Saturday, May 18, 2013
ဆိုကရေးတီး၏စကားတစ်ခွန်း ............................
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။
ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”
“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”
“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”
“မဟုတ်ဘူး”
“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”
“ မကြီးပါဘူး”
“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။
မှတ်သားသင့်လို့ မျှဝေပါသည်။
ညိုလင်းထွဏ်း
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လောကဓံ ၈ပါး
ကျမကတော့ ဗုဓ္ဒဘာသာဝင်ဆိုတော့ လောကဓံ ၈ပါးကိုအမြဲ နှလုံး သွင်းပါတယ်။ လူဆိုတာတချိန်ချိန်မှာ အောင်မြင်မယ် ၊ ရာထူးကြီးမယ်၊ ချီးမွမ်းခံရမယ်၊ ပျော်ရွှင်ရမယ်၊နောင်တချိန်မှာတော့ ရှုံးနိမ့်ရမယ်၊ ရာထူးကိုစွန့် လွှတ်ရမယ်၊ကဲ့ ရဲ့ ခံရမယ်။ဝမ်းနည်းရမယ်။ အရင်တုံးက နိုင်ငံအနှံ့  ဘယ်နေရာကိုစည်းရုံးရေးခရီးသွားသွား လူတွေက ကျမကိုအသက်ရှည်ပါစေ ကျမ်းမာကြပါစေ လို့ ဆုတောင်းပေးရရင် ၊ ကျမစိတ်ထဲမှာ အသိတရားတစ်ခုဝင်လာတယ်။
ဒါတွေကအမြဲတမ်းမဟုတ်ဘူး.။တနေ့ ကျတော့ ကျမကိုထောက်ခံတဲ့သူတွေ က ဆန့် ကျင်ချင်လဲဆန့်  ကျင်ကြမှာဘဲလေ ၊နိုင်ငံရေးဆိုတာကဒီလိုဘဲလေ၊ လူ့ ဘ၀ဆိုတာကလဲ ဒီလိုပါဘဲ ၊ ကျမဒါကိုအမြဲ နှလုံးသွင်းပါတယ်။ခေါင်းဆောင်လုပ်တဲ့သူဟာ လူတွေရဲ့ စိတ်အပြောင်းအလဲကိုအများဆုံး ခံကြရတာဘဲ။
ဒေါ်အောင်ဆန်းစုကြည်။
Friday, April 5, 2013
NLD (LA) Malaysia ဌာနခွဲမှ မြန်မာအလုပ်သမားများထံစည်းရုံးရေးခရီးစဉ်
NLD ( LA ) Malaysiaဌာနခွဲမှ ဥက္ကဋ္ဌ ကိုကျော်ကျော်မိုးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုအောင်မျိုးဦးတို့သည်စိုက်ခင်းတာဝန်ခံဦးအောင်နှင့်အတူ Cameron Heighland တောင်ပေါ်စိုက်ခင်းများတွင်အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်းသမားများ၏ကျန်းမာရေးနှင့်ပတ်သက်ပြီပါတီမှကူညီဆောင်ရွက်ပေးမည့်အစီအစဉ်နှင့်မလေးရှားဌာနခွဲ၏လုပ်ဆောင်ချက်များအားရှင်းလင်းပြောကြားပြီအလုပ်သမားများ၏ကျန်းမာရေးသိသင့်သိထိုက်သည်များကိုရှင်းလင်းပြောကြားခဲ့ပြီအလုပ်သမားများ၏အခက်အခဲ့များကိုလည်းမေးမြန်းခဲ့ပြီသက်ဆိုင်ရာအဖွဲအစည်းများ၏ချိတ်ဆက်လုပ်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။ ေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေေ
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား
Funding Provided by the United States Government& Malaysia Care တို့မှပူပေါင်းဖွင့်လှစ်သော level 1 basic computer and speaking သင်းတန်းဆင်းပွဲအားအမေ့ကျောင်း( မလေးရှား) ကျောင်းသား/ကျောင်းသူများသင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားအမှတ်တရ။
Wednesday, October 17, 2012
Sunday, August 26, 2012
သွေးတစ်စက်မြင်ကွင်းပုံရိပ်များ
မလေးရှားနိုင်ငံကပ်ပုန်နယ်မှာတည်ရှိသော မြန်မာဘုန်တော်ကြီးကျောင်းမှာ၂၆.၈.၂၀၁၂ နေ နံနက်
၁၀ နာရီမှာ ကပ်ပုန်း( ရ) ရက်သားသမီးနာရေးကူညီမုအသင်းမှ
၎ ကြိမ်မြောင်စုပေါင်းသွေးလှူန်ဒါန်းပွဲကိုကျင်းမှရာမှတ်တင်ဓာတ်ပုံများ
Tuesday, August 21, 2012
ကွက်လပ်ဖြည်ကြသူများ
သာစည်ကျေးရွာ ပရဟိတ ကျောင်းသို့ အွန်လိုင်းတွင်တွေ့ဆုံကြသော သူများ
စုပေါင်း လှုဒါန်းကြသော တွဲလက်များ အွန်လိုင်း အလှုရှင် တစ်ဦးမှ မတည်ထားသော
ငွေဖြင့် စာရေးကိရိယာ ကျောင်းသုံးပစ္စည်းများ ကိုလှုဒါန်းကြ ပါသည်။ ကလေးမြို့
မှ ဂျာနယ်လစ်များ နှင့် စီဂျေ များလည်းပူးပေါင်း ပါဝင် လှုဒါနးကြသည်ဟု
သိရှိရပါသည်။
Subscribe to:
Posts (Atom)



