Wednesday, September 28, 2011

ကချင်စစ်ပြေးဒုက္ခသည်

mongpaw-myenရှမ်းပြည်မြောက်ပိုင်း မုန်ဘော်မြို့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုက နေရပ်စွန့်ခွာထွက်ပြေးလာသူ ၁၀၉ ဦး ကို လက်ခံထားသည်ဟု ယင်းဘုရားကျောင်းက ဆိုသည်။

ရက်သားအရွယ် ကလေးငယ်နှင့် မိခင်လည်း ရွှေ့ပြောင်းလာသူများထဲတွင် ပါဝင်သည်ဟု ဆိုသည်။
ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ဒုက္ခသည်များသည် အင်္ဂါနေ့က ရောက်ရှိလာကြခြင်းဖြစ်သည် ဟု သိရသည်။

KIA တပ်မဟာ ၄ လွယ်ကန်ဒေသမှ တောတောင်ထဲ တစ်ညအိပ်ကာ မုန်ဘော်ရောက်ရန် တစ်ရက်ကြာ ခြေကျင်ခရီးနင်ရသည်ဟု စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

“အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုပဲ။ သူတို့လမ်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ ကျနော်တို့ မုန်ဘော်ကနေ ၅ မိုင်လောက်သွားပြီး ကားနဲ့ကြိုလာတာ” ဟု ဘုရားကျောင်းမှ ဒုက္ခသည်များအား ကူညီနေသူ တစ်ဦးပြောသည်။

စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအစိုးရတပ်က ပစ်သည့် ၁၂၀ မမ အမြောက်ဆံတစ်ခု ရွာထဲ ကျရောက်ပေါက်ကွဲသည့်အတွက် ၁၀-နှစ်ကျော် ပလောင်ကလေး တစ်ယောက် ဒဏ်ရာရရှိသွားသည်ဟု ဒီမားကျေးရွာမှ ရောက်ရှိလာသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ထပ်ပြောသည်။

နောက်ထပ် မုန်ဘော်သို့ စစ်ပြေးဒုက္ခသည်များရောက်လာရန် ရှိသည့်အတွက် ကြိုနိုင်ရန် ကားများ အဆင်သင့် ပြုလုပ်ထားသည်ဟု မုန်ဘော်ဘုရားကျောင်းမှ လူငယ်ဆရာတစ်ယောက်ပြောသည်။

စက်တင်ဘာ ၂၄ ရက်စကာ မြန်မာအစိုးရတပ်က KIA တပ်မဟာ ၄ လွယ်ကန်ဒေသကို ထိုးစစ်ဆင်လာသည့်အတွက် စစ်ပြေးဒုက္ခသည် ရာချီထွက်ပြေးလာကြကာ လာရှိုး၊ ကွတ်ခိုင်၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ မူဆယ်၊ ပန်ဆိုင်း(ကြူကုတ်)၊ မုန်ဘော်၊ နမ်တောင်၊ မုန်ကိုး ဒေသသို့ ရောက်ရှိလာကြသည်ဟု ၎င်းဒေသမှ ဒုက္ခသည်လေ့လာသူများက ဆိုသည်။

ယခုချိန်အထိ ဒုက္ခသည်များ စားဝတ်နေရေးအတွက် ကချင်ခရစ်ယာန်ဘုရားကျောင်းများက အဓိက ပံ့ပိုးနေသည်ဟု ဒုက္ခသည်များ ပြောသည်။

စစ်ပွဲကြီးစတင်လာပြီး စစ်ပြေး ၂၀၀၀၀ ကျော်သည် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်သည်ဟု KIA တပ်မဟာ ၄ အရာရှိများပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာပဲ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် (SSA/SSPP)နှင့် မြန်မာအစိုးရတပ်ကြား မတ်လကစတင်သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းကို ရှမ်းဒုက္ခသည်ကူညီရေးအဖွဲ့များက လည်း ဆိုသည်။

ကချင်ပြည်နယ်တွင် ဇွန်လကစတင်သည့် တိုက်ပွဲများကြောင့် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် KIO ထိန်းချုပ်သည့် တရုတ်နယ်စပ်ဒေသများတွင် စုစုပေါင်းဒုက္ခသည် ၃၀၀၀၀ ကျော်နေပြီဖြစ်သည်။

Tuesday, September 27, 2011

မျှတသောတရားခွင်

http://www.scribd.com/doc/66185039/Fair-Trial-%E1%80%99%E1%80%BD%E1%80%BA%E1%80%90%E1%80%B1%E1%80%9E%E1%80%AC-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8

တရားမျှတသောတရားခွင်

http://www.scribd.com/doc/66185459/Fair-Trial-%E1%80%99%E1%80%BD%E1%80%BA%E1%80%90%E1%80%B1%E1%80%9E%E1%80%AC-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%B9

လူအခွင်အရေး

http://www.scribd.com/doc/66185878/Human-Rights-%E1%80%9C%E1%80%B0%E1%82%94%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8

ဦးနေဝင်း-အတွင်းရေးများ

http://www.scribd.com/doc/66186084/Dictator-Ne-Wins-Secrets-ဦးနေ၀င်း၏-အတွင်းရေး

ဝဒေသဘိန်းစိုက်ခင်းဖျက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ-မိုင်းဆိတ်မြို့နယ် ထိုင်း နယ်စပ်တလျှောက် အခြေစိုက်သော တောင်ပိုင်း ဝ တပ်ဖွဲ့ စစ်ဒေသအမှတ် ၁၇၁ထိန်းချုပ်နယ်မြေအတွင်း ဒေသခံလူထုဘိန်းခင်းများအားစတင်ဖျက်ဆီးလျက်ရှိ ကြောင်း နယ်စပ်သတင်းများအရသိရှိရပါသည်။
opium_field
သျှမ်းပြည်အရှေ့ပိုင်းမှ ဘိန်းစိုက်ခင်း (ဓာတ်ပုံ-SHAN)

“အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူပြီးနောက်ပိုင်း ဘိန်းခင်းတွေကို ဖျက်နေတာ ၇-၈ ရက်လောက်ရှိပြီ။ ဘိန်းပင် တွေကို ရိုက်ချိုးပစ်တာမဟုတ်ဘူး။ အမြစ်ကနေ ဆွဲနုတ်ပစ်တာ” ဟု မိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။
မိုင်းတုံမြို့နယ် တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေအတွင်းရှိ လွယ်မန်ထောင်၊ လွယ်ပွန်တောင်း၊ လွယ်ပွန်ဖာ၊ လွယ်နမ့်လုတ်၊ လွယ်မတ်ခီနူတောင်ကျောတို့နှင့် မိန်းခစ်ရှိ ဘိန်းခင်းဧက ၁၀၀ ခန့်ဖျက်ဆီးပြီးဖြစ်ကြောင်း၊ ဘိန်း စိုက်သူ အများစုမှာ လားဟူလူမျိုးများဖြစ်ပြီး လီစူး၊ သျှမ်းနှင့် တရုတ်တို့လည်း စိုက်ပျိုးကြကြောင်း ၎င်းကဆို၏။
ဝ ထိန်းချုပ်နယ်မြေအတွင်း ဘိန်းပပျောက်ရမည် ဆိုသည့်အတိုင်း ၂၀၀၅ ခုနှစ်မှစ၍ ဘိန်းခင်းများကို ဖျက်ဆီးခဲ့ သဖြင့် ပြည်သူများလည်း ဘိန်းမစိုက်ပျိုးဝ့ံကြောင်း၊ စစ်အစိုးရနှင့် ဝ တို့ ဆက်ဆံရေးတင်းမာလာချိန် ၂၀၀၉ မှစ၍ ပြန်လည်စိုက်ပျိုးလာကြောင်း မိုင်းတုံဒေသခံ နောက်တစ်ဦးကလည်း ဤကဲ့သို့ ပြောပါသည်။

“၂၀၀၉ ကစပြီး ဒေသခံတွေ ဘိန်းပြန်စိုက်လာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရနဲ့ ဆက်ဆံရေးတင်းမာနေ တော့ ပြည်သူတွေရဲ့ ဘိန်းခင်းတွေကို ဝ တပ်ဖွဲ့က လာဖျက်မှာမဟုတ်ဘူးပေါ့။ အခုက မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတော့ မူးယစ်ဆေးဝါးကြောင့် သူတို့(ဝ) နာမည်မပျက်လိုဘူးလေ။”

မြန်မာစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံပြည်သူ့စစ်တို့ ထိန်းချုပ်နယ်မြေဖြစ်သော သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ မောက်မယ်၊ ဆီဆိုင်၊ ပင်လောင်းနှင့် တောင်ကြီးမြို့နယ်တို့ ၌လည်း ဘိန်းစိုက်ပျိုးလာကြကြောင်း၊ ထိုဒေသဘိန်း စိုက်ခင်းများနှင့် ပတ်သက်၍ အစိုးရပိုင် မြန်မာ့သတင်းဧဂျင်စီက သြဂတ်စ် ၂၈ ရက်က ဖော်ပြခဲ့ဖူးသည်။

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အများအပြား၌လည်း တစ်နှစ်ထက်တစ်နှစ် ဘိန်းပိုမိုစိုက်ပျိုးလာသည်ဟု ဒေသခံ များ ပြောပြချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တွေ့ဆုံဆွေးနွေးရေး မူဝါဒအပေါ် အခြေခံသည့် ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး NLD က လုပ်ဆောင်မည့် နိုင်ငံရေးလမ်းစဉ်များကို ပြည်သူလူထုထံ အသိပေး သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

23-NLD
ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD သည် ၂၃ နှစ်တာ ကာလအထိတိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် ညီညွတ်ရေး၊ စည်းကမ်းရှိရေး၊ သတ္တိတို့အရေးကြီးကြောင်း၊ စည်းကမ်းမရှိဘဲ ညီညွတ်ရေး မရနိုင်ကြောင်း၊ သတ္တိဟုဆိုရာတွင်လည်း အဖွဲ့ဝင်များသည် ၂၃ နှစ်တာ ကာလအတွင်း ခံရဲသည့်သတ္တိ၊ လုပ်ရဲသည့် သတ္တိ၊ အနာဂတ်ကို ရင်ဆိုင်ရဲသည့် သတ္တိ စသည့် သတ္တိအမျိုးမျိုးနှင့် ၂၃ နှစ်ကြာသည်အထိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း၊ အတိတ်ကာလကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ အကျိုးရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အနာဂတ်ကို ရင်ဆိုင်ရတဲ့ သတ္တိဆိုတာက အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ ကြည့်နိုင်မှဖြစ်နိုင်မှာပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ မကြည့်နိုင်တဲ့သူတွေက အနာဂတ်ကို သတ္တိနဲ့ ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ရာတွင် မကျေနပ်စိတ်၊ ကလဲ့စားချေစိတ်များ မထားသင့်ကြောင်း၊ မိမိ လုပ်ဆောင် နေသော အလုပ်ကို အနစ်နာခံ လုပ်ဆောင်နေသည်ဟု မမြင်ဘဲ မိမိယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု စိတ်ထား တတ်ရန် လိုကြောင်း သူက ဆက်ပြောသည်။

“ကျမတို့ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် လုပ်နေတယ်ဆိုရင် အနစ်နာခံရတယ်ဆိုတဲ့ စိတ်မျိုးကို မထားစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနစ်နာခံရတယ်လို့ စိတ်ထဲမှာ ထားရင် ဒီစိတ်နဲ့ဒွန်တွဲပြီး ကလဲ့စား ချေချင်စိတ်တွေ၊ မကျေနပ်တဲ့ စိတ်တွေပေါ်လာတယ်။ ကျမကတော့ ကျမရွေးတဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျေနပ်တယ်။ ကိုယ်က လိုလိုလားလား ပေးဆပ်ရမယ်။ ငါလုပ်ရချည်ရဲ့၊ အနစ်နာခံရချည်ရဲ့ဆိုတဲ့ စိတ်တွေပေါ်လာရင် အကြွေးယူချင်တဲ့စိတ်၊ အကြွေးတောင်းချင်တဲ့စိတ်ကလေးတွေ ပါလာတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD သည် ဒီမိုကရေစီလမ်းစဉ်အတိုင်း အရေးကြီးခြေလှမ်းများ လှမ်းတိုင်း ပြည်သူကို အသိပေးသွားမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး မူပေါ်တွင် အခြေခံကာ ပျော့ပျော့ပြောင်းပြောင်း အကြမ်းမဖက်သော လမ်းစဉ်ဖြင့် နိုင်ငံရေး ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း သူက ပြောသည်။

“ဒီမိုကရေစီ ရရှိရေးအတွက် ကိုင်ဆုပ်ထားတဲ့ တွေ့ဆုံဆွေးနွေးရေး မူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ညီညွတ်ရေး လမ်းစဉ်အတိုင်းပင် ဆက်လက်ထောက်ခံ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယနေ့အချိန်သည် NLD အတွက် အထိအခိုက် မခံနိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြောင်း ပြောဆိုကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး ဖြစ်သည့်အတွက် NLD အတွက် အရေးကြီးသော အချိန်ရောက်ရှိနေကြောင်း၊ ထို့ကြောင့် NLD ခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များအကြားတွင် လည်းကောင်း၊ စည်ရုံးရေး အဖွဲ့အစည်းများ အကြားတွင်လည်းကောင်း အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေးမူတို့ဖြင့် NLD ၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒ လမ်းညွှန်ချက်များကို လုပ်ကိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဦးတင်ဦးက ပြောသည်။

“အခုအချိန်ကာလမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် အဖွဲ့ချုပ် အဖွဲ့ဝင်များက ဘယ်လိုနည်းနှင့်မှ စုစည်း ညီညွတ်မှု၊ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှုတွေကို လျော့ပါးစေမယ့်၊ ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေကို မပြုလုပ်မိကြဖို့ အထူး လိုအပ်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့်အမြင်ကို ပြည်တွင်း သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းခြင်း ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြောသည်။

“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ နံနက် ၁၁ နာရီက စတင်ကျင်းပသော အခမ်းအနားကို NLD အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ အပါအ၀င် ပြည်သူပေါင်း ၆၀၀ ကျော် တက်ရောက် ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ခဲ့ရသော်လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မပြုဘဲ ဖမ်းဆီးအကျဉ်းချထားမှုများ အပါအ၀င် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နိုင်ငံရေး ပါတီအဖြစ် ၂၃ နှစ်တိုင်တိုင် ရပ်တည်လျက်ရှိသည်။