Sunday, October 23, 2011
ဂရိအတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီး
"I know that I know nothing"
အနတ္တ တရားကို တိတိကျကျမသိပေမယ့် ခရစ်တော်မပေါ်မီ BC-4oo ကျော်မှာ ဂရိအတွေးအခေါ်ပညာရှင်ကြီးဆိုကရေးတီး ပြောဆိုခဲ့တဲ့စကားဖြစ်ပါတယ်။
"ငါ ဘာမှမသိဘူးဆိုတာပဲ ငါ သိတယ်" ဆိုတဲ့စကားဟာ တကယ်လေးနက် တဲ့စကားဖြစ်ပါတယ်။
လူ တစ်ယောက်ရဲ့ အကြောင်းကို ချဉ်းကပ်လေ့လာမယ်ဆိုရင် သူဖြတ်သန်းတဲ့ ခေတ်ကာလ ကိုနားလည်ဖို့
လိုအပ်ပါတယ်။ဆိုကရေးတီး ဟာ ဂရိနိုင်ငံ အေသင်မြို့ Deme Alopece မှာ Bc 469 / 470 က မွေးဖွားလာ
ခဲ့သူဖြစ်ပါတယ်။အကယ်ဒမီဆိုတဲ့ ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး ဂရိအတွေးအခေါ်တွေကို ပျံ့နှံ့စေခဲ့သူ
ပလေတို ဟာ ဆိုကရေးတီးရဲ့ တပည့် ဖြစ်ပါတယ်။အတွေးအခေါ်လောက ကိုစိုးမိုးထားနိုင်ခဲ့သူ အရစ္စတိုတယ်ကတော့ပလေတိုရဲ့ တပည့်ဖြစ်ပါတယ်။ဆိုကရေးတီး ကြီးပြင်းလာခဲ့တဲ့ ခေတ်ကာလ ဟာ ခေတ်ကျပ်တစ်ခုဖြစ်ပါတယ်။
ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရဟာ အဲဒီအချိန်ကစတင်ပေါက်ဖွားခဲ့တာပါ။ပြည်သူများ ကိုယ်ပိုင်ချုပ်ခွင့်ရတယ်ဆိုတဲ့
သဘောပါ။ အေသင် မှာ အဲဒီခေတ်ကတည်းက လွတ်တော်သဘောမျိုးပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ချမ်းသာကြွယ်ဝ သူတွေ ၊အုပ်ချုပ်သူ လူတန်းစားတွေရဲ့ ချယ်လှယ်မှုတွေတော့ ရှိနေဆဲပါ။
ပညာရေးအနေနဲ့ အဲဒီခေတ်မှာ ဆိုးဖစ်(sophic)လို့ခေါ်တဲ့ ပညာရှင်တွေဆီမှာပညာသင်ယူရပါတယ်။
ဒါပေမယ့် အေသင်မြို့ အုပ်ချုပ်ရေးလူကြီးများနဲ့ ချမ်းသာကြွယ်ဝသူများရဲ့ သားသမီးများသာ အဓိကသင်ယူခွင့်ရပါတယ်။ပညာသင်ကြားရေးစနစ်က လူငယ်တွေ ကို အသိပညာတိုးစေတဲ့ ပညာရေးမျိုးမဟုတ်ဘဲ ကန့်သတ်ချက်များနဲ့ဖြစ်ပါတယ်။ ဒီအချိန်မှာ ဆိုကရေးတီးက မြို့ထဲမှာလှည့်လည်ပြီး လူငယ်တွေ ကို အသိပညာ ဖြန့်ဝေပေးခဲ့ပါတယ်။ ဆိုကရေးတီးရဲ့ သင်ကြားရေးစနစ်ကတော့ ဒိုင်ယာလက်တစ်(dialectic)နည်းဖြစ်ပါတယ်။ သိသလောက်ပြောပြရရင် ဒိုင်ယာလက်တစ် နည်းဆိုတာက အပြန်အလှန်မေးခွန်းထုတ်ပြီး သင်ကြားပေးတဲ့စနစ်ဖြစ်ပါတယ်။
ဆိုကရေးတီးကို မေးခွန်းတစ်ခုမေးရင် သူကလည်းမေးခွန်းလေးတွေပြန်မေးပါတယ်။ဒီလိုမေးရင်း၊ဖြေရင်းနဲ့
လိုချင်တဲ့အဖြေ ကိုရောက်ရှိသွားပါတယ်။ဒီနည်းက ဥာဏ်ပညာဖွံ့ဖြိုးပြီး၊အတွေးအခေါ် ပိုမိုမြင့်မားလာစေပါတယ်။
တစတစထင်ရှားလာတဲ့ ဆိုကရေးတီးကို အေသင် အုပ်ချုပ်သူတွေ သတိပြုမိလာပါတယ်။သူ့ရဲ့ သင်ကြားမှုတွေနဲ့ လူငယ်တွေ အသိအမြင်နိုးကြားလာမှာစိုးရိမ်တဲ့အတွက် သူ့ ကို စာမသင်ဖို့တားမြစ်ပါတယ်။နောက်ဆုံးမှာတော့
ဆိုကရေးတီးကို အများသဘောတူညီချက်နဲ့ သူ့ရဲ့ ခံယူချက်၊အတွေးအခေါ်တွေ မှားယွင်းကြောင်းဝန်ခံခိုင်းပါတယ်။
ဒါမှမဟုတ်ရင် အဆိပ်သောက်သေဖို့ ပြောပါတယ်။ ဆိုကရေးတီးဟာ အမှန်တရားကို အသက်နဲ့လဲပြီးသက်သေပြဖို့
ရွေးချယ်ခဲ့ပါတယ်။ အဆိပ်သောက်ခါနီးမှာ ထွက်ပြေးဖို့အခွင့်အရေးရလို့ ထွက်ပြေးဖို့ တပည့်တွေက တိုက်တွန်းပါတယ်။
ဒီအခါမှာ ဆိုကရေးတီးက "တပည့်တို့ ငါထွက်ပြေးသွားရင် ငါ့ အတွေးအခေါ်၊အယူအဆတွေ မှားယွင်းကြောင်း
ဝန်ခံရာရောက်သွားမယ်။ရာဇ၀င်မှာလည်း ဆိုကရေးတီးဟာ အမှန်တရားထက် အသက်ကို ပို ချစ်တယ်လို့
အမည်းစက်ထင်သွားမယ်။လောကမှာဘယ်သူမှ နှစ်ခါမသေရဘူး။ ဒါကြောင့် ငါ မြင့်မြတ်စွာနဲ့ပဲအသေခံသွားမယ်။
ငါ့ ကိုမတားကြနဲ့" လို့ ဆုံးမသွားပါတယ်။ဒါကြောင့်လည်း ဆိုကရေးတီးဟာ Philosophy ရဲ့ ဖခင်ကြီးအဖြစ်
လေးစားဂုဏ်ယူစွာ သတ်မှတ်ခံခဲ့ရတာပါ။
     ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမက အမှန်တရားကို အသက်နဲ့လဲပြီးမြတ်နိုး
သွားတဲ့ ဆိုကရေးတီးရဲ့စိတ်ဓါတ်ပါ။ကြီးကျယ်မြင့်မြတ်သူတိုင်းမှာ မိုးခါးရေမသောက်တတ်တဲ့၊ ဖြူစင်သန့်ရှင်းတဲ့
နှလုံးသားဝိညာဉ်ရှိတယ်ဆိုတာ သမိုင်းအဆက်ဆက်တည်တံ့အောင် သူက သက်သေပြသွားခဲ့ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီရဲ့ ရှေ့ပြေးလို့ ဆိုရမယ့် အေသင်အုပ်ချုပ်ရေးမှာလည်း အများသဘောနဲ့
ဆုံးဖြတ်တာပါ။ဆိုကရေးတီးကို အဆိပ်သောက်သေဖို့ ကိုလည်း အများသဘောနဲ့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဒါကြောင့် အများရဲ့ သဘောထားနဲ့ တိုက်ဆိုင်တိုင်းလည်း အမှန်တရားနဲ့မနီးစပ်ဘူး ဆိုတဲ့ အသိအမြင်ကို
ရရှိစေပါတယ်။ခေတ်တိုင်း၊စနစ်တိုင်းမှာ ချို့ယွင်းချက်၊အားနည်းချက် ကိုယ်စီ ရှိတတ်ပြီး အမှန်တရားကိုမြတ်နိုးတဲ့၊အတွေးအခေါ် မြင့်မြတ်ဖြူစင်တဲ့ လူတော်လူကောင်းတွေ  ပေါများဖို့လိုတယ်ဆိုတာ တွေ့ရှိရပါတယ်။
    ဒါကြောင့် မြန်မာ လူငယ်တွေ အနေနဲ့ အမှန်တရားကို မြတ်နိုးတတ်အောင်၊ အတွေးအခေါ် မြင့်မားရင့်ကျက်လာ
အောင် အားထုတ်ကြိုးပမ်းပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ်မုခ်ဦးသစ်ကို အလှပဆုံး ရေးချယ် သီဖွဲ့ ဖို့ လိုအပ်ကြောင်းဆန္ဒမွန်ဖြင့်တိုက်တွန်းလိုက်ပါတယ်။
လိင်ဆွဲအားနဲ့ မိန်းမဟာ တစ်ယောက်တည်းမနေရစ်ခဲ့ဘူး ဒီကော်ရစ်တာပေါ်မှာ
ဒီကိစ္စကို ငရဲမှန်းနိဗ္ဗာန်မှန်းသေချာသိအောင်ရှင်းထုတ်ခွဲခြမ်းရတော့မယ်
နောက်ဆုံး ဘာသာစကားယဉ်ကျေးမှုနဲ့ခိုင်းနွားတစ်ကောင်မှ မပိုင်ဆိုင်ရတဲ့အခါမှာ
ခြေလက်ခေါင်း ဘာနဲ့အသက်ရှူကြတော့တာပဲ ရိုးသားကြည့်တိုင်း အဖြဟာအရင်ကတည်းက
အသက်မရှိတဲ့ ကြိုးတစ်စလို ပျော့ခွေနေတာပဲမဟုတ်လား
ခင်ဗျားတို့ နဲ့ ကျုပ်တို့ ရဲ့  နယ်စပ်မျဉ်းတစ်လျှောက် အဲဒီဟာတွေနဲ့ ပေါက်ကြမယ်အန် အိုင် ဂျီ (31) ကိုခိုးယူခဲ့
ဒီကျင်းထဲမှာလည်း ဒီမိုင်းပဲ ဟိုကျင်းထဲမှာလည်း ဒီမိုင်းပဲ ငွေ့ ရည်ဖွဲ့ ကြ..ပြာမှုန်များနဲ့ 
အမွေဆိုတာ သားရဲတစ်ကောင်ရဲ့  ဆယ်ပေလောက်ကျယ်တဲ့ ပါးစပ်ကြီးထဲမှာခွေနေတဲ့ 
ပါလက်စတိုင်း အစ္စရေး မျဉ်းရိုင်းတွေပဲ မုဆိုးနားနီးတဲ့ တံငါက ရေမြုပ်ကျော့ကွင်းတစ်ခု တည်ထွင်နေပြီး
တံငါနားနီးတဲ့ မုဆိုးက ခါချဉ်ဥတွေကို အမဲလိုက်ချင်နေတယ်
အော်ပါရာ(opera) တစ်ပုဒ်စာ ရိုင်းစိုင်းကြမယ်....လာ....အညှော်ကြောက်ကြောင်း လူ သိအောင်
 အနာဖြစ်တိုင်း လိုက်ရင်းကြမယ် ရေဒီယို သတ္တိကြွစေတဲ့ အ၀ါရောင် အိုင်ဆိုတုပ်
ပျင်းစရာကောင်းတဲ့ ငြီးငွေ့  မှုက ရိုးအီလာတယ် ကျိန်စာသင့်နေတဲ့ မြေဖုတ်ဘီလူးက
 PERFORMANCE တစ်သောင်း ဇလီဖားတုန်းတွေအောက်မှာ ရန်သူငါးသောင်းပုန်းနေတယ်
သွက်သွက်ခါအောင် ရူးနေတဲ့ ရွာဟောင်းက..ကဝေ  အဆိုပါအကြောင်းအရာကိုအဆိုပြု ဆောရီး....
အတည်ပြုပြောဆိုဖို့အတွက် သတ်မှတ်ရက်ဟာမလုံလောက်တော့ဘူး
သင့်တော်တဲ့နေရာမှာ သင့်တော်သလိုပုန်းလျှိုးချောင်းမြောင်းကြည့်ရှူ့ကြ
မလိုအပ်တော့ဘူးဆိုရင်တောင် ၎င်းမိန်းမကိုအရေခွံဆုပ် အပြီးအပိုင်ပြောင်းလဲ
တပ်ဆင်ရတော့တယ်မဟုတ်ဘူး နက်နဲသိမ်မွေ့တဲ့အခြေအနေရောက်ရင်
ငါတို့အားလုံး ဒီနေရာကို ဒီနေရာကနေ စွန့်ခွာကြမယ် နောက် နှစ်အနည်းငယ်
1964 ခုနှစ်မှာ ပေါ်လာတဲ့ The Jackson 5 ဟာ နာမည်ကြီး ခါးပိုက်နှိုက်တွေပဲ
ရှင်းရှင်းလေးပြောရရင် An Eye For An Eye ဟာ Intifada ရဲ့ အစဓာတုရုပ်ရှင်
ဂျစ်ပစီသွေးနှော ဘုရားကျွန် ရှောင်လင်မင်းသား သိုးထိန်းသူတော် ရရာ လက်နက်နဲ့ ဆော်ကြတယ်
ဒီလိုနဲ့ ပဲ အိမ်နီးချင်းနိုင်ငံ တစ်ချို့ က အုတ်တံတိုင်းတွေကို အရင်ထက်မြင့်မြင့် ကာကြတယ်
အမြဲတမ်းပြုံးဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲ ကားကြီးစီးပြီး ဟိုးအဝေးကြီးပဲ ပင်ပန်းလိုက်တာ
empiresandallies  ရန်သူရယ် သတ်မှတ်နယ်မြေအပိုင်းအခြားရယ်
ဘယ်သူ့ဘယ်သူကမှ ဘယ်သူ့ဘယ်သူအပေါ်ကို သြဇာအာဏာသက်ရောက်မှု
မရှိတော့ဘူး ခေတ်လွန် အခြေခံဝေါဟာရမှာ အသံဟာ ပြားပြထားတယ်
ပြောင်ပြထားတယ် ခပ်ရှင်းရှင်းပြောရရင် အားလုံးပြောင်သလင်းခါနေတယ် ဒီစစ်မြေပြင်မှာ
အချိန်စေ့လို့နေရာက မရွေ့သူတွေကိုပဲပြုတ်စေ့တွေနဲ့ဝိုင်းပေါက်ကြတယ်
တဖြည်းဖြည်းပြောင်းလဲလာပြီး ထိုအခါ ဝတ်ရုံဖားလျားချထား၍ ၀တ်ပုံစားပုံ
ရိုင်းစိုင်းသောယဉ်ကျေးမှုများ ခေတ်စားလာ စိတ်ကိုချူပ်တီးထားသလိုလို
တခါတရံ လက်လွတ်စပယ်သောက်လက်စဆေးလိပ်ပြာကလေးအတိုင်း
လွှင့်ထုတ်ပစ်လိုက်သလိုလိုနဲ့ တစ်ယောက်ကိုတစ်ယောက်ယဉ်ယဉ်ကျေးကျေး
ရိုက်ပုတ်မောင်းထုတ်ကြတယ် အရင်ဦးဆုံး အုတ်တွေရော /သဲတွေရော / ကျောက်တွေရော / တစ္ဆေတွေရော
မိန်းမပျက်တွေရော /ကျီးတွေရော /ဘုတ်တွေရော /ခါတွေရော ကောင်းမွေတွေရော /ဆိုးမွေတွေရော
သာယာလှပတဲ့ အပုပ်ချိန် နွားရိုင်းသွင်းချိန်တွေရော/အကုန်အစုံရောနယ်
သူငယ်ချင်းကဗျာဆရာတစ်ယောက်ဟာ အသားဖြူလာတာကလွဲရင် စိတ်ဓါတ်တွေ
မရင့်ကျက်လာသေးဘူး ခြွင်းချက်မရှိ လက်လှမ်းမှီသမျှ ကော်ကော်ထိုးမယ်ဆို
ကိုပိုက်ပြောသလို အားလုံးဟာဖျာသည်မတွေပဲ ဒီနေရာမှာသတိထားရမယ့်အချက်တွေ
တစ်ခုမှ မရှိဘူးဆိုရင်တောင် တစ်ခုတော့ရှိအောင်လုပ်ခဲ့ရတယ်ဒါပေမယ့် သူစိမ်းလိုပါပဲ
ပြီးတော့ သေသွားတာပဲ
Wednesday, October 19, 2011
ဝေသံသရာမင်းကြီး
မကြာသေးခင်က လူငယ်တစ်ယောက်က  ဘူတာရုံတွင် အလုပ်အပြန် ရထားအတူ  စောင့်နေကြစဉ် ကျမကို မမျှော်လင့်သည့် မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။ အမ ဘာဖြစ်လို့ ဒီနိုင်ငံမှာရှိတဲ့ သိပ်ချမ်းသာတဲ့ မြန်မာဆရာဝန်တွေ ဘာကြောင့် မြန်မာပြည်အတွက် မလှူကြသလဲမသိဘူး။ ဆက်ပြီး ကောက်ချက်တစ်ခု သူဘာသာသူချလိုက်ပါသေးတယ်။ သူတို့လှူသင့်တယ်ဗျာ တဲ့။ ကျမကလှူသင့်သလား မလှူသင့်သလားဆိုသော မေးမြန်းချက်ကို ချက်ခြင်းမဖြေခဲ့ပါ။ ကျမပြောနေကျ ထုံးစံအတိုင်း ဝေ့လည်ကြောင်ပတ်ပြီး ကျမထင်တာ မြင်တာကို မဆီမဆိုင် စပြောပါတော့တယ်။
လှူမယ်ဆိုရင် အရင်ဆုံးကိုယ်မှာ ကိုယ့်မိသားစုအတွက် အသက်ရှင်နိုင်လောက်အောင် စားစရာရှိရဲ့လားဆိုတာ သိရမယ်။ အမဖခင်ဆိုရင် မရှိလည်း သူများဆီက ငွေချေးပြီး လှူတယ်။ ရှိရင်လည်း ရှိသမျှကို ထုတ်ပြီး အကုန် သူများပေးဖြစ်တယ်။ ကိုယ်မရှိတာကို ချေးလှူတာတော့ မကောင်းဘူး။ မိမိသားသမီး အငတ်ထားပြီး လှူတာလည်း မကောင်းဘူးလို့ထင်တယ်။
( ထိုသို့ပြောနေစဉ် မိမိငယ်စဉ်အခါက၊ ၂၀၀၇ခုနှစ်က ဆုံးသွားသော မိခင်ကြီးမှာ၊ ဖခင်ကြီးလက်ဖွာ အများအတွက် စေတနာ သဒါတရားကြီးမားလွန်းတော့၊  မိသားစု မငတ်ရန်အတွက်၊ မိမိမွေးရင်းဒေသမှ ငါးပိငါးခြောက်များကို လစာရသည့်နေ့များတွင် မှာဝယ်ယူပြီး၊ ခြောက်လ တနှစ်စာလှောင်ထားသည့် အခါ၊ ဖခင်ကြီးက သူချစ်တဲ့ သနားတဲ့ ဆင်းရဲသောရဲဘော်များကို အကုန်နီးပါးဖြန့်ဝေပေးခဲ့သည်ကို သတိရမိပါသည်။ ဝေသံသရာမင်းကြီးအကြောင်းကို ၃နှစ်အရွယ်ကထဲက အမြဲနားထောင် သဘောကျသဖြင့် ဖခင် ရက်ရောမှုကို များစွာ သဘောကျ ပီတီဖြာခဲ့သည်ကို သတိရမိပါတယ်။ သို့သော်လည်း မိမိကို တခြားသူကို ကျွန်အဖြစ်အလှူပေးမည်ကို တိတ်တိတ်ကလေး ကြောက်မိခဲ့ပါတယ်။)
လူငယ်လေးက ဟုတ်တယ်အမ။ ကိုယ်မှာမရှိဘဲ ချေးလှူတာတော့ မကောင်းဘူး။
ထိုအခါကျမက ဆက်၍၊ ကဲ ချမ်းသာတဲ့သူတွေအကြောင်း ပြောရမယ်ဆိုလည်း... ဒီလူတွေဟာ ငယ်စဉ်ကစပြီး ကြိုးစားအလုပ်လုပ်ခဲ့တဲ့သူတွေ ဖြစ်ရင် သူတို့စည်းစိမ်ဟာ သူတို့ကျိုးစားအလုပ်လုပ်လို့ ရရှိခဲ့တာဖြစ်တယ်။ သူတို့မှာ ကိုယ်စိုက်ထားလို့ သီးလာတဲ့ သီးနှံတွေကို ခံစားခွင့်ရှိတယ်။ ကိုယ်ကသွားပြီး ခင်ဗျားတို့ရှိတာ လှူပါဗျာ ဝေငှပါလို့ တောင်းနိုင်ပါတယ်။ ဒါပေမဲ အတင်း မပေးမနေရ အေးဓမြ မတိုက်သင့်ဘူးလို့ထင်တယ်။ မလှူတာကို မဝေဖန်သင့်ဘူးလို့ ထင်တယ်။ သူလှူတာ မလှူတာဟာ သူ့ကိစ္စဘဲ။ သူ့မှရှိတဲ့ ရျွေးချယ်ခွင့်တခုဘဲ။  မလှူဘဲနေတာဟာ သူ့မှာရှိတဲ့ သူ့အခွင့်အရေး တစ်ခုကို သူအသုံးချတာဘဲ။
ဒါပေမဲ့ သူတို့ လှူသင့်တာပေါ့ အမရယ်လို့ လူငယ်လေးက ပြောပါတယ်။
ပြီးကျမက တချို့လူတွေ အိမ်ကောင်းကောင်းမှာနေနေတာ ကားကောင်းကောင်းစီးနေတာ မြင်ရပေမဲ့ ဒါတွေ အကြွေးနဲ့ဝယ်ထားတာ ဖြစ်ခြင်လည်း ဖြစ်မယ်။ ကားရှိတာနဲ့ ကားအတွက် ကုန်ကျစာရိတ်များမယ်။ အိမ်ကြီးနေလို့ အိမ်မွမ်းမံပြင်ဆင်ရေးစာရိတ်ကြီးတယ်။ သားသမီးတွေကို ဈေးကြီးတဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ကိုယ်လုပ်ဖော်ကိုင်ဖက် မိမိအသိုင်းအဝိုင်းထဲက အသိမိတ်ဆွေ သားသမီးတွေလို လူတန်းစေ့ထားရတဲ့အတွက်ကြောင့် သူတို့မှာလည်း ကုန်ကျစာရိတ်ရှိမှာဘဲ။ ကိုယ်အသိုင်းအဝိုင်းမှာ ဝင်ဆန့်ဖို့အတွက် စရိတ်စကကလည်းကြီးမယ်။ ကျားကြီး ခြေရာကြီးပေါ့။ ဒီတော့ သူတို့မှာ ငွေပိုငွေလျှံရှိခြင်မှလည်း ရှိမယ်။ ကိုယ်ဆင်းရဲနေတာနဲ့ ဒီလူတွေကို ကျွန်တော့ကို ကျွန်မကိုယ်လည်း ခင်ဗျားတို့မှာ ရှိတာတွေ ဝေမျှပါ၊ ခင်ဗျားတို့ အခုလို တင့်တင့်တယ် မနေပါနဲ့။ ဆင်းရဲသားလိုနေကြပါလို့ ပြောသင့်ပါသလား လို့ ပြောလိုက်ပါတယ်။
ထိုအခါလူငယ် ဟုတ်ပါတယ် အမ။ ဒါပေမဲ့လည်း လှူသင့်တာပေါ့ ဗျာဟုဆက်ပြောပြန်ပါတယ်။ ဒါနဲ့ ရထားရောက်လာလို့ စကားပြတ်ခဲ့တယ်။
ကျမနေရာ မိုးပျံတိုက်ကြီးကို ၁၉၉၃ ခုနှစမှာ စနေပါတယ်။ အပေါ်ဆုံးထပ်မှာရှိတဲ့ အဖွားကြီးတစ်ယောက်က လာမိတ်ဆက်ပါတယ်။ မကြာပါဘူး တခြားအဖွားကြီး အဖိုးကြီးတွေ ကျမဆီချဉ်းကပ်ပြီး အဖွားကြီး အကြောင်း အပုတ်ချကြတော့တယ်။ အဖွားကြီးက သန်းကြွယ်သူဌေးဖြစ်တယ်။ သူများတွေဆီက အိမ်တွေ ဈေးပေါပေါနဲ့ ဝယ်ခွင့်မရှိဘဲ အပိုင်သိမ်း ဝယ်ယူထားတယ်။ပြီး အခန်းတွေကို အခန်းခကြီးကြီးနဲ့ ဂျပန်တွေကို ငှားစားတယ်။  ကပ်စေးနဲတဲ့ ကောက်ကျစ်တဲ့ ဂျူးမကြီးဖြစ်တယ် ဆိုပြီး လူမျိုးဘာသာပါ ထိခိုက်ပြောကြတယ်။ ၂၀၀၅ခုနှစ်က သက်ကြီးနာဖြင့် ဆုံးသွားခဲ့တဲ့ ဆင်းရဲတဲ့ ပင်စင်စား အိုင်ရစ်ရှ် အဖိုးကြီးတယောက်ဆို အဖွားကြီးကို လုပ်ကြံဖို့ ငွေရဖို့အတွက် ထီအမြဲထိုးတယ်လို့ ကျမကိုပြောဘူးတယ်။ ကျမသူ့ကို ဒီလိုမပြောဖို့ မနောက်ပြောင်ဖို့ ပြောခဲ့ပါတယ်။
မိမိ စာဖတ်သူတွေ ရင့်ကျက်လာပြီး မကြိုက်ကြတော့လို့၊ နှစ်ပေါင်းများစွာ စာအုပ်တစ်အုပ်မျှ မထုတ်နိုင်တော့တဲ့ အစိုးရဆီက တောင်းစားနေရတဲ့ စာရေးဆရာမဟောင်းတစ်ယောက်ကလည်း ဒီအဖွားကြီးကြွယ်ဝချမ်းသာမှုကြောင့် စိတ္တဇဝင်နေတာ တွေ့ရတယ်။ နေ့စဉ်အမျှ ဓါတ်လှေခါးထဲ တွေ့သမျှလူကို အဖွားကြီး မကောင်းကြောင်းပြောတယ်။ အိမ်ရှင်ကုမ္ပဏီက ဝန်ထမ်းတွေကို သွားပြီး အဖွားကြီး အိမ်ငှားတွေ ဘာလုပ်တယ်။ ညာလုပ်တယ်။ အဖွားကြီးက ဘာလုပ်တယ်။ ညာလုပ်တယ် နေ့စဉ်တိုင်တယ်။ ဝန်ထမ်း ထဲက တချို့ကလည်း ဒီမိန်းမနဲ့ပေါင်းပြီး အဖွားကြီးကို အလွန်ဒုက္ခပေးတာလည်း တွေ့ခဲ့ရဘူးတယ်။
ဒီစာရေးဆရာမကြီးကလည်း အစိုးရကျမ်းမာရေးဌာန ဝန်ဆောင်မှုတွေကို အမျိုးမျိုး တရားစွဲ ဘော်ချက်ခဲ့သူဖြစ်တယ်။ ဘယ်သူ့ဆီက ဘာကို အလကားရမလည်း။ ဘယ်သူကို အချောင်အသုံးချရမလည်းဆိုပြီး အမြဲချဉ်းကပ် အသုံးချသူတစ်ဦးဆိုတော့ ဘယ်သူမျှသူနားမကပ်ကြဘူး။ အစိုးရထောက်ပံကြေးကို ၁၉၇၀ နှစ်တွေထဲက မစွမ်းမသန်ပါဆိုပြီး တောင်းစားခဲ့သူဖြစ်တယ်။ ဒါပေမဲ့ အဖြူမဟုတ်သူတွေ တောင်းစားနေရင် အလုပ်ခိုးလုပ်မလုပ်ကို အစိုးရဌာနတွေအတွက် အခမဲ့ စေတနာ့ဝန်ထမ်း စုံထောက်လုပ်ပေးခဲ့သူဖြစ်တယ်။ ကိုယ်တိုင်ကတော့ အလုပ်မလုပ်ဘဲ အလုပ်မလုပ်သူတွေကို ပက်ပက်စက်စက်ပြောတယ်။ ကွန်ပျူတာ ပရင်တာတွေကို အခမဲ့ပေးတဲ့ ဌာနတွေဆီက တလုံးပြီး တလုံးတောင်းတယ်။ ပြီးလူတကာဆီက အခမဲ့ ဝန်ဆောင်မှုကို ရယူတယ်။ နောက်တော့ ဒီဌာနတွေ အားလုံး သူ့အနားက ခွာသွားကြတယ်။ ရတဲ့ကွန်ပြူတာမှာလည်း စာရေးသားမှုအတွက် သူ့မှာ အချိန်မရှိတော့။ သူများဆီက တောင်းစားဖို့ ရေးတာ။ အိမ်နီးခြင်းတွေအကြောင်း မဟုတ်က ရေးပြီး မျက်နှာလုပ်ပြီး တိုင်ကြားတာတွေဘဲ နေ့စဉ်ရေးဘို့ဖြစ်တာကို တွေ့ခဲ့ရတယ်။ ကိုယ်ကို သူက ဒီစာတွေ ပြလိုက်သေးတယ်။ သေဖော်သေဖက်ညှိခြင်သေးတယ်။ ကိုယ်ကလည်း အသုံးချခံလိုက်ရတယ်လေ။ ကွန်ပြူတာပျက်လို့၊ ပရင်တာပျက်လို့နဲ့ အဖွားကြီးဖြစ်လို့ အခမဲ့ကူပေးပါဆိုတာ ခဏခဏဘဲ။ အခုတော့ သူမမြင်ခင် ဝေးရာ အမြန်ပြေးရှောင်နေပြီ။
လင်ကောင်မပေါ်ဘဲ ကလေးတွေမွေးထားတဲ့ လူတကာက ပထွေးအဖြစ် တလှည့်စီ အတူလာနေပေးတဲ့ အစိုးရဆီက ထောက်ပံ့ကြေး အမြောက်အများယူထားတဲ့ အင်္ဂလိပ်မက အဆိုးဆုံးဘဲ။ သူနဲ့ ကလေးနှစ်ယောက်အတွက် ရတဲ့ အစိုးရထောက်ပံကြေးက တခါတလေ ကျမတို့ဝင်ထက် နှစ်ဆ သုံးဆမက များတယ်။ ဒီအင်္ဂလိပ်မလေးရဲ့ အဆင်မပြေဘူးလို့ သူ့ဘာသာသူထင်နေတဲ့ သူ့ဘဝအတွက် စိတ်ဖြေစရာ ထိုးကန်ကျောက်ဖို့အတွက် အဖွားကြီးဟာ လက်ဝှေ့အိတ်တခုပါဘဲ။
တကယ်တော့ အဖွားကြီးက သူဂျူးမဟုတ်ပါဘူးလို့ ကျမကို ပြောပြခဲ့တယ်။ ပြီး သူဟာ အိမ်ထောင်ရှိခဲ့ဘူးတယ်။ ပြီး သူတစ်ယောက်ထဲ သူ့စီးပွားရေကို အောက်ခြေကစပြီး သူတယောက်ထဲ ခက်ခက်ခဲခဲကြိုးစားပြိး အောင်မြင်အောင်လုပ်ခဲ့တယ်လို့ဆိုတယ်။ ကျမကို မြင်တော့ သူငယ်ငယ်က တယောက်ထဲ ရုန်းကန်ခဲ့ရတာကို သတိရမိတယ်လို့ဆိုတယ်။
၂၀၀၅ခုနှစ်မှာ အဖွားကြီးလေဖြတ်တယ်။ စကားလုံးဝမပြောနိုင်တော့ဘူး။ ကျမနဲ့လည်း သူစကားမပြောနိုင်တော့လို့ စကားမပြောနိုင်တော့ဘူး။ သူစနေမကောင်းစဉ်မှာ သူ့ကို အပုတ်ချသူတွေ သူ့ကို ဝင်လုံးဖို့ကြိုးစားတာ တွေ့၇တယ်။ ကျမကတော့ ပြုံးနေပါတယ်။ အဖွားကြီး စကားတာ မပြောတတ်တော့တာ။ သူ့ကို တယောက်ထဲ ဘတ်စ်ကားစီးတာ။ စာတိုက် မှာ ဘဏ်မှာ တယောက်ထဲ့ သူ့ကိစ္စသူ စာရွက်ခဲတံတစ်ချောင်းနဲ့ အလုပ်လုပ်နေတာ တွေ့ဘူးတယ်။ အာဂပါဘဲ။ သူ့ဘေးမှာ အဖော်မထားဘဲ အလုပ်လုပ်တုန်းဘဲ။
ကျမကို သူတနေ့ချဉ်းကပ်ပါတယ်။ သူ့ကို စောင့်ရှောက်ဖို့တဲ့။ စာရွက်ကလေးမှာ ရေးပြရှာတယ်။ ကျမက သူနာပြုစုတတ်သူမဟုတ်ပါ။ ဒါကြောင့် သူနာပြုအစစ်ကို ရှာပါ။ ပြီး စကားပြန်ပြောတတ်အောင် ပြုစုနိုင်တဲ့ ပညာရှင်ငှားပါလို့ပြေပါတယ်။ သူမှာ ငွေးရေးကြေးရေးတတ်နိုင်ပါတယ်။ စကားပြောကွန်ပြူတာဝယ်ပါ။ ပြီး ရုပ်မြင်တယ်လီဖုံးတတ်ပြီး ဆရာဝန် သူနာပြုဆရာမ ရှေုနေ ဘဏ်အရာရှိ နှင့် ဆက်သွယ်ထားပါ။ ကျမတာ သူ့လိုရောဂါရခဲ့လျင် မိမိကိုယ်ကို အဆုံးစီရင်ဖို့ဘဲရှိပါတယ်။ ငွေမရှိတော့ ကိုယ်ကိုကိုယ် ပြန်ကောင်းအောင် မကုသနိုင်ပါလို့ ပြောပြခဲ့ပါတယ်။ သူက ကျမက သူ့ကို မပြုစုပေးတဲ့အတွက် စိတ်မကောင်းပုံရပါတယ်။ သူယုံကြည်တဲ့သူကလည်း ကျမတစ်ယောက်ထဲ ဖြစ်နေတာကိုး။ နားလည်စရာလည်း ကောင်းပါတယ်။ သူ့ဘဝ တစ်ခုလုံး ချမ်းသာလို့ အလုပ်ကြိုးစားခဲ့တာကို အလုပ်မလုပ်တဲ့ လူပိန်း၊လူဖျင်း၊လူပေါ်ကျော့၊လူယုတ်မာ၊ လူမသမာတွေ ဒုက္ခပေးသူတွေများခဲ့တာကိုး။
သူ ရောဂါကုဖို့အတွက် အိမ်တလုံးရောင်းခဲ့တယ်လို့ ကြားရတယ်။ အခုလောက်ဆို ရတာလည်း ကုန်လောက်ပြီ။ ပုဂ္ဂလိကဆေးကုခ လန်ဒန်မှာ သိပ်ဈေးကြီးတယ်။ ပြီးကျန်အိမ်တစ်လုံးကို သူနာပြုတစ်ယောက်ကို အခမဲ့ ပေးနေပြီး သူ့ကို ပြုစုစေတယ်။ ပြီခဲ့တဲ့သုံးနှစ်အတွင်းမှာ ဗြိတိန်မှာ စီးပွားရေးကျနေတော့ ဘဏ်တိုးနှုံးကျ သူစီးပွားလည်း ပျက်နေပုံရတယ်။ စတော့ရှယ်ယာတာ သူလုပ်ခဲ့ရင်တော့ ပိုဆိုးမှာ။ မနေ့က သန်းကြွယ်သူဌေး၊ ဒီနေ့ သူဖုန်းစားဘဲ။
ဒီအဖွားကြီးကို မတွေ့တာ ကြာပါပြီ။ ကျမကလည်း ကိုယ်အိမ်လခပေးဖို့အတွက် အသက်ရှင်ဖို့အတွက် ရုန်းကန်နေရသူကိုး။
ကျမသာ အဖွားကြီးလိုဖြစ်ခဲ့ရင် တလတောင် အသက်ရှည်မှာ မဟုတ်ဘူး။ ငွေမတတ်နိုင်တော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရင် စီရင်။ မစီရင်လည်း ငတ်ပြီးသေမှာဘဲ။ သူ့ကတော့ ခြောက်နှစ်ရှိပြီ။ ဆက်လက်အသက်ရှင်နေတယ်။
အိုနာသေဘေးဆိုတာ ငွေရှိလည်း မရှောင်နိုင်ပါ။ ငွေမရှိလည်း မရှောင်နိုင်ပါ။ ငွေရှိသူများကို မနာလိုစိတ်မရှိဖို့ ကြိုးစားရမယ်။ သူတို့လိုချမ်းသာခြင်ရင် ကိုယ်ဖာသာကိုယ်ကျိုးစားရမယ်။ သူလှူလှူမလှူလှူ သူ့ကိစ္စ၊ ကိုယ့်ကိစ္စမဟုတ်ပါ။ ကိုယ်က သိက္ခာမဲ့ လူပျင်း သူတောင်းစားဆိုရင်တော့ အရှက်မရှိ တောင်းစားရမှာပေါ့။ ဘယ်တတ်နိုင်မလည်းလေ။
 ဝေသံသရာမင်းကြီးကို ငယ်စဉ်က အားကျတာမျိုးလည်း အခု မရှိတော့ပါ။ အခုခေတ်မှာ စူစကာပုဏ္ဏားတွေများလွန်းတော့၊ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီးဖြစ်တယ်လို့ သူများက မြှေက်ပင့်တာ ကြိုက်ပြီး ပျော့ညံ့သူတစ်ဦးအဖြစ် အလှည့်စား မခံလိုပါ။ ဒါက ကျမပုဂ္ဂိုလ်ရေးအရအမြင်သာဖြစ်ပါတယ်။ ခေတ်သစ် ဝေသံသရာမင်းကြီးစစ်စစ် များ တကယ် ရှိနေရင်တော့ သူတို့ကို အလွန်လေးစားပါတယ်။ ပျော့ညံ့ အမြှောက်ကြိုက်သူများလို့တော့ မပြောလိုပါ။
စကားနောက် တရားပါ (၄)
ယုံကြည်စိတ်ချမှုဆိုတာ အမြဲတမ်းမှန်အောင် လုပ်နိုင်တဲ့ဆီက လာတာမဟုတ်ဘူး။ မှားသွားမှာကိုမကြောက်
တတ်တဲ့ဆီက လာတာ။
          လူတစ်ယောက်က အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ထိရောက်မှန်ကန်အောင်မြင်မှုရှိ
တယ်။ ဘောလုံးတစ်လုံးကို အမိအရဆွဲယူသွားပြီး၊ ပိုင်ပိုင်နိုင်နိုင် ကန်သွင်းလိုက်လို့ ဂိုးသမားမဖမ်းနိုင်ဘဲ ဂိုးဝင်သွားတယ် ဆိုပါစို့။ ဒီပုဂိုလ်က လုပ်လိုက်ရင် အမြဲတမ်းသေချာတယ်၊ ဘယ်တော့မှမလွဲဘူး။ ဒီဘောလုံးသမားမျိုးကတော့ရှားတယ်။ သူ့ဆီရောက်သွားရင် အတင်းမရမကထိုးဖောက်ပြီး ဂိုးရအောင်သွင်း နိုင်တယ်။ အင်မတန် သေချာတဲ့ ခြေထောက်လို့ ပြောဆိုချီးမွမ်းတတ်ကြသည်။
          တစ်ဆက်တည်းမှာဘဲ ယုံကြည်စိတ်ချမှုဆိုတာ အမြဲတမ်းမှန်အောင် လုပ်နိုင်တဲ့လူတွေ စိတ်ဓာတ်နဲ့
လုပ်ရပ်ထဲမှာသာ ဖြစ်တည်ရှင်သန်နေတတ်တဲ့ အရာဘဲ ကောက်ချက်ချမိတတ်တယ်။ ကိုယ့်ကိုယ်ကို ပြန်
ကြည့်လိုက်တော့  ကိုယ်က သုံးခါလုပ်ရင် နှစ်ခါလောက်လွဲတတ်၊ မှားတတ်တဲ့လူမျိုးဖြစ်နေတဲ့အခါ ကိုယ့်ကိုယ်
ကို ယုံကြည်စိတ်ချမှုမရှိ ဖြစ်လာတယ်။  ဒီတော့ ထူးချွန်ပြောင်မြောက်အောင် လုပ်ရမယ့်ကိစ္စ မျိုးဟာ ငါနဲ့မသင့် တော်ဘူးလေလို့  ကိုယ့်ကိုယ်ကို လျောတွက်ပြီး တော်ရုံလျော်ရုံ အဆင့်မှာဘဲ ရပ်ကျန်နေခဲ့ချင်တယ်။
                စင်စစ် ခုနလူတွေဟာ အမှားတွေ လွဲချော်မှုတွေကကြားက ရဲရဲဝံ့ဝံ့လုပ်ကိုင် ကြိုးစားလာခဲ့ကြလို့ အောင်မြင်ဖြစ်ထွန်းလာခဲ့ကြတာပါ။ ပထမတော့ သူတို့လည်း လုပ်တိုင်းမမှန်ခဲ့ကြသလို၊ ကန်သွင်းတိုင်း ဂိုးဝင်ခဲ့
တာမဟုတ်ပါဘူး။ ဒါပေမယ့် မှားပါစေ၊ မှားစမ်း။ လွဲပါစေ၊ လွဲစမ်း၊ လုပ်တာက မှန်အောင်လုပ်တာ၊ ကန်တာက ဂိုးပေါက်ထဲ ၀င်အောင်ကန်တာ။ လက်တွေခြေတွေ လုပ်ဆောင်ချက်တွေကလွဲသွားပေမယ့် မျက်စိထဲမှာ အမှန်ကို ထင်းထင်းကြီးမြင်နေတယ်။ ပိုက်နဲ့ထွေးကနဲဖြစ်သွားတဲ့ ဘောလုံးကို ကွက်ကွက် ကွင်းကွင်း တွေ့နေတယ်။
          ငါမြင်ထားတဲ့အမှန်နဲ့ မှန်းထားတဲ့ဂိုးဆီ မရောက်ရောက်အောင်သွားမယ်။ သွားတဲ့အခါ အမှားတွေ၊
အလွဲတွေ၊ အရှုံးတွေတွေ့မယ်။ တွေ့တွေ့ မကြောက်ဘူး။ တစ်နေ့ကျရင် အမြဲတမ်းမှန်ရမယ်။ မလွဲတမ်း ကန်ပြမယ်ဆိုပြီး ယုံကြည်စိတ်ချထားတယ်။ ဒီယုံကြည်စိတ်နဲ့ အကြိမ်ကြိမ်အခါခါ အမှားခံ၊ အလွဲခံပြီး မဆုတ်မနစ်ကြိုးပမ်းလာခဲ့တဲ့အတွက် နောက်ဆုံးတော့ အမြဲတမ်းမှန်တဲ့အဆင့်ကို ရောက်လာ ခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတာ ဒါပဲပေါ့။
          စောစောက တော်ရုံလျော်ရုံအဆင့်မှာ ရပ်ကျန်ခဲ့တဲ့လူမျိုးကတော့ ယုံကြည်စိတ်ချမှုဆိုတဲ့ တွန်းအား
ကင်းမဲ့နေတဲ့အတွက် မှားသွားမလား၊ လွဲသွားမလားတွက်ရင်းနဲ့ ဘာတစ်ခုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တော့ဘူး။ လုပ်ပြန်ရင်လည်း ချီတုန်ချတုန်ဖြစ်နေတာ၊ စဉ်းစားတွေဝေနေတာကြောင့် တဖြည်း ဖြည်းနဲ့ အဖြစ်မရှိတဲ့လူအဖြစ် ရောက်သွားတတ်တယ်။
          အမေရိကန်စာရေးဆရာ ခရစ္စယန်နုဝယ်လ်ဘိုဗီး ဆိုတဲ့ပုဂိုလ်က ပြောဖူးတယ်။ ကျုပ်တို့အများအားဖြင့်
အရေးနိမ့်ရတဲ့အကြောင်းအရင်းက ကိုယ့်ကိုယ်ကိုမယုံကြည်လိုပဲ။ အစွမ်းအစကိုယုံမှ အစွမ်းအစရှိတာ။ လူက ဘယ်လိုဘဲ သန်မာနေပါစေ၊ ကိုယ့်ကိုယ်ကိုရော ကိုယ့်အစွမ်းအစကိုပါ မယုံကြည်ရင် အပျော့ညံ့ ဆုံးလူ ဖြစ်သွား တတ်တယ်တဲ့။
          လောကမှာ ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေတဲ့ကိစ္စတွေ အများကြီးရှိတယ်။ မပြီးနိုင်မပြတ်နိုင်၊ လက်စ
တန်းလန်းနဲ့ အချိန်ဆွဲထားရတဲ့ကိစ္စတွေ နောက်မှလုပ်မယ်ဆိုပြီး အချိန်ရွှေ့ထားရတာတွေ၊ ဆက်လုပ် လို့တော့မဖြစ်ဘူးထင်တယ်ဆိုပြီး၊ ချောင်ထိုးထားရတာတွေ၊ လူုကြားကောင်းရုံဟန်ပြလောက် လုပ်ပြနေတာတွေ လူ့အဖွဲ့အစည်းထဲမှာလည်း ရှိနိုင်တယ်။ ရုံးတစ်ရုံး၊ လုပ်ငန်းဖွဲ့တစ်ခု၊ မိသားစုတစ်စု၊ လူတစ်ယောက်မှာလည်း ရှိနိုင်တယ်။
         ဘာကြောင့်ဒီလို ဖြစ်နေရတာလဲလို့ ပြန်ပြီးစစ်ဆေးကြည့်လိုက်တော့ ရှင်းရှင်းလေးရယ်။ လုပ်လိုက်ရင် မှားသွားမလား၊ ရှုံးနိမ့်သွားမလားဆိုတဲ့ စိုးရိမ်ကြောင်းကြစိတ်ကြောင့်ဘဲ။ စိုးရိမ်ကြောင်းကြစိတ်က ဟန့်တား ထားလို့ ဒီလိုသောင်မတင်ရေမကျ ဖြစ်နေတာ။ဒီလိုနေတော့ ဘာဖြစ်သလဲ။ ကြာရင် အပျော့ညံ့ဆုံး၊ အင်အား အချိနဲ့ဆုံး အဖွဲ့အစည်း ဖြစ်သွားရုံ ရှိတာပေါ့။
              စကားအလျဉ်းသင့်လို့ စိတ်ပညာရှင်ဆိုတဲ့ မဂဇင်းထဲက ရှုံးနိမ့်ခြင်းအကြောင်းရေးထားတာလေးကို
ဖော်ပြချင်ပါတယ်။
          လူများစုအဖို့တော့ ရှုံးနိမ့်ခြင်းဆိုတဲ့စကားလုံးဟာ သူတို့အတွက် နောက်ဆုံးပိတ် ပွဲသိမ်းသဘောဆောင်တယ်။ ဒါပေမယ့် အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်အတွက်တော့ ရှုံးနိမ့်တယ် ဆိုတာ အစဘဲရှိသေး တယ်။ထပ်ပြီးအားထုတ်ကြိုးပမ်းဖို့ တွန်းကန်ပေးတဲ့ခြေနင်းခံ တစ်ခုပဲ။ ခေါင်းဆောင်တွေဟာ ရှုံးနိမ့်ခြင်းဆိုတာ ကို ထည့်တောင်မစဉ်းစားကြဘူး။ တကယ်တမ်းကျတော့ ခေါင်းဆောင်ခေါင်ရွက်လုပ်တဲ့လူက ဒီစကားလုံးကို မသုံးဘဲ၊ သူနဲ့အကြောင်းတူ အသံကွဲဖြစ်တဲ့ အမှားအယွင်းလို့၊ အစ မှားတာလို့ ၊ နောက်ပြန်ဆုတ်တာလို့၊ စကားလုံးမျိုးတွေသာ သုံးနှုန်းတတ်ကြတယ်။
          ခေါင်းဆောင်တစ်ယောက်က ပြောဖူးတယ်။ ကျုပ်မှာ ခေါင်းဆောင်မှုအတတ်ပညာရှိတယ်ဆိုရင် အဲဒါ
ဟာ ကျုပ်အနေနဲ့ အမှားတွေလုပ်နိုင်သလောက်များအောင် ခပ်သွက်သွက်လုပ်ပြီး၊ ဒီအမှားတွေထဲကနေ သင်ခန်းစာယူတာပဲ ဖြစ်ရမယ်တဲ့။
          နောက်တစ်ယောက်ကတော့ အမေရိကန်သမ္မတကြီး ဟယ်ရီထရူးမင်းရဲ့ ကျော်ကြားတဲ့ အဆိုအမိန့်ကိုပြန်အစဖော်တယ်။ သမ္မတကြီးက ကျုပ်က ဆုံးဖြတ်ချက်အမှားတစ်ခုကို လုပ်မိပြီဆိုရင် အသာကလေးအပြင်ထွက်ပြီး နောက်ထပ်ဆုံးဖြတ်ချက် အမှားတစ်ခု ထပ်လုပ်တယ်လို့ ဆိုသတဲ့။
          ကော့ပါးစ်  ဆောက်လုပ်ရေးပစ္စည်းနဲ့ ဆောင်ရွက်မှုလုပ်ငန်းကုမဏီကြီးရဲ့ ဥက္ကဠရာထူးကနေ အနား ယူသွားတဲ့ ဖလက်ထျာဘိုင်ရွန်ကို သူဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ခဲ့ရတဲ့အထဲမှာ ဘယ်ဟာဖြင့် အခက်ခဲဆုံးပါလို့ မေးတော့၊ သူက “ခက်ခဲတဲ့အဆုံးအဖြတ်ဆိုတာ ဘယ်ဟာရယ်လို့ ကျွန်တော်မသိပါဘူး။ ကျွန်တော်လုပ်ခဲ့သမျှ အတတ်နိုင်ဆုံးအကောင်းဆုံး ကြိုးစားလုပ်တာပါပဲ။ စိုးရိမ်စိတ်ဆိုတာ အတွေးလမ်းကြောင်းမှာ အဟနု့်အတား တွေနဲ့ ပိတ်ဆို့ထားတတ်တယ်ဗျ” လို့ ပြန်ဖြေတယ်။
          ဘဲ့နဲ့လဲ၊ မှားမှာစိုးရိမ်တုန်းဘဲ့လား၊ ရှုံးနိမ့်မှာ ကြောက်ကြတုန်းလား။ လူတိုင်းမှာ အစွမ်းအစရှိတယ်။
ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ဖို့ဘဲ လိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်အပြည့်နဲ့ ကိုယ်အတတ်နိုင်ဆုံး၊ အကောင်းဆုံးသာကြိုးစားပြီး လုပ်လိုက်စမ်းပါ။ မှန်ရစေ့မယ်။ မှန်သမှ သွေးထွက်အောင် မှန်တယ် ဆိုသလို၊ ပစ်မှတ်ဗဟိုတည့်တည့်ကို မှန်မှာ။ ပြီးတော့ရင်ထဲမှာ လိုဏ်သံဟပ်ပြီး၊ နားဝမှာ ပဲ့တင်ထပ်လာမယ့် အသံကြီးတစ်သံကြားရဦးမယ်။ အဲဒါက “ဂိုး” လို့ အင်နဲ့အားနဲ့တစ်ခဲနက် ဩဘာသံ။
အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်အိုမင်းသွားခဲ့
http://www.weeklyeleven.com မှ ကူးယူဖေါ်ပြပါသည်။
AddThis Social Bookmark Button
w73_10
အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ငုယင်သီဖောင်သည် ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်ပုံစံမျိုး အိုမင်းသွားခဲ့ရာ ယင်းဖြစ်စဉ်ကို ဗီယက်နမ်မှဆရာဝန်များက လေ့လာကုသပေးရန် ပြင်ဆင်နေပြီး ယခုအချိန်အထိ ရောဂါလက္ခဏာ အတိအကျကို အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်ကယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၆ နှစ်ရှိပြီဖြစ်သော သီဖောင်သည် ဆင်းရဲလွန်းသောကြောင့် ကုသရန် မတတ်နိုင်ခဲ့ဘဲ ယခုအခါတွင် ဆရာဝန်များက အခမဲ့ကုသပေးမည်ဖြစ်သည်။သီဖောင်က သူ၏ရုတ်ချည်း အိုမင်းသွားမှုသည် ဘ၀တစ်လျှောက်လုံး ပင်လယ်စာမတည့်မှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေသည်။
ပင်လယ်စာနှင့် မတည့်မှုကြောင့် အရေပြားယားယံမှုမှာ ၂၀၀၈ ခုနှစ်တွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်ဟု ဆိုသည်။''ကျွန်မတစ်ကိုယ်လုံးယားနေပြီး အိပ်တဲ့အချိန်မှာတောင် ကုတ်နေရပါတယ်'' ဟု သီဖောင်က ပြန်ပြောပြသည်။သီဖောင် နှင့် ခင်ပွန်းဖြစ်သူ လက်သမားဆရာသန်းတုယင်တို့မှာ ဆင်းရဲသောကြောင့် ဆေးရုံသွားမပြနိုင်ခဲဘဲ အနီးတွင် ဆေးဝယ်သောက်ခဲ့သည်ဟု ဆိုသည်။
''ဒီဆေးတွေသောက်ပြီး တစ်လလောက်ကြာတော့ ယားတာနည်းနည်း သက်သာလာပါတယ်။ဒါပေမဲ့ အရေပြားရောင်ရမ်းနီရဲတာတွေ ရှိနေတုန်းပဲ။အဲဒါနဲ့ တိုင်းရင်းဆေး ပြောင်းသုံးခဲ့ပါတယ်။ရောင်ရမ်းတာတွေက ယားတာနဲ့အတူတူပျောက်  သွားခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မအရေပြားတွေလဲ လျှော့လျဲပြီးတွဲကျလာ တော့တာပါပဲ'' ဟု သီဖောင်ကပြန် ပြောပြသည်။
ယင်းနောက်တွင် အခြားတိုင်းရင်းဆေးတစ်မျိုး ပြောင်းသုံးခဲ့သော်လည်း မသက်သာခဲ့ဟု ဆိုသည်။
ဆရာဝန်များကမူ သုံးစွဲခဲ့သည့် တိုင်းရင်းဆေးဝါးများကြောင့်ဟု ယူဆနေပြီး ရောဂါလက္ခဏာကို ပိုဆိုးသွားစေခဲ့သည့်အပြင် ရှားပါးသည့် အရေပြားရောဂါတစ်မျိုးဖြစ်သော mastocytosis ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု ယူဆမှုများရှိနေ သည်။ ရောဂါလက္ခဏာကို အမည်တပ်မှုမှာ ဆရာဝန်များအကြားတွင်ပင် ကွဲလွဲမှုများရှိနေပြီး ကုထုံးနှင့်ပတ်သက်ပြီးလည်း သဘောကွဲလွဲနေသည်ဟု သိရသည်။ သီဖောင်မှာ အရေပြားများက အိုမင်းသည့်အသွင်ဖြစ်နေသော်လည်း ရာသီစက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံးနှင့် စိတ်တို့မှာ ပုံမှန် ၂၀ ကျော် အမျိုးသမီးတစ်ဦးအတိုင်း ရှိနေသည်ဟု သိရသည်။
Sunday, October 16, 2011
ဒေါ်စုစေတနာကို ကြည့်တတ် မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါ
ဘိုဘိုကျော်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၂ မိနစ်
ရာဇဝင်ဘီး တပတ်ပြန်လည်သည်လား
မြန်မာပြည်ခေတ်သစ် ရာဇဝင်မှာ ဗိုလ်ချုပ်အောင်ဆန်း ကို မှီသည့်လူ တဦးတယောက်မှ မရှိပါ။ ငယ်ရွယ်စဉ် နိုင်ငံရေး သမားပေါက်စဘဝမှာ အင်္ဂလိပ်ကို လက်နက်ကိုင် တိုက်မှရမည်ဟု သန္နိဋ္ဌာန်ချခဲ့စဉ်က ဂျပန်တွေဆီမှ စစ်ရေး ပညာသင်ကာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သည်။ ဂျပန်ကို လက်နက်ကိုင်တော်လှန်ရမည့် အချိန်မှာ မကြောက်မရွံ့တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ပြည်သူများသည် အင်္ဂလိပ်နှင့် ဂျပန်စစ်တပ်တို့အကြား ကြေမွအောင် အဖျက်စီးခံ၊ အနှိပ်အစက်ခံ ခဲ့ကြရသည်။ စစ်ဦးဘီးလူး ဆိုသလိုဂျပန်တွေ အတက်မှာ စစ်နိုင်ရေး သက်သက်အတွက် ဗုံးမိုးရွာခဲ့ကြသည်။ အင်္ဂလိပ်တွေက ရှိသမျှအားလုံး မီးရှို့ပြီး ဆုတ်ခွာသွားကြသည်။ မြေဇာပင်အဖြစ် ထီးထီး ပျက်စီးကျန်ရစ်ခဲ့တာက
မြန်မာပြည် မြို့အသီးသီး။
ထို့ကြောင့် ပျက်စီးနေသော တိုင်းပြည်ကို ငှဲ့၍ တိုင်းပြည်ကို စစ်မီးအတွင်းသို့ ဆွဲမချလိုကြတော့။ ဗိုလ်ချုပ်တို့လူစု
သည် အသက်ပင် ငယ်ကြသော်လည်း ဂျပန်ခေတ်တွင် နိုင်ငံ အုပ်ချုပ်မှု အကြောင်းကို နားလည်ခဲ့ကြသည်။ တိုင်းပြည်ခေါင်းဆောင်ဆိုတာက တိုင်းပြည်အတွက် တာဝန်ယူရမည် ဆိုတာကို သိရှိလာကြသည်။
ဤစေတနာကို ရှေ့ထား၍ စစ်ကြီးအပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကို အင်္ဂလိပ်ထံမှ ဆွေးနွေးခြင်းဖြင့် ရယူရန် ဆုံးဖြတ်ကြသည်။ မရမှ၊ နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို ကိုင်ဆွဲရန် ဆုံးဖြတ်ကြသည်။ ဤနည်းဖြင့် (ရရင်ရ မရရင်ချ) ဟူသော (မူ) ပေါ်ပေါက်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေး သမားလည်း ဟုတ်သည်၊ ပညာတတ် နိုင်ငံရေးသမားလည်းဟုတ်သည်၊ သည်မှတဆင့် နောက်ဆုံး အမျိုးသား ခေါင်းဆောင်ဘဝ ထိုမှ လွတ်လပ်ရေး ဗိသုကာအထိ မြင့်တက်ခဲ့ရသည်။
တောင်ခြေမှ အမြင်နှင့် တောင်ထိပ်မှ အမြင်သည် မတူ နိုင်ကြ။ 
ထို့ကြောင့် ပါတီအကျိုးကိုသာ ကွက်ကြည့်သောအမြင်နှင့် တိုင်းပြည်တခုလုံးအတွက် ခြုံကြည့်ပုံချင်း ခြားနားရပေပြီ။ ဗိုလ်ချုပ်ကို ဉာဏ်မမှီသော လူစုက တိုင်းပြည်အကျိုးကိုကြည့်၍ ဗိုလ်ချုပ် အင်္ဂလိပ်နှင့် လွပ်လပ်ရေးအတွက် ဆွေးနွေး သည်ကို နားမလည်နိုင်ကြ၊ မနာလိုကြ။ အင်္ဂလိပ် အလိုတော်ကြီး အောင်ဆန်း၊ အောင်ဆန်း ဘယ်လဲ၊ အောင်ဆန်း ဘာလဲ စသည်ဖြင့် တိုက်ခိုက်လာကြသည်။
ဗိုလ်ချုပ်၏စေတနာကို မမြင်နိုင်ကြ။ နိုင်ငံရေး အသာရမှုကိုပဲ မြင်ကြသည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ လွန်လာတော့ ဗိုလ်ချုပ်က ဂျောင်းဆိုပြီး မောင်းထုတ်လိုက်သည်။
ဟော အခုလည်း လာကြပြန်ပြီ။ ဒေါ်စု၏ စေတနာကို နားမလည် နိုင်ကြသူတွေ ပေါ်လာကြပြန်ပြီ။ မေးခွန်း ထုတ်ချင်ကြသည်။ နိုင်ငံရေးမှာ ဝေဖန်တာ အသစ်အဆန်းမဟုတ်။ ဒီမိုကရေစီမှာ မေးမြန်းခြင်း၊ ဆန်းစစ်ခြင်းဟာ အင်အားတခုပဲ မဟုတ်ပါလား။ တချိန်တည်းမှာ အများအတွက် နိုင်ငံရေးဆိုတာ ခံစားမှု (emotions) အပေါ် အခြေခံကြသည်။ ချစ်တယ်၊ မုန်းတယ်၊ ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာတွေ အားလုံး လိုလိုသည် မိမိ၏ ခံစားချက်နှင့် ဆုံးဖြတ်ကြသည်က များသည်။ တိုင်းပြည်ကို ရာစုနှစ်တဝက်ကျော်ကျော် ဓါးမိုးအုပ်ချုပ်လာသူ များ ကို မုန်းတာ သဘာဝကျပါသည်။ မဆန်း။
သို့သော် “ဒေါ်အောင်ဆန်းစုကြည်ဟာ မာသာထရီဇာလို ဖြစ်သွားပြီ”၊ ဒေါ်အောင်ဆန်းစုကြည်သို့ “စစ်ကြေငြာချက်” ဆိုသည့် ရေးသားမှုတွေသည် ဒေါ်စု၏ စေတနာကို နားမလည်ကြလို့ မိမိခံစားမှုအရ ရေးသား မှုတွေလို့  နားလည်မိရင်း စိတ်မကောင်း ဖြစ်မိသည်။ ဒေါ်စု၏ စေတနာကိုသာ ကြည့်တတ်မြင်တတ်ရင် ဒီလို အထင်မှားမှုတွေ ပပျောက် သွားနိုင်သည်ဆိုသည့် ယုံကြည်ချက်ကြောင့် ဒီဆောင်းပါးကို ရေးမိခြင်း ဖြစ်ပါသည်။
လောကတွင် ဘယ်အရာမဆို တဖက်သပ် တလမ်းသွားအမြင် တခုတည်း မကြည့်သင့်ပါ။ ထောင့်ပေါင်းစုံ  ဘက်ပေါင်းစုံမှ ကြည့်ပြီး ဖြစ်စဉ်တခု၏ ဖြစ်နိုင်ခြေကို မျှမျှတတ သုံးသပ်မှ ဖြစ်ရပ်မှန်နှင့် ပိုနီးစပ်နိုင်သလို၊ ခံစားမှုလည်း အနည်းဆုံး ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဖအေတူသမီး
ဗိုလ်ချုပ်လောက် ခေတ်သစ်မြန်မာနိုင်ငံ၏ ရာဇဝင်မှာ နှလုံးရည်ပြည့်သူမရှိ။ ကာယစွမ်းအား၊ ဉာဏစွမ်းအား နှစ်ဘက် စလုံး အစွမ်းထက်သည်။ တိုင်းပြည်အပေါ် ထားသောစေတနာမှာလည်း ပြောစရာ မရှိ၊ နောက်ဆုံး တိုင်းပြည်အတွက် အသက်ကိုပါ ပေးလှူခဲ့ရှာသည်။ ဖအေတူသမီးမို့ တိုင်းပြည်အတွက် မိမိအန္တရာယ်ကိုမမှု၊ ဒီပဲရင်းဖြစ်ရပ်က သက်သေ ထူခဲ့ပြီ။
ဒေါ်စုနှင့် သတင်းအင်တာဗျုးတွေကို နားထောင်ကြည့်ကြပါ။ ဒေါ်စုသည် ယုံကြည်ချက် ပြင်းသူဆိုသည်ကို မည်သူမျှ မငြင်းနိုင်။ ထို့ပြင် ဒေါ်စုတွင် အတွေးအခေါ် ပြည့်သည်ကို ဒေါ်စု၏ အဖြေတွေမှ သက်သေထူလျက်။
လူထုခေါင်းဆောင်
နိုင်ငံရေးရဲ့ “အင်အား” ဆိုသည် နောက်ဆုံးတော့ လူအများစု ထောက်ခံမှုပဲ။ တတိုင်း တပြည်လုံး အတိုင်းအတာနှင့်ထောက်ခံမှုရလာတော့ “လူထုထောက်ခံမှုရပြီ” လို့ ဆိုနိုင်သလို ခေါင်းဆောင်သည်လည်း “လူထုခေါင်းဆောင်” ဟု အသိအမှတ်ပြု ခံနိုင်ပြီ။
ဤသို့ “လူထုခေါင်းဆောင်” အဆင့်ရောက်ရန် မလွယ်ပါ။ ပထမ မိမိ၏ ရည်မှန်းချက် ထင်ပေါ်ရမည်။ ဗိုလ်ချုပ်က တိုင်းပြည် လွတ်လပ်ရေး၊ ဒေါ်စုက ဒီမိုကရေစီ လွပ်လပ်ရေး။ ဒုတိယ ယုံကြည်မှု ထင်ရှားရမည်။ ဗိုလ်ချုပ်က ဆိုရှယ်လစ်နှင့် ပါလီမန်ဒီမိုကရေစီ၊ ဒေါ်စုက လစ်ဘရယ် ဒီမိုကရေစီ။ ဖေါ်ဆောင်မှုမှာ ရပ်တည်ချက် ပြတ်သား
ရမည်။
ဗိုလ်ချုပ်က အစွဲမရှိ၊ ရရင်ရ မရရင်ချ။ မရမှချမှာ။ မလိုဘဲ အသက်တွေကို မစတေးလို။ မှားမှားမှန်မှန် ဒေါ်စု က အကြမ်းမဖက်သော လမ်းစဉ်ကိုစွဲကိုင်ထားသည်။ သတ္တိရှိမှုမှာ ပြောစရာမရှိ။ ဗိုလ်ချုပ်က ဂျပန် လက်ထဲက
တော်လှန်ရေးကိုရအောင် ဦးဆောင်သွားသည်။ နေမဝင် အင်ပါရာ အရှင်သခင်တွေကို ဉာဏ်ချင်းယှဉ်ရဲသည်။
ဒေါ်စုက အာဏာရှင် လက်အောက်မှာ ရင်ကော့၍ ဒီမိုကရေစီ ကို တောင်းဆိုရဲသည်။ ဦးမကျိုး။ ထို့ကြောင့် နိုဘယ်ဆု ချီးမြှင့်ခံရကာ လူထုခေါင်းဆောင်ထက် ကျော်၍ “ကမ္ဘာ့ ဒီမိုကရေစီအိုင်ကွန်” အဖြစ် အသိအမှတ် အပြုခံရသည်။ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ တိုက်ပွဲဝင်သူများအတွက် အားကျစရာ အတုယူစရာ မီးတိုင်ဖြစ်ခဲ့ရပြီ။
ဒေါ်စုလို နိုင်ငံ့ခေါင်းဆောင် အဆင့်၊ ကမ္ဘာ့ အဆင့် ရောက်လာတော့ “တာဝန်” ဆိုသည့် ဝန်က ပိလာပြန်သည်။ စိတ်ထင်တိုင်း လုပ်၍ မရတော့။ ဒေါ်စု စကားတခွန်းကို ဂရုပြု၊ နားစွင့်နေသူတွေက တပုံတခေါင်း။ ဒေါ်စု၏ လှုပ် ရှားမှုကို စောင့်ကြည့်နေသူ တွေက မနည်းလှ။ စစ်အစိုးရနှင့် စစ်ထောက်လှမ်းရေးတွေက ရှေ့ဆုံးက။ ထို့ကြောင့် ခေါင်းဆောင် စစ်စစ်သမား ဘဝကမလွယ်။ သွားသတိ၊ လာသတိ၊ ပြောသတိ ရှိရပြီ။
ဒေါ်စုသည် တော်လှန်ရေးသမားမဟုတ်။ အပြောင်းအလဲကို သွေးထွက်သံယိုမှု လမ်းလိုက်၍ မလျှောက်လို။ အကြမ်းမဖက်သော နည်းဖြင့်သာ ရယူလိုသည်။ စာရေးသူက ဗိုလ်ချုပ်လမ်းစဉ်ကို ပိုနှစ်ခြိုက်သည်။ အကြမ်း မဖက် သက်သက်ကို ဘဝင်မကျ။ သို့သော် ဒေါ်စု ကိုနားလည်ပေးသည်။ နားလည်ပုံက သည်လိုပါ။
လူထုထောက်ခံမှု ရှိလာပါက ခေါင်းဆောင်တဦးဟာ သူကြိုက်ရာလမ်းကို ရွေးချယ်ခွင့်ရှိသည်။ ကနဦးအစ ကတည်းက သူ၏လမ်းကြောင်းကို သိသိနှင့် ထောက်ခံခဲ့ကြသည်ပဲ မဟုတ်လား။ ဒေါ်စုက အကြမ်းမဖက်သော လမ်းစဉ်ကို ယုံကြည်သူ။
စီးပွားရေးပိတ်ဆို့မှုပြုပြီး လာဆွေးနွေးဆိုတော့ လျှာပေါ်မြက်ပေါက်ပါစေ စစ်ဗိုလ်တွေက မလာ။ အာဏာ လက်မ လွှတ်ချင်တဲ့ ဘက်ကလည်း ပိုမည်ထင်သည်။
တဘက်က တရုတ်ကြီးကိုအားကိုးရင် အိန္ဒိယ၊ အာဆီယံ၊ ရုရှား အားလုံးကို လှည့်စားသည်။ ကြည့်တော့ အညာသား ရိုးရိုးအအနဲ့ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံရေး လူလည်။ စိတ်ရှည်သည်။ အာဏာအကြောင်း ကောင်းကောင်း နောကြေ သည်။
အာဏာရှင်၏ ထွက်ပေါက်
ဗိုလ်ချုပ်သန်းရွှေ၏ အားသာချက်မှာ ရှောင်ရန်၊ ဆောင်ရန်ကို အတုယူတတ်သည်။ ဦးနေဝင်းထံမှ အာဏာ ကျမ်း ကို သင်ယူပြီး ဦးနေဝင်း၏အမှားမျိုး ဘယ်သောအခါမှ မလုပ်။ သက်တန်းရှည်သော အာဏာရှင်တိုင်းသည် အာဏာ ကို လက်မလွှတ်ရဲသော်လည်း နိစ္စဓူဝ မင်းလုပ်အုပ်ချုပ်ရသည်မှာ ၎င်းတို့ အလုပ်မဟုတ်တော့။ မိမိထံမှ အာဏာ မသိမ်းနိုင်ရန် အစီအမံတွေပြုပြီး မိမိတို့က အပေါ်က အသာကြည့်နေရုံ။
ဥပမာ ကက်စထရိုက သူ့ညီကို အာဏာလွှဲပေးပြီး အခု သက်တောင့်သက်သာ ဇိမ်ရစ်နေရုံ။ ကျန်တဲ့သူတွေက သူ့လူတွေချည်း။ ပို၍ဉာဏ်ရှိတဲ့ တိန်ရှောင်ပိန်တို့ကျတော့ အာဏာ အပြောင်းအလွဲကို စနစ်တကျ Institutionalized လုပ်၊ စနစ်ကို ဖေါ်ဆောင်ပြီးမှ သူ့ထက် ငယ်သူတွေကို နေရာပေးပြီး သူက ထိန်းကျောင်း ပေးကာ လူကြီး (၆) ယောက်မှ ပဲ့ကိုင်ပေးသွားသည်။
ဦးနေဝင်းသည် သူ့၏ တပ်ရင်း (၄) က လူတွေနဲ့ အာဏာတည်ဆောက်ခဲ့သော်လည်း၊ သူ့ကိုယှဉ်ပြောနိုင်သည့် စစ်ဗိုလ်တွေ အားလုံးကို ဖယ်ထုတ်ပြီး ဟိုးအောက် တပ်ကြပ်အဆင့်က လူတွေကို ဆွဲတင်လာပြီး နောက်ဆုံး ဗိုလ်ချုပ် အပွင့်တွေ တင်ပေးလိုက်က သစ္စာစောင့်တည်မှုကို ရာထူးနှင့် ဝယ်ယူလိုက်သည်။ ပြီးမှ ဗိုလ်ချုပ် ကျော်ထင်၊ အေးကို၊ စိန်လွင်တို့က တဆင့်ကြားခံပြီး Proxy နဲ့ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ် သန်းရွှေတို့ကို ကိုင်ထားပြီး ဗိုလ်ချုပ်တင်ဦး (တွင်း(၃))၊ ခင်ညွန့်တို့က တဆင့် တိုက်ရိုက် အာဏာမဏ္ဍိုင်တွေကို ကိုင် ထားခဲ့သည်။
ဗိုလ်ချုပ်သန်းရွှေ၏ ရွှေ့ကွက်တွေကို ပြန်သုံးသပ်သော် သူနဲ့အတူ အာဏာယူခဲ့ကြတဲ့ ဗိုလ်ချုပ်တွေအားလုံးကို (မ) ထုတ်သွားသည်။ အာဏာ၏ အတွင်းစည်းဝိုင်း ဖြစ်သည့် (တပ်) ထဲမှာမထားခဲ့။ ရည်မှန်းချက်ကြီးပုံ ရှိကြသည့် ဦးရွှေမန်းနှင့် ဦးတင်အောင်မြင်ဦးတို့ကို တည်ပေးထားသည်။ ဒီနှစ်ယောက် ပြိုင်နေကြမှ တပ်ကို စည်းရုံးရန် အချိန်မရ၊ ဒီတော့မှ အသာလေးတပ်ကို အချိန်ပေးပြီး စိတ်ချလက်ချ ကိုင်နိုင်သည်။ စစ်တပ်က အာမခံ ပေါ်လစီပင်။
ဦးနေဝင်းရဲ့ အဓိက မှားတဲ့ အချက်က သူရဲ့တဆင့်ခံ (Proxy) အုပ်ချုပ်တဲ့ သူ့တပည့်တွေက သူ့အရင် ဘဝတပါး
ပြောင်းကုန်ကြသည်။ အသက်ကြီးတော့ ဘာသာရေးဘက် ရောက်သွားပုံရပြီး သတိလက်လွတ် ဖြစ်သွား ပုံ ရသည်။ ဗိုလ်ချုပ်သန်းရွှေသည် ဦးနေဝင်းအမှားမျိုး ဘယ်တော့မှ မလုပ်ခဲ့။
တိန်ရှောက်ပိန်သည် စနစ်တကျ အာဏာအပြောင်းအလဲကို Institutionalized လုပ်ပြီးမှ စိတ်ချလက်ချ သေသွားခြင်း ဖြစ်သည်။ ဒါကို ဗိုလ်ချုပ်သန်းရွှေလည်း မြင်နိုင်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ဘယ်လောက် အရုပ် ဆိုးဆိုးပြည်ထောင်စု လွှတ်တော်၊ လူမျိုးစု လွှတ်တော်၊ ပြည်နယ် အစိုးရဟူသည့် Institution အပေါ်ထပ် အဆောက်အအုံ တွေ ပေါ်လာသည်။
လက်ရှိမှာ ဒါတွေသည် ရုပ်ပစ္စည်း အားဖြင့်သာ တည်ရှိနေသေးသည်။ ဒီမိုကရေစီ စစ်စစ် အောက်မှာကဲ့သို့
အသက်ဝင် လှုပ်ရှားနိုင်ခြင်းမရှိသေး။ လွှတ်တော်အမတ်အများစုက မိမိတို့နိုင်ငံရေးလုပ်ငန်းစဉ်ကို ပီပီပြင်ပြင် သဘောမပေါက်ကြသေး။ ပြည်ထောင်စု အစိုးရနှင့်ပြည်နယ် အစိုးရတွေဘယ်လို အာဏာခွဲဝေ အုပ်ချုပ်ရမယ် ဆိုသည်ကိုတောင် တိတိကျကျ သိကြသေးတာ မဟုတ်။ သို့သော် စစ်အုပ်ရေးထက်တော့ တဆင်မြင့်လာပြီ။ စစ်အုပ်ချုပ်ရေးအောက်မှာ အဆင့်ဆင့် စစ်ဗိုလ်တွေ၏ အမိန့်သည် ဥပဒေပင်။ စာရေးသူ၏ အတွေးတွင် ၂ဝ၁ဝ
ရွေးကောက်ပွဲသည် ဗိုလ်ချုပ်သန်းရွှေ၏ ထွက်ပေါက်ပင်။
ကျန်ခဲ့မယ့် နိုင်ငံရေးသမိုင်း
နိုင်ငံကို ဦးဆောင်ခွင့်ရသည့် လူအများသည် မိမိ၏ သမိုင်း Legacy ကိုထားခဲ့ချင်ကြသည်ပင်။ ဗိုလ်ချုပ်သန်းရွှေ လည်းမစဉ်းစားဟု မပြောနိုင်။ စပိန်မှာ ဖရန်ကိုဟာ အာဏါရှင်အဖြစ် ကျေနပ်အောင် အုပ်ချုပ်ပြီး သမိုင်းကောင်း ရန် ဘုရင်စနစ်ကို ပြန်ထောင်၊ ပါလီမန်စနစ်ကို ပြန်ဖေါ်ထုတ်ပေးသွားသည့် ရာဇဝင် သာဓကတွေရှိနေသည်။ ဒီမိုကရေစီ၏ အင်္ဂါရပ်တွေဖြစ်သည့် လွှတ်တော်များ၊ ပြည်နယ်အစိုးရများ ပြန်ပေါ်လာသည်ကို အသိမှတ်ပြု၊ တိုးတက်ရန် မကြိုးစား သင့်ဘူးလား။
အင်ဒိုနီးရှားတွင် ဆူဟာတို ပြဿနာပေါ်တော့ သူတို့လွတ်လပ်ရေးဖခင် ဆူကာနို၏ သမီး မီဂါဝါဒီဟာ ပါလီမန်အထဲ တွင် ရှိနေပြီ။ သူတို့သည်လည်း စစ်သားတမတ်နှင့် (စ) ကြသည်ပင်။ သူတို့လည်း အရေးပေါ်တော့ ဆူကာနိုရဲ့ သမီး မီဂါဝါဒီကို ဝိုင်းထောက်ခံကြပြီး တဖြည်းဖြည်းပြောင်းလဲ လာသည်မှာ ယခုတော့ အင်ဒီုနီးရှား သည် အာစီယံတွင် စီးပွားရေးအရ GDP (ပြည်တွင်းထုတ်ကုန် ပမာဏ) အကြီးဆုံးနိုင်ငံ၊ G20 နိုင်ငံ၊ ဒီမိုကရေစီ တွန်းကားသည့် နိုင်ငံအဖြစ် အောင်မြင်မှု လမ်းကြောင်းအပေါ် ရောက်နေခဲ့ပြီ။ (မှတ်ချက်၊ တချိန်က မြန်မာနိုင်ငံ သည် အင်ဒိုနီးရှားတော်လှန်ရေးတွင်  သခင်သာခင်ကို စေလွှတ်ပြီး လက်နက်အကူအညီ ပေးခဲ့ဖူးသည်။)
ဒေါ်စုက Oxford ကျောင်းထွက်၊ ကမ္ဘာကျော် ဒီမိုကရေစီ အိုင်ကွန်။ ဒေါ်စုသာ အခွင့်ရသော် တိုင်းပြည်အတွက် အများကြီး အကျိုးပြုနိုင်ပါသည်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်စေ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက် လာပြီ၊ အပေါ်ထပ် အဆောက်အအုံတွေ ပေါ်လာပြီ။ ဤသည်ကို အသက်ဝင်ရန် စွမ်းဆောင် လာနိုင် သော် တိုင်းပြည်အတွက် မကောင်းဘူးလား။ အများကြီးလိုသေးသည်။ သို့သော် စစ်အုပ်ချုပ်ရေးတော့ မဟုတ် တော့။ ထို့ကြောင့် ဒေါ်စုက သူ့မိန့်ခွန်းမှာ အကောင်းဖြစ်လာစရာအကြောင်းပြောကြားသွားသည်ဟု  ထင်မိသည်။
အစိုးရ အပြောင်းအလဲ 
မိမိ မလိုလားသည့် အစိုးရကို လုံးလုံးပြောင်းလဲစေချင်သော်တော်လှန်ခြင်း Revolution နည်းနှင့် ပြောင်းလဲ နိုင်သည်။တော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုအုံကြွမှု တော်လှန်ရေး နှစ်နည်းနှင့် ပြောင်း၍ရသည်။ လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲနိုင်မှ မိမိစိတ်ကြိုက် အစိုးရနှင့် စနစ်ကို ချက်ချင်း ပြောင်းလဲ နိုင်မည်။ လူထုအုံကြွမှု တော်လှန်ရေးနည်းနှင့် ပြောင်းလျှင်တောင် မိမိစိတ်ကြိုက် အစိုးရဖြစ်လာလေ့ မရှိပါ။ အကြောင်းက ပျားအုံကို တုတ်နဲ့ထိုးသလို ဖရိုဖရဲ ဖြစ်ပြီးမှ ပြန်စုရတော့ မိမိလိုချင်တဲ့ အစိုးရ ဖြစ်ချင်မှဖြစ်လာမည်။
ဥပမာ ယူကရိန်းကို ကြည့်။ လောလောဆယ် အီဂျစ်ကို ကြည့်။ ဆာဘီးယား (Serbia) ကိုကြည့်။ နိုင်ငံအများစုမှာ ရွေးကောက်ပွဲ အလီလီလုပ်ပြီးမှ အခြေကျလာနိုင်သည်။တော်လှန်ရေး အပြင် နောက်တနည်းမှာ ဖြည်းဖြည်းချင်း ပြောင်းလဲသည့် Evolution နည်းပဲ။ အကြမ်းမဖက်တဲ့နည်း ကတော့ ဤနည်းပင်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ကြီး နောက်ဆုံး တိုင်း ပြည်လွတ်လပ်ရေးကို အရယူပေးသွားတာလည်း ဤနည်းပင်။ ယင်းနည်းက ဉာဏ်ကစား တတ်ရန်လိုသည်။ အပေးအယူ လုပ်ရသည့်အတွက် မိမိလိုချင်တာအားလုံး မရနိုင်။ စိတ်ရှည်ရမည်။
မြန်မာတွေရဲ့ ပြဿနာက
ကျနော်တို့၏ ပြဿနာသည် အကြောင်းကြောင်းကြောင့် တော်လှန်သည့်နည်းနှင့် စစ်အစိုးရကို မဖယ်ရှားနိုင်ကြပါ။
နိုင်ငံရေးတွင် စုစည်းမှုရှိမှ၊ ဖွဲ့စည်းမှု ရှိမည်။ ဖွဲ့စည်းမှုရှိမှ ဦးဆောင်မှုရှိလာပြီး ဆောင်ရွက်ချက် ရှိနိုင်ပါသည်။
ဆောင်ရွက်မှုရှိမှ တိုးတက်တက်မှု၊ ဒီကမှ အရှိန်ရလာပြီး လူတွေယခုထက် စုရုံးလာကြပြီး “အင်အား” ဆိုသည်
ပေါ်လာနိုင်ပါသည်။ ဒါလူမျိုးတိုင်း တိုင်းပြည်တိုင်း မလွဲမသွေ ဖြတ်ကျော်ကြရပါသည်။ တယောက်တပေါက် ဦးတည်ချက် ပေါင်းစုံနှင့် ခြေဦးတည့်ရာ လွန်ဆွဲနေကြသော် တော်လှန်ရေး မအောင်နိုင်ပါ။ ဒေါ်စုက သူ၏ ယုံကြည်ချက်သည် အကြမ်းမဲ့ ဖြစ်သော်လည်း တော်လှန်ရေးကိုသာ စွဲစွဲမြဲမြဲ ယုံကြည်သူတွေကို မကန့်ကွက်ပါ။
၈၈၈၈ ခေါင်းဆောင်တွေသည် မဏ္ဍိုင်တခုအဖြစ် ရပ်တည်နိုင်ကြသည်အပြင် ဒေါ်စုကို ပံ့ပိုးခဲ့ကြခြင်းကြောင့်
ဒေါ်စုနှင့် အတိုက်အခံတွေ ပိုအားမရှိခဲ့ဘူးလား။ အားဖြည့်သည့်သဘော။ ထို့နည်းတူစွာပင် တော်လှန်ရေးနှင့်မှ ဆိုသည့်သူတွေ ဖွဲ့စည်းမှု ခေါင်းဆောင်မှု ပြသကြပြီး မိမိလိုအပ်ချက်တွေကို ဖြည့်စည်းထားကြသော် တိုင်းပြည်
အတွက် ပိုအကျိုး မပြုနိုင်ဘူးလား။
လောကတွင် ဖြစ်ချင်တာ၊ ဖြစ်နိုင်တာ၊ ဖြစ်လာတာ မတူတတ်ကြပါ။ ဖြစ်လာသည်ကို အခြေခံပြီး ဖြစ်ချင်သည့် ဘက်ကို ဖြစ်နိုင်သလောက် အရောက်ဖန်တီး နိုင်သူတွေ၊ အောင်မြင်သည့်သူတွေသည် လက်တွေ့ အကောင် အထည် ဖေါ်နိုင်သူတွေဖြစ်လာကြပြီး၊ ကျန်သူတွေကတော့ စိတ်ကူးယဉ် ကမ္ဘာမှာ ကျန်ခဲ့ကြတာပါပဲ။ အတွေး
မတူရင် အမြင်ချင်း မတူနိုင်ကြပါ။
ကျနော်တို့ မြန်မာတွေကို သွေးဆူလွယ်တယ်ဟု စွပ်စွဲကြတယ်။ သေချာသည်မှာ စိတ်လှုပ်ရှားမှု (Emotions)
ပေါ်မူတည်ပြီး နိုင်ငံရေးမှာ ဆုံးဖြတ်ကြတာများသည်။ ခံစားမှုကိုကျော်ပြီး ခေါင်းအေးအေးနှင့် ချင့်ချိန်ပြီး လုပ်သင့် လုပ်ထိုက်သည်ကို အစီအစဉ်ဆွဲပြီး လုပ်ကြသူတွေ နည်းသေးသည်ဟု မြင်မိသည်။ အနိုင် တိုက်ရမည်၊ ရန်သူ ကိုရန်သူ မှန်းသိပါစေဆိုသည့် တဘက်စွန်း အတွေးအခေါ်တွေမှ ရုန်းထွက်နိုင်ကြရန် အချိန်တန်ပါပြီ။
ခုခေတ် အနောက်နိုင်ငံတွေတွင် IQ အသိဉာဏ် တင်မဟုတ် EIQ လို့ခေါ်တဲ့ Emotional IQ စိတ်လှုပ်ရှားမှုကို ဘယ်လောက်ထိန်းနိုင်၊ မထိန်းနိုင်ဆိုသည်ကိုပါ သတိပြုလာကြပြီ။ အသိဉာဏ်ရှိမှ၊ သတိရှိမှ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ပါမည်။
တာဝန်မတူရင် အတွေးမတူပါ
ရာဇဝင် ရုပ်သံလိုင်း (History Channel) တွင် မော်၏ နောက်ဆုံးတော်လှန်ရေး လွှင့်သွားပါတယ်။ ယဉ်ကျေးမှု
တော်လှန်ရေး အကြောင်းပါ။ တရုတ်ကွန်မြူနစ်တွေ အမြဲဆဲဆိုနေကြတဲ့ အမေရိကန်သမ္မတ နစ်ဆင်တရုတ်ပြည် ကို အလည်လာတော့  အစိုးရက လူတွေကို လမ်းပေါ်မောင်းချပြီး ကြိုဆိုခိုင်းသည်။
ထိုစဉ်က စိတ်ဓါတ် အလွန်တက်နေတဲ့ တပ်နီလူငယ်၊ ခုတော့ ရင့်ကျက်နေပြီဖြစ်သည့် တရုတ်မ တယောက်က
ပြန်ပြောရာမှာ တချိန်လုံး ပစ်မှတ်အဖြစ် အသုံးပြုခဲ့ရသည့် နစ်ဆင်ကို အလံတွေကိုင်ပြီး ကြိုဆိုရတော့ စိတ်ထဲမှာ ဘဝင်မကျလိုက်တာတဲ့။ ဒါကလမ်းပေါ်က လူတဦး၊ ရန်စိတ် ပြင်းထန်နေသည့် တပ်နီ လူငယ်တဦး၏ အမြင်။
သို့သော် တိုင်းပြည်အုပ်ချုပ်နေရသည့် မော်နှင့် ချူအင်လိုင်းတို့ အမြင်ကျတော့ ဆိုဗီယက်ရုရှားတို့၏ ရန်ကမသေး။ ဝင်တိုက်ရင် ခုခံဖို့ ပြင်နေရပြီ။ ဘုံရန်သူကို ကစားဖို့ အမေရိကန် ဖဲကို လှည့်ကိုင်ရသည်။ လမ်းပေါ်က အမြင်၊တောင်ခြေက အမြင်အရ ‘မုန်း မုန်း မုန်း - တိုက် တိုက် တိုက်’ တိုက်ပေါ်က အမြင်၊ တောင်ထိပ်ကအမြင်က ရမ်းလို့မရ။ တိုင်းပြည်တာဝန်က ရှိသေးတာကိုး။
ဉာဏ်ချင်းမတူရင်လည်း အတွေးမတူပါ
ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ မော်က ပါတီဗဟိုကို အမြောက်နဲ့ ပစ်ပြီး အာဏာ ပြန်လုရတာကြောင့် ဉာဏ်
နည်းတဲ့၊ အာဏါမက်တဲ့ ၎င်း၏ဇနီးဟောင်း ချန်ချင်းနှင့်လေးဦးဂိုဏ်းကို အားထားခဲ့ရသည်။ တော်လှန်ရေးတွင် ပါခဲ့ကြသည့် တော်လှန်ရေး ရဲဘော်ဟောင်း အများစုသည် ချန်ချင်းတို့၏ ရမ်းကားမှု၊ နှိပ်စက်မှုကို ခံခဲ့ကြရသည်။
ဒီအချိန်တွင် ချူအင်လိုင်းသည် မော်ကို အမွှန်းတင်ထားသည့် စာအုပ်နီ ကလေးကို ဝေ့ကာရမ်းကာ တပ်နီများ
အကြိုက် လိုက်အော်ခဲ့ရရှာသည်။ တဘက်ကကြည့်သော် ချူအင်လိုင်း အာဏာရူးသည်။ ရာထူးမစွန့်နိုင်ဘူးဟု
ထင်စရာ ရှိသည်။ သို့သော် ချုအင်လိုင်းဘက်မှ ပြန်ကြည့်သော် ဒီလို ရပ်တည်နိုင်လို့ အပြစ်မရှိသည့်သူတွေ အများကြီးကို ကယ်တင်နိုင်ခဲ့သည်။ ပါတီ ဂျောက်ထဲမကျရန် ထိန်းနိုင်ခဲ့သည်။
လင်ပြောင်နှင့် ချန်ချင်းတို့ ဝန်ကြီးချုပ်ကို ပက်ပက်စက်စက် စော်ကားကြသည်။ ကမ္ဘာကျော် စာရေးဆရာမကြီး ဟန်ဆုရင်၏ အကြီးဆုံးသား (Eldest Son) ဆိုသည်ကို ဖတ်ကြည့်ကြပါ။ ချူအင်လိုင်း၏ တိုင်းပြည်အပေါ် ထားသည့် စေတနာနှင့် ခံစားမှုကို သိမြင်ကြရပါမည်။ သို့သော် ချူအင်လိုင်းသည် တိုင်းပြည်အကျိုးအတွက် ပုဂ္ဂိုလ်ရေး စော်ကားမှုတွေကို လျစ်လျူရှုနိုင်ခဲ့သည်။
ဒေါ်စုလည်း ဒီပဲရင်းတွင် ၎င်းရဲ့ အသက်ကို ထိပါးရုံမက လူရင်းတွေ သေကုန်ကြ၊ စိတ်ခံစားမှု မရှိဘဲနေပါ့မလား။ တယောက်တည်း အံကြိတ်ပြီး ခံစားခဲ့ရတာတွေ ရှိနိုင်သည်။ ဒါပေမဲ့ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီးတိုင်းပြည်  အတွက် အဖြေရှာကြရန် အပြုံးမပျက် ဖိတ်ခေါ်လျက်ပင်။ ဒါပြည်သူ့ခေါင်းဆောင် စစ်စစ်ဆိုသည်ကို သက်သေ ထူ လိုက်ခြင်းပင်။
ချူအင်လိုင်းနဲ့ တိန့်ရှောက်ပိန်တို့တောင် မတူကြဘူး
မော်က သူမသေခင်တွင် legacy သမိုင်း အတွက် ယဉ်ကျေးမှုတော်လှန်ရေး မှန်သည်ဟု ပါတီလိုင်းချပေးသည်။ တိန်ကခေါင်းမာသည်။ ချူအင်လိုင်း သေကာနီးတွင် မင်းသဘောတူသလားဟု တိန်ကိုမေး၏။ တိန်က “NEVER” လို့ဖြေရာ၊ ချူအင်လိုင်းက အေးအခုမှငါ အေးအေးဆေးဆေး သေနိုင်ပြီလို့ပြန်ဖြေသည်တဲ့။
တရုတ်ပြည် စီးပွားရေး အောင်မြင်မှုအတွက် တိန်ရှောက်ပိန်သည် နံမည်ကျော်ခဲ့သော်လည်း တကယ်က Four Modernization Programs ခေတ်မှီတိုးတက်မှု အစီအစဉ် လေးရပ်က စတာပါ။ ချူအင်လိုင်း၏ ကျေးဇူးတွေပါ။ ချူအင်လိုင်းသာ အတွင်းက တင်းမခံထားသော် တော်လှန်ရေးရဲဘော် ဟောင်းကြီးများ ကျန်မည်မဟုတ်။ ချန်ချင်း
တို့ ရမ်းတာနှင့် အားလုံးသေကုန်ကြမည်။  ချူအင်လိုင်းသေပြီး မော်သေတော့ တော်လှန် ရေးသမားကြီးများကြောင့် တိန်ရှောက်ပိန် ပြန်အာဏါထူထောင်နိုင်ခဲ့သည်။
အပေါ်ယံအဖြစ်ပျက်ကိုကြည့်ပြီး တွေးလျှင်  ချူအင်လိုင်းလိုလူမျိုးသည် သစ္စာဖေါက်။ အတွေးနက်သူတွေ အတွက်ချူအင်လိုင်းလို လူမျိုးသည် သူရဲကောင်း။
တလမ်းသွားများ၏ တောင်းဆိုချက်
စစ်အစိုးရ အလိုမရှိ၊ သိန်းစိန်အစိုးရ ဒီမိုကရေစီအတု၊ တမတ်သားလွှတ်တော် ခုချက်ချင်းဖျက်၊ ကြားဖြတ် အစိုးရ
ထောင်ပေး စသည့် ခံစားချက်နှင့် ပြည့်လွှမ်းနေသည့်တောင်းဆို ချက်ကိုတောင်းရင်း ကျနော်တို့ပတ်ဝန်းကျင်တွင် တလမ်းသွားအတွေး ဝင်္ကဘာက မထွက်နိုင်တတ်တာဖြစ်လေ့ရှိသည်။  မိမိဆန္ဒ မိမိဖြစ်လိုမှု တွေချည်း။ ဖြစ်နိုင်/ မဖြစ်နိုင် စဉ်းစားဖို့ မေ့လျော့သွားတာဖြစ်တတ်ကြသည်။
မီးလျှံ ဘယ်လွှတ်မယ်မှန်း မသိရတဲ့ တရုတ်နဂါး နိုးထလာခြင်း
၁၉၈၈၊ ၈၉ ခုနှစ်အတွင်း တရုတ်ကြီးက စစ်အစိုးရ၏ ထွက်ပေါက်။ အနှစ် (၂ဝ) ကြာတော့ မြန်မာပြည်က တရုတ်ကြီး အတွက် ထွက်ပေါက် ဖြစ်လာရပြီ။ ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းကို တရုတ်က ဆောက်ပေးခဲ့ပြီး အခု ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်း၊ ကားလမ်း၊ နောက် အမြန်ရထားလမ်း ပါလာတော့မည်။
စစ်ဖြစ်ခဲ့သော် မြန်မာပြည်သည် ရှေ့တန်းစခန်း လာဖြစ်စရာ ရှိသည်။ တရုတ်လောင်စာ လုံခြုံရေးအတွက်
မြန်မာနိုင်ငံ၏ ပထဝီအနေအထားမှာ မဟာဗျူဟာမြောက် အရေးပါလာနေပါပြီ။
စီးပွားရေးအရလည်း တောင်အာရှဒေသ အချို့နှင့် သန်း ၆ဝဝ ရှိသည့် အာဆီယံ ဈေးကွက်ကို လွှမ်းမိုးရန် (မြန်မာပြည်လုပ်) တံဆိပ်ကပ်ပြီး ရောင်းဖို့ပင်။ တရုတ်ပိုက်ဆံ တရုတ် အတတ်ပညာ၊ တရုတ်ပညာရှင်နှင့် တရုတ်စက်ရုံများ မြန်မာပြည်တွင်တည်ထောင်။ မြန်မာပြည်လုပ်ဆိုလျှင် အာစီယံ လွပ်လပ်စွာ ရောင်းဝယ်ခွင့်
စာချုပ် (AFTA) အရ အာစီယံဈေးကွက်တွင်ရောင်း။
တောင်အာရှဟုခေါ်သည့် သန်း ၁,ဝဝဝ ကျော်သည့် အိန္ဒိယ ၊ သီဟိုဋ္ဌ် တို့၏ဈေးကွက်များကိုလည်း ဟိုးအရင်က ကုန်ကူးခဲ့ကြသည့် (ပိုးလမ်းမကြီး) “Silk Road” ကတဆင့် ပြန်ဖြန့်။ မြန်မာနိုင်ငံသည်  အမည်မခံသည့် ရှေ့တန်း တရုတ်ပြည်နယ် Proxy Province၊  ဖြစ်သွားနိုင်သည်။ လူဦးရေကြီးမားသည့် ဟန်တရုတ်တွေသည် တိဘက်၊ ဆင်ကျင်းပြည်နယ်တွင်ပါ စီးပွားရေး ထူထောင်ရန် လှိမ့်ဆင်းလာကြသလိုမျိုး မြန်မာပြည် ဖြစ်လာခဲ့သည် ရှိသော်။
မျိုးချစ်စိတ်နှင့် ကြည့်သော်
တရုတ်၏ လွှမ်းမိုးမှုကို ထိန်းရန် မြန်မာအစိုးရအနေနှင့် အမေရိကန်၊ အနောက်အုပ်စု၊ ဥရောပတို့နှင့် ခင်ခင်မင်မင် ဆက်ဆံမှု ရှိရန်လိုသည်။ ဤသည်က ဗျူဟာအဆင့်မှ မျိုးချစ်စိတ်နှင့် ကြည့်ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ နမူနာလိုပင်။  တရုတ်ဖဲ တချပ်တည်း ကိုင်ထား၍ မရ။  ဧရာဝတီ မြစ်ဆုံ ဆိုသည်က တရုတ်ကြီး အတွက် အပိုဆု။ မြန်မာသည် ဗျူဟာကျသည့် မိတ်ဆွေ။ ထို့ကြောင့် ဦးသိန်စိန် အစိုးရ တက်တော့ တရုတ်
ခေါင်းဆောင်များ တယောက်ပြီးတယောက် လာပြီး ပံ့ပိုးခဲ့ကြခြင်းပင်။ ဦးသိန်းစိန်သွားတော့လည်း တရုတ်ကြီးက
မြန်မာနိုင်ငံဟာ ရိုးရိုးမိတ်ဆွေမဟုတ်တော့ ဗျူဟာကျသည့် မိတ်ဆွေ (Strategic Partner) ဆိုပြီးကြေငြာခဲ့ပြီ။ အမေရိကန်တွေက ငါစူပါ ပါဝါဆိုသည့် ဘဝင်နှင့် တိန်တိန်ပဲ ကြည့်တတ်သည်။ တရုတ်ကြီးက နက်နက်တွေးရုံမက ရေရှည်အတွက်ပါ ပြင်တတ်သည်။
စစ်တပ်အစိုးရ မကောင်းမှန်း သိတယ်
စစ်တပ်အစိုးရ မကောင်းတာ လူတိုင်းသိသည်။ စစ်တပ်အစိုးရက၏ ကျင့်ထုံးက စစ်စကားနှင့်ပြောသော် နယ်မြေ သိမ်းပြီး အခွန်ကောက်စားခြင်း။ သို့သော် သူတို့ကိုဖယ်ဖို့ မကြိုးစားနိုင်ကြ။ ဒီတော့ တိုင်းပြည်ကို ဓါးစာခံထားပြီး ညစ်တာ၊ ညစ်တာကို သိသိနှင့် မငြင်းနိုင်၊ မတားနိုင်ကြ။
မဟောသဓာ ဇာတ်တော်ကြီးတွင် ဘီလူးမနှင့် အမေအရင်းကလေးငယ်ကိုလုကြရာ မိခင်ရင်းမှ မိခင် မေတ္တာကြောင့် အနစ်နာခံရန် ဝန်မလေးသလို  တိုင်းပြည် အကျိုးအတွက်ဒေါ်စုသည် စစ်ဗိုလ်တွေနှင့် ဆွေးနွေးရန် ကြိုးစားရသည်ပင်။ မိခင်တယောက်လို တိုင်းပြည်အတွက် မချစ်သော် လည်း အောင့်ကာနမ်း ဆိုသလို လုပ်ချင်သည်ထက် လုပ်သင့် သည်ကို လုပ်ရသည်ပင်။ ချူအင်လိုင်းကို သတိရကြပါ။
ယခု စီးပွားရေးအတွက် IMF နှင့်စကားပြောသော် IMF ဆိုသည် က အမေရိကန် သြဇာမကင်း။ အာစီယံတောင်
ဒေါ်စု အမြင်ကို အလေးထားရသည်။ ဒေါ်စုအရှိန်ကြီးမားမှုက ရှင်းပါသည်။ ဒါကို တိုင်းပြည် အတွက်သုံးနိုင်သော်၊
စီးပွားရေး လမ်းပွင့်လာသော်၊ ပြည်သူတွေအနေချောင်လာခဲ့သော် မကောင်းဘူးလား။ ဒေါ်စု၏ ရွှေ့ကွက် များ သည် တိုင်းပြည်ကို ချစ်လို့ ဆိုသည်ကို နားလည်စေချင်သည်။
အမြင်ချင်းမတူနိုင်တာကို နားလည်ပေးကြစေလိုပါတယ်။
လမ်းပေါ်မှ တပ်နီလူငယ်များအတွက် အဓိကရန်သူက အမေရိကန်။ နောက်က ဆိုဗီယက် ရုရှားများကို မမြင်နိုင်။
မော်တို့အတွက် ဆိုဗီယက် ဝက်ဝံများ၏ အန္တရယ်က ပိုကြောက်စရာ။ လမ်းပေါ်မှ မြန်မာများအတွက်လည်း စစ်ဗိုလ်တွေသည် နတ်ဆိုးတွေ။ တရုတ်ကြီးကိုမမြင်ကြ။ ဒေါ်စုနှင့် အတွေးနက်သူများအတွက် တရုတ်နဂါး အန္တရာယ်က ကြောက်စရာ။
လမ်းပေါ်က မြန်မာများအတွက်က အစိုးရ အပြောင်းအလဲ Regime change ဟု မြင်သော်လည်း သမ္မတဘုရှ်တို့ အဆင့်တွင် အစိုးရပြောင်းပြီးသော် တည်ငြိမ်မှုကို ထိန်းရန်စဉ်းစားရပြီ။ ရှေ့ကိုကြိုကြည့် ကြရသည်။ အီရတ်မှာ သင်ခန်းစာ ရခဲ့ကြပြီ။ တောင်ခြေနှင့် တောင်ပေါ် အမြင်ချင်း မတူကြပါ။ ဒေါ်စုတို့ကဲ့သို့ တောင်ထိပ်က ကြည့် သော် ပိုမြင်နိုင်တော့မည်။
ဒေါ်စု၏ စေတနာကို ပို၍ နားလည် နိုင်ကြပါစေ။
မြစ်ကြီး ဧရာဝတီကိုထိတော့ပြည်သူများက မခံနိုင်။ ပြည်သူတွေ တသံတည်းထွက်တော့ မြစ်ဆုံ ရေကာတာ စီမံကိန်းလည်း ပျက်ရပြီ။ ဒေါ်စုနောက်တွင် တသံတည်းရှိကြပြီး ခြေလှမ်းညီညီ လှမ်းကြသော် အခြေခံကျကျ
ပြောင်းလဲမှုတွေကိုပါ မျက်ဝါးထင်ထင်မြင်ရပြီး မြန်မာတို့ဂုဏ်သိမ်ငယ်သည့်ဘဝမှ လွန်မြောက်ပါတော့မည်။
နန်းမတော်မယ်နု-အပိုင်း(၁) + (၂)
နန်းမတော်မယ်နု-အပိုင်း(၁)
နန်းမတော်မယ်နုအကြောင်းပြောရမည်ဆိုလျှင်တိုတိုလေးနှင့်ရေးလို့မရပေ ပြောမဆုံးပေါင်တောသုံးတောင်မက ရှုပ်ထွေးပွေလီလှသော ကုန်းဘောင်းမင်းဆက်(၇)ဆက်မြောက်တွင် ဖြစ်ပေါ်ခဲ့သောအရှုပ်တော်ပုံရဲ့ ဒါရိုက်တာကြီးမှာ နန်းမတော်မယ်နုဖြစ်နေပြီး ( မိန်းမဖျက်လို့ ပြည်ပျက်) တယ်ဆိုတဲ့စကားဟာ သူတို့မြေးအဖွားနှစ်ယောက်(အဖွားနန်းမတော်မယ်နုမြေး စုဖရားလတ်)
်ကြောင့်များ ပြောဆိုခဲ့ကြသလားမသိပါ..။ ထိုကြောင့် နန်းမတော် မယ်နုအကြောင်းကို တတ်နိုင်သမျှ ပြည့်စုံအောင် ရှာဖွေဖေါ်ထုတ်တင်ပြပေးသွားပါမည်..
သူ့တို့အကြောင်းတွေမှာ ရှည်လျှားသောကြောင့် အပိုင်းလိုက် ခွဲပြီး တင်ဆက်ရတာကို သည်းခံစောင့်မျှော်
ဖတ်ရှု့ကြပါရန် တောင်းပန်အပ်ပါသည်....။
 မယ်နုဟု လူသိများသည့် ဘကြီးတော်စစ်ကိုင်းမင်း၏မိဖုရားခေါင်ကြီးသည် မြတောင်မြို့စား သီပေါမင်း၏ မိဖုရား စုဖရားလတ်၏အဘွားပင် ဖြစ်ပါသည်။
မောင်းထောင်ဆရာတော်သည် လေးကြိမ်မြောက် အဝတည် မင်းတရား၏ မိဖုရားခေါင်ရှင် မယ်နုကို 'အသမႝန္နခတ္တိယအနွယ် ဖြစ်တော်မူသော ရှင်မိဖုရားသည်' ဟု နိဂုံးအုပ် သမိုင်းထိုးရချေသည်။ စင်စစ်ကား ထိုရှင်မိဖုရားသည် ဒီပဲရင်းကျေး ဖလံကုန်းရွာသူ သမီး ဖြစ်သည်။ (ဝိနန္ဒသဘ ၊ သီလဝိသောဓနိ ၊ ရန်ကုန် ၊ သုဓမ္မဝတီ၊ ၁၉၅၈ ၊ ၈၈။)“ဟူ၍ မှတ်ချက်အရ ရိုးရိုးတောရွာသူတစ်ယောက် အဖြစ်မှ ရှင်ဘုရင်မှ မိဖုရားအရာမြှောက်စားသဖြင့် မင်းမျိုးနွယ်အဖြစ် သတ်မှတ်လိုက်ရခြင်းကို ဆိုလိုပေသည်။ အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကိုငှက်ကချီယူပြီး ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင် ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ မိဘုရားခေါင်ကြီးကွယ်လွန်ပြီးနောက်တွင် မယ်နု၏သြဇာမှာ နန်းတွင်းတွင်ပင် ဘုရင့်ကိုကျော်လွန်ကာကြီးထွားလာပြီး မောင်တော်စပ်သစလင်မြို့စားမောင်အိုအား မင်းဆွေမင်းမျိုးအဆောင်အယောင်ဖြင့် မင်းသားတစ်ပါးကဲ့သို့ ချီးမြှောက်စေသည်။ ဘကြီးတော်ဘုရား၏ ညီတော် သာယာဝတီမင်းသားမှ ပုန်ကန်ရာအောင်မြင်ခဲ့ပြီး နောင်တော်ဖြစ်သူ ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုတို့နှစ်ဦးအား အကျယ်ချုပ်ဖြင့်နေစေသော်လည်း မကြာမီ စိတ်မချသဖြင့် မယ်နုနှင့် အပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။
သံတော်ဆင့် ငရွှေသားကို တောင်ဥယျာဉ်တော် အတွင်း ရှေ့တော်တွင် စစ်မေးကာလ နောင်တော်မင်းတရား မိဖုရားကြီးက မောင်တော်သူ “စလင်းစားဦးအိုနှင့် အကျဉ်းခံနေရသူ မှူးတော် မတ်ဟောင်းတို့ကို တိတ်တဆိတ် တိုင်ပင် စည်းကြပ်ရကြောင်း စည်းကြပ်ရာတွင် ပါဝင်သူ မှူးဟောင်း မတ်ဟောင်းတို့ကလည်း မင်းဧရာဇ် ရန်ကင်းတောင်သို့ ထွက်တော်မူသည့် အတွင်း ညဥ့်အခါ အမရပူရ ရွှေနန်းတော်သို့ ဝင်၍ တိုက်ခိုက် စီးနင်းမည့် သူပုန်တို့နှင့် စကားချိန်းချက်၍ လာစေကြောင်းများကို အစစ်ခံချက် ရသည်ဖြစ်၍ နောင်တော် မင်းတရား မိဖုရားကြီးကိုလည်း တောင် ဥယျာဉ်တော် အတွင်း သံတော်ဆင့် ငရွှေသားနှင့် တိုက်ဆိုင် စစ်မေးရာ ဖြောင့်ဆို စစ်မေးချက်ရ၍ မိဖုရားကြီးကိုလည်း ထုံးစံနှင့်အညီ ၁၂ဝ၂ ကဆုန်လဆန်း ၁၂ ရက်နေ့ (၁၂ မေ ၁၈၄ဝ) ရေတွင် ဖျောက်တော်မူ၏။ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၅၉၈။)
ရေတွင်ဖျောက်ဖျက်သည်ဟုဆိုသည်ကို ကြည့်ခြင်းအားဖြင့် မင်းမျိုးနွယ်အဖြစ် လက်ခံကြောင်းထင်ရှားပါသည်။ နန်းတက်ဘွဲ့အမည်အားဖြင့် သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၂၃ဝ) ဖြစ်ကာ မိဖုရားကြီးရဲ့သမီးတော်မှာ နောင်မင်းတုန်းမင်းလက်ထက်တွင် ဆင်ဖြူမရှင်မိဖုရားဟု ထင်ရှားလာမည့် သီရိပဝရတိလာက မဟာရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၄၈၄) ဖြစ်ပါတယ်။ မင်းတုန်းမင်းက ၂၆ မတ် ၁၈၅၃မှာ အလယ်နန်းတော်မိဖုရား အဖြစ် ဆင်ဖြူမရှင်အား တင်မြှောက်ခဲ့ရာမှ ကုန်းဘောင်ခေတ်ဇာတ်သိမ်းကို ဖော်ဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဆင်ဖြူမရှင်သည် မိဖုရားအရာသို့ရောက်ခဲ့သည်။ (ကုန်းဘောင်ဆက်၊ တတိယတွဲ၊ ၁၉၆၈၊ ၁၅ဝ)။
နန်းမတော်မယ်နု-အပိုင်း(၂)
 ကုန်းဘောက်ခေတ် မြန်မာ့ သမိုင်းမှာ ထူးခြားတဲ့ ၊ အဖွားlသမီးlမြေး
                           မိဖုရားကြီးသုံးဦးပေါ်ထွန်းခဲ့ပါတယ်။
ထူးခြားတယ် ဆိုတာ က သူ တို့ သုံးဦး ဟာ သူစိမ်းတွေ မဟုတ် တာရယ် ၊ သုံးဦးစလုံး မိဖုရားဖြစ်ခွင့်ရှိတာရယ်၊
နိုင်ငံရေး ကို သူတို့ ရဲ့ ယောင်္ကျား(ဘုရင)်တွေ ကို ကျော်လွန်ပြီး စီမံခွင့်ရ ခဲ့တာတွေရယ်ကြောင့်ပါ။
သူတို့ သုံးဦးက တော့ အားလုံးသိကြ တဲ့ အတိုင်း (၁) နန်းမတော် မယ်နု ၊ (၂) (နန်းမတော်မယ်နု ရဲ့ သမီး ) ဆင်ဖြူမရှင် ၊
(၃) ( ဆင်ဖြူ မရှင် ရဲ့ သမီး ) စုဖုရားလတ် တို့ပါ။ သူတို့ သုံးဦး ဟာ နိုင်ငံရေး ရှု့ထောင့် က နေကြည့်ရင်
သမိုင်းမှာ သိပ်မလှ ပါဘူး။ ဒါပေမယ့် ဘာသာရေး ရှု့ထောင့်က နေကြည့်ရင် တော့ တော်တော် လေးထူးခြား
နေတာကို တွေ့ရပြန်ပါတယ် ။နန်းမတော် မယ်နု က အင်းဝ မှာ ဆရာတော်ဦးဗုတ် ကို
မယ်နု အုတ်ကျောင်းတော်ကြီး ဆိုပြီး လှူဒါန်း ခဲ့ပါတယ်။ ဆင်ဖြူမရှင် က
မန္တလေး မြို့ အရှေ့ပြင်မှာ ၁၅- ၀ါ သာ ရှိသေးတဲ့ ၀ိသုဒ္ဒါရုံဆရာတော် ကို ၀ိသုဒ္ဒရုံကျောင်းတိုက် ကြီးကို
ဆောက်လုပ်လှူဒါန်း ခဲ့ပါတယ်။ စုဖုရားလတ် က တော့ မန္တလေး မြို့ မှာဘဲ ၂၅-၀ါ ရှိတဲ့
ဆရာတော် ဦးအာလောက ကို မြတောင်ကျောင်းတိုက်ကြီး ဆောက်လုပ်လှူဒါန်း ခဲပါတယ် ။
ဒါတွေဟာ သာသနာ့ သမိုင်းမှာ ဘယ်လိုမှာ ချန်လှပ်လို့ မရတဲ့ သာဓက ပြယုဂ်တွေပါ။
ဒါတွေက ကြုံကြိုက်လို့ တိုက်ဆိုင်လာလို့ ထူးခြားတဲ့ ပြယုဂ် အနေနဲ့ ပြောပြတာပါ၊
နန်းမတော် မယ်နု အကြောင်း
တစ်နေ့မှာနေ့ စစ်ကိုင်းနားက အင်းဝမြို့ဟောင်းမှာ မယ်နုအုပ်ကျောင်းလို့ လူသိများတဲ့ မင်းနဲ့မိဖုရားတို့ရဲ့
မဟာကောင်းမှုတော်, မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးကို ဆရာတော်ဦးဗုဓ်
အလှူခံတော်မူခဲ့တဲ့ နေ့ကပေါ့။ ၁၁၉၂-ခုနှစ် တန်ဆောင်မုန်းလမှာ ကျောင်းရေစက်ချပွဲ,
ကျောင်းတင်ပွဲ ပြုလုပ်တော့ မင်းမိဖုရားတို့က မင်းဆရာတော်ဘုရားကို
သြ၀ါစကား မိန့်ကြားဖို့ လျှောက်ထားကြပါသတဲ့။ အဲဒီတော့ ဆရာတော်က
‘‘မင်းနှင့်တူအောင်ကျင့်ရင် ငါတို့ ဆုံးမသြ၀ါဒ ပေးစရာ မလို။ မင်းနှင့်တူအောင် မကျင့်ရင
် ငါတို့နဲ့ မဆိုင်၊ အ၀ိစိနဲ့သာဆိုင်တယ်။’’လို့ တိုတိုတုတ်တုတ် မိန့်တော်မူလိုက်ပါတယ်။
အဓိပ္ပာယ် ဖွင့်စရာ မလိုအောင် ရှင်းလင်းပြတ်သားတဲ့ ဒီသြ၀ါဒကို မင်း, မိဖုရားနဲ့တကွ အားလုံးက
သဘောကျကြပါသတဲ့။ သြ၀ါဒပေးသူကိုရော, သြ၀ါဒခံသူကိုပါ သာဓုမခေါ်သင့်ဘူးလား။
နောက်ဆုံးသြ၀ါဒနဲ့ ဆက်စပ်မှု ရှိနေတဲ့ အင်းဝရာဇင်ထဲက အဖြစ်အပျက်တစ်ချို့ကို အရင်ဆိုပါရစေ။
၁၁၈၇-ခုနှစ်မှာ နယ်ချဲ့ အင်္ဂလိပ်နယ်တို့ရဲ့ အလိုကျ ချုပ်ဆိုခဲ့ရတဲ့ ရန္တပိုစာချုပ် ချုပ်ဆိုပြီးတဲ့ နောက်
စစ်ကိုင်းမင်းဟာ သာသနာရေး, ကုသိုလ်ရေးဘက်မှာသာ အားစိုက်ခဲ့ပြီး တိုင်းရေးပြည်ရေးမှာ
အားစိုက်မှု နည်းလာခဲ့ပါတယ်။ ၁၁၉၆-ခုနှစ်ကစပြီး စစ်ကိုင်းမင်း ကျန်းမာရေး ချွတ်ယွင်းလာတဲ့အတွက်
အင်းဝရွှေနန်းတော်ရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီး နန်းမတော်မယ်နု, မိဖုရားရဲ့မောင်တော်
စလင်းစား ဦးအိုနဲ့ ဘုရင့်ညီတော် အိမ်ရှေ့စံ သာယာဝတီ မင်းသားတို့က ကိုင်တွယ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်ဲ့။
အဲဒီတော့ မိဖုရားနဲ့ သူ့မောင်တော်တို့က တစ်ဘက် အိမ်ရှေ့မင်းနဲ့ မင်းဆွေမင်းမျိုးတို့က တစ်ဘက်
နှစ်ဦးနှစ်ဘက်တို့ဟာ နိုင်ငံတော်အာဏာကို အပိုင်ရဖို့ အပြိုင်ချကြပါလေတော့တယ်။
ဒီပြိုင်ဆိုင်မှု အပြင် မူလပိုကျတဲ့ နန်းတွင်း မကျေနပ်မှုလည်း ရှိပါသေးတယ်။
နန်းမတော် မယ်နုဆိုတာက ပေါင်းတည်မြို့စား မယ်ပုရဲ့တူမ၊ တောင်သင်းမှူး သီဟကျော်စွာရဲ့သမီး
နန်းမဆန်တဲ့ တောသူဇာတိပါ။ ရွှေဘိုနယ်က ဖလံခုံရွာသူ မယ်နုဟာ အဒေါ်ဖြစ်သူ မယ်ပုရဲ့ မစမှုကြောင့်
အင်းဝရွှေနန်းတော်ထဲကို အပျိုတော်ကလေးအဖြစ်နဲ့ ၀င်ရောက်လာခဲ့ ပါတယ်။
(အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကို စွန်ငှက်ကချီယူပြီး
ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင်
ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်)
တစ်နေ့တော့ အိမ်ရှေ့စံ စစ်ကိုင်းမင်းသားက တစ်ခြား အပျိုတော်တွေထက် ထင်ထင်ပေါ်ပေါ်
ခန္ဓာကိုယ်အလှ ရုပ်လုံးကြွှနေတဲ့ မယ်နုကို မျက်စိကျသွားပြီး မိဖုရားငယ်အဖြစ် သိမ်းပိုက်လိုက်ပါသတဲ့။
အဲဒီအချိန်မှာ အိမ်ရှေ့မင်းရဲ့ မိဖုရားခေါင်ကြီးကတော့ ဆင်ဖြူမယ် ဖြစ်ပါတယ်။
စစ်ကိုင်းမင်း ထီးနန်းရပြီးတဲ့နောက် ၁၁၇၄-ခုနှစ်မှာ ဆင်ဖြူမယ် မိဖုရားကြီးဟာ သားတော်စကြာင်္မင်းကို
ဖွားမြင်ပြီး ကံကုန်ခဲ့ပါတယ်ဘိုး တော်ဘုရားက သားတော် "မန္တလေး မဟာမြတ်မုနိဘုရားကြီး ပင့်လာသူ
" အိမ်ရှေ့မင်းကြီး ကံကုန်တော်မူ သွားသောအခါ မြေးတော် (ဘကြီးတော်ဘုရား)ကို ဆင်ဖြူရှင်မယ်နှင့်
့် လက်ထပ် ထိမ်းမြား တော် မူပြီး အိမ်ရှေ့ ရာထူး နှင်းအပ်ပါတယ်။ ဆင်ဖြူရှင်မယ် ခေါ် အိမ်ရှေ့မိဖုရားက
ညောင်ရမ်း မင်းသား လေး (စကြာမင်း)ကို ဖွားတော်မူပြီး ရက်ပိုင်းအတွင်းမှာပဲ ကံကုန် အနိစ္စရောက်ရရှာပါတယ်။
ဖွားတော်မူ တဲ့ သား တော်ကလေးဟာလည်း သူ့ကို မွေးဖွားနေစဉ်အခါက အင်မတန် ထူးခြားတဲ့
အတိတ်နိမိတ်ကြီးတွေ ပြတဲ့ အတွက် အလွန် ဘုန်းတန်ခိုးကြီးမယ့် မင်းသားကလေးရယ်လို့ ယူဆခြင်း ခံခဲ့ရပါတယ်။
အိမ်ရှေ့ မိဖုရား ဆင်ဖြူရှင်မယ် အနိစ္စရောက်ပြီးတဲ့နောက် အိမ်ရှေ့မင်း (ဘကြီးတော်ဘုရား)ဟာ
သား တစ်ယောက် ဖခင်၊ မုဆိုးဖို အဖြစ် ကျန်ရစ်ပြီး သားတော်လေးကို ချစ်ခင်မြတ်နိုးစွာနှင့်နေရာမှ
ှ ဘိုးတော် ဘုရားဟာ နောက်ထပ် အိမ်ရှေ့မိဖုရားတစ်ပါးကို ရွေးချယ်ပြီး လက်ထပ်
ထိမ်းမြားပေးတော်မူပြန်ပါတယ်။သို့သော်လည်း ဒီမင်းသမီးကလေးဟာ အလွန် ငယ်ရွယ်သူ
၈ နှစ် သမီးမျှသာရှိသေးတဲ့ ပဒေါင်းမင်းသမီး ကလေးဖြစ်ပါတယ်။ အနွယ်တော်ထဲက အိမ်ရှေ့မိဖုရား
ဖြစ်ထိုက်သူဟာ ပဒေါင်းမင်းသမီးကလေးတစ်ပါး သာရှိလေတော့ အချိန်အရွယ် မရောက်ခင်
နန်းစဉ်ထုံးစံအတိုင်း လက်ထပ်ခဲ့ရသော်လည်း ကလေးပဲမို့ သူ့ အဆောင်ထဲမှာ သူ့အထိန်းတော်တွေနှင့်သာ
စံနေတော်မူပါတယ်။ အရွယ်ရောက်မှသာ လင်မယားအရာ မြောက်ရမှာဖြစ်ပါတယ်။
 မယ်နုနဲ့ ဆုံတွေ့ခြင်း
 ဒီအတောအတွင်း အိမ်ရှေ့မင်း (ဘကြီးတော်)ဟာ ဒေါ်ဒေါ်နု (မိဖုရားကြီးနု)နှင့် တွေ့မြင် ချစ်ခင် တော်မူလှတဲ့
အတွက် မိဖုရား ပဒေါင်းမင်းသမီးကလေးနှင့်တကွ အခြားသော ကိုယ်လုပ် မောင်းမ တွေကို ကျော်လွှားပြီး
"နုမှတစ်ပါး ဘယ်သူ့မှ မချစ်နိုင်ဘူး"ဆိုတဲ့ ဘ၀ ရောက်ခဲ့ရပါတယ်။
 ဘိုးတော်ဘုရားကြီး နတ်ရွာစံလို့ ထီးနန်းရိုက်ရာ ဆက်ခံရာမှာလည်း လက်ထပ်ထားပြီးဖြစ်တဲ့
အိမ်ရှေ့ မိဖုရား ပဒေါင်းမင်းသမီးကလေးကို ပစ်ပယ်ပြီး နုနုကိုသာပဲ ရွှေလက်ဆွဲ၍ နန်းသိမ်းပွဲခံခဲ့ပါတယ်။
လူမှာ အမျိုး ကြက်မှာအရိုးဆိုတဲ့ အစဉ်အလာကို ရိုက်ချိုးပြီး၊ လူမှာ အချစ်ကြက်မှာ အမြစ်လို့ စကားပုံကို တဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ပဒေါင်းမင်းသမီးကလေးခမျာလည်း မသေရုံတမယ်သာ
နုနု၏ အဖိအနှိပ် ရှိကြသော်လည်း ဘယ်သူမှ စကားကျယ်ကျယ်ပင် မဟ၀ံ့အောင် ရှိနေကြရပါတယ်။
ဒီအသိုင်းအ၀ိုင်း၊ အသိုက်အ၀န်းထဲမှာ မဟုတ်မခံ ပြောဆိုဝံ့သူဟာဖြင့် ညီတော် " သာယာဝတီမင်း "
တစ်ပါးသာရှိပါတယ် ။ဒေါ်ဒေါ်နုကလည်း ဘုရင့်အချစ်ကို ယုံစားပြီး အများကြီး တန်ခိုးထက်အောင်
သူ့ဘက်သူ ယက်နိုင် သလောက် ယက်၊ ယက်ယူလာလိုက်တာ နေရာတကာ ဒေါ်ဒေါ်နု မပါရင်
ဘာမှ ကိစ္စမပြီးတော့ပါ။ တစ်နန်း တော်လုံးနှင့် တစ်နိုင်ငံလုံးမှာ သူ့သြဇာချည်း ဖုံးလွှမ်းထားလိုက်နိုင်ပါတော့တယ်။
နောက်ဆုံးပိတ် "နု" ဆိုတဲ့ အမည်တောင် မည်သူမှ မသုံးရ။ နု အစား "ထွတ်" ကို သုံးကြရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။
(မကျဉ်းရွက်နုနု-အစား မန်ကျဉ်းရွက်ထွဋ်ထွဋ် လို့ ခေါ်ရမယ်အထိဖြစ်ခဲ့ပါတယ်)
ဒီလို တစ်နန်း တော်လုံးကို ခွစီးပြီး ဒါလောက် သြဇာကြီးနေပါလျက်နှင့်ပဲ ပဒေါင်းမင်းသမီးကလေး
ရှိနေ သေးတာ မလိုလား နိုင်လို့ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားပြန်ပါတယ်။
တစ်နေ့သောအခါ အဆောင်တော် ထဲမှာ ရှိနေတဲ့ ပဒေါင်းမင်းသမီးကလေးကို အလိုတော်ရိ
မင်းလုလင်တွေက ၀င်ဖမ်းပြီး ကျွန်းသေတ္တာထဲ ထည့်ပိတ် ထားခဲ့ တယ်။
အထိန်းတော် အပျိုတော်တွေကလည်း ပျောက်နေတယ်ထင်လို့ ပျာပျာသလဲ လိုက် ရှာရာ
ဘယ်မှာမှ မတွေ့ရ ဒုက္ခဖြစ်နေတုန်း၊ နန်းတွင်း ရုပ်စုံစင်တော်ကြီးမှ တစ်ဆင့် ညီတော်
သာယာဝတီ မင်းနား ပေါက်ကြားသွားလို့ အဆောင်တော်ထဲ အနှံ့အပြား လိုက်ရှာမေးတော့မှ
ကျွန်း သေတ္တာ ကြီးထဲမှာ မွန်းပြီး အသက်မြော့မြော့သာ ရှိတော့တဲ့ ပဒေါင်းမင်းသမီးကလေးကို
တွေ့ရှိ ကယ်ဆယ် လိုက်ရတယ်လို့ နန်းတွင်း ရေးမှာ တစ်ဆင့်စကားများ အစဉ်အဆက်
ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
 အိမ်ရှေ့မင်း ဘယ်သူဖြစ်လာမလဲ
 သာယာဝတီမင်းဟာ ဘကြီးတော်ဘုရင်၏ ညီတော်မင်းသားကြီးဖြစ်ပါတယ်။ ဘကြီးတော်ဘုရားမှ
လွဲရင် နန်းတော်ပေါ်နှင့်တကွ နေပြည်တော်မှ သြဇာထက်သော မင်းသားကြီးတစ်ဦးလည်း ဖြစ်ပါတယ်။
စစ်သည် အင်အား၊ တပည့်တပန်း အင်အား၊ လက်နက်အင်အားကလည်း အလွန် တောင့်တင်းသူဖြစ်လို့
ဒေါ်ဒေါ်နု တို့ မောင်နှမက သူကိုတော့ နိုင့်ထက်စီးနင်း မပြုရဲ၊ လေးစားရပါသေးတယ်။
ထိုအချိန်က ဘကြီးတော်ဘုရား ထီးနန်းအုပ်ချုပ် မင်းလုပ်နေသော်လည်း ထုံးတမ်းစဉ်လာအတိုင်း
အိမ်ရှေ့ မင်း မရှိသေးပါ။ အိမ်ရှေ့နေရာက လစ်လပ်နေပါတယ်။ အမှန်အတိုင်းဆိုလျှင် သားတော်
ညောင်ရမ်းမင်း (စကြာမင်းကလေး)ဟာ အိမ်ရှေ့ဥပရာဇာအဖြစ် အမှန်ကန်ဆုံး ဆက်ခံရမည်သူဖြစ်ပါတယ်။
 ဒါပေမဲ့ မိဖုရား ကြီး ဒေါ်ဒေါ်နုက သြဇာကြီးနေတော့ ညောင်ရမ်းမင်းသားကလေးကို
အိမ်ရှေ့ပေးဖို့ နှောင့်နှေးနေခဲ့ရပြန် တယ်။ တစ်နည်းအားဖြင့်လည်း ညီတော် သာယာဝတီမင်း၏
ဘုန်းလက်ရုံး အင်အားကိုလည်း ခန့်ညား အား ထားရတဲ့အတွက် ထီးနန်းဆက်ခံဖို့
အိမ်ရှေ့ ဥပရာဇာရာထူးကို ပေး ထိုက်ပြန်တယ်။ သားတော်နှင့် ညီတော် နှစ်ဦးအတွက် ဘယ်ဘက်ကို
အလေးပေးရမည်ဟု အတည်တကျ မဆုံးဖြတ်ရခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။
သို့ရှိနေရာမှာ ဒေါ်ဒေါ်နု သြဇာက ဥပရာဇာ ရွေးခန်းကို လက်တန်းပြီး ကာထားသလို ရှိခြင်းကပဲ
အလေးကျောနေခြင်းဖြစ်ပါတယ်။
 အခြေအနေအရ သြဇာကြီးလှသော မိဖုရားကြီး၏မောင်၊ စလင်းမင်းသားကြီး ဦးအို ကလည်း
တန်ခိုးအာဏာကြီးနေသူတစ်ယောက် ဖြစ်ပါတယ်။ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး တရားစီရင်ရေး
စသော ဌာနကြီးတွေမှာ လွှတ်တော်ဝန်ကြီးများနှင့်အတူ မင်းသားကြီး ဦးအိုဟာ စီမံကွပ်ကဲနေရသူ၊
အရေးပါ အရာ ရောက်သော အချုပ်အခြာ ဌာနကြီးတွင် ကြိုးကိုင်အုပ်ချုပ်နေရသူ ဖြစ်လေတော့
အာဏာဟာ ဦးအိုရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ မိဖုရားကြီးကလည်း အိမ်ရှေ့ရာထူးပေးခြင်းပေးလျှင်
သူ့မောင် ဦးအို ကိုသာ ပေးစေချင်တယ်။ ပေးဖို့ မပေးဖို့ဆိုတဲ့ အဆုံးအဖြတ်ကို ပြတ်ပြတ်သားသား
ဆုံးဖြတ်ချက် ချနိုင်သူက ဘကြီး တော်ဘုရားကိုလည်း မိဖုရားကြီးနုက သူ့အိတ်ထဲ ထည့်ထားနိုင်လေတော့
သားတော်နှင့် ညီတော် သာယာဝတီမင်းတို့မှာ အေးအေးဆေးဆေးနှင့်တော့ အိမ်ရှေ့မင်းအဖြစ်ကို
ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ နား လည်ထားကြပြီး ကိုယ့်သတ္တိ၊
ကိုယ့်အင်အားကို အသင့် မွေးထားကြရမှာပဲဖြစ်ပါတယ်။
 တိုင်းသူပြည်သားတွေ အနေနဲ့ကတော့ သားတော် ညောင်ရမ်းမင်း (စကြာမင်းကလေး)ကိုသာ
ချစ်ခင် မေတ္တာထားကြရင်း ရှိတဲ့အတိုင်း အိမ်ရှေ့အဖြစ် လိုလားကြပါတယ်။ သို့သော် ဒီကိစ္စမှာ ဘယ်သူမှ
ပွင့်ပွင့် လင်းလင်း ဆန္ဒပေးရဲကြမည် မဟုတ်ပါ။ သို့ကြောင့် သားတော် ညောင်ရမ်းမင်းကလေးရဲ့
အင်အားဟာ ပြည်သူ့ မေတ္တာပဲ အားကိုးစရာရှိပါတယ်။
ညီတော် သာယာဝတီမင်းရဲ့ အင်အားကတော့ လက်နက်အင်အား၊ လူအင်အားနှင့် သတ္တိစွမ်းပကားပဲဖြစ် ပါတယ်။
ယောက်ဖတော် ဦးအိုရဲ့ အင်အားကတော့ လွှတ်တော်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းကြိုးကိုင်ထားနိုင် သော
အာဏာအင်အားနှင့် သြဇာကြီးလှသော မိဖုရားကြီး၏ တန်ခိုးအရှိန်များ ဖြစ်နေပါတယ်။
ဘယ်သူ မကြိုက် ကြိုက်ကြိုက် အိမ်ရှေ့မင်း ရာထူးကတော့ ဦးအိုဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာရတော့မှာပဲ လို့ထိုခေတ်က မျက်စိကြီးနားကြီး ရပ်ကွက်က
အမြဲတွက်ထားပြီးသား ဖြစ်နေကြပါတယ်။
 သို့သော် ဦးအိုတို့က ပေါ့ပေါ့ဆဆ နေနေလို့မရပါ။ ညောင်ရမ်း မင်းသားကလေး ကို
အရေးမမှု လောက် သော်လည်း သာယာဝတီ မင်းသား၏ အင်အားကြီးမားမှုကို လျစ်လျူရှုနေ၍မဖြစ်ပါ။
သူပြုတ် ကိုယ်ပြုတ် မချလျှင် မဖြစ်ကြတော့သော အခြေအနေက ပေးလာခဲ့ပါတယ်။
အာဏာလက်ကိုင်ရ နေသော အပိုင်း ကနေ ချရလျှင် တရားဥပဒေဘောင်ဝင်ပြီး အပေါ်စီးရနေသူများ
အဖြစ်နှင့် အလစ်ကို ချောင်း နေနိုင်ပါတယ်။ တစ်ယောက် မကောင်းကြောင်း တစ်ယောက
် ၀ါဒဖြန့်ကြရသော အလုပ်ကလည်း ထိုခေတ် ဆီမှစ၍ ပေါ်လာဟန် တူပါတယ်။
 ဦးအိုနှင့် မိဖုရားကြီးနုတို့ဘက်က သာယာဝတီမင်းအား လူဆိုးသူဆိုး မွေးတယ်၊
တိုင်းပြည်အတွင်း တိုက် ခိုက်လုယက်သော ကိစ္စမှန်သမျှ သူတို့ ကြိုးကိုင်တယ်ဟု
ပါးစပ် သတင်းလွှင့်ပါတယ်။ သာယာဝတီမင်းက ဒီသတင်းကြားတဲ့အခါ ဦးအိုနှင့် မိဖုရားကြီးနုတို့
အပေါ်မှာသာ၍ ဆိုးရွားလှသော ၀ါဒဖြန့် သတင်းဆိုးတွေ တစ်မျိုးပြီး တစ်မျိုးတုံ့ပြန်လိုက်ကြပါတော့တယ်။
ထိုခေတ်က ၀ါဒဖြန့်သော အလေ့အထကို သာယာဝတီမင်းသားကြီးနှင့် မိဖုရားကြီးနုတို့က
စတင် တီထွင် လိုက်သည်ဟု ဆိုရပါမည်။
 သာယာဝတီမင်းကို လူဆိုးမွေး၍ ခိုးဝှက်တိုက်ခိုက်နေသူဟု သတင်းဖြန့်လိုက်သလို သာယာဝတီမင်းဘက်
ကလည်း မိဖုရားကြီးနုနှင့် ဦးအိုတို့ တိတ်တိတ်ပုန်းရနေသည်၊ မောင်နှမအစစ်မဟုတ်၊ လင်ငယ် ဟု ဆိုသည်။
ဘကြီးတော်ကို ယုတ်ညံ့သော အောက်လမ်း ဆေးနှင့် ခတ်ကျွေးပြီး နန်းတော်ကြီးကို
အပိုင် စီးထားလိုက် သည်ဟုဆိုသည်။ ငါးစိမ်းသည်မကြီး၊ စုန်းမကြီးဟုလည်းဆိုသည်။
" ပြည်ကြာရင် ဆုံးပါလိမ့် စုန်းမကြီးလင်၊ ပဒေါင်းတောင်ညာတင်မှ၊ ဖျညီခင် တပ်တော်လှဲ့လို့ရယ်၊ ပြန်ခဲ့ မယ်လေး "
  ဤသီချင်းသည် ထိုခေတ်နောက်ပိုင်း နန်းတွင်း ရုပ်စုံစင်တော်မှ သီဆိုသော သီချင်းဖြစ်သည်။
သာယာဝတီ မင်း ပုန်ကန်ရင် ထွက်ခွာသွားသောအခါက ဆိုကြသည်။
ညီတော်က စုန်းမကြီးကို ဖယ်ရှားပြီး ပဒေါင်းမင်း သမီးကို တောင်ညာတင်ပါမှ သူ ပြန်လာတော့မည်ဟု
အစ်ကိုဖြစ်သူ ဘကြီးတော် ဘုရင်အား လျှောက်တင် ဟန်ဖြစ်ပါသည်။
 အင်းဝမြို့ ကုန်းဘောင်ခေတ်က ယခုကဲ့သို့ သတင်းစာများ မပေါ်သေး၍ ၀ါဒဖြန့်ရာ၌
ကလောင်သမား မွေးပြီး ရေးသားစေခြင်းမျိုးများ မပြုနိုင်စေကာမူ ဇာတ်၊ ရုပ်သေးစသော
အနုပညာ ဇာတ်သဘင် ပိုင်းမှနေပြီး တစ်နည်းမဟုတ် တစ်နည်း ဘုရင့်နား ပေါက်ကြားအောင်
် ပြုလုပ်ဖန် တီးနိုင်ခဲ့ပါသည်။တစ်ခုတော့ရှိ၏။ ရှေးက ၀ါဒဖြန့်မှုများသည်ဗြောင် မဟုတ်တမ်း တရမ်းများ
မဖြစ်စေဘဲမူလအခြေခံ ဟုတ် မှန်ရာ အချက်ကလေးများကို မူတည်ပြီးမှ သတင်းလွှင့်တတ်ကြပါသည်။
သာယာဝတီမင်းသားသည် သတ္တိ သွေးရဲရဲတောက်သူ မင်းမှု့ထမ်း တပည့်တပန်းများ တိုးပွားရန်နှင့်
လက်နက်ဓားလှံ စုဆောင်းခြင်း သည် သူ၏ အဓိကအလုပ်ဖြစ်သည်။
 မိဖုရားကြီးနုသည် မောင်တော်ဘုရင်က သူ့အား မြတ်နိုးချစ်ခင်အောင် ဖြစ်သည့်နည်းနှင့်
ကြိုးပမ်းမည်မှာ လည်း အမှန်ပင်။ ဘုရင်က ချစ်ခင်မှ သူ့ကို အလိုလိုက်မည်။
သူကြိုက်နှစ်သက်ရာ စီမံခြယ်လှယ်နိုင်မည်။ သို့ကြောင့် ဘကြီးတော်ဘုရားအား မီးသေအောင်
ပြုထားခြင်းဖြင့် အခွင့်အရေးမှန်သမျှ သူကချည်း အကုန် ရနေသူဖြစ်သည်။ ငါးစိမ်းသည်မကြီး။
စုန်းမကြီးဟု သတင်းကြီးသော်လည်း စင်စစ် ငါးစိမ်းသည် မဟုတ်ပါ။
မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပါသည်။ စုန်းမကြီးဆိုခြင်းကတော့ နုကို အိမ်ရှေ့မင်းသားအဖြစ်က
ကောက်ယူထားသော်လည်း တစ်စတစ်စ နု၏ အစွမ်းအစတွေက အားလုံးပေါ် ကျော်လွှားပြီး
ထိပ်စည်းသို့ ရောက်ခဲ့ရခြင်းကြောင့် အစွမ်းထက်မြက်သော အင်းအိုင်၊ မန္တရား၊ ဆေးဝါး ပယောဂများ
အသုံးပြုခဲ့သူ အောက်လမ်း ဆေးဝါးပညာသည် တစ်ဦးဟု ယိုးစွဲခြင်းဖြစ်ပါသည်။
အမှု့ဆင်ခြင်း(သူတို့ခေတ်မှာတည်းကရှိနေပြီ)
 နောက်ဆုံး၌ (ဘကြီးတော်) ဘုရင်သည် မိဖုရားကြီးနု ကြိုးဆွဲသလို က နေရသော ရုပ်သေးရုပ်သာ ဖြစ်နေ ရရှာသည်။
ဘယ်နည်းနှင့် နိုင်ထားသည်တော့ မသိ၊ နိုင်နေတာကတော့ တိုင်းသိပြည်သိပါပေ။
ယင်းအခြေအနေတွေကို သာယာဝတီမင်းက ခံပြင်းလှသော်လည်း နောင်တော်ဘုရင်မှာ
"တို့ဘုရားလည်း မယားဘက်ခပ်ပါပါ"ဆိုသော ကိန်းမျိုး ဆိုက်နေသဖြင့် မကြိုက်သမျှကိုအံခဲ၍သာ နေရလေသည်။
  ဦးအိုတို့ မောင်နှမကလည်း အင်အားတောင့်သည်ထက် တောင့်လာသော သာယာဝတီမင်းကို ကြာကြာ
ကြည့်မနေနိုင်ကြတော့ဘဲ မကြာခင် အမှုဆင်၍ စတင် တိုက်ခိုက်ကြတော့သည်။
  အမှုကတော့ မဆန်းပါ၊ ဓားပြမှုတစ်ခုမှ ဆက်နွယ်ပြီး အမှုရှာဖွင့်သည်။
 မီးခိုးကြွက်လျှောက် အပေါက်ရှာပြီး လွှတ်တော်က အရေးယူရလေသည်။ သာယာဝတီမင်း ပုဂံမင်းသမီး တို့လည်း
အမှုထဲက အရေးပါအရာ ရောက်သူတွေဖြစ်နေသည်။ လွှတ်တော်ကြီးက ဦးစီးခေါင်းဆောင်
ဝန်ကြီးတစ်သိုက်မှာလည်း နန်းမတော်ကြီး နု၏မောင်၊ စလင်းမင်းသားကြီး ဦးအို၏ အာဏာစက် အရိပ်တွင်
် ကြိတ်မှိတ် ကျိုးနွံနေကြ သူများဖြစ်သည်။ ဘကြီးတော်ဘုရင်မင်းမှာလည်း မမာမကျန်း ဖြစ်သော်မူသည်ဆို၍
တိုင်းရေးပြည်ရေးဘာမှ ပြန်မကြည့်တော့ဘဲ မိဖုရားကြီးနု နှင့် ယောက်ဖတော် ဦးအိုတို့သာ
အကဲရောက် ဘုန်းတောက်နေကြသည်။ လွှတ်တော် ၀န်ကြီး တွေ အပေါ်မှာလည်း ဦးအို ပဲ သြဇာ လွှမ်းနေသူဖြစ်ပါသည်။
 သာယာဝတီမင်းကြီးကလည်း သတ္တိဗျတ္တိရှိပြီး ရာဇ၀တ်၊ ဓမ္မ၀တ်၊ လောက၀တ်များတွင်
သူမတူအောင် ကျွမ်းကျင်လိမ္မတော်မူသူဖြစ်၍ အထောက်အထားများနှင့် နား မျက်စိ ဖွင့်ထားသူ ဖြစ်သောကြောင့်
မိမိအား ပြစ်မှုကြီးစွာရောက်အောင် ကြံစည်ကြိုးစားနေသူများမှာ စလင်းမင်းသားကြီး ဦးအို၊
မြ၀တီဝန်ကြီး ဦးစ၊ ကင်းဝန်ဦးကြွယ်ဝ၊ ကျီအတွင်းဝန် ဦးပါရောက်၊ မြို့လက်ဝန်မောင်ရေး၊
ဝန်ထောက် မောင်ကံရေး၊ ဗိုလ်ကွန်း၊မောင်ကံပေါ်၊ မောင်ဘူး၊ မောင်နှင်း၊ တဒလဗိုလ်တို့ ဖြစ်ကြောင်း
ကြိုတင်သိမြင်တော်မူလေသည်။
 သာယာဝတီမင်းသား နန်းမတော်မယ်နုတို့ကို ပုန်ကန်တိုက်ခိုက်ပြီ
 ထို့ကြောင့် စလင်းမင်းသားကြီး ဦးအိုတို့ အကြံအောင်တော့မလို ရှိနေစဉ် သာယာဝတီမင်းသားသည်
နေပြည်တော် အင်းဝမှ ထွက်ခွာ၍ ရွှေဘိုမြို့ကနေပြီး ခုခံတိုက်ခိုက်ခြင်း ပြုလေတော့သည်။
  နောက်ဆုံး သာယာဝတီမင်းက အင်အားသာသောကြောင့် ဘကြီးတော်ဘုရား နန်းမှဆင်း၍ သာယာဝတီ မင်းအား
ထီးနန်းလွှဲအပ်လိုက်ရပါသည်။သာယာဝတီမင်း ရွှေဘိုမြို့မှနေပြီး အောင်မြင်သောကြောင့်
့် (ရွှေဘိုမင်း)ဟု ခေါ်ပြန်သည်။ သာယာဝတီ ရွှေဘိုမင်းသည် နန်းတော်သိမ်းပြီးရာ၌ ငါတို့ ညီတော် နောင်တော်
အချင်းချင်း အမျက်မရှိပါ။ တစ်မိဝမ်းတွင်း ညီအစ်ကိုရင်းဖြစ်ပြီး နောင်တော်ကြီးသည် ငါ့အား သားတော်ကဲ့သို့
ချစ်မြတ်နိုး တော်မူသည်။ ငါကလည်း ခမည်းတော်ကဲ့သို့ပင် ချစ်ခင်ရိုသေခဲ့သည်။
သို့ပေမဲ့ နန်းမတော်မယ်နု၊ စလင်းစား မောင်အိုတို့သည် ငါတို့ ညီတော် နောင်တော် အကြားတွင်
မတရားလီဆယ် လုပ်ကြံခြင်း ဖြစ်သည်။
သို့သော် ငါသည် ဘုရားဆုကို ပန်သောကြောင့် သည်းခံတော်မူမည်။ သင်တို့အား ထောင်တွင်း၌
အကျဉ်းချ ထားရုံသာ ချထား စေလို့ မိန့်တော်မူပါသည်။
  ထိုသို့ အကျဉ်းချထားခြင်း ခံရသူများမှာ မိဖုရားကြီးနု၊ မောင်စလင်းမင်းသား မောင်အို၊ မြ၀တီဝန်ကြီး ငစ၊
ကင်းဝန် ငကြွယ်ဝ၊ ကျီအတွင်းဝန် ငပါရောက်၊ မြို့လတ်ဝန် ငရေး၊ ၀န်ထောက် ငကံရေး၊ ဗိုလ်ငကွန်း၊
ငကံပေါ်၊ ငဘူး၊ ငနှင်း၊ တဒလဗိုလ်တို့ကို ထောင်တွင်သာချထားသည်။
မြ၀တီမင်းကြီး ဦးစမှာ ဓားခုတ်ရာ လက် မလျှိုလို့ မရသော အခြေတွင် ရှိပါလေသည်။
လွှတ်တော်ဝန်ကြီး အဖွဲ့ဝင် ဖြစ်ရာ သာယာဝတီမင်း၏ အမှုကိစ္စ၌ လွှတ်တော်အမိန့်စာတွင်
သာယာဝတီစား (ငခင်ငယ်) ဟုရေး သားခြင်းကြောင့်လည်း တစ်နည်းအားဖြင့် ပို၍ အခဲမကြေ ဖြစ်ရလေသည်။
ရွှေလွှတ်တော်၏ ထုံးတမ်း စဉ်လာ မှာလည်း ရာဇ၀တ်မှု ရောက်သူတို့အား (င)နှင့် (ငယ်)ကို
တပ်၍ သုံးနှုန်းရမြဲဖြစ်ပါသည်။ ဘကြီးတော်ဘုရားနှင့် ညီတော် သာယာဝတီမင်းသားတို့မှာ
ဇာတာ ငယ်မည်၌ မောင်ဇင်နှင့် မောင်ခင် ဟူ၍ ရှိပါသည်။ သာယာဝတီမင်းသားအား လွှတ်တော်က
ချသော အမိန့်စာ၌ "သာယာဝတီစားငခင်ငယ်" ဟု ရေးသဖြင့် သာယာဝတီမင်းက
တေးထားခြင်းလည်း တစ်ရပ်ပါလေသည်။
 စပ်မိလို့ ဆက်ရေးရဦးမည်။ ရတနာပုံ သီပေါမင်း ခေတ်မှာလည်း တောင်သမန်လယ်စား
ဦးဖေငယ်၏ အမည်ကိစ္စဖြစ်သည်။ အချို့က ဦးဖေငယ်မှာ ရာဇ၀တ်သင့်တော့မှ (ငယ်) တပ်သည်။
ယခင်က ဦးဖေသာ ဖြစ်သည်ဟု ပြောကြသည်။ ထိုသို့ အထင်နှင့် ပြောခြင်းသည် အခြားငယ် ကိစ္စများတွင်
ဟုတ်ချင် ဟုတ်ပါ မည်။ ဦးဖေငယ်၏ ငယ် ကိစ္စကတော့ ရာဇ၀တ် မရောက်မီ "ငယ်"က အရင်ရှိနှင့်ပါသည်။
ဘာကြောင့် တုံး ဆိုတော့ ထိုအချိန်က (မောင်ဖေ)နှစ်ယောက် ဖြစ်နေပါသည်။
 နှစ်ယောက်လုံးလည်း စာရေးစာဆိုသူချည်း ဖြစ်သည်။ တစ်ယောက်က အချုပ်တန်း ဆရာဖေ၊
တစ်ယောက်က လယ်စား ဆရာဖေ ... မောင်ဖေ ... မောင်ဖေ နှစ်ယောက်တွင် တောင်သမန်က
အသက်အနည်းငယ်ငယ်၍ ကိုဖေငယ်၊ မောင်ဖေငယ်ဟူ၍ ခွဲ ခေါ်ခဲ့ကြပါသည်။ ရာဇ၀တ်ရောက်သောအခါ
မူလရှိပြီး ငယ်နှင့် ပေါင်းခေါ်ရမည်ဆိုလျှင် (ငဖေငယ်၊ ငယ်)သာဖြစ်ရပါမည်။ သို့သော် ငယ်တစ်လုံး အခံရှိပြီးမို့
ရာဇ၀တ်သား ငဖေငယ်နှင့်ပဲ ကိစ္စပြီးရပါသည်။ တောင်သမန်လယ်စား ဦးဖေငယ်၊ မောင်ဖေငယ် ဆိုသည်မှာ
ရာဇ၀တ်မှု မဖြစ်ခင်ကတည်းက ခေါ်လာခဲ့ သော နာမည်ဖြစ်ပါသည်။
  သာယာဝတီမင်းခေါ် ရွှေဘိုမင်းသည် ဦးအိုနှင့် မြ၀တီမင်းကြီးစသော အပေါင်းအပါများကို
ထောင်တွင်သာ ချထားပါသည်။ သုတ်သင်သတ်ဖြတ်ခြင်းမပြုပါ။
နောင်တော် ဘကြီးတော်ဘုရင်အားလည်း ကောင်းစွာ ပြုစု စောင့်ရှောက်ထားပါသည်။
 ငခင်ငယ် ဆိုသော အမည်ကိစ္စကိုတော့ နည်းနည်းမှ ကျေနပ်ပုံမရပါ။
  သာယာဝတီမင်းက "၀န်ကြီး ငစ သည် ငါ ထွက်ခွာလာသည့်နောက် လွှတ်တော်က ထုတ်ပြန်သော
အမိန့်တွင် ထုံးစံဥပဒေရှိသည့်အတိုင်း (သာယာဝတီစားငယ်)ဟု မရေးသားဘဲ ငါ့နာမည်ကို ထုတ်ဖော်၍
(ငခင်ငယ်)ဟု ရင့်ရင့်သီးသီး စော်ကား ရေးသားသူဖြစ်သည်။ သင်း သေသင့်ပြီ၊ သို့သော် သင်းကို ယခု မသတ်သေး။
ငါ့ဘုန်းသမ္ဘာတော်ကို ကြည့်စေဦးမည်၊ ထောင်မှာထား" ဟု မိန့်တော်မူကြောင်းကို ဒုတိယ မဟာရာဇ၀င်တော်ကြီး၌
အတိအလင်းရေးသားပါရှိခဲ့ပါသည်။
 ဤသို့ သာယာဝတီမင်းက အကြောင်းကြောင်းကို ငဲ့ညှာထောက်ထား၍ အသက်ဆုံးရှုံးစေ စီရင်သင့်လျက်
မစီရင်ဘဲ ထောင်တွင်သာထားပါစေလျက်၊ မင်းသားကြီး မောင်အိုတို့ အပေါင်းအပါ လူတစ်စုသည်
လက်မလျှော့ကြပါ။ ဘကြီးတော်ဘုရားကို နန်းပြန်တင်မည်ဟု အကြံပြုကြပြန်သည်။
သို့ကြောင့် ထောင် တွင်းမှာပင် အစီအစဉ်ပြုကြပြီး ၁၂၀၁ ခုနှစ်၊ တပေါင်းလတွင် စလင်းမင်းသား ဦးအို၏
လူများဖြစ်သော ရွှေ ထားမင်းသား အခေါ်ခံ င၀င်းငယ်၊ ဗိုလ်ငခန်းကျော်၊ ဗိုလ်ရွှေမောင်တို့က ခေါင်းဆော်၍
လူတစ်ထောင့် ငါးရာနှင့် မတ္တရာကျော်စဉ်ကစ၍ သူပုန်ထစေလေသည်။
  သို့သော် ထိုအကြံအစည်လည်း အထ မမြောက်ရုံသာမက အမရပူရမြို့ အကျဉ်းထောင်တွင် ချုပ်ထားသော
စလင်းမင်းသားကြီး မောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေ သာ၊
ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊
ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ ကွပ်မျက်လိုက်ခြင်းခံရပါသည်။
 သာယာဝတီမင်းက မိမိအား "ငခင်ငယ်"ဟု သုံးနှုန်းရေးသားသော ကိစ္စနှင့်စိတ်ထဲမှာ မကျေမချမ်း ဖြစ်ခြင်း
ခံနေရသော မြ၀တိဝန်ကြီး ဦးစမှာ စလင်းမင်းသားကြီး မောင်အိုတို့လူစု တန်ပြန်ပုန်ကန် သောင်းကျန်းမှုပြု သဖြင့် ကွပ်မျက်သုတ်သင်ရာတွင် တစ်ခါတည်းပါးသွားရန် ရှိသော်လည်း ထိုအခါက မြ၀တီဝန်ကြီး ဦးစ သည်
စလင်းမောင်အိုတို့နှင့်အတူ အမရပူရမြို့က ထောင်တွင်း၌ မရှိ၍ ကံကောင်းထောက်မပြီး ကျန်ရစ်ခဲ့ရ ပါသည်
နန်းမတော်မယ်နုအကြောင်းဆက်ပါမည်
့ ဘကြီးတော်(စစ်ကိုင်းမင်း)က သားတော်လေးကို ညောင်ရမ်းမြို့ အပိုင်စားစေပြီး နန်းသွေးမပါတဲ့
မယ်နုကိုတော့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်ပါတယ်ဲ့။
နန်းသွေးမပါတဲ့သူ မိဖုရားခေါင် ဖြစ်လာတာကို နန်းဆွေနန်းမျိုးတွေက မကျေနပ်ကြပါဘူး။
ဒါပေမယ့် မကျေနပ်မှုရဲ့ ဦးစီးခေါင်းဆောင်များ ဖြစ်ကြတဲ့ ဆင်ဖြူမယ်ရဲ့ ခမည်းတော် ပြည်မြို့စားနဲ့
ဘထွေးတော် တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တော
့ မိဖုရားနဲ့ ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြား သွားခဲ့ပါတယ်။
နန်းမတော် မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံး နီးပါ ဟာ နိုင်ငံရေး လုံးဝ မငြိမ်သက်ခဲ့ ပါဘူး။
နန်းမတော် မယ်နု မိဖုရားဘ၀ မှာဘဲ (၁၁၈၅- ၈၆ ) ခုနှစ်မှာ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ကြပါတယ်။
မြ၀တီ မင်းကြီး ဦးစ နဲ့ မဟာ ဗန္ဓုလ တို့ ရခိုင်ပြည် ဘက် စစ်ထွက် တိုက်ခဲ့ ကြရပါတယ် ။
နောက်…..အင်္ဂလိပ် က ရန်ကုန် ဘက်ပြန်လှည့် ၀င်လာတာကြောင့် ရန်ကုန်ပြန်ဆင်းပြီး ခုခံရသလို
ဓနုဖြူတိုက်ပွဲမှာတော့ မဟာဗန္ဓုလ ကျရှုံးခဲ့ရပါတယ်။ ဒီထက် ဆုံးရှုံးတာကတော့ အင်္ဂလိပ် ကို
ရခိုင်နဲ့ တနင်္သာရီ ကို ပေးလိုက်ရတာပါဘဲ။ ဒါတင်မကပါဘူး စစ်လျှော်ကြေး ငွေ တစ်ကုဋေ ကို လည်း
မြန်မာ အစိုးရက မပေးနိုင်လို့ နန်းမတော် မယ်နု က စိုက်ပေးခဲ့ရတာပါ။
အဲဒီ အချိန် မှာ နန်းမတော်မယ်နု အတွက် နိုင်ငံရေး မတည်မငြိမ်မှု့ က ပြည်ပ နဲ့သာ ရင်ဆိုင်ရတာ
မဟုတ်ပါဘူး ။ပြည်တွင်း မှာ ရှိတဲ့ သူတွေနဲ့ပါ ရင်ဆိုင်နေရတာပါ။ သူ အဓိက ထားရင်ဆိုင်
နေရတဲ့သူကတော့ အခြားသူ မဟ