Monday, June 4, 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက ဌာနဝက်ဘ်ဆိုက်တွင် အထူးသတင်းတရပ် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက ဌာနဝက်ဘ်ဆိုက်တွင် အထူးသတင်းတရပ် ထုတ်ပြန်ထားသည်။

တနင်္ဂနွေနေ့က ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် အစိုးရ ကိုင်တွယ်ဖြေရှင်းမှုများနှင့် ပတ်သက်၍ တနင်္လာနေ့ည ရုပ်သံအစီအစဉ်များနှင့် ဇွန် ၅ ရက် ထုတ် သတင်းစာများတွင် ဖော်ပြပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ministrator
ဇွန် ၃ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စစ်တွေမြို့မှ ရဲစခန်း ပဋိပက္ခနှင့် ပစ်ခတ်မှု ဖြစ်စဉ်များမှ မှတ်တမ်း ဓါတ်ပုံများ ဇွန်လ ၄ ရက် နံနက် အစောပိုင်းကတည်းက သတင်းဌာန ဝက်ဘ်ဆိုက်နှင့် အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ တဆင့် ထုတ်ပြန်ချက်တွင် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေနှင့် အညီသာ နေထိုင်သွားကြရန် အစိုးရ၏ မေတ္တာရပ်ခံချက် ဖော်ပြပါရှိသည်။


ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ လူအများ မကျေမချမ်း အုံကြွလာ၍ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။

နာဇီဈေး ခေါ် စက်ရုံစုဈေးတွင် လေလံစွဲခွင့်ရသူက ဈေးကောက်ကို ၅ဝဝ မှ ၇ဝဝ ကျပ်ထိ တိုးမြှင့်ကောက်ခံခဲ့သဖြင့်
ဈေးသူဈေးသားများ ကိုယ်စား ပြည်နယ် အစိုးရထံ တင်ပြခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးသည့် သတင်းရသဖြင့် မိသားစုက ဇွန်လ ၃ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းရှေ့သို့ သွားရောက်အရေးဆိုခဲ့ရာမှ အုံကြွမှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်။

“လေလံရတဲ့လူရဲ့ တပည့်တွေက ဆန္ဒပြတဲ့အဖွဲ့မှာပါတဲ့ အောင်သန်းဝေကို ရန်သွားရှာတယ်။ ရန်ဖြစ်တော့ သူက
ကြောက်ပြီး ထွက်ပြေးသွားတယ်။ အဲဒီလူကို ဖမ်းသွားတယ်၊ သတ်လိုက်ပြီ၊ ကားနဲ့တင်ခေါ်သွားတယ်၊ ဘယ်ရောက်
နေမှန်း မသိဘူးဆိုပြီး သတင်းတွေ ထွက်လာတော့ ရဲစခန်းကို အရေးဆိုရာကနေ လူအုပ် ဖြစ်လာတာပဲ။ ထိန်းမရ
တော့လို့ ရဲက ပစ်တာ။ ကျည်ဆံ အစစ်မဟုတ်ဘူး။ ရာဘာကျည်ဆံပဲ” ဟု ပုဏ္ဏားကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထွန်းအောင်ကျော် က ပြောသည်။

ပြဿနာ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သဖြင့် ဦးအောင်သန်းဝေ ဖမ်းဆီးခံရခြင်း မဟုတ်ကြောင်း RNDP မှ ရှင်းပြခဲ့သော်လည်း လူထုက ထိန်းသိမ်းမရတော့ဘဲ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ရကြောင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၃ ရက်နေ့က ခရီးသည်တင် ယာဉ်တစီးပေါ်မှ မွတ်ဆလင် ဘာသာဝင်ဟု ယူဆရသူများအား ရွေးထုတ်ကာ
တောင်ကုတ် ဒေသခံများက တိုက်ခိုက် သတ်ဖြတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ကားတံခါးတွေ ဖွင့်ခိုင်းပြီး ဓားနဲ့ခုတ်ကြတာ။ မြန်မာနဲ့ရခိုင်တွေကို ကားပေါ်က ဆင်းခိုင်းတယ်။ ကားလည်း တစစီ
ဖြစ်သွားတယ်။ ကားကိုလည်း ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ လုပ်သေးတယ်။ မီးမရှို့ဖြစ်လိုက်ဘူး” ဟု မဇ္ဈိမကို ပြော သည်။

ကားဒရိုင်ဘာလည်းဖြစ်၊ ယာဉ်ပိုင်ရှင်၏ တူလည်းဖြစ်သူတဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းက ဆိုသည်။

အသတ်ခံရသော အလောင်းများကို တောင်ကုတ် မှ သံတွဲသို့ တောင်ကုတ် နာရေးကူညီမှုအသင်းက သယ်ဆောင် လာပေးသည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် သပြေချောင်း ကျေးရွာမှ အသက် ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီး မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံ ရခိုင်လူမျိုးများအကြား လူမျိုးရေးအမျက်ဒေါသများ ဖြစ်ပွား
နေကြောင်း ဒေသခံများက ဆိုသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမောင်ကျေးရွာရှိ မွတ်ဆလင်ဘာသာဝင်များလည်း မော်တော်များ၊ ကားများဖြင့် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်ပထမဦးဆုံးပြည်ပခရီးစဉ်မှပြန်ရောက်



အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ


 
 
။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အလုပ်သမားများက စိတ်ကောင်းဖြစ်ရကြောင်း ပြောသည်။

စနေနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့ လေဆိပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဒုက္ခသည် အများအပြား နေထိုင်နေသော မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သော်လည်း ဒုက္ခသည်များနှင့် နုတ်ဆက်ခွင့် မရဘဲ စခန်းလူကြီးများနှင့်သာ တွေ့ဆုံခဲ့သည်ဟု သိရသည်။

ပြည်ပ အတိုက်အခံအဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် မရခြင်းမှာ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြာ မျက်နှာပျက်မှာ စိုးရိမ်သဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD မှ အတွင်းရေးမှူး
ဒေါက်တာနိုင်အောင်က ပြောသည်။

“မနက်က တွေ့ဖို့ ကျနော်တို့ ခုနှစ်ဖွဲ့ လူစာရင်းပေးထားတာ ရှစ်ယောက် သွားပါတယ်။ မြန်မာအစိုးရနဲ့ မျက်နှာပျက်မှာဆိုးလို့ ထင်တယ်။ သူတို့နိုင်ငံဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ တွေ့မရတော့ ကျနော်တို့ တင်ပြချင်တာတွေ မရဘူးပေါ့။ စိတ်မောလူမော ဖြစ်သွားတာပေါ့”ုသတင်းဌာနများကိုပြောသည်။

NDD၊ လူ့အခွင့်အရေး ပညာပေးရေးဌာန-မြန်မာနိုင်ငံ(HREIB)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဗကသ နိုင်ငံခြားရေး ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တို့ စသည့် ပြည်ပရောက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းများက ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် NLD ထံ တောင်းဆိုခဲ့သေးသည်။

NLD အလံများ ကိုင်ဆောင်ခြင်း၊ မယ်တော်ဆေးခန်းတွင် NLD သီချင်းများဖွင့်လှစ်၍ ကြိုဆိုနေခြင်း၊ အလုပ်သမား အခွင့်အရေး ရရှိရေး၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီ အမြန်ဆုံး ရရှိပါစေ ဟူသော
ကြွေးကြော်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်း ၄,၀၀၀ ကျော်ခန့် လာရောက် ကြိုဆိုခဲ့သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က ပြောသည်။

“ကျနော်တို့က အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာလည်း စိတ်ခွန်အားတွေ ဖြစ်မိတယ်။ နောက်ပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းနည်းတာက တခြားမဟုတ်ဘူး။ မနက်မိုးလင်း ကတည်းက တနေကုန်စောင့်နေတာ။ ကျနော်ဆို မျက်နှာလေးပဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ ကျနော်တို့ထင်တာက ဆေးခန်းကို လာမယ်။ ဒေါ်စု မိန့်ခွန်းစကားတွေ နားထောင်မယ်။ အဲဒီလို မတွေ့လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းတယ်”ဟု မဇ္ဈိမကို ဆက်ပြောသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံမှ လူနာများအား တနာရီခန့်ကြာ ကြည့်ရှု အားပေးခဲ့သော်လည်း ဒုက္ခများနှင့် နုတ်ဆက်ခွင့် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြားခွင့် မရလိုက်သဖြင့် ဝမ်းနည်းရသည်ဟု မယ်လဒုက္ခစခန်းတွင် နေထိုင်နေသော မမြတ်သူက ပြောသည်။

“ကျမကတော့ လာတာကိုပဲ အရမ်းပျော်တယ်။ သေပျော်ပြီလို့တောင် ခံစားရတယ်။ အရမ်းဝမ်းသာနေပြီ။ စကားပြောခွင့်လည်း မရလိုက်ဘူး။ ဒီလောက်နဲ့တော့ ကျေနပ်တယ်။ ဖြစ်နိုင်ရင် စတိတ်စင်မှာ ဒေါ်စုကို စကားပြော စေချင်တယ်။ ဒါပေမယ့် မရလိုက်ဘူး၊ မရတော့ အရမ်း ခံစားရတယ်။ ကျမတို့ ဆုံးရှုံးလိုက်တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မကြားလိုက်ရသဖြင့် အတိုင်းမသိ ခံစားရသည်ဟု မဲဆောက်မြို့မှ
မြန်မာစေတနာ့ဝန်ထမ်း အသင်းမှ ကိုအောင်ဒင်က ပြောသည်။

“တမနက်လုံး ပန်းစည်းပေးဖို့ ဆိုပြီး လုပ်နေကြတာ။ တွေ့လိုက်တော့လည်း စက္ကန့်ပိုင်းလေးသာသာလေးပဲ။ တံခါးကို ဖွင့်ပြီးလက်ရမ်းနုတ်ဆက်တော့ ပုလိပ်တွေက အတင်းမောင်းပြီးထွက်သွားလိုက်တာလေ။ ဘာမှ မပေးလိုက်ရဘူး။ ဒါပေမယ့် တော်တော်လေး ခံစားရတယ်။ မယ်လက ပြန်လာရင်လည်း
လေယာဉ်ကွင်းနားမှာ လူတွေကို လက်ပြ နှုတ်ဆက် တာလောက်နဲ့ ပြီးသွားတယ်။ အတိုင်းအတာ မရှိ ခံစားရတယ်” ဟု သတင်းထောက်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့နယ်သို့ သွားရောက်ခဲ့သည့် အစီအစဉ်နှင့် ကွာခြားမှု ရှိနေပြီး လက်ရှိ မဲဆောက်မြို့သို့ ရောက်ရှိလာသော တွေ့ဆုံမည့် အစီအစဉ်များအားလုံးကို ထိုင်းအာဏာပိုင်များအနေဖြင့် တမင်သက်သက် ဖျက်သိမ်းသည့် ပုံစံမျိုး သက်ရောက်နေသည်ဟု HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းက
ပြောသည်။

“ကျနော်တို့ကတော့ တွေ့ချင်တယ်ဆိုပြီး အစောကြီးကတည်းက စာပို့ထားတယ်။ လူသိရှင်ကြား
ပြောထားတာပဲ။ ဆက်လည်း ဆက်သွယ်ထားတာပဲ။ ဒါပေမယ့် တွေ့ခွင့်မရတာက စိတ်မကောင်းဘူး။ ကျနော်တို့ မတွေ့ရတာမကပဲ။ ဒီမှာ လေယာဉ်ကွင်းရှေ့မှာ မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီ
စောင့်နေတယ်။ ကျနော်တို့ဘက်က ဒေါ်စုနဲ့ တွေ့ဖို့ တခြားနည်းလမ်း ရှာလို့ ရပေမယ့် အလုပ်သမားတွေ အနေနဲ့ ဒီလိုမျိုးဖြစ်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ရတဲ့အတွက် သူတို့ကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကောင်းဘူး” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးများကို ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာအလုပ်သမား အများအပြားနေထိုင်သည့် မဟာချိုင်တွင်လည်း
နှစ်ကြိမ်သွားရောက်စဉ် မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံ

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံပြီး၊ အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြားလိုက်ပါတယ်။

စကာင်္ပူနိုင်ငံမှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာရှလုံခြုံရေး ညီလာခံမှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က စကားပြောဆိုနေစဉ်။
စကာင်္ပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ် မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီ ပိုမိုဖော်ဆောင်ရေး၊ တိုင်းပြည်ပိုမို ပွင့်လင်းလာရေး ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာ ဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က - ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်း နေပုံရကြောင်း၊ ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုးနဲ့ ကြည့်ဖို့လိုကြောင်း၊ မြန်မာပြည် အပြောင်းအလဲဟာ စစ်တပ်ရဲ့ ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းကို သွားရောက်


ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ပြီး ဒုက္ခသည်များကို စကားပြောဆိုနေစဉ်။
ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။

"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။