Tuesday, October 4, 2011

အချစ်နှင့် အိမ်ထောင်ရေး......


(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့်
အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။

(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။
သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ
တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး
မကျယ်ဝန်းနိုင်ဘူး။


ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?အခက်အခဲရှေ့မှာ
အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။

(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!

(၄) သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။
စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။

(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ
ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။

(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ
နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း"
အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း"အကြောင်းပဲ
ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့
မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့
မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။

(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။
ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။
တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ
လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။

(၈) "'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့
ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ "မိန်းမက ယောက်ျားကို
ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင်
ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။
"ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို
နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို
ပိုနားထောင်ပါတယ်တဲ့" မိန်းမတွေက ပြောပါတယ်။

(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကိုအချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို
ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ
ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ
လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ
လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။
နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့
စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။

(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....

နိုင်ငံခြားမှ တည်ဆောက်မည့် စီမံကိန်း တစ်ခု အတွက် လူနေ အိမ်များကို လျှော်ကြေးငွေ အနည်းငယ်ပေးပြီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားမှ တည်ဆောက်မည့် စီမံကိန်း တစ်ခု အတွက် လူနေ အိမ်များကို လျှော်ကြေးငွေ အနည်းငယ်ပေးပြီး အတင်း ပြောင်းရွှေ့ခိုင်းနေသည်ဟု သတင်း ရရှိသည်။


ကျောက်ဖြူမြို့မှ လုပ်ငန်းခွင် တစ်ခု 

" အိမ်တစ်ဆောင်ကို ကျပ်တစ်သိန်းစီ လျှော်ကြေးပေးမယ်ဆိုပြီး အတင်း ပြောင်းရွှေ့ခိုင်းနေပါတယ်။ အခုလို ရွှေ့ခိုင်းတာကို မကျေနပ်တဲ့ ကျွန်တော်တို့ရွာသားတွေက ပြည်နယ် ၀န်ကြီးချုပ်ကိုရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုရော၊ နိုင်ငံရေး ပါတီတွေကိုရော တိုင်ကြားထားပါတယ်" ဟု အိမ်များ ပြောင်းရွှေ့ခံရမည့် စဉ်ခုန်မော် ကျေးရွာသား တစ်ဦးက ပြောသည်။

အာဏာပိုင်များ အတင်းပြောင်းရွေ့ရန် ဖိအားပေးခံနေရသည့်ကျေးရွာမှာ စဉ်ခုံမော်ရွာ ဖြစ်ပြီး ကျောက်ဖြူမြို့ အရှေ့ ဘက် မြို့နှင့်တမိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။ အဆိုပါ ကျေးရွာမှ လူနေအိမ် ၂၅ ဆောင်ကို အာဏာပိုင်များမှ အတင်းပြောင်းရွှေ့ စီစဉ်နေကြောင်း သိရသည်။

" မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ယောက်လုံး လွန်ခဲ့တဲ့ အပတ်ကလာပြီး ဒီနေရာကမြေတွေကို အိန္ဒိယကုမ္ပဏီ တခုက ၀ယ်ထားတယ်။ ဒါကြောင့် ဒီနေရာကဖယ်ပေးရမယ်။ တအိမ်ကို ငွေတသိန်း ပေးမယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူ မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စဉ်ခုန်မော် ကျေးရွာမှ အိမ် ၂၅ ဆောင်ကို ပြောင်းရွှေ့ရန် စီစဉ်နေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ရွာသားများမှ မကျေနပ်သဖြင့် ကျောက်ဖြူရုံးသို့ထိ လာရောက် တိုင်ကြားခဲ့ကြောင်း ပြောကြားသည်။

" ရွာက မိန်းမတွေရော၊ ကလေးတွေ ပါအ၀င် လူတွေက ဆိုက်ကားတွေနဲ့ ရတပ ရုံးကို လာရောက် တိုင်ကြားထားပါတယ်။ အခု ကျွန်တော်တို့ကလည်း ဒီကိစ္စကို ပြည်နယ် ၀န်ကြီးချုပ်ထိ စာရေးပြီး အကြောင်းကြားထားပါတယ်။ အကြောင်း ပြန်ကြားတာတော့ တစုံတရာ မရှိသေးပါဘူး" ဟု ပြောသည်။

ကျေးရွာသားများ လာရောက်တိုင်တန်းကြားပြီးနောက်ပိုင်း ကျောက်ဖြူ မြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စား လှယ် ဦးတင်ဖေကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ဖုန်းဆက် အကြောင်းကြား တင်ပြ ထားသော်လည်း ယနေ့တိုင် တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

" ပြောင်းရွေ့ပေးရမယ့် နေအိမ် တစ်လုံး အတွက် ငွေတသိန်းဆိုတာက မုန့်ဖိုးလောက်လဲ ရှိပါတယ်။ ဒီဒေသမှာ ဓနိ၊ ၀ါးနဲ့ သစ်တွေ အရမ်းဈေးကြီးတော့ ပိုက်ဆံ တစ်သိန်းနဲ့ ဘယ်လိုမှ အိမ်ဆောက်လို့ မရနိုင်ပါဘူး။ ဆင်းရဲ မိသားစုတွေဆိုတော့ သူတို့က ပိုက်ဆံ တစ်သိန်းပေးပြီး ထင်သလို လုပ်တဲ့ သဘောပါ" ဟု သူက ဆက်ပြောသည်။

ယခု ကျောက်ဖြူတွင် နိုင်ငံခြား စီမံကိန်းများကြောင့် အိမ်ရာ ဈေးများ မြင့်တက်နေသဖြင့် အနည်းဆုံး အိမ်တစ်လုံးကို သိန်း ၁၀၀ ခန့် ပေးသင့်သည်ဟု သူက ပြောသည်။ ယခု အိမ်များကို ပြောင်းရွှေ့ခိုင်းနေသည်မှာ အဆိုပါ နေရာတွင် အိန္ဒိယ ကုမ္ပဏီ တစ်ခုမှ စီမံကိန်းရှိ နေ၍ ဖြစ်ကြောင်း သိရသည်။

သူခိုးလက်ကသူဝှက်လု

ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးကမီးမောင်းထိုးပြနေပါသည်။ အမှန်တော့သူဝှက်ကြီးဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေး များကို လက်ညှိုးထိုးနံမည်ကောင်းယူပြီးဂုဏ်သရေရှိရှိဆက်ခိုးကြဘို့သာရှိပေသည်။        
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှကောက်တင်လိုက်သဖြင့်အရှင်မွေးနေ့ခြင်းကြီးဆိုသလိုဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကိုဝေစားမျှစားလုပ်စားနေခဲ့သော် လည်းယ္ခုပြောနေသည့် Transparency ဆိုသည့်စကားထိုအချိန်ကမကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စား လှယ်ဘဝဖြင့်သူ၏သားသမီးများကိုအလွန်ဈေးကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက် ၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကိုသွေးခွဲ၍ခေါင်းဆောင်လုပ် ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။
သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာပြည်သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို “ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကို ဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ ရှေ့တွင်ပြောခဲ့ဘူးသဖြင့်တအံ့တသြနားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်း NCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲမှေးစား နေ စဲပါ။ တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍တိုင်းရင်းသားတော်လှန်ရေးသမားများကိုဆွဲစား ခြင်းဖြင့်တစင်ထောင်ပြီးယူရိုငွေကိုဖေါဖေါသီသီသုံးရင်းတိုင်းရင်းသားခေါင်းဆောင်များ၏နောက်ကွယ်မှစီမံခန့်ခွဲသူဖြစ်လာခဲ့သည်။ အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကိုပြော လာ သောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသောဟန်ညောင်ဝေကနအဖကိုဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို
့လိုတယ်ဆိုပြီးပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။ အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့” ။ DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။
DVB ကို NCGUB  က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့်ပြည်တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။DVB ဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို  ဖလော်ရီဒါမှာ အခုရှိနေတဲ့  ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ  တချိန်ကျရင် ရွှေဖြစ်မှာ"  လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်ထုတ်ဝေရင်ဖြစ်ဖြစ်ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။
ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို  ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေး နိုင်ဘူး ထားဝယ်သားချင်းအတူ တူသူမဟုတ်တာ လုပ် တာ ကိုသိနေလို့မပေါ်အောင်စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်း ရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ် ရေးမှူးဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထား တယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွား ခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေပြီဖြစ်တယ်။ NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက်ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ချစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက် ထားပြီး  ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
 ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊ စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ် ဆိုတာတော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေး ကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး “ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါတာဘဲ” အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခု လုံးကိုခုတုံးလုပ်ပြီးငါတို့ ကိုယ်ကျိုးရှာတော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။ သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လိုအချောင်နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ်လိုက်နေသာသလို အနာမခံအမုန်းမခံဘဲခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။ လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။
တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်
မှတ်ချက်။ DVB

အစိုးရသစ်၏အပြောကရွှေမန်း


အမိမြန်မာနိုင်ငံတော်သည် ယခုအခါ ဖွံ့ဖြီုးစ နိုင်ငံအဖြစ် ရပ်တည်နေရာ မကြာမီကာလအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့်အဆင့်သို့ အချိန်မှီရောက်ရှိစေရန် တာဝန်ရှိသူများမှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။စက်မှုနိုင်ငံ ထူထောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာဂစ်ခရီး စဉ်တွင် ပြောကြောင်း အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။ စက်မှုလက်မှု လုပ်ငန်းများတွင် လည်း  “ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြ” ဟူသော ဆောင်ပုဒ်နဲ့အညီ သွင်းကုန်များအား အဓိက ဦးစားမပေးပဲ   နိုင်ငံတော်ငွေအမြောက်အများရရှိရန် ထုတ်ကုန်များအား အရင်ထက်နှစ်ဆတိုး၍ ပြည်ပသို့ တင်ပို့ လျက်ရှိသည်။ ထို့အပြင် အလားတူ ထုတ်ကုန်များအားလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

ယနေ့ကမ္ဘာ၏  ပထ၀ီနိုင်ငံရေးတွင် အရေးပါသောနေရာသို့ ရောက်ရှိနေပြီး စီးပွားရေးတွင် အရှိန် အဟုန် ပြင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံဒေသ
တွင် စုစုပေါင်းလူဦးရေ ၅၃၇.၁၁ သန်းနေထိုင်လျက်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၈.၆ ရာခိုင်နှုန်းရှိ၍ စီးပွားရေးအရလည်း ကမ္ဘာ့ ကုန်သွယ်မှု ပမာဏစုစုပေါင်း၏ ၅.၈ ရာခိုင်နှုန်းသောဝေစုကို ရယူထားလျက် ရှိသည်။ ဒေသတွင်း လူဦးရေ ၅ သန်းကျော်ရှိသော မြို့တော်ကြီးများဖြစ်သည့် ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ဟိုချီမင်းစီးတီး၊ မနီလာ၊ ရန်ကုန်မြို့များသည် အာဆီယံ၏ စီးပွားရေးတွင် အရေးပါသော မြို့ကြီးများ ဖြစ်ကြသည်။

မိမိတို့နိုင်ငံ၏ မြို့တော်များအား ခေတ်မှီတိုးတက်သော မြို့တော်များအဖြစ်သို့ အဆင့်မြှင့်တင်ရာတွင် မြို့တော်များ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အဓိကထား၍ အလေးပေး ဆောင်ရွက် ကြသည်ကို
တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မြို့တော်၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှသာလျှင် ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်လာမည်ဖြစ်ပြီး စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာ မည် ဖြစ်ပေသည်။ အာဆီယံမြို့တော်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍကို လေ့လာကြည့်လျှင် မိမိတို့တတ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူနှင့် မနီလာမြို့များတွင် မြို့ပြသယ်ယူ ပို့ဆောင်ရေး လိုအပ်ချက်ကို mass rapid transit system ဖြစ်သည့် metropolitan ဖြင့်ပြောင်းလဲဖြည့်ဆည်းပြီးဖြစ်သည်။မြန်မာ
နိုင်ငံတွင် metropolitan မပြောနှင့် ကုန်တင်ကားဟောင်းများကို ရထားဘိန်းများတပ်၍ နယ်အချို့ တွင် ပြေးဆွဲနေကြရသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးဖြင့် ၁၉၆၀ ခုနှစ်လောက်က အောင်မြင်ခဲ့သည်။ ဖွံဖြိုးဆဲနိုင်ငံ များထဲတွင် မြန်မာ နိုင်ငံ၏ လယ်ယာ မြေ ဧက စုစုပေါင်း ၂၃ သန်း အနက် စပါး စိုက်ပျိုးသည့် ဧရိယာ ဟက်တာ ရှစ်သန်း ရှိပြီး စပါး တန်ချိန် သန်း ၃၀ ထုတ်လုပ် လျက် ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှုမြင့် တက်လာသည့် အတွက် ပြည်တွင်း စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖူလုံစွာ ဖြည့်ဆည်း
ပေးနိုင်သည့်အပြင် ပိုလျှံ လျက်ရှိကြောင်းသိရှိရသည်၊ အခြေခံ စားကုန်များ ဖြစ်သည့် ပြောင်း၊ ပဲ အမျိုးမျိုး၊ ဆီထွက် သီးနှံနှင့် စားဖိုဆောင်သီးနှံများ ထုတ်လုပ်မှုသည်လည်း ပြည်တွင်းစားသုံးမှုထက် ကျော်လွန်လျက် ရှိကြောင်း၊ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ ရောင်းချမှုတွင် အာဆီယံဒေသ၌ ဦးဆောင်နိုင်ငံ အဖြစ် ရပ်တည်လျက်ရှိသည်၊ဖွင့်ဖြိုးဆဲကာလတွင် စိုက်ပျိုးရေးနိုင်ငံထူထောင်၍ သဘာဝရေမြေတော
တောင် ရာသီဥတုအရ စိုက်ပျိုးရေးကိုဦးစားပေးဆောင်ရွက်သင့်သည်။

လေတလုံးမိုးတလုံးဖြင့် စစ်ကောင်စီ ဥက္ကဌကြီး၏ ညွန်ကြားချက်ဖြင့် စက်မှုနိုင်ငံလို့ ကြွေကျော်ခဲ့သောလည်း အဌား ဥနှောက်ဖြင့် အတွေးအခေါ်ခေါင်းပါးမှုကြောင့် မိမိတို့ လဒ်စားမှုမျိုးလို ငွေလွယ်လွယ်ရရှိအောင်
မြစ်ဆုံစီမံကိန်းကို ဥက္ကဌကြီးလက်မှတ်ရေးထိုးခဲ့ပြီး လျှပ်စစ်ဓါတ်အားကို (အရင်းမစိုက်လှေထိုးလိုက်)ခဲ့မီ၍ ဥာဏ်ကြီးရှင်တို့ က တိုင်းပြည်ကိုချောက်ထဲထိုးချခဲ့ကြသည်။သယံဇာတပေါကြွယ်ဝသောမြန်မာနိုင်ငံ ကို အခြေခံကျကျ ဥာဏ်အမျှော်အမြင်ဖြင့် တည်ဆောက်ခဲ့လျှင် ယခုအချိန်သည် ဖွင့်ဖြိုးတိုးတက်နေပြီဖြစ် သည်။

မီးမှန်အောင်မပေးနိုင်သောနိုင်ငံက စက်မှုနိုင်ငံလို့ ပြောရဲတာ ရှက်စရာပင်ကောင်းလှပါသည်။ဝမရှိဘဲ ၀ိလုပ် ချင်လို့  နိုင်ငံကိုတရုတ်ကွန်မြုလက်ထဲထိုးရောင်ခဲ့သော ဗိုလ်ချုပ်ကြီးများက သူများနှာခေါင်းပေါက်ဖြင့် အသက်ရှုရန်ကြိုးစားခဲ့၍ အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသည်။တိုင်းပြည်၏အရေးကိစ္စများကိုဆောင်ရွက်ရာ တွင် ပညာရှင်များနှင့် ပြည်သူ့ ဆန္ဒကိုခံယူတတ်သော အလေ့အကျင့်များမရှိဘဲ ထင်ရာလုပ်တတ်သည့် အသိဥာဏ်ခေါင်းပါးမှုကြောင့် တိုင်းပြည် နှစ် ၅၀ နီးပါး ကမ္ဘာနှင့်ယှဉ်လျှင် နောက်ကျကျန်နေခဲ့ရခြင်းဖြစ် သည်။

မြန်မာနိုင်ငံသည် လက်တွေ့ အနေအထားအရ နေ့ စားလစာနှင့်ဝန်ထမ်းလစာများ နှိမ့်ကျနေမှုကြောင့် ကမ္ဘာ့ အလုပ်သမား တနေ့ ဝင်ငွေစံနှုန်း၏ ၁ဒေါ်လာအောက်တွင်ရှိနေပြီး ပြည်သူများစားဝတ်နေရေး မဖြေလည်မှုများဖြင့်ရင်ဆိုင်နေရပြီး လူနေမှုအဆင့်အတန်းနှိမ့်ကျလျှက်ရှိသည်ကို ရန်ကုန်မြို့ တော်ကြီးတွင် ထိုအခြေအနေကို တွေ့ မြင်ရပေမည်။

နာရေးကူညီမူအသင်း၏ဆောင်ရွက်ချက်များ



နာရေးကူညီမှုအသင်း ပေါ်ပေါက်လာစေရန် မျိုးစေ့ချပေးသူ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ဦးသုခအား ရည်ဆူး၍ ဦးကျော်သူနှင့် ဒေါ်မြင့်မြင့်ခင်ဖေ ဦးဆောင်ကာ နာရေး ကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အအုံသစ်ဖွင့်လစ်၍ လူမှုရေး လုပ်ငန်းများတွင် စိတ်ဝင်စားသော ဂီတအနုပညာရှင် များဖြစ်သည့် ကိုရဲလွင်၊ ဆောင်းဦးလှိုင်နှင့် ရုပ်ရှင် ဂီတ ပညာရှင်များနှင့် အသင်းမှ ပြုစုပျိုး ထောင်ထားသော  မျိုးဆက်သစ် ကလေးငယ်များကို မွေးထုတ်ပေးလျှက် ရှိသည်။
အဆိုပါ နာရေးအသင်းကို အားကျအတုယူ၍ တခြားသော ဒေသများတွင်လည်း နာရေးကူညီမှုအသင်းများ ထူထောင်ကြပြီး ဒေသခံများကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြရာ ဆင်းရဲနွမ်းပါးသူ မိသားစုများပါမက တချို့ငွေကြေးတတ်နိုင်သူများကပင် နာရေးကူညီမှု အသင်း(ရန်ကုန်)ကို လေးစားတန်ဖိုးထားကြသည်။

မြန်မာနိုင်ငံ၏ ဒုတိယအဆိုးဝါးဆုံး ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံ၏ ဒုတိယအဆိုးဝါးဆုံး ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များ

စစ်အစိုးရ အာဏာသိမ်းပြီးကတည်းကအမိမြန်မာနိုင်ငံတော်ကြီးသည်  နိုင်ငံပိုင်သတင်းစာတွင် ဘယ်လောက်တိုးတက်နေပါပြီ… ဘာတွေဆောက်ပြီးပါပြီ ဟု ကြေငြာနေသောငြား နိုင်ငံတကာ နှင့် မဆို အိမ်နီးချင်းနိုင်ငံအသေးလေးများ နှင့်ပင် ယှဉ်၍ မရအောင် နိမ့်ကျ ကျန်ခဲ့လေသည်။  ထိုသို့ ဘာကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခတွေများပြီး နိုင်ငံ အဲလောက်ထိ အဆင့်နိမ့်ကျ သွားရခြင်း ၏ အဓိက တရားခံသည် ကဏ္ဍအသီးသီးတွင် အကောင်အထည်ဖော်နေသော ၀န်ကြီးဌာနများ ၏ လာဘ်စားမူနှင့် ကိုယ်ပိုင်ပိုက်ဆံအဖြစ် အိတ်ထဲထည့်ခြင်းကြောင့်သာ ဖြစ်လေသည်...

ယူနီဗာဆယ် ၀ိုင်းတော်သားများသည် အမာခံပြည်သူများ၊ ဒီမိုဘက်တော်သားများနှင့် လက်ရှိအစိုးရအတွင်းရှိ ဒီမိုဝန်ထမ်းပေါင်း များစွာ၏ အကူအညီများကို ရယူကာ ပြည်သူကို အနှိပ်စက်ဆုံးနှင့် ဒုက္ခ၀န်ထုပ်ဝန်ပိုး များကို ပေးသော ၀န်ကြီး ဌာနများ၏ စာရင်းပြုစုခဲ့ပါသည်။ ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်းကြီး ဖြစ်ပြီးချိန်ကစကာ၊ ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င်၊ ၂၀၁၁ လက်ရှိ သမ္မတ ဦးသိန်းစိန် တာဝန်ထမ်းဆောင်နေချိန်အထိ ဒီမိုကရေစီ အင်တာနက်စာမျက်နှာများ၊ ပြည်သူ့အသံများနှင့် ရင်ဖွင့်သံများကိုစုစည်းကာ အဆိုးရွားဆုံး ၀န်ကြီး ဌာနများ၏ ဖြစ်ပျက်ပုံများကို ဖော်ပြပေးလိုက်ပါတယ်…
မြန်မာပြည်သူ လူထုကို ဒုက္ခအပေးဆုံး ၀န်ကြီး ဌာနများကို စာရင်းပြုစုရာတွင် ….
(၁) မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၂) လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(၃) စည်ပင်သာယာ ၀န်ကြီး ဌာန
(၄) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
(၅) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
(၆) စွမ်းအင် ၀န်ကြီးဌာန
(၇) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မူ ၀န်ကြီးဌာန
(၈) နယ်စပ်ရေးရာ ၀န်ကြီးဌာန
(၉) ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေး ၀န်ကြီးဌာန
(၁၀) ကျန်းမာရေး ၀န်ကြီး ဌာန စသဖြင့် အဆင့်ဆင့် ဦးဆောင်နေပါတယ်…

နံပါတ် (၁) အဆိုးရွားဆုံး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကြံ့ဖွံ့ တို့၏ ပြည်သူကို မတရား နှိပ်စက်မူသည် ရာခိုင်နှူန်း ၉၀ ဖြစ်ပြီး၊ ၂ မိနစ် လျှင် တစ်ကြိမ်နှူန်း ရဲ နှင့် ပြည်သူသည် ထိပ်တိုက် ပြဿနာများ ဖြစ်ပွားနေသည်။

နံပါတ် (၂) အဆိုးရွားဆုံး လ၀က ဌာနသည် ရာခိုင်နှူန်း ၆၀ ဖြင့် ပြည်သူကို နှိပ်စက်နေပြီး၊ ၁၀ မိနစ် လျှင် တစ်ကြိမ်နှူန်း လ၀က ၀န်ထမ်းများ၏ ညစ်ပတ်မူများကို အပြစ်မဲ့ပြည်သူများ ခံစားနေရသည်။

နံပါတ် (၃) စည်ပင်သာယာ၏ ဒုက္ခပေးမူသည် ၃၀ မိနစ်တွင် တစ်ကြိမ်နှူန်း ခံစားနေရသည်… လမ်းဘေးဈေးသည်များအဖို့ ဒီထက်ပင်ပိုသည်ဟု ဆိုပါသည်။

နံပါတ် (၄) ဖြစ်သော လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ နှိပ်စက်မူသည် ၁၂ နာရီလျှင် တစ်ကြိမ်နှူန်း ဖြစ်နေသည်… စက်မူဇုံမှ လုပ်သားများနှင့် ဂတ်စ်ထည့်ကားသမားများမှာ ထို နှိပ်စက်မူဒဏ်ကို အလူးအလဲခံနေရသည်။

ကျန်ရှိသော ၀န်ကြီးဌာန များမှာမူ ရက်အလိုက်၊ လအလိုက် ပြည်သူကို ဒုက္ခမျိုးစုံပေးကာ ဂုတ်သွေးစုပ်လျှက်ရှိနေပါသည်…. ထိုသို့ ဒုက္ခမျိုးစုံကြောင့် မြန်မာပြည်သူပြည်သားများသည် ကိုယ်တတ်သည့် အသက်မွေးဝမ်းကျောင်း ပညာဖြင့် ခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်နေရလေသည်….စားဝတ်နေရေးအတွက် အလုပ်လုပ်သော လုပ်ငန်းတိုင်းလိုလို ထို ၀န်ကြီးဌာနများနှင့် ပတ်သတ်ပြီး စိတ်ဆင်းရဲရလေသည်…

အထက်ပါ ၀န်ကြီးဌာနများသည် သူ့လုပ်ငန်းစဉ်နှင့်သူသာ ပတ်သတ်သောလည်းပဲ နံပါတ် (၂) အဆိုးရွားဆုံး လ၀က ၀န်ကြီးဌာနကတော့ အလွန်အရေးကြီးသည့် နိုင်ငံသား ဖြစ်တည်မူနှင့် ပတ်သတ်နေသည်… မြေမြို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်… ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသော လ၀က ၀န်ကြီးဌာနအဖို့ မြေမျို၍ လူမျိုးမပြုတ်၊ လ၀ကမျိုမှ လူမျိုးပြုတ်မည် ဆိုသကဲ့သို့ ဖြစ်နေလေသည်…

ဗမာလူမျိုး မိဘ ၂ ပါး က မွေးဖွား၍ ဗမာစစ်သော မြန်မာလူမျိုးအဖို့ ကိုယ့်နိုင်ငံကပေးသော  နိုင်ငံသားစီစစ်ရေးကဒ်ပြား ကို  တန်ရာတန်ကြေးပေးမှသာ ရလေသည်… လ၀က ဌာန၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀န်ထမ်းတွေ လာဘ်စားသည်ကို စစ်တမ်းကောက်ယူဖို့ကတော့ လွယ်တဲ့အလုပ်တော့ မဟုတ်ပေ…

ထို့ကြောင့် ယူနီဗာဆယ် ၀ိုင်းတော်သားများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်၊ မန္တလေး နှင့် နယ်စပ်မြို့များဖြစ်သော မြ၀တီ၊ မူဆယ်၊ တမူး နယ်စပ်မြို့များမှ လ၀က ၀န်ထမ်းများ လာဘ်ငွေ ပျှမ်းမျှ မည်၍ မည်မျှ ပေးဆောင်ရသည်ကို စစ်တမ်းကောက်ယူထားပါသည်…

လ၀က ၀န်ကြီးဌာန သည် နိုင်ငံသားကဒ်ကို ထုတ်ပေးရာတွင် ဗမာလူမျိုးစစ်စစ်၊ တိုင်းရင်းသား နှင့် ဘာသာခြား ဟူ၍ ခွဲခြားထားသည်… မြို့ကြီး များတွင် တော့ မှတ်ပုံတင်ထုတ်ပေးရတွင် တိုင်းရင်းသားလူမျိုး ပြဿနာသိပ်မရှိပေ… အမေ၊ အဖေကစ၍ အဘိုး၊ အဖွား ရဲ့ အဖေ၊ အမေထိ ဗမာလူမျိုးစစ်သော ဗမာအဖို့ တော့ ဖိုင်ဟောင်းရှာခ၊ တံဆိပ်နှိပ်ခ၊ လက်ဗွေနှိပ်ခ အခမျိုးစုံ၊ ရုံးမျိုးစုံပြေးပြီး အပြီးအစီး
မြန်မာငွေ ၈ သောင်းမှ ၁ သိန်းခွဲ တွင် ကုန်ကျပါသည်…. ထို့နောက် ဗမာလူမျိုးစစ်ပေမယ့် ဘာသာခြားဖြစ်တာကြောင့် ဈေးနှူန်းသည် အပြီးအစီး ၂ သိန်းမှ ၃ သိန်းအထိ လာဘ်ငွေ ယူပြီး လုပ်ပေးပါသည်….

ဒါသည် ဗမာ လူမျိုး စစ်စစ်၏ ဈေးနှူန်းဖြစ်ပြီး ဘာသာခြားလည်းဖြင့်၊ အဖေ၊ အမေ ဒါမှမဟုတ် အဘိုးအဘွားက နိုင်ငံခြားလူမျိုးဖြစ်ပြီး FRC ကိုင်ဆောင်ထားလျှင်တော့ ဈေးနှူန်းသည် သက်ဆိုင်ရာ မြို့နယ်၏ ညွှန်မှူးပါးစပ်ထဲတွင် ဈေးဖြစ်သွားပါသည်….နယ်စပ်မြို့များရှိ လ၀က ဌာနများတွင် တိုင်းရင်းသား မှတ်ပုံတင်ထုတ်ပေးရာတွင်တော့ ၀န်ထမ်းများ၏ ညစ်နည်းမျိုးစုံကိုတွေ့ရပါသည်…

ပြီးခဲ့သည့် အောက်တိုဘာလတွင် သျှမ်းပြည်နယ် တွင် အသက်ကြီးမှ နိုင်ငံသားကဒ်ထုတ်ပေးသော သျှမ်းအဘိုးအို အဖို့ လ၀က ၀န်ထမ်း၏ ပါးရိုက်၍ ပြန်လွတ်သည့် အမူမျိုးတောင် ဖြစ်ပွားခဲ့သလို…. မူဆယ်၊ တာချီလိတ် ရှိ နယ်စပ်ဂိတ်မျာ်းတွင်စစ်သော လ၀က ၀န်ထမ်းများ၏ မိုက်ရိုင်းစွာဆက်ဆံပြီး အနိုင်ကျင့် ပိုက်ဆံတောင်းမူများလည်း ရှိနေပါတယ်….မြ၀တီ လ၀က ဌာနကတော့ ဒီလို အနိုင်ကျင့်မူမျိုး များများစားစား မတွေ့ရပေမယ့် လာဘ်ငွေ တောင်းတဲ့ နေရာမှာတော့ နာမည်ကြီးလှပါတယ်… တိုင်းရင်းသားတစ်ယောက်အဖို့ကော၊ ဗမာလူမျိုး တစ်ယောက်အဖို့ကော ပိုက်ဆံတွေကုန်၊ လူတွေ မောပြီးမှ ထွက်လာတော့ ၃ ခေါက်ချိုးလို မှတ်ပုံတင်မျိုး၊ ပြီးရင်ပြန်လဲဖို့ ရှိသေးတဲ့ အစိမ်းရောင်ကဒ်၊ နောက်ဆုံးမှ နိုင် ပါတဲ့ မှတ်ပုံတင်ကဒ်ထုတ်ပေးပါတယ်…
ရှင်းလင်းသော အရာတွေကို မရူပ်ရူပ်အောင်လုပ်ပြီး ပိုက်ဆံတောင်းတဲ့နေရာမှာတော့ မြို့ကြီး တွေက လ၀က ရုံးတွေထက် မြ၀တီ လ၀က ၀န်ထမ်းတွေ  သာတယ်လို့ အမာခံ သတင်းပေးတွေက ပြောကြပါတယ်….

အထက်တန်းကျောင်းတွေမှာ လ၀က ၁၀ နှစ်ပြည့် မှတ်ပုံတင်ထုတ်ပေးရာမှာလည်း ပုံစံဖြည့်၊ သွေးအမျိုးအစားစစ် တာတွေ အားလုံးကို ၇ ထောင်ခန့် ကုန်ပြီး မိဘက စိတ်ပူပူနဲ့ လ၀က ရုံးကို ပိုက်ဆံနဲ့ လိုက်မှသာ ကိုယ့်သားသမီး မှတ်ပုံတင်ကဒ်ရမှာဖြစ်ပါတယ်… ရုံးမှာ ကဒ်ထုတ်ခက ၂၀၀၀ မှ ၅၀၀၀ အထိ ကုန်ပါတယ်… ဘာသာခြား ကျောင်းသားကိုတော့ ကျောင်းမှာကတည်းက သီးသန့် စီချန်ထားခဲ့ပြီး ရုံးမှာ သွားလုပ်ရင်လည်း ကျောင်းမှာလုပ်ပေးတဲ့ လ၀က ရဲ့သီးသန့်အစီအစဉ်ထဲမှာ မပါဘူးဆိုပြီး အစမှ ပြန်လုပ်ခိုင်းကာ အထက်မှာဖော်ပြတဲ့ လာဘ်ငွေ ဈေးအတိုင်း ဖြစ်လာပါတော့တယ်….

လွန်ခဲ့တဲ့ ၃ နှစ်က  ဒီလို ကျောင်းမှာ ဘာသာခြား ကျောင်းသားတွေကို လုပ်ပေးမလိုလိုနဲ့ ကျောင်းက ပိုက်ဆံတွေကောက်ပြီး မှတ်ပုံတင်မရခဲ့လို့ အထက (၁) တာမွေ  နဲ့ ဗိုလ်တထောင် (၅) က ဘာသာခြားကျောင်းသားလေးတွေ ကျောင်းကလုပ်ပေးထားတဲ့ မှတ်ပုံတင်စာရွက်စာတမ်းတွေ ဆွဲဆုတ်ပြီး ကျောင်းသား နဲ့ဆရာ တွေကြားမှာ အဓိကရုဏ်းပုံစံမျိုးဖြစ်ပွားခဲ့ပါတယ်....

လ၀က ၀န်ကြီးဌာနက အထပ်ထပ်အခါခါ လာဘ်ငွေစား စစ်ဆေးပြီး လုပ်ပေးလိုက်တဲ့ နိုင်ငံသားစီစစ်ရေးကဒ်ဟာ တစ်ချို့ တိုင်းရင်းသားတွေတောင် မြန်မာနိုင်ငံထဲ ခရီးသွားတာ ထောက်ခံစာယူနေရပါတယ်…. နယ်စပ် စစ်ဆေးရေးဂိတ်တွေ၊ အဝေးပြေးဂိတ်တွေ၊ အဝေးပြေး ကားပေါ်တွေ၊ ရထားတွေပေါ်မှာ နိုင်ငံသားကဒ်စစ်လို့ ရှိရင် ၅၀၀ နဲ့ ၁၀၀၀ ကြား၊ မရှိရင် ၂၀၀၀ နဲ့ ၄၀၀၀ ကြား မသင်္ကာရင် စစ်ဆေးထိန်းသိမ်းထားပြီး ကိုယ့်မှာရှိတာပါ အကုန်သိမ်းခံရပါတယ်…. ကျန်းမာရေး ကဏ္ဍ အနေနဲ့ကြည့်လို့ရှိရင်လည်း ကိုယ်မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်လို့ ဘာအခွင့်ထူး မှ ခံစားခွင့်မရှိပါဘူး…. ပိုက်ဆံ ပါမှသာ ဆေးကုနိုင်ပါတယ်…. နောက်ဆုံးကုန်ကုန်ပြောရရင် လ၀က ထုတ်ပေးလိုက်တဲ့ နိုင်ငံသားစီစစ်ရေးကဒ်ဟာ ပလပ်စတစ် အမာစားသာ မလောင်းထားရင် ဘယ်လိုမှ ကိုင်လို့ မရတဲ့ အနေအထားမှာရှိပါတယ်….

ထို့ကြောင့် နိုင်ငံတော်ကို ပွင့်လင်းတဲ့ ဒီမိုကရေစီ စနစ်သစ်တွေနဲ့ ဆက်သွားမယ်လို့ ပြောတဲ့ သမ္မတ ဦးသိန်းစိန်၊ ဒီမိုဘက်တော်သားပါလို့ ကိုယ့်ကိုကိုယ် ၀န်ခံ တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ၆ ကျပ်နဲ့ နိုင်ငံသားကဒ်ကို ထုတ်ပေးပါ့မယ်ဆို တဲ့ ကတိစကားကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ကြိုးစားပါလိုတိုက်တွန်းရင်


ပိုကျသွားသော ဓနုတ်စေတီ ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ သိန်းပေါင်း တသောင်းကျော် လိုအပ်သည်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစု ဦးစီး ထီးတော်တင်ပြီး မကြာမီ ပြိုကျသွားသော ရန်ကုန်မြို့ပြင်ရှိ သမိုင်းဝင် ဓနုတ်စေတီ ပြန်လည် တည်ဆောက်ရန် အလှူငွေ အများအပြား လိုအပ်နေသဖြင့် ရွှေတိဂုံဘုရားတွင် အလှူခံလျက်ရှိသည်။

၂၀၀၉ ခုနှစ် မေလက ဓနုတ်စေတီတွင် ထီးတော် တင်လှူ ပူဇော်နေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိသားစု 
သို့သော်လည်း အလှူငွေ အနည်းငယ်သာ ရသေးသည်ဟု ဓနုတ်စေတီဂေါပကအဖွဲ့ ထံမှ သိရသည်။

“စေတီတော်ကြီးပြန်တည်ဖို့ လိုတာက ကျပ်သိန်းပေါင်း ၁၃၀၀၀ လိုတယ်။ အခု ရွှေတိဂုံမှာ အလှူခံနေပါတယ်။ တနေ့ကို သုံးသိန်းလောက် ရတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ အလှူငွေကို ရဖို့ နှစ်ပေါင်းများစွာ အလှူခံရမလို ဖြစ်နေတယ်” ဟု အလှူခံရာတွင် ပါဝင်သည့် ဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။

ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျပြီး ၂ နှစ်ခွဲကျော် အကြာတွင် ဒေသခံများနှင့် ဘုရားဂေါပကအဖွဲ့က ပြန်လည် တည်ဆောက်ရေး အလှူငွေ စတင် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်ဒေသခံတဦးက “စေတီ ပြန်တည်ဖို့ မြေတိုင်းတာတွေ ဘာတွေကိုတော့ ရွှေသံလွင်ကုမ္ပဏီက လုပ်ပါတယ်။ သို့သော်လည်း ကုမ္ပဏီဘက်ကလည်း သိပ်ပြီးတော့ တက်တက်ကြွကြွ မရှိဘူး။ ဘယ်အချိန်မှ စေတီကြီး ပြန်တည်နိုင်မလဲ ဆိုတာ တိတိကျကျ ရေရေရာရာ မရှိဘူး” ဟု  ဆိုသည်။

၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီးပြီး ထီးတော် တင်လှူခဲ့သော ဓနုတ်စေတီကြီးသည် ၂၃ ရက်အကြာတွင် ပြိုကျခဲ့သည်။

ယခုနှစ် မတ်လကုန်ပိုင်းက စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု၏ လှုပ်ရှားမှုများကို အစိုးရမီဒီယာများတွင် ဖော်ပြခြင်း မရှိတော့ပေ။

သို့သော်လည်း  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံကို အစိုးရ၀န်ကြီးရုံးများ အပါအ၀င် ဌာနဆိုင်ရာများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုက စေတီမပြိုကျမီ မွမ်းမံပြင်ဆင်မှု၊ ထီးတော်တင်မှုတို့တွင် ပါဝင်ခဲ့သော်လည်း ယခု  ပြန်လည် တည်ဆောက်ရေး အစီအစဉ်တွင် ပါဝင်လှူဒါန်းမှု မပြုလုပ်တော့ကြောင်း သိရသည်။

ဓနုတ်စေတီပြိုကျမှုတွင် လူ ၂၀ ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု  ဒေသခံများက ပြောသည်။

အစိုးရ၏ ထုတ်ပြန်ချက်တွင်မူ သေဆုံးသူ ၂ဦး၊  ဒဏ်ရာရသူ ၃၄ ဦး ရှိသည်ဟု ဖော်ပြခဲ့သည်။

စေတီကို မူလပုံစံအတိုင်း ဖြစ်စေရန် တည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများ ရှိခဲ့ကြောင်း၊ မိုးမကျမီ ပြင်ဆင်မှုလုပ်ငန်း အပြီးသတ်ရန်  ကြိုးစားရာတွင် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ကြောင်း စသည်ဖြင့် စေတီ ပြိုကျရသည့် အကြောင်းရင်းကို အစိုးရက ထုတ်ပြန်ခဲ့သည်။

ဓနုတ်စေတီကြီးကို သာသနာ သက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခဲ့ကြောင်း၊ ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည် တွင်ခဲ့ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။

စေတီကြီးကို ဗညားဦး၊ သုတသောမ ရာဇဓိရာဇ်၊ ရှင်စောပု၊ ဓမ္မစေတီ၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ သာလွန်မင်း၊ မင်းရဲကျော်ထင်၊ ဘိုးတော်မင်းတရား စသည့် မွန်၊ မြန်မာ ဘုရင် အဆက်ဆက်က ပြုပြင် ကိုးကွယ်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။