Friday, May 11, 2012

ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင်








ယနေ့ ရုပ်သံသတင်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတွင် တွေ့ရသော စိုင်းနော်ခမ်း

လာအိုအာဏာပိုင်တို့သည် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသူဟု စွပ်စွဲခံနေရသည့် မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ယနေ့ လွဲအပ်လိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်သင်္ဘောသားများအား သတ်ဖြတ်မှုတွင် နော်ခမ်းနှင့် သူ၏ နောက်လိုက်များ၊ ထိုင်းစစ်သားတချို့တို့ ပါဝင်ပတ်သက်နေသည်ဟူသော သက်သေအထောက်အထား ရှိနေသည်ဟု တရုတ်အရာရှိကြီးတဦး၏ ပြောဆိုချက်ကို ဆင်ဟွာသတင်းဌာန သတင်းတပုဒ်တွင် ရေးထားသည်။
သင်္ဘောသားများ သတ်ဖြတ်ခံရစဉ်က ထိုအမှုသည် နော်ခမ်းတို့၏အဖွဲ့၏ လက်ချက်များဖြစ်သည်ဟု ဒေသတွင်း လုံခြုံရေးအရာရှိတို့က သံသယ ရှိခဲ့ကြသည်။
မူးယစ်ရာဇာ စိုင်းနော်ခမ်းအား ထိုသို့ သံသယဖြစ်နေကြစဉ်မှာပင် ထိုင်းစစ်သား ၉ ဦး တို့က ထိုသတ်ဖြတ်မှုကို ကျူးလွန်မိသည်ဟု ဆိုကာ ထိုင်းအာဏာပိုင်တို့ထံတွင် အဖမ်းခံခဲ့ရာ ၎င်းတို့ကို ယခုအချိန်ထိ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် အဖွဲ့သည် ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံဒေသတွင် အခြေစိုက် လှုပ်ရှားသော အဖွဲ့ဖြစ်ပြီး ထိုနိုင်ငံများအား ဖြတ်သန်း စီးဆင်းရာ မဲခေါင်မြစ်တလျှောက် လူသတ်မှု၊ မူးယစ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအတွက် တာဝန်ရှိသည်ဟု ယူဆခံထားရသည်။
စိုင်းနော်ခမ်းအား လာအိုနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး ၂ ပတ် အကြာတွင် လာအိုအရာရှိများက တရုတ်အရာရှိများလက်သို့ သူ့အား လွဲအပ်လိုက်သည်။ ထိုသို့ လွဲအပ်သည့် အခမ်းအနားကို တရုတ် တီဗီသတင်းများတွင် ထုတ်လွှင့် ပြသခဲ့သည်။ သူနှင့်အတူ ဖမ်းဆီးခံရသည့် သူ၏ နောက်လိုက်များနှင့် ပတ်သက်ပြီး သတင်းများတွင် ဖော်ပြထားခြင်း မတွေ့ရချေ။
ယခင်က သတင်းတချို့တွင် သူ့အား ဖမ်းဆီးရမိသည့်နေ့ကပင် တရုတ်ပြည်သို့ ပို့ဆောင်လိုက်သည် ဖော်ပြခဲ့ဖူးသည်။

လာအိုနိုင်ငံ တနေရာတွင် ပြုလုပ်သည့် တရားခံ လွဲအပ်ခြင်း အစီအစဉ်
နှစ်နိုင်ငံအရာရှိများရှေ့တွင် ဒူးထောက်ထိုင်နေရသော စိုင်းနော်ခမ်း
တရုတ်လေယာဉ်ပေါ်သို့ တင်ဆောင်စဉ် နှစ်နိုင်ငံ လုံခြုံရေးအရာရှိများ၊ သတင်းသမားများ ၀န်းရံနေပုံ

တရုတ်နိုင်ငံသို့ ရောက်ရှိပြီး လေယာဉ်ပေါ်မှအဆင်း စွဲချက်များအား နားထောင်နေသော နော်ခမ်း
သူ့အား ဖမ်းဆီးရန် ထုတ်ပြန်ထားသည့် ၀ရမ်း နှင့် စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုး လက်ဗွေနှိပ်နေသော စိုင်းနော်ခမ်း
လက်မှတ်ထိုးပြီးနောက် သူ့အား ကားဖြင့် တင်ဆောင်သွားသည်



Friday, May 4, 2012

ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး

----------ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို (ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်
ဧက ၁၀၀ ခန့်ရှိသော ကျောက်ဖြူမြို့နယ် ကလန်းတဲ ကျေးရွာအုပ်စုမှ လယ်သမားများ စုပေါင်း ပိုင်ဆိုင်သော စားကျက်မြေကို သိမ်းယူပြီး ၁၀ နှစ်ခန့်အကြာတွင် ယခုကဲ့သို့ အမိန့်ထုတ်လာခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ကလန်းတဲ ကျေးရွာအုပ်စုမှာ အထက်တောလို့ခေါ်တဲ့ နွားစားကျက် ပြင်ကြီး တစ်ပြင် ရှိပါတယ်။ အဲဒီကွင်းပြင်ကို ဓည၀တီ ရေတပ်စခန်းက သိမ်းယူပြီးတော့ တချို့မြေကွက်တွေမှာ ခြံကာပြီး မြေပဲစိုက် ထားပါ တယ်။ အကောင်းဆုံး မြေနေရာတွေမှာတော့ သီဟိုဠ်ပင်တွေ စိုက်ထားပါတယ်။ အခု တိုင်းပြည် အခြေအနေ ကောင်းလာပြီဆိုတော့ ဒေသခံ ပြည်သူတွေက နွားစာကျက်ကို ပြန်တောင်းလာတော့ အခုလို အမိန့်ထုတ်လာတာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီး တစ်ဦးက ပြောပါသည်။

ရေတပ်မှ သေနတ်ဖြင့် ပစ်ခတ်မည်ဟု အမိန့်ထုတ်ထားသဖြင့် ကျွဲနွားများကို လွှတ်ပြီး မွေးမြူလေ့ရှိသော အဆိုပါ ဒေသတွင် တောင်သူများ အခက်ကြုံနေရပုံကို သူက ယခုလို ပြောသည်။

" ရေတပ်က မသိမ်းခင်ကဆိုရင် တစ်အုပ်စုလုံးက နွားတွေဟာ အဲဒီ နေရာမှာဘဲ စားသောက် ကြရတယ်။ သူတို့ သိမ်းပြီးတဲ့ အချိန်မှာလည်း ကျွဲနွားတွေကို အဲဒီ စာကျက်မှာ ကျောင်းလို့ ရပါသေးတယ်။ အခု နှစ်တွေအတွင်းမှာ သီ ဟိုဠ်ပင်တွေက ကြီးထွားလာ သလို လူတွေကလည်း စားကျက်ကို ပို အသုံးပြုလာတော့ လုံးဝ ပေးမကျောင်း တော့သလို လူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး။ ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတဲ့ ဒေသဆိုတော့ အခုလို အမိန့်ထုတ်လာတဲ့ အတွက် နွားတွေကို လိုက်ကျောင်းရတာနဲ့ အဲဒီကွင်းဘက်ကို မသွားဖို့ လိုက်ထိန်းရတာနဲ့ တစ်နယ်လုံး ဒုက္ခ ဖြစ်နေကြရပါတယ်" ဟု သူက ပြောသည်။

အများပြည်သူပိုင် နွားစားကျက်ကို ရေတပ်က သိမ်းယူသွားသဖြင့် ကျွဲနွားစားကျက် မရှိတော့၍ ဒေသခံ ကျွဲနွား မွေးမြူသူများမှာ ယခုအခါ အထူး အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

ကလန်းတဲ ကျေးရွာအုပ်စုအတွင်း တရွာနှင့်တရွာ သွားလာရာတွင် ယခင်က အဆိုပါ နွားစားကျက် ကွင်းပြင်ကို ဖြတ်သန်းသွားလာခွင့်ရှိသည့်အတွက် အချိန်တိုအတွင်း ရောက်နိုင်သော်လည်း ယခုအခါ ဖြတ် သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် တရွာနှင့်တရွာ သွားလာခွင့်မှာ အချိန်ပိုကြာပြီး သွားနေရသဖြင့် အခက်အခဲများစွာ ဖြစ်နေကြရသည်ဟု ဒေသခံ လူကြီးက ပြောသည်။

ယခုကဲ့သို့ ရေတပ်က ရပ်ရွာသာများ စုပေါင်းပိုင်ဆိုင်သော မြေကို သိမ်းပြီး စိုက်ခင်းများ ချနေသည့် အပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေချိန်တွင် အမျိုးသမီး ကိစ္စပါ ပေါ်ပေါက်နေ၍ ကျေးရွာ လူငယ်များ အကြားတွင် ပိုမို မကျေနပ်မူများ ပေါ်ပေါက်နေကြောင်း ဒေသခံ လူငယ်တစ်ဦးကလည်း ပြောသည်။

" ဒီလို မကျေနပ်မှုတွေ တိုးပွားနေတဲ့အချိန်မှာ စစ်တပ်မှ ရဲဘော်တွေက ရွာထဲကိုဝင်ပြီး ရွာထဲက အမျိုးသမီးတွေကို စော်ကားတဲ့ အပြင် တစ်ခြား အကျင့်ပျက် မုဆိုးမတစ်ဦးနဲ့ပါ မဖွယ်မရာတွေ ဖြစ်နေတဲ့ အတွက် ကာလသား (လူငယ်)တွေက မကျေနပ် ဖြစ်နေကြတယ်။ တပ်က ဆိုပြီး အားနဲ့ လုပ်ချင်သလို လုပ်နေတဲ့ အတွက် လူငယ်တွေ အကြားမှာ တစ်နေ့ထက် တစ်နေ့ မကျေနပ်မူတွေ တိုးလာနေပါတယ်။ ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတဲ့ အတွက် လူကြီးတွေက အထက်ကို တိုင်ကြားထားပါတယ်" ဟု ပြောသည်။

ကျေးရွာလူကြီးများက ပြဿ နာ တိုးပွားလာမည်ကို အထူးစိုးရိမ်ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် စစ်တပ်အရာရှိများကို တိုင်ကြားထား သော်လည်း တစုံတရာ ၀င်ရောက်ဖြေရှင်းပေးခြင်း မရှိသေးဟု ဆိုသည်။

ကျောက်ဖြူ ဓည၀တီ ရေတပ် ဌာနချုပ်သည် ကလန်းတဲ ကျေးရွာ တစ်ခုတွင်သာ မြေသိမ်းသည် မဟုတ်ဘဲ စစ်တောကျေးရွာမှလည်း လယ်သမား ၄၃ ဦးပိုင် လယ်ဧက ၄၀၀ နီးပါးအား ရေတပ် ဆောက်မည်ဟု အကြောင်းပြ သိမ်းဆည်းကာ ယခုအခါ တနှစ်ကို တဧက (၆) တင်းနုန်းဖြင့် လယ်သမားများကို သီးစားချ ဌားရမ်းနေကြောင်း သိရသည်။



ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ် အောင်ဆန်းပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း

July-19-new၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံးဟောင်း) ၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည့် ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ် အောင်ဆန်းပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအား လုပ်ပိုင်ခွင့် ပေးထားပြီဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှ နေပြည်တော် စက်မှုခန်းမ၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ တစ်ရပ်တွင် ပြောကြား သွားပါသည်။
“ ကျွန်တော်တို့ ပစ်ထားတာလည်း ကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ ပါတဲ့အဖွဲ့၊ အနုပညာ လုပ်တဲ့အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ် ထားပါတယ်။ ဗိုလ်ချုပ် ကျဆုံးသွားတဲ့ နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ( ဇေကမ္ဘာကုမ္ပဏီ) သည်လည်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန် ရုံးဟောင်း) အား လုပ်ပိုင်ခွင့် လျှောက်ထားပြီး စုစုပေါင်း လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ငါးခု ရှိကြောင်း သိရှိရပါသည်။
61647_165246526819020_100000010222133_576803_2548175_n
အခမ်းအနားတစ်ခု၌ ဗိုလ်ချုပ်အောင်ဆန်းမှ မိန့်ခွန်းခြွှေနေစဉ် (ဓါတ်ပုံ - အင်တာနက်)
ထို့အလားတူ ဗဟို တရားရုံး ဟောင်းအားလည်း ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျက် ရှိရာ ဦးထွန်းလွင်၏ ကုမ္ပဏီမှ ပြင်ဆင် ထိန်းသိမ်းရန် လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက် ပြောကြားသွားပါသည်။
“တရားရုံး (ဟိုက်ကုတ်) မှာ တရားခွင်တွေ ပန်းချီပြခန်းတွေ၊ စာကြည့်တိုက်တွေ ထားသွားမယ်။ တရားရုံးကလည်း ရှိနေမယ်၊ အဆောက်အဦး နှစ်ခုလုံးဟာ ထိန်းသိမ်းဖို့ အရမ်းကို လိုအပ်နေပါပြီ။ ကျွန်တော်တို့ အမြတ်ရအောင် လုပ်တာ မဟုတ်ပါဘူး။ အမျိုးသား အမွေအနှစ်တွေကို ပြန်လည် ထိန်းသိမ်းဖို့ပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ထပ်လောင်း ပြောကြား သွားပါသည်။
ထိုအမျိုးသား အမွေအနှစ်များ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လုပ်ငန်းရပ် အသီးသီးတို့၏ အသေးစိတ် အစီအစဉ်များကို နိုင်ငံတော် သမ္မတ မှတဆင့် လွှတ်တော်၌ တင်ပြသွားမည်ဖြစ်သည်။ ထိုသို့ ပြင်ဆင် ထိန်းသိမ်းရာ၌ ယူနက်စကို အဖွဲ့၏ အကူအညီကိုလည်း ရယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားသွားပါသည်။

ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုK.I.O သံသယဝင်

ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေးတင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေအရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေးအဆင့် သုံးဆင့်ကို မကြားသိရဘူးဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု သတင်းထောက်များကို ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
နေရခြင်း ဖြစ်နိုင်ကြောင်း “ဒါကြောင့် ရှေ့တန်းတွေမှာက ယုံကြည်မှု ပျက်ပြားပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့
ပြင်းထန်လာတယ်။ တွေ့ဆုံ ဆွေးနွေးမှုအဆင့် မရောက်ပေမယ့် တဖက်နဲ့တဖက် ယုံကြည်မှုရှိအောင်၊ လေးလေး စားစား ရှိလာဖို့ကတော့ ဒီဆွေးနွေးပွဲမှာ ဦးစီးဦးဆောင်ပေးတဲ့ လူပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တယ်” ဟု ဦးလနန် က ပြောသည်။
AungHdown
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သစ်တွင် ၎င်း ပါဝင်တော့မည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးအောင်သောင်း က ဧပြီလ ၃ဝ ရက်နေ့တွင် ပြောဆို ထားသည်။

KIO မှ တင်ပြသည့် အဆင့် သုံးဆင့် ဟူသည်မှာ ပဏာမ နိုင်ငံရေးဆွေးနွေးမှု အဆင့်တွင် နှစ်ဘက်တပ်စခန်းများ ကိစ္စကို နှစ်ဘက် သဘောတူညီမှုရသည်အထိ ဆွေးနွေးသွားရန်၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သည့် ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပ၍ သဘောတူညီချက်တရပ် အတည်ပြရန်နှင့် ထိုသဘောတူညီမှုများအား အကောင်အထည် ဖော်သွားကြရန်တို့ ဖြစ်သည်။

လက်ရှိ အစိုးရနှင့် KIO အဖွဲ့များအကြား ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံ ဆွေးနွေးရန်နေရာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး KIO ဘက်မှ မိုးမောက်မြို့နယ် လွယ်ဂျယ်အနီးရှိ ပရန်ဝမ်ကျေးရွာတွင် တွေ့ဆုံရန် တင်ပြထားမှုကို အစိုးရဘက်က သဘောတူညီမှု မရှိသလို၊ အစိုးရဘက်က တင်ပြထားသည့် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် တွေ့ဆုံရန် ကိုလည်း KIO က ငြင်းဆိုထားသည်။

တိုက်ပွဲအခြေအနေ အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား မေလ ၂ ရက်နေ့ တရက်တည်းတွင် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် KIO လိုင်ဇာမြို့နယ်အတွင်း တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု KIO မှ ဦးလနန်က ပြောသည်။

မေလ ၁ ရက်နေ့ နံနက်ပိုင်းက KIO၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ တပ်ဖွဲ့များက မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာ အနီးမှ ဝူထော်ကုန်းဘက် အစိုးရတပ်ရင်း ၈၈ နည်းဗျူဟာ ၁ မှ တက်လာသည့် စစ်ကား သုံးစီးမှ နှစ်စီးကို ဗုံးခွဲဖျက်ဆီးခဲ့ရာ ဒုစစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သူက ဆိုသည်။

မေလ ၂ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာအနီး အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲများ
ဖြစ်ပွားခဲ့ပြီး ထိုကျေးရွာအနီးရှိ အနီး အဇီးလူမျိုးများ နေထိုင်သည့် ရွာတရွာကို အစိုးရ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု သိရသည်။

ပန်ဝါမြို့အခြေစိုက်ထားသည့် ဗိုလ်ကြီး Waw Lau ဦးဆောင်သည့် နံပါတ် ၁ဝဝ၂ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေးလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးတင် က ညွန်ကြားခဲ့သည်ဟု KIO ရှေ့တန်းမှ ရဲဘော်တဦးက ပြောသည်။

“မေ ၁ ရက်နေ့ စည်းဝေးလုပ်ပြီး BGF က KIA ရှင်းလင်းရေးလုပ်။ အခုတလောဘဲ ရောက်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းရေးလုပ်ပါလို့ ပြောပြီး ကျီးကျန်ဆိုတဲ့ ရွာဘက်ကို ပြန်သွားတယ်”ဟု သူက သတင်းထောက်များအား ပြောသည်။

နယ်မြေရှင်းလင်းရေး လုပ်နေသည့် အစိုးရ တပ်ဖွဲ့များက လူအခွင့်အရေးချိုးဖောက်မှုများ  ပြုကျင့်နေကြကြောင်း ကြားသိရသော်လည်း  သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည်လက်နက်ဝယ်ယူမူကမ္ဘာမှာအများဆုံး

mmmilitary_105mm_tank_destroyer_7မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်တမ်း ကောက်ချက်များ အရ ဝယ်ယူမှု အင်အား အများဆုံးဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံ တစ်ခု အဖြစ် Oxfam Aid Agency မှ ထုတ်ပြန်သည့် 'The Devil is in the Detail' အစီခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။ အလားတူ လက်နက် ရောင်းဝယ် တင်သွင်း မှုကို ပိတ်ပင် တားမြစ် ထားသည့် နိုင်ငံများမှ တရားမဝင် လက်နက် ဝယ်ယူမှု ပမာဏသည် အမေရိကန်ဒေါ်လာ 2.2 ဘီလျံရှိကြောင်း ယမန်နေ့က Oxfam အဖွဲ့မှ ထုတ်ပြန်သည့် အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။
“သစ်သီး ဝလံဖြစ်တဲ့ ငှက်ပျောသီး ရောင်းဝယ် ဖောက်ကားမှုဟာ လက်နက် ရောင်းဝယ် ဖောက်ကား မှုထက်ကို တင်းကျပ် နေတာ တွေ့နေရတယ်၊ ဒါဟာ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ။ ရှိပြီးသား စစ်လက်နက်ပစ္စည်း တင်ပို့မှု ပိတ်ပင် ထားတဲ့ သဘောတူ စာချုပ်ကို ချိုးဖောက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကနေ စစ်လက်နက် ပစ္စည်းတွေကို ကြိုက်သလို ရွေးချယ် ဝယ်ယူ နေကြတာကို တွေ့ရတယ်၊ ဒါကလည်း နိုင်ငံတကာရဲ့ လေ့လာ စောင့်ကြည့်မှုနဲ့ အရေးယူမှုတွေ လျော့ရဲ နေတဲ့အပေါ်ကို အခွင့်ကောင်း ယူပြီး လုပ်ဆောင် နေခြင်းလဲ ဖြစ်ပါတယ်၊” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက် ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြား သွားပါသည်။
မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်တမ်းများအရ အမေရိကန်ဒေါ်လာ ၆၀၀ မီလျံရှိပြီး ကမ္ဘာ့နိုင်ငံများမှ လက်နက်ဝယ်ယူမှု ပမာဏ၏ ထိပ်တန်းစာရင်းဝင် ဖြစ်ပါသည်။ ဒုတိယ အဖြစ် အီရန်မှ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၅၇၄ မီလျံ ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး တတိယ အနေဖြင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂၄ မီလျံကို ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။
sx2190_02large
ဓါတ်ပုံအညွှန်း - မြန်မာ့တပ်မတော်မှ အမြောက်ကြီးများအား သယ်ယူပို့ဆောင်ရာတွင်
အသုံးပြုသော တရုပ်နိုင်ငံထုတ် Shaanqi SX2190 ယာဉ်ကြီးများပုံ
ကုလသမဂ္ဂမှ စစ်လက်နက် ပစ္စည်း ကုန်သွယ်မှု သဘောတူ စာချုပ်သစ် ပြန်လည် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင်လအတွင်း ပြုလုပ်ဖွယ်ရှိ၍ စာချုပ်သပ် ထပ်မံချုပ်ဆိုရန်ရှိကြောင်း သိရှိရပါသည်။
 “အဓိက စိန်ခေါ်မှုတွေကတော့ စစ်လက်နက်ပစ္စည်း ကုန်သွယ်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေက လက်နက် ဝယ်ယူ စုဆောင်းမှုနဲ့ ပတ်သက်လို့ လက်မှတ် ရေးထိုးမယ့် စာချုပ်အသစ်မှာပါ သဘောတူညီချက်တွေအတိုင်း တိတိကျကျ လိုက်နာအောင် လုပ်ဆောင်ဖို့ လိုပါတယ်၊ စစ်လက်နက်ပစ္စည်း တင်ပို့ ရောင်းဝယ်မှုကို ကမ္ဘာ့ လောင်စာဆီ ပြသနာ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ နိုင်ငံတွေ အပေါ် တင်ပို့နေမှုတွေကို ပြတ်ပြတ်သားသား အရေးယူရပါမယ်” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက်ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြားသွားပါတယ်။
mmmilitary.blogspot.com
ဓါတ်ပုံအညွှန်း - မြန်မာ့ရေတပ်ရှိ ဒုံးတပ်ဖရီးဂိတ် "အောင်ဇေယျ" ခေတ်မှီ
စစ်ရေယာဉ်ပုံ
“လက်နက် ဝယ်ယူဖို့ ပိတ်ပင် ထားပေမယ့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေရဲ့ လက်နက် ဝယ်ယူမှု ပမာဏဟာ ကြောက်ခမန်း လိလိကို တိုးတက် လာနေတာကို ကျွန်တော်တို့ တွေ့နေရတယ်” ဟု လူသားချင်း အကူအညီ ပေးရေး အဖွဲ့များမှ ပြောကြား လိုက်ပါသည်။
လူသားချင်း အကူအညီပေးရေး အဖွဲ့အစည်းများမှ အသစ်ထပ်မံ ချုပ်ဆိုမည့် စစ်လက်နက် ပစ္စည်း တင်ပို့မှု ကန့်သတ်ရေး သဘောတူ စာချုပ်တွင် ပိတ်ပင်နိုင်ငံများသို့ စစ်လက်နက်ပစ္စည်း တင်ပို့မှုကို တိတိကျကျ ပိတ်ပင်တားမြစ်ရန် အဆိုပြု ထားပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ သုံးသပ်ချက်များအရ အဆိုပါ နိုင်ငံများသည့် ကမ္ဘာ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံများလည်း ဖြစ်ကြောင်းလည်း သုံးသပ် ဖော်ပြထားပါသသည်။

SSA မြောက်ပိုင်း နယ်မြေထဲ အစိုးရစစ်ကြောင်း အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှား


2012-05-04
အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်းတပ်မတော် အခြေစိုက်နယ်မြေထဲကို အစိုးရစစ်ကြောင်းတွေ အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှားလာတဲ့အတွက် ထိပ်တိုက်ရင်ဆိုင် တွေ့လာရင် ပြန်လည်ခုခံသွားမယ်လို့ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက  ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ 
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁ လက်အောက်ခံတပ်တွေနဲ့ သိန္ဒီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် စကခ ၁၆ လက်အောက်ခံ အစိုးရတပ်တွေဟာ ဧပြီလကုန်ပိုင်းကစလို့ SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့တပ်မဟာ ၁၅၃ အခြေစိုက်ရာ နယ်မြေထဲကို တိုးချဲ့ဝင်ရောက် လှုပ်ရှားလာနေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
" စစ်ကြောင်းတွေ စထိုးတာက ကျောက်မဲ၊ လားရှိုး၊ မူဆယ် ကားလမ်း မြောက်ခြမ်းပေါ့။ စစ်ကြောင်းကတော့ အဲဒီ သိန္ဒီ ကားလမ်းမြောက်ဘက်ခြမ်း ၀င်သွားပြီလေ။ စကခ ၁ လက်အောက်ခံက ၄ ရင်းပေါ့။ ကျောက်မဲလက်အောက်ခံ ပြီးတော့ အဲဒီ စကခ ၁၆ က သိန္ဒီတပ်တွေရောပေါ့။ အဲဒီဘက်က ကျွန်တော်တို့ တပ်တင်မကဘူးလေ။ အဲဒီ ကေအိုင်အေရော နောက် ပလောင်တပ်တွေလည်း ရှိတယ်လေ။ အဲဒီဘက်က သူတို့ပိုက်လိုင်း သွယ်ဖြတ်မယ်။ နောက် ကေအိုင်အေနဲ့ ဆက်စပ်နယ်မြေဆိုတော့ အဲဒီဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရှင်းလင်းချင်တဲ့ သဘောမျိုးပေါ့"
အစိုးရတပ်တွေ ထပ်မံဝင်ရောက်လာတဲ့ နေရာတွေဟာ အရင်က ပိုက်လိုင်းဖြတ်မယ့် အစီအစဉ်ကြောင့် SSA မြောက်ပိုင်းတပ်တွေကို ရုပ်သိမ်းပေးခဲ့တဲ့ နယ်မြေတွေဖြစ်ကြောင်း၊ ဒါပေမယ့် ၂၀၁၀ နှစ်လယ်ပိုင်းမှာ ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ SSA မြောက်ပိုင်းက လက်မခံခဲ့လို့ အစိုးရတပ်တွေနဲ့ နှစ်ဘက်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက် အဲဒီနယ်မြေတွေမှာ မြောက်ပိုင်းတပ်တွေ ပြန်ဝင်ရောက် တပ်စွဲထားတာဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ဗဟိုဌာနချုပ် ၀မ်ဟိုင်းဌာနချုပ် နယ်မြေအတွင်းမှာလည်း ငြိမ်းချမ်းရေး သဘောတူညီချက်အရ အစိုးရတပ်တွေ ဆုတ်ခွာပေးမယ်လို့ ပြောထားပေမယ့် ယနေ့အချိန်အထိ တပ်တွေ ဆုတ်ခွာမပေးသေးဘဲ အစိုးရတပ်အင်အားတွေ ထပ်မံဖြည့်ဆည်းထားတဲ့အပြင် တပ်စခန်းတွေလည်း အခိုင်အမာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
အစိုးရဘက်က တပ်အင်အားဖြည့်ဆည်းမှုနဲ့ လှုပ်ရှားစစ်ကြောင်းတွေ SSA မြောက်ပိုင်းနယ်မြေအတွင်း ထပ်မံ ၀င်ရောက်လာတာတွေကို အသိပေး အကြောင်းမကြားတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာရင် ခုခံသွားမယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
"အကြောင်းကြားတာ မရှိပါဘူးခင်ဗျ။ သူတို့ လေသံကတော့ အဲဒီ လူထုတွေဆီ ပြောထားတာတော့ အဲဒီဘက်တွေမှာ ငြိမ်းချမ်းရေးတပ်ဆိုတာ မရှိဘူးလို့တော့ ပြောတာပဲ။ သူတို့ သဘောက အသိအမှတ်မပြုတဲ့ သဘောမျိုးပေါ့။ တိုက်ပွဲတော့ မဖြစ်သေးဘူးခင်ဗျ။ သူတို့လာရင်လည်း ကျွန်တော်တို့က ရှောင်လို့ မရရင်လည်း ကျွန်တော်တို့တော့ ကာကွယ်ရမယ်လေ"
SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့ဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၅ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

ရိုဟင်ဂျာဘဝ

ကျနော့်ကို ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ စေတီတောင်ကွင်းရပ်ကွက် တွင် ၁၉၈၇ အောက်တိုဘာ၁၄ ရက်တွင်မွေးဖွားခဲ့သည် ။ မိခင် နှင့် ဖခင်မှာ ရခိုင်လူမျိုးစစ်စစ်ဖြစ်သည်။
ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲမြို့ နှင့် ကျောက်ဖြူမြို့တို့က ကျွန်း၏ တဖက်တချက်စီတွင် တည်ရှိသည် ။ ရမ်းဗြဲမြို့နှင့်ကျောက်ဖြူမြို့တို့၏
ကြားတွင် စနဲ့ ၊ ဇင်ချောင်းစသော မြို့ငယ်သာသာ ရွာကြီးများရှိသည် ။ ကျနော်တို့ ကျောက်ဖြူသည် ရခိုင်ပြည်ရှိ မြို့များတွင် လူမျိုးရေးခွဲခြားမူ့အနည်းဆုံးမြို့တစ်မြို့ဖြစ်မည်ဟု စာရေးသူ ယူဆသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် လေးတန်းကျောင်းသားအရွယ်မှ စ၍ ကုလားလူမျိုးများနှင့် ခင်မင်ပေါင်းသင်းခဲ့သည် အပြင် ကျနော့်ပါတ်ဝင်းကျင်မှ လူများသည်လည်း ကုလားလူမျိုးများအပေါ် လူမျိုးရေးခွဲခြားမူ့ကို မတွေ့ခဲ့ရ ။ ကုလားလူမျိုးဟု ခေါ်ရခြင်းမှာလည်း သူတို့အားနှိမ့်ချလိုသော စိတ်နှင့်မဟုတ် ၊ သူတို့၏ လူမျိုးအားခေါ်ခြင်းမျှသာဖြစ်သည် ဟု စာရေးသူလက်ခံထားသည် ။ မွတ်ဆလင်ဟု ခေါ်ရအောင်ကလည်း ၊ မွတ်ဆလင်ဆိုသည်မှာ ဘာသာရေးနာမည်သာဖြစ်သည် ။
ဘင်္ဂလီလို့ခေါ်ရအောင်ကလည်း ဘင်္ဂလီစင်စစ် များမဟုတ် ၊ ရခိုင်ပြည်ထဲတွင်သူတို့နေထိုင်ခဲ့သည်မှာ နှစ်ဆယ်နှင့်ချီင်္ ၊ ရာနှစ်ချီကြာပြီထင်သည် ။ ထိုကြောင့် ကုလားဟု ရိုးရိုးသားသားခေါ်ခြင်းဖြစ်သည်။ သို့သော်ဝန်ခံစရာရှိသည်မှာကျနော့်မိတ်ဆွေ ကုလားများရှေ့တွင် သူတို့အားကုလားဟု မည်သည့်အခါတွင်မှ ကျနော်မခေါ်ဘူးခဲ့ ။
ရခိုင်ပြည်ရှိ ကုလားလူမျိုးများ၏ စိတ်ကို စာနာပါသည် ။ ကျနော်ငယ်စဉ်က ရန်ကုန်တွင်တလှည့် ၊ ရခိုင်တွင်တခါ ကျောင်းနေခဲ့ရသည့်အတွက်လူမျိုးရေးခွဲခြားမူ့များကိုလက်တွေ့ခံစား
ခဲ့ဖူးသည် ။ ရခိုင်ပြည်မှ ရန်ကုန်သို့ကျောင်းလာတက်သည့်အခါ စကားဝဲ၀ဲ နှင့် ကျနော့်ကို ရခိုင်ရခိုင် ကုလားထိုင် အထိုင်မတတ်ဂွေးစိညပ် ဟု ရန်ကုန်သားများ လနှင့် နှစ်နှင့်ချီ၍
စနောက်ခဲကြသည် ။ရန်ုကုန်တွင် ကျောင်း၁နှစ် ၂နှစ်ခန့်တက်ပြီး ဗမာစကားကို ကောင်းမွန်ပီသစွာပြောနိုင်သောအခါ ၊ ကျနော့်အား အဘွားနှင့်အဒေါ်ရှိရာ ရခိုင်ပြည်သို့ပြန်ပို့ပြန်၏။
ရခိုင်ပြည်ရောက်သောအခါရခိုင်စကားရုတ်တရက်မပြောတတ်တော့ပဲ  ဗမာစကားပြောသော ကျနော့်ကို ဗမာဗမာ ဖင်ပြာပြာ ၊ဗမာသေလမ်းမှာ မြှပ်ဟု စကြပြောင်ကြပြန်သည် ။
ကျနော်ငယ်စဉ်က ဤ ကဲ့သို ၀ဋ်ဒုက္ခကြီးကို နှစ်စဉ်ခံစားခဲ့ရဖူးသည် ။ ကလေးများ၏ စိတ်တွင် ဒဏ်ရာအနာတရဖြစ်ပါက ကြီးသည့်အထိ မပျောက်ပေ ။ ကျနော်ဆိုလျှင် လူမျိုးရေး
ခွဲခြားသူများကို အင်မတန်မုန်းသည် ။ ကြီးသည့်အထိ လူမျိုးရေးခွဲခြားသူများနှင့်အပေါင်းအသင်းမလုပ် ။ သို့သော် ရိုဟင်ဂျာကိစ္စမှာမူကား ဤကဲ့သို့ ယူဆ၍ မရ ။ ရိုဟင်ဂျာသည်
ရခိုင်ပြည်တွင် နှစ်ရာနှင့်ချီ ရှိခဲ့ပြီးဖြစ်သော ကုလားလူမျိုးများနှင့်လားလားမျှ မပါတ်သက် ။ ရိုဟင်ဂျာသည် ဘင်္ဂလီမွတ်ဆလင်များ က ရခိုင်ပြည်ရှိ ဒေသခံကုလားများမျက်နှာဖုံးစွပ်လျှက်
ရခိုင်ပြည်ထဲသို့ဝင်ရောက်လာခြင်းသာ ဖြစ်သည် ။ တနည်းအားဖြင့်ဆိုရလျှင် ရိုဟင်ဂျာသည် ဘင်္ဂလားဒေခ်ျ့တွင် လူဦးရေ ထူထပ်လာသောကြောင့် လူဦးရေဗုံးပေါက်ကွဲလာသောကြောင့်
ရခိုင်ပြည်ကို ခေတ်သစ်နယ်ချဲ့နည်းဖြင့် ၀င်ရောက်လာကြသော ကျူးကျော်သူများသာ ဖြစ်တော့သည် ။
ရခိုင်ပြည်ရှိ ဒေသခံကုလားမွတ်ဆလင်များနှင့် ဘင်္ဂလီရိုဟင်ဂျာဆိုသူများ၏ ကွာခြားချက်ကိုပြောချင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်လေ့လာရသမျှ ဤကိစ္စအပိုင်းတွင်
လေ့လာသူများရောထွေးနေသည်ဟု ကျနော်ထင်သည် ။ ရခိုင်ပြည်ရှိဒေသခံကုလားများဆိုသည်မှာ ရခိုင်ပြည်တွင် ရခိုင်ဘုရင်လက်ထက်တော်က မင်းမူ့ထမ်းကုလားများ ၊နယ်ချဲ့
အင်္ဂလိပ်အစိုးရလက်ထက်တွင် ရခိုင်ပြည်တွင်လာရောက်အခြေချသော ကုလားများ ၊ ရခိုင်လယ်ပိုင်ရှင်များ၏ လယ်ယာများတွင်လာရောက်လယ်ကူလီလုပ်သော ကုလားများဖြစ်သည်။
ထိုကုလားလူမျိုးများသည် ရခိုင်များနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားခဲ့ကြသည် ။ မိတ်ဆွေများဖြစ်ခဲ့ကြသည် ။ ရခိုင်စကားကို ပီပီသသပြောတတ်သည် ၊ ရခိုင်လေးများနှင့်ရေကူးသည်။
ငါးဖမ်းကြသည် ၊ အရက်သောက်ကြသည် ၊ တကယ့်ရခိုင်သား တစ်ယောက်ကဲ့သို့ပင် ဖြစ်နေကြပြီ ဖြစ်သည် ။ ထိုသူများနှင့် ရခိုင်သားများနှင့် ပြသနာဖြစ်ခဲသည် ။ ပြသနာဖြစ်လျှင်တောင်
သာမန်တဦးခြင်းတယောက်ခြင်း ရန်ဖြစ်ခြင်းမျှသာရှိသည် ။ လူမျိုးနှင့်လိုက်၍ အဖြစ်နည်းသည် ။တနည်းအားဖြင့်ဆိုလျှင် သူတို့သည် မြန်မာနိုင်ငံသား မဟုတ်သော မြန်မာနိုင်ငံအတွင်း
ဘိုးဘွားစဉ်ဆက် နေထိုင်သူများဖြစ်သည် ။ ထိုသူများကို ကျနော်မည်သည့်အခါတွင်မှ မမုန်းတီးခဲ့ ။ သို့သော် ကျနော်ရခိုင်သားစင်စစ်က ရိုဟင်ဂျာဆိုသည့်စကားကို မကြားဖူး ။ အင်တာ
နက်ပေါ်ရောက်မှ ရိုဟင်ဂျာ ၊ ရိုဟင်ဂျာ ဟု ကြားရသည် ။ ရခိုင်ပြည်မှ ရခိုင်သားကျနော်က ရခိုင်ပြည်တွင် ရိုဟင်ဂျာဟူသော လူမျိုးတစ်မျိုးရှိသည်မှာ အင်တာနက်ရောက်မှ သိရသည်။များ
စွာအံ့သြောဖွယ်ရာပါ တကား ။ မျက်လုံးပြူးသွားသည် ၊ လျှာထွက်သွားသည် ၊ တွတ်ပီစကားနှင့်ဆိုလျှင် ဒီနေ့ ငါတို့ရခိုင်လူမျိုးနဲ့မြန်မာပြည်သားတွေ ကံမကောင်းပါတကားဟု ရေရွတ်
ရမည်ထင်သည် ။ ထိုအခါ ရိုဟင်ဂျာလူမျိုးတို့၏ စစ်မြစ်ကို ကျနော်ပြန်တွေးတောရတော့သည် ။ ကျနော်ဆယ်တန်းနှစ်က ဘူးသီးတောင် မြို့နှင့် မောင်တောမြို့တို့၏ လမ်းခရီးကြားတွင်
ရှိသော အထက လက်ဝဲဒက် ဘူးသီးတောင်ဟုခေါ်သောအ ထက်တန်းကျောင်းတွင်တက်ရသည် ။ ကျောင်းရှေ့တွင် ထောက်လှမ်းရေးတပ်ဆွယ် ၁၈ ရှိသည် ။ မောင်တောမြို့သည် ရခိုင်
ပြည်နယ်တွင် ရခိုင်များမနေနိုင်သော မြို့ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် မောင်တောမြို့ နှင့်ဘူးသီးတောင် တ၀ိုက်တွင် မြန်မာ့လွတ်လပ်ရေးခေတ်ဦးတုန်းက မူဂျာဟစ်ခေါ် ဘင်္ဂလီ
အနွယ်မူဆလင်များ အတော်သောင်းကျန်းခဲ့ဖူးသည် ။ အင်္ဂလိပ်များဆုတ်ခွာအပြီးတွင် လက်နက်ရှိသော ဘင်္ဂလီမွတ်ဆလင်သူပုန်များသည် မောင်တောမြို့နှင့်တ၀ိုက်ကို သိမ်းပိုက်ပြီး ရခိုင်
ဗုဒဘာသာများအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြကြောင်း သမိုင်းရှိသည် ။ စေတီပုထိုး နှင့် ဘုရားများ ၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခဲ့ကြသည် ။ ရခိုင်မများကို မဒိန်းကျင့်
ရခိုင်များကို သတ်ဖြတ်ခဲ့ကြသည် ။ ကလေးပင် မချန်ခဲ့ ။ ထို အခြင်းအရာကို မည်သူတွေလုပ်ခဲ့သနည်း ။ ရခိုင်စကား တလုံးမှမတတ်သော ၊ မြန်မာစကားတလုံးမှ နားမလည်သော ယခု
ရိုဟင်ဂျာခေါ် ဘင်္ဂလီမွတ်ဆလင် မူဂျာဟစ်များပင် ဖြစ်လေတော့သတည်း ။ အသေးစိတ်သိလိုလျှင် မြန်မာ့လွတ်လပ်ရေးခေတ်ဦး ရခိုင်ပြည်နယ်သမိုင်းကို ဖတ်ပါ ။ ထိုမူဂျာဟစ်များကို မြန်
မာစစ်တပ်မှ အချိန်အတော်ကြာနှိမ်နှင်းခဲ့ရသည် ။ သို့သော် မောင်တောမြို့ကား အကျူးကျော်ခံလိုက်ရပြီ ။ ရခိုင်သားများ အင်အားခြင်းမမျှ၍ နောက်ဆုတ်ပေးလိုက်ရပြီ ။ မိတ်ဆွေမယုံ
လျှင် မောင်တောမြို့ကို သွားကြည့်ပါ ။ ကုလားအယောက်တရာမြင်ရ၍ ရခိုင်တစ်ယောက်ကို မြင်ရလျှင် ကံကောင်းသည်ဟု ဆိုပြီး ထီထိုးလိုက်ပါ ။ မောင်တော မြို့တွင် .ယခုအခါနေရာ
အနှံ့ မုတ်ဆိတ်နှင့် အကျီအဖြူဝတ် ဘင်္ဂလီများကိုသာတွေ့ရတော့သည် ။ ထိုသူများထဲမှ အများစုသည် ကျနော်ထိုမြို့မှာရှိစဉ်က ရခိုင်လိုပင်မတတ် ၊ မြန်မာစကားကိုနားမလည် ။
ထိုသူများကို ကျနော်တို့ ရခိုင်ပြည်ရှိ ဒေသခံလူမျိုးတမျိုးဟု မည်ကဲ့သို့ လက်ခံပေးရမည်နည်း ။
( နှစ်ရာချီ ခန့် ရခိုင်ပြည်တွင် ရှိနေပြီးဖြစ်သော ကုလားလူမျိုးများကို နေထိုင်ခွင့် ပေးခြင်းကို မကန့်ကွက်လိုပါ ။ သူတို့မှာ ရခိုင်ပြည်မှ မောင်းထုတ်သော်လည်း သွားစရာနိုင်ငံမရှိ
ဘင်္ဂလားဒေခ်ျ့မှလည်းလက်မခံ ။ ရခိုင်ပြည်သည်ပင် သူတို့ အိမ်ဖြစ်နေပေပြီ ။ ထားပါ ။ ရိုဟင်ဂျာ နာမည်ခံ ဘင်္ဂလီမွတ်ဆလင်များကို ကား လက်မခံနိုင်ပေ ။
အကယ်၍ကျနော်တို့အိမ်ဘေးမှမိသားစုက ငါတို့နဲ့နင်တို့နဲ့ ဘေးချင်းကပ်နေလာခဲ့တာ နှစ်နဲ့ချီပြီ ။ အခု ငါတို့အိမ်မှာလူများလွန်းတယ် ၊ နင်တို့အိမ်မှာ ငါတို့ ကလေးတစ်ယောက်
နှစ်ယောက်လောက်ပေးနေလိုက် ဟုဆိုလျှင်မိတ်ဆွေလက်ခံနိုင်မည်လော ။ ရိုဟင်ဂျာကိုပဲ သနားဂရုဏာမိုးမစွေနေကြပါနှင့် သူတော်ကောင်းမီဒီယာများတို့ ၊ ကျနော်မျိုးကြီးတို့
ရခိုင်လူမျိုးများ နှင့် အဘက်ဘက်မှ အကျူးကျော်ခံနေရသော မြန်မာပြည်သူပြည်သားများကိုလည်း နားလည်ပေးကြပါဦး လို့ ပြောရင်း . . . .. ။
by  kyaw kyaw zaw Hlaing