်ကျ ကျန်နေခြင်းကလည်း တခြားနိုင်ငံတွေရဲ့ အမှားတွေကနေ တဆင့် သင်ယူဖို့ အခွင့်အလမ်းကို ရစေပါတယ်။ အဲဒီ့နည်းနဲ့ အမှားတွေကို ရှောင်ရှားကာ ကျော်လွှားပြီး ခရီးပိုမိုတွင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက် ပိုမိုမြန်ဆန်သွားမှာ ဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ အမှားတွေကို သတိ မထားမိတာနဲ့စာရင် ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။
“ဒီအစည်းအဝေးမှာ လူကြီးမင်းတို့အားလုံး ဒါမှမဟုတ် လူကြီးမင်းတို့ထဲက တချို့ရဲ့ အကြံဉာဏ်တွေကို လှိုက်လှိုက် လှဲလှဲ ကြားလိုပါတယ်။ အားလုံးဆီကတော့ ကြားရလိမ့်မယ်လို့ မထင်ပါဘူး။ ဘာလို့တုန်းဆိုတော့ အားလုံးကနေ အကြံဉာဏ်တွေ ပေးဖို့ဆိုတာ အချိန်လုံလောက်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။
“အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ကြိုးစားနေဆဲ ဖြစ်တဲ့ နိုင်ငံတနိုင်ငံရဲ့ ပြဿနာကို ဘယ်လိုကိုင်တွယ်
ဖြေရှင်းရမလဲ ဆိုတာ အကြံဉာဏ် ရလိုပါတယ်။ ကျမတို့အနေနဲ့ national commitment ကနေ တဆင့် အမျိုးသား
ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကြိုးစားနေတာမို့ ကျေးဇူးပြုပြီးတော့ လက်တွေ့ကျမယ့် အိုင်ဒီယာတွေ၊ အကြံဉာဏ်တွေ ပေးကြပြီးတော့ ကျမတို့နိုင်ငံအတွက် အခွင့်အလမ်းတွေရော လူကြီးမင်းတို့အတွက် အခွင့်အလမ်း
တွေကိုပါ တွေးကြပါလို့ ပြောချင်ပါတယ်။
“ကျမအနေနဲ့ လူကြီးမင်းတို့ မေးလာမယ့် မေးခွန်းတွေကို ဖြေဆိုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျမပြောချင်တာတွေ အကုန်ပါပဲ။ ကျေးဇူးပြုပြီးတော့ ကျမတို့ နိုင်ငံကို ကူညီပေးကြပါ။ လူကြီးမင်းတို့ အနေနဲ့ အလွန့်အလွန် တန်ဖိုးရှိတဲ့ အလုပ်တွေကို ပြီးမြောက် အောင်မြင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ရခိုင်ပဋိပက္ခနှင့်ပက်သက်ပြီး ၈၈ ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောကြားချက်
မေတ္တာရပ်ခံချက်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း
ငြိမ်းချမ်းစွာ ထာဝရယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဘာသာ အသီးသီးက
ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ၊
အာဏာပိုင်အဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့
ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ကိုယ့်ကိုယ်ကို တာဝန်ရှိတဲ့ နိုင်ငံသားအနေနဲ့ တာဝန်ယူဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

" ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ
ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း၊ ဘာသာအချင်းချင်း၊
မျိုးနွယ်စုအချင်းချင်း ဖြစ်တဲ့ပဋိပက္ခတွေကို အတတ်နိုင်ဆုံး မေတ္တာတရား
ရှေ့ထားပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းညင်းခံပြီးတော့ ချဉ်းကပ်ကြဖို့
ကျွန်တော်တို့ ဒီလက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေကို
ပိုပြီးအရှိန်အဟုန် ကောင်းလာအောင် ကြိုးစားကြဖို့နဲ့
လမ်းကြောင်းလွဲမသွားအောင် ဝိုင်းပြီးကရုစိုက်ကြဖို့ အဲတာကို ကျွန်တော်တို့
အဓိက အလေးအနက်ထားပြီးတော့ တိုက်တွန်းချင်တာပါ။ အဲတော့ ကျွန်တော်တို့
နိုင်ငံသား၊ အရပ်သားချင်းဖြစ်တဲ့ ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ
ဝင်ရောက်ဖြေရှင်းရပြီ ဆိုရင်လည်း မလိုလားအပ်တဲ့ အကျိုးဆက်တွေကို
ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို
တာဝန်ရှိတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ခံယူပြီးတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ
ကြီးထွားမလာအောင် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း
ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီကြေညာချက်ကို ကျွန်တော်တို့
ထုတ်ပြန်ရတာ ဖြစ်ပါတယ်"
ဒါ့အပြင် ကြေညာချက်မှာ အခုဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေဟာ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေကို အကျိုးမပြုနိုင်ရုံ မကဘဲ
နောက်ကြောင်းပြန်လှည့် သွားနိုင်တဲ့ ထောင်ချောက်များ ဖြစ်တယ်ဆိုတာကို
သတိပြုဖို့ လိုတယ်လို့လည်း ရေးထားပါတယ်။ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက ဌာနဝက်ဘ်ဆိုက်တွင် အထူးသတင်းတရပ် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ
ပြန်ကြားရေး ဝန်ကြီးဌာနက ဌာနဝက်ဘ်ဆိုက်တွင် အထူးသတင်းတရပ် ထုတ်ပြန်ထားသည်။
တနင်္ဂနွေနေ့က ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် အစိုးရ ကိုင်တွယ်ဖြေရှင်းမှုများနှင့် ပတ်သက်၍ တနင်္လာနေ့ည ရုပ်သံအစီအစဉ်များနှင့် ဇွန် ၅ ရက် ထုတ် သတင်းစာများတွင် ဖော်ပြပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန် ၃ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စစ်တွေမြို့မှ ရဲစခန်း ပဋိပက္ခနှင့် ပစ်ခတ်မှု ဖြစ်စဉ်များမှ မှတ်တမ်း ဓါတ်ပုံများ ဇွန်လ ၄ ရက် နံနက် အစောပိုင်းကတည်းက သတင်းဌာန ဝက်ဘ်ဆိုက်နှင့် အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တဆင့် ထုတ်ပြန်ချက်တွင် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေနှင့် အညီသာ နေထိုင်သွားကြရန် အစိုးရ၏ မေတ္တာရပ်ခံချက် ဖော်ပြပါရှိသည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍
လူအများ မကျေမချမ်း အုံကြွလာ၍ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့၏
ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား
တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။
နာဇီဈေး ခေါ် စက်ရုံစုဈေးတွင် လေလံစွဲခွင့်ရသူက ဈေးကောက်ကို ၅ဝဝ မှ ၇ဝဝ ကျပ်ထိ တိုးမြှင့်ကောက်ခံခဲ့သဖြင့်
ဈေးသူဈေးသားများ ကိုယ်စား ပြည်နယ် အစိုးရထံ တင်ပြခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးသည့် သတင်းရသဖြင့် မိသားစုက ဇွန်လ ၃ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းရှေ့သို့ သွားရောက်အရေးဆိုခဲ့ရာမှ အုံကြွမှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်။
“လေလံရတဲ့လူရဲ့ တပည့်တွေက ဆန္ဒပြတဲ့အဖွဲ့မှာပါတဲ့ အောင်သန်းဝေကို ရန်သွားရှာတယ်။ ရန်ဖြစ်တော့ သူက
ကြောက်ပြီး ထွက်ပြေးသွားတယ်။ အဲဒီလူကို ဖမ်းသွားတယ်၊ သတ်လိုက်ပြီ၊ ကားနဲ့တင်ခေါ်သွားတယ်၊ ဘယ်ရောက်
နေမှန်း မသိဘူးဆိုပြီး သတင်းတွေ ထွက်လာတော့ ရဲစခန်းကို အရေးဆိုရာကနေ လူအုပ် ဖြစ်လာတာပဲ။ ထိန်းမရ
တော့လို့ ရဲက ပစ်တာ။ ကျည်ဆံ အစစ်မဟုတ်ဘူး။ ရာဘာကျည်ဆံပဲ” ဟု ပုဏ္ဏားကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထွန်းအောင်ကျော် က ပြောသည်။
ပြဿနာ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သဖြင့် ဦးအောင်သန်းဝေ ဖမ်းဆီးခံရခြင်း မဟုတ်ကြောင်း RNDP မှ ရှင်းပြခဲ့သော်လည်း လူထုက ထိန်းသိမ်းမရတော့ဘဲ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ရကြောင်း
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်
ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ရကြောင်း
ဒေသခံများထံမှ သိရသည်။
ဇွန်လ ၃ ရက်နေ့က ခရီးသည်တင် ယာဉ်တစီးပေါ်မှ မွတ်ဆလင် ဘာသာဝင်ဟု ယူဆရသူများအား ရွေးထုတ်ကာ
တောင်ကုတ် ဒေသခံများက တိုက်ခိုက် သတ်ဖြတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ကားတံခါးတွေ ဖွင့်ခိုင်းပြီး ဓားနဲ့ခုတ်ကြတာ။ မြန်မာနဲ့ရခိုင်တွေကို ကားပေါ်က ဆင်းခိုင်းတယ်။ ကားလည်း တစစီ
ဖြစ်သွားတယ်။ ကားကိုလည်း ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ လုပ်သေးတယ်။ မီးမရှို့ဖြစ်လိုက်ဘူး” ဟု မဇ္ဈိမကို ပြော သည်။
ကားဒရိုင်ဘာလည်းဖြစ်၊ ယာဉ်ပိုင်ရှင်၏ တူလည်းဖြစ်သူတဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းက ဆိုသည်။
အသတ်ခံရသော အလောင်းများကို တောင်ကုတ် မှ သံတွဲသို့ တောင်ကုတ် နာရေးကူညီမှုအသင်းက သယ်ဆောင် လာပေးသည်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် သပြေချောင်း ကျေးရွာမှ အသက် ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီး မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံ ရခိုင်လူမျိုးများအကြား လူမျိုးရေးအမျက်ဒေါသများ ဖြစ်ပွား
နေကြောင်း ဒေသခံများက ဆိုသည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမောင်ကျေးရွာရှိ မွတ်ဆလင်ဘာသာဝင်များလည်း မော်တော်များ၊ ကားများဖြင့် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။

Sunday, June 3, 2012
အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ
။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့
ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား
တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့်
အလုပ်သမားများက စိတ်ကောင်းဖြစ်ရကြောင်း ပြောသည်။
စနေနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့ လေဆိပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဒုက္ခသည် အများအပြား နေထိုင်နေသော မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သော်လည်း ဒုက္ခသည်များနှင့် နုတ်ဆက်ခွင့် မရဘဲ စခန်းလူကြီးများနှင့်သာ တွေ့ဆုံခဲ့သည်ဟု သိရသည်။
ပြည်ပ အတိုက်အခံအဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် မရခြင်းမှာ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြာ မျက်နှာပျက်မှာ စိုးရိမ်သဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD မှ အတွင်းရေးမှူး
ဒေါက်တာနိုင်အောင်က ပြောသည်။
“မနက်က တွေ့ဖို့ ကျနော်တို့ ခုနှစ်ဖွဲ့ လူစာရင်းပေးထားတာ ရှစ်ယောက် သွားပါတယ်။ မြန်မာအစိုးရနဲ့ မျက်နှာပျက်မှာဆိုးလို့ ထင်တယ်။ သူတို့နိုင်ငံဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ တွေ့မရတော့ ကျနော်တို့ တင်ပြချင်တာတွေ မရဘူးပေါ့။ စိတ်မောလူမော ဖြစ်သွားတာပေါ့”ုသတင်းဌာနများကိုပြောသည်။
NDD၊ လူ့အခွင့်အရေး ပညာပေးရေးဌာန-မြန်မာနိုင်ငံ(HREIB)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဗကသ နိုင်ငံခြားရေး ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တို့ စသည့် ပြည်ပရောက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့အစည်းများက ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် NLD ထံ တောင်းဆိုခဲ့သေးသည်။
NLD အလံများ ကိုင်ဆောင်ခြင်း၊ မယ်တော်ဆေးခန်းတွင် NLD သီချင်းများဖွင့်လှစ်၍ ကြိုဆိုနေခြင်း၊ အလုပ်သမား အခွင့်အရေး ရရှိရေး၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီ အမြန်ဆုံး ရရှိပါစေ ဟူသော
ကြွေးကြော်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်း ၄,၀၀၀ ကျော်ခန့် လာရောက် ကြိုဆိုခဲ့သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က ပြောသည်။
“ကျနော်တို့က အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာလည်း စိတ်ခွန်အားတွေ ဖြစ်မိတယ်။ နောက်ပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းနည်းတာက တခြားမဟုတ်ဘူး။ မနက်မိုးလင်း ကတည်းက တနေကုန်စောင့်နေတာ။ ကျနော်ဆို မျက်နှာလေးပဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ ကျနော်တို့ထင်တာက ဆေးခန်းကို လာမယ်။ ဒေါ်စု မိန့်ခွန်းစကားတွေ နားထောင်မယ်။ အဲဒီလို မတွေ့လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းတယ်”ဟု မဇ္ဈိမကို ဆက်ပြောသည်။
မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံမှ လူနာများအား တနာရီခန့်ကြာ ကြည့်ရှု အားပေးခဲ့သော်လည်း ဒုက္ခများနှင့် နုတ်ဆက်ခွင့် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြားခွင့် မရလိုက်သဖြင့် ဝမ်းနည်းရသည်ဟု မယ်လဒုက္ခစခန်းတွင် နေထိုင်နေသော မမြတ်သူက ပြောသည်။
“ကျမကတော့ လာတာကိုပဲ အရမ်းပျော်တယ်။ သေပျော်ပြီလို့တောင် ခံစားရတယ်။ အရမ်းဝမ်းသာနေပြီ။ စကားပြောခွင့်လည်း မရလိုက်ဘူး။ ဒီလောက်နဲ့တော့ ကျေနပ်တယ်။ ဖြစ်နိုင်ရင် စတိတ်စင်မှာ ဒေါ်စုကို စကားပြော စေချင်တယ်။ ဒါပေမယ့် မရလိုက်ဘူး၊ မရတော့ အရမ်း ခံစားရတယ်။ ကျမတို့ ဆုံးရှုံးလိုက်တာပေါ့” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မကြားလိုက်ရသဖြင့် အတိုင်းမသိ ခံစားရသည်ဟု မဲဆောက်မြို့မှ
မြန်မာစေတနာ့ဝန်ထမ်း အသင်းမှ ကိုအောင်ဒင်က ပြောသည်။
“တမနက်လုံး ပန်းစည်းပေးဖို့ ဆိုပြီး လုပ်နေကြတာ။ တွေ့လိုက်တော့လည်း စက္ကန့်ပိုင်းလေးသာသာလေးပဲ။ တံခါးကို ဖွင့်ပြီးလက်ရမ်းနုတ်ဆက်တော့ ပုလိပ်တွေက အတင်းမောင်းပြီးထွက်သွားလိုက်တာလေ။ ဘာမှ မပေးလိုက်ရဘူး။ ဒါပေမယ့် တော်တော်လေး ခံစားရတယ်။ မယ်လက ပြန်လာရင်လည်း
လေယာဉ်ကွင်းနားမှာ လူတွေကို လက်ပြ နှုတ်ဆက် တာလောက်နဲ့ ပြီးသွားတယ်။ အတိုင်းအတာ မရှိ ခံစားရတယ်” ဟု သတင်းထောက်များကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့နယ်သို့ သွားရောက်ခဲ့သည့် အစီအစဉ်နှင့် ကွာခြားမှု ရှိနေပြီး လက်ရှိ မဲဆောက်မြို့သို့ ရောက်ရှိလာသော တွေ့ဆုံမည့် အစီအစဉ်များအားလုံးကို ထိုင်းအာဏာပိုင်များအနေဖြင့် တမင်သက်သက် ဖျက်သိမ်းသည့် ပုံစံမျိုး သက်ရောက်နေသည်ဟု HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းက
ပြောသည်။
“ကျနော်တို့ကတော့ တွေ့ချင်တယ်ဆိုပြီး အစောကြီးကတည်းက စာပို့ထားတယ်။ လူသိရှင်ကြား
ပြောထားတာပဲ။ ဆက်လည်း ဆက်သွယ်ထားတာပဲ။ ဒါပေမယ့် တွေ့ခွင့်မရတာက စိတ်မကောင်းဘူး။ ကျနော်တို့ မတွေ့ရတာမကပဲ။ ဒီမှာ လေယာဉ်ကွင်းရှေ့မှာ မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီ
စောင့်နေတယ်။ ကျနော်တို့ဘက်က ဒေါ်စုနဲ့ တွေ့ဖို့ တခြားနည်းလမ်း ရှာလို့ ရပေမယ့် အလုပ်သမားတွေ အနေနဲ့ ဒီလိုမျိုးဖြစ်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ရတဲ့အတွက် သူတို့ကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကောင်းဘူး” ဟု မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးများကို ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာအလုပ်သမား အများအပြားနေထိုင်သည့် မဟာချိုင်တွင်လည်း
နှစ်ကြိမ်သွားရောက်စဉ် မိန့်ခွန်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။

Subscribe to:
Posts (Atom)