Monday, 22 April 2013

ရာဇဝင်ထဲကတပင်ရွှေထီး


  မြန်မာ့သမိုင်းမှာ စစ်ဘုရင်အဖြစ်ထင်ရှားတဲ့ တောင်ငူဘုရင် တပင်ရွှေထီးအကြောင်းလေး စုစည်းရေးသားချင်ပါတယ်။ သက္ကရာဇ် ၈၇၉၊ နတ်တော်လဆန်း ၅ရက် ကြာသပတေးနေ့ ညဦးအချိန် (ခမည်းတော် မဟာသီရိဇေယျသူရ မင်းကြီးညို နတ်ရွာစံပြီးပြီးချင်း) သက်တော် ၁၄နှစ်အရွယ်တွင် နန်းသိမ်းပွဲကျင်းပကာ ဘုရင်အဖြစ်ရောက် ရှိခဲ့သူ တပင်ရွှေထီးမှာ စစ်ဘုရင်မင်းဧကရာဇ်အဖြစ်တစ်မျိုး၊ နန်းသက်၂၀နှစ်အတွင်း မည်သည့်မိဖုရားကိုမှ တရားဝင်မိဖုရားကြီးအဖြစ် သိမ်းယူ ခြင်းမရှိခဲ့သည့် လူပျိုကြီးဘုရင်အဖြစ်တစ်ဖုံ ကျော်ဇောသည်။ လက်သည်းကြား၌အပ်စိုက်ကာ လက်မရွံ့သူရဲကောင်းများ ရွေးခြယ်ခဲ့သော ဘုရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သာမက ထိုင်းနိုင်ငံသမိုင်း (ဝါ) ယိုးဒယားသမိုင်းတွင်ပါ လျှာနက်မင်း (ထိုင်းမူ)ဟု မှတ်တမ်းဝင်ထားပြီး ယိုးဒယားနိုင်ငံသို့ ပထမဆုံး စစ်ကျူးကြော်တိုက်ခိုက်သည့်မြန်မာမင်းအဖြစ် သမိုင်းတွင် သည်။

ထီးနန်းအရေးအရာကိစ္စများသည် လွန်စွာရှုပ်ထွေးပွေလီလှပါသည်။ ထို့အတူ ၎င်းတော်ဝင်မင်းသားများ၊ မိသားစုများ ၏ နှလုံးသားရေးရာကိစ္စများသည် သာ၍ပင် ရှုပ်ထွေးလှပေသည်။ သမိုင်းတင်ထားသော ကိစ္စရပ်များရှိသလို သမိုင်း မတင်ထားသော ကိစ္စများ၊ သမိုင်းတင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင်း ဖုံးကွယ်ထားနိုင်သော ကိစ္စရပ်များ အမျိုးမျိုး အလီလီရှိနိုင်ပေသည်။ ရှာဖွေစုဆောင်းမိသမျှသော အချက်အလက်တို့ကို စုပေါင်းချင့်ချိန်၍ ပေါင်းစည်းကွန့်မြူး ခြင်းဖြင့် အဆင်ပြေဆက်စပ်သော သမိုင်းဖြစ်စဉ်များကိုပုံဖော်ကြရမည်ဟု ယူဆပါသည်။ ထို့ကြောင့် ထိုထိုသော မင်းများ မိဖုရားများ တော်ဝင်မိသားစုများ၏ ကိုယ်ရေးကိုယ်တာများသည် မိမိတို့သိရှိဖတ်မှတ်ထားသလို အမှန်အားလုံးလဲဖြစ်ချင်မှ ဖြစ်နိုင်ပေမည်။ မျက်မှောက်ကာလတွင် ချက်ချင်းလက်ငင်းဖြစ်ပျက်နေသော ကိစ္စများပင်လျှင် အမှန်တရားသိနိုင်ရန်ခက်ခဲလှ သဖြင့် သမိုင်းဆိုသည့် အတိတ်ဖြစ်စဉ်များကိုမူ တွေးတောထောက်ချင့်ခြင်းဖြင့်သာ အမှန်အဖြစ်၊အမှားအဖြစ် ကောက်ချက် ဆွဲနိုင်ရုံသာရှိပေမည်။

စာရေးသူ ဥာဏ်မှီသလောက် တစ်ထွာတစ်မိုက်လောက် စဉ်းစားကွန့်မြူးကြည့်ရသည်မှာဖြင့် စာရေးသူတို့ စစ်ဘုရင်ဧကရာဇ် မင်းကြီး တပင်ရွှေထီးမှာ လိင်တူချင်းနှစ်သက်သူ (ဝါ) လိင်တူချစ်သူ Homosexual ဖြစ်နိုင်ပါသည်။ စာရေးသူ၏ စိတ်ကူးယဉ် ဆက်စပ်မှုမျှသာဖြစ်သည်ဆိုသည်ကို ဦးစွာပထမဝန်ခံလိုပါသည်။

ထိုင်းနိုင်ငံ သမိုင်းနောက်ခံဇာတ်လမ်းတစ်ခုတွင် မြန်မာဘုရင် တပင်ရွှေထီးအား မိန်းမဆန်သူ ကနွဲ့ကလျ အခြောက်ကြီး အဖြစ် ပုံဖော်ရိုက်ကူးထားသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ကျူးကျော်ခဲ့သဖြင့် ထိုင်းလူမျိုးများ၏ရွှေမေတ္တာကို အတော မသတ်ရရှိထားသဖြင့်လည်း ထိုသို့ လွန်လွန်ကျူးကျူးဖော်ကျူးခဲ့ဟန်ရှိပါသည်။ သို့ပါသော်လည်း... စာရေးသူအနေဖြင့် သဘောတူထောက်ခံလိုပါသည်။

စာရေးသူတို့ သာမန်လူယောက်ျားသားများပင် ယောက်ျားချင်း၊ လိင်တူချင်းနှစ်သက်စွဲလမ်း တပ်မက်ကြသည်ဟုဆိုပါလျှင် ဘုရင်ဆိုသော မင်းယောက်ျားများသည်လဲ ဘာသားနှင့်ထုထားသည်မို့...။

အတိတ်ဘဝကံကြောင့် ယခုဘဝတွင်ဤသို့ဖြစ်ကြသည်ဆိုလျှင် ထိုမင်းခယောက်ျားသည်လည်း အတိတ်ဘဝကံကြောင့်ဟု မပြောနိုင်ပါပြီလော...။

တဖန် ခရစ်ယာန်သမ္မာကျမ်းစာတွင်လည်း " လူတချို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ တချို့သည် သူတပါး ဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏ ။ တချို့သည် ကောင်းကင်နိုင်ငံတော်၏ အဘို့ အလိုငှာ မိမိ ကိုယ်ကို မိမိ ဆုံးမ ၍ မိန်းမလျှာ ဖြစ်ကြ၏။ ဤ သည်ကား ဘု၇ားသခင် ယေရှု ၏ မိန့်ခွန်း စကားတော် ဖြစ်သည် ။ ၇ှင်မသဲ 19း12" ဟု ပါရှိသည်။ ထိုထို သော ရှင်ဘုရင်လောင်းလျာလေးသည်လည်း လူထဲကလူပင်ဖြစ်ပေသောကြောင့်... ထိုသို့ မဖြစ်နိုင်ပါဟု မည်သူမျှမငြင်းနိုင်။

အသက် ၁၄နှစ်အရွယ်တွင် နန်းတက်သော ရွှေရောင်ဆံမျှင်လေးတစ်ချောင်းဦးထိပ်တွင် တောက်လက်စွာပါရှိသော ထိုနုနယ် သည့် ဘုရင်ကလေးသည်ရော... ဘာသားနှင့်ထုထားပါသနည်း။ မျက်မှောက်လောကတွင်ပင် တစ်ပါးသောသူအား လိင်တူ ချစ်သူ (ဝါ) အခြောက် (ဝါ) မိန်းမလျာ ဟု စွပ်စွဲပြောဆိုဖို့ရန် မဝံ့ရဲရပေလျှင် သက်ဦးဆံပင်ဘုရင်ဧကရာဇ်မင်းမြတ်ဖြစ်တော်မူ သော ထိုအရှင်သခင်လေးအား မည်သူက စွပ်စွဲပေဝံ့။ သို့စေကာမူ ဖတ်ရှု ရဖူးသော မှတ်တမ်းမှတ်ရာများကိုကြည့်ခြင်းဖြင့် ဆင်ခြင်ထောက်ရှုကြရပေအံ့။

ဦးမွန်မစွ ရှင်ဘုရင်ကလေး၏ ရင်ထဲမှာပထမဆုံးစွဲလမ်းချစ်ခင်ရသူ ငယ်ချစ်အကြောင်းတင်ပြလိုပါတယ်။ "ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့်လက်ဆက်ပေးလေသည်။ အမှန်လည်း ညီနောင် အရင်းကဲ့သို့ ချစ်ကြည်သည်။ နောင် တစ်ပင်ရွှေထီးလွန်ပြီး ဘုရင့်နောင်နန်းတက်ပြီးရာတွင် မကြာခဏပင် ညီတော် မင်းတရား၊ ညီတော်မင်းတရားဟု ပြောကြားလေ့ရှိသည်။" ဟု အဆိုရှိသည်။

ထို့ပြင် "ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး (နှင့် ရှင်နီတာ၏သမီး ခင်မြတ်) တို့ကို မိဖုရားအဖြစ်ကောက်ယူကာ လက်ဝဲလက် ယာ မြှောက်စားလေသည်။ သို့သော် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှ တစ်သက်လုံးပင်ဖြစ်ကာ ၎င်းမှာ တစ်ပင်ရွှေထီး၏ထူးခြားချက်ဖြစ်သည်" ဟု ပါရှိပါသည်။ ဆိုလိုသည်မှာ ထုံးတမ်းအစဉ်အလာအရ နန်းတက်သောဘုရင်တွင် ရှိရမည့် မိဖုရားများသည် အဆောင်အယောင်အဖြစ်ဖြင့် ဆောင်နှင်းထားသော်လည်း နှစ်ကိုယ်ကြင် ရွှေလက်တွဲချစ်ရည်လူး ခြင်း မရှိဆိုသည်ကို ပေါ်လွင်စေသည်။ ထို့ပြင် အသက်ရှစ်နှစ်အရွယ်ပင်ရှိသေးသော ခေမနောအမည်ရှိချောမောလှပသော မိန်းကလေးငယ်အား မိဖုရားအဖြစ်ကောက်ယူသည်ဟုပါရှိသည်။ ဤသည်ကိုထောက်ချင့်၍ ထိုထိုဘုရင်သည် လိင်ကွဲမိန်းမ များအပေါ်၌ နှမလေးများကဲ့သို့သဘောထားကာ မိဖုရားအဖြစ်ကောက်ယူတော်စပ်ကြောင်းလဲ ထောက်ချင့်နိုင်ပေသေးသည်။

ရှင်ဘုရင်လေး၏နားထွင်းမင်္ဂလာပြုသည့် အခမ်းအနားကသည်ပင် ဟိုမိုတို့၏ သူတစ်ပါးထက်သာလွန်ကောင်းမွန်ထူးကဲ ချင်သော စိတ်အလျင်ကို ဖော်ညွှန်းနေသည်ဟု စာရေးသူ ဆိုချင်ပါသည်။ စာရေးသူတို့ ဟိုမိုအများစုတွင် ထူးခြားသော ဥာဏ်ကွန့်မြူးခြင်းများ သာလွန်စွာရှိတတ်ပါသည်။ အနေအထိုင် အသွားအလာ ဝတ်စားဆင်ယင်မှုမှသည် အခမ်းအနားများ ပွဲလမ်းသဘင်များအထိပင်လျှင် ထူးခြားစွာ ထူးကဲစွာ ဆောင်ရွက်ပြုမူတတ်ကြပါသည်။ ထိုဘုရင်ကလေး၏နားထွင်းမင်္ဂလာ အခမ်းအနားသည် သူ့ထက်သူကဲကာ ရန်သူ့နယ်မြေ ဟံသာဝတီပိုင်နက်အတွင်း ကွန့်မြူးကျင်းပခဲ့လေသည်။

အခြားသူများအား အဆောင်အယောင်များ ဘွဲ့များပေးအပ်ချီးမြှင့်သော်လည်း ဘုရင့်နောင်ကိုမူ "ငါနှင့်အတူဖြစ်သည်။ မြို့စားရာထူးများ အထွေအထူးပေးရန်မလို"ဟုဆိုကာ မိမိနှင့်ထပ်တူအာဏာကုန်ပေးအပ်၍ နိုင်ငံအားအုပ်ချုပ်စေသည်။ အိမ်ရှေ့မင်းအဆောင်အယောင်အကုန်ပေးကာချီးမြှောက်သော်လည်း ဘုရင့်နောင်သည်လည်း မိမိနှင့်ထပ်တူထပ်မျှ နိုင်ငံ တော်ကို ပိုင်သည်ဟုဆိုကာ တရားဝင် အမိန့်ပြန်ကာသတ်မှတ်ခြင်းမပြုခဲပေ။ သက်ဦးစံပိုင်စနစ်ဖြင့် သူပိုင်ဆိုင်သော နိုင်ငံတော်ကြီးကိုပင်ချစ်သောသူအပေါ် ရက်ရောစွာကြည်ဖြူခဲ့သူဖြစ်သည်။

ရာဇဝင်တွင် တစ်ပင်ရွှေထီးသည် လူမျိုးခြားပေါ်တူဂီတစ်ဦးဖြစ်သူ ဒီယိုဂို ဆွာဇို ဒီမဲလို၏တူတော်သူ က ဖော်စပ်တိုက်ကျွေး သော သေရက်ကိုအလွန်သဘောကျနှစ်သက်သဖြင့် အကြီးအကျယ်စွဲလမ်းကာ အရက်ကျွန်ဘဝရောက်ပြီး တိုင်းရေး ပြည်ရာ များ လစ်ဟင်းလာခဲ့သည်ဟု ဖွင့်ဆိုထားသည်။ သူအဝေးမှ ငေးခဲ့ရသော ရင်ထဲကချစ်သူအစား အရက်နှင့်သာ အဖော်ပြုခဲ့ပေ လိမ့်မည်ဟု စာရေးသူက ဟိုမိုဆန်ဆန်တွေးတောမိပြန်သည်။ အရက်ကျေးကျွံဖြစ်နေစဉ် လူယုံ သမိန်စောထွတ်ကို အယုံ ကြည်လွန်က ၎င်းကအကောက်ကြံသဖြင့် လုပ်ကြံခြင်းခံရသည်ဟု ဆိုပါသည်။

သာမန်အားဖြင့် စစ်သုံ့ပန်း ရန်သူ မွန်တို့ဘက်မှတစ်ဦးတစ်ယောက်သောသူအား မိမိ၏လူယုံအဖြစ် ထားလိမ့်မည် မဟုတ် နိုင်ပေ။ မိမိမင်းမှုထမ်းအဖြစ် ခစားစေပါစေဦးတော့ လူယုံအဖြစ်သတ်မှတ်သည့်အပြင် အယုံကြည်လွန်ကာ ဆိုသည် မှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပေမည်။ မွန်အမျိုးသားအများစုသည် (စာရေးသူမြင်ဖူးသမျှ) အသားအရေ ဝင်းဝါစိုပြည်ကာ ရုပ်ရည် ချောမောပြေပြစ်ကြသည်။ ထိုမွန်အမျိုးသား သမိန်စောထွတ်က အရေးဆိုသဖြင့် လူရင်းငယ်ကျွန်အမှုထမ်း စောလဂွန်းအိမ် နှင့် သီဟသူတို့ တားဆီးနေသည့်ကြားမှ ဟံသာဝတီနန်းတော်မှခွာကာ ပန်းတရော်ဒေသတွင် ယာယီတဲနန်းဆောက်ကာ သမိန်စောထွတ်နှင့် စံတော်မူသည်။ ထို့ပြင် စစ်တောင်းမြို့ကိုစားစေကာ သမိန်စောထွတ်၏ညီများကိုပင် မိမိအပါးခစားခိုက် ဓားလွတ်ကိုင်ဆောင်ခွင့်ပေးခဲ့လေသည်။ တဖန် သမိန်စောထွတ်က ထိုအရပ်တွင်မပျော်ပိုက် ဟံသာဝတီနှင့်ဝေးရာ ရခိုင် ဒေသတွင်မှ နေချင်ပါသည်ဟု ခရာသဖြင့် ကမ်းခြေဒေသ၌ယာယီတဲနန်းထပ်ဆောက် ကာ ပြောင်းရွှေ့စံတော်မူပြန်လေ သည်။

ဤသို့ဖြင့် သက္ကရာဇ် ၉၁၃ခု၊ ကဆုန်လပြည့်ကျော် ၁ရက်၊ ည ၃ချက်တီးကျော် (နန်းသက်၂၀၊ သက်တော် ၃၅နှစ်အရွယ်) တွင် သူ၏ချစ်လှစွာသောအချစ်တော်လူယုံ သမိန်စောထွဋ်မှလုပ်ကြံသဖြင့် နတ်ရွာစံလေ သည်။ ထိုလျှို့ဝှက်သောနှလုံးသား ရေးရာပိုင်ရှင် တောင်ငူဘုရင်မင်းမြတ် တစ်ပင်ရွှေထီးသည် မြန်မာ့သမိုင်းတွင် ဒုတိယမြန်မာနိုင်ငံတော်ကို အစဦးတည် ထောင်သူအဖြစ်လည်းကောင်း၊ အင်းဝ ဟံသာဝတီ နှင့် ရခိုင်တို့ကို စစ်မက်ပြု အောင်နိုင်သော စစ်ဘုရင်အဖြစ်လည်း ကောင်း၊ တိုင်းတစ်ပါး ယိုးဒယားပြည်ကို ပထမဆုံးစစ်မက်ပြု ကာ အောင်နိုင်သူအဖြစ်လည်းကောင်း သမိုင်းဝင်မှတ်တမ်း တင်သည့် စစ်ဧကရာဇ်တစ်ပါးအဖြစ် ထင်ရှား ကျော်ကြားပေသည်။


credit;Han Thu @ Teekock
Post by; Moekyashweco

ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း




ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကိုလိုကော ခေါင်းလောင်းကြီး ဖြစ်သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။
ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

မင်းသမီးဖရာသေး(သို့)ဟာရီကိန်း(သို့)မဟာချက်ကရီသီရိဒုံ



သူမ၏ ငယ်မည်မှာ‘‘ ဖရာသေး‘‘ ဖြစ်သည်။ ဖရာသေး ဟူသည် ‘‘နတ်သမီးလေး‘‘ဟု အဓိပ္ပါယ်ရသည်။ ငယ်စဉ်က အလွန်ဆော့လွန်း သောကြောင့် ချစ်စနိုးလေးဖြင့် ‘‘ဟာရီကိန်း‘‘ဟူ၍လည်း ခေါ်ကြသေးသည်။ သို့သော် ယခုအခါတွင်း‘‘ ပညာရှိ မင်းသမီးလေး‘‘ဟူ၍သာ ခေါ်ဝေါ်ကြလေသည်။ သူသည်ကား အခြားသူ မဟုတ်၊ ထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်း၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံယူရရှိထားသည့် ‘‘မဟာချက်ကရီသီရီဒုံ‘‘ ပင် ဖြစ်သည်။

မင်းသမီးသီရီဒုံသည် ထိုင်းဘုရင်းမင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်) နှင့် မိဖုရားကြီး သီရီခေတ် တို့၏၊ တတိယမြောက် သမီးတော် ဖြစ်ပြီး၊ ၁၉၅၅-ခုနစ်၊ ဧပြီလ ၂-ရက်နေ့တွင်၊ ဘုရင့်နန်းတော်၌ ဖွားမြင်ခဲ့သည်။ ၁၉၅၈-ခုနစ်တွင် ချီထရာလာဒါကျောင်း၌ စတင်ပညာသင်ယူခဲ့ပြီး၊ ၁၉၇၂-ခုနစ်တွင် တစ်နိုင်ငံလုံး၌ ဝိဇ္ဇာဘာသာ ရပ်ဖြင့် အောင်မြင်သူများအနက် ပထမကိုရရှိခဲ့လေသည်။ ၁၉၇၃-ခနစ်မှ၊ ၁၉၇၆-ခုနစ်အထိ ချူလာလောင်ကွန် တက္ကသိုလ် ဝိဇ္ဇာဌာနတွင်၊ ဆက်လက်ပညာသင်ကြားခဲ့ရာ၊ သမိုင်းဘာသာ ဂုဏ်ထူးတန်းတွင် မထမအဆင့်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။ ပညာသင်နစ် လေးနစ်စလုံးတွင် အတော်ဆုံးကျောင်းသူ ဖြစ်သဖြင့်၊ ရွှေတံဆိပ်ဆု ကို ရရှိခဲ့လေသည်။ ပညာထူးချွန်မူကြောင့် ပညာသင်ဆုကိုလည်း သုံးနစ်ဆက်တိုက်ရရှိခဲ့သည်၊ တက္ကသိုလ် ပထမနစ် အပြီးတွင်လည်း ပြင်သစ်ဘာသာရပ်၌ ပထမဆုကို ဆွတ်ခူးခဲ့ပြန်သည်။
ထိုနောက် သီရိဒုံသည်၊ ဆောလ်ပါကွန်း တက္ကသိုလ်မှ အရှေ့တိုင်း ကမ္ဗည်းကျောက်စာ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့နှင့်၊ ချူလာလောင်ကွန်တက္ကသိုလ်မှ အရှေ့တိုင်းဘာသာရပ်များဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၁-ခုနစ်မှစ၍ စရီနာခရာရင် ဝီရက်တက္ကသိုလ်တွင် ပညာရေးဖွဲ့ဖြိုးမှူ ဘာသာရပ်များကို ဆက်လက် လေ့လာခဲ့ပြန်သည်။ မဟီဒိုးတက္ကသိုလ်၊ ကာဆက်ဆတ်တက္ကသိုလ်၊ ဘရင်မွန်ကယ်စက်မှူတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်၊ ရမ်ခမ်ဂဟန်းတက္ကသိုလ်၊ ပက်ပါဒိုးတက္ကသိုလ်၊ ဆုကာထုံးသာမတ်သီရတ်တက္ကသိုလ် နှင့် ချူလာလောင်ကွန်တက္ကသိုလ်တို့က၊ သမီးတော် သီရီဒုံးအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့(၁၁)ခုကို ချီးမြှင့် ခဲ့သည်။ သီရီဒုံမင်းသမီးသည် သပ္ပံစာပေ ရာဇဝင်သမိုင်း ပန်းချီအနုပညာနှင့် ဂီတတို့တွင် ဝါသနာထုံ၍ လေ့လာ လိုက်စားသည်။ မင်းသမီးသီရီဒုံသည်‘‘ထိုင်းနိုင်ငံ ရှေ့နေများကောင်းစီ‘‘နှင့်‘‘ယိုဒယား ဗိသုကာ အသင်း‘‘တို့တွင် ဂုဏ် ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သမီးတော်သည် အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ အစ္စရေး၊ အီရန်၊ နယ်သာလန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ သြစတြေးလျ၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ မလေးရှား၊ ဂျပန်၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံများသို့ အနှံအပြားသွားရောက် လည်ပတ်ဖူးသည်။ မြန်မာနိုင်ငံသို့ ၁၉၈၆-ခု မတ်လ ၂၁-ရက်မှ ၃၁-ရက်နေ့အထိ လာရောက်လည်ပတ်ဖူးလေသည်။ သီရိဒုံသည် ထိုင်း ကိုးရီးယားနှိင်ငံနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတို့မှ ဘွဲ့ထူးဂုဏ်ထူးဆောင် ကိုးခုကိုရရှိခဲ့သည်။
သမီးတော် မဟာချက်ကရီသီရိဒုံသည် ထိုင်းကြက်ခြေနီအသင်း အမှူဆောင်အဖွဲ့၌ ဒုတိယဥက္ကဋ္ဌ၊ ဆိုင်ဂျိုင်း ထိုင်းဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ ဒုတိယမြှောက်ရာမဘုရင်း အထိမ်းအမှတ်ဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ မြဘုရား ကျောင်းတော်နှင့် မဟာနန်းတော်မွန်းမံထိန်းသိမ်းရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ နှင့် ချူလာလောင်ကွန် ဘုရင့် စက်မှူ တက္ကသိုလ် ဥပဒေ နှင့် လူမှူရေးသိပ္ပံဌာန ကထိကလည်းဖြစ်လေသည်။ သီရိဒုံသည် ထိုင်းဘုရင့် ကြည်း တပ်မ တော်တွင် ဂုဏ်ထူးဆောင် ဒုတိယဗိုလ်မှူးကြီးနှင့်၊ ထိုင်းဘုရင့် လေတပ်နှင့် ရေတပ်တွင် ဂုဏ်ထူးဆောင် ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ်လေသည်။
မင်းသမီးသီရိဒုံသည် အားလပ်ချိန်များတွင် သုတေသနနှင့် ကျောင်းတွင်းဖွဲ့ဖြိုးရေးပြုလုပ်ခြင်း၊ သီးချင်းဆိုခြင်း၊ ထိုင်းတူရိယာတီးမှူတ်ခြင်း၊ စာပေရေးသားခြင်း၊ ကဗျာစပ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့်၊ ပန်းပုထုခြင်းတို့ကို ပြု လုပ်လေ့ရှိသည်။
မင်းသမီး ဖရာသေး ခေါ် မဟာချက်ကရီသီရိဒုံသည် ယခုအခါတွင် သက်တော် ၅၄- နစ်ရှိပြီ ဖြစ်ပြီး၊ ထိုင်းပြည်သူပြည်သားတို့၏ မေတ္တာကို အထူးတလေရရှိကာ ဘုရင့်သားတော် သမီးတော်များထည့်တွင် လူချစ်လူခင်အပေါဆုံး မင်းသမီးတစ်ပါး အဖြစ်ဖြင့် ထင်ပေါကျော်ကြားလျှက်ရှိပါသည်။

Tuesday, 9 April 2013

ပြည်သူ အတွက် ပုခက်လွှဲသော လက် ( အပိုင်း ၂ )


မေး             ။၈၈မျိုးဆက်မှ ပါတီထောင်မည်ဟုပြောထားတယ်လေ  အဲဒီတော မမီးမီးအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါတီနိုင်ငံရေးနဲ့ကော ဆက်ပြီးတော့ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိပါသလား….။
မီးမီး             အဲဒါက နဲနဲတော့ ခက်တယ်။ကျွန်မကပေါ့နော်၊ ဒီလတ်တလောမှာတော့ ဒီပြည်သူ့ အခြေပြု ရပ်ကွက်အဖွဲ့အစည်းအနေနဲ့ ပြည်သူရဲ့ အသံကို အနီးကပ်နားထောင်ချင်တယ်၊ နောက်ပြီးတော့ အပြောင်းအလဲ ကိုလည်း တကယ့် ဒီမိုကရေစီနိုင်ငံ တခုတည်ထောင်ဖို့ ရည်ရွယ်တဲ့ အတွက်ကြောင့် မို့လို့ ကျွန်မတို့က ပြည်သူကနေပြီးတော့ ပြည်သူ့ အခြေပြုပေါ့နော်၊ အစိုးရ တရပ် ပေါ်ထွက်လာဖို့ကို ကျွန်မတို့က ကြိုးစားချင်တဲ့ အတွက်ကြောင့် မို့လို့ လောလောဆယ်ကတော့ ကျွန်မတို့က ပြည်သူနဲ့ပဲ အတူတူ ရင်ခုန်ရင်းနဲ့ ပြည်သူ့ အကျိုးကို အနီးကပ် ဆောင်ရွက်ချင်တဲ့ ဆန္ဒ ရှိတယ်။ လွှတ်တော်နဲ့ ကျွန်မတို့ ဟာဆိုရင်လဲ ဘယ်ခြေ ညာခြေ လိုပါပဲ။အဓိကကတော့ ကျွန်မတို့ဟာ ပြည်သူရဲ့အသံကိုအနီးကပ် နားထောင်ပြီးတော့ ဒီလွှတ်တော်ထဲကို ကျွန်မတို့က တွန်းအားပေးတဲ့သဘောပေါ့နော် ၊လိုအပ်တဲ့ တနေ့နေ့ တချိန်ချိန်ကျရင်တော့ ပါတီနိုင်ငံရေးဖက်ကို ပြောင်းချင်လည်းပြောင်းမယ်၊ မပြောင်းချင်လည်းမပြောင်းဘူးပေါ့နော်။ အဓိက က ကျွန်မတို့ရဲ့ ရင်တွင်းရည်ရွယ်ချက်ကိုက တိုင်းပြည်ပြောင်းလဲရေးကိုပေါ့နော် တိုင်းပြည်ကို တကယ့် ဒီမိုကရေစီတိုင်းပြည်စစ်စစ်၊ တကယ့်ကိုပြည်ထောင်စုစစ်စစ် တိုင်းပြည်တခုကိုပြောင်းလဲချင်တဲ့အတွက် ဒီတိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထုနဲ့ အနီးကပ်နေနိုင်ဖို့ဟာ အဓိက ကျတယ်လို့ ကျွန်မ ထင်ပါတယ်။
မေး              ။မမီးမီးရဲ့ မျှော်လင့်ချက်ထဲမှာ ဘယ်လိုနိုင်ငံမျိုးဖြစ်ချင်လဲ၊ အဲဒီမျှော်လင့်ချက်ကကောအခုအခြေအနေမှာ ဘယ်အတိုင်း အတာထိ ရောက်နေပြီလို့ သုံးသပ်လို့ ရမလဲ။
မီးမီး             ကျွန်မတို့ နိုင်ငံမှာ တိုင်းရင်းသားလူမျိုး(၁၃၅) မျိုး ရှိတဲ့ အခါကျတော့ ဒီတိုင်းရင်းသား အားလုံးကိုပေါ့နော် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအားလုံးကို တန်းတူ တူညီမှုကို ကျွန်မတို့ ရစေချင်တယ်၊ အဓိက ကတော့ ကျွန်မတို့ ကယန်းကို သွားတဲ့ အခါ လောပိတ ကလာတဲ့ ဓာတ်အားပေးလိုင်းကြီးတွေကို သူတို့က မပွန်းမပဲ့ အောင် စောင့်ရှောက်ရတယ်။ ဒါကြီးကို ထမ်းထားရပြီးတော့ အောက်မှာက ဆီမီးတိုင်နဲ့ စာဖတ်နေရတဲ့ ကျွန်မတို့ရဲ့ မောင်နှမ သွေးချင်းတွေကို တွေ့ရတဲ့ အခါမှာ ကျွန်မ စိတ်မကောင်းပါဘူး။အခု ပြီးခဲ့တဲ့ ရက်က ကျွန်မ ချင်းပြည်နယ်က ပြန်လာခဲ့တယ်၊ချင်းပြည်နယ်မှာလည်းဒီလိုပဲ၊ တကယ့်ကို မီးမရှိ ၊ရေမရှိ နဲ့ပေါ့နော်၊ တောင်တန်းဒေသမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ နေခဲ့ရတယ်။တကယ်ဆိုရင် ကျွန်မတို့ရဲ့ (ရိ) ရေကန်ဟာ ကျွန်မတို့ရဲ့ နိုင်ငံ အတွက် တကယ့်ကို ပြည်ပ ဝင်ငွေရဖို့ပေါ့နော်၊နိုင်ငံခြားသားတွေကို စွဲဆောင်ဖို့နေရာတခုဖြစ်တယ်၊ကျွန်မတို့ နိုင်ငံသားတွေတောင် မသွားနိုင်တဲ့ အနေအထားပါ၊တကယ့်ကို လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်၊ကျွန်မတို့ နိုင်ငံဟာ သယံဇာတ ကလည်း ရှားပါးတဲ့ နိုင်ငံမဟုတ်ပါဘူး၊အဲဒီတော့ ကျွန်မတို့ နိုင်ငံမှာ တိုင်းရင်းသားတွေ အားလုံးဟာ ညီညီ မျှမျှနှင့် တကယ့်ပြည်ထောင်စု စစ်စစ် တိုင်းပြည်တခု တန်းတူညီမျှရှိတဲ့  လွတ်လပ်တဲ့၊ငြိမ်းချမ်းတဲ့၊တရားဥပဒေ မျှတမှုရှိတဲ့ တိုင်းပြည်တခုကို ကျွန်မ တည်ဆောက်ချင်ပါတယ်။
                   အဲဒီလိုတည်ဆောက်တဲ့ အခါမှာလည်း အခွင့်အရေးညီတူညီမျှနဲ့ပေါ့နော်  တိုင်းရင်းသားအားလုံး၊တောင်တန်းမြေပြန့်မခွဲခြားပဲ ပညာရေးကအစပေါ့နော်၊တူညီစွာနဲ့ ရရှိနိုင်တဲ့ တိုင်းပြည်တခုကို ကျွန်မ မျှော်လင့်ပါတယ်။ဒါပေမယ့် အဲဒီလိုမျိုး တိုင်းပြည်တခုဖြစ်ဖို့အရေးကလည်း ကျွန်မတို့ နိုင်ငံမှာ အခုဟာက တော်တော်ကြိုးစားနေရတယ်ပေါ့နော်။အဓိက ကတော့ ရပ်ကွက်အဖွဲ့အစည်းတွေ အားကောင်းလာမယ်၊ပြည်သူတွေအားလုံးကလည်း တကယ့်ကို အသိပညာတွေ၊အတတ်ပညာတွေ တိုးပွားလာမယ်၊နိုင်ငံရေးအသိစိတ်ဓာတ်တွေ နိုးကြားလာမယ်ဆိုရင်တော့  တနေ့နေ့ တချိန်ချိန်မှာ ကျွန်မတို့ တိုင်းပြည်ဟာ ကျွန်မတို့ မျှော်မှန်းထားတဲ့ တိုင်းပြည်တခုကို ရောက်လာမယ်ပေါ့နော်။အဲဒီလို ရောက်ဖို့အတွက် ကျွန်မတို့ဟာ ပြည်သူတွေကို မျှော်လင့်ချက်မပေးချင်ဘူး၊ကျွန်မဖြစ်စေချင်တာက ကျွန်မတို့တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ မျက်စိပိတ်၊နားပိတ်၊ပါးစပ်ပိတ်ပြီးတော့ နေခဲ့ရတဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်တိုင်းပြည်မှာ ပြည်သူတွေ ဘာဖြစ်နေသလဲဆိုတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေရဲ့ အလုပ်ပါ၊ငါတို့ကတော့ ကိုယ့်အလုပ်ကိုလုပ်၊ဘယ်အစိုးရတက်တက် ငါတို့အစိုးရပဲ။ ဖိနှိပ်ချုပ်ခြယ်ရင်လည်းခံရမှာပဲဆိုတဲ့ အကြောက်တရားက လွှမ်းမိုးနေတယ်။အဲဒီလို လွှမ်းမိုးနေတဲ့ပြည်သူတွေကို ကျွန်မက မျှော်လင့်ချက်မပေးချင်ဘူး၊ပုဂ္ဂိုလ် တစုံတဦး(သို့)အစိုးရကို မျှော်လင့်နေမယ့်အစား ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရမယ်၊ငါတို့လည်း ဒီအခွင့်အရေးတွေ ငါတို့မှာရှိတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်၊အခွင့်အရေးရအောင်လည်း ငါတို့ဘယ်လိုတောင်းဆိုရမယ်ဆိုတဲ့ သတ္တိတွေလည်းပြည်သူတွေမှာ ရှိစေချင်တယ်၊နောက်တခုက ဒီအခွင့်အရေးနှင့်အညီ ငါတို့ ဘယ်လိုမျိုးစနစ်တကျ ကျင့်ကြံရမယ်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားလုပ်ပိုင်ခွင့်၊ နိုင်ငံသားဖြစ်မှုအပေါ် သစ္စာရှိမှုပေါ့နော်၊အဲဒီလိုမျိုးဟာတွေကို ကျွန်မတို့က ပြည်သူတွေကို၊အတတ်ပညာ၊အသိပညာစတဲ့ ပညာပေးလုပ်ငန်းတွေကို အများကြီးလုပ်ချင်တယ်၊အဲလိုဖြစ်လာပြီဆိုရင်တော့ ကျွန်မတို့မျှော်မှန်းထားတဲ့ တိုင်းပြည်ကြီးဟာ မဝေးတော့ဘူးလို့ ပြောချင်ပါတယ်။
မေး              မမီးမီးတို့လို နိုင်ငံရေးဝင်ရောက်လှုပ်ရှားနေတဲ့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှု အခြေအနေအတိုင်းအတာအပေါ် ဘယ်လိုမြင်ပါသလဲ။
မီးမီး             အခုအခြေအနေကတော့ နိုင်ငံရေးရစီးကြောင်းထဲမှာ အမျိုးသမီးပါဝင်မှုဟာ အရင်ကထက်စာရင် ပိုပြီးတော့ များလာတယ်။များလာတယ်ဆိုတဲ့ အချိန်မှာ နှစ်ပိုင်းရှိတယ်။တပိုင်းက အချို့ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ ဘာမှ မရှိဘူး၊အများသွားရင်သွားတယ်၊အများတက်ရင်တက်တယ်၊မေးလိုက်ရင် စိတ်ထဲမှာ ဘာမှ မသိဘူး။အဲဒီလို အမျိုးသမီးတွေလိုမျိုး ကျွန်မတို့ မြန်မာအမျိုးသမီးတွေကို မဖြစ်စေချင်ဘူး။ကိုယ်လုပ်တဲ့ အလုပ်တခုပေါ်မှာ ယုံကြည်မှု၊နားလည်မှု၊တာဝန်ယူနိုင်မှုရှိတဲ့ အမျိုးသမီးတွေ အများကြီးပေါ်ထွန်းစေချင်တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)ကျော်ထက်စာရင် ကျွန်မတို့နိုင်ငံမှာ အမျိုးသမီး ပါဝင်မှုနှုန်းများလာတယ်၊ဒါပေမယ့် လွှတ်တော်အနေနဲ့ ကြည့်မယ်ဆိုရင် ၄% ပဲရှိတဲ့ အတွက် ကျွန်မတို့ အမျိုးသမီးတွေ အများကြီးကြိုးစားရအုံးမယ်လို့ ထင်ပါတယ်။
မေး              ကျွန်မတို့ရဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကနေပြီးတော့ ပြည်သူတွေကို ဘာများပြောစရာရှိပါသလဲ။
မီးမီး             အခုအချိန်မှာ ကျွန်မတို့တိုင်းပြည်ဟာ ဒီမိုကရေစီ ခေတ်၊စနစ်ကို ဦးတည်နေတဲ့ အပြောင်းအလဲ တခုကို ကျွန်မတို့ တိုင်းပြည်မှာကြုံနေရပြီဖြစ်တဲ့ အတွက်ကြောင့် ကျွန်မတို့ ပြည်သူတွေဟာလည်း မျက်စိပွင့်၊နားပွင့်၊ပါးစပ်ပွင့်နှင့် အရင်တုန်းကလို အကြောက်တရားကြီးစိုးမနေပဲ ငါသည်လည်း နိုင်ငံသားဖြစ်သည်၊ဒါ့ကြောင့် နိုင်ငံရေးမှာ တာဝန်ယူရမယ်ဆိုတဲ့ အသိစိတ်ဓာတ်ကို လူတိုင်းလူတိုင်းမှာ ရှိပြီးတော့ သတင်းအချက်အလက်တွေကို မမေ့ မလျော့ပဲနှင့် အမြဲတမ်း လေ့လာ၊မှတ်သား၊ လုပ်ဆောင်မယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေလည်း အားကောင်းအောင် လုပ်ဆောင်ကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။
                   မမီးမီး နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ အင်တာဗျူးမှ ကူးယူဖေါ်ပြပါသည်။


ပြည်သူ အတွက် ပုခက်လွှဲသော လက် ( အပိုင်း ၁ )


 --နိုင်ငံရေးယုံကြည်ချက်အမြင်။ 
မေး  --   ၈၈  ကစလုပ်တာခက်ခဲကြမ်းတမ်းတဲ့နိုင်ငံရေးကိုအမိုးသမီးတစ်ယောက်အနေနဲ့ဘယ်လိုယုံကြည်မူ
             တွေနဲ့ပါဝင်ခဲ့တယ်ဆိုတာမိတ်ဆက်ပေးပါ။
မီးမီး---     ၁၉၈၈  မှာကျမအသက်  ၁၆  နှစ်  ၁၀ တန်းကျောင်းသူဘဝပဲရှိပါသေးတယ်။အဲဒီအချိန်မှာကျမလုပ်
               တာကနိုင်ငံရေးလို့ပြောဘို့တော်တော်ခက်ပါတယ်။ကျမတို့ဟာအဲဒီအချိန်မှာအထက်တန်းကျောင်း
                  သားဘဝပဲရှိတဲ့အတွက်ကြောင့်အဲဒီဘဝတွေမှာနိုင်ငံရေးဆိုတဲ့ဟာကိုကျမတို့အနေအထားအရသိရှိဖို့တော်တော်
ခက်တယ်။အဲဒီအချိန်တုံးကလုပ်ခဲ့တာက လမ်းမပေါ်ထွက်ပြီးဆန္ဒပြခဲ့တယ်။အဲဒီကမှစပြီးတစ်ဖြေးဖြေးနဲ့အရှိန်
မြင့်လာတဲ့အခါကြတော့ကျမတိုကျောင်းသားလက်နက်မဲ့ကျောင်သားပြည်သူတွေနဲ့စစ်အာဏာရှင်တို့ရဲ့တိုက်
ပွဲတွေဖြစ်ခဲံတဲ့မြင်ကွင်းတွေကတဆင့်ကျမဘဝကိုအဲဒီအချိန်ကမှ၁၉၈၈  ဟာကျမဘဝ  ရည်ရွယ်ချက်ကော့
ရည်မှန်ချက်တွေကော တစ်ကဲ့ကို အခိုးအကွေကြီး  ၁ ခု ပေါ့။ပြောင်းလဲပေးတဲ့နှစ်လို့လဲပြောရမယ့်။
ကျမနိုင်ငံရေးဘဝထဲ့ကိုဝင်လာဖို့ကျမရဲ့ရှေ့မှာကျဆုံးသွားတဲ့လူတွေရဲ့မြင်ကွင်းတွေက ကျမကိုဒီနိုင်ငံရေး
လောကထဲ့ကို အခုအချိန်အထိယုံကြည်ချက်ရှိရှိစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့တွန်အားပေးလိုက်တာပါပဲ။
မေး-- မမီးအနေနဲ့က အချုပ်ကလည်း၁ ခါကျဘူးတယ် ထောင် ကလည်း  ၂ ခါ  ကျဘူးတယ် ပြန်ထွက်လာ
         ပြီး  သိပ်မကြာခင်  ၂၀၀၇  ရွှေဝါရောင်တော်လှန်ရေး  မဖြစ်ခင်မှ  ကိုမင်းကိုနိုင်  တို့ဖမ်းရတဲ့ အချိန်
      အဲဒီအချိန်မှာ မမီးမီး လမ်းပေါ်ထွက် တရားဟောတယ်-ပြည်သူတွေနဲ့အတူတူနိုင်ငံရေးလှုပ်ရှားမူပါဝင်
    အောင်လှုံ့ဆော်ခဲ့တာတွေကိုတွေရပါတယ်-ဘယ်လိုယုံကြည်ချက်စေ့ဆော်မှုတွေနဲ့လမ်းပေါ်ရောက်အောင်
  ဘယ်လိုတွန်းပိုခဲ့ပါလဲ။

မီးမီး--  ၂၀၀၄  မှာ အစ်ကိုတွေပြန်လွတ်လာတဲ့အခါ ၈၈  ကျောင်သားများအနေနဲ့ကျမတို့လှုပ်ရှားခဲ့ပါတယ်။
         ၂၀၀၇  Aungust    ၂၁ နေ့ညမှာ အစ်ကိုတွေကိုနေအိမ်မှာဖမ်းဆီးသွားပါတယ်။ ၂၂  ရက်နေညမှာ
ကျမတို့လမ်းပေါ်ထွက်ခဲ့တယ်-လမ်းပေါ်ထွက်တာက အကိုတွေကိုဖမ်းသွားလို့လမ်းပေါ်တက်ခဲ့တာလုံးဝမ
ဟုတ်ပါဘူး။ ကျမတို့ဟာ ၈၈  ကျောင်းသားတွေဖြစ်တယ်အဓိကကတော့ ကျမတို့ဟာ ကျောင်းသားတွေ
ဖြစ်တယ်- ကျောင်းသားတွေဟာပြည်သူတွေအပေါ်မှာ တာဝန်ရှိတယ်  -ကျမတို့အကိုတွေမရှိရင်တောင်မှ
ကျမတို့အကိုတွေလုပ်ခဲ့တဲ့  ၈၈  ကျောင်သားမျိုးဆက်အဖွဲ့ရဲ့  အလုပ်နဲ့လုပ်ငန်းစဉ်တွေဆက်လုပ်ရမယ်
အလုပ်တွေအားလုံးဟာကျမတို့အပေါ်မှာ တာဝန်ရှိတယ်။နောက်တစ်ခုအနေနဲ့ကလည်း ကျမဟာ
အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ ကျမဟာမြန်မာနိုင်ငံသားဖြစ်တယ်။မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့
အတွက်ကြောင့်မို့လို့  ကိုယ့်နိုင်ငံအရေး နိုင်ငံရေးမှာပါဝင်ရမယ်ဆိုတဲ့အသိစိတ်ဓာတ် တာဝန်ယူမှု ဒီဆက်
သွားရမဲ့တာဝန်တွေဟာ ကျမတို့အကိုတွေကိုဖမ်းဆီးထားပေမဲ့ ကျမတို့အပေါ်မှာပုံလာပြီး-  ဒီတာဝန်ကို
ကျမတို့ယူမယ်ဆိုတဲ့အသိနဲ့ ကျမတို့လမ်းပေါ်ကိုထွက်ခဲ့တယ်။ပြည်သူတွေကိုဦးဆောင်ပြီးတော့ဆန္ဒပြမှုတွေ
ကိုဆက်လက်ပြီးတော့ဆွဲ့ခေါ်ခဲ့တယ်။
မေး    --မမီးမီးအနေနဲ့ ပထမအကြိမ် ငယ်တဲ့အချိန်ထောင်ကျခဲ့တယ်။  ၁၉၉၆  ခုနှစ်မှာပထမအကြိမ်နဲံ
           ၂၀၀၇  ခုနှစ် နောက်ပိုင်းမှာကျတဲံအခါမှာထောင်ထဲ့မှာ မမီးမီးတို့အပေါ် ဆက်ဆံမှုတွေမတူတော့
ဘူးပွင့်လင်းလာတဲ့အခြေအနေတွေမှာ ဆက်ဆံမှုတွေပြောင်းလဲသွားလည်းပြောင်းလဲသွားတဲ့ဆက်ဆံမှုတွေ
ထောင်အာဏာပိုင်   တွေနဲံ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ  မမီးမီးရဲ့ ကိုယ်ပိုင်းသုံးသပ်ချက်။
  မီးမီး       အဓိက ကတော့ ထောင်ထဲ့မှာ  ဆက်ဆံမှုတွေပြောင်းလဲတယ်ဆိုတာက  ထောင်အားလုံးမှာ
            တပြေးညီပေါ်လဆီအရ  အမှန်တကယ်က ပေါ်လဆီက သူတို့ကောင်းကောင်းချထားလိမ့်မယ်
   ဘယ်လိုဆက်ဆံရမယ်ဆိုတာ..ဒါပေမဲ့ ထောင်အားလုံးဟာ တစ်ပြေးညီပြောင်းလဲ့သွားမဟုတ်ဘူး..
အာဏာရှင်စံနစ်ရဲ့အကြွင်းအကျန်တွေဟာ တချို့ထောင်မှုး+ထောင်ပိုင်တွေမှာအများကြီးတွေရတယ် 
ထောင်ဝန်ထမ်းတွေမှာလည်းအများကြီးတွေရတယ်- နဂိုအာဏာာရှင်စံနစ်ရဲ့  အမွေဆိုးတွေဟာသူတို့
ဝန်ထမ်းတွေအတွက်ခေါက်ရိုးကျိုးနေတဲ့အခါကျတော့ ကျမတို့ကိုဒီပေါ်လဆီ အပြောင်းအလဲမှာ သူတိုက
ချက်ချင်းကြီးမပြောင်းလဲချင်းဘူး။နောက်တစ်ခုက သူတို့ဒီလိုလုပ်ပေးရပါတယ်ဆိုတဲ့ဟာကိုသူုတို့ကလက်မခံ
ချင်းတဲ့အခါကျတော့ထိုအပေါ်မှာ  အရင်တုန်းက ပုံစံအတိုင်းကြမ်းကြမ်းတမ်းတမ်းမဟုတ်ရင်တောင်မှနည်းနည်းခပ်ခပ်ညစ်ညစ်တော့ဆက်ဆံသေးတယ်။စကား
ပြောတာကအစဆက်ဆံတယ်။ဒါပေမဲ့ကျမတို့လုပ်တဲ့အလုပ်ဟာတစ်ဖြေးဖြေးနဲ့နိုင်ငံရေးသက်တမ်းကလည်းရင့်လာတယ် အတွေအကြုံတွေလည်းများလာတဲ့အခါကျတော့ -  ကျမတို့ဟာတချိန်တုန်းကကျတော့ဒီအာဏာပိုင်
အဖွဲ့အစည်းတွေကိုရန်သူလို့ မြင်တယ်ဒါပေမဲ့အခုအချိန်မှာတော့  ကျမတို့ဟာပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့
လူတွေဆိုတဲ့အခါကျတော့--ကျမတို့ကိုယ့်တိုင်အာဏာပိုင်အဖွဲ့အစည်းတွေကို ရန်သူလိုမြင်နေရင်တော့ ကျမတို့
လုပ်ငန်းလည်းအောင်မြင်မှာမဟုတ်ဘူး။နောက်တိုင်းပြည်ကလည်းကျမတို့ရှေ့ဆက်သွားဖို့ တိုးတက်ရာတိုးတက်
ကြောင်းသွားဖို့ကျမတို့ဖန်တီးနိုင်မှာမဟုတ်ဘူးဆိုတဲ့အခါကျတော့   ကျမတို့နဲ့အနီးစပ်ဆုံးပြည်သူကို ကျမတို့
တက်နိုင်သလောက့်ပြောင်းလဲဖို့ကြိုးစားတယ်။  ဒီအခါကျတော့ပေါ်လဆီကိုတော့ နိုင်ငံတကာနဲ့ဆက်ဆံရေး
မှာအဆင်ပြေအောင် ပေါ်လဆီကို လျှော့  လိုက်တယ်။ အရင်တုန်းကလိုတော့ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံ
ဘူး။ဒါပေမဲ့ ကျမတို့အထဲ့မှာ ကျမတို့ တောင်းဆိုတာတွေ ကိုတက်နိုင်သလောက်လိုက်လျှောမှု ပြုခဲ့တယ်။
ဒါပေမဲ့သူတိုက ဘာကိုပြန်ဒုက္ခ ပေးလည်းဆိုတော့  ကျမနေတာက ရန်ကုန်မြို့  ဒါပေမဲ့  ကျမ ကို  ကသာကို
ပိုခဲ့တဲ့အပေါ်မှာ  ကျမအိမ်မှာလိုက်ရတဲ့မိသားစု  အဓိက  ကျမအမျိုးသားနဲ့ ကလေး နှစ်ယောက်  တစ်လှည်စီ
လိုက်တဲ့အခါကျတော့ဒီမှာလာတဲ့အတွက်စရိပ်ကပိုပြီးကြီးတယ်ပြီးတော့တအားပင်ပန်းတယ်။ဆောင်းတွင်းမှာ
ဆိုတအားအေးတယ်။ ဟိုမှာနေတဲ့ကလေးက  ကသာမြို ရဲံ့ ဆောင်းတွင်းဒဏ်ကိုမခံနိုင်ဘူး။  ဒါပေမဲ့မအေဆိုတဲ့
အခါကျတော့လာတွေရတယ်။  အမျိုးသားကလည်းမိန်းမဆိုတော့လာတွေရတယ်..အဓိကဒီအခေါက်က  ကျမတိုကိုနယ်စပ်ဒေသတွေကိုပိုလိုက်တာဟာ  ကျမတို့အတွက်အမြတ်အများကြီး  ရရှိခဲ့တယ်..အိမ်မှာရှိ
တဲ့မိသားစုတွေတော်တော်ဒုက္ခရောက်ခဲ့တယ်။ကျမတိုရရှိခဲ့တဲ့အမြတ်ကတော့ ရှင်းပါတယ်  ကျမတို့ဟာဘယ်နေရာရောက်ရောက် ကိုရောက်တဲ့ဒေသ  ကအရေးအကြီးဘူး..ကိုယ့်ကျင့်တဲ့တရားကသာ
အရေးကြီးတယ်ဆိုပြီးတော့  ကျမတို့ပတ်ဝန်ကျင်းကို့ အတက်နိုင်ဆုံးကောင်းအောင်ပြောင်းလဲ့ခြင်းနဲ့ပြောင်းလဲ့ခဲ့
တဲ့အတွက်ကြောင့် ကျမတို့မှာမိတ်ဆွေအသစ်တွေ အများကြီးရခဲ့တယ်။  တောင်းတန်းဒေသမှာရှိတဲ့တိုင်းရင်းသား
တွေနဲ့ဖြစ်ဖြစိ ဟိုး  မြန်မာပြည်အထက်  အောက် အဲဒီမှာရှိတဲ့တိုင်းရင်းသားအားလုံးရဲ့  ချစ်ကြည်မှု  ယုံကြည်မှု
ကျမတို ရလာတဲ့တယ်။ ဒါကြောင့်လည်း ယနေ့ ၈၈ မျိုးဆက်   ငြိမ်ချမ်းရေးနဲ့ ပွင့်လင်း  ခရီးစဉ်တွေဟာဒီလောက်
အထိအောင်မြင်နေတာပါ။ 
မေး --  အိမ်ထောင်သည်လည်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် နိုင်ငံရေး  လှုပ်ရှားမှုတွေမှာ  တောက်လျှောက်
     ပါဝင်ခဲ့တဲ့အခါကျတော့ခင်ပွန်းသည်ဖြစ်သူနဲ့ဘယ်လိုနားလည်းမှုတွေယူထားပါလည်း။    
မီးမီး---      အဲဒါပြောရမယ်ဆိုရင် ကျမတုံးက သူများတွေပြောသလိုပေါ့ ဒီမိုကရေစီလင်မယားလိုပဲပြောရမ
                   လားပေါ့နော်။   ဘာလို့လည်းဆိုတော့  ကျမခင်ပွန်းကလည်း  ၁၉၈၈  မှာ အထက  ၁ ကျောင်း
                    တာမွေ ရဲံ့  အကသ ကျောင်းသားတပ်ဦးရဲ့ လှုပ်ရှားသူတစ်ဦးဖြစ်သလို့ အမျိုးသားဒီမိုကရေစီ
     အဖွဲ့ချုပ်စပြီးပေါ်ပေါက်လာတဲ့အချိန်ကစလို့ N.L.D  Mumber  တစ်ယောက်လည်းဖြစ်ပြီး-မြိုနယ်လူငယ်တာဝန်ခံတစ်ယောက်ဖြစ်ပါတယ်။အဲဒီဘဝက စလို့ကျမတို့အိမ်ထောင်ကျခဲ့တယ်.  အိမ်ထောင်ကျတယ်ဆိုပေမဲ့  နဂိုကနိုင်ငံရေးအခြေခံရှိတဲ့ ကျမရဲ့ခင်ပွန်းသည်ဟာ ကျမရဲ့လုပ်ရပ်တွေကို နားလည်းမှုများစွာနဲ့လိုက်လျှောခဲ့တယ်။သူကိုယ်တိုင်လည်းပံပိုးမှုတွေလုပ်ပေးခဲ့တယ်။ကျမဘယ်ထောင်ကျကျ
ကျမ ၁၉၉၆  ခုနှစ်ထဲ့ကထောင်ထဲ့မှာတောက်လျှောက်နေခဲ့တဲ့အချိန်မှာလည်း  ကျမယောက်ကျားနဲ့  ယောက်က္ခမ နဲ့ ထားခဲ့ရတယ်။ကျမ ကလေးတွေနဲ့  ၅ နှစ် ၉ လ  တွေခွင်မရခဲ့ဘူး   ၂ နှစ်  ၆လ တစ်ယောက်
၎ နှစ် ၆လ  တစ်ယောက်ထားခဲ့ရတယ်  အဲဒီအချိန်မှာတော့သူအဖေကဖခင်စိတ်နဲံဒီအရွယ်ငယ်ငယ်မှာ  ကလေးတွေစိတ်ထိခိုက်မှာစိုးလို့သူအဖေကခေါ်မလာလို့တွေခွင့်မရခဲ့ဘူး။    ၂၀၀၇  မှာတောတောင်လျှောက်
သားတစ်လှည်..သမီးတစ်လှည်တွေခွင်ရရှိခဲ့တယ်။
မေး…..    ဒီဘဝတစ်လျှောက်မှာ  ၁၀ နှစ်နီးပါးထောင်ထဲ့မှာနေလာတာဆိုတော့အဲဒိအပေါ်မှာဒီနိုင်ငံရေးလုပ်ခဲ့
           တဲ့အတွက်ထောင်ထဲ့မှာ  အနှစ်  ၂၀  နေခဲ့တာကိုဘယ်လိုသုံးသပ်ပါလည်း။
မီးမီး        ရှင်းရှင်းပြောရင်ဒီအချိန်အထိပေါ့  နိုင်ငံတကာသုံးဘာသာစကားအားနည်းတယ်- စာပေလေ့လာမှု
                    အားနည်းခဲ့တယ်…အချိန်ပြည်ထောင်ထဲ့ရောက်လိုက်  အပြင်ရောက်တော့လည်းဒီလိုနယ်တွေ
                   သွားလိုက်ဆိုတော့အဲဒီနောက်ပိုင်းမှာလည်းဘာသာစကားလေ့လာမှုအားနည်းခဲ့တဲ့အပြင် ကျမ
ကိုယ်တိုင်လည်းကျောင်းမပြီးခဲ့ဘူး   Final  honus  မှာပဲ အဖမ်းခံရတယ် ပြန်ထွက်လာတော့လည်းကျောင်းပြန်တက်ခွင်မရဘူး  
ယနေ့ထိတိုင်လည်း ကျောင်းပြန်တက်ခွင်မရဘူးဘွဲ့လက်မှတ်သွားထုတ်တဲ့အခါကျတော့လဲ့  ငွေ  ၃၀၀၀၀ 
လောက်ပေးမှရိုးရိုးဘွဲ့လက်မှတ်ကိုပေးမယ်ဆိုပြီးအခါကျတော့   ကျမ အနေနဲ့စဉ်စားစရာတွေ အများကြီး
ရှိတယ်  ကျမ ကအလုပ်ရှိတဲ့သူမဟုတ်ဘူး  အဲဒီလိုမျီုးတွေရှိတယ်အဲဒီအခါကျတော့ ဒါပေမဲ့သူငယ်ချင်းတွေ
နဲံပြန်ဆုံတယ်.အမေရိက ကပြန်လာတဲ့သူငယ်ချင်းတွေနဲ့ပြန်ဆုံတဲ့အခါပြောဖြစ်တယ်..ကိုယ်ကတော့အခု
အချိန်မှာ baise  ကိုတက်နေတဲ့အချိန်  နင့်တိုPhd  ယူလာခဲ့ပြီးပေါ့။ဒါပေမဲ့အဲဒီလိုနင်တိုယူလာတဲ့အပေါ်
မှာကိုယ်ကချီးကျုးလေးစားတယ်။ဒါပေမဲ့ ကျမ မဖြစ်လိုက်ရကောင်းလားဒိလိုမျိုးကြီး  သူတိုကျတော့
အသက်ချင်းတူတောင်မှမရကောင်းလားဆိုတဲ့  ဒီလိုမျိုး ကျမ  ဘဝမှာ နောင်တာဆိုတာ  ဘယ်တော့မှ
ရှိမှာမဟုတ် ဘူးရမှာလည်းမဟုတ်ဘူးဘာဖြစ်လို့လည်းဆိုတော့ ကျမဟာနိုင်ငံရေးထဲ့ကို  ပြည်သူအတွက်
ကျမဟာယုံယုံကြည်ကြည်နဲ့သံဒီဌာန် ချပြီးလုပ်ခဲံတဲံအတွက် နောင်တဆိုတာလုံးဝရှိမှာမဟုတ်ဘူး။

Saturday, 6 April 2013

ကဲကာကွယ်ရေးဦးစီးချုပ်ကြီးလွှတ်ချင်ဦးလေရုရှား


ကဲကာကွယ်ရေးဦးစီးချုပ်ကြီးလွှတ်ချင်ဦးလေရုရှား
ကျမကတော့အမှန်တရားအတွက်ရေးနေဦးမှာပါပဲ
------------------------------------------------
ကျမအေးအိအိအောင်ကို ဗိုလ်ဇင်မင်းသူ (ကြည်း၅၈၇၄၆ ဆ.သ.ရ ၄ လောက်ကိုင်ရှမ်းပြည်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)
အဘဦးဝင်းကိုကို ဒေါ်တင်တင်နု
အမှတ်၃၇သင်္ဂဟလမ်း/ပန်းဘဲတန်းရပ်မော်လမြိုင်မြို့
သည်ဒုဗိုလ်မှူးကြီးသိန်ဌေး ရှေ့မှောက်တွင်ပြန်လာရင်
လက်ထက်ခွင့်တင်ပြီးပေါင်းသင်းမည်ဟုရပ်ကွက်ရုံးနှစ်ဖက်မိဘများ
ရှေ့တွင်လက်မှတ်ထိုးခဲ့ပြီးပေါင်းသင်းခဲ့ပါသည်။
ကျမကိုယ်ဝန်ရှိနေချိန်ရုရုားသို့ပညာတော်သင်ထွက်သွားးပါသည်။
ကလေးမီးဖွားခါနီးတွင်ကျမကိုအဆက်အသွယ်မလုပ်တော့ဘဲ
အွန်လိုင်းတွင်မိန်းခလေးများနှင့်စတင်ဖောက်ပြန်ပါတော့သည်။
ကလေးမွေးပြီးပြန်လာတဲ့ကျမကိုရုရှကနေမမြင်ဘူးသေးဘဲ
ကြိုက်နေတဲ့မိန်းမ၂ယောက်ကိုတယောက်စီလွှတ်ပြီးသူ့လစာစာအပြီး
ယူခိုင်းပြီးနောက်လစာစာအုပ်ကိုပိတ်လိုက်ပါသည်။
ကျမနဲ့လက်ထပ်ထားတာမင်္ဂလာဆောင်ထားးတာမဟုတ်ပါဘူးငြင်းပါသည်။
ကျမမျက်နှာနဲ့ကိုယ်တုံးလုံးပုံတွေဖြတ်ညှပ်ကပ်တွေလုပ်တင်တယ်
ကျမကိုယ်လုံးနဲ့ခွေးခေါင်းပုံတင်တယ် ကျမဖခင်နဲ့ကျမကိုပေးစားတယ်ကျမလိပ်စာဖုန်းနံပတ်တွေကို
တင်ပြီးကျမကမကောင်းတဲ့ဟာလုပ်စားတယ်
(ဒီထက်ကြမ်းတမ်းပါတယ်သူသုံးတဲ့စကားလုံးက)
ဖီးတက်ရင်အဖေနဲ့ဖြစ်ပါတယ်လို့လျှောက်သမုတ်ပါတယ် ကျမကလေးတယောက်နဲ့မို့ဘယ်လောက်နှိမ့်စက်နေသော်လဲ
ကိုယ်ထူထောင်ထားတဲ့အိမ်ထောင်ရေးမပြိုကွဲချင်လို့သီးခံတယ်
အခုကိစ္စတွေကအဖေနဲ့ပါလူပုံအလည်ပေးစားတယ်မဟုတ်တဲ့ပုံတွေတင်တယ်
အဲ့ဒါစစ်ဗိုလ်တယောက်နော်စိတ်ဓာတ်ကဘယ်လောက်
အောက်တန်းကျလည်းတွက်ကြည့်ပါ
သူ့နာမည်ဗိုလ်ဇင်မင်းသူကြည်း၅၈၇၄၆ပါလက်ရှိရုရှားနိုင်ငံမော်စကိုမြို့
MAIမှာကျောင်းတက်နေပါတယ်။
MAI၁၃ထပ်မှာပါ။ကြက်ဥဇင်မင်းသူဆိုလူတိုင်းသိပါတယ်။
သူ့တပ်ကလောက်ကိုင်မှာပါ။သင်တန်းမှုးအဘသိန်းဌေးကိုယ်တိုင်
ပေးစားထားတာပါ ဘာသာစကား၁၂Intake 53
ကလူတွေအကုန်သိတယ်မဟုတ်ပဲဘယ်မိန်းမမှမရေးဘူး ကျမအဖေEPCကလက်ရှိအင်ဂျင်နီယာမှူးကြီးပါ မိကောင်းဖခင်သားသမီးပါ အရှက်နဲ့လူလုပ်နေတာစော်ကားတာများလာလို့သီးမခံနိုင်လို့
ကျမအရှက်ကွဲခံပြီးရေးတာ။
ကျမက နိုင်ငံတော်သမ္မတရုံးနဲ့ကာကွယ်ရေးဦးစီးချုပ်ဆီကို
တိုင်ထားသောလူ၅ယောက်ပါ

ဗိုလ်ဇင်မင်းသူ(လိမ်လည်လက်ထပ်ပေါင်းသင်းသူ)
ဗိုလ်ချုပ်ဇော်ဝင်း(လ်မ်လည်လက်ထပ်ခိုင်းသူ)
ဒုတိယဗိုလ်မှူးကြီးသိန်းဌေး(လိမ်လည်လက်မှတ်ထိုးခိုင်းခဲ့သူ
ပြင်ဦးလွင်ဘာသာစကားသင်တန်းမှူး)
ဗိုလ်ဖြိုးပြည့်စိုး(လက်မှတ်ထိုးတုန်းကအသိသက်သေပါ)
ဗိုလ်ဖြိုးမင်းသူ(ဇင်မင်းသူကောင်မလေများနှင့်ဖောက်ပြန်ရန်တိုက်တွန်းသူ)
ဒီ၅ယောက်အတွက်သက်သေပစ္စည်းအပြည့်အစုံရှိပါသည်
သိချင်ရင်စုံစမ်းနိုင်ပါကြောင်း။

သူတို့လူတွေကိုအထိမခံတဲ့တပ်မတော်လေ
ဗျောင်လိမ်ဗျောင်စားရုရှားမသွားရမှာကြောက်လို့
လက်ထပ်ခွင့်မတင်ပါနဲ့ ရပ်ကွက်ရုံးမှာမိဘစုံရာနဲ့ လက်မှတ်ထိုးပေးတယ်ဒုတိယဗိုလ်မှူးကြီးသိန်းဌေးက
ခုဘယ်ရောက်နေကျလဲ နင်တို့တပည့် ကဖောက်ပြန်တာတယောက်ထဲနဲ့
မဟုတ်ဘူးနော်
အကုန် လုံး တိုင်မှာအသိသက်သေလက်မှတ်ထိုးတဲ့ကောင်တွေရော အကြံပေးတဲ့ဗိုလ်ချုပ်ဇော်ဝင်းရော အမှုတွဲထဲအကုန်ထည့်မှာ
ငါကမပေါင်းဘူး စိတ်ချ ငါ့ကိုအကုန်လုံးညာလို့ကိုပြုတ်စေရမယ်။
သူ့ကောင်မကလည်း တိုင်ချင်တိုင်လိုက်တဲ့
ဇင်မင်းသူဗိုလ်မဟုတ်တဲ့နေ့အဆက်ဖြတ်ပေးမယ်တဲ့ ရတယ်ကျမတိုင်လိုက်တယ်ကာကွယ်ရေးဦးစီးချုပ်လည်း
သူ့သားတွေအကြောင်းသိတော့ခု facebookသုံးဖို့ပိတ်တော့မယ်
သူလည်းအလုပ်ပြုတ်ထောင်ကျ
ကျမလည်းအိမ်ထောင်ကွဲပေါ့။သူ့ရွေးတဲ့လမ်းလေ။
သူနှင့်ဖောက်ပြန်နေသောမိန်းမကဇင်မင်းသူကို
စင်ကာပူထွက်ပြေးဖို့အကုန်တာဝန်ယူတယ်တဲ့တိုင်ပါတဲ့။
ရုရှားရောက်တာလပိုင်းပဲရှိသေးတဲ့ပညာတော်သင်စစ်ဗိုလ်တစ်ယောက်က
မိန်းမနဲ့ကလေးနဲ့ကိုဖောက်ပြန်စော်ကားချင်လို့ထွက်ပြေးလည်း
လိပ်ပြာလုံရင်လုပ်လေ ပညာတော်သင်ဆိုတာနိုင်ငံတော်ပိုက်ဆံနဲ့နော်
မိန်းမအပေါ်တောင်လပိုင်းဘဲရှိသေးတယ်သစ္စာမဲ့တာ တပ်မတော်အပေါ်ရောဘယ်လောက်သစ္စာရှိမှာလည်း
နင်နဲ့ဖောက်ပြန်တဲ့မိန်းမ နဲ့ပြေးမှာ အော်ပြေးပါပြေးပါ
လွှတ်အောင်သာပြေး တပ်ပြေးပေါ့
ကဲကာကွယ်ရေးဦးစီးချုပ်ကြီးလွှတ်ချင်ဦးလေ ရုရှား
ကျမ ကတော့အမှန်တရားအတွက်ရေးနေဦးမှာပါပဲ
media အကြိုက်ပေါ့။
သူများသားသမီးလူသိရှင်ကြားမင်္ဂလာဆောင်ထားတာ ပြည်သူကထောက်ပံ့လို့
နိုင်ငံတော်ကပညာသင်ပေးတာ နင်က မိန်းမရှုတ်တယ်နင်ကထွက်ပြေးပြီး
အမေရိကားပြေးမယ်စင်ကာာပူပြေးမယ် အဲဒီကမိန်းမတွေကိုလိမ်လို့ရချင်ရမယ် အပ္ပါယ်ငရဲကိုတော့လိမ်လို့မရပါဘူး ။ငါက စိတ်ဖြူဖြူသန့်သန့်နဲ့
နင့်သွေးသားကို မွေးခဲ့တာ နင်ကမိန်းမပေါင်းစုံနဲ့ဖောက်ပြန်တယ်
ကံကံ၏အကျိုးကိုယုံတယ် နင့်ကလေးကို ငါ အမေ ဘယ်သူအကူအညီမှမယူပဲ လူသားဆန်စွာမွေးပြမယ် ငါသားဘဝပြည့်စုံစေရမယ်နင်ပြေးမယ်ဆိုတဲ့ အရပ်ကိုဘာအခက်အခဲမှမရှိရောက်ပါစေ လို့ဆုတောင်းပေးတယ်သားနဲ့ငါက

ဇင်မင်းသူကြည်း၅၈၇၄၆
အဘဦးဝင်းကိုကို ဒေါ်တင်တင်နု
အမှတ်၃၇သင်္ဂဟလမ်း/ပန်းဘဲတန်းရပ်မော်လမြိုင်မြို့
လူမှုရေးဖောက်ပြန်၍သူ့တာဝန်ကျရာတပ်ရင်းသို့ကျမကတိုင်သဖြင့်
စင်ကာပူသို့မဟုတ်အမေရိကားသို့ပြေးဖို့ကြံစည်နေပါသဖြင့်
ကျမအေးအိအိအောင်၁၂/အလန(နိုင်)၀၄၁၅၅၅ မှ