Tuesday, October 4, 2011

နောက်လိုက်မှု .................



အလက်ဇန်းဒါးဟာ အိန္ဒိယကို အောင်နိုင်ခဲ့တယ်။
သူတစ်ယောက်တည်းနဲ့လား။
ဆီဇာဟာ ဂေါလ်တွေကို အနိုင် တိုက်ခဲ့တယ်။
သူ့တပ်မှာ ထမင်းချက် တစ်ယောက်တောင် မပါဘဲနဲ့လား။
စပိန်ဘုရင် ဖိလစ်ဟာ သူ့ရေတပ်မတော်ကြီး နှစ်မြှုပ် ဖျက်ဆီးခံရချိန်မှာ
မျက်ရည် ကျသတဲ့။ အခြားသော မျက်ရည်များရော မရှိခဲ့လေသလား။
ဘားထရော့ ဘရီချက်


၁၉၃၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ်
ရေးခဲ့သော မြန်မာပြည်အကြောင်း ၀တ္ထုတစ်ပုဒ်။ ထိုစဉ်က ဗြိတိသျှ
နေမ၀င်အင်ပါယာ၏ အရာရှိလေး တစ်ဦး ဖြစ်ခဲ့ဖူးသော အော်ဝဲလ်သည် ကိုယ်တွေ့
ကြုံခဲ့ရသော ဖြစ်ရပ် တစ်ခုကို 'ဆင်ပစ်ခြင်း' (Shooting an Elephant)
အမည်ဖြင့် ရေးခဲ့ဖူးသည်။

တစ်နေ့မှာ ဂျော့ခ်ျအော်ဝဲလ်ထံ ဖုန်းဝင်လာသည်။ မဝေးလှသော တစ်နေရာမှာ
ခိုင်းဆင် တစ်ကောင် စိတ်ရိုင်းဝင်ပြီး ဈေးတစ်ဈေးကို ဖျက်ကာ
လူတစ်ယောက်ကို နင်းသတ် သွားခဲ့သည်။ ဒီအခြေအနေကို အော်ဝဲလ် ကိုင်တွယ်
ရတော့မည်။

သူရောက်သွားသော အချိန်တွင် လူအုပ်ကြီးက သူ့ကို ၀ိုင်းလာကြသည်။
ရိုင်ဖယ်ကို လွယ်ထားသော သခင်ကြီး၏ ဆင်ပစ်ပွဲကို ကြည့်ဖို့။ဒီအချိန်မှာ
ဆင်ကြီးက ပုံမှန် ပြန်ဖြစ်နေပြီ။ ဂျော့ခ်ျအော်ဝဲလ် ရေးထားသည့် အတိုင်း
ဆိုလျှင် ''မြက်ဖုတ်ကို ဆွဲဆုတ်ပြီး သူ့ဒူးကို သန့်စင်နေသည်။
ယင်းမြက်တို့ ကိုပင် မြိန်ရည်ယှက်ရည် စားနေပြန်သည်'' ဟူ၍ ဖြစ်သည်။
ပုံမှန် ပြန်ဖြစ်နေသော ခိုင်းဆင် တစ်ကောင်ကို သတ်ပစ်ဖို့ သူ့မှာ အကြောင်း
မရှိတော့။

သို့ပေမဲ့ သူ့နောက်က လူအုပ်ကြီး၏ ဆန္ဒက ပြင်းပြလွန်း လှသည်။ လူက
နှစ်ထောင်လောက် ရှိလာသည်။ သူတို့ နားလည် ထားသည်က ဒီဆင်ကို ပစ်ရမည်၊
ပစ်မည့်သူက အော်ဝဲလ်။ သူ့မှာ ရွေးချယ်စရာ မရှိ။ ပစ်လိုက်ရသည်။
အာဏာပိုင်သည် ဆိုသော အနေအထားကို ရယူထားသူ၊ ရိုင်ဖယ် သေနတ်ကြီးကို
ကိုင်ထားသူ အော်ဝဲလ်သည် ''သူ့ကို ရှေ့ဆက်ရန် ဖိအားပေးနေသော တွန်းလှန်
မရနိုင်လောက်အောင် ကြီးမားလှသော လူနှစ်ထောင်၏ ဆန္ဒ'' အောက်တွင်
ရောက်သွားခဲ့သည်။

သူလွန်ဆန်ခဲ့လျှင် ဒီလူအုပ်ကြီးကသူ့ကို တစ်စစီ ဆွဲဖြဲပစ်မှာကိုလည်း
သူကြောက်မိ ခဲ့သည်ဟု ဆိုသည်။ အော်ဝဲလ် ရေးသွားသော ၀တ္ထု နောက်ဆုံး
စာသားမှာ ''သေနတ်ကို ကိုင်ပြီး လက်နက်မဲ့ ဒေသခံတို့ ရှေ့တွင် ရပ်နေသော
လူဖြူ ကျွန်တော်သည် ဒီဇာတ်လမ်း၏ ဇာတ်လိုက် ကျော်ကြီးဟု ထင်နေရသည်။
စင်စစ်တွင်ကား နောက်တွင်ရှိသော မျက်နှာဝါတို့ ဆန္ဒအရ ကြိုးဆွဲရာ ကရသည့်
ရုပ်သေးရုပ် မျှသာ ဖြစ်နေတော့သည်'' ဟူ၍ ဖြစ်သည်။ ဒီဇာတ်လမ်းသည် မည်သူက
နောက်လိုက်၊ မည်သူက ခေါင်းဆောင် ဆိုခြင်းအတွက် တွေးစရာတွေ အများကြီး
ပေးနေသည်။ ကျွန်တော်တို့ တစ်တွေက ခေါင်းဆောင်မှု အကြောင်းကိုပဲ
ပြောနေကြသည်။ နောက်လိုက်မှု အကြောင်းကိုတော့ မေ့လျော့ ထားကြသည်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်သည်။ အားလုံးလိုလို၏ ငယ်ငယ်တုန်းကလည်း
ဒီလိုပဲ ဖြစ်မည် ထင်သည်။ စူပါမင်း၊ ဘတ်မင်န်း၊ မျောက်မင်းဝူခုန်း စသော
စသော စူပါဟီးရိုးတွေ။ ကျွန်တော်တို့ သိပ်ကြိုက် ခဲ့ကြသည်။ ၀ါးလုံးကလေးကို
အချောသပ်၊ တိုအောင်ဖြတ်ပြီး ၀ူခုန်းကြိမ်လုံး လုပ်ကြသည်။

မျက်နှာသုတ်ပ၀ါကိုယူ၊ ကျောမှာချည်ပြီး စူပါမင်းန် လုပ်ကြသည်။ အကုန်လုံး
ဝူခုန်း၊ အကုန်လုံး စူပါမင်းန် ဖြစ်သည်။ မှတ်မိ သလောက်ကတော့ ပါကျဲ
လုပ်ချင်သည့်သူက အတော်ရှားသား။ နောက်ပိုင်းမှာ ပါဝါရိန်းဂျားလို
အဖွဲ့လိုက်ပါသော သူရဲကောင်းတွေ ပေါ်လာတော့ နည်းနည်း အဆင်ပြေသည်။ အနီကောင်၊
အစိမ်းကောင်၊ အ၀ါကောင် ခွဲလုပ်ရသည်။ ဒါတောင် အနီကောင် လုပ်ချင်သည့်သူက
များသည်။ သူက ခေါင်းဆောင်ဖြစ်သည် မဟုတ်ပါလား။ (တစ်ချို့
ဇာတ်လမ်းတွေမှာတော့ ပါဝါရိန်းဂျားက ခြောက်ယောက် ရှိပြီး အဖြူကောင်ပါ
ပါလာသည်။ သူက ဟိုငါးယောက်စာလောက် စွမ်းတော့ အဖြူကောင်ပါလျှင် အားလုံးက
အဖြူကောင် ဖြစ်ချင်ကြပြန်သည်) သူရဲကောင်းလုပ်တမ်း ကစားခဲ့ဖူးသည်။
ကမ္ဘာကြီးကို ကယ်တင်သော ဇာတ်လိုက်ကျော်ကြီးတွေ ကျွန်တော်တို့ ကလေးဘဝ
အိပ်မက်ထဲမှာ ရှိခဲ့သည်။

စာလေးဘာလေး တူတူတန်တန် ဖတ်လာတော့လည်း သူရဲကောင်း ဖြစ်ခဲ့သော
ခေါင်းဆောင်တွေကို ကျွန်တော်တို့ အားကျကြသည်။ ကြည်ညိုကြသည်။
ထို့ထက်ပိုလျှင် သူတို့လို ဖြစ်လိုကြသည်။ ဗိုလ်ချုပ် အောင်ဆန်းမှ စပြီး
ဂန္ဒီ၊ လင်ကွန်း၊ အလက်ဇန်းဒါး၊ ဒီကနေ့ခေတ် အိုဘားမား အထိ ဖြစ်သည်။ ယခု
ကာလမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးထားသည့် စာအုပ်တွေ အရမ်း
ရောင်းကောင်းလှသည်။ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု အကြောင်း ရေးထားတာတွေ
ဖတ်ကြသည်။ အဓိကက လူငယ်တွေ ဖြစ်သည်။ ကျွန်တော်တို့ အပါအ၀င် ဖြစ်သည်။
ကျွန်တော်တို့တွေ အားကျကြသည်။ သူတို့လို ဖြစ်လိုကြသည်။ သူတို့လို
ခေါင်းဆောင်မျိုးကို တောင့်တကြသည်။ အနာဂတ်အတွက် ကောင်းသည့်လက္ခဏာ ဖြစ်သည်။

တစ်ခုတော့ရှိသည်။လက်တွေ့ဘ၀မှာ ကျွန်တော်တို့အားလုံး
ခေါင်းဆောင်လုပ်လို့မရ။ ကြည်ညိုရုံ ကြည်နေရုံနဲ့လည်း မရ။
ခေါင်းဆောင်ဖြစ်ဖို့ အတွက် အနည်းဆုံး နောက်လိုက် တစ်ယောက်တော့ ရှိဖို့
လိုသည်။ ခေါင်းဆောင်မှုသည် နယ်ပယ် အသီးသီးမှာ အဆင့်လိုက် ရှိနေသည်။
ကျွန်တော်က ဒီလူတွေကို ခေါင်းဆောင်ရပေမဲ့ ကျွန်တော့်အထက်မှာ
ကျွန်တော်တို့ကို ပြန်ပြီး ခေါင်းဆောင်သူတွေ အဆင့်ဆင့် ရှိနေနိုင်သည်။
နယ်ပယ်စုံမှာ ဖြစ်သည်။ တစ်ခါတစ်ရံ ကျတော့ ကျွန်တော်တို့ နောက်လိုက်
လုပ်ဖို့ လိုလာသည်။ ခေါင်းဆောင် ဖြစ်ချင်တာလား၊ ဖြစ်စေချင်တာကို
ဖြစ်သွားစေချင်တာလား ဆိုတာကို စဉ်းစားရသည့် အခါမျိုးတွေ ရှိလာသည်။

တကယ်တမ်းကျတော့ နောက်လိုက်တို့၏ အစွမ်းအစကို လျော့တွက်မိကြခြင်း ဖြစ်သည်။
ကမ္ဘာပေါ် မှာတောင် နောက်လိုက်မှုနှင့် ပတ်သက်ပြီး ရေးထားသော စာအုပ်က
များများစားစား မရှိလှ။ သိပ်မရှိတာက ဖတ်မဲ့သူ မရှိလို့လည်း ဖြစ်သည်။
ခေါင်းဆောင်မှုကို သရုပ်ခွဲသလောက် နောက်လိုက်မှုကို ကျတော့ သရုပ်ခွဲပြတာက
နည်းလှသည်။

လွတ်လပ်သော ခွဲခြမ်းစိတ်ဖြာတတ်သော အတွေးအခေါ်၊ မှီခိုတတ်သော
ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း မရှိသော အတွေးအခေါ် ဆိုသော ပုံစံနှစ်မျိုးကို
တက်ကြွသော မတက်ကြွသော ဆိုသော ပုံစံနှစ်မျိုးကို တွဲလိုက်သော အခါ လေးမျိုး
ရလာသည်။ ဒါက ရောဘတ်ကယ်လီ၏ပုံစံ ဖြစ်သည်။ လွတ်လပ်သော ခွဲခြမ်း
စိတ်ဖြာတတ်သော ဆိုသော နာမ၀ိသေသနနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင်
စံနမူနာပြ နောက်လိုက်ကောင်း ဟူ၍ ဖြစ်လာသည်။

မှီခိုတတ်သောနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင်လည်း ခိုင်းသည့် အတိုင်း
လုပ်တတ်သော သစ္စာရှိ နောက်လိုက်ကောင်း ဖြစ်လာသည်။ မတက်ကြွသော ဆိုသော
နာမ၀ိသေသနနှင့် လွတ်လပ်သော အမြင်ကိုပဲ ပေါင်းလျှင်လည်း ဘေးလူလို
ဖြစ်သွားသည်။ မှီခို တတ်ရသည့်အထဲ မတက်ကြွလျှင်တော့ ခပ်ညံ့ညံ့ပဲ
ဖြစ်သွားနိုင်သည်။ ဒီလေးမျိုးစလုံး ဖြစ်သွားနိုင်သော လက်တွေ့ ပဓာန
ဝါဒီများလည်း ရှိသည်။ ရောဘတ်ကယ်လီ၏ ပုံစံ အရ ဖြစ်ပါသည်။ သူ့ပုံစံက
နားလည်ဖို့ နည်းနည်းရှုပ်သည်။

ဒီဆောင်းပါး ဖြစ်လာစေသည့် မူရင်းစာအုပ်ကို ရေးသူ ဘာဘရာကဲလားမင်းန် ကတော့
ငါးမျိုး ခွဲပြသည်။ တစ်သီးတခြား ဘေးထွက် ထိုင်နေသူများ(Isolates)၊
မပါဝင်ဘဲဘေးမှ ရပ်ကြည့်သူများ (Bystanders)၊ ပါဝင်သူများ (Participants)၊
တက်ကြွ လှုပ်ရှားသူများ(Activist)၊ ယုံကြည်မှုအရ အဆုံးစွန် စွန့်လွှတ်
ရဲသူများ (Diehard) ဟူ၍ ဖြစ်သည်။ ဘယ်လို လူမျိုးတွေက သက်ဆိုင်ရာ
လူ့အဖွဲ့အစည်း အတွက် သင့်တော်မည် ဆိုသည်ကတော့ ရှင်းပြစရာ မလိုဟု ထင်သည်။

ပြဿနာက ကျွန်တော်တို့သည် မလုပ်ချင်ဘဲ နောက်လိုက် ဖြစ်လာရသော အခါမှာ
ဘေးထွက် ထိုင်ဖို့၊ ရပ်ကြည့်နေဖို့ ရွေးတတ်သည်က များနေသည့် ကိစ္စ ဖြစ်သည်။
သည့်အတွက်ကလည်း အကြောင်း ပြချက်တွေက ခိုင်ခိုင်လုံလုံ ရှိနေတတ်သည်။
နောက်က လိုက်လျှင်လည်း မျက်စိမှိတ်ပြီး လိုက်တတ်ကြသည့် ပြဿနာ ဖြစ်သည်။

နောက်လိုက် မလုပ်ချင်ကြသူများ၏ အကြောင်းကို စပြောရလျှင် ပထမတစ်မျိုးက
ငါပါလည်း မထူးပါဘူး။ ဖြစ်လာမှ မဟုတ်တာ ဆိုသော သူမျိုး ဖြစ်သည်။ အစက
တို့မပြောဘူးလား ဆိုပြီး ဖြစ်မလာမှု အပေါ် ကျေနပ် တတ်ကြသည်။ မရေရာသော
လောကကြီးဝယ် လုပ်မကြည့်ဘဲနှင့် မဖြစ်နိုင်ဟု ဘယ်လိုမှ ပြော၍ မရ။

ငါတတ်ထားသော ပညာတွေနဲ့ ငါ့လောက် မတတ်သူဆီမှာ နောက်လိုက် မလုပ်နိုင်
ဆိုသော အတွေးအခေါ် မျိုးကလည်း ရှိသည်။ မှန်ပါသည်။ ကိုယ်ကိုယ်တိုင်
ဖြစ်စေချင်တာလည်း မဟုတ်ရင်တော့ ကိုယ့်လောက်မှ မတတ်သူထံမှာ
ဘာအကြောင်းနဲ့မှ နောက်လိုက် လုပ်စရာမလို။ သို့ပေမဲ့ ရင်ခုန်သံချင်း
တူရင်တော့ လက်တွဲဖို့ လိုကောင်းလိုနိုင်သည်။ကိုယ်တတ်

ထားတာ ဘာလဲ ဆိုတာလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုသည်။ ဒီလူတွေ အသုံးမှ မကျတာ၊ ငါသာ
ဆိုရင်တော့ဟု ပြောဖို့က လွယ်ပါသည်။ သူတို့ ပြောသလို အသုံးမကျသည်
ဆိုခြင်းကလည်း မှန်သည့်အခါ မှန်ပါသည်။

''ကျွန်တော် ၀င်ပါမယ်။ ထိပ်တန်း တစ်နေရာရဖို့ ကျွန်တော့်မှာ
ထိုက်တန်တယ်'' ဆိုတာ မျိုးကလည်း အပြောနှင့် လုပ်လို့မရ။ တရုတ်
သိုင်းကားတွေ၊ သိုင်းဝတ္ထုတွေထဲကလို ချောက်ထဲကျ၊ သိုင်းကျမ်းကြီး ရပြီး
လူဆိုးတွေကို တစ်ယောက်တည်း ချမယ် ဆိုသော စိတ်ကူးမျိုး ဖြစ်သည်။ အောက်ခံ
ဘောင်းဘီ အပြင် ထုတ်ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် စူပါမင်း ထင်နေကြသူမျိုး
ဖြစ်သည်။

နောက်တစ်မျိုးက နောက်လိုက်ကောင်းပင် ဖြစ်သော်လည်း အလုပ်မဖြစ်နိုင်သည့်
ပြဿနာ ဖြစ်သည်။ အထက်က ညွှန်ကြားချက်ကို စောင့်သည်။ သစ္စာရှိသည်။ သို့ပေမဲ့
အဖြေထွက်ရေးသည် ကိုယ့်ကိစ္စ မဟုတ်ဟု ခံယူထားသည်။ ဟိုတလောက ကျွန်တော့်အဖေ
ပြောဖူးသည်။ သူ့သူငယ်ချင်း အသက် ၆၀ နီးပါး ရှိပြီ။ ကိစ္စတစ်ခု ဖြစ်လာတော့
အဖေက စိတ်ဝင်စားလို့ ဖုန်းဆက်မေးသည်။ ''အဲဒါ လူကြီးတွေ လုပ်နေတယ်၊ ငါတော့
မသိသေးဘူး''လို့ သူပြန်ဖြေတော့ အဖေက ''မင်း ဒီလောက် အသက်ကြီးတာတောင်
လူကြီး မဟုတ်သေးဘူးလား''ဟု ပြန်မေးခဲ့ရသည့် အကြောင်း အားမလို အားမရ
ပြောပြဖူးသည်။

ဘေးထွက်ထိုင်ပြီး ဘုပြောသည့် လူတန်းစားနှင့် လူဦးရေ မတိမ်းမယိမ်း
ရှိသည်က နောက်တစ်မျိုး ရှိသေးသည်။ ငယ်စဉ်ကတည်းက မည်သည့် အချိန်တွင်
လက်ညှိုး ထောင်ရမည်ကို ကောင်းစွာ သိရှိပြီး ကြီးပြင်း လာသောအခါ ခေါင်းကို
လျင်မြန်စွာ ညိတ်တတ်လာသော လက်ခုပ်တီးရာတွင် ကျွမ်းကျင် လိမ္မာသည့်
နောက်လိုက်များ ဖြစ်သည်။

ခေါင်းဆောင်မလုပ်ဘဲ နောက်လိုက်လုပ်ဖို့ပဲ ပြောနေခြင်းဟုတော့ မထင်စေလိုပါ။
အမေရိကန် သမ္မတ စနစ်နှင့် ခေါင်းဆောင်မှု အကြောင်း ဖတ်ဖူးသော စာအုပ်တစ်အုပ်
ရှိသည်။ ဆစ်ဒနီမီလ်ကစ်၏ The American Presidency: Origins and
Development, 1776-1993 ဆိုသော စာအုပ် ဖြစ်သည်။ ၁၇၈၇ ခုနှစ်တုန်းက
အမေရိကန်တို့၏ နိုင်ငံသစ် တစ်ခုကို မွေးဖွားရေး ကြိုးပမ်းမှု အကြောင်း
ဒီအထဲမှာ ဖတ်ရသည်။ အဲဒီတုန်းက ခေါင်းဆောင် လုပ်နိုင်သူတွေက များလှသည်။
ပြည်နယ် အသီးသီးမှ တက်လာသော ခေါင်းဆောင်တွေ အားလုံးသည် အမေရိကသစ်ကို
ဦးဆောင် နိုင်ကြသူတွေချည်း ဖြစ်သည်။ အသက်အကြီးဆုံး ဘင်ဂျင်မင်ဖရင်ကလင်
(၈၁ နှစ်)က လွဲပြီး အားလုံး လူရွယ်တွေ၊ လူငယ်တွေက များသည်။ ဒီအထဲမှ
ထင်ရှားသည်က ဗြိတိသျှ တို့ကို တွန်းလှန်ခဲ့ရာတွင် ဦးဆောင်ခဲ့သည့်
ဗိုလ်ချုပ်ကြီး ၀ါရှင်တန် ဖြစ်သည်။ သူ့ကို လူပိုသိသည်။ ဒါကြောင့်ပဲ
သူ့ကို ပထမဆုံး သမ္မတ အဖြစ် ရွေးကောက် လိုက်ကြသည်။ သမိုင်းတွင်မည့်
အခွင့်အရေးကို ၀ါရှင်တန်ကို ပေးလိုက်ကြသည်။ သမိုင်းအတွက် အရေးကြီးသော
ကာလတွင် ခေါင်းဆောင်နေရာ လုခြင်းဖြင့် အချိန် မဖြုန်းဘဲ၊ မင်းသားကြီး
မလုပ်ရလို့ ပတ်မကြီး မဖောက်ဘဲ ပိုသင့်တော်သူကို ခေါင်းဆောင်နေရာ
ပေးခဲ့ကြသည်။

နိုင်ငံရေး၊ သိပ္ပံ၊ ဂီတစွယ်စုံရ သုခမိန် ဖြစ်သော ဘင်ဂျမင်ဖရင်ကလင်လို
ပုဂ္ဂိုလ်ကြီးမျိုး ပါသည်။ အမေရိကန် အခြေခံ ဥပဒေ၏ ဖခင်ကြီး၏
သမိုင်းမှတ်တမ်း တင်ခံရမည့် ဂျိမ်းစ်မက်ဒီဆင်လည်း ပါသည်။ လူတော်တွေ
များလှသည်။ ထိုစဉ်က အငယ်ဆုံး ကိုယ်စားလှယ်က ၂၆ နှစ် ဖြစ်သည်။
အခြားအခြားသော ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေလည်း အမေရိကသစ်ကို
တည်ထောင်မည့် စုဝေးမှုမှာ ပါခဲ့ကြသည်။ ၀ါရှင်တန် နှစ်ကြိမ် သမ္မတ လုပ်ပြီး
ဆင်းပေးသည့်နောက် အဲဒီတုန်းက လွတ်လပ်ရေး တိုက်ပွဲမှာ ပါခဲ့ကြသည့်
ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် သမ္မတ ဖြစ်လာကြသည်။ ဂျွန်အဒမ်၊
သောမတ်စ်ဂျက်ဖာဆင်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဂျိမ်းစ်မွန်ရိုး။
ဒီအချိန်တွင်တော့ အချင်းချင်း ပြိုင်ကြရသည် ဆိုတာ ရှိလာခဲ့သည်။

ခေါင်းဆောင်ဖြစ်နိုင်စွမ်း ရှိသူတို့သည် တစ်ချိန်တွင် ခေါင်းဆောင် ဖြစ်လာ
နိုင်ပါသည်။ ခေါင်းဆောင်ကောင်း တို့သည် နောက်လိုက်ကောင်းလည်း
ဖြစ်ဖူးသည်ကို မေ့မထားရန် လိုပါသည်။

သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ မသိကိန်းကို ရှာရာမှာ ညီမျှခြင်းချဖို့ လိုပါသည်။
တူရာတွေကိုတွဲဖို့ လိုပါသည်။ ညီမျှခြင်း ဟိုဘက်ဒီဘက် ချေသင့်တာတွေ
ချေရပါမည်။ သို့မှသာ မသိကိန်း အဖြေထွက်မည် ဖြစ်ပါသည်။ ဘ၀များနှင့်
ဆိုင်သော ပုစ္ဆာ တို့ကို အဖြေထုတ်ရာမှာလည်း ဒီလိုပဲ ဖြစ်သည်။ အဖြေ
ထုတ်ရာမှာ ခေါင်းဆောင် အနေဖြင့် ပါဝင်ခွင့် ရချင်မှ ရပါလိမ့်မည်။
သို့ပေမဲ့ နောက်လိုက်လုပ်ခွင့် ဆိုသည်ကတော့ ရှိနေပါသည်။
နောက်လိုက်တို့သည် အပြောင်းအလဲ၏ တမန်များ ဖြစ်သည် ဆိုခြင်းကိုတော့
မေ့လျော့မထားဖို့ လိုပါလိမ့်မည်။ နောက်လိုက်တို့သည် ခေါင်းဆောင် တို့ကို
စေ့ဆော်ပြီး အပြောင်းအလဲကို ဖန်တီးနိုင်သည် ဆိုခြင်းကို ယုံကြည်မှုရှိရန်
လိုပါသည်။

ကျွန်တော်လည်း ဂျိမ်းစ်မက်ဒီဆင်ကို အားကျပါသည်။ သူ့လို ဖြစ်လိုလှပါသည်။
အခုနေ အခါမှာတော့ နောက်လိုက်ကောင်း ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ပါသည်။

Ref: Follwership: How Followers are Creating Change and Changing
Leaders by Barbara Kellerman
(စာကြွင်း။ ဆရာမြသန်းတင့်က အင်ဒရေမော်ရွိုင်း၏ The Art of Living ကို
ဘ၀နေနည်း အနုပညာဟု ပြန်သည်ကို နှစ်သက်သောကြောင့် နောက်လိုက်မှုကို
အတတ်ပညာဟု မယူဘဲ အနုပညာဟု ယူပါသည်)

ဇာဂနာ့ အရေးအသားများ


> ပုရွက်ဆိတ်နဲ့ ပရုတ်ဆီ
> ဇာဂနာ

> အငြိမ့်ခန်းရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့
> ဖောက်သည်ချချင်လာပါ တယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ
> အဖမ်းခံခဲ့ရတုန်းကပေါ့။ထောင်ထဲမှာ အခန်းဖော်လည်းမရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား
> မေ့သွားမှာစိုးလို့ အခန်းထဲရောက်လာတဲ့ ကြွက်တွေ၊ ပိုးဟပ်တွေ၊ အိမ်မြှောင် တွေ၊
> ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ်
> လိုက်ပြော နေရတာ။

>
> တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း
> တစက်မှ မရှိဘူး။ စဉ်းစားလေ၊ ဘယ့်နဲ့ .. ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ
> ငါးခြောက်ဖတ်လေးတဖတ်လောက် သိမ်းထားတာ ဒီပုရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။
> ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ၊ နေ့လည်အိပ်နေတုန်း
> ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အ ဆန်းလားဗျာ။
> သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။
>
> ဒါနဲ့ အဆင်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို
> စည်းဝိုင်းထားလိုက်တာ၊ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့
> လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ်၊ အထဲ မှာတင်
> ပတ်ပြေးနေတော့တာ၊ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး
> အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။
> တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် စမ်းသပ်ခဲ့တာ
> အကြိမ်တိုင်းအခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီစက်ဝိုင်း ထဲက ထွက်ဖို့တခါမှ
> မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။
>
> အဲဒါကို အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျွန်တော်တို့ဟာ ခု
> ပရုတ်ဆီ အ၀ိုင်းခံနေရ တာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။
>
> ရေနွေးနဲ့ဖား
> ဇာဂနာ
>
>ကြားပေါက်လေးတခု
> တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ခါစက ဖားခွဲရပါတယ်။
> ဦးထွန်းမောင်ဆိုတဲ့ ကုလားကြီးဆီကနေ ဖား အရှင် (၃) ကောင်ကို တရာနဲ့ ၀ယ်ရတာပါ။
> ပြီးတော့ အဲဒီဖားတွေကို ပုံမပျက် အောင် ကျွက်ကျွက်ဆူနေတဲ့ ရေနွေးအိုးထဲ
> ထည့်ပြီး သတ်ရပါတယ်။ ကျနော် တို့က ဘာသိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ
> ပစ်ထဲ့လိုက်တာ ကိုယ်တော် ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တချက်ပဲထိပြီး
> ခုန်ထွက် သွားလိုက်တာ (၃) ကောင်လုံး လွတ်သွားရော။
>
> ကုလားကြီးက ရီသလေ့။ ဒီလိုသတ်ရတယ်ကွတဲ့ ဆိုပြီး ရေအေးတွေ ထည့် ပြီး ဖားကို
> ရေအေးဇလုံထဲ ထည့်လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ်နေလိုက်တာ။
> ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုးလာလိုက်တာ (၅)
> ဒီဂရီလောက် တိုးတော့ လည်း ဖားလေးများ ကူးခတ်ဆဲ နောက်ထပ် (၅) ဒီဂရီ ထပ်တိုးလည်း
> သကောင့်ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပဲ။ အပူချိန် (၆၀) ဒီဂရီလောက်လည်း
> ရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ (၈၀) ဒီဂရီ လောက်လည်း ရောက်ရော အားလုံး
> ဂန့် ဂန့် ဂန့် ဂန့်။
>
> ကျနော်တို့လည်း ခုတော့ ဒီဝဋ်တွေလည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။
> ငါတို့တော့ နေလို့ရသေး တယ် ဘာမှမဖြစ်သေးဘူးဆိုပြီး ဆက်ပြီးကူးမှာလား။
> ခုန်ထွက်မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေးကိုက် ကြမလား။ မျက်နှာကို
> ခုန်အုပ်ကြမလား။ တခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင်
> လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ်မတန်လှပေဘူး။
>
> စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ
> ဇာဂနာ
>
>
စိတ်ကူးယဉ်တဲ့
> အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ်
> ထိုင်နေရုံ ကလွဲလို့ ဘာမှလုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင်
> မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့်၊
> ရှူရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော
> ရှူရှူးရော ပါလည်းပါ ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီး
> သား ရှူရှူးတွေက ဖင်ပြန်စင်နေပြီ။ ကိုယ့်ရှူရှူး ကိုယ်ရွံနေလို့
> မဖြစ်ပါဖူးလေလို့သာ သဘောပိုက်ရပါတော့ တယ်။ ပါလိုက်ဦးဟ ... ပန်းလိုက်ဦးဟ။
>
> အီအီးနဲ့ ဆန့်ကျင်ဘက် မန်မန်ကျတော့လည်း တော်တော်အဆင်ပြေသားခမျ။
> စာထဲပေထဲမှာတော့ ရောင်စုံသူ ပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်းဆိုတာ
> တွေ့နေပါပြီ။ အမယ် ... ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့ များ
> ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက
> စားစရာဆိုလို့ ပါးစပ်တခု ပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း
> လုပ်စားရတာပ။

စစ်ခွေးတိုက်မှာပိုင်ဆိုင်သမျှ ...
>
> မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့
> ပဲဆိုမှ ပဲဟင်းပါ ခမျ။ ည နေကျတော့ တာလပေါဟင်း။ ထောင်စည်းရိုးနားမှာ
> သန့်ရှင်းရေးကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန်းမ သိတဲ့ အလေ့ကျတွေလည်း
> ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီး
> ရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂြီ ဂြီ ဂွမ် ဂွမ် အသံတွေပေးလို့
> လုပ်သားမောင် ၀မ်းနှုတ်ဆေး အ မလေး အဘလေး တသွားလောက်ပါရဲ့။ အိုဘယ့် ... တာလပေါ။
> ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါ ခက် အနေခက်နေတာ၊ အောင်မာ ထောင်ကျတွေကတော့
> ပျော်လို့ဗျား။ ဇာဂနာတည်းခိုနေရာ စစ်ခွေးနံဘေး က ကွက်လပ်ထဲမှာ
> မိန်းမဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။
> တရွှီး ရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင်
> မျက်ရည်ဘူးသီးလောက် ကျသွား လောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
>
> အော် .. သူတို့တွေခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ၊ ထိုင်ငိုနေလို့မှ
> ထောင်က လွတ်မှာမဟုတ်ဘဲ လို့တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ
> နားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ ကိုင်း .. နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ
> ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်း
> ရေးလုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့
> ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ခမျ။
> ဟီဟိ .. ချစ်စရာလေး။ ဒီလိုခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေ ခမျာ တဖြေးဖြေး
> တပ်ကွဲသွားပြီး ည (၁၁) နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့
> တ နေ့တာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လည်း မအိပ်နိုင်
> နံရံမှီပြီး လုပ်စရာမရှိ ရေပဲ သောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ
> စောင့်နေရပါတော့တယ်။
>
> ဘုရားရိုက်မည့် နွားငမိုက်များသို့ …
> ဇာဂနာ
>
> အမှန်အကန်
> အဖန်ဖန် သစ္စာရှိကြဖို့
> သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
> အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
> ပလာတာ မကြိုက်တဲ့
> နွားငမိုက်တွေမှာတော့
> ဘုရားရိုက်တာသာ ခံကြပေရော့လို့
> မလျော့မပို
> အသော့ ဆိုလိုက်ပါရဲ့။ ။

၂ဝ၁၂ ခုနှစ် ကမ္ဘာပျက်ကိန်းအပေါ် သိပ္ပံအမြင်

၂ဝ၁၁ ခုနှစ်အတွင်း ဝင် ရောက်ခဲ့ပြီး လအနည်းငယ် လွန်လာ ခဲ့ပြီ။ ၂ဝ၁၂ ခုနှစ်သည် တဖြည်း ဖြည်း နီးကပ်လာလျက်ရှိသည်။ ၂ဝ၁၂ ခုနှစ်သည် လူတို့၏ စိတ်ဝင် စားမှုကို အတော်ခံရသောနှစ်ဖြစ် သည်။ ၂ဝ၁၂ ခုနှစ်ရောက်မည်ကို တွေးပူနေကြသူများပင်ရှိသည်။ ယင်း နှစ်တွင် မကြုံစဖူးသော ဧရာမ ဘေး အန္တရာယ်များ ပေါ်လာမည့်အရေး၊  အဆိုးဆုံးအနေနှင့် ကမ္ဘာကြီး ပျက် သွားနိုင်မည့်အရေး ရှိသည်ဟု ဟော ကိန်းထုတ်သူကလည်း ထုတ်ကြ သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမှ အထင်ကရ သိပ္ပံပညာ ရှင်များက ဖြစ်နိုင်ခြေများကို သုတေ သနပြု၍ စိုးရိမ်ဖို့မရှိကြောင်း ထုတ် ပြန်ထားသည်။

၁- အခြားဂြိုဟ်သားတို့ ကမ္ဘာကို လာရောက်ဖျက်ဆီးမည့်အရေး
အခြားဂြိုဟ်သားတို့ ကမ္ဘာကို လာရောက် ဆက်သွယ်ခြင်းစသည့် သတင်းများမှာ ၁၈၉၈ ခုနှစ်တွင် စာရေးဆရာ အိပ်ခ်ျဂျီဝဲလ်က ‘ကမ္ဘာ များ၏ စစ်ပွဲ” အမည်ရှိ စိတ်ကူးယဉ် သိပ္ပံဝတ္ထုများ ရေးသားခဲ့ချိန်မှစ၍ တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုကို ခံယူခဲ့ရသည်။ အင်္ဂါဂြိုဟ်သားများ၊ အခြားကြယ်စုများမှ ဂြိုဟ်သားများ ကမ္ဘာသို့ ပန်းကန်ပြားပျံများနှင့် လာ ရောက်ကြသည့် သတင်းများမှာ လည်း ယနေ့တိုင်အောင် ပေါ်လာ လိုက် ပျောက်သွားလိုက် ဖြစ်နေ သည်။ အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုများနှင့် ကြုံရကြားရ သည့်အခါများတွင် အခြားဂြိုဟ်သား များ၏ တိုက်ခိုက်မှုလည်း ပေါ်လာ တော့မည်လောဟု ပိုမိုစိုးရိမ်တတ် ကြကြောင်း သုသေတနပြုချက်များ က ဆိုသည်။
ကမ္ဘာပေါ်သို့ အခြားဂြိုဟ်သား များ ပန်းကန်ပြားပျံနှင့်လာသည်ဟု  ယုံကြည်ကြသူများက ကောင်းကင် ယံရှိ ယာဉ်သဏ္ဌာန် အရာများကို ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယို များကိုပြ၍ သူတို့ထင်ထားသည့်အ တိုင်း တကယ်ရှိကြောင်း သက်သေ ထူလိုကြသည်။ အချို့အစိုးရအဖွဲ့အ စည်းများက ယင်းဓာတ်ပုံနှင့် ဗီဒီယို များကို သိမ်းဆည်းလေ့လာသုတေ သနပြုကြသည်။ သို့သော် ယင်း ဓာတ်ပုံဗီဒီယိုနှင့် သတင်းများသည် ခိုင်လုံသော အထောက်အထားများ ဟု မည်သည့်အစိုးရ၊ မည်သည့် ပညာရှင်ကမျှ ယနေ့အထိ မယူဆ ကြသေးပေ။ ထို့ကြောင့် အခြားဂြိုဟ် သားများ ကမ္ဘာကို ၂ဝ၁၂ ခုနှစ်နှင့် ယင်းနောက်ပိုင်း လာရောက် တိုက် ခိုက်နိုင်သည့် အလားအလာကို များ စွာ အလေးမထားကြချေ။ (ရည် ညွှန်း- ရတီ ၂ဝ၁၁ ဖေဖော်ဝါရီပါ အခြားသောဂြိုဟ်မှ သက်ရှိများ)

၂- အခြားဂြိုဟ်တစ်ခုနှင့် ကမ္ဘာ ဝင်တိုက်နိုင်သည့် အလားအလာ
နီဘီရူးဟု အမည်ပေးထား သော ဂြိုဟ်ကြီးတစ်လုံးက ကမ္ဘာနှင့် ဝင်တိုက်နိုင်သည့်အကြောင်း အင် တာနက်ဝက်ဘ်ဆိုက် အများအပြား အပါအဝင် လူ အတော် များများက ထင်ကြေးပေးပြောဆိုနေကြသည်။ ယနေ့အထိ သိပ္ပံပညာရှင်တို့ မတွေ့ ရှိသေးသော ယင်းနီဘီရူးဂြိုဟ်ကိစ္စ ကို စတင်ပြောလာခဲ့သူမှာ ဇက်ခါရီး ယားစစ်ချင်ဆိုသူဖြစ်သည်။ သူသည် ယင်းဂြိုဟ်အကြောင်းကို လွန်ခဲ့ သော နှစ်ပေါင်း ၅ဝ ခန့်ကတည်းက တင်ပြလာခဲ့သော်လည်း သူ့ထင်မြင် ချက် မှန်နိုင်ကြောင်း ယနေ့အထိ ခိုင်မာစွာ မပြောနိုင်သေးချေ။ အာ ကာသရေးရာများကို အကျယ်ပြန့် ဆုံး လေ့လာနေသော အမေရိကန် အာကာသအဖွဲ့အစည်း နာဆာက လည်း ယင်းဂြိုဟ်ကိစ္စနှင့် ပတ်သက် သမျှကို အသိအမှတ် မပြုချေ။ နာဆာသည် ကမ္ဘာနှင့် ဝင်တိုက်နိုင် သော ဂြိုဟ်သိမ်ဂြိုဟ်ပဲ့များကို စနစ် တကျ မှတ်တမ်းတင်ကာ အစဉ် ထောက်လှမ်းနေသည်။ အန္တရာယ်ရှိ လာပါက အချိန်မီ ထုတ်ပြန်အသိ ပေးလိမ့်မည်။ (ရည်ညွှန်း-ရတီ၂ဝ၁ဝ ဧပြီပါ ဂြိုဟ်သိမ်ဝင်တိုက်၍ ကမ္ဘာ မပျက်နိုင်သေးပါ)

၃-နေမီးလျှံကြီး
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် နေမှ ဧရာမမီးလျှံကြီး တစ်ခုထွက် လာကာ ကမ္ဘာကို ဖုံးအုပ်လောင် မြိုက်စေနိုင်သည်ဟု အချို့ကဆိုကြ သည်။ နေမှ မီးလျှံများသည် ပုံမှန် ထွက်နေပြီး ယင်းတို့တွင် ပါလာ သော ဓာတ်မှုန်များကြောင့် ကမ္ဘာ ပတ်လမ်းကြောင်းအတွင်းရှိ ဂြိုဟ်တု များနှင့် အာကာသယာဉ်မှူးများအ တွက် အန္တရာယ် တော့ ရှိ နိုင်သည်။ သို့သော် ကမ္ဘာကို ဖုံးအုပ်သွားနိုင် သော မီးလျှံမျိုး ပေါ်ထွက်လာစရာ  အကြောင်းမရှိသေးချေ။ နောင်တစ် ချိန်တွင် နေသည် ဖြစ်မြဲသင်္ခါရသ ဘောအတိုင်း နေဘဝမှ ချုပ်ငြိမ်း ကာ အဖြူလုံးကြီးတစ်လုံးဘဝသို့ ရောက်သွားရန်ရှိရာ မချုပ်ငြိမ်းမီ မီးလျှံများ သာမန်ထက် ပိုထွက်လာ မည်ဟု ခန့်မှန်းထားသည်။ ယင်းအ ချိန်မှာ နောက် နှစ်ပေါင်း သန်း ၅ဝဝဝ ခန့်အကြာမှ ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် မ ဟုတ်ပေ။ (ရည်ညွှန်း- ရတီ ၂ဝ၁၁ ဇန်နဝါရီပါ နေမုန်တိုင်း)

၎-ကမ္ဘာသံလိုက် ဝင်ရိုးစွန်း ပြောင်းရွှေ့မှု
ကမ္ဘာပျက်ကိန်း ဟောကိန်း ထုတ်သူများသည် ကမ္ဘာ့သံလိုက်ဝင် ရိုးစွန်းများ ရုတ်ချည်းနေရာပြောင်း ရွှေ့ကာ ကမ္ဘာကြီး ပြောင်းပြန်လည် ပတ်ပြီး ရှိရှိသမျှအရာများ ဇောက် ထိုးမိုးမျှော်ရုန်းရင်းဆန်ခတ် ဖြစ် ကုန်မည့်အရေးကို တွေး၍ စိုးရိမ်ကြ သည်။ သူတို့က အတိတ်က ကမ္ဘာ့ သံလိုက်ဝင်ရိုးစွန်းပြောင်းလဲခဲ့ဖူးပုံကို အထောက် အထားအဖြစ် ပြောကြ သည်။ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပရင်စတန်တက္ကသိုလ် နှင့် ပြင်သစ်ပေါလ်ဆာဘာတီယေး တက္ကသိုလ်တို့မှ ပညာရှင်များက အတိတ်ကမ္ဘာတွင် ကမ္ဘာ့သံလိုက် ဝင်ရိုးစွန်းပြောင်းလဲခဲ့သည်မှာ မှန် သော်လည်း ရုတ်ချည်းပြောင်းခြင်း မျိုး မဟုတ်ဘဲ အလွန်နှေးကွေးစွာ သာ ပြောင်းခဲ့ကြောင်း ထောက်ပြ သည်။ ဥပမာ အတိတ်တစ်ချိန်က ကမ္ဘာ့ဝင်ရိုးစွန်းသည် နှစ်ပေါင်း သန်း ၂ဝ အတွင်း ၅ဝ ဒီဂရီမျှပြောင်းခဲ့ သည်။ အကယ်၍ ထပ်ပြောင်းလျှင် လည်း နောက်ထပ် နှစ်ပေါင်း ၁ သန်းအတွင်း ဖြည်းညင်းစွာသာ ပြောင်းမည်။

၅- မီးတောင်ပေါက်ခြင်း
ကမ္ဘာ့သမိုင်းတွင် မကြုံဖူးသေး သော ပြင်းအားမျိုးဖြင့် မီးတောင် တစ်ခုပေါက်ကွဲကာ ကမ္ဘာကြီး ဘေး ကြုံမည်ကို တွေးပူသူက ပူကြသည်။ မီးတောင်ပေါက်ခြင်း ဟူ သည် ကမ္ဘာ့ အတွင်းပိုင်းမှ ချော်ရည်များ ကမ္ဘာ့ အပေါ်ယံလွှာအနီးသို့ ရောက်လာ ကာ မီးတောင်အပေါက်ဝများမှ ပွင့် ထွက်လာခြင်းဖြစ်သည်။ သို့သော် ကမ္ဘာ့ တစ် နေရာရာတွင် ချော်ရည် များသည် ပုံမှန်အတိုင်း မီးတောင် ပေါက်မှ ထွက်မလာနိုင်ဘဲ တစ်ဆို့ နေကာ ဖိအားတဖြည်းဖြည်းများလာ ပြီး နောက်ဆုံး မခံနိုင် တော့သည်မှ ကျယ်ပြောသော မြေပြင်ကြီးတစ်ခု လုံး ပြိုဆင်းသွားခြင်းဖြင့် ပေါက် ထွက်လာနိုင်သည်ဟုဆိုသူက ဆိုကြ သည်။ ထိုသို့ ပေါက်ထွက်ခြင်းမှ တန် ချိန်သန်း ပေါင်း များစွာသော ချော်မှုန့်ကျောက်စကျောက်နများ ပွင့်ထွက်လာပြီး ကမ္ဘာ့နေရာအနှံအ ပြားကို ဖျက်ဆီးနိုင်သည်ဟု သူတို့ က စိုးရိမ်ကြသည်။ ချော်မှုန့်များ သည် လေထု အတွင်းဝင်ရောက်ကာ နေရောင်ကို ကာဆီးလိုက်ပြီး အလွန် အေးမြသော ရာသီဥတုကြောင့် သတ္တဝါနှင့် အပင်များ သေဆုံးကုန် ကြမည်ဟု သူတို့က ဆိုသည်။ ယင်း ဖြစ်ရပ်မျိုး မပေါ်လာနိုင်ဟု ပြတ် ပြတ်သားသား မငြင်းဆိုနိုင်သော် လည်း ဖြစ်နိုင်ခြေ အလွန်နည်းသည် ဟုသာ သိပ္ပံပညာရှင်တို့က ပြော ကြသည်။

၆- သဘာဝပတ်ဝန်းကျင် ပြိုလဲ ခြင်း
လွန်ခဲ့သော ဆယ်စုနှစ်များအ တွင်း ရေမြေညစ်ညမ်းမှု၊ မြေဆီလွှာ ပြုန်းတီးမှုစသည်တို့မှာ တစ်ချိန် ထက် တစ်ချိန် များပြားပြင်းထန်လာ ခဲ့သည်။ ကမ္ဘာကြီး ဆက်လက်ပူနွေး ကာ ရာသီဥတု ထိန်းမနိုင်သိမ်းမရ ပြောင်းလဲသွားနိုင်သည့်အခြေအနေ ကို ရင်ဆိုင်နိုင်ရန် လုံလောက်သော အရေးယူမှုများကို မမြင်ရသေးပေ။ ကမ္ဘာသည် တစ်နှစ်ထက်တစ်နှစ်ပူ လာသည်။ သဘာဝဘေးဆိုးများ ဖြစ်ပေါ်မှုပို၍ စိပ်လာပိုပြင်းထန်လာ နေသည်ကို လက်တွေ့ကြုံနေကြရ သည်။ သို့သော် ထိန်းမနိုင်သိမ်းမရ ကပ်ဘေးများမှာ ၂ဝ၁၂ ခုနှစ်အ တွင်းပေါ်လာဖို့ မလွယ်လှသေးချေ။ နောင်လာမည့် ဆယ်စုနှစ်များအ တွင်းတွင်မူ ပေါ်လာနိုင်သည်။  မည် မျှစောစော ပေါ်လာမည်နည်း ဆို သည်မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှု၏ အဓိကအကြောင်းဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို  လူတို့ မည်မျှ ထိန်း နိုင်မည်နည်း ဆို သည့်အချက်ပေါ်တွင် တည်နေ သည်။ ကမ္ဘာ၏ အနာဂတ်မှာ လူ တို့၏ လုပ်ဆောင်ချက်ပေါ်တွင်သာ လုံးလုံးလျားလျား တည်မှီနေသည်။ ထို့ကြောင့် အခြားဂြိုဟ်နှင့် ဝင်တိုက် ခြင်းစသည့် ဖြစ်နိုင်ဖွယ်အလွန့်အ လွန်နည်းသော သို့မဟုတ် ဖြစ်နိုင် ခြေလုံးလုံးမရှိသော အန္တရာယ်များ ဖြစ်နိုးနိုးနှင့် တွေးပူနေမည့်အစား ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ရာသီဥတု မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်း ကြခြင်းကသာ လက်တွေ့ကျ၍ ကမ္ဘာကြီးကို ကယ်တင်ရာရောက်မည်။

ကျီစားရာမှ ကြေကွဲရ

  ကျွန်တော်တွင်အလွန်အစအနောက်သန်သော သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါသည်
သူငယ်ချင်းအလုပ်မှ ညနေကားဖြင့်ပြန်လာတိုင်း အိမ်ရှေ့မှစောင့်ကြိုနေသော
ဇနီးကို ကားဖြင့်တိုက်မည်ပြုပြီးမှ ရုတ်တရက် ဘရိတ်အုပ်ပြီး
ကျီစယ်လေ့ရှိသည်။ဇနီးဖြစ်သူကလည်း သူ့ယောက်ျားကို အပြည့်အ၀ယုံကြည်သည်။ရှေင်ခြင်းတိမ်းခြင်းမရှိရပ်နေလေ့ရှိသည်။
သူတို့ လင်မယားမှာတစ်ဦးကိုတစ်ဦးအလွန် ချစ်ကြသည်။တစ်နေ့တွင် သူငယ်ချင်းအလုပ်မှ ပြန်လာသောအခါ ထွက်ကြိုသည်မှာဇနီးသည်တစ်ယောက်ထဲမဟုပ်။ 
ရှစ်နှစ်အရွယ်သမီးလေးနှင့်အတူ ဖြစ်သည်။
လင်ဖြစ်သူက ဇနီးနှင့်သမီးကို မြင်သောအခါ ထုံးဆံအတိုင်းကျီစယ်ခြင်၍
မောတော်ကားကို ဇနီးနှင့်သမီးထံ ဦးတည်လိုက်သည်။ ဇနီးနှင့်သမီးက
နောက်ပြောင်နေကြဖြစ်၍ မကြောက် လမ်းဘေးမှ
သစ်ပင်ကြီးကိုမှီပြီးပြုံးပြုံးကြီး ကြည့်နေကြသည်။နောက်ပြောင်လိုသူက
ကားကိုစက်ရှိန်မြင့်ပြီး တည့်တည့်မောင်းဝင်လိုက်သည် အနီးသို့ ရောက်မှ
ကျွမ်းကျင်စွာ ဘရိတ်န၊ှင်းပြီးရပ်လိုက်သည်။သို့ သော်
ကားကခါတိုင်းလိုတိကနဲ ရပ်မသွား ဘရီတ်ပေါက်ပြီးဇနီးနှင့်သမီးကို
ပြင်းထန်စွာတိုက်ပြစ်လိုက်သည်။နောက်မှာ သစ်ပင်ကြီးရှိနေ၍ ဇနီးရောသမီးပါ
သေဆုံးသွားကြသည်။
ကားမောင်းသူမှာ အပြစ်ဒဏ်လည်းခံရသည် တစ်သတ်လုံးမည်သို့ မျှဖြေ၍
ဖြေနိုင်စရာမရှိသည် ကြေကွဲဝမ်းနည်းမှု့ မျိုးကိုလည်း
ခံစားရသည်။ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျီစားသန်မိ၍ ကိုယ်အလွန်ခစ်သော
ဇနီးနှင့်သမီးကို ကိုယ်တိုင်ကားဖြင့် တိုက်သလိုဖြစ်သွားရသည့်
မိုက်မဲလွန်းသော ကျီစားမှု့ ပင်ဖြစ်သည်။

ဖြစ်ရန်မှန်(၂)
ရန်ကုန်အမြန်လမ်းဖောက်လုပ်စဉ်က ပဲခူး-ရန်ကုန်လမ်းပိုင်းမှာ
ဖြစ်သွားခဲ့တာပါ။ ရွာနာမည်ကိုတော့ မဖေါ်ပြတော့သလို
နာမည်တွေလည်းလွဲထားခဲ့ပါတယ်။ ကောင်လေးက ရန်ကုန်ကပါ
အမြန်လမ်းပိုင်းဖောက်လုပ်ရာမှာ ကောင်မလေးနေတဲ့ ရွာနားလေးမှာ တာဝန်ကြရင်း
တစ်ယေက်ကိုတစ်ယောက်ချစ်ကြိုက်ခဲ့တယ်။မြင်မြင်ခြင်းပဲ ချစ်မိသွားတာတော့
ရှေးရေစက်လို့ ပဲ ဆိုရမှာပေါ့။ နေတိုင်းလိုလိုတွေမိကြတော့ သံယောဇဉ်ကအရမ်း
ခိုင်မာခဲ့ပါတယ်။
ကောင်လေးကကောင်မလေးကို အရမ်းချစ်တော့ သမီးရည်းစားအဆင့်ထက်မပိုသလို
ကောင်မလေးကလည်း ဗိုင်းကောင်းကျောက်ဖိ မိန်းခလေးပီသခဲ့ပါတယ်။မိဘတွေကအစ
သိရှိပြီးဖြစ်သွားလို့ ဘ၀ဟာအရမ်းကိုလှပခဲ့ပါတယ်ဗျာ။ဆိုးရွားတဲ့အချက်က
ကောင်လေးကအကျီစားအရမ်းသန်တယ်။သူစရင်အနည်းဆုံး ကောင်မလေးငိုမှ
ရပ်တယ်။ငိုပြီးရင်သူကိုယ်တိုင်ချော့တယ် စိတ်ဆိုးမပြေမခြင်းချော့တယ်။
ချစ်သူဘ၀မှာ အရမ်းပျော်ရွင်စရာဆိုပေမဲ့ ……….ဘယ်လိုဆိုဆို ပျော်စရာနေ့ရက်တွေပါပဲ။
လမ်းပိုင်းကလည်းပြီးတော့မှာ ဖြစ်သလို အချိန်တန်လို့ ဌာနေမပြန်ခင်
ကောင်မလေးကို မင်္ဂလာဆောင်တော့မှာမို့ သူကတောင်းဆိုခဲ့တာပါ။ ငါတို့ တွေရှေ
့တစ်လကျော်ရင် မင်္ဂလာဆောင်တော့မယ် ငါနင်နဲ့ အတူတူ ညပိုင်းတွေတစ်ခါမှ
မချိမ်းခဲ့သလို သူများရည်းစားတွေလို လင်မယားအရာ မရောက်သေးဘူးနော် ။ငါ့ကို
ချစ်ရင်ဒီည (၁၂) နာရီလောက်ရွာထိပ်ကို ထွက်ခဲ့ပါလားဆိုပြီး
နောက်ပြောင်ကျီစယ်မှု့ ကိုလုပ်ခဲ့တယ်။သူ့ စိတ်ထဲကတော့ ဘာစိတ်မှမရှိသလို
ဗိုင်းကောင်းကျောက်ဖိလေးမို့  မလာဘူးလို့ တွက်ထားပြီးသားပါ။ထုံးဆံအတိုင်
ကောင်မလေးကငြင်း သူကမခံနိုင်အောင်ပြော ပြောရင်းပြောရင်း ကောင်မလေးက သူ
့ရဲ့အပျိုဘ၀လေးကို မင်္ဂလာမဆောင်ခင်မှာတောင်းတော့ အရမ်းဝမ်းနည်းပြီးတော့
ငိုပြီး ထွက်ပြေးသွားခဲ့တယ်။အဲဒါတောင် ကောင်လေးက လှမ်းအော်လိုက်တာက
ငါ့ဒီညစောင့် နေမှာနော်တဲ့။ ကောင်လေးကစိတ်ထဲမှာ ဘယ်လိုမှမနေဘူး
မနတ်ကျမှပဲကောင်မလေးကိုချော့မယ် ဆိုပြီးအေးအေးဆေးဆေးပြန်သွားခဲ့တယ်။
သူကတော့ရှင်းတယ်ဆိုတာ နောက်ပြောင်ကျီစားမှု့ သတ်သတ်ဆိုတော့
ဘယ်လိုမှမဖြစ်ဘူး မေ့မေ့ပျောက်ပျောက်ပဲနေခဲ့တယ်။
ကံများမကောင်းတာက ကောင်မလေးရဲ့ မိဘတွေက ပဲခူးမြို့ ကသူ့ အစ်မနေမကောင်းဘူး
အသည်းအသန်ဖြစ်နေတယ်ဆိုတာနဲ့  ညနေပိုင်းထဲက မြို
့ပေါ်တက်သွားခဲ့တယ်။အိမ်ရောက်တော့ ဘယ်သူမှ မရှိဘူး။အဲဒီအချိန်ကောင်မလေးက
စဉ်းစားတယ် သူ့ ချစ်သူကချစ်လာကြတဲ့ သက်တမ်းတစ်လျှေက်လုံးမှာ
အခွင့်အရေးဆိုတာတစ်ခါမှ မယူခဲ့ဘူး အဆုံးစွန်းယူရင် ပါးကလေးပဲနမ်းခဲ့တယ်။
ပြီးတော့ယူကြတော့မှာ ဖြစ်တဲ့အတွက် သူ့ ရဲ့တောင်းဆိုမှု
့ကိုလိုက်လျှောသင့်တယ်။ငါသူချိမ်းတဲ့ အချိန်နေရာကို သွားမယ်ဆိုပြီး
သွားခဲ့တယ်။အရမ်းချစ်တော့ အမှောင်ဆိုတာမကြောက်ဘူး သူ့ ရင်ထဲမှာသိတာက သူ
့ချစ်သူပျော်ရွင်ဖို့ အတွက် သူလုပ်နိုင်တာလေးကိုလုပ်ပေးဖို့ ပဲ။
ရွာထိပ်မှာ (၁၁ နာရီ ၄၅ မိနစ်) ထဲကချစ်သူကိုစောင့်ခဲ့တယ်
လာမယ်ပေါ့။ချစ်သူကတော့ မလာပဲ (၁၂ နာရီ )တိတိလောက်မှာ
လူယုတ်မာအမှုးသမားတွေရဲ့ လက်ချက်နဲ့ 
ကောင်မလေးရေတိမ်နှစ်ခဲ့ရတယ်။ကယ်သူဝေးတဲ့ လမိုက်ညပေါ့။
နေ့ လည်လောက်ကျမှ ကောင်လေးသူ့ အိမ်ကိုရောက်သွားခဲ့တယ်။
ချော့မယ်ပေါ့..တစ်အိမ်လုံးခြောက်ကပ်ပြီး တိတ်ဆိတ်နေတဲ့
အိမ်အခြေအနေကြောင့် နေမကောင်းဘူးလားဆိုတဲ့ ပူပန်တဲ့စိတ်နဲ
့အိမ်ပေါ်ကိုအပြေးလေးတက်ကြည့်တော့ အိပ်ရာပေါ်မှာ ပတ်လက်ကလေးသေနေတဲ့
အရမ်းချစ်တဲ့ ချစ်ရသူ ရင်ဖက်ပေါ်မှာ စာလေးတစ်စောင်….. စာထဲမှာ
အရမ်းချစ်တဲ့ စိတ်ကြောင့် ချိန်းတဲ့နေရာကို
သူအရောက်လာခဲ့တယ်ဆိုတဲ့အကြောင်း ဒါပေမယ့် မောင်မလာခဲ့ဘူး
မောင်အရမ်းစိတ်ဆိုးပြီး စိတ်မကောင်းဖြစ်သွားမှာကို သူသိတဲ့အကြောင်း
ဒါကြောင့်ချစ်တာတစ်ခုထဲနဲ့ ရောက်ခဲ့တယ့်အချိန်မှာအမှုးသမား
တွေပဲရောက်လာပြီး သူ့ ကိုဝိုင်းပြီး စော်ကားခဲ့တယ် ဆိုတဲ့အကြောင်းသူတို
့က(၃)ယောက်မို့ လို့ အားမတန်လို့ မန်လျှော့ခဲ့ရတယ် ဆိုတဲ့အကြောင်းနဲ
့သူအရမ်းတန်ဖိုးထားတဲ့ အပျိုဘ၀လေး လူယုတ်မာတွေကြောင့် ပျက်စီးခဲ့ရလို့ 
မသန့် စင်တဲ့ဘ၀လေးကို မောင်ကို မပေးရက်ဘူး စသည်ဖြင့်ပေါ့။
ကောင်လေးအရမ်းခံစားသွားရတယ်ထင်ပါတယ်ဗျာ။ကောင်မလေးမိဘတွေ ပြန်လာတဲ့အချိန်
တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး သေနေတဲ့ ချစ်သူနှစ်ဦး ကောင်မလေး ရေးခဲ့တဲ့
စာကြောင့်အဖြစ်မှန်ကိုသိခဲ့ရပေမယ့်။အခုချိန်ထိတော့ပြောစမှတ်ပါ။
ကိုယ်ချစ်သူကို အမှုးသမားတွေရဲ့လက်ထဲ ထည့်ခဲ့သလိုဖြစ်နေတဲ့ နောက်ပြောင်မှု့ကျီးစားမှု့ ။
သူငယ်ချင်းတို့ အတွက် တစ်ခုခုများ ဆင်ခြင်စရာလေးရမယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ။
                                          


မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်

သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်း တစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်း များစွာ စိတ်ထဲမှာ ဖျောက်လို့ မရအောင် စွဲထင် နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရ တယ်။ 

ပွဲသဘင်ပေါတဲ့မြို့
မန္တလေး မြို့မှာ ဒီနှစ် အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိ တော့တယ် ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက် အောင်ကို အံ့သြမိတယ်။ ဖြစ်နိုင် ပါ့မလားလို့ အထပ်ထပ် စဉ်းစား ကြည့်တယ်။ မန္တလေးက လူတွေကို ကိုယ်တိုင် မေးကြည့် တော့မှ ဟုတ်တယ် ဆိုတာ မယုံ ချင်ဘဲ ယုံလိုက် ရတယ်။ ရှေးက မန္တလေး ဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့ မြို့ ဖြစ်တယ်။ ဆယ့်နှစ်လ ရာသီ ပွဲပြတ်တယ်မရှိဘူး။
ကိစ္စကြီးငယ် ရှိလို့ ညဘက် အသွားအလာ လုပ်ရင် အငြိမ့်စင်တွေ ဇာတ် စင် တွေနဲ့ ပိတ်မနေတဲ့ လမ်းကို အတော် ရှာပြီး သွားရတယ်။ မန္တလေးက ရပ်ကွက်တိုင်းမှာ ဘုရား တစ်ဆူ အနည်းဆုံး ရှိတယ်။ တချို့ ရပ်ကွက်ဆို နှစ်ဆူ ရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခု ပါမြဲပဲ။ ပြီးတော့ ၂ ရက် ကျင်းပမြဲ ဖြစ်တယ်။ တချို့ ချမ်းသာတဲ့ ရပ်ကွက်ဆိုရင် အငြိမ့် နှစ်ခု လောက်ထိ ထည့်လေ့ ရှိတယ်။



သဘင့်တက္ကသိုလ်
ပွဲတွေ များတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါး ခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေး တွေလည်း အတော် များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာ မဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြား ချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့  ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်း တို့မှာပဲ လုပ်ကြတယ်။

အနုပညာမြို့တော်
ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှမရှိဘူး။ မန္တလေးက မျက်ပါးရပ် တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည် အနှံ့က ဘုရားပုထိုး စေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။

အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူး
မင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော် အဆင့်ကို လျှောကျ သွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာ မြို့တော် အဖြစ် ရှိနေရတာကို ပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ  ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ်ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူး ဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည် နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

အမြင်ကျဉ်းတာမဟုတ်ဘူး
အမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို ချစ်တာ၊ တွယ်တာ မြတ်နိုးတာ ဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှ ငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘော မရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည် တွေနဲ့ သဘင် ပညာရှင် တွေကို ရပ်ကွက် တည်ပေးပြီး စုဝေး နေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ် ဘာသာဝင်များ အတွက်လည်း ရပ်ကွက်တွေ တည်ပေးပြီး ဗလီ ကျောင်းကြီးတွေ တခမ်းတနား ဆောက်လုပ် နေထိုင် စေခဲ့တယ်။ အမေရိကန် သာသနာပြု ဆရာ ဒေါက်တာ မတ်ကြီးကိုလည်း သာသနာ ပြုခွင့် ပေးရုံမက စာသင်ကျောင်းပါ ဆောက်ပေးပြီး စာသင် စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံ ပညာ သင်ကြား စေခဲ့တယ်။

ဆွေလိုမျိုးလိုနေကြ
မန္တလေးမှာ ရတနာပုံ နေပြည်တော် သတင်းစာ ထုတ်ဝေ တော့လည်း တရုတ် လူမျိုး ဦးအဟီးကို အယ်ဒီတာ ခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေ ခဲ့တယ်။ မြန်မာ လူမျိုးများဟာ ရှေး ဟောင်း အစဉ် အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင် မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှောနှောနဲ့ သူ့အိမ် ကိုယ် ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက် ကတော့ တရုတ် လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။

ဗမာတွေဖြစ်ကုန်ကြ
အိမ်နောက်ဘက်မှာ နေတဲ့ သူငယ်ချင်း ထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူ နေကြတာ ဆိုတော့ အမြဲတမ်း လည်ပင်း ဖက် နေခဲ့ကြ သူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာ စကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထား တင်း တင်းနဲ့ မတူသလို မတန်သလို ကြည့်ပြီး မျက်နှာ လွှဲသွား ကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရော တာလည်း မကြိုက်ဘူး။

သူတို့လူများစု
ဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေ သေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန် ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင် ကြတော့ ဘူးလေ။

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်
ပိုက်ဆံတွေ ဘယ်လို ရလို့ ဘယ်လောက်ထိများ ပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးက နေပြီး ထားဝယ်တို့ ကျောက်ဖြူတို့ အထိပါ သွားပြီး ဝယ်နေ ကြတယ်တဲ့။ ဗမာ စကားသာ တစ်လုံးမှ မတတ်တာ သူတို့က  စီးပွားရေးတော့ အကွက် သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီ နိုင်တော့ဘူး။  မြို့တွင်း အချက်အချာနေရာ တွေမှာသူတို့က လူများစုလို ဖြစ်လာတော့ အစဉ်အလာ မပျက် ကျင်းပတဲ့ ရပ်ကွက် ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပ နိုင်တော့ဘူး။ ဘုရား ဒကာ တွေက အဝေးကို ရောက်ကုန်ကြပြီ ဆိုတော့ ဘုရားတွေ ဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေ ကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပ နိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရ တော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။

ဗမာစာပါ ပျောက်မှာစိုး
ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ ယဉ်ကျေးမှု ပပျောက်ရင် လူမျိုးပါ ပျောက်တယ် ဆိုတဲ့ ဆိုရိုးစကား အတိုင်း အင်မတန် ကြောက်စရာ ကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင် ကြတယ်။ အဲဒါကြောင့် မန္တလေး သားများက မန္တလေးကို ကာကွယ် စောင့်ရှောက် ကြဖို့ အခွင့်ရတိုင်း ပြောနေ ရေးနေ ကြရတာ ဖြစ်တယ်။ ဒေသစွဲ ကြီးလို့ အမြင်ကျဉ်းလို့ လုံးဝ မဟုတ် ပါဘူး။ မန္တလေးကို ကာကွယ် စောင့်ရှောက် တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

စားကြမယ်ဟေ့ ကောင်းကောင်း


ကြေးအိုးဆီချက်နဲ့ ကြေးအိုး

ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းနဲ့ အသားလုံးလုပ်ရန် နယ်ထားတဲ့ပုံတွေပါ။ ကျူဆိုင် မမြင်ဖူးဘူးဆိုတဲ့ comment ကို ခုမှ ပြန်တွေ့မိလို့ပါ။ Sorry ပါနော်။ အပေါ်ဒုတိယမြောက်အကွက်က မြက်ပင်လိုရှည်ရှည်လေးတွေက ကျူဆိုင်ပါနော်။ ဆန်ကြာဇံတွေကို အကျက်မြန်အောင် (၁၅)မီးနစ်ခန့် ရေစိမ်ထားပြီးမှ ပြန်စစ်ထားတာပါ။ ဒါလေးကတော့ရှာလကာရည်ထဲကိုဆားနည်းနည်းထည့်ပြီး ငရုတ်သီးတောင့်နဲ့ကြက်သွန်ဖြူလှီးထည့်ထားတဲ့အချဉ်ရည်လေးပါ။ အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။ ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :) ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။ ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။ ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :) စုဘူးအိမ်မှတဆင့်မျှဝေပါသည်။
ပူပူစပ်စပ် ဂဏန်းချက်စားမယ်နော်
ပြီးခဲ့တဲ့ တစ်ပတ်က ဂဏန်းသေပြီးသား အကောင်လေးတွေကို ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။ ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီး သေချာခွာရပါတယ်။ ရေစင်စင်ဆေးရပါတယ်။ ဂဏန်းကိုယ်ထည်ထဲက အဆီအဥလေးတွေကို ဖယ်ထုတ်ပြီးပန်းကန်ထဲတည့်ထားပါတယ်။ ဖြတ်ထားတဲ့ လက်တွေခြေတွေကို ငရုတ်ကျည်ပွေ့ နဲ့ကွဲအောင်ထုပါတယ်။ နှစ်ခြမ်းခွဲထားတဲ့ ဂဏန်းကိုယ်ထည်တွေကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပါတယ်။ အိုးတစ်လုံးထဲကို ဂဏန်းကိုယ်ထည်တွေရယ်၊ထုထားတဲ့ လက်ခြေတွေရယ်၊ ကြက်သွန်ဖြူ အမွှာကြီး (၅)မွှာ၊ဂျင်းလက်တစ်ဆစ်လောက်လေးတွေ (၅)ဆစ်လောက် ဓါးပြားရိုက်ပြီး၊ဆား၊ငံပြာရည်နည်းနည်းထည့်ကာ ရေနည်းနည်းချင်းဖြည့်ပြီး ထည့်ပြုတ်ထားပါတယ်။ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။ ဆီသတ်တဲ့ထဲကို စပါးလင်နုတဲ့အပိုင်းလေးတွေကို ညက်အောင်ထောင်းပြီး ထည့်ပါတယ်။ ဆီသတ်နံ့မွှေးလာရင် ဂဏန်းအဆီဥလေးတွေကို ထည့်ပါတယ်။ကြက်သားမှုန့်နည်းနည်း၊အရောင်တင်နည်းနည်းထည့်ပါတယ်။ ငရုတ်သီးအတောင့်လိုက်(၄)တောင့်လောက်ထည့်လိုက်ပါသေးတယ်။ မာလာဟင်းအနှစ်ထုတ်ထဲက အနှစ်ကို ဟင်းစားဇွန်းနဲ့(၃)ဇွန်းထည့်ပါတယ်။( ဂဏန်းအကောင်သေး (၅)ကောင်စာအတွက်အချိုးပါ။) ရှမ်းနံနံ ထည့်ပါတယ်။ ဗမာနံနံ ပါနည်းနည်းထည့်လိုက်တယ်။ အဓိက ကတော့ ရှမ်းနံနံပါ။ ဆီသတ်ထားတဲ့အရာတွေကို ပြုတ်ထားတဲ့ ဂဏန်းအိုးထဲကို ရောထည့်ပြီး ဆူပွက်အောင် ပြန်တည်ပါတယ်။ အရသာမြည်းကြည့်ပြီး ကြက်သားမှုန့်နဲ့ငံပြာရည်နည်းနည်းစွက်ပြီး ငရုတ်ကောင်း နည်းနည်း အုပ်ပါတယ်။ ဟင်းအိုးပွက်ရင် စားလို့ရပါပြီနော်။ အရည်တွေအများကြီးနဲ့ အကင်ဆိုင်ကရောင်းတဲ့ ဂဏန်းဟင်းအရသာမျိုးပါ။ မြည်းဖို့လည်းကောင်းသလို အရည်လေးတွေက ပူပူစပ်စပ်နဲ့ ထမင်းနဲ့နယ်စားလည်း အရသာရှိလှပါတယ်။ သူငယ်ချင်းတွေ gathering လုပ်တဲ့ပွဲမျိုးဆိုလည်း ကျွေးလို့ကောင်းပါတယ်။ ဂဏန်းကိုက်နေတော့ တစ်ခြားဟင်းမထိတော့ဘူးပေါ့နော်။ :P သုံးဆောင်ကြည့်ပါနော်။ :) စုဘူးအိမ် မှတဆင့်မှဝေပါသည်။

ငါးချဉ်လုပ်စားရအောင်လေ
ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်းတယ်။
 
ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ..
  1. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။
  2. ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။
  3. ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။
  4. ထမင်းကို ဆားကြမ်းနဲနဲရောမွှေပြီးအအေးခံထားပါတယ်။
  5. လေလုံတဲ့ဗူးအလွတ်တစ်လုံးအဆင်သင့်လုပ်ထားပါ
  6. ဆားနယ်ပြီးနှပ်ထားတဲ့ငါးကို ရေနဲ့ဖွဖွလေးပြန်ဆေးပါတယ်.. ပြီးရင်ရေခဏစစ်ထားပါ။
  7. ရေစစ်ပီးသားငါးကို ဆားနယ်ထားတဲ့ထမင်း (မကျက်သေးတဲ့ထမင်း) နဲ့သိပ်ပီးနယ်ပါ။
  8. ဗူးထဲကိုဖိသိပ်ပီးစီထည့်ပါ။
  9. မနက်ပိုင်းနဲ့ ညနေပိုင်း ၃ နာရီလောက် (ခန့်မှန်း) နေပြပါ။
  10. ၃ ရက်လောက်မှာတော့ဗူးဖွင့်ပြီး ဆီ/ရေစုပ် အ၀တ်နဲ့ဗူးအ၀ကိုလုံအောင်ပိတ်ပီး ဇောက်ထိုး (၂) နာရီလောက်ထားပါတယ်..ဗူးဖွင့်လိုက်ရင် ရောင်းတဲ့ငါးချဉ်အနံ့လို ရနေပီ။ (မမလုလုကို လှမ်းမေးတော့ ဇောက်ထိုးထားလို့ပြောတယ်၊ အထဲကအရည်တွေစစ်ထွက်သွားအောင်၊ မေးတဲ့ရက်က ၃ရက်မြောက်ဖြစ်နေပီ ၊ ဟီးး)
  11. ငါးချဉ်ဗူးကရေအများကြီးတော့မထွက်ပါဘူး၊ အသားထဲကနဲနဲစိမ့်ထွက်လာတဲ့အရည်တွေ ဇောက်ထိုးထားတဲ့ အချိန်တွင်းမှာစစ်သွားပါတယ်။
  12. ပီးရင်တော့အ၀တ်စဖယ်ပီး ဗူးထဲပြန်သိပ်ထည့်ပါတယ်။
  13. ကျွန်မ ငါးချဉ်စားရင် ငါးသတ်သတ်သာပိုနှစ်သက်တာမို့ ထမင်းတွေအကုန်ဆေးပစ်လိုက် ပါတယ်။
  14. ငါးအသားချဉ်းဗူးလေးထဲပြန်သိပ်ထည့်၊ အဖုံးလုံအောင်ပိတ်ပီး ရေခဲသေတ္တာထဲထည့် ထားလိုက်ပါတယ်။
လိုရင်ထုတ်ကြော်စားရုံပါဘဲ။  ငါးအရိုးလေးတွေနဲ့နူးပီးစားလို့အရမ်းကောင်းပါတယ်။  ငါးအသားလဲ တင်းတင်းလေးရှိနေတုန်းဘဲ။ ချဉ်လဲချဉ်တယ်၊ စိမ့်လဲအတော်စိမ့်ပါတယ်။  ငရုတ်သီးလေးနဲ့ကြော်ရင် အားလုံးခံတွင်းတွေ့မှာ သေချာတယ်။း)
** ကျွန်မရေးပေးထားတဲ့နည်းက ရှုပ်နေရင် ထပ်မေးလို့ရပါတယ်။ comment မှာရေးထားခဲ့ပါ။  blog အိမ်တိုင်ရာရောက်လာဖြေပေးပါ့မယ်
ငါးချဉ်လုပ်ရန်ဗူးထဲထည့်သိပ်ထားစဉ်
(၃)ရက်မြောက် ဗူးဖွင့်လိုက်စဉ်
ငါးချဉ်မှထမင်းများဆေးထုတ်အပြီး
ငါးချဉ်ကြော်
စန္ဒာကူးမှတဆင့်မျှဝေပါသည်


ရုံးပတီသီးနဲ့ ပဲငပိချက်

ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။
ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။
ရုံးပဒီသီး တစ်ပန်းကန်စာအတွက် ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ 
တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။
ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။
ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။
ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။
ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့
အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။
အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့
အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။
စုဘူးအိမ်မှတဆင့်မျှဝေပါသည်။


မှိုပင်စိမ်းမွှေ
          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ တစ်လောတုန်းက အလုပ်ကများ၊ လူကလည်း နည်းနည်း နေမကောင်းဖြစ်သွားတာမို့ ဘလော့ဂ်ဘက်ရော ဖေ့်စ်ဘွတ်ခ် ဘက်ရော မလှည့်နိုင်ဖြစ်သွားတယ်နော်။ အချိန် အကြာကြီး ပစ်ထားလို့ စိတ်မဆိုးပါနဲ့နော်။ ဒီနေ့တော့ မောင်နှမတို့ကို သတ်သတ်လွတ်ဟင်းလျာလည်းဖြစ်၊ ထမင်းလည်းမြိန်စေမယ့် မှိုပင်စိမ်းမွှေး အစပ်ချက်လေး ချက်ကျွေးပါရစေဦးနော်။
          မှိုဝယ်လို့ရပြီဆိုရင် ကန်စွန်းရွက်နဲ့တွဲပြီး ကြော်လိုက်တာက အမြဲလိုလိုမို့ ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်ရအောင် မှိုကို ဟင်းလေးလို ချက်စားမယ်ဆိုပြီး ချက်ဖြစ်တဲ့ဟင်းလျာလေးပါနော်။ အမေက ကန်စွန်းရွက် နဲ့ကြော်မယ်တဲ့၊ လုကတော့ အမေရယ် အပြောင်းအလဲ ဖြစ်သွားရအောင် ချက်စားရအောင်နောလို့ဆိုတော့ သူပဲ ထွင်နိုင် လွန်းတယ်တဲ့။ မှိုကို အသုပ်လည်း လုပ်သေး၊ အရည်သောက်လည်း လုပ်သေး၊ အခု ဟင်းလိုမျိုး ချက်ဦးမယ်တဲ့။ စိတ်ကြိုက်ပဲ၊ သဘောရှိပဲတဲ့ ချက်ချင်သလိုသာချက်၊ တစ်ခါတည်း များများချက်၊ ဆွမ်းဟင်း လည်းလောင်းရအောင်၊ ထမင်းချိုင့်လည်းထည့်၊ အိမ်သားတွေအားလုံး စားကောင်းအောင်လို့ ချက်ပါတဲ့။ ပါမစ်ရပြီဆိုတော့ ချက်ပြီပေါ့နော်။
          လိုအပ်သောပစ္စည်းများကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ပင်စိမ်း ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီအနည်းငယ် တို့ပါနော်။
          ကောက်ရိုးမှိုအလုံးလေးတွေကို သန့်ရှင်းရေးလုပ်ပြီးတော့ လေးစိတ်ရအောင် လှီးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေးလှီးပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါ။ ပင်စိမ်းရွက်လေးလည်း ရေဆေးပေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေယူထားပါနော်။
          အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်၊ မီးအားကိုလျှော့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးစိမ်း တွေထည့်ပြီး ဆီသတ်၊ ငရုတ်သီးစိမ်းပါတာမို့ သတိထားပြီး မီးအားကို လျှော့နော် မဟုတ်ရင် မွှန်ကုန်မှာစိုးလို့နော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး ဆီသတ်၊ ခရမ်းချဉ်သီးက အားလုံး ကြေစရာမလိုတော့ နွမ်းပြီဆိုရင် မှိုလေးတွေထည့်၊ မီးအားကို ပုံမှန်ပြန်ထား၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲလေး ထည့်ပြီးတော့ အားလုံးသမအောင်မွှေပြီး ဒယ်အိုးဖုံးအုပ်ပြီး တည်ပေး ပါနော်။ သုံးမိနစ်လောက်ကြာရင် ဒယ်အိုးအဖုံးဖွင့်ပြီး တစ်ခါထပ်မွှေ၊ ပြီးတော့မှ မှိုအိပြီလား ကြည့်၊ အအိလိုသေးရင် ရေနွေးလေး နည်းနည်းလေးဖျန်းထည့်ပြီး အိအောင်ချက်၊ ပြီးတော့ အပေါ့အငန်မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ပါနော်။
          အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုပင်စိမ်းမွှေးအစပ်ချက်လေး ရပါပြီ နော်။ ရုံးကို ထမင်းချိုင့်ထည့်လာတော့ မိတ်ဆွေတွေက စားကောင်းတယ်ပြောလို့ အရမ်းကို ပျော်သွားတာ။ မောင်နှမတွေလည်း ချက်စားလို့ရအောင်လို့ နည်းလေး မျှဝေလိုက်ပါပြီနော်။ အားပေးကြပါဦးနော်။
လုလုမီးဖိုချောင်မှတဆင့်မျှဝေပါသည်။

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား၂၀၁၁ အတွက်ဂင်းနစ်မှတ်တမ်းဝင်ပြီ


 




ကမ္ဘာ့အရပ်အရှည်ဆုံးလူသား၂၀၁၁ အတွက်ဂင်းနစ်မှတ်တမ်းဝင်ပြီ
ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီမှ Sultan Kosen ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ Rio de Janeiro မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ် ။ Kosen ဟာ အရပ် ၂ မီတာ (၈ ပေ ၁ လက်မ) ရှည်ပြီး ကမ္ဘာ့အရှည်ဆုံးလက်နဲ့ ကမ္ဘာ့အရှည်ဆုံးခြေထောက် စံချိန်များတင်ထားသူလည်း ဖြစ်ပါတယ် ။ သူဟာ ၂၀၁၁ ကမ္ဘာ့စံချိန်ဂင်းနစ်မှတ်တမ်းစာ
အုပ်မှာ ပါဝင်ဖို့ အခမ်းအနားကို တက်ရောက်လာခြင်းပဲဖြစ်ပါတယ် ။



ရဲရင့်လှသော ပျားလူသား




ထောင်ပေါင်းများစွာသော ပျားကောင်တွေဟာ Yang Chuanquan ရဲ့ခန္ဓာကိုယ်ကို ၀န်းအုံလို့နေပါတယ် ။ Yaung ဟာ အနောက်တောင်တရုတ်ပြည်နယ် Nanning မှ Nanning Quanjian Bee Farm မှာ အကြီးအကဲ တစ်ဦးဖြစ် သလို ယခု ပြပွဲတစ်ခုမှ တင်ဆက်ပြသခြင်းလည်းဖြစ်ပါတယ် ။