ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာခူပ် (Convention on theRights of the Child
CRC ) နှင့်ပက်သက်သောအယူအဆသည် ၁၉၇၉ ခုနှစ် ကလေးများနှစ်ကိုကျင်းပရန်စီစဉ်ရာမှစတင်ပေါ်
ပေါက်လာခဲ့သည်.စာခူပ်မူကြမ်းအတွက်အဓိကတာဝန်ကို ၁၉၇၈ ခုနှစ်တွင်ပိုလန်နိုင်ငံမှဦးဆောငိရေးဆွဲခဲ့
သည်။မူကြမ်းရေးဆွဲမူသည် ၁၉၇၈ မှ ၁၉၈၉ အထိကြာမြင့်ခဲ့သည်မူလရေးဆွဲခဲ့သောမူကြမ်းကိုအခြေခံပြီး
အစိုးရများနှင့်အစိုးရမဟုတ်သောအဖွဲ့များကထပ်မံဖြည့်စွက်ပြီးလုပ်ဆောင်ခဲ့ကြသည်။ကမ္ဘာကျန်မာရေးအဖွဲ့
(WHO) အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ( ILO )စသည့်အဖွဲ့များ၏တင်ပြချက်များကိုလည်းလက်ခံသုံး
သပ်ခဲ့ကြပြီး ၁၉၈၉ ခုနှစ်နိုဝင်ဘာလ ၂၀ ရက်နေ့တွင်ကျင်းပသောကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံမှ
ကလေးသူငယ်များများအခွင့်အရေးဆိုင်ရာသဘောတူစာခူပ်ကိုပြဌာန်းခဲ့ပြီး၁၉၉၀ ခုနှစ်တွင်သက်မှတ်ထား
သောနိုင်ငံ ၂၀ ပြည်သွားသဖြင့်စာခူပ်အသက်ဝင်လာခဲ့သည်..မြန်မာနိုင်ငံသည် ထို့ကလေးသူငယ်များဆိုင်
ရာသဘောတူစာခူပ်ကို ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် အတည်ပြုလပ်မှတ်ရေးထိုးခဲ့သည်။
ထို့ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာခူပ်တွင်ပါဝင်သောကလေးအခွင့်အရေးများကို အကြမ်းအားဖြင့်အမိုးအစားလေးမိုးခွဲခြားထားသည်ကိုအောက်ပါအတိုင်းတွေရှိမှတ်သားရသည်ငုင်းတို့မှာ
၁--အသက်ရှင်ရပ်တည်ခွင့်အခွင့်အရေးများ (Survival Rights )
၂--ဖွံ့ဖြိုးမူဆိုင်ရာအခွင့်အရေးများ ( Development Rights )
၃--ကာကွယ်မူဆိုင်ရာအခွင့်အရေးများ ( Protection Rights )
၎--ပါဝင်ဆောင်ရွက်မူဆိုင်ရာအခွင့်အရေးများ ( Participation Rights ) တို့ဖြစ်သည်။
ကလေးသူငယ်များဆိုင်ရာသဘောတူစာခူပ်တွင်ပါဝင်သောအချက်များ
အပိုဒ် ( ၁ )--အသက်သတ်မှတ်ချက် ၁၈ နှစ်။
အပိုဒ် ( ၂ )--မည်သည်ကလေးကိုမှခွဲခြားခြင်းမရှိရ။
အပိုဒ် ( ၃ )--နိုင်ငံတော်အစိုးရက ကလေးများနှင့်သက်ဆိုင်သောကိစ္စများတွင်ကလေးများအတွက်
အကောင်ဆုံးအကိုးကိုလေးစားလုပ်ဆောင်ပေးရန်။
အပိုဒ် ( ၄ )--ကလေးများအခွင့်အရေးကိုကာကွယ်ရန်အတွက်နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ
အစွမ်းကုန်ကာကွယ်လုပ်ဆောင်ရန။်
အပိုဒ် ( ၅ )--ကလေးအခွင့်အရေးနှင့်လျော်ညီသောမိဘများ၏တာဝန်ယူထိမ်းသိမ်းလမ်းညွန်ခွင့်ကို့
အစိုးရကလေးစားရန်။
အပိုဒ် ( ၆ )--ကလေးများ၏အသက်ရှင်ရပ်တည်ခွင့်.ဖွံ့ဖြိုးတိုးတက်ခွင့်။
အပိုဒ် ( ၇ )--အမည်မှည်ပိုင်ခွင့်နှင့်မွေးစာရင်းမှတ်ပုံတင်ခွင့်။
အပိုဒ် (၈ )--ကလေးများ၏မိဘမိုးရိုး နောက်ကြောင်းအပါအဝင်ကိုယ်ရေးအချက်အလက်များသိရှိခွင့်ကို့
အစိုးရမှလေးစားရန်။
အပိုဒ် ( ၉ )--အတက်နိုင်ဆုံးမိဘများနှင့်မခွဲရန် သို့သော် ကလေးများအတွက်အကောင်ဆုံးအကိုး
ဖြစ်ပါကမိဘများနှင့်ခွဲထားနိုင်ခြင်း။
အပိုဒ် (၁၀ )--မိသားစုချင်းပြန်လည်တွေနိုင်ရန်အတွက်နိုင်ငံအတွင်းလာရောက်ခွင့်.ထွက်ခွါခွင့်ပြုရန်။
အပိုဒ် ( ၁၁ )--ကလေးများအားနိနုင်ငံခြားသို့ပြန်လမ်းမရှိခေါ်ဆောင်ခြင်းမှကာကွယ်ပေးရန်။
အပိုဒ် (၁၂ )--ကလေးငယ်များ၏အတွေးအမြင်အယူအဆများကိုတင်ပြခွင့်-ကလေးများနှင့်ပက်သက်သော
ဆုံးဖြတ်ချက်များရာတွင်ထို့အယူအဆများကိုထည်သွင်းစဉ်စားခြင်းလုပ်ဆောင်ရန်။
အပိုဒ် ( ၁၃ )--ကလေးငယ်များ၏လွတ်လပ်စွာပြောဆိုခွင့်-သတင်းများရယူခွင့်။
အပိုဒ် (၁၄ )--ကလေးငယ်များ၏လွတ်လပ်စွာတွေးခေါ်ခွင့်-ယုံကြည်ကိုးကွယ်ခွင့်။
အပိုဒ် ( ၁၅ )--ကလေးများ၏လွတ်လပ်စွာအဖွဲ့အစည်းဖွဲ့ခွင့်-စုဝေးခွင့်။
အပိုဒ် ( ၁၆ )--ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုမတရားစွက်ဖက်မူမှကင်းဝေးရေး။
အပိုဒ် (၁၇ )--ကလေးများ၏လူမူရေး-ယဉ်ကျေးမူနှင့်စာရိတ္တဖွံ့ဖြိုးတိုးတက်ရေးအတွက်လူထုသင်တန်း
များကလုပ်ဆောင်ပေးရန်။
အပိုဒ် (၁၈ )--ကလေးများ၏ဖွံ့ဖြိုးတိုးတက်မူအတွက် အဓိကတာဝန်ရှိသောမိဘအုပ်ထိမ်းသူများကို့
နိုင်ငံတော်မှလိုအပ်သောအကူအညီထောက်ကူမူများပေးရန်။
အပိုဒ် (၁၉ )--ကလေးများအားရုပ်ပိုင်းစိတ်ပိုင်းနှိပ်စက်မူမှကာကွယ်ရန်နိုင်ငံတော်မှလိုအပ်သောအရေးယူမူ
များလုပ်ဆောင်ပေးရန်။
အပိုဒ် ( ၂၀ )--မိသားစုနှင့်ဝေးကွာနေသောကလေးများအားနိုင်ငံတော်မှကူညီကာကွယ်မူများပြုလုပ်ပေးရန်
အပိုဒ် ( ၂၁ )---ကလေးများ၏အကောင်းဆုံးအကိုးဖြစ်ပါကမွေးစားခြင်းကိုနိုင်ငံတော်အစိုးရမှခွင့်ပြုရန်
အပိုဒ် ( ၂၂ )--ဒုက္ခသည်ကလေးများအားလိုအပ်သောကူညီကာကွယ်မူများကိုအစိုးရမှလုပ်ဆောင်ပေးရန်။
အပိုဒ် ( ၂၃ )--ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကူညီမူအထူးလိုအပ်သောကလေးများကိုအခြားကလေးများတန်းတူ
ဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်အစိုးရမှလုပ်ဆောင်ပေးရန်။
အပိုဒ် ( ၂၄ )--ကလေးများအတွက်အမြင့်မားဆုံးကျန်းမာရေးရှောက်မူရရှိစေရေးအတွက်နိုင်ငံတော်
အစိုးရမှလုပ်ဆောင်ပေးရန်။
အပိုဒ် ( ၂၅ )--စောင့်ရှောက်ရေးဌာနများလက်အောက်ရှိကလေးများကိုအချိန်မှန်ဆန်းစစ်ခွင့်ရှိရန်။
အပိုဒ် ( ၂၆ )--ကလေးများလူမူဖူလုံရေးအခွင့်အရေးရရှိရန်။
အပိုဒ် ( ၂၇ )--လုံလောက်သောလူနေမူဘဝအဆင့်အတန်းရရှိရေး။
အပိုဒ် ( ၂၈ )--မူလတန်းပညာမသင်မနေအပါအဝင်တန်းတူပညာသင်ခွင့်။
အပိုဒ် (၂၉ )--ကလေးများ၏ကိုယ်ရေကိုယ်သွေးနှင့်ဗလငါးတန်တိုးတက်စေသောပညာရေးဖြစ်ရေး။
အပိုဒ် (၃၀ )--တိုင်းရင်းသားနှင့်မူရင်းဌာနေလူမိုးစုဝင်ကလေးများ၏ယဉ်ကျေးမူဘာသာစကားကို
ကာကွယ်ပေးရန်။
အပိုဒ် ( ၃၁ )--ကလေးငယ်များအပန်းဖြေနားနေခွင့်။
အပိုဒ် (၃၂ )--မတရားစီးပွားရေးအမြတ်ထုတ်မူ..စေခိုင်းမူတို့မှကာကွယ်ပေးရေး။
အပိုဒ် (၃၃ )--ကလေးများမူယစ်ဆေးဝါးလုပ်ငန်းများတွင်ပါဝင်စေမူမှကာကွယ်ပေးရေး။
အပိုဒ် (၃၄ )--ကလေးငယ်များအားလိင်ပိုင်းဆိုင်ရာစော်ကားအမြတ်ထုတ်မူမှကာကွယ်ပေးရေး။
အပိုဒ် ( ၃၅ )--ကလေးငယ်များအားနည်းမူ်းစုံဖြင့်ကူးသန်းရောင်ဝယ်ခြင်းမှကာကွယ်ပေးရေး။
အပိုဒ် ( ၃၆ )--ဥပဒေများက ကလေးငယ်များ၏ဘဝကိုထိခိုက်စေမည်အဂတိအစွဲများမှကာကွယ်ပေးရေး။
အပိုဒ် ( ၃၇ )--ကလေးငယ်များအား မတရားအပြစ်ပေးနှိပ်စက်ခြင်း.သေဒဏ်ပေးခြင်းတို့မှကာကွယ်ပေးရေး
အပိုဒ် (၃၈ )--အသက် ၁၅ နှစ်အောက်ကလေးများအားစစ်မူထမ်းစေခြင်းမှကာကွယ်ပေးရေး။
အပိုဒ် (၃၉ )--စော်ကားပစ်ပယ်ခံကလေးများအားပြန်လည်နာလန်ထစေရန်လူမူအသိုင်းအဝိုင်းအတွင်း
ပြန်လည်နေရာတကျဖြစ်ရန်လုပ်ဆောင်ပေးရေး။
အပိုဒ် ( ၄၀ )--ရာဇဝက်မူနှင်ပတ်သက်နေသောကလေးများကိုကလေးဥပဒေဖြင့်သာကိုင်တွယ်ဖြေရှင်းရန်။
“အထူးသဖြင့် ဒီဒေသတ၀ိုက်မှာနေထိုင်တဲ့ လူထုတွေဟာ စက်ရုံတည်ဆောက်တုန်းက အဓိက ဆိုးကျိုးခံခဲ့ရတဲ့လူတွေဖြစ်တယ်။ ထွက်လာတဲ့ရလဒ်ကလည်းပဲ သူတို့က အဓိက ခံစားရမယ့်လူ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် အဲသလို မဟုတ်ဘူးဗျ။ ကျနော်တို့ ကရင်နီပြည်သူတရပ်လုံးကလည်းပဲ မီးအလုံအလောက်ရတဲ့ အဆင့်မှာ မရှိဘူးဆိုတော့ ကျနော်တို့ အကျိုးခံစားခွင့်ဟာ ဒေသခံတွေမှာ ဘာမှ မရှိဘူး ဆိုတာကို ဂျပန်အစိုးရကိုပြန်ပြီး စဉ်းစားစေချင်တယ်” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး-၁ ခူဦးရယ်က ပြောသည်။
လွန်ခဲ့သည့် ၂၀၀၃-၄၊ ၂၀၀၆ ခုနှစ်များက ဂျပန်အစိုးရမှ လူမှုရေးစာနာထောက်ထားသည့် အကူအညီဖြင့် လောပိတရေအားလျှပ်စစ် စက်ရုံကို ပြန်လည်မွမ်းမံခဲ့ပြီးဖြစ်သော်လည်း ယခုအခါတွင် စက်ရုံတခုလုံးအား ပြန်လည်မွမ်းမံရန် လိုအပ်နေပြီဖြစ်သည်။ သို့သော် ယခုတခါ ဂျပန်အစိုးရအနေဖြင့် လောပိတရေအားလျှပ်စစ်အား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ - Oversea Development Assistance အထောက်အပံ့ဖြင့် ပြန်လည်မွမ်းမံရန် ထောက်ပံ့ကူညီသွားမည်ဆိုပါက အကျိုးခံစားခွင့်ရှိသူများအရေးကို ထည့်သွင်းစဉ်းစားပေးရန် လိုသည်ဟု ဆိုသည်။
“စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဦးစွာ ခံစားရမည့်သူများ ဖြစ်သကဲ့သို့ အကျိုးရလဒ်ကို ဦးစားပေးစံစားရမည့်သူများ ဖြစ်သည်ကို ဂျပန်အစိုးရနှင့် ဗမာအစိုးရတို့အနေဖြင့် သိရှိထားသင့်ပြီး ကူညီပံ့ပိုးမှုကို အလေးပေးစဉ်းစားပေးသင့်ပါကြောင်း မိမိတို့မှ အလေးအနက်ထား တောင်းဆိုအပ်ပါသည်” ဟု KNPP မှ နိုဝင်ဘာလ ၆ ရက်နေ့ဖြင့် ထုတ်ပြန်လိုက်သော ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန်အစိုးရမှ လောပိတရေအားလျှပ်စစ်စက်ရုံအား ပြန်လည်ပြုပြင်မွမ်းမံသွားမည့် လုပ်ငန်းစဉ်ကို မကန့်ကွက်သော်လည်း ရရှိလာသည့် အကျိုးကျေးဇူးများကို ကရင်နီပြည်သူများအနေနှင့် မျှဝေခံစားခွင့်ရရှိရန် မြန်မာအစိုးရကို ဖိအားပေးသည့်သဘောသာဖြစ်သည်ဟု ပြောသည်။
လောပိတ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းစတင်တည်ဆောက်ခဲ့စဉ်က ဒေသခံကရင်နီပြည်သူ ၁၂၀၀၀ ကျော်တို့သည် မိမိတို့ နေရပ်ရင်းမှ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံခဲ့ကြရသည်။ မြန်မာအစိုးရမှ စီမံကိန်းလုံခြုံရေးကို အကြောင်းပြချက်ဖြင့် တပ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံနှင့် မြန်မာပြည်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားတာဝါတိုင်များ၏ လုံခြုံရေးတို့အတွက် မြေမြှုပ်မိုင်း အလုံးပေါင်း ၁၈၀၀၀ ခန့် ထောင်ထားခဲ့သည်ဟု နိုဝင်ဘာလ-၂ ရက်နေ့က ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ KDRG မှ ထုတ်ပြန်လိုက်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
“ဒီနေ့အထိ လောပိတ အနီးတ၀ိုက်မှာ မြေမြုပ်မိုင်းတွေ ရှိနေတုန်းပါပဲ” ဟု KDRG တာဝန်ခံ ခူတော်ရယ်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့၏ နှစ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြစဉ်က ကရင်နီပြည်နယ် လောပိတအရပ်တွင် တည်ဆောက်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စက်ရုံအား အိုဒီအေ အကူအညီဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရန် သဘောတူခဲ့ကြသည်။
မြန်မာပြည်၏ ဆိုးဝါးလှသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်နေခဲ့သည့်အတွက် ဂျပန်အစိုးရမှ မြန်မာပြည်အား ပေးနေသည့် အိုဒီအေအထောက်အပံ့ကို ၁၂နှစ်ခန့် ရပ်တန့်ထားပြီးမှ ယခုတခါ ပြန်လည်ပေးသွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
လောပိတ ရေအားလျှပ်စစ် စက်ရုံကို ၁၉၆၀ ခုနှစ်အနှောင်းပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အပေါ် တင်ရှိနေသည့် စစ်လျော်ကြေးဖြင့် ဂျပန်အစိုးရ၏ အကူအညီနှင့် စတင်တည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၆၈ မီဂါဝပ်ရှိ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးလျက်ရှိသည်။
ကရင်နီပြည်နယ်တွင် လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ်-၁နှင့် အမှတ်-၂ ဟူ၍ရှိသော်လည်း အဆိုပါစက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓါတ်အားအများစုကို မြန်မာပြည်ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပြင် အစိုးရလုပ်ငန်းစက်မှုဇုံနယ်များတွင်သာ အဓိက ပို့ဆောင်အသုံးပြုနေပြီး ဒေသခံကရင်နီပြည်သူ ၈၀ ရာခိုင်နှုန်းမှာ ယနေ့တိုင် လျှပ်စစ်မီးများ ရရှိခံစားရခြင်းမရှိကြသေးကြောင်း သိရသည်။

