Thursday, October 6, 2011

ထိုင်းဝန်ကြီးခူပ်သစ်၏မြန်မာပြည်ခရီးစဉ်

ထိုင်းဝန်ကြီးချုပ် မစ္စယင့်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်ပြီး ဆယ်စုနှစ်ငါးခုအတွင်း ပထမဆုံး ပေါ်ပေါက်လာသည့် အရပ်သားအစိုးရခေါင်းဆောင်ကို တွေ့ဆုံမည်ဖြစ်သည်။

Thai PM400
ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်သည် ယနေ့ နေ့လယ် ၁း၃၀ နာရီတွင် စတင်ခဲ့သည်။ ဘန်ကောက်သို့ ည  ၁၁း၃၀ နာရီတွင် ပြန်လည်ရောက်ရှိမည်ဟု ထိုင်းအစိုးရသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထာ
“ဒီခရီးစဉ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် မိတ်ဆက်ဖို့ပါပဲ” ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ပြောသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်က နေပြည်တော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အဓိက အကြောင်းအရာများထဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခွင့်ရအရာရှိက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ဝေဖန်ပြစ်တင်ခံနေရသည့် တနင်္သာရီဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အဝေးပြေးလမ်းမ ဖောက်လုပ်ရေး စီမံကိန်းများအကြောင်းလည်း ပြောဆိုကြမည်ဟု သိရသည်။

အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်သည်။

ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ဆွေးနွေးဖွယ် ရှိမရှိ  မစ္စတီတီမာချိုင်စိန်က ပြောဆိုခြင်း မရှိသော်လည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထိုင်းက လေးစားပါတယ်” ဟု ဆိုသည်။

ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဂရုမစိုက်ရုံသာမက ရှိမှန်းပင် သိမည်မဟုတ်ကြောင်း ယခင် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူ ထိုင်းနိုင်ငံရေးသမား မစ္စတာ ကရိုင်းဆတ် ချွန်ဟာဗန်းက ဧရာဝတီကို ပြောသည်။

“(ထိုင်းဝန်ကြီးချုပ်ဟောင်း) မစ္စတာသက်ဆင်လက်ထက် မြန်မာစစ်အစိုးရနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေ အခြေခံတဲ့ ဆက်ဆံမှုလိုမျိုးကို ဒီခရီးစဉ်မှာ ပြန်ထူထောင်မှာတော့ စိုးရိမ်မိတယ်” ဟု သူက ပြောသည်။

မစ္စတာသက်ဆင်အာဏာရှိစဉ်က မြန်မာစစ်အစိုးရနှင့် အငြင်းပွားဖွယ် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိခဲ့ပုံကို မစ္စတာ ကရိုင်းဆတ်က ရည်ညွှန်းခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး၏အဆိုအရ ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးကုန်သွယ်မှု ကြီးထွားလာနေခြင်းကို နှိမ်နင်းမည်ဟု ထိုင်းအစိုးရက ကြေညာထားသည့် စစ်ဆင်ရေး အကြောင်းကိုလည်း ဆွေးနွေးမည်ဟု သိရသည်။

မြန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်းများကို ခရီးစဉ်အတွင်း ပေးအပ်သွားမည်ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် မကြာသေးမီက  ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို စသည့် အာဆီယံနိုင်ငံများကို သွားရောက်ခဲ့ပြီးဖြစ်သည်။

ပြောင်းလွဲသင့်သောမြန်မာတရားရေး

ကိုသန်းဦးနဲ့ မိတ်ဆွေ လယ်သမား ၄ ယောက်ဟာ သူတို့နေထိုင်ရာ စစ္စရံရွာကို ဆိုက်ကယ်စီးပြီး ပြန်အလာ ရွာအ၀င်လမ်းနဲ့ မနီးမဝေးမှာ မထင်မှတ်ဘဲ လူ ၂၀ ယောက်ခန့်က ၀ိုင်းဝန်းရိုက်နှက် ခဲ့ပါတယ်။ အဲဒီရိုက်နှက်ခဲ့ သူတွေကပဲ သူတို့ကို တရားစွဲလို့ မင်းလှမြို့နယ် တရားရုံးက မေလထဲမှာ ကိုသန်းဦးနဲ့ မိတ်ဆွေ လယ်သမားများကို ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်ခဲ့ပါတယ်။

gavel2စစ္စရံကျေးရွာဆိုတာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ကံမမြို့နယ်က ရွာလေးတရွာ ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့ ကိုသန်းဦးတို့အမှုကို ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အထက်တရားရုံးဖြစ်တဲ့ မင်းဘူးခရိုင်တရားရုံးကို အယူခံဝင်ခဲ့တာကြောင့် သူတို့အားလုံးကို ထောင်ဒဏ် ၃ လစီ ပြောင်းလဲချမှတ်ခဲ့ပါတယ်။

ဘာကြောင့် မြန်မာ့တရားစီရင်ရေးစနစ်မှာ ဒီလောက်ကွာခြားတဲ့ ပြစ်ဒဏ်ပြင်ဆင်မှုမျိုး ဖြစ်ပေါ်ရပါသလဲ၊ မူလစီရင်ချက်ကို ချမှတ်တဲ့ တရားရုံးက တရားစီရင်ရေးစနစ်ကို မမှန်မကန် အသုံးချခဲ့လို့လားလို့ ရှေ့နေကြီး ဦးသိန်းအောင်ကို မေးတော့ “ဒါမျိုးက ဖြစ်တောင့်ဖြစ်ခဲ့တဲ့ ကိစ္စပါ။ ဒါပေမယ့် သူတို့က မူလတရားရုံးရဲ့စီရင်ချက်ဖြစ်တဲ့ အပြစ်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ အကာအကွယ်ပေးထားတယ်ဗျ။ လုံးဝလွှတ်လိုက်တာ မဟုတ်ဘူးလေ။ ပြစ်ဒဏ်ကို ပြင်ဆင်သတ်မှတ်ပေးတာပဲရှိတယ်” လို့ ရှင်းပြပါတယ်။

သရက်ထောင်ထဲမှာ ချုပ်နှောင်ခံထားကြရတဲ့ ကိုသန်းဦးတို့ အခု လွတ်မြောက်လာပါပြီ။ ၀မ်းသာစရာကောင်းတဲ့ သတင်းတခုဖြစ်ပေမယ့် အဲဒီအမှုနောက်ကွယ်က ဖြစ်ရပ်တွေက မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ပတ်သက်ပြီး အတွေးပွားစရာ မေးခွန်း အများအပြား ပေါ်ပေါက်လာပါတယ်။

မြန်မာပြည်က တရားစီရင်ရေးစနစ်မှာ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုရှိရဲ့လားဆိုတာ အခု ကိုသန်းဦးတို့အမှုက နမူနာထား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာပြည်အနှံ့က ထောင်ထဲမှာ အကျဉ်းကျခံနေကြသူတွေ ဘယ်လောက်များများ ရှေ့နေမငှားနိုင်လို့၊ အယူခံမတင်နိုင်လို့ ဒါမှမဟုတ် အယူခံတင်ရကောင်းမှန်း မသိလို့ မိမိတို့ကျခံနေရတဲ့ ပြစ်ဒဏ်တွေဟာ ကျူးလွန်တဲ့ပြစ်မှုနဲ့ ထိုက်တန်ပါရဲ့လားလို့ မသိဘဲ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေ ဘယ်လောက်များများ ရှိနေပါသလဲ။

ဒါနဲ့ပတ်သက်ပြီး ဦးအောင်သိန်းကို မေးကြည့်တော့ “ခြုံပြီးတကြောင်းတည်း ပြောလိုက်မယ်။ တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေး မဟုတ်ဘူး” လို့ ခပ်ပြတ်ပြတ်ပြောပါတယ်။

ဒါနဲ့ ကိုသန်းဦးတို့ကို ရိုက်တဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ကိုရော ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်မှုအတွက် တရားဥပဒေအရ ဘယ်လိုစီရင်ခဲ့ပါသလဲ။ အရိုက်ခံရတဲ့သူတွေကရော ဘယ်လို နောက်ခံအကြောင်းတရားတွေကြောင့် အရိုက်ခံရသလဲ။ သူတို့ကရော အရိုက်လည်းခံရပြီး ဘာကြောင့် ဒီလောက်ကြီးလေးတဲ့ ထောင်ဒဏ်တွေ အပြစ်ပေးခံရပါသလဲ။

ကိုသန်းဦးတို့ကို ရိုက်နှက်သူတွေက မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမီတက်နဲ့ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး သူဌေးစာရင်းဝင် ဦးတေဇရဲ့ ထူးကုမ္ပဏီစုကြီးတို့ ပူးပေါင်းပြီး စစ္စရံရွာနားက ဧက ၄၀၀၀ ခန့် ကျယ်ဝန်းတဲ့ မြေပေါ်မှာ ကော့စတစ်စက်ရုံ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ အငြိမ်းစားဗိုလ်မှူး ၀င်းမြင့် ဦးဆောင်တဲ့ ၀န်ထမ်းတွေဖြစ်တယ်။ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ လီမီတက်က စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးလည်း ဖြစ်တယ်။

ကိုသန်းဦးနဲ့ တခြား မိတ်ဆွေလယ်သမား ၃ ဦး (ယခု အပြစ်ဒဏ်ကျခံထားရသူများ မဟုတ်ပါ) ပိုင်တဲ့ စစ္စရံရွာက လယ်မြေတွေဟာ ကော့စတစ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းက ကျူးကျော်ဝင်ရောက်တာ၊ ဖျက်ဆီးတာ ခံခဲ့ရပါတယ်။ ဒါကို တရားဥပဒေရဲ့ အကာအကွယ်ရယူဖို့ ကိုသန်းဦးက ဦးဆောင်ပြီး ကံမတရားရုံးမှာ ဗိုလ်မှူးဟောင်း ၀င်းမြင့်နဲ့ ၂ ဦးကို ယခုနှစ် မတ်လထဲမှာ တရားစွဲခဲ့တယ်။

ဒီလိုတရားစွဲပြီး မကြာခင်မှာပဲ ကိုသန်းဦးဟာ တခြားမိတ်ဆွေရွာသား ၅ ဦးနဲ့ ခရီးသွားရာကအပြန် ရွာအ၀င်လမ်းပေါ်မှာ တည်ရှိနေတဲ့ ကော့စတစ်စက်ရုံ တည်ဆောက်ရေးဝန်းထဲက အလုပ်သမား ၂၀ ယောက်ခန့် ထွက်လာပြီး သူတို့ စီးလာတဲ့ ဆိုက်ကယ်တွေကိုတား၊ လူတွေကို ဖမ်းဆီးပြီး အလုပ်ရုံဝန်းထဲခေါ်သွားကာ ကြိုးတုတ်ရိုက်နှက်ခဲ့တယ်လို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေကြီး ဦးသိန်းအောင်က ဖြစ်စဉ်ကို ရှင်းပြပါတယ်။

အရိုက်ခံရုံတင်မကဘဲ သူတို့အားလုံးကို ရဲစခန်းပို့ ချုပ်နှောင်ထားခဲ့တယ်။ နောက်ပိုင်း တယောက်ကို ပြန်လွတ်ပေးပြီး ကိုသန်းဦးနဲ့ ကျန် ၄ ယောက်ကို သူတို့စီးလာတဲ့ဆိုင်ကယ် လိုင်စင်မရှိတဲ့အမှုအပြင် ဆောက်လုပ်ရေးစီမံကိန်းဝင်းကို ခဲနဲ့ပေါက်မှု၊ ဆဲရေးတိုင်းထွာမှုနဲ့ ၀န်ထမ်းတဦးကို ထိုးကြိတ်မှု စတဲ့အခြားအမှု ၃ မှုနဲ့ ကံမတရားရုံးမှာ တရားစွဲခဲ့ပါတယ်။

မိမိတို့ရွာသားတွေ အရိုက်လည်းခံရရုံမျှမက မတရား တရားစွဲခံကြရတော့ စစ္စရံရွာသားတွေက ကံမတရားရုံးမှာ တရားရင်ဆိုင်တဲ့နေ့တိုင်း လူအုပ်နဲ့သွားရောက်ပြီး ကိုသန်းဦးတို့ကို အားပေးခဲ့တဲ့အတွက် ဗိုလ်မှူးဟောင်း ၀င်းမြင့်က လုံခြုံရေးစိတ်မချရ လို့ တရားရုံးပြောင်းပေးပါလို့ လျှောက်ထားပြန်တယ်။ တရားသူကြီးက အမှုကို မင်းလှတရားရုံးကို လွှဲခဲ့ပြီး တရားရုံးက ကိုသန်းဦးတို့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ်တွေပေးခဲ့တယ်လို့ ဦးအောင်သိန်းက ရှင်းပြပါတယ်။

ကိုသန်းဦးတို့ကို ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့ အပေါ်မှာရော တရားဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တာ ရှိပါသလားလို့မေးတော့ ဦးအောင်သိန်းက “ကိုသန်းဦး အမျိုးသမီးက ဒီလိုလူအုပ်နဲ့ ၀ိုင်းရိုက်တာဟာ ဗိုလ်မှူးဟောင်း ၀င်းမြင့်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါလို့ တိုင်ကြားပေမယ့် တရားရုံးတော်ကို ဆောက်လုပ်ရေးအလုပ်သမား ၂ ဦးကိုပဲ ဆင့်ခေါ်ခဲ့ပြီး ထင်ရှားတဲ့ သက်သေအထောက်အထား မရှိဟုဆိုကာ မင်းလှတရားရုံးက တရားသေလွှတ်လိုက်ပါတယ်” လို့ ပြောပြပါတယ်။

သူက ဆက်လက်ပြီး “ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ ဒီနေ့ခေတ် တရားရုံးတွေက သြဇာအာဏာရှိသူတွေဘက်က ရပ်တည်နေကြတယ်။ ဦးပိုင်တို့၊ ထူးတို့ ဆိုတာလည်း သြဇာရှိတယ်လေ” ဟု ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းတဲ့အစိုးရ (Clean Government) ဖြစ်အောင် အမှန်တကယ်လုပ်မယ်ဆိုရင် တရားစီရင်ရေးစနစ်ကို အရင်ဆုံး မပြုပြင်သင့်ဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းက “တရားရုံးဆိုတာ တပြေးညီပဲ ဖြစ်ရတယ်။ အဲဒီလောက်ကြီး အနိမ့်အမြင့် ကွာဟစရာမလိုဘူး။ ပြစ်ဒဏ်ရဲ့ အမြင့်ဆုံးကိုပေးတာဟာ တရားသူကြီးမှ မဟုတ်ဘူး၊ တရားရုံးစာရေးတယောက်ကလည်း ပေးတတ်ပါတယ်ဆိုတာ ဟိုတုန်းက အင်္ဂလိပ်ခေတ် စီရင်ထုံးတွေ ပြောထားတာရှိပါတယ်” လို့ ထောက်ပြပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်း ထောက်ပြတဲ့အချက်ဟာ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အခရာကျတဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများ သတိထားသင့်ပါတယ်။

ပိုပြီး ဆင်ခြင်သင့်တာကတော့ ရာဇ၀တ်ပြစ်မှု တစုံတရာ ကျူးလွန်ခြင်းမရှိဘဲ ယနေ့ထောင်ထဲမှာ နှစ် ၆၀ ကနေ ၁၀၀ ခန့်အထိ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး တရားဥပဒေကို တလွဲသုံးကာ ကိုယ့်နိုင်ငံသားတွေကို အခုလိုညှဉ်းပန်းနှိပ်စက်တဲ့ စနစ်ကို ပြန်လည်စဉ်းစားသင့်ပါပြီ။     ။

နေပြည်တော်ကောင်စီ၏ လူဖမ်း ထောင်ချပွဲကြီး


နေပြည်တော်မြို့တော်ဝန်ဦးသိန်းညွန့်
၂၀၁၁ စက်တင်ဘာလ (၂၃) ရက် နေပြည်တော်ဇဗ္မူသီရိမြို့နယ်၊ခရေအရာရှိကြီးများဝန်ထမ်း
အိမ်ရာ  ညသန်းခေါင် (၁၂) နာရီအချိန်မှာဧည့်စာရင်းစစ်ဆေးရန်ဟုဆိုကာနေပြည်တော် အမှတ်(၅)ရဲစခန်းမှရဲများနှင့်နေပြည်တော်ကောင်စီအဖွဲ့ဝက်များက၀ုန်းဒိုင်းကြဲအထိတ်တလန့် ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါသည်။ယင်းသို့ဝင်ရောက်စီးနင်းရာတွင်နေပြည်တော်Junction Centre ရှိအရာရှိကြီးတဦးပိုင်ဆိုင်သည့်ဖိနပ်အရောင်းဆိုင်မှအရောင်းဝန်ထမ်းမိန်းကလေး(၆)ဦးကို
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊လက်ထိပ်မရှိသောကြောင့်ထိုမိန်းကလေးများကိုသံကြိုးဖြင့်ချည်နှောင်
ပြီးနေပြည်တော်အမှတ်(၅)ရဲစခန်းသို့ခေါ်ဆောင် သွားခဲ့သည်။

နာက်တနေ့နံနက်တွင်နေပြည်တော်အမှတ်(၅)ရဲစခန်းမှပျဉ်းမနားမြို့နယ် တရားရုံးသို့ရုံးထုတ် 
ခဲ့ပြီး၊နေပြည်တော်ကောင်စီ၏အမိန့်ဖြင့်ထိုအရောင်းဝန်ထမ်းမိန်းကလေးငယ်များကိုရက်ရက် 
စက်စက်ထောင်ဟဏ်(၁၅)ရက်အပြစ်ပေးလိုက်ပါသည်။

အဆိုပါအရောင်းဝန်ထမ်းအမျိုးသမီးလေးများမှာဘွဲ့ရပညာတတ်၊မိကောင်းဖခင်၊အမျိုးကောင်း
သမီးလေးများဖြစ်ပြီး၊တနယ်တကျေးမှလာရောက်၍မိဘများကိုသမ္မာအာဇီဝဖြင့်ရိုးသားစွာရှာဖွေ
ကျွေးမွေး နေသူလေးများဖြစ်သည်။ထိုကဲ့သို့ရက်ရက်စက်စက်သားသမီးချင်းကိုယ်ချင်းစာနာ စိတ်မရှိဘဲထောင်ချရန်အမိန့်ပေးခဲ့သူမှာယခင်(နယ်စပ်စည်ပင်ဝန်ကြီး)ယခုနေပြည်တော်ကောင်စီ
ဥက္ကဌ၊ သမ္မတရုံး ၀န်ကြီး၊နေပြည်တော်မြို့တော်ဝန်ဦးသိန်းညွန့်ပင်ဖြစ်ပါသည်။ယခုကဲ့သို့တရား ဥပဒေကိုကျော်လွန်ပြီးအပြစ်မဲ့လုပ်သားပြည်သူများကိုထောင်ချဖမ်းဆီးနေခြင်းသည်ဒီမိုကရေစီ
နိုင်ငံတော်တည်ဆောက်ရေး အတွက်လွန်စွာမှဆိုးဝါးလှသော အဖျက်အမှောင့်လုပ်ရပ်ကြီး တ ခုဖြစ်ပြီး၊လူ့အခွင့်အရေးကိုပြင်းထန် စွာချိုးဖောက်နေခြင်းပင်ဖြစ်သည်။

ဘွဲ့ရပညာတတ်အမျိုးကောင်းသား၊အမျိုးကောင်းသမီးများကိုတော့ထောင်သွင်းအကျဉ်း
ချပြီး၊နေပြည်တော်နှင့် ရန်ကုန်မြို့ရှိအနှိပ်ခန်းမှမိန်းမပျက်များ၊ဘားလမ်းကားမှတ်တိုင်၊ပန်း
ဆိုးတန်းကားမှတ်တိုင်၊စံပြဈေးကားမှတ်တိုင်တွင်ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်နေကြသော
အကျင့်ပျက်ပြည့်တန်ဆာမလေးများနှင့်ဥပဒေဘက်တော်သားဟု ပြောပြောနေကြသော
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များ၊SB၊စအဖအစရှိသည့်ထောက်လှမ်း၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများ
ပျော်ပါးမြူးတူးကူးလူးဆက်ဆံနေကြသည်များကိုမြင်တွေ့မိသောအခါဝယ် ရင်ထဲတွင် 
နေအစင်းတစ်ရာမကပူလောင်ပြင်းထန် စိတ်နှလုံးနာပြီး ယူကျုံးမရဖြစ်ရပါတော့သည်။
(နေပြည်တော်ရှိ သတင်းထောက်တဦး၏ ရင်ဖွင့်စကားသံကို အောက်တွက်ဆက်လက်
ဖတ်ရှုနိုင်ပါသည်။)

Tuesday, October 4, 2011

အမေ့ကျောင်း (၂ ) နှစ်မြောက် နှစ်ပက်လည်အခမ်းအနား

http://tripwow.tripadvisor.com/tripwow/ta-0300-d062-16a7?lb#

သားတပည်များ၏ပြင်ပလေ့လာရာရေးခရီး













အမေ့ကျောင်းမှသားတပည်များမလေးရှားနိုင်ငံ K.L.C.C.  သိုလေ့လာရေးခရီးထွက်စဉ်ဓာတ်ပုံများ

အောင်ပွဲများနှင့်သားတပည်များ












အာကစားပြိုင်ပွဲများနှင့်အမေ့ကျောင်းမှသားတပည်များပြိုင်ပွဲများမှဓာတ်ပုံများ

အမေ့ကျောင်း (၂ ) နှစ်မြောက် နှစ်ပက်လည်အခမ်းအနား