Saturday, October 29, 2011

ပညာရေးဝန်ထမ်း(အငြိမ်းစား)များ“၏ဒုက္ခ

ပင်စင်စား ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာအိုများ၏ ဘ၀ နေ၀င်ချိန်မှာ မလှပဘဲ ရှိနေပါသေးသည်။ ၂၀၁၀ ဒီဇင်ဘာလက တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုတို့ကို ကယ်တင်ကြရန် လှုံ့ဆော်ခဲ့ဖူးသည်။
ယခုအပတ် သတင်းစာ ဖြတ်ပိုင်းမှ ကျောင်းအုပ်ကြီး (အငြိမ်းစား) တစ်ဦး၏ ခြံစောင့်အလုပ် တောင်းခံပုံကို ကြည့်ရှုနိုင်ပါသည်။
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို
ပညာရေးဝန်ထမ်းများတွင် အမျိုးသမီးဆရာမဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး မည်သူမှ မလုပ်ချင်ဆုံး အလုပ်မှာ ကျောင်းဆရာ အလုပ်ဖြစ်နေရသည့် ပညာခေတ်၏ မြန်မာနိုင်ငံ ကျောင်းဆရာအိုများ ဤ ကံကြမ္မာဆိုးမှ အမြန်ဆုံး လွန်မြောက်နိုင်ကြပါစေ

ဘယ်လိုဆရာမိုးလည်း

ကျွန်မတို့ စမ်းချောင်း၊ မင်္ဂလာလမ်းမှာ အငြိမ်းစားဆရာမ တယောက်ရှိပါတယ်။ သူနဲ့ သူ့သမီးတယောက်က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး သူ့သမီးက တစ်ခါတစ်လေမှာ အ၀တ်မကပ်ဘဲ
လျှောက်သွားနေတဲ့အထိ အခြေအနေ ဆိုးပါတယ်။ ကျန်တဲ့ သမီးတွေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲဒီဆရာမက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကလေးတယောက်ကို ကျောင်းထားပေးမယ်ဆိုပြီး ခေါ်ထားပါတယ်။
ခုတစ်လော ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့ အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ ၂ စုံလောက်ပဲ ပေးပြီး ရပ်ကွက်က လူတွေ လာပေးတာလဲ ကလေးက ၀တ်ရတာမမြင်မိပါဘူး။
သူခိုင်းတဲ့အတိုင်း စိတ်တိုင်းကျ မလုပ်ပေးရင် အဲဒီကလေးကို ရိုက်နှက်ပြီး လက်ညိုး ငေါက်ငေါက်ထိုးပြီး နာရီပေါင်းများစွာ ဆဲဆိုနေတယ်လို့ သိရပါတယ်။ အဲဒီဆရာမကြီးက အခန်းသေးသေးလေးတွေဖွဲ့ပြီး နယ်က ကလေးတွေကို ငှားစားပါတယ် အဲဒီအခန်းတွေကိုလဲ မကြာခဏ လျှပ်စစ်မီးမရအောင် မိန်းပိတ်ချထားတတ်ပြီး ကလေးကိုမရိုက်နှက်ဖို့ဝင်ပြောတဲ့ ကျောင်းသူတိုင်းကို မောင်းချတတ်ပါတယ်။ အိမ်ကိုလဲ အပေါက်တွေဖောက်ထားပြီး လူတွေကိုလိုက်ချောင်းနေတတ်ပါတယ်။
အဲဒီကလေးကို ကယ်တင်လို့ရအောင် ကူညီပေးပါ။ အငြိမ်းစားဆရာမကြီးလဲဖြစ် တခြားသမီးတွေကလဲ ရပ်ကွက်ထဲမှာ တည်တည်တံ့တံ့နေတဲ့ လူတွေဖြစ်တော့ ရပ်ကွက်လူကြီးက ၀င်လက်မလျှိုချင်ဘူးလို့ ပြောပါတယ်။ သတင်းကို ဖြန့်ဝေပြီး ကလေးကို အားလုံးစုစုစည်းစည်းနဲ့ ၀ိုင်းကယ်ထုတ် ကူညီချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သန်လျင်တက္ကသိုလ်ကျောင်းသူများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့  မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့  သိရပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဖြစ်ပါသည်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေက ရန်ကုန် အခြေစိုက် စာနယ်ဇင်းတွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်က အယ်ဒီတာတဦးက ပြောပါတယ်။ စာပေစိစစ်ရေးက တနင်္ဂနွေနေ့ တနာရီလို့ အကြောင်းကြားထားတဲ့အကြောင်း၊ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက တရားဝင် မထုတ်ပြန်ပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနဲ့ NLD က ရွေးကောက်ပွဲဝင် မ၀င် ပြောမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမယ့် သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Eleven Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒီကနေ့မှာ ရေးသား ဖော်ပြထားပါတယ်။ တကယ်လို့သာ တွေ့ဆုံခဲ့ရင် တနင်္ဂနွေနေ့ တွေ့ဆုံမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ရဲ့  စတုထ္ထအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD က ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့် ကတော့ ဒါဟာ တာဝန်ရှိသူတွေဖက်က သတင်းဂျာနယ်တွေကို အကြောင်းကြားတာ ဖြစ်ပြီး NLD အနေနဲ့ တရားဝင် မသိရှိရသေးဘူးလို့ သတင်းထောက်များကို ပြောကြားပါတယ်။

Friday, October 28, 2011

ဟားခါးဈေးအကြွေးနှင့်သိမ်းခံရ

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင်တွင် ပြည်နယ်စည်ပင်မှ ဖွင့်လှစ်ထားသော မြို့မ ဈေးလိုင်စင်စာအုပ် ပုဂ္ဂလိက ဆိုင်ရှင်တဦးက ယခုလ အတွင်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။
လိုင်စင်စာအုပ်အသိမ်းခံရခြင်းမှာ ပြည်နယ်စည်ပင်မှူး ဦးတမ်အောင်က ပုဂ္ဂလိ ဆိုင်ရှင်တဦးထံ သိန်းပေါင်း ၆၀ ချေးယူ ထားသော ငွေမဆပ်နိုင် သောကြောင့် ဖြစ်ကြောင်း ကြားသိရသည်။
”စည်ပင်မှူးကတော့ ဈေးလိုင်စင်စာအုပ်ပျောက်သွားတယ်လို့ ပြောပေမဲ့မဟုတ်ဘူး၊ သိန်း ၆၀ အကြွေးရှင်ထံမှာ ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောသည်။
ပြည်နယ်စည်ပင်ဌာနသည် ဟားခါးမြို့ပေါ်ရှိ ကုန်သည်များ၊ နယ်မှ ကုန်သည်များထံ အတိုးနှုန်းဖြင့် သိန်းပေါင်း ၃၀၀- ၅၀၀ အကြားအတိုးဖြင့် ငွေချေးကြောင်း ချေးငွေကို မဆပ်နိုင်သောကြောင့် စည်ပင်ရုံးမှ အမျိုးသမီး ၀န်ထမ်းတဦးက လိုင်စင် စာအုပ်ကို ပုဂ္ဂလိက လက်ထဲအပ်ခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင် သွားကြောင်း ပြောကြ သည်။
“စည်ပင်ရုံးမှာလုပ်တဲ့ အမျိုးသမီးက ပြီးခဲ့တဲ့အပတ်ကပဲ မီဇိုရမ်ကို ရောက်လာတယ်၊” ဟု အိုင်ဇောလ်ရောက် ချင်းလူငယ် တဦးက ပြောသည်။
သို့ သော်အဆိုပါအမျိုးသမီးကို ယခုအထိမဆက်သွယ်နိုင်ပါ။
စည်ပင်အပါအ၀င် ချင်းပြည်နယ်အစိုးရဌာနများမှ ပြည်သူထံ မတရားငွေကောက်ခံမှူကို ဟားခါးမြို့နယ် ချင်းအမျိုး သား ပါတီမှ ပြည်နယ်အစိုးရထံ စက်တင်ဘာအတွင်းက အသိပေးထားကြောင်း သိရသည်။
“အဲဒီကိစ္စအတွက်ပြည်နယ်ဝန်ကြိးချုပ်က ဦးတမ်အောင်အပါအ၀င် ဌာနဆိုင်ရာလူကြီးတွေကို  သတိပေးခဲ့ဘူးပါတယ်၊  ဒီ ကိစ္စ ကို အလေးထား ဆောင်ရွက်မှူမရှိယင် ပူး တမ်အောင်နဲ့ ၀န်ကြီးတွေမှာ တာဝန်ရှိတယ်” ဟု ဟားခါးမြို့မှ ရပ်မိရပ်ဖ တဦးက ဆိုသည်။
ပြည်နယ်စည်ပင်ဌာနသည် မြို့ပေါ်လူထုထံ အခွန်အမျိုးမျိုးကောက်ခံသော်လည်း မြို့တော်စည်ပင် သာယာရေးအတွက် ဘာတခုမှ မလုပ်ကြောင်း ထပ်မံပြောကြသည်။
ပုဂ္ဂလိက လက်ထဲသို့ လိုင်စင်စာအုပ်ရောက်သွားခြင်းသည် ဒေသခံလူထုအတွက် အထိနာနိုင် ကြောင်း၊ ၄င်း

အင်းစိန် (CID) ၀င်းထဲက ရဲမှူးကြီး ဦးညိမ်း၏ အိမ် ဖောက်ထွင်းခံရခြင်း


အင်းစိန် (CID) ၀င်းထဲတွင် အောက်တိုဘာ ၂၅ ရက်နေ့က ရဲမှူးကြီး ဦးညိမ်း၏ အိမ် ဖောက်ထွင်းခံလိုက်ရ သည်။ လူနိုးသွား၍ ငွေသား သုံးသိန်းခွဲလောက်နှင့် ဟန်းဖုန်းတလုံးသာ ပါသွားသည်။ အိမ်တွင် သူ့ဇနီးလည်း ရှိ သူ့သားလည်း အတူရှိနေစဉ် ဖောက်ထွင်းခံရခြင်းဖြစ်သည်။ ရဲမှူးကြီး၏ အိမ်မှာ စီအိုင်ဒီအမှုစစ်ရုံးနှင့် ကပ် လျက်လည်း ဖြစ်သည်။

သူခိုးက သံဇကာကွက်ကို ဖျက်ပြီး ၀င်လာခြင်းဖြစ်သည်။ လူနိုးသွား၍ သူခိုးထွက်ပြေးသောအခါ ရဲမှူးကြီးက သူခိုး သူခိုးဟု အော်သဖြင့် စီအိုင်ဒီဝင်း လုံခြုံရေးရဲများ ရောက်လာကြသည်။ ယခု သတင်းရေးချိန် ၂၇ ရက် နေ့လည်အထိ တရားခံကို မမိသေးဟု ကြားသိရသည်။

စီအိုင်ဒီဝင်းမှာ ၈ ပေအမြင့် အုတ်တံတိုင်းခတ်ထားပြီး ဂိတ်စောင့်များ၊ လှည့်ကင်းများ နေ့နေ့ညညရှိသဖြင့် ယ ခုအမှုကြောင့် ရှုပ်ထွေးမှုများဖြစ်ကုန်သည်။ ယခုအခါ ဝင်းအတွင်းသို့ လူအဝင်အထွက်များကို တင်းကျပ်လိုက် ပြီး ညဘက်တွင်လည်း မီးများ လင်းထိန်နေအောင် ထွန်းထားသည်။

စစ်အစိုးရများလက်ထက်တွင် ရဲများ၌ပင် လုံခြုံမှုမဲ့နေသည်ကို ယခုအမှုက ပြနေသည်ဟု အင်းစိန်မှ အမည်မ ဖော်လိုသူတဦးက မှတ်ချက်ချပြောဆိုသည်။ ရဲဝင်းအတွင်း၌ပင် ယခုလိုသောင်းကျန်းနေပါက သာမန်ပြည်သူ များ၏ လုံခြုံရေးမှာ မတွေးရဲစရာဖြစ်ကြောင်း၊ မကြာမီက ရာဇဝတ်အကျဉ်းသားလွတ်လာခြင်းနှင့် ဆက်စပ် နိုင်ကြောင်း စီအိုင်ဒီဝင်းအနီးမှ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မိန်းမချောလေးရဲ့ ရင်သပ်ရှုမောဖွယ်ပြကွက်ဆန်း




သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ထိုင်းနိုင်ငံက မိန်းမချောလေး တွင်ဂျိုင်ပင်ဆန် ရဲ့ ရင်သတ်ရှုမောဖွယ် ပြကွက်ဆန်းလေးကို ကြည့်ကြရအောင်နော်....


Gently does it: Tueanjhai Pimsan manages to get her crocodile friend 'snappy' to open his powerful jaws
"အား...!!!!" လို့ အော်မိမှာတော့  အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီး တစ်ကောင်နဲ့ အသက်ကိုရင်းပြီး အလောင်းအစား လုပ်နေတဲ့ အသည်းယားစရာ အခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်၊ အသက် (၂၇)နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်တဲံ့ လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီးရဲ့ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို ထည့်ပြနေတာပဲဖြစ်ပါတယ်၊
သစ်သားအပိုင်းအစလေး တစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ကို ဟခိုင်းပြီး သူမရဲ့ ဦးခေါင်းကို မိချောင်းကြီးရဲ့ ပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါ

တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်...
မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်....

သူမနဲ့ ရေသတ္တ၀ါတို့ရဲ့ဘုရင် မိကျောင်းကြီးတို့ အကြား နားလည် ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများက ချစ်စနိုးခေါ်ကြတဲ့  မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေးတွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီ ရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်၊ အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်။

မိန်းမချောလေးတွင်ဂျိုင်ကို တည်ငြိမ်အေးချမ်းလှတဲ့ မတုန်မလှုပ်ဟန်နဲ့  တုံ့ ပြန်နေတဲ့ Snappy မိကျောင်းကြီးဟာ အစာစားချိန်မှာတော့ ကြက်တွေကို အကောင်လိုက် ၀ါးမြိုစားတတ်တဲ့  အသားစားတိရိစ္ဆာန်ကြီး ဖြစ်နေပါတယ်၊ ထွင်ဂျိုင် ပြောပြတာကတော့... ""ဒီလို သရုပ်ဆောင်ရတိုင်း ကြောက်စိတ်မဖြစ်မိပါဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုလုပ်နေခဲ့ တာ နှစ်ပေါင်းများစွာ ကြာခဲ့ တဲ့ အပြင် တစ်ခါမှလည်း ထိခိုက်ဒါဏ်ရာရမှု မရှိခဲ့ လို့ ပါပဲ၊ လူအများစုကတော့ ဒီလိုလုပ်တာဟာ ရူးလို့ ၊ စိတ်မမှန်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူလို့ ထင်မယ်ဆိုတာ ကျွန်မသိပေမယ့်  ဒါဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သလို ဒီလိုစွန့် စားပြရတာကိုလည်း နှစ်သက် သဘောကျမိပါတယ် ကျွန်မ ဒီမှာ အလုပ်လုပ်နေခဲ့ တာ ခြောက်နှစ်ရှိခဲ့ ပြီး ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ ၀မ်ချိုင်းလည်း ဒီမှာပဲ အလုပ်လုပ်နေပါတယ်၊ ကျွန်မ မိကျောင်းတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ ကို စိတ်ချယုံကြည်ရပြီး လေးစားရပါတယ်... အချိန်တွေကြာလာတာနဲ့ အမျှ သူတို့ ဘယ်လို သွားလာလှုပ်ရှားတယ်ဆိုတာ သိရှိနားလည်လာပြီး သူတို့ ကလည်း ကျွန်မတို့ အကြောင်းကို သိရှိနားလည်သွားကြတာပါပဲ"" လို့ သူမကရှင်းပြခဲ့ ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် (၅၀)အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့် ဘ် ဟာ အဆိုပါ မိကျောင်းနဲ့ လှယမင်းတို့ရဲ့ အံ့ ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်၊ "ကျွန်တော့် ဖြင့် တစ်ခါမှ ဒီလိုမျိုး မမြင်ဘူးခဲ့လို့ ပထမဦးဆုံးအကြိမ် စတွေ့ လိုက်ရတော့ အကြီးအကျယ်ကို အံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်၊ မိန်းကလေး တွင်ဂျိုင် နဲ့ ကြောက်စရာ မိကျောင်းကြီးတို့ အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့် ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်" လို့ သူကထပ်ပြောပြခဲ့ ပါတယ်။

Wednesday, October 26, 2011

မြန်မာသမိုင်းပညာရှင်ဒေါက်တာသန်းထွန်း

သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
12/26/09
ဒင်္ဂါးအတု
တောင်ပန်နီ ဘုန်းတော်ကြီး နှင့် ဒင်္ဂါးတု
မျက်မှောက်ခေတ် ငွေစက္ကူ ငွေအကြွေဒင်္ဂါး အတုများပြုလုပ်ရန် ကြံစည်ကြသည့်နည်းတူ မင်းတုန်းမင်း လက်ထက်ကလည်းဒင်္ဂါးအတုများ ပေါ်ပေါက်ခဲ့ဘူးသည်။ ငွေကိုကြေးနီများရောစပ်၍ တံဆိပ်တော်အတု ရိုက်နှိပ်ကာ သုံးစွဲကြသည်။
ဒင်္ဂါးတုပြုလုပ်သူမှာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ထိုဘုန်းတော်ကြီး စတင်ပြုလုပ်သော ဒင်္ဂါးတုများမှာ ကြာလာသည့်အခါ ကြေးနီများသည်ဖြစ်၍ ဥဒေါင်းရုပ် အတောင်ပန်က စတင်ကာ ကြေးနီရောင် ပေါ်လာသဖြင့် မြို့ဝန်ထောင်မှူး ( တထောင်မှူး ) တို့စုံစမ်း စစ်ဆေးရမိရာတွင် ထိုဘုန်းတော်ကြီးကို မောင်းကျော်ရာဇဝတ်တော် ပေးရဘူးလေသည်။
ထိုဘုန်းတော်ကြီးကို " တောင်ပန်နီ ဘုန်းတော်ကြီး" ဟု ၎င်း ထိုဘုန်းတော်ကြီးပြုလုပ်သော ဒင်္ဂါးကို " တောင်ပန်နီဒင်္ဂါး" ဟု ၎င်း ခေါ်ဝေါ်ကြသည်။ ထို အချိန်က ဒင်္ဂါးများကို စစ်မစစ် မှန်မမှန် ကြည့်ရှူသုံးစွဲကြရကြောင်းသိရသည်။
( မြန်မာ ဒင်္ဂါးများ ၊ သပြေညို မောင်ကိုဦး ၊ စာပေဗိမာန် ၁၉၇၀ ၊ စာမျက်နှာ ၁၀၃ )
မင်းတုန်းမင်း ခေတ် ကတည်းက ဒင်္ဂါး အတု ပေါ်၊ မပေါ် ရဲရဲ မပြောတတ်။ သို့သော် ကျွန်တော်တို့ ခေတ်မှာ တော့ ရတနာပုံ ဒင်္ဂါးမှန်သမျှ ထိုင်း၊ အိန္ဒိယ နှင့် ဟောင်ကောင် စတဲ့နိုင်ငံတွေက အတုလုပ်ပြီးရောင်းတယ်။ တောင်ပန် မနီ ၊ ရင်အုပ်လည်း မနီ။ အလေးချိန်မတူ ၊ ငွေသားစစ်စစ် မသုံးတာကလွဲရင် ကျန်တာအကုန်နီးပါးတူတယ်။
ကိုလိုနီ ခေတ်ဦးကတည်းက ပျောက်ပျက်သွားခဲ့တယ်ဆိုတဲ့ ရတနာပုံ ဒင်္ဂါး ပုံစံခွက်တွေ ဘယ်ဆီထိ ခရီးဆက်တယ်ဆိုတာ မပြောနိုင်သော်လည်း အရေတွက် ၃၆ သန်းကျော် ထုတ်ခဲ့တဲ့ ဒင်္ဂါးအစစ်တွေရော ၊ ခုခေတ်လုပ် ဒင်္ဂါး အတုတွေပါ ကမ္ဘာအနှံ့ခရီးဆက်နေကြလေရဲ့။ ကျွန်တော်တို့ မြန်မာတွေ ရတနာပုံ ဒင်္ဂါး ဘယ်လောက်များများ အမြတ်တနိုး ၊ အမှတ်တရ သိမ်းထားလဲ မသိ။
Posted by ရှေးမြန်မာ at 12/26/2009 3 comments Links to this post
Labels: ရှေးပစ္စည်း ကြည့်မယ်
12/24/09
ပစပ်ရာဇဝင်
မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " ပါ အကြောင်းရာ တချို့ကို ဒေါက်တာ သန်းထွန်း ၊ ဒေါက်တာ ရီရီ နှင့် မကြန် တို့ရဲ့ စာတမ်းငယ်တွေ မှာ မကြာခဏဖော်ပြတာ ဖတ်ဖူးပါလိမ့်မယ်။
သမိုင်း ပညာရှင် " မကြန် " က ပါးစပ်ရာဇဝင်ကို " ဖတ်လို့ ကောင်းသည်။ ပါးစပ်ရာဇဝင် ဆိုတော့လည်း မှန်သင့်သလောက် မှန်ပြီး မသေချာတာတွေလည် ပါမှာပေါ့လေ " ဆိုပြီး မှတ်ချက်ပေးတယ် ။
မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " မှာ ပါတဲ့ အကြောင်းရာတွေဟာ ပေစာ ၊ ပုရပိုဒ်စာ တွေနှင့် သက်ကြီးရွယ်အို တွေရဲ့ ပြောပြချက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ သက်ဦး ဆံပိုင် ဘုရင် နှင့် ပဒေသရာဇ် စနစ်အောက်က အုပ်ချုပ်ခံ ပြည်သူ ၊ မင်းခစား အမတ်တွေ ရဲ့ ခံစားချက် " သရော်စာ " လို ဖြစ်နေ လို့ ဘိုးတော် ( ဗဒုံမင်း ) နှင့် ဘကြီးတော် တို့ တင်မကဘဲ အခြားကျန်နေသေးတဲ့ ခေတ် နှင့် ဘုရင်တွေ အတွက်ပါ ရှိသင့်ပါတယ်။
ပေးထားတဲ့ လင့် တွေက ဒေါင်း ယူနိုင်ပါတယ်။
https://www.myanmarisp.com/history/History-eBooks/126%20PaSatYarZar...
http://www.zshare.net/download/70319034c1750375/
စာအုပ် ( PDF ) ဖိုင် ကို မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့ ကနေယူထားပါတယ်။
Posted by ရှေးမြန်မာ at 12/24/2009 3 comments Links to this post
Labels: သမိုင်းစကား၊ ပန်းစကား
12/15/09
ဥဒေါင်း ၊ ခွက်ဒေါင်း ၊ ကဒေါင်း
ရှေးဟောင်း ဒင်္ဂါး လေ့လာစုဆောင်းသူများသူများကို ဒါတွေ သတိထားပါလို့ ပြောချင်တယ်
ရတနာပုံ ခေတ် ဒင်္ဂါး တွေမှာပါတဲ့ ဒေါင်းတံဆိပ် ကို ဥဒေါင်း ၊ ခွက်ဒေါင်း ၊ ကဒေါင်း စသဖြင့် အမျိုးမျိုးပြောနေကြတယ်။ မှန်တဲ့ လူ မှန်နိုင်တယ်။ ဘာပြုလို့ဆိုတော့ သုံးထားတဲ့ " ဒေါင်း " ရုပ်တွေ မတူလို့ပါ။
စုဆောင်းလို့ ရသမျှ ကို ဖော်ပြပေးလိုက်ပါတယ်။
( ပန်းခက်လို့ ပြောနေကြတဲ့ အခက်နှစ်ခက် ဟာလည်း မှန်ချင်မှ မှန်မယ် ၊ တမတ်တန် ကြေးဒင်္ဂါး မှာသုံးထားတာ အခက်နှင့်မတူဘဲ အနွယ်နှင့် ပိုတူတယ် )
Posted by ရှေးမြန်မာ at 12/15/2009 1 comments Links to this post
Labels: ရှေးပစ္စည်း ကြည့်မယ်
12/12/09
ရတနာပုံ တိုး ဒင်္ဂါး

ဒေါင်းဒင်္ဂါး ကို " ရတနာပုံဒေါင်းဒင်္ဂါး " လို့ရေးရင် ၊ တိုးဒင်္ဂါး ကိုလည်း ရတနာပုံ တိုးဒင်္ဂါး လို့ ရှေ့မှာ
" ရတနာပုံ" ထည့်ပြီး ရေးသင့်တယ်။
ရတနာပုံ ဒေါင်းဒင်္ဂါး အကြောင်း သိပ်အသားပေးပြီးရေးတဲ့အခါ ရတနာပုံတစ်ခေတ် တည်းမှာထုတ်လုပ်တာ ဖြစ်ပါလျှက် အခြားအမှတ်တံဆိပ်ပါ ဒင်္ဂါးတွေကို မှေးမှိန်စေပါတယ်။
မြန်မာတို့ရဲ့ အစဉ်လာ အခေါ်အရ ဒင်္ဂါးဆိုတာ " အမှတ်တံဆိပ်" သို့မဟုတ် " စာ " ပါ ရွှေ သို့မဟုတ် ငွေ အပြားဝိုင်းငယ်တွေကိုသာ ခေါ်ခြင်းဖြစ်တယ်။ ကြေး၊ သံ ၊ ခဲ စတာတွေနှင့် လုပ်ထားတာမျိုးကိုတော့ ကြေးပိုက်ဆံ ၊ သံပိုက်ဆံ ၊ ခဲပိုက်ဆံ စသဖြင့်ခေါ်ကြတယ်။ ဒင်္ဂါး လို့မခေါ်ပါ။
မင်းတုန်းမင်း ခေတ် ရွှေ နှင့် ငွေ ဒင်္ဂါးတွေ ထုတ်လုပ်ခဲ့တယ်လို့ အများစုရေးကြတယ်။ သီပေါမင်း ခေတ်မှာ ဒေါင်းဒင်္ဂါးတွေကို ဆက်လက် ထုတ်လုပ်သုံးစွဲပါတယ်။ ၁၂၄၀ မှာ တိုးတံဆိပ် ကြေးဒင်္ဂါး ( ကြေးပိုက်ဆံ ) ထပ်ထုတ်ခဲ့ပါသေးတယ်။ ပုံကိုကြည့်ပါ။
" တိုး " သတ္တဝါ
" တိုးတံဆိပ်တော်" စာတမ်း
( တိုး ဆိုတာ မြင်း နှင့် သမင် သတ္တဝါ နှစ်ကောင်ကို ပေါင်းစပ်ထားတဲ့ လာဒ်ကောင်လို့ အယူရှိတယ်။
သီပေါမင်းရဲ့ " တိုး " ဟာ ရှမ်းတိုင်းရင်းသားတွေ ရဲ့ တိုး လို ကြည့်မကောင်းပါ ၊ ရုပ်ဆိုးလှတယ် )
အခြား တဘက်မှာတော့
" ၁ူး သုံး ဒင်္ဂါး "
" ၈ ပုံ တပုံ "
" ၁၂၄၀ "
" အခက် ၂ ခက် " ( အချို့က ဝိုက်ပန်းခက်လို့ပြောတယ် )
" အခက် ၂ ခက် ရဲ့ကြား မှာ ပန်းပွင့် "
(ဘာပန်းပွင့် မှန်းသေချာမသိပါ၊အခက်ကို ဝိုက်ပန်းခက်လို့ ဆိုရင် ဒီအပွင့်ကို ဝိုက်ပန်းပွင့်လို့ ဆိုနိုင်မလားမသိပါ )
ကြေးဒင်္ဂါး မှာပါတဲ့ ခုနှစ် " ၁၂၄၀ " ဟာ ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်ပါမယ်။
သီပေါမင်းဟာ စနေသား ဖြစ်လို့ စနေနံ( တ၊ ထ ၊ ဒ ၊ ဓ ၊ န ) ဖြစ်တဲ့အတွက် တိုးတံဆိပ်ကို သုံးတယ်လို့ အချို့က ဆိုတယ်။ မှန်ချင်မှ မှန်မယ်။
မင်းတုန်းမင်းဟာ အင်္ဂါ သားဖြစ်လို့ " ခြင်္သေ့ " တံဆိပ်ကို သုံးတယ်ဆိုရင် စနေသားဖြစ်တဲ့ သီပေါမင်းဟာ " နဂါး " သုံးဖွယ်ရာရှိတယ်။ " နဂါး " မကြိုက်လို့ " တိုး " သုံးသလားတော့မသိပါ။
ဘာအတွက် ဘာကြောင့်ရယ်လို့တော့ တပ်အပ် မပြောနိုင်သေးပါ။
Posted by ရှေးမြန်မာ at 12/12/2009 0 comments Links to this post
Labels: ၁၉ ရာစု၊ မန္တလေး။
12/5/09
ရတနာပုံ ခြင်္သေ့ ဒင်္ဂါး
မင်းတုန်းမင်း ခေတ်မှာ ဒေါင်းဒင်္ဂါး တွေကို ခပ်လုပ်သုံးစွဲခဲ့တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါ။
ဒေါင်းတံဆိပ်အပြင် တခြား အမှတ်တံဆိပ်တွေဖြစ်တဲ့ " ခြင်္သေ့ ၊ ယုန် ၊ တိုး (လာဒ်ကောင် လို့ အယူရှိတယ် ၊ သမင် နှင့် မြင်း သတ္တဝါ ပေါင်းစပ်ထားတဲ့ အကောင် )" တွေရှိသေးတယ်ဆိုတာ မှတ်ဖို့လိုသေးတယ်။
ရွှေ ၊ ငွေ ၊ ကြေး ၊ သံ ၊ ခဲ စတဲ့ သတ္ထုပစ္စည်းတွေ ကို အသုံးပြုတယ်။ တန်ဖိုးတွေက ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။ သို့သော် ဘယ်အမှတ်တံဆိပ် ကို ဘယ်သတ္ထုပစ္စည်းသုံးပြီး ဘယ်လောက် တန်ဖိုးတွေနှင့် ထုတ်တယ်ဆိုတာ သိဖို့လိုမယ်။ ရတနာပုံ ရွှေ ခြင်္သေ့ ဒင်္ဂါး အကြောင်း အကျဉ်း ဖော်ပြချင်ပါတယ်။ ပုံကို ကြည့်ပါ။
ယခင်
" ဒေါင်း" ရုပ်နေရာမှာ " ခြင်္သေ့ " ရုပ် "
ဒေါင်းတံဆိပ်တော် " နေရာမှာ "ခြင်သေ့ တံဆိပ်တော် "
" ၁၂၁၄ " ခုနှစ် နေရာမှာ " ၁၂၂၈ " ဖြစ်လာတယ်။ ဒင်္ဂါး ရဲ့ ခြားတဘက်မှာ ရတနာပုံနေပြည်တော် စာတမ်း နှင့် စုံပန်းခက် ၂ ခက် ကတော့ အပြောင်းလဲမရှိ။
မင်းတုန်းမင်း ဟာ အင်္ဂါးသားဖြစ်လို့ ခြင်္သေ့ ရုပ်ကို သုံးတယ်။
၁၂၂၈ ကတော့ ခြင်္သေ့တံဆိပ်ပါ ရွှေဒင်္ဂါး တွေ အမှန်တကယ် စတင်ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်မယ်။
( မှားနေရင် ပြောခဲ့ပါ။)
" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ ထို့နောက် ငွေ ငါးမူးစေ့ ၊ မတ်စေ့ ၊ မူးစေ့ ၊ ပဲစေ့ များနှင့် သံပိုက်ဆံ ၊ ကြေးနီပိုက်ဆံ ၊ ခဲပိုက်ဆံများကိုလည်း ခတ်လုပ်စေ၍ နိုင်ငံတော်အတွင်း သုံးစွဲ ကြရသည်။ ထို့အပြင် ရွှေဒင်္ဂါး ၊ ရွှေမတ်စေ့ ၊ ရွှေမူးစေ့ များကိုလည်း ခတ်လုပ်စေသည် " လို့ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် မှာ ဖော်ပြထားတယ်။ ( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် ကို ဘယ်သူရေးတယ်၊ ဘယ်နှစ်ခုနှစ် ၊ ဘယ်လို ရေးတယ်၊ ဘယ်လောက်ထိ စိတ်ချရလဲဆိုတာ သိဖို့ လိုအပ်သေးတယ် )
Posted by ရှေးမြန်မာ at 12/05/2009 0 comments Links to this post
Labels: ၁၉ ရာစု၊ မန္တလေး။
ဒေါက်တာ သန်းထွန်း

မြန်မာ့သမိုင်း နှင့် ယဉ်ကျေးမှု အတွက် အမှန်တကယ် အလုပ်လုပ် ပြီး ကျေးဇူးပြူ ခဲ့တဲ့ ပညာရှင်
( မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသား )တွေရဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်း ကို စုစည်းဖော်ပြ ချင်ပါတယ်။ နိုဝင်ဘာ ၃၀ ၂၀၀၉ မှာ ကွယ်လွန် သွားခဲ့တာ ၄ နှစ်ပြည့် သွားပြီဖြစ်တဲ့ ဒေါက်တာသန်းထွန်း ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်း ကို စတင်ဖော်ပြလိုပါတယ်။။.

ဒေါက်တာ သန်းထွန်း
( ၁၉၂၃-၂၀၀၅ )

၁၉၂၃ ဧပြီ ၆ သောကြာနေ့တွင် အဖ ဦးဘိုးတွေ အမိ ဒေါ်သင်တို့မှ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ ငါးသိုင်းချောင်းမြို့ ၊ ဒေါင့်ကြီးရွာ၌ ဖွားမြင်သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက်ဖြစ်၍ အမည်ရင်း သန်းထွန်း ။

၁၉၃၈ မတ်တွင် ငါးသိုင်းချောင်း အမျိုးသားအထက်တန်းကျောင်းမှ ဟိုက်စကူးဖိုင်နယ် စာမေးပွဲ အောင်မြင်။

၁၉၃၉ ဩဂုတ်လတွင် ရန်ကုန် ယူနီဘာစီတီ၌ စတင်ပညာသင်။

၁၉၄၁ မတ်တွင် အိုင်အေ ( ဝိဇ္ဇာ အောက်တန်း ) အောင် ။

၁၉၄၂ ဂျပန်ခေတ်တွင် ဖခင်၏တိုက်တွန်းမှုဖြင့် ငါးသိုင်းချောင်းဘုရားကြီးတိုက် ဦးဉာဏိဿရထံ၌ ဇာတာဖွဲ့နည်း ၊ ပြက္ခဒိန်လုပ်နည်း ၊ နေကြတ် ၊ လကြတ် ၊အာယုဒါယတို့ သင်သည်။ သင်္ကြန်စာရေးသား၍ အစိုးရထုတ်ဝေခွင့်ရအပြီး ပုံနှိပ်ချိန်တွင် ဗုံးကျသည့်အထဲပါသွားသည်။

၁၉၄၃ ငါးသိုင်းချောင်း အာရှလူငယ် အတွင်းရေးမှူး။

၁၉၄၅ ငါးသိုင်းချောင်း ဖ - ဆ - ပ - လ ၏ ပထမဦးဆုံး ဥက္ကဋ္ဌ။

၁၉၄၆ မတ်တွင် ဝိဇ္ဇာဘွဲ့။ ဇွန် ၁ တွင် ရကုန်တက္ကသိုလ် သမိုင်းဌာန၌ အချိန်ပိုင်းနည်းပြ၊ ဝိဇ္ဇာဂုဏ်ထူးတန်း ကို ဆက်လက် တက်ရောက်။

၁၉၄၇ မတ်တွင် ဝိဇ္ဇာ (ဂုဏ်ထူး ) ဘွဲ့။ ဇွန် ၁ တွင် အချိန်ပြည့်နည်းပြ။

၁၉၄၈ အောက်တိုဘာ ၁၉ တွင် ငါးသိုင်းချောင်း၊ ကွမ်းယာရွာမှ ဦးဘိုးမြိုင် ၊ ဒေါ်မြ တို့၏ သမီး ဒေါ်ခင်ရီ နှင့် လက်ထပ်။

၁၉၅၀ မတ်တွင် သမိုင်းမဟာ ဝိဇ္ဇာ ဘွဲ့။ ဇွန် ၁၀ တွင် လက်ထောက် ကထိက။

၁၉၅၁ ဥပဒေ သင်တန်းတက်။

၁၉၅၂-၁၉၅၆ ဥပဒေဘွဲ့။ ကိုလံဘို စီမံကိန်း ဖြင့် အမေရိကန်နိုင်ငံ ကော်နဲလ် တက္ကသိုလ် ( Cornnell University ) ပညာသင်ဆုရ။ အစိုးရပညာသင် အဖြစ်လည်း အရွေးချယ်ခံရ၍ မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်ကို ရွေးချယ်ခဲ့။ အောက်တိုဘာမှ ၁၉၅၆ ဇန်နဝါရီ အထိ လန်ဒန် တက္ကသိုလ် တွင် ပါရဂူဘွဲ့ သင်တန်းတက်။ ပါမောက္ခ လုစ် ၏ တိုက်တွင်းမှုဖြင့် " ပုဂံခေတ် သာသနာဝင် " Buddhist Church Pagan Period " စာတမ်းကို တင်သွင်း၍ Ph. D, ဘွဲ့ရ။ စာတမ်းကြီးကြပ်သူမှာ ပါမောက္ခ ဟောဖြစ်ပြီး ယင်းစာတမ်း အတွက် ဘီစီလော ဆုရ။
၁၉၅၆ မေ ၁ တွင် ရန်ကုန်ပြန်ရောက်။ ဇွန် ၁၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ၊ မြန်မာနိုင်ငံ သုတေသန အသင်း ရာသက်ပန် အသင်းဝင်။ နိုဝင်ဘာ ၃ တွင် တပ်မတော် မော်ကွန်းတိုက်၌ သုတေသန အရာရှိချုပ် နှင့် အယ်ဒီတာချုပ်။
၁၉၅၇ ဇန်နဝါရီ ၈ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ၌ လက်ထောက် ကထိက။
၁၉၅၈ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အနောက်တိုင်း ရာဇဝင် ကထိက။
၁၉၆၀ နိုဝင်ဘာ ၅ တွင် အရှေ့တိုင်း သမိုင်းကထိက။
၁၉၅၈- ၆၁ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ် အယ်ဒီတာ။
၁၉၅၉-၆၁ မြန်မာ့သမိုင်း ကော်မရှင်က ထုတ်ဝေသော သမိုင်းတံခွန် ဂျာနယ်တွင် တွဲဖက် အယ်ဒီတာ။
၁၉၆၅-၈၂ အောက်တိုဘာ ၁ တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနှ ပါမောက္ခ။
၁၉၈၂ စက်တင်ဘာ ၁၇ တွင် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်၊ အရှေ့ တောင် အာရှ ဌာနတွင် သုတေသန ပညာရှင်အဖြစ် အမှုထမ်။
၁၉၈၃ ဧပြီ ၆ တွင် သက်ပြည့် အငြိမ်းစားယူ။ အောက်တိုဘာ ၁ တွင် တိုကျို နိုင်ငံခြားဘာသာတက္ကသိုလ် အာရှနှင့် အာဖရိက ဘာသာစကားနှင့် ယဉ်ကျေးမှုလေ့လာရေးဌာနတွင် သုတေသန ပညာရှင်။ အင်ဒို တရုတ် ဌာန မြန်မာဘာသာစကား ဧည့်ပါမောက္ခ။
၁၉၈၇ ဇန်နဝါရီ ၁ တွင် အမေရိကန် နိုင်ငံ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ် သမိုင်းဌာန ဧည့်ပါမောက္ခ။
၁၉၈၈ ဇန်နဝါရီ ၁ တွင် မြန်မာနိုင်ငံ သမိုင်းလေ့လာရေးအတွက် ပြူစုခဲ့သော မြန်မာနိုင်ငံ အမိန့်တော်များ၊ အေဒီ ၁၅၉၈- ၁၈၈၅ The Royal Orders of Burma A.D 1598- 1885 ( ROB 10 Vols.) အတွက် လန်ဒန် တက္ကသိုလ် က D. Lit., ဘွဲ့ ချီးမြှင့်။ မြန်မာနိုင်ငံ အမိန့်တော်များ ၁၀ တွဲကို ၁၉၈၃- ၉၀ ပြည့်နှစ် အတွင်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်း မှ တာဝန်ယူ ပုံနှိပ် ထုတ်ဝေ။
၁၉၉၀ ဧပြီ ၁၂ တွင် ရန်ကုန် ပြန်ရောက်။
၁၉၉၁ ဖေဖော်ဝါရီ ၁၃ တွင် မြန်မာစာအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရ၍ မြန်မာ - အင်္ဂလိပ် အဘိဓာန် ပြုစုရေးတွင်း ပါဝင်ဆောင်ရွက်။ စက်တင်ဘာ ၂၆ တွင် မြန်မာသမိုင်း ကော်မရှင် အဖွဲ့ဝင်။
၁၉၉၂ ဒီဇင်ဘာ ၁၄ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနဌာန ဖွင့်လှစ်ရေးအတွက် တာဝန်ပေးအပ်ခံရ။
၁၉၉၃ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနဌာန အချိန်ပိုင်း ပါမောက္ခ ။
၁၉၉၆ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အချိန်ပိုင်း ပါမောက္ခ ။
၂၀၀၀ ဂျပန် ဖုကုအိုက ပညာရှင်ဆုရ။
၂၀၀၁ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာန အချိန်ပိုင်း ပါမောက္ခ ။ ခေတ်ဟောင်း မြန်မာ ရာဇဝင် ( ၁၉၆၄ )၊ နယ်လှည့် ရာဇဝင် (၁၉၆၈ ) နှင့် ငါပြောချင်သမျှ ငါ့အကြောင်း ( ၂၀၀၁ ) အပါအဝင် စာအုပ်ပေါင်း ( ၃၀ ) ကျော် ပြုစုခဲ့။
၂၀၀၅ နိုဝင်ဘာလ ၃၀ ရက် ဗုဒ္ဓဟူး နေ့ နံနက် ၃း၃၀ တွင် မန္ထလေး မြို့ ၌ ကွယ်လွန်ခဲ့။
( အစောဆုံး အက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ ၊ ဒေါက်တာ သန်းထွန်း ၊ စာအုပ်မှ ကူးယူဖော်ပြသည်။ )
ဒိထက် ပိုသိချင်ရင်တော့ ဒေါက်တာသန်းထွန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ " ငါပြောချင်သမျှ ငါ့အကြောင်း " စာအုပ်ဖတ်ပါ။
Posted by ရှေးမြန်မာ at 12/05/2009 2 comments Links to this post
Labels: သမိုင်းစကား၊ ပန်းစကား
12/1/09

" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ "
( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် )
ဒင်္ဂါး မှာ ပါတဲ့ အမှတ်တံဆိပ်တွေကို လေ့လာတဲ့အခါ
၁။ ၁၂၁၄ ခုနှစ် ဟာ မင်းတုန်းမင်း နန်တက်တဲ့ ခုနှစ်ကို ရည်ရွယ်တယ်။
၂။ သစ်ခက် ၂ ခက် ဟာ စုံပန်းခက် ဖြစ်တယ်။ ( တချို့ က စုံပန်းခွေ လို့ပြောတယ်၊ သေခြာကြည့်ရင် ခွေထားတာ မဟုတ်မှန်းသိသာတယ် )
ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် အရ စုံပန်းနွယ် လို့ပါတယ်။ ဘာကြောင့်/ဘာအတွက် သုံးလဲ မသိသေးပါ။
၃။ ဒေါင်း ( ဒေါင်း ကနေဟန် လို့အချို့ကဆိုတယ်၊ အချို့က ဥဒေါင်းလို့ ရေးတယ် )
ဘာကြောင့် ဒေါင်းရုပ်ကို ခပ်လုပ် အသုံးပြုစေသလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တယ်။ လောလောဆယ် အဖြေတွေကလည်း အမျိုးမျိုး ရထားတယ်။ ဘယ်ဟာ အမှန်ယူရမှန်း မသိသေးပါ။
မင်းတုန်းမင်းဟာ မြန်မာမင်းတွေရဲ့ ရိုးရာအစဉ်လာတိုင်း လောကီပညာ တွေကို အားကိုးတယ်။ ဗေဒင် ပုဏ္ဏားတွေကို ဗေဒင်မေးရာမှာ ဒေါင်းရုပ် သုံးဖို့ အဖြေရတယ်။ ပညာရှိ အမတ်တွေရဲ့ လျှောက်တင်ချက်အရ နေမင်းရဲ့ ကိုယ်စားအမှတ်အသားဖြစ်လို့ ဒေါင်းရုပ် ကို သုံးတယ်လို့ လဲဆိုရဲ့။ သာကီဝင်မင်း တွေရဲ့ အမှတ် လက္ခဏာ လို့လဲဆိုပြန်တယ်။ အနောက်တိုင်း ပညာရှင်တို့ရဲ့ အဆိုကတော့ " ဒေါင်း " ရုပ်ဟာ ကုန်းဘောင်မင်းဆက်ကို ကိုယ်စားပြုတယ်လို့ ဆိုထားပြန်ပါသေတယ်