Tuesday, December 6, 2011

ကျွန်တော်ဖတ်မိသောကမ္ဘာကျော်ပုဂ္ဂိုလ်များ

MOSES(ဘီစီ ၁၄ ရာစုနှင့် ၁၃ ရာစု အတွင်း)


ဟီးဗရူးပရောဖက်၊ သင်ကြားသူ အာစရိ၊ လူမျိုးခေါင်းဆောင်စသည့် ဂုဏ်ပုဒ်များဖြင့် မိုးဇက်ကို သိကြသည်။ သူသည် အီဂျစ်ကျေးကျွန်ဘ၀ ရောက်နေသော သူ့လူ များကို အီဂျစ်တို့လက် အောက်မှ ခွဲထုတ် ကယ်တင်ပြီး၊ ယခု အခါအစ္စရေးဟု လူသိ များသည့် ဘာသာရေး လူ့အဖွဲ့အစည်းတစ်ခုကို ဦးဆောင် ထူထောင်ခဲ့သူ ဖြစ်လေသည်။ ယနေ့ အနောက်တိုင်းယဉ်ကျေးမှု၏ လူမှုရေးကိုယ်ကျင့်တရား၊ စရဏကျင့်စဉ်၊ ဘာသာရေးဘ၀များအပေါ် သြဇာညောင်းသည်။ Ten Commondments ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်၏။ ယနေ့ကမ္ဘာပေါ်တွင် လူအဖတ်အများဆုံး စာအုပ်များဖြစ်သည့် ထွက်မြောက်ရာကျမ်း (Exodus)၊ လှည့်လည်ရာကျမ်း (Numbers) အပါအ၀င် ထင်ရှားသည့် ဓမ္မဟောင်းကျမ်း ငါးကျမ်းကိုလည်း ပြုစုခဲ့လေသည်။
ဟီးဗရူးအမည်မှာ မိုးရှေး(Moshe) ဖြစ်သည်။ သူ့မွေးအမေက သူ့အတွက် ကလေးထိန်းငှားခဲ့ရာ၊ သူမထံမှ ဟီးဗရူးသမိုင်းနှင့် ထုံးတမ်း စဉ်လာများကို သိခဲ့ရ၏။ တစ်ရက် သူခရီးသွားနေစဉ်၊ ဟီးဗရူး ကျွန် တစ်ယောက်ကို ရိုက်နှက်ပြီး ရက်ရက်စက်စက် ခိုင်းစေနေသည့် အီဂျစ် သခင်ယောက်ကို သူသတ်လိုက်မိ၏။ ထိုအပြစ်ကို ကြောက်ပြီး မစ်ဒီယန် (ယခုအာရေဗျ အနောက်မြောက်မှာရှိ) အရပ်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ သည်။ ထိုအရပ်တွင် သိုးထိန်းလုပ်ကာ နေရင်း၊ ဘရင်ဂျီဘုန်းကြီး Jethno ၏ သားမက်ဖြစ်လာ၏။ တစ်နေ့ သူသိုးများထိန်းမကျောင်းနေစဉ် အနီးရှိ ခြုံပုတ်မှ မီးထတောက်တာ တွေ့ရ၏။ သူက အတိတ်ကောက်ကာ ကောင်းကင်ဘုံရှိ ဖန်ဆင်းရှင်ထာဝရက သူ့ကိုအလိုရှိ၍ အချက်ပြသည် ယူလိုက်၏။ ယေဟိုးဝါ(Yahweh)၏ တရားတွေ ဟောပြောတော့သည်။ အီဂျစ်ဖားရော့ဘုရင်ဒုတိယမြောက် ရမ်ဆေးက လုံးဝသဘောမကျ။ ဖိနှိပ်မှု ပြုသည်။ ထို့ကြောင့် သူ့လူ(ဂျူးကျေးကျွန်)များကို ခေါ်ကာ၊ အီဂျစ် လက် အောက်က ဆိုင်းနိုင်းကုန်းမြေဘက် ထွက်ပြေးရလေသည်။ (ယခုအခါ အီဂျစ်အရှေ့မြောက်ပိုင်း တွင်ရှိသည့် ပင်နင်ဆူလာ Pininsula အရပ်။)

ဒုတိယရမ်ဆေး၏ လူများက လိုက်လံတိုက်ခိုက်သည့်အတွက် အရှေ့စူးစူး ကျူတောပေါ်လယ် (Sea of Reeds ဖြစ်ပါသည်။ Red Sea ပင်လယ် မဟုတ်ပါ) ကို ဖြတ်ကာ ပြေးသည်။ အီဂျစ်တပ်များက ၀ိုင်းရံ ထားသော်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။ ထိုမှ Canaan အရပ်(ဘုရားသခင်က အဲဗဟမ်အား ဗျာဒိတ်ပေးခဲ့သည့် Promised Land, ဂျော်ဒန်မြစ် အနောက်ဘက် ယခုပါလက်စတိုင်းနေရာ)ကို ခရီးဆက်ခဲ့ သည်။ ထိုနေရာတွင် အခြေချနေထိုင်ကြခိုက်၊ မိုးဇက်ကို အတိုက်ခံလုပ်လို သူတွေ တစ်နေ့တခြားတိုပွားသဖြင့် တစ်ရက်၌ နယ်မြေသစ်ရှာဦးမည်ဟု ပြောကာ မိုးဇက်သည် Pisgah (ယခု ဂျော်ဒန်တွင်ရှိ) တောင်ပေါ်သို့ တစ်ကိုယ်တည်း ထွက်ခွာသွား၏။ ထိုအချိန်ကစ၍ မိုးဇက်ကို မည်သူမှပြန် မတွေ့ရတော့ချေ။ သူသေဆုံးကြောင်း အခိုင်အမာ သက်သေမရှိ။ သူ့ဘ၀ နိဂုံးသည် လျှို့ဝှက်သဲဖိုဆန်ဆန် ပဟေဠိတစ်ပုဒ် ဖြစ်နေလေသည်။ သို့သော် သူသာမရှိခဲ့လျှင် ယနေ့ကမ္ဘာပေါ်၌ အစ္စရေးနိုင်ငံ မရှိနိုင်သကဲ့သို့ The Torah ခေါ် ဟီးဗရူးဘာသာ ဓမ္မဟောင်းကျမ်းများသည်လည်း ရှိလိမ့် မည် မထင်ပါချေ။
٭
BUDDHA GOTAMA
(ခြောက်ရာစု ဘီစီမှ လေးရာစုဘီစီ အတွင်း)



မူရင်းစာအုပ်တွင် ဂေါတမ ဗုဒ္ဓခေါ်ဘုရားရှင်၏ မွေးဖွားရာ ခုနှစ်ကို အတိအကျ မဆို။ ကပိလ၀တ္ထနိုင်ငံ သကျ(Sakys)မင်း သုဒ္ဓေါဒနနှင့် မာယာ ဒေ၀ီ၏ သားတော် ဖြစ်သည်။ လုမဗိနီ ဥယျာဉ် (နီပေါနိုင်ငံ ယခု Padaria ဟု ခေါ်သောအရပ်) ၌ မွေးဖွားသည်။ မမွေး ဖွားမီ မယ်တော်သည် ဆင်ဖြူတော် ၀မ်းထဲဝင်သည်ဟု ထူးခြားသောအိပ်မက် ကို မြင်မက်ရာ၊ နိမိတ်ဖတ်သူတွေက စကြာဝတေးမင်း သို့မဟုတ် ဘုရားဖြစ် မည့်သူဟု နိမိတ်ဖတ်ကြသည်။ ငယ်မည် မှာ သိဒ္ဓတ္ထဖြစ်၏။ မိခင်သည် ဖွားမြင်ပြီး ခုနှစ်ရက် တွင် ကွယ်လွန်းခဲ့သဖြင့် မိထွေးလည်းဖြစ် အဒေါ်လည်းဖြစ်သူ ဂေါတမီက မွေးမြူစောင့်ရှောက်ခဲ့သည်။ ၁၆ နှစ် အရွယ်တွင် (တချို့က ၁၉ နှစ်ဟု ဆိုပါသည်) ဒေ၀ဒတ္ထဘုရင့်သမီးတော် ၀မ်းကွဲနှမ ယသော်ဓရာ နှင့် လက်ထပ်ခဲ့သည်။ ၂၉ နှစ်အထိ နန်းစည်းစိမ်ကို ခံစားကာ၊ နမိတ် ကြီးလေးပါး (သူအို၊ သူနာ၊ သူသေ၊ ရဟန်း) ကိုမြင်၍ လောကီလူ့ဘုံ ဘ၀ကို ငြီးငွေ့ကာ သားတော်ရာဟုလာ မွေးဖွားသောနေ့၌ပင် တောထွက် တော်မူသည်။ တောထဲတွင် ဒုက္ကရစရိယာ ခေါ် ခက်ခဲသောအကျင့်ကို (၆) နှစ်ကျင့်သော်လည်း တရားထူးမရ။
ထိုအကျင့်ကို စွန့်ကာ မဇ္ဈိမ ပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်မှ ဗောဓိညောင်ပင်အောက်တွင် (ယခု ဗုဒ္ဓဂါယာခေါ်သောအရပ်) သစ္စာလေးပါးကို ထိုးထွင်း သိမြင်ကာ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသည်။ ထိုနေ့ကား မေလ၊ လပြည့်နေ့ဖြစ်၏။ ဗုဒ္ဓ၏အဓိပ္ပာယ်ကား ဉာဏ်အလင်း ရှင် (enlightened)၊ နိုးကြားသူ (awakened one) ဖြစ်သည်။ သူ၏ ပထမ ဆုံး တပည့်သံဃာဟု ဆိုနိုင်သည့် ပဉ္စ၀ဂ္ဂီ(၅)ဦးကို ဓမ္မစကြာတရား၊ အနုတ္တ လက္ခဏာသုတ်တို့ကို စတင်ဟောပြောတော်မူသည်။ ထို့နောက် သူသိသော တရားများကို (၄၅)၀ါ ပတ်လုံးလှည့်လည်ဟောပြော၍၊ သက်တော် (၈၀) တွင် (ဘီစီ ၄၇၇) မလ္လင်မင်းတို့၏ အင်ကြင်းဥယျာဉ် ကုသိန္နရုံ (ယခု Kasia ခေါ်သည့်အရပ်)၌ ဖွားသေခြင်းဆိုသော စက်ရဟတ်ကို ရပ်စဲတော် မူသည်။ ဘုရားရှင်လက်ထက်တော် ဘ၀တစ်လျှောက်လုံး လှည့်လည်ပြော ဟောခဲ့သည့် တရားတော်တို့ကို စုစည်းမှတ်တမ်းတင်ထားသည့် ပါဋိ တိပိဋက ခေါ် ပိဋကတ်သုံးပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ထားရာ ကျမ်းစာပင် ဖြစ်သည်။ ထို့အတူ ဂေါတမအဖြစ် မမွေးဖွားမီ ဘ၀ ပေါင်းများစွာ ကျင်လည်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်ဆိုသော အလောင်းတော် မြတ်အကြောင်း ဇာတက(Jatakas)များသည် ဗုဒ္ဓယဉ်ကျေးမှုဗုဒ္ဓစာပေ၌ အရေးကြီးသော အပိုင်းက ပါဝင်နေပေသည်။

CONFUCIUS
(ဘီစီ ၅၅၁ - ဘီစီ ၄၇၉)



ကွန်ဖြူးရှပ်သည် တရုတ် ပြည်၌ အကျော်ကြားဆုံး ဒဿန ဆရာကြီး၊ သင်ကြားပို့ချသူ (အာစရိ)၊ နိုင်ငံရေး သဘော တရားဆရာ၊ ပညာရှင်ကြီး ဖြစ် လေသည်။ သူ့ကို လု Les (ယခု အခါ ရှန်ဒေါင်းပြည်နယ်)၊ Qufu ကျူဖု့ရပ်တွင် မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ Kong Qiu ဖြစ် သည်။ ထို့ကြောင့် သူ့ကို ဆရာကြီးကောင်း Master Kong (တရုတ်လို Kangfuzi ဟု ခေါ်ကြသည်။) Confucius မှာ လက်တင်စကား ဖြစ်သည်။ အများစုက သူ့ကို ဘီစီ ၅၅၁ စက်တင်ဘာ ၂၈ တွင် မွေးဖွားသည်ဟု လက်ခံကြသည်။ ထိုနေ့ကို ဆရာများနေ့ဟု သတ်မှတ်ကာ တိုင်ပေ (ထိုင်ဝမ်)တွင် ရုံးပိတ်ရက်အဖြစ် ကြေငြာထားသည်။ သူသုံးနှစ်သားတွင် ဖခင်ကွယ်လွန်သွားသဖြင့် ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသည်။ အရွယ်ရောက် စဉ်က အစိုးရရာထူးငယ်လေးများမှာ အမှုထမ်းခဲ့ကာ၊ ၁၉ နှစ်အရွယ်တွင် လက်ထပ်ခဲ့သည်။
အသက်သုံးဆယ်အရွယ်တွင် သူ့ဒဿနကို လှည့်လည်ဟောပြော ပို့ချရာ၊ အထူးအောင်မြင်ခဲ့သည်။ သူပို့ချသည့် ဘာသာရပ်ခြောက်မျိုးမှာ ထုံးတမ်းဓလေ့၊ မြားပစ်၊ ဂီတ၊ စစ်ရထားအတတ်၊ လက်ရေးလက်သား ပညာနှင့် ဂဏာန်းသင်္ချာတို့ ဖြစ်သည်။ အသက်ငါးဆယ်အရွယ်တွင် နိုင်ငံ တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသော်လည်း တာရှည်မခံ။ အုပ်စိုး သူများနှင့် သဘောခြင်းမတိုက်ဆိုင်သဖြင့် ပြည်နှင်ဒဏ်အပေးခံရလေ သည်။ ထိုနှစ်(၁၃)နှစ်အတွင်း သူသည် နယ်လှည့်ကာ သူ့အယူဝါဒများကို ဟောပြောပို့ချခဲ့သည်။ ၆၇ နှစ်မှာ သူ့ဇာတိသို့ပြန်လာကာ စာပေပို့ချ သင်ကြားပေးရင်း (၇၃) နှစ်အရွယ်မှာ ကွယ်လွန်လေသည်။ ချင်မင်းဆက် ရှီဟွန်တီဘုရင်လက်ထက်မှာ တစ်ကြိမ်၊ တရုတ်ပြည်မှာ ကွန်ဖြူးရှပ်၏ အယူဝါဒများမှ ခေတ္တမှောမှိန်ခဲ့ရသော်လည်း ယနေ့တိုင်အောင် အရှေ့ အာရှလူ့အဖွဲ့အစည်း၌ သူ့သြဇာသည် အခိုင်အမာရှိဆဲဖြစ်ကြောင်း လေ့ လာတွေ့ ရှိရပေသည်။ သူကွယ်လွန် စဉ်ကျန်ရစ်ခဲ့သော သူ့တပည့်သုံးရာ က ရူဂိုဏ်းကိုထူထောင်ကာ လွင့်ယီးဒဿနကို ဖြန့်ဖြူးခဲ့သော ကျေးဇူးပင် ဖြစ်လေသည်။

ALEXANDER THE GREAT
(မွေးဖွား - ၃၅၆ ဘီစီ Pella မက်ဆီဒိုနီးယား၊
ကွယ်လွန်- ဇွန် ၁၃၊ ၃၂၃ ဘီစီ ဘေဘီလုံ)



သူသည် မဟာအလက်ဇန္ဒယားအမည် ဖြင့်လည်းကောင်း၊ တတိယမြောက် အလက်ဇန္ဒယား အမည်ဖြင့် လည်းကောင်း၊ မက်ဆီဒိုးနီး ယား ဘုရင်အဖြစ်၊ ကြီးမားလှသော ပါရှန်း အင်ပါယာကြီးတစ်ခုလုံး (၃၃၆ မှ ၃၂၃ ဘီစီ အတွင်း) အုပ်ချုပ်ခဲ့လေသည်။ သူ့ဖခင်မှာ မက်ဆီဒိုးနီးယားဘုရင် ဒုတိယ ဖိလစ်၊ မိခင်မှာ မင်းသမီး အိုလံပီယား ဖြစ်သည်။ သူသည် ၁၃ နှစ် မှ ၁၆ နှစ်အတွင်း ဂရိဒဿနိက ဆရာကြီး အရစ္စတိုတယ်ထံတွင် ပညာသင်ကြားခဲ့သည်။ သူစိတ်ဝင်စားသော ဘာသာရပ်များမှာ ဒဿနိက၊ ဆေးပညာနှင့် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု(သုတေသန)တို့ ဖြစ်သည်။
သူသည် ၁၈ နှစ်သားကပင် Chaeronea စစ်မြေပြင်တွင် အစွမ်းပြ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ၃၃၆ တွင် သူ့အဖေ လုပ်ကြံခံရ၍ကွယ်လွန်သောအခါ၊ နန်းမွေ ဆက်ခံမှုကို ကန့်ကွက်သူမရှိပဲ အလွယ်တကူ ရရှိခဲ့သည်။
သူသည် ဘုရင် ဖြစ် သည်နှင့် စစ်တပ်ကို တောင့် တင်းခိုင်မာ ကောင်းမွန်အောင် ပြင်ဆင်ဖွဲ့စည်းကာ နယ်ချဲ့ တိုက်ပွဲများ ဆင်နွှဲတော့သည်။ သူသည် ကိုယ်တိုင်ရဲစွမ်းသတ္တိ ပြည့်စုံရုံမက၊ စစ်မက်ရေးရာ၌ ပါ ကျွမ်းကျင်လိမ္မာသူ ဖြစ် သည်။ ဂရိနိုင်ငံ Thebes ကို ကိုယ်တိုင်ဝင်တိုက်သည်။ ရန်သူ ၆၀၀၀ ကို သတ်ဖြတ်လိုက်ကာ ဖမ်းမိ သော သုံ့ပန်းများကို ကျေးကျွန်များအဖြစ် ရောင်းချလိုက်သဖြင့် ကျန်ဂရိ နိုင်ငံများ ကြောက်လန့်ခြောက်ချားကာ အလိုအလျောက်ပင် အညံ့ခံလာကြ သည်။ ၃၃၄ ဆောင်တွင်းတွင် ပါရှန်းအင်ပါယာကြီးတစ်ခုလုံး၏ ၀င်ပေါက် ဖြစ်သော အာရှမိုင်းနား အနောက်ပိုင်းကို တိုက်ခိုက်သိမ်း ပိုက်လိုက်၏။ ၃၃၃ တွင် ပါရှန်းတစ်နိုင်ငံလုံး သိမ်းယူနိုင်ခဲ့သည်။
ပါရှန်းဘုရင် တတိယမြောက် ဒရိုင်းယပ်စ်က လက်နက်ချ အညံ့ခံ တာကိုပင် လက်မခံခဲ့။ ထို့နောက်တွင် မြောက်ဘက်ဆီးရီးယားနှင့် ဖိုနီဆီး ယား (Phoenicia) ကို ချီတက်တိုက်ခိုက်သည်။ ကျွန်းမြို့တော်ဖြစ်သည့် တိုင်ယာ Tyne ကို ခုနှစ်လ ကြာအောင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရ ၏။ နိုဝင်ဘာ ၃၃၂ တွင် အီဂျစ်ကို အောင်နိုင်သည်။ အီဂျစ်တွေက အညံ့ခံလာခြင်း ဖြစ်သည်။ သူ့ကို အီဂျစ်ဘုရင် ဖားရော့အဖြစ် အသိအမှတ်ပြုခဲ့ကြ၏။ သူသည် နိုင်းမြစ်အနောက်ဘက်ကမ်းခြေတွင် ယခုတိုင် ထင်ရှားဆဲ ဖြစ်သည့် အလက်ဇန္ဒယားမြို့ကို ထူထောင်ခဲ့သည်။ အီဂျစ်ကို ရရှိသဖြင့် မက်ဒီ တာရေးနီးယန်း အရှေ့ပိုင်းတစ်ခုလုံးကို ချုပ်ကိုင်ဖို့ လွယ်ကူသွား၏။ ၃၃၂ တွင် တိုင်ယာကိုပြန်၍ နန်းစံသည်။ ပါရှန်းနန်းကျဘုရင် ဒရိုင်းယပ်စ် လုပ်ကြံသတ်ဖြတ်ခံရသောအခါ၊ သူသည် ပြိုင်ဘက်မရှိ ဧကရာဇ်မင်း ဖြစ်လာသည်။
၃၂၇ နွေဦးတွင် Hinds Kush ကို ဖြတ်၍ အိန္ဒိယကို ၀င်တိုက် သည်။ သူ၏ နောက်ဆုံးနှင့် အကြီးအကျယ်ဆုံး တိုက်ပွဲများ ဖြစ်သည်။ Hydaspes (ယခု TheLum) မြစ် ကမ်းပါးတွင် မြို့နှစ်မြို့ထူထောင်ခဲ့ သည်။

သူ့အောင်ပွဲကို ဂုဏ်ပြုသည့် Alexandria Nicaea နှင့် တိုက်ပွဲတွင် သေဆုံး သွားသည့် သူ့မြင်းအမည်ကို အစွဲပြုမှည့်ခေါ်သည့် Buceph-ala တို့ ဖြစ် သည်။ သူ့တပ်ပမ်းနေသဖြင့် တပ်ခေါက်ခဲ့ရသည်။ ၃၂၄ တွင် ပါရှန်း မြို့တော် စူစ(SuSa) ပြန်ရောက်သည်။ ပါရှန်းအင်ပါယာတစ်ခုလုံး သူ အုပ်မိုးထားနိုင်ပြီ ဖြစ်သည်။ သူ့ရည်ရွယ်ချက်က ပါရှန်းနှင့် မက်ဆီဒို ဗေးနီးယန်းတို့ သွေးနှောကာ ဓလေ့ထုံးစံများ ညှိနှိုင်း၍ လူမျိုးတစ်မျိုးအဖြစ် အရှည်တည်တံ့နိုင်ဖို့ ဖြစ်၏။
ထို့ကြောင့် သူကိုယ်တိုင် ပါရှန်းမင်းသမီး တစ်ပါးကို လက်ထပ် ယူကာ၊ သူ့လက်အောက်အရာရှိ ရှစ်ဆယ်(၈၀)ကျော်ကိုလည်း ပါရှန်း အမျိုးသမီးများကို လက်ထပ်ယူစေသည်။ ပါရှန်းလူမျိုးများကို သူ့စစ်တပ် တွင် စစ်မှုထမ်းခွင့်ပေးသည်။ နောက် သူသည် ဘေဘီလုံမြို့မှာ ပြောင်း ရွှေ့စံသည်။ ထိုမြို့တွင် ဂုဏ်ပြုစားသောက်ပွဲကြီးကို ကာလကြာမြင့်စွာ ကျင်းပသည်။ ထိုပွဲအပြီး သူသည် ပြင်းထန်စွာ မမာမကျန်းဖြစ်ကာ ၂၀ ရက် ကြာသောအခါ ကွယ်လွန်လေသည်။ သူ့အလောင်းကို ရွှေခေါင်းဖြင့် ထည့်ကာ အီဂျစ်ရှိ အလက်ဇန္ဒယားမြို့ကို သယ်ဆောင်၍ ခမ်းနား ကြီးကျယ်စွာ သင်္ဂြိုဟ်ခဲ့ကြလေသည်။

Monday, December 5, 2011

ပုခက်လွှဲတဲ့သံမဏိလက်တစ်စုံ (Margaret Thatcher 1925)

အဆင့်အတန်းမြင့်မားပြီးစိတ်ဆတ်တက်တဲ့ မာဂရက်သက်ချာ ဟာ ဓာတုဗေဒနဲ့ဥပဒေ ပညာရှင်တစ်ဦးဖြစ်ပြီးကလေးနှစ်ဦးထွန်းကားပြီးတဲ့နောက် ၁၉၅၉ မှာ ကွန်ဆာဗေတစ်ပါတီရဲ့အမတ်တစ်ဦးဖြစ်လာပြီးတဲ့အခါမှာတော့သက်ချာဟာသူမတစ်လျှောက်လုံးကိုင်စွဲလာခဲ့တဲ့
နိုင်ငံရေးမျော်လင့်ချက်တွေအကောင်အထည်ဖေါ်လာပြီးဆိုတာမြင်တွေလာခဲ့ပါတယ်...နှောင်အနှစ် ၂၀  မှာတော့သူမဟာဗြိတိန်နိုင်ငံ၏သက်တမ်းအကြာဆုံးဝန်ကြီးခူပ်တစ်ယောက်ဖြစ်ခဲ့သလို သက်တမ်း သုံးကြိမ် ဆက်တိုက်အရွေးခံရတဲ့တစ်ဦးတည်းသောဗြိတိသျှဝန်ကြီးတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်..ဒါအပြင်သူမဟာ ဥရောပ ရဲ့  တစ်ဦးတည်သော ပထမဦးဆုံးဝန်ကြီးခူပ်လည်းဖြစ်ပါတယ်..သက်ချာဟာ ၁၉၇၉ မှ ၁၉၉၀  အထိ ဝန်ကြီးခူပ်တာဝန်ကို  အနှစ် ၁၁ ကျော်   ထမ်းဆောင်ခဲ့တဲ့ကာလမှာ နိုင်ငံပိုင်အင်တာပရိုတ်စ်များ..စက်မူလုပ်ငန်းများကိုပြည်သူပိုင်သိမ်းရေးထောက်ခံအဆိုပြုခဲ့သလို့..အလုပ်သမားများသမဂ္ဂထူထောင်ပေးခဲ့တဲ့အပြင် လူမူရေးစားသုံးစရိတ်ကိုလည်းအားလုံးအကြုံးဝင်တဲ့အထိလျှောချပေးခဲ့ပါတယ်..ဗြိတိန်နိုင်ငံကိုစွမ်းဆောင်ရေးမြင့် လွတ်လပ်တဲ့စီပွားရေးအသွင်းပြောင်ဖို့အတွက်ဆန့်ကျင်မူတွေကိုကြံကြံခံလုပ်ခဲ့သလို့ ဆိုဗိယက်ယူနီယံကို
မြန်မြန်ဆန်ဆန်ပြိုကျစေရာမှာကူညီပံပိုးပေးခဲ့တဲ့အတွက်အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့အတူ ဂုဏ်ပြုခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်

မော်စီတုန်းရဲ့ခွေးတစ်ကောင် (Jiang Qing 1914..1991 )

ဥက္ကဌကြီးမော်ရဲ့ အမိုးသမီးအဖြစ် လူသိများခဲ့တဲ့ကျန်ကျင်းဟာ အာဏာကိုဆုပ်ကိုင်ထားနိုင်ဖို့ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့သူဖြစ်ခဲ့ပါတယ်...သရုပ်ဆောင်ဘဝ..မအောင်ခဲ့တဲ့အိမ်ထောင်ရေး ..အစွန်းရောက်လူပ်ရှားမူစွပ်စွဲချက်တွေနဲ့အကျဉ်းကျခံနေရတဲ့ကာလ စတဲ့ နုပိုဘဝနောက်ပိုင်း ၁၉၈၈ ခုနှစ်မှာ မော်စီတုန်း ဇနီးတစ်ယောက်ဖြစ်လာခဲ့ပြီး နာကျင်ခဲ့တဲ့အတိတ်ကအ်မ်မက်ဆိုးတွေကိုမေ့ပျောက်နိုင်ရန်အတွက်သူမဘဝဇက်ကြောင်းတစေ့တစောင်းဖော်ပြထားတဲ့စာရွက်စာတမ်း
မှန်သမျှဖျကိစီးပစ်ဖို့အမိန်ပေးခဲ့ပါတယ်..သူမဟာ ကွန်ဖြူနစ်ပါတီရဲ့အမြင့်ဆုံးကိုရောက်နိုင်ဖို့အတွက်အာဏာလှေခါးထစ်များကိုတစ်ထစ်ပြီးတစ်ထစ်မဆုတ်မနစ်နင်းတက်ခဲ့ရာမှာနောက်ဆုံးမှာတော့သူမဟာ
ပါတီရဲ့အဖြူတေလေးဦးဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်..လေးဦးဂိုဏ်းနဲ့အတူ ကျန်ကျင်းဟာ ယဉ်ကျေးမူဌာနတိုင်းကိုခူပ်ကိုင်လာခဲ့ပြီးနောက်ပိုင်း များပြားမရေတွက်နိုင်တဲ့ရှေးဟောင်းစာအုပ် စာတမ်း ..ဆောက်အအုံ..ပန်းချီကားတွေကိုဖျက်စီးဖို့အမိန်ပေးခဲ့သူတစ်ဥိးဖြစ်သလို့..တရုပ်လူထုများစွာကိုညှဉ်းပန်းနှိပ်စက်မူအတွက်တာဝန်အရှိလူတစ်ဦးပဲဖြစ်ပါတယ်..အဲဒီအချိန်ကာလက တရုတ်ပြည်သူမည်မျှသေဆုံးခဲ့ရသလည်းဆိုတာတိကျတဲ့အရေအတွက်ကိုမသိရှိနိုင်ပေမဲ့  ၁၉၆၆--၆၉  သုံးနှစ်တာကာလ အတွင်းမှာ လူဦးရေပေါင်း   ၅၀၀၀;၀၀၀ မျှ အထိ မြင့်တက်ခဲ့ရတယ်လို့သိရှိရပါတယ် သမိုင်းပညာ၇ှင်တခို့ကယဉ်ကျေးမူတော်လှန်ရေး၏နောက်ကွယ်မှာ   လေးဦးဂိုဏ်းရှိနေခဲ့တယ်လို့စွပ်စွဲနေတဲ့အချိန်မှာတော့ကျန်ကျင်းကစကားတစ်ခွန်းပြောပြီးမော်စီတုန်းကိုသာအပြစ်ပုံချခဲ့ပါတယ်...သူမပြောခဲ့တဲ့စကားကတော့  သူမ ကမော်စီတုန်းကိုက်စေချင်တဲ့လူကို ကိုက်ပေးရတဲ့  မော် ရဲ့ ခွေးတစ်ကောင်ပါလို  ပြောရင်သူမကိုစွဲခဲ့တဲ့ရာဇဝက်မူစွဲချက်တွေကိုဝန်ချတောင်းပန်မယ့်အစား ၁၉၉၁ ခုနှစ်သူမကိုအဆုံးမစီရင်မှီအထိ အကျဉ်းထောင်ထဲ့တွင် ဆယ်စုနှစ်တစ်ခုလုံးကုန်ဆုံးခဲ့ပါတော့တယ်...

မတူခြားနားတဲ့လူဘဝထဲ့က..မာဂရက်မိဒ်(၁၉၀၁...၁၉၇၈ )

မာဂရက်မိဒ်ဟာ သူဘဝတစ်လျှောက်လုံး မနုသာဗေဒပညာရှင် ..ပြတိုက်မူးနဲ့ က္ကုတ္ထိယဝါဒ ရေးဟာ ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်ခဲ့တယ်...တစ်ခါကသူမပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်  မတူခြားနားတဲ့လူများစွာရဲ့ဘဝဖြစ်တည်မူတွေကိုရှာဖွေရင်သူမဘဝကိုဖြတ်သန်းခဲ့ရတယ်..အဲဒါကြောင့်လည်းအမေရိကန်တွေကသူတို့အအြေနေကိုသူတို့ပိုနားလည်လာတာပါပဲ..မိဒ်ရဲ့ပါမောက္ခလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းဖြစ်တဲ့ဖရန်ဇ်ဘို့ဟာ အမေရိကန်မနုသာဗေဒအတွင်းကယဉ်ကျေးမူအပြန်အလှန်ယှက်နွယ်မူတွေအတွက်ထင်မြင်လေ့လာချက်နဲ့ပက်သက်ပြီးနံမည်ကောင်း
ရရှိခဲ့ပါတယ်..ဒါပေမဲ့အဲဒီအောင်မြင်မူဟာမိဒ်နဲ့သက်ဆိုင်ခဲ့တယ်ပစိဖိတ်တစ်ခွင်ကိုဖြန့်ကျက်ပြီးတော့မှ အရိုင်းအစိုင်းဆိုတဲ့ယူဆလက်ခံထားမူကိုအပြီးသတ်ဖယ်ရှားလိုက်တာဟာ မိဒ်ရဲ့ ရ လဒ်ပါဘဲ့..မိဒ်ဟာအစောပိုင်းကာလတွေမှာ  သူမ၏မိခင်တိုက်တွန်းချက်အရ ဆွေမိုးရင်းချာ မောင်နှမဝမ်းကွဲငယ်လေးတွေရဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလွဲမူကိုစိတ်ဝင်စားစွာသူမလေ့လာခဲ့ပါတယ်..အဲဒီနောက်ပိုင်းမှာတော့မိဒ်ဟာလူတွေရဲ့ပင်ကိုအမူအကျင့်တွေနဲ့ပက်သက်ပြီးသူမလေ့လာထားခဲ့သမျှတွေကိုအချက်အလက်စုဆောင်းပြီးစတင်ရေးမှတ်ခဲ့တယ်
အဲဒီလိုမိဒ်ဟာစနစ်တကျမှတ်တမ်းမှတ်ရာထားနိုင်ခဲ့တဲ့များလှတဲ့အံ့သြဖွယ်ရာအချက်အလက်တွေဟာ ၁၉၂၉ ခုနှစ် ကိုလံဘီယာတက္ကသိုလ်ကနေ  P.h.d ယူနိုင်ခဲ့တဲ့စာတမ်းတွေအတွက်သုသေသနပြုရာမှာသူမအတွက်အထောက်အကူဖြစ်ခဲ့ရပါတယ်..အဲဒီနောက်ပိုင်းမှာသူမဟာ ၁၉၃၄ ခုနှစ်မှာအမေရိကန်သဘာဝသမိုင်းပြတိုက်ရဲ့ပြတိုက်မူးဖြစ်လာခဲ့ပါတယ်..သူမရဲ့အကိုးပြုစာအုပ်တစ်ဖြစ်တဲ့
Coming of Age in Samoa  ဟာ အမေရိကန်အများစုအပေါ်မှာအကိုးသက်ရောက်စေခဲ့ပါတယ်..အထူးသဖြင့်သူမ၏ထူးထွေကျယ်ပြန့်လှတဲ့ ကိုယ်ပိုင်းအတွေ့အကြုံတွေကို သူတို့ကိုယ်တိုင်နားလည်လက်ခံနိုင်စေဖို့ဗွေဆော်ဦးအထောက်အပံကောင်းဖြစ်ခဲ့ပါတယ်

Sunday, December 4, 2011

နိုင်ငံတော်၏သမီးရတနာ အင်ဒီရာ ဂန္ဒီ (၁၉၁၇..၁၉၈၄ )

အင်ဒီရာဂန္ဒီ ဟာ နိုင်ငံတော်ရဲ့သမီးရတနာဖြစ်ခဲ့တယ်..သူမဖခင်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီးစ အိန္ဒိယ နိုင်ငံရဲ့ ပထမ ဦးဆုံးဝန်ကြီးခူပ် ဂျဝါဟလာနေရူး ပဲဖြစ်ပါတယ်...အင်ဒီရာ ဟာ သူမဖခင်နဲ့သူနိုင်ငံရဲ့ အနီးကပ်စောင့်ရှောက်မူအောက်မှာကြီးပြင်းခဲ့တာပါ..၁၉၆၆  ခုနှစ်တုန်းက နံမည်ကြီးမဂ္ဂဇင်းတစ်ခုရဲ့မျက်နှာဖုံးမှာ အမိုးသမီးလက်ဖဝါးထဲ့က သောကများတဲ့  အင်န္ဒိယ ဆိုတဲ့ခေါင်းစည်းနဲ့ဖေါ်ပြခံခဲ့ရဖူးပါတယ်...တည်ငြိမ်လှတဲ့လက်တစ်စုံဟာ  တိုင်ပြည်ကိုကောင်းအောင်ထိန်းသိမ်းကိုင်တွယ်နိုင်ခဲ့ပါတယ်..ဒါပေမဲ့လည်းချောချောမွေ့မွေ့ နဲ့ကင်းလွတ်ခဲ့တာတော့မဟုတ်ပါဘူး...နောက်ပိုင်းအနှစ်နှစ်ဆယ် အတွင်းမှာကြုံတွေခဲ့ရတဲ့စီပွားရေးအကျပ်အတည်း.အငတ်ဘေးကြုံမူ(စားနပ်ရက္ခာပြတ်လပ်မူ)  ပထမဦးဆုံးအကြိမ်နိုင်ငံမှာအက်တမ်ဗုံးပေါက်ကွဲမူကိစ္စ အာဏာအလွဲသုံးမူနဲ့ပက်သက်ပြီးစွပ်စွဲချက်တွေ စတဲ့ ကိစ္စတွေ ရှင်းလင်းခဲ့ရတဲ့အပြင် အိမ်နီးနားပါကစ္စတန် နိုင်ငံ ရဲ့ ပြည်တွင်းစစ်ကို သူမ ဝင်ရောက်ပါဝင်ညွန်ကြားမူအောက်မှာဖြေရှင်းခဲ့ပြီး  ဘင်္ဂလားဒေ့ရှ် နိုင်ငံ အသစ်အဖြစ် ခွဲထွက်ဖန်တီးနိုင်ခဲ့တယ်..၁၉၉၄ ခုနှစ်မှာသူမ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက်မှာတော့  အင်ဒီရာ ဟာ  ကမ္မာ  လုပ်သက်အရှည်ဆုံးအမိုးသမီးဝန်ကြီးခူပ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးယနေ့တိုင် ထင်ရှားနေဆဲပဲဖြစ်နေပါတော့တယ်

ပါရမီဖြည်ဖက် ကိုရာဇန်အကွီနို (၁၉၃၃..၂၀၀၉ )

ကိုရီအကွီနိုဟာ သူပင်ကိုအနေနဲ့ နိုင်ငံရေးရည်မှန်းချက်ထားတာမိုး မရှိခဲ့ပါဘူး ..ဒါပေမဲ့ ၁၉၈၃  ခုနှစ်ထဲ့ သူခင်ပွန်း အထက်လွတ်တော်အမတ် ဘီနစ်ဂ်နိုအကွီနို လုပ်ကြံခံရပြီးတဲ့နောက် နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပါတော့တယ်..ရုတ်ချဉ်းဆိုသလိုပဲ သူမဟာ အာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ် ကို ဆန့်ကျင်တဲ့ အတိုက်အခံစုစည်းညီညွတ်ရေးအင်အားစုမှာခေါင်ဆောငိတစ်ဦးဖြစ်လာခဲ့တယ်..အဲဒီတုန်းက ဆုံးဖြတ်အမိန်တွေအရ မားကို့စ် ကို အနိုင်ရရှိသူအဖြစ်ကြေညာခဲ့ပေမဲ့ နိုင်ငံတစ်ဝှန်းမှာငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေဆက်ခါဆက်ခါဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတောဖိလစ်ပိုင်နိုင်ငံရဲ ပထမ ဦးဆုံးအမိုးသမီးသမ္မတအဖြစ်အကွီနို အာဏာရရှိခဲ့ပါတော့တယ်..အကွီနိုင်ဟာပထမဦးဆုံးအမိုးသမီးသမ္မတအနေနဲ့ရှင်သန်လာတာဟာ ယှိယွင်းနေတဲ့ကျွန်းစုရဲ့ ဒီမိုကရေစီလူ့ဘောင်စီ လှမ်းဝင်ခဲ့တဲ့သူမရဲ့ပထမဦးဆုံးခြေလှမ်းလည်းဖြစ်ခဲ့ပါတယ်.. ခြစားမူနဲ့ အာဏာသိမ်းဖို့ကြိုးစားမူတွေရှိနေတဲ့ကြားကလုပ်ဆောင်ခဲ့ပေမဲ့ အကွီနို အနေ နဲ့ သူမကိုထောက်ခံသူဖိလစ်ပိုင်ပြည်သူတွေမျှော်လင့်ခဲ့ရတဲ့  လူမူပြုပြင်ပြောင်းလွဲမူတွေကိုတော့သူမ များများစားစား မလုပ်ပေးနိုင်ခဲ့ပါဘူး...၁၉၉၂ မှာ  နိုင်ငံရေးစင်မြင့်ကနေဆင်းပေးခဲ့ရပေမဲ့ဖိလစ်ပိုင်ပြည်သူတွေရဲ့နှစ်သက်ထောက်ခံမူကိုတော့အပြည်အဝရ ရှိသူတစ်ဦးအဖြစ်ဆက်လက်ရပ်တည်နေပါသေးတယ်

မာသာ ထရီဆာ (၁၉၁၀-၁၉၉၇)

မျက်မှောက်ခောတ်မှာ သူမရဲ့အပြာနားကွပ်ဝက်ရုံဖြူဟာ အဆင်းရဲတကာ့အဆင်းရဲဆုံးတွေကြားမှာသူမရဲစေတနာဝန်ထမ်းရဲ့ဝိသေသဂုဏ်ရည်တွေကိန်းဝပ်ရာဖြစ်နေခဲ့ပါပြီ
 အယ်လဘေနီးယန်းမိဘနှစ်ပါးကမွေးဖွားလာခဲ့တဲ့ အဂ္ဂနက် ဘိုဂျာရှူးဟာ အော့တိုမန် အင်ပါယာ လက်အောက်မှာ နေထိုင်ခဲ့ရပြီးမှ သီလရှင်လေးဘဝနဲ့  ၁၉၂၉ မှာ အိန္ဒိယာ ကိုရောက်လာခဲ့ပြီး ကိုလ်ကတ္တား(  ယခင်  အမည် ကာလကတ္တား )မှာအဖွဲဝင်  ၁၃ ယောက်နဲ့ သာသနာပြုအဖွဲငယ် တစ်ခုကိုတည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ  မိဘမဲ့နဲ့ A.I.D.S ဂေဟာတွေကို လည်ပတ်အလုပ်လုပ်နေတဲ့သီလရှင်ဆရာလေးပေါင်း ၄၀၀၀၀  ကျော်ရဲ့  ကမ္ဘာတစ်ခွင်ကွန်ယက်ကြီးအဖြစ် ကြီးထွားလာခဲ့တာဖြစ်ပါတယ်..ကြိမ်ဖန်များစွာ ဆေးဘက်ဆိုင်ရာခို့ငဲ့မူ  ဆင်းရဲမွဲတေမူကို အဝန်းကျယ်ကျယ်မကိုင်တွယ်နိုင်မူ- မွေးဖွားမူထိန်းခူပ်ရေးနဲ့ ကိုယ်ဝန်ဖျက်ချမူတို့ကို တက်ကြွစွာ ရံခါ  အာဏာရှင်တွေနဲ့အလွမ်းသင့်မူကြောင့်အဝေဖန်ခံခဲ့ရပေမဲ့လည်း နိုဘယ်ဆုရှင်ကြီးဟာ စေတနာဝန်ထမ်းများစွာကိုလှုံဆော်မူပေးနိုင်ခဲ့သလို ကက်သလစ်သူတော်စင်ဘဝကိုသွားရာလမ်း တစ်လျှောက်မှာ  သူမရဲ့သန့်ရှင်းဖြူစင်တဲ့အကျင့်သီလကို  ထာဝရ ဝတ်ဆင်နေဦးမှာပဲဖြစ်မှာပါ