။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွှန်ကြားစာ ပို့ထားကြောင်း သိရသည်။
ကချင် စစ်ပြေးရှောင် ဒုက္ခသည်များအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံး အကြိမ်
ငွေကျပ် သိန်း ၇၀၀ နှင့် အဝတ်အထည်များ ပေးအပ်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို တနင်္လာနေ့က ပြုလုပ်ရာ၌ ၎င်းစာအား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ဖတ်ပြခဲ့ခြင်း ဖြစ်သည်။
“ကယ်ဆယ်ရေး အလှူငွေ ပေးအပ်ပွဲလုပ်ရင်းနဲ့ ဂျာနယ်သတင်းထောက်တွေကို ရှင်းလင်းပွဲ လုပ်ပါတယ်။ အဓိက
တော့ တပ်ထိုးစစ်မဆင်ဖို့၊ ခုခံတိုက်ခိုက်ရုံမှလွဲပြီးမှ စစ်ကြောင်းမထိုးဖို့၊ သွားပြီးတော့မှ မတိုက်ဖို့ဆိုတဲ့ စာဖတ်ပြ တာပါ။”ဟု ဝန်ကြီးချုပ်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခြင်းဖြစ်ကာ နံနက် ၈ နာရီမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲကို ပြည်နယ်နယ်ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာဝန်များများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ သတင်းထောက်များအပါအဝင် စုစုပေါင်း လူ ၆ဝဝ ကျော် တက်ရောက်ခဲ့သည်။
“ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဦးစီးဦးဆောင်တွေ အလုပ်လုပ်နေတာ ဖြစ်တယ်။ အချင်းချင်း အထင်မှားအမြင်မှားမဖြစ်ဖို့။” ဟု အခမ်းအနား တက်ရောက်သူ မြစ်ကြီးနားမြို့ခံတဦးက ဆိုသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကမူ အဆိုပါညွှန်ကြားစာနှင့်ပတ်သက်၍ တရားဝင် မသိရသေးကြောင်းနှင့် အစိုးရဘက်မှ ဆက်လက် ထိုးစစ်ဆင်နေပြီး ယနေ့ထိ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။
“ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်းဘဲ။ အခု တပ်အင်အားတွေ ထပ်တိုးချဲ့မယ့် အစီအစဉ်တွေလည်း ရှိနေသေးတယ်။ မနက်ဖြန်လည်း စောင့်ကြည့်ရမယ်။ ဒါပေမယ့် သူတို့ အစိုးရတပ် ကျနော်တို့ နယ်မြေထဲမှာ ဝင်ရောက်နေတယ် ဆိုရင်လည်း မရဘူး။ ကျနော်တို့က လုပ်သင့်တာ ဆက်လုပ်ရမှာပဲ။” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။
မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နယ်မြေအတွင်း ယနေ့ထိ တိုက်ပွဲများ ဆက်လက်
ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု KIO စစ်ဘက်သတင်းများအရ သိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေ ကွတ်ခိုင်မြို့နယ်အတွင်းတွင်လည်း ယခုလ ၁ဝ ရက်နေ့မှ စတင်၍ KIA ၏ တပ်ရင်း ၉ နယ်မြေအတွင်းသို့ အစိုးရတပ်များ ယနေ့ထိ ဝင်ရောက်လာနေဆဲဖြစ်သည်ဟုလည်း သိရသည်။
“ကွတ်ခိုင်နယ် ဟူးဖြတ်ဒေသဘက်မှာ လက်နက်အပြည့်ပါလာတဲ့ လားတွေနဲ့ စစ်သား ၁ဝဝ ကျော် တနေ့ကနေ ကျနော်တို့ ရင်း ၉ နယ်ဘက်ကို ဝင်လာနေတာဘဲ။ သမ္မတက စာပို့တယ်ဆိုရင်လည်း ဒီနေ့ ၁၂ ရက်လေ။ စစ်ရေး လှုပ်ရှားမှုက လုံးဝ မရပ်သေးဘူး။ ထိုးစစ်ဆင်နေတဲ့ တပ်တွေဆုတ်တာ မရှိသေးဘူး။ အစိုးရက အမြဲတမ်း လိမ်နေ
တော့ ပြောတာနဲ့လုပ်တာ တခြားစီပဲ။”ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္စျိမကို ပြောသည်။
Monday, December 12, 2011
Sunday, December 11, 2011
မြန်မာအမိုးသမီးလေးများရောင်းစားခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသရှိ ပင်လယ်စာ ထုတ်လုပ်နေသော စက်ရုံ တရုံ၌ ရောင်းစားခံထားရသည့် မြန်မာ
အမျိုးသမီး ၄ ဦးကို ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်များ အကူအညီဖြင့် ကယ်တင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ပြောသည်။
အမျိုးသမီး ၄ ဦးကို ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်များ အကူအညီဖြင့် ကယ်တင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ပြောသည်။
ကယ်တင်ထားသော အမျိုးသမီးများသည် အသက်၂၀ ကျော် အရွယ်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် လတ်တလော ဘန်ကောက် မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယာယီထိန်းသိမ်းထားသည်ဟု မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင် ရေးအဖွဲ့(LPN) မှ ဒါရိုက်တာ ဆွန်ဖွန် စခ၀ီက ဧရာဝတီသို့ ပြောသည်။
ယခင်လ အတွင်းက ထိုင်းနိုင်ငံ ချွန်ဘူရီမြို့နယ်တွင် ယင်း အမျိုးသမီးများ အပါအ၀င် ၃၉ ဦးခန့်သည် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရပြီးနောက် အချုပ်ကားဖြင့် နယ်စပ်သို့ ပြန်ပို့ရန်အသွား လမ်းခုလပ်တွင် လူပွဲစားများထံ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ပွဲစားတွေနဲ့ အချိတ်အဆက်လုပ်ပြီး ထောင်ကား မောင်းတဲ့ ရဲတယောက်က အဲဒီ ၃၉ ယောက်ကို နယ်စပ်ကို မပို့ဘဲနဲ့ လမ်းမှာ ဖြတ်ပြီးတော့ လက်ပြောင်း လက်လွှဲလုပ်လိုက်တယ်”ဟု ဘန်ကောက်မြို့တွင် အလုပ်သမားအရေး ဆောင်ရွက်နေသော ကိုဖိုးခွား က ရှင်းပြသည်။
ထို ၃၉ ဦးထဲမှ အမျိုးသားများသည် ငါးဖမ်း လုပ်ငန်းများ၌ ရောင်းစားခံရပြီး အမျိုးသမီးတချို့မှာ ပင်လယ်စာ ထုတ်လုပ်နေ သော စက်ရုံသို့ ရောင်းစားခံရကြောင်း၊ တဦးလျှင် ဘတ်ငွေ ၁၁၀၀၀ ခန့်ဖြင့် ရောင်းစားခြင်းဖြစ်ကြောင်း၊ ရောင်းစားခံ အမျိုးသမီး များက အကူအညီ တောင်းခဲ့သောကြောင့် မဟာချိုင်ဒေသရှိ ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ သွားရောက်ကယ်တင်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ထိုင်းအာဏာပိုင်များ၏ အဆိုအရ ထောင်ကားမောင်းသည့် ရဲဝန်ထမ်းနှင့် နယ်စပ်ရှိ ဖမ်းဆီးခံရသည့် မြန်မာ အလုပ်သမားများ ကို လက်ခံမည့် လူဝင်မှုကြီးကြပ် ရေးဌာန(လ၀က) အာဏာပိုင်များအကြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရသည်။
ပြီးခဲ့သော ဇွန်လအတွင်းက ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တဖွဲ့ကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်ခဲ့သည်။
လွန်ခဲ့သည့် မတ်လ၂၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်အတွင်းရှိ VAK နာနတ်သီး စက်ရုံမှ မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် နယ်စပ်သို့ ပြန်ပို့ခံရသည့် ၂၁၆ ဦးထဲမှ ၉ ဦးအား ပွဲစား တဦးက ချွန်ဘူရီလှေဆိပ်၌ ရောင်းစားမှုဖြစ်ခဲ့သည်။
ထိုသို့ ရောင်းစားခံရသော မြန်မာနိုင်ငံသား ၉ ဦးသည် ကရင်ပြည်နယ် မြ၀တီမြို့မြေနီကုန်း ရပ်ကွက်မှ ဒေသခံများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ကြောင်း ၀ါရှင် တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။
ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများကို အကူအညီပေးနေသော World Vision အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန် ကူးမှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ကြောင်း ပြောဆိုသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။
ဘန်ကောက်မြို့အပါအ၀င် ထိုင်းနိုင်ငံ တ၀န်းတွင် မြန်မာပြည်သား အလုပ်သမား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။
ကျောက်ဖြူမြို့ လုပ်ငန်းခွင်ကြောင့် ပျက်စီးနေသော လမ်းများကို ပြင်ဆင်ပေးရန် ပြည်နယ် အစိုးရထံ တိုင်ကြားထားကြကြောင်း ဒေသခံတို့က ပြောသည်။
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ လုပ်ငန်းခွင်ကြောင့် ပျက်စီးနေသော လမ်းများကို ပြင်ဆင်ပေးရန် ပြည်နယ် အစိုးရထံ တိုင်ကြားထားကြကြောင်း ဒေသခံတို့က ပြောသည်။
ပိုက်လိုင်းတင် ကားကြီးများ နေ့စဉ်သွားလာမှုကြောင့် ပျက်စီးရခြင်း ဖြစ်ပြီး ထိုလမ်းများတွင် မတော်တဆမှု မကြာခဏ ဖြစ်ပွားနေကြောင်း ကျောက်ဖြူမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“လမ်းတွေ ပျက်စီးကုန်တဲ့ အတွက် ဆိုင်ကယ်တွေ မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေ တွေ့နေရတော့ ၀န်ကြီးဦးသန်းဌေးကိုရော ဗဟိုအစိုးရအဖွဲ့ဝင် တချို့ကိုပါ ပြောဆို တင်ပြတော့ ဆောင်ရွက်ပေးမယ် ပြောပေမယ့် လက်တွေ့က ဖြစ်မလာဘူး” ဟု ဦးဘရှိန်က ဧရာဝတီကို ပြောသည်။
စီမံကိန်းလုပ်ငန်းခွင်များ၌ ဖြစ်ပွားနေသည့် ပြဿနာများကို အရေး မယူခြင်း၊ လာဘ်ပေး လာဘ်ယူမှု ဆက်လက် ရှိနေခြင်း တို့ကို ရခိုင်ပြည်နယ်တွင် တွေ့မြင်နေရကြောင်း၊ ဗဟိုအစိုးရကလည်း စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေကြောင်း ဦးဘရှိန်က ထောက်ပြသည်။
“မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိသေးဘူး၊ အဂတိ လိုက်စားမှု တိုက်ဖျက်မယ်လို့ သမ္မတက ပြောတာကို ၀န်ကြီးအဆင့်က လိုက်နာဖို့ လိုတယ်၊ မလိုက်နာရင် ၀န်ကြီးလည်းပဲ အရေးယူဖို့ လိုမယ်၊ ၀န်ကြီး အဆင့်ကို အရေးမယူရင် အောက်ခြေ အဆင့် အာဏာပိုင်တွေကလည်းပဲ အာဏာအလွဲသုံးစား လုပ်နေကြဦးမှာပါ” ဟု လွှတ်တော် ကိုယ်စားလှယ် နှင့်ရှေ့နေ တဦး ဖြစ်သူ ဦးဘရှိန်က ဆိုသည်။
ပျက်စီးနေသောလမ်းများကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ပေးစေလိုသည်ဟု ဒေသခံတို့က ဧရာဝတီကို ပြောသည်။
“ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ နွားလှည်းက အစ သွားလို့ မရတော့ပါဘူး၊ ကျောက်ဖြူမြို့နယ် တ၀ိုက် ၁၀ မိုင် ၀န်းကျင်မှာ ရှိတဲ့ ကားလမ်း အားလုံး နီးပါး ပျက်သွားပါပြီ၊ ချိုင့်ခွက်တွေ ဖြစ်သွားတော့ လူတွေတောင် ည ၆ နာရီ ဆိုရင် အဲဒီ လမ်းတွေမှာ လမ်းလျှောက်လို့ မရတော့ဘူး” ဟု ဂုံးချိန် ရွာသား တဦးက ဆိုသည်။
လမ်းပျက်စီးမှုအတွက် တာဝန်ရှိသော ပိုက်လိုင်း သယ်ယူ ပို့ဆောင်နေသည့် ပါရမီကုမ္ပဏီတွင် လက်ရှိ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ ၀န်ကြီးဟောင်း ဦးလွန်းသီတို့၏ သားသမီးများ ပါဝင်နေသည့် အတွက် ပြည်နယ် အစိုးရက အရေးယူရန် ၀န်လေးနေခြင်း ဖြစ်ပုံရကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။
“ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကျော်ခင်ကို ဒေသခံတွေက စုပြီး တိုင်ကြတယ်၊ ပြည်ထောင်စုအဆင့် ၀န်ကြီး သားသမီးတွေ ပိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်နေတော့ သူ့မှာ ပြောဆိုခွင့်၊ ဖြေရှင်းပေးပိုင်ခွင့် မရှိဘူးလို့ သိရတယ်” ဟု ဒေသခံ တဦးက ဆိုသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်းနှင့် ဆက်စပ်နေသော လုပ်ငန်းခွင် တချို့၌ မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသရဖူ၊ 7-Star, PSC, Myint and Association စသည့် ကုမ္ပဏီများက တည်ဆောက်ရေး လုပ်ဆောင်နေကြသည်။
ဂက်စ်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကိုဖြတ်၍ တရုတ်နိုင်ငံသို့ သွယ်တန်းမည်ဖြစ်ကာ ကီလိုမီတာ ၂၈၀၀ ၀န်းကျင် ရှည်လျားသည်။
ရှမ်းပြည်နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းရာ သီပေါနှင့် ကျောက်မဲ မြို့နယ်တို့မှ လယ်သိမ်းခံထားရသော လယ်သမားများ လျော်ကြေးငွေကို အပြည့်အ၀ မရသေးကြောင်း ပိုက်လိုင်းစီမံကိန်းကို စောင့်ကြည့်နေသည့် ရွှေဂက်စ်လှုပ်ရှားမှု အဖွဲ့မှ ဂျက်စမင်း က ပြောသည်။
“တချို့ဒေသတွေက တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့ နေရာဆိုတော့ ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာ မပြောနိုင်တဲ့အတွက် လျော်ကြေးကို တ၀က်ပဲ ပေးတာပါ၊ တရုတ်ပြည်နဲ့ နီးစပ်တဲ့ နေရာတွေမှာတော့ လျော်ကြေး အပြည့် ပေးတယ်လို့ သိရပါတယ်” ဟု ဂျက်စမင်းက ဆိုသည်။
ကချင်ဒေသ စစ်ပြေးဒုက္ခသည် ပိုများလာ
လက်နက်ကိုင်ပဋိပက္ခတွေကနေ ထွက်ပြေးနေရတဲ့ ဒုက္ခသဘ်တွေကို ကုလသမဂ္ဂက ၀င်ရောက်ကူညီဖို့ ကြိုးစားနေချိန်မှာပဲ ကချင်ဒုက္ခသည် အရေအတွက်ဟာ တနေ့တခြား ပိုတိုးလာနေပြီး လိုအပ်ချက်တွေလည်း ပိုများလာနေပါတယ်။ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်သေးတာနဲ့အမျှ ဒုက္ခသည်ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲက ဗန်းမော်ခရိုင်တွင်းမှာ ဒီရက်ပိုင်း ပိုပြီးပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ဒုက္ခသည်တွေဟာ တရုတ်-မြန်မာ နယ်စပ်ဘက်တွေမှာ ပိုပြီးတိုးလာနေတယ်လို့ ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ကချင်ပြည်နယ်တွင်းမှာ ခုချိန်ထိ ပြေလည်မှု မရသေးတာကြောင့်ရော၊ တိုက်ပွဲတွေဟာ ၇ လနီးပါး ကြာနေပြီမို့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ တစထက်တစ ပိုများလာနေတယ်လို့ ကချင်လူမှုရေးအဖွဲ့က မမိုင်းဂျာက ပြောပါတယ်။
“မိုင်ဂျာယန်ဘက်မှာကတော့ ထွက်ပြေးလာတာကတော့ လွင်ကျယ်နဲ့ မိုးမောက်မြို့နယ်ဘက်က ရွာသားတွေ၊ ပြီးရင် လိုင်ဇာနဲ့ မိုင်ဂျာယန်ကြားမှာရှိတဲ့ ဂေါင်လီချိုင့်ဝှမ်းလို့ခေါ်တဲ့ အဲဒီဒေသဘက်က အခုတိုက်ပွဲ ဖြစ်နေတယ်။ အဲဒီဘက်က ဒုက္ခသည်တွေပေါ့၊ ရွာသွားတွေ။ နောက်ပြီးတော့ ရွှေလီမြို့နဲ့ နည်းနည်း မျက်နှာချင်းဆိုင်လိုဖြစ်တဲ့နေရာ နွန်တောင်း လို့ခေါ်တယ်။ တရုတ်ပြည်ဘက်ခြမ်းကပေါ့နော်။ အဲဒီဘက်ကိုလည်း နေ့တိုင်းလိုပဲ ထွက်ပြေးလာတာတွေ ရှိတာက ဗန်းမော်-နမ့်ခမ်း ကားလမ်းကြား ဘယ်ညာမှာရှိတဲ့ ရွာတွေထဲက ရွာသားတွေ။”
မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ် KIO တို့ကြားမှာဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်ဒေသကို ထွက်ပြေးတိန်းရှောင် နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ပြောပါတယ်။ အလားတူ မြန်မာနိုင်ငံထဲက လူမှုရေးအဖွဲ့တွေကလည်း ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတာ ရှိပေမဲ့ အစိုးရဘက်က ကူညီသူတွေအတွက် နယ်မြေသတ်မှတ်ချက် ရှိတာကြောင့် ဘယ်အဖွဲ့အစည်းရဲ့ အကူအညီမျိုးမှ သူတို့ဘက်မှာ မရသေးဘူးလို့လည်း ပြောပါတယ်။
“အခုထက်ထိတော့ မရှိသေးဘူး။ ပေးမယ်ဆိုတာမျိုးတော့ ကြားထားတယ်။ ဒါပေမဲ့ အခုထက်ထိတော့ မရောက်သေးဘူး။ အစိုးရဘက်က ခွင့်ပြုမပြုပေါ့နော် အဲဒီဟာပဲ အဓိကဖြစ်မယ်ထင်တယ်။ ကျမတို့ဆီမှာလည်း အခု လောလောဆယ် တကယ်ပဲ အစားအသောက် အခက်အခဲ၊ နေရာထိုင်ခင်း အခက်အခဲ ပြဿနာတွေ၊ ဆောင်းတွင်းလည်း ဖြစ်တဲ့အတွက်ကြောင့်မိုလို့ စောင်ကအစ အဲဒီဟာတွေ အများကြီး အခက်အခဲဖြစ်နေတယ်။”
အခုလို ဒုက္ခသည်တွေ ပိုတိုးလာတဲ့ အကြောင်းရင်းကတော့ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေတာကြောင့် ဖြစ်တယ်လို့ KIA အဖွဲ့က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“အဓိကကတော့ တပ်မဟာ (၃) တပ်ရင်း (၁၂)၊ တပ်ရင်း (၂၇)၊ တပ်ရင်း (၁၅) နဲ့ တပ်မဟာ (၅)တွေက တပ်ရင်း (၃) ဌာနချုပ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ပါတယ်။ အဲဒီတော့ ဒီ နှစ်ရက်သုံးရက်ကြားထဲမှာပဲ အစိုးရစစ်တပ်တွေက အင်အားတိုးလာတယ်။ ကလေးမှာရှိတဲ့ စကခ (၁၀) တပ်က တက်လာတယ်။ တပ်မဟာ (၉၉) ကလည်း နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ တပ်တွေ ဖြည့်လာရင်တော့ တိုက်ပွဲတွေက ပိုပြီးများလာမှာပဲ။ အဲဒီတော့ သူတို့က ဘာရည်ရွယ်ချက်နဲ့ တပ်မတွေ စကခ တွေကို ထပ်ပြီးတော့ ဘာလို့ပို့နေလဲတော့ ကျနော်တို့လည်း မသိဘူး။ ဒါပေမဲ့ တပ်တွေတိုးလာရင်တော့ တိုက်ပွဲတွေက ပိုများလာဖို့ရှိပါတယ်။”
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ လက်မခံတဲ့ ကချင်အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့နဲ့ အစိုးရက ငြိမ်းချမ်းရေး အဆိုပြုချက်သစ်တရပ်ကို ကမ်းလှမ်းခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လပိုင်းမှာကိုပဲ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO နဲ့ မြန်မာအစိုးရ အဆင့်မြင့် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီဘက်မှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးတာရှိပေမဲ့ ညှိနှိုင်းချက်တွေ မအောင်မြင်ခဲ့ပါဘူး။ ဒါဟာ မြန်မာအစိုးရဘက်က အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က သုံးသပ်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ တနိုင်ငံလုံးသိအောင် ပွင့်လင်းမြင်သာတဲ့ တရားဝင်လမ်းကြောင်းကနေ ဆက်သွယ်တာမျိုး သိပ်မရှိပါဘူး။ အဲဒီတော့ ကျနော်တို့က တရားဝင်ဖြစ်တဲ့လမ်းကြောင်းတွေ ဖြစ်စေချင်တယ်။ အဲဒီတော့ ဘယ်လိုဆွေးနွေးကြသလဲ ဆိုတာတွေလည်း ပြည်သူလူထုတွေကို သေချာပြောဖို့ လိုအပ်တယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ ပွင့်လင်းမြင်သာမှုကို လိုချင်ပါတယ်။ နောက်ဆုံး ကျနော်တို့ ဦးအောင်မင်းတို့နဲ့ တွေ့တဲ့အချိန်မှာတောင်မှာ ဦးအောင်မင်းက ကျနော်တို့ကို တရားဝင် နိုင်ငံတော်ကနေ သူတို့ နှုတ်နဲ့လာတယ်၊ ဒါ ကျနော်တို့ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သူ့ရဲ့မှတ်စုစာရွက်ထဲမှာ ရေးထားတဲ့စာရွက်တစ်ရွက်ကို ဆုပ်ဖြဲပြီးတော့ ပေးထားခဲ့တဲ့အဆင့်ပဲ ဖြစ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့က ဒါကို တရားဝင်ဖြစ်တယ်လို့ ပြောရမှာ တော်တော်ကို ခက်ပါတယ်။”
ကချင် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် အခွင့်အလမ်းတွေ ပွင့်နေတာကြောင့် ငြိမ်းချမ်းပြီး လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကိုရောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြေလည်မှုမရပါက အချိန်မရွေး သေနတ် ပြန်ပေါက်နိုင်ကြောင်း ပြောဆို လိုက်သည်။
မကြာသေးခင်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေးကောင်စီ SSA/ RCSS အဖွဲ့က နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြေလည်မှုမရပါက အချိန်မရွေး သေနတ် ပြန်ပေါက်နိုင်ကြောင်း ပြောဆို လိုက်သည်။
အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့နံနက်က SSA/ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဟန်းသံဃာ၊ ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များအား RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယင်းသို့ ပြောဆိုလိုက်ကြောင်း အခမ်းအနား တက်ရောက်ခဲ့သည့် တပ်မှူးတဦးက အခုလိုပြောသည်။
“အပစ်အခတ် ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးကို ခွဲပြတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ကိုယ့်သေနတ် ကိုယ်ကိုင်ထားပြီး ပစ်ခတ်မှုမလုပ်ဘဲ နှစ်ဦး သဘောတူ ရပ်ထားတာပေါ့။ ငြိမ်းချမ်းရေး ဆိုတာက နိုင်ငံရေးအရ ဖြေရှင်းပြီးတော့ တိုင်းပြည် အေးအေးချမ်းချမ်း ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းကို ပြောပြတာ။ အခုလုပ်တာက အပစ်ရပ်ထားတာပဲ ဖြစ်တယ်။ တကယ်လို့ နိုင်ငံရေး အဆင်မပြေရင် အချိန်မရွေး သေနတ် ပြန်ပေါက်လို့ ရတယ်ပေါ့။”
တချိန်တည်းတွင် RCSS အဖွဲ့က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး အစိုးရအဖွဲ့ အနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ သွေဖယ်နေခြင်း၊ လူ့အခွင့်အရေးများ ပိတ်ပင် တားဆီးခြင်းနှင့် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ဆက်လက် ကျူးလွန်နေပါက မိမိကိုယ်မိမိ ကာကွယ်ရန်နှင့် တိုင်းပြည်နှင့် အမျိုးသားရေးအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
ထို့အပြင် ပြည်နယ်အစိုးရက ဆုံးဖြတ်ချက်ချမှတ်ရန် ခက်ခဲနေသည့် အချက်များအား ပြည်ထောင်စု အစိုးရအဆင့်တွင် ဆက်လက်ဆွေးနွေးရန်နှင့် ယင်းလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရအပေါ် မူတည်သည်ဟုလည်း ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ “နိုင်ငံရေး ဆွေးနွေးပွဲတွေက ရေရှည်ပြုလုပ်ရမယ့် ကိစ္စဆိုတော့ အဲဒီကိစ္စ က နည်းနည်း ကြန့်ကြာ နိုင်တယ်။” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် တပ်မှူးက သုံးသပ် ပြောဆိုသည်။
အပစ်အခတ် ရပ်စဲရေးအတွက် ပထမ အကြိမ် ဆွေးနွေးပွဲကို အစိုးရဘက်မှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲနှင့် SSA/ RCSS ဘက်မှ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ နိုဝင်ဘာလ (၁၉) ရက်နေ့က ထိုင်းမြန်မာ နယ်စပ် တနေရာ၌ တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲ၌ အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက် ဆက်သွယ်ရေးရုံးများ ထားရှိရန်၊ လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ လွတ်လပ်စွာ သွားလာနိုင်ရန်နှင့် နိုင်ငံရေးကိစ္စများကို ပြည်ထောင်စု အဆင့်တွင် ဆွေးနွေးရန် စသည့် ငြိမ်းချမ်းရေးမူ လေးချက်ကို အစိုးရဖက်က တင်ပြခဲ့သည်။
အလားတူ SSA/ RCSS ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာကို လွတ်လပ်စွာ ဖြေရင်းရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဗဟိုဌာနချုပ် နယ်မြေ သတ်မှတ်ပေး ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်ပါဝင်ရေး စသည့် အချက်လေးချက် ကို တင်ပြခဲ့ရာ ၀န်ကြီး ဦးအောင်မင်းက တရားဝင် လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးခဲ့သည်။
ပြည်နယ်အဆင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၂) ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ ပြည်နယ်ဝန်ကြီးချုပ် စောဝ်အောင်မြတ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦး နှင့် SSA/ RCSS ဘက်မှ ဗိုလ်မှူးချုပ် စိုင်းလူး ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးတို့က နှစ်ဖက် တင်ပြချက်(၈) ချက် အား မူအရ လက်ခံခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် ဦးခွန်ဆာ ဦးဆောင်သည့် အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။
ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး
KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။
သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်း ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။
“လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်” ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသားအစည်းအရုံး၊ KNU ဗဟိုကော်မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင်လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခဂိတ်တွင် KNU အဖွဲ့ဝင်ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟိုကော်မတီအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင်အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံစစ်ဆေးလျက်ရှိသည်။
Wednesday, December 7, 2011
ငြိမ်းချမ်းရေးဖခင်မဟတ္တမဂန္ဒီ
နံငယ်ပိုင်လေးကိုသာဝတ်ဆင်ထားပြီးကုတင်တစ်လုံးပေါ်မှာထိုင်နေတဲ့လူ.ငွေကြေးချမ်းသာမူကိုတွက်ကြည်ရင်တော့သူပိုင်ဆိုင်သမျှတွေကိုထုခွဲရောင်းချမယ်ဆိုရင်( ၅သျှီလင်တန်အင်္ဂလိပ်ငွေဒဂါး) ကရောင်းရငွေတစ်ဝက်စာတောင်ရမှာမဟုတ်ဘူး.အဲဒီလူကတော့ အိန္ဒိယပြည်က မဟတ္တမဂန္ဒီပါပဲ..ဒါပေမဲ့ကမ္ဘာပေါ်မှာသန်းကြွယ်သူဌေးတွေထက်သူကတန်ခိုးသြဇာပိုကြီးတယ်..အိန္ဒိယပြည်ကလူတွေဟာ
ရာစုနှစ်ပေါင်းများစွာအထိနိုးကြားမူမရှိကြဘူး..(ပေါင် ၁၀၀ )မပြည်တဲ့ အင်အားချိနဲ့နေတဲသူက သူတိုင်ပြည်သူလူမိုးနိုးကြားလာအောင်လူံဆော်ပေးခဲ့တယ်..သူရဲ့ကြီးမားတဲ့စွမ်းအင်တွေကိုအိန္ဒိယပြည်သူတွေသဘောပေါက်လာအောင်သူကပြုပြင်ပြောင်းလွဲမူတွေကိုလုပ်
ဆောင်ခဲ့တယ်..ကမ္ဘာမှာသူရဲ့လုပ်ဆောင်ဟာအိန္ဒိယနိုင်ငံအတွက်ကောင်းမွန်တဲ့အကူ်းဆက်တွေကိုသက်
ရောက်စေခဲ့တာကိုအိန္ဒိယပြည်သူတွေသိရှိသွားခဲ့တယ်...သူမှာထူးခြားတဲ့ဝိသေသများစွာရှိခဲ့တယ်..
သူမှာသွားတု(အံကပ်)တစ်စုံရှိတယ် အဲဒါလေးကိုနံငယ်ပိုင်းအဝတ်ခေါက်ထဲမှာထည်ပြီးသွားလေရာယူသွား
လေ့ရှိတယ်..အစားအသောက်စားချင်ရင်တော့အံကပ်လေးကိုထုတ်ပြီးပါးစပ်ထဲ့ထည်တယ်..စားသောက်ပြီး
ရင်တော့ရေဆေးသန့်စင်ပြီးပြန်သိမ်းထားလေ့ရှိတယ်..သူဟာအိုင်ရစ် လေသံနဲ့ အင်္ဂလိပ်စကားကိုပြော
တယ်..ဘာလို့လည်းဆိုတော့ အင်္ဂလိပ်စာနဲ့ပက်သက် ပြီး အိုင်ယာလန်လူမိုးတစ်ဦးက သူလက်ဦး
ဆရာတွေထဲကတစ်ယောက်ဖြစ်နေခဲ့လို့ပဲ..သူဟာနံငယ်ပိုင်းလေးကလွဲလို့ဘာမှမဝတ်ဆင်ခဲ့ဘူး..
ပိုးဦးထုပ်နဲ့ဖိနပ်အပေါ်ပိုင်းခြေမျက်စိထိဖုံးထားတဲ့သားရေဝက်စုံနဲ့ လက်ကိုင်ကြိမ်တုတ်ကိုတော့ နှစ်ပေါင်းများကြာအောင်အင်္ဂလန်မှာသူနေထိုင်ခဲ့တဲ့အချိန်မှာတော့သူဝတ်ဆင်ခဲ့ဘူးတယ်..
သူဟာဥပဒေဘွဲကိုအင်္ဂလန်တက္ကသိုလ်နေရယူခဲ့တယ်..ဘွဲရပြီးနောင်သူရှေ့နေအလုပ်ကိုဝင်ရောက်လုပ်
ကိုင်ခဲ့တယ်..လုပ်ငန်းခွင်ဝင်တဲ့ပထမနေ တရားမှာ သူစကားပြောဖို့ကြီုးစားတော့စိတ်တွေလူပ်ရှားပြီးဒူးတွေ
တုန်နေတယ်......ကြောက်လွန်းလို့လက်လျှော့အရူံးပေးပြီးကမောက်ကမနဲ့ထိုင်ချခဲ့ရတယ်..အဲဒီနောက်မှာတော့သူဟာ.လန်ဒန်မှာရှေ့နေတစ်ယောက်အဖြစ်အောင်မြင်မှာမဟုတ်ဘူးဆိုတာသူသိရှိ
သွားခဲ့တယ်..နှစ်ပေါင်းတော်တော်များများကအင်္ဂလန်ကိုသူပထမဦးဆုံးအကြိမ်ရောက်တော့သူရဲ့အိုင်ယာ
လန်လူမိုးသူဆရာက အသျှင် ခရစ်တော် တောင်ပေါ်မှာဟောကြားတဲ့တရားတော်ကို အင်္ဂလိပ်စာတော်
လာအောင်လေ့ကျင့်ပေးတဲ့သင်ခန်းစာတစ်ခုဖြစ်ထပ်ခါတလဲလဲကူးခိုင်းဖူးတယ်..သူကလည်းနာရီပေါင်းအတော်ကြာကြာကူးယူရေးသားခဲ့တယ်...အဲ့ဒီအချိန်ကစပြီးသူရင်ထဲ့မှာစွဲနေတဲ့စကားလေးတွေဝင်ရောက်ခဲ့တယ်..အဲဒါတွေကတော့....နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏ အကြောင်းမူကထို့လူတို့သည်မြေကိုပိုင်ကြလိမ့်မည်.
ခိုက်ရန်မလိုသော သူတို့သည်မင်္ဂလာရှိကြ၏ အကြောင်းမူက ထို့သူတိုသည် ဘုရားသခင်၏သားတော်
ဟုအခေါ်ခံရမည်....တစ်ခါတော့ရရန်ရှိတဲ့အကြွေးတွေတောင်းရန် တောင်အာဖရိကတိုက်ကိုသူရောက်
ခဲ့တယ်..အဲဒီမှာသူက အသျှင် ခရစ်တော် တောင်ပေါ်မှာဟောကြားတဲ့တရားရဲ့ ဒသာန ကိုအသုံးချကြည်
လိုက်တဲ့အခါတော့သူအောင်မြင်မူတွေရရှိသွားတယ်..အဲဒီအခါမှာသူဘေးကိုအမူသည်တွေဝိုင်းအုံလာကြ
တော့တာပဲ..ဘာလို့လည်းဆိုတော့တရားရုံးရဲ့ပြင်မှာသူတိုရဲ့တောင်ဆိုမူပြသနာတွေအချိန်ကုန်ငွေကုန်တဲ့
နည်းနဲ့ဖြေရှင်းပေးနိုင်ခဲ့လိုပဲ..အဲဒီနောက်မှာတော့သူဟာတစ်နှစ်ကို ပေါင် သုံးထောင်လောက်ဝင်ငွေရှိလာတယ်...တရားတော်၏ဒသာနအရ နူးညံ့မူက မြေကို ပိုင်စေခဲ့ပြီးလေ..
သူဟာသူရဲ့အောင်မြင်မူတွေကိုဝမ်းမြောက်ဝမ်းသာမူလုံးဝမရှိခဲ့ပါဘူး ဘာလို့လည်းဆိုတော့အိန္ဒိယနိုင်ငံသား
သူလုပ်ဖေါ်ကိုင်ဖက်..သူငယ်ချင်းရောင်းရင်းတွေဟာ စိတ်ဆင်းရဲမူတွေဒုက္ခတွေကြုံနေပြီးအစာရေစာငတ်
ငြတ်ပြီးသေဆုံးခဲ့ရတာကိုသူကိုယ်တိုင်မျက်မြင်ကိုယ်တွေကြုံခဲ့ဖူးလိုပါဘဲ..သူအတွက်အောင်မြင်မူတွေ..လောကီစည်းစိမ်တွေဟာဘာမှအရေးမပါလိုထင်မြင်မိပြီးသူရဲ့ပိုင်ဆိုင်မူအားလုံးကိုစွန့်လွှတ်ခဲ့တဲ့နောက်
ဆင်းရဲမူကိုခံယူကာ....နောက်ပိုင်းမှာဆင်းရဲသားတွေအဖိနှိပ်ခံတွေကူညီဖို့သူဘဝတစ်ခုလုံးကိုမြှုပ်နှံခဲ့တယ်
အိန္ဒိယပြည်ကလူတော်တော်များများရဲအခြေအနေတွေဟာမျှော်လင့်ချက်မရှိအောင်ဆိုးလွန်းလို့သူက..
သားဆက်ခြားဖို့...ကလေးမွေးဖွားနူန်း လျှော့ဖို့ ရပ်ဖို့တောင်းပန်ခဲ့ရတယ်.ဘာလို့လည်းဆိုတော့ကလေးမွေးဖွားခြင်းနဲ့အတူ..လိုအပ်ချက်တွေ..ဒုက္ခ တွေပိုမိုများပြားလာလို့ဘဲ့...
နောက်ပိုင်းမှာတော့..သူဟာလူတစ်ယောက်ကျန်းမာပြီးအသက်ရှင်နေထိုင်နိုင်ရန်အတွက်ဘယ်
လောက်အထိသက်သက်သာသာနဲ့..စားသောက်နေထိုင်နိုင်မလည်းဆိုတာစမ်းသပ်မူတွေကိုပြုလုပ်ခဲ့တယ်
သူကိုယ်တိုင်လည်းသစ်သီးဝလံ..ဆိတ်နို့ သံလွင်ဆီရယ်ကိုအဓိကထားစားသုံးပြီးနေထိုင်တယ်.....
အမေရိကန်လူမိုး ဒေးဗစ်သရူးရဲ့အရေးအသားရှေဆောင်လမ်းပြမူရဲ့လွမ်းမိုးမူကိုသူအတော်လေးခံခဲ့ရတယ်.
လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ လောက်က အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်ကနေ ဒေးဗစ်ဟာဘွဲရခဲ့သူ
ဖြစ်ပါတယ်...ဒေးဗစ်ဟာ မတ်ဆာခူးပြည်နယ်ကဝေါလ်ဒန်ရေအိုင်အစပ်မှာ ၁၀ ပေပက်လည်အခန်း
ကလေးမှာသူတော်စင်ရသေ့လို့နေထိုင်တယ်..သူကအခွန်အခတွေပေးဖို့ငြင်းဆန်တဲ့အတွက်သူထောင်ကျ
တယ်...အဲ့ဒီအချိန်မှာလူတွေကသူရေးတဲ့စာအုပ်ကိုနည်းနည်းလေးတောင်သတိမပြု..အလေးမထားမိကျဖူး.
ဒါပေမဲံနောင်နှစ်ပေါင်း ၇၅ နှစ်မှာတော့အဲဒီစာအုပ်ကိုဂန္ဒီဖတ်ဖြစ်တယ်...ဒေးဗစ်ရဲ့နည်းဗူးဟာကိုသုံးဖို့.
ဆုံးဖြတ်လိုက်တယ်..အိန္ဒီယပြည်နယ်ကိုအင်္ဂလိပ်အစိုးရက ကိုယ်ပိုင်အုပ်ခူပ်ခွင့်ပေးမယ်ဆိုတဲ့ဂတိကို
ဖျက်လို့ဂန္ဒီခံစားရတယ်..အိန္ဒိယလူမိုးတွေ အင်္ဂလိပ်အစိုးရကိုအပြစ်ပေးဖို့သူကတိုက်တွန်းတယ်...အင်္ဂလိပ်
အစိုးရကိုအခွန်အခပေးဆောင်ဖို့ထက်ထောင်ကျခံဖို့..အင်္ဂလိပ်ကုန်ပစ္စည်းတွေကိုသပိတ်မှောက်ဖို့တိုက်
တွန်းတယ်..ဗြိတိသျှအစိုးရက ဆားခွန်တော်ကောက်တဲ့အခါဂန္ဒီကအိန္ဒိယပြည်သူတွေကိုဦးဆောင်ပြီး
ပင်လယ်ကမ်းခြေကိုသွားပြီးကိုယ်တိုင်ဆားချက်တယ်..အိန္ဒိယပြည်မှာ လူပေါင်း သန်း ၆၀ လောက်က
ဟိန္ဒူဘာသာအယူဝါဒအရ ဇက်နိမ့်တွေလို့သတ်မှတ်ခံနေကြရတယ်..ဇာက်နိမ့်သူတွေဟာ အများသောက်
သုံးတဲ့တွင်းရေတို့ ရေကောင်းရေသန့်တို့ကိုသောက်သုံးခွင်မပေးဘူး...လမ်းဘေးကချောင်းတွေ မြောင်းတွေ
ထဲ့ကရေဘဲ့သောက်ရမယ်...ဇက်နိမ့်သမားတွေကိုရွံစရာကောင်းတဲ့စက်ဆုတ်ဖွယ်ရာလူသားတွေအဖြစ်
သတ်မှတ်ခံထားရပြီးဖြစ်တဲ့အတွက်စားသောက်ဆိုင်တွေ...ကုန်စုံဆိုင်မှာဝင်ရောက်ဖို့ရာဝံရဲမှာမဟုတ်
ဘူး.....ဝင်ခွင်လည်းမပြုဘူး...ဇက်နိမ့်သမားတွေကဆိုင်ကခပ်လှမ်းလှမ်းမှာရပ်နေပြီးသူတိုလွှင်ပြစ်ပြီး
ပေးလိုက်တဲ့အစားအသောက်တွေကိုဘဲ့စားသောက်ရတယ်....ဇက်နိမ့်သမားအနေနဲ့တရားရုံးကိုဝင်ခွင့်
မရှိသလိုအများပြည်သူသွားနေတဲ့လမ်းတွေပေါ်ကလည်းပေ ငါးရာအတွင်ကလျှောက်သွားခွင့်မရှိဘူး
ကျောင်းနေခွင့်မရှိဘူး ..နောက်ဆုံးဇက်နိမ့်သမားတစ်ဦးရဲ့အရိပ်ဟာအစားအသောက်တစ်ခုပေါ်ကျ
သွားရင်တောင်မှအဲဒိအစာစအစားကိုမကောင်းအစားအစားအဖြစ်သတ်မှတ်ပြီးလွှတ်ပစ်တက်ကျတယ်.
အဲ့ဒီလိုအဖြစိဆိုးတွေဟာကမ္ဘာမှာအင်မတန်မှကြေကွဲစရာအကောင်ဆုံးဖြစ်ရပ်တွေပဲ...ဇက်နိမ့်သမားရဲ့
အခွင့်အရေးအတွက်တိုက်ပွဲဝင်ဖို့ဂန္ဒီ သူဘဝကိုမြှုပ်နှံခဲ့တယ်..ဇက်နိမ့်မိန်ကလေးတစ်ယောက်ကိုမွေးစား
ပြီးသမီးအရင်းအဖြစ်နဲ့ကြီးပြင်းအောင်မွေးဖြူစောက်ရှောက်ခဲ့တယ်...လူသန်းပေါင်းများစွာကတော့သူကို
သူတော်စင်အဖြစ်သတ်မှတ်ကြတယ်..ကျန်တဲ့တစ်ခြားလူတွေကတော့ ဟိန္ဒူနတ်ဘုရားတစ်ပါးဝင်စား
တယ်လို့ယုံကြည်နေကြတယ်...လောဘတွေ အတ္တမာနတွေလွမ်းမိုးနေတဲ့လောကကြီးထဲ့မှာသူကတော့
သူရဲ့ကိုယ်ကိုးအတွက်ဘာတစ်ခုမှမလုပ်ဘဲ့အများအသက်ရှင်နေထိုင်နိုင်ရေးအတွက်သူအသက်ကိုပင်
အသေခံဖို့အမြဲအဆင်သင့်ရှိနေတဲ့လူသားတစ်ဦးပါဘဲ......သူကတော့မဟတ္တမဂန္ဒီပေါ့......

Subscribe to:
Posts (Atom)