Sunday, October 16, 2011

ရှေးရှေးတုန်းက မြန်မာများ


စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊ ပန်းလောင်းမြစ်၏ မှီရာ (၁) စောလှမြို့နယ်၊ (၂) ပင်လယ်နယ်၊ (၃) မြစ်သားနယ်၊ (၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီမြစ်၏ မှီရာ၊ (၅) မြောင်လှနယ်၊ (၆) မြင်းခုံတိုင်နယ်၊ (၇) မက္ခရာနယ်၊ (၈) ပနံနယ်၊ (၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။




ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်
မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ

(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊

(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊

(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။

ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။

ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။


ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)

အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။



ညောင်ရမ်းခေတ်(၁၅၉၆-၁၇၅၂)

နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့် အနောက်ဖက်လွန်မင်း (၁၆၀၅ - ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံး မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်



တောင်ငူ -ဟံသာဝတီခေတ် (၁၃၅၁ - ၁၅၉၉)

တပင်ရွှေထီး (၁၃၅၁ - ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။ တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊ အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ (နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။





အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)

ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။


ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ

ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။ မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။

အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။

ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။

တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက်ခိုက် လျက်ရှိသည်။

ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။



ပုဂံခေတ်

အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။ အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သား လက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။


ပုဂံခေတ်မတိုင်မှီမြန်မာနိုင်ငံ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ၄င်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့်သမိုင်းဆရာ ဂေါ်ဒွင်လုစ် ၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။













ဘယ်ခေတ်က မှန်း ခန့်မှန်းလို့ မရတဲ့ ဘုရား ဆင်းတုတော်လေးပါ ဥာဏ်တော် တမိုက်ခန့် ပဲ ရှိပါတယ်ဗျာ





























မြန်မာအစိုးရသစ်၏ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ရှုနေမှုကို အိန္ဒိယက အသိအမှတ်ပြု ကြိုဆိုကြောင်း

မြန်မာအစိုးရသစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ရှုနေမှုကို အိန္ဒိယက အသိအမှတ်ပြု ကြိုဆိုကြောင်း သမ္မတ  ဦးသိန်းစိန်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းထုတ်ပြန်ချက်တွင် အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းက ပြောဆိုထားသ
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် လိုအပ်သည်များကို အိန္ဒိယဘက်မှ ကူညီထောက်ပံ့ရန် အသင့်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက် မှုများအတွက်လည်း ဂုဏ်ပြုကြိုဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၏ ဖိတ်ခေါ်ချက်ဖြင့် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်လာသော သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ကို သမ္မတ အိမ်တော်တွင် နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံခဲ့ပြီး ယနေ့ညတွင် ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် မဟတ္တမ ဂန္ဒီ၏ ဂူဗိမာန်သို့ သွားရောက် ဂါရ၀ပြုခဲ့သည်။
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကမူ သမ္မတ ဦးသိန်းစိန်အစိုးရကို အိန္ဒိယအစိုးရက ရင်းနှီးစွာ ဆက်ဆံနေမှုမှာ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတခု အနေဖြင့် မဖြစ်သင့်ကြောင်း ဝေဖန်ထောက်ပြကြသည်။
ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အစိုးရ ဖြစ်သည့်အတွက် ပြည်သူလူထုကို ကိုယ်စားမပြုကြောင်း၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု အစိုးရသာ ဖြစ်သည့်အတွက် ဒီမိုကရေစီ ပေါ်ထွန်းရေးကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် အစိုးရမဟုတ်ကြောင်း ဝေဖန်ပြောဆိုကြသည်။
“ပြည်တွင်းမှာ လတ်တလော လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာ၊ စာပေလွတ်လပ်ခွင့် တချို့ ပေးနေတာတွေဟာ အမှန် တကယ် အပြောင်းအလဲတွေ မဟုတ်ဘူး။ ဒါဟာ သမ္မတ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီရေးကို အလေးထား ဦးစားပေးတဲ့ နိုင်ငံတွေရဲ့ ဖိအားတွေ ပြေလျော့စေချင်လို့ တဘက်လှည့်နဲ့ လုပ်နေတာ” ဟု အိန္ဒိယနိုင်ငံအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) ဥက္ကဋ္ဌ ကိုကျော်သန်းက ပြောသည်။
အိန္ဒိယ – မြန်မာအရေး လေ့လာသူများ၏ ဝေဖန်မှုများအကြားမှပင် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် အိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်း အပါအဝင် နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့သည်။
အဆိုပါ စာချုပ်အရ ၂၀၁၀ ပြည့်နှစ်အတွင်း ချုပ်ဆိုခဲ့သော သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၁၂ မှ ၂၀၁၅ အထိ တိုးမြှင့်လိုက်ပြီး နည်းပညာ အကူအညီများ မြန်မာပြည်သို့ ပေးအပ်ရန်နှင့် မြန်မာနိုင်ငံမှ နည်းပညာရှင်များကို အိန္ဒိယတွင် ပညာသင် စေလွှတ်ရန်များ ပါဝင်သည်။
ထို့အတူ ရန်ကုန် ကလေးဆေးရုံကြီးနှင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတို့ကို အဆင့်မြှင့်တင်ရေုး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက်လည်း နားလည်မှု စာချွန်လွှာတခု ချုပ်ဆိုခဲ့သည်။
ဆွေးနွေးမှုများတွင် နယ်စပ်လုံခြုံရေး၊ အိန္ဒိယအရှေ့မြောက် ခွဲထွက်ရေး သူပုန်များကို ပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ် လုံခြုံရေး တိုးမြင့်ရေး၊ လက်နက်မှောင်ခိုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်။
ထို့အပြင် ဆည်မြောင်း တာတမံ စီမံကိန်းများအတွက် အိန္ဒိယမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တိုးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီနှင့် ရွှေစရေး ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာ စီမံကိန်းများကို ၆ လအတွင်း စတင် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ် ကုန်သွယ်ရေးတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ် လမ်းများဖောက်လုပ်ရေး၊ နယ်စပ် ကုန်သွယ်ရာ ဒေသများတွင် အကောက်ခွန် ဂိတ်များနှင့် စနစ်တကျ လုပ်ဆောင်ရေး၊ ကုလားတန် ဘက်စုံစီမံကိန်း အရှိန်မြှင့် ပြုလုပ်ရေးများကို ဆွေးနွေး ပြောဆိုခဲ့ကြသည်။
နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် နေပြည်တော်တွင် အိန္ဒိယ အစိုးရအတွက် မြေနေရာကို နှစ် ၆၀ အထိ ငှားရမ်းခွင့် ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယ ဘက်မှလည်း ဂယာတွင် မြန်မာ့သာသနာ့ဗိမာန် တည်ဆောက်ရန်အတွက် ပေ ၂၂၀ ပတ်လည် အကျယ်အ၀န်းရှိ မြေနေရာ ပေးအပ်မည်ဖြစ်သည်။

မိသားစုဝင်တွေနဲ့ ထပ်တူ ၀မ်းသာတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးသားအကျဉ်းသားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ  ၀မ်းသာတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ နိုင်ငံမှာ  တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာနေတာကိုလည်း ကြိုဆိုပေမဲ့ အချိန်သတ်မှတ်ချက် ရှိသင့်တယ်လို့ သူထင်ကြောင်းကိုလည်း ပြောလိုက်ပါတယ်။ ကျိုင်းတုံထောင်မှာ အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ထောင်ဝင်စာတွေ့ပြီး ပြန်လာခဲ့တဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်ကို  ဆက်သွယ် မေးမြန်းထားပါတယ်။
အောက်တိုဘာလ  ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်တွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အားလုံနဲ့ထပ်တူ ၀မ်းသာတယ်လို့ ကျိုင်းတုံထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က စကားပါးတယ်လို့ ကိုမင်းကိုနိုင်ကို ထောင်ဝင်စာတွေ့အပြီး ဒီကနေ့ ညနေကမှ ရန်ကုန်ပြန်ရောက်တဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်က ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ အစဉ်တစိုက်တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အခု ဖြစ်နေတာကို ကြိုဆိုပေမဲ့ အချိန်သတ်မှတ်ချက် ရှိဖို့တော့ လိုလိမ့်မယ်လို့ သူထင်ကြောင်းကိုလည်း ကိုမင်းကိုနိုင်က ပြောခဲ့တယ်လို့ ဆိုပါတယ်၊
“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ကတော့ သူ မလွတ်မြောက်သေးသော်လည်း လွတ်လာတဲ့သူတွေ အတွက် ကာယကံရှင်တွေအတွက်ရော၊ သက်ဆိုင်ရာ မိသားစု အသိုင်းအ၀ိုင်းတွေ အတွက်ရော အားလုံးနဲ့ထပ်တူ ၀မ်းသာပါတယ်တဲ့ သူက ပြောလိုက်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ အစဉ်တစိုက် တောင်းဆိုလာခဲ့တာ တွေ့ဆုံဆွေးနွေးရေး၊ အခု အဲဒီဟာက ဖြစ်လာပြီ။ ဖြစ်လာပြီဆိုတော့ ဒေါ်စုနဲ့ တခြား အဖွဲ့အစည်းနဲ့ စကားပြောနေတာကို သူ ကြိုဆို ထောက်ခံပါတယ်။ ဒါပေမဲ့ အချိန် သတ်မှတ်ချက်လေးတော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ သူက အဲဒီလို ပြောပါတယ်။ နောက်ပြီးတော့ ဒီ တွေ့ဆုံဆွေးနွေးမှုကနေ ရလာမယ့် ရလဒ်အပေါ် အန်တီစု ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူ လက်ခံပါမယ်တဲ့။”
ဒါ့အပြင် NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ ဘယ်လို သဘောထားမျိုးကိုမှ ကြိုတင် မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ပြောပါတယ်။
“ပါတီ တည်ထောင်ခြင်းကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ထောက်ခံတယ်တို့၊ ကန့်ကွက်တယ်တို့ ကြိုပြီး ပြောစရာအကြောင်း မရှိပါဘူးတဲ့။ ကာယကံရှင်ကိုယ်တိုင် တိတိကျကျ မပြောသေးတဲ့ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့် မရှိပါဘူးတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ ဘယ်သူ့ကိုမှလည်း လမ်းကြောင်းမပေးပါဘူးတဲ့။ ဆရာလည်း မလုပ်နိုင်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိတဲ့ကိစ္စကို ဘယ်သူ့ကိုမှလည်း မမှာခဲ့ပါဘူးတဲ့။ သူ အနှစ် ၂၀ ကျော် ထောင်ထဲမှာ ဒုက္ခခံခဲ့တာတွေဟာ အလကားဖြစ်သွားမယ်တဲ့။ ဂုဏ်သိက္ခာကို ထိခိုက်မှာ သူ အရမ်းစိုးလို့ပါတဲ့။ ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားလို့ပါတဲ့။”
ကိုမင်းကိုနိုင်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သွေးတိုးတဲ့ဝေဒနာ ခံစားနေရပါတယ်။
“ဒီတစ်ခေါက် သူ သိပ်နေမကောင်းဘူး။ နေမကောင်းဘူးဆိုတာက လွန်ခဲ့တဲ့ နှစ်လသုံးလလောက်ကတည်းက စပြီးတော့ သူ ခေါင်းမူးနေတာလေ။ စာထဲမှာလည်း သူ ရေးတယ်လေ။ ခေါင်းမူးနေတယ်။ သွေးတိုးကလည်း ရှိတယ်။ တခါတလေကျရင် သွေးခုန်နှုန်းလည်း မြန်တယ်။ ဟိုတလောကတည်းက ဖြစ်နေတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်လသုံးလကတည်းက ဖြစ်နေတယ်လေ။ လက်ကျီးပါင်းကတော့ ရေရှည်ပေါ့လေ။ အဲဒါနဲ့ ခြေထောက် ဖနောင့်အတက် ထွက်တာပေါ့နော်။ အဲဒါကတော့ ရေရှည်ပေါ့။ တခါတလေကျတော့ သူက သွေခုန်နှုန်း ကလည်း မြန်တယ်။ သွေးတိုးကလည်း ရှိတယ်။ အစားအသောက် ဆင်ခြင်ရတာပေါ့နော်။”
ဒါကတော့ အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံထောင်မှာ ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့သူ အမစ် ဒေါ်ကြည်ကြည်ညွန့် ပြောခဲ့တာဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် တခြား ၈၈ မျိုးဆက် ကျောင်းသားတွေအပြင် နိုင်ငံရေး လှုပ်ရှားတက်ကြွသူများနဲ့ အတူ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်းချ ခံထားရတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ ဆန္ဒပြပွဲ အရေးအခင်းကို ဦးဆောင်ခဲ့တဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သလို သူဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ အသက် ၄၉ နှစ် ပြည့်မှာမို့ မိတ်ဆွေသူငယ်ချင်းတွေက ကိုမင်းကိုနိုင်အတွက် မွေးနေ့ပွဲတစ်ခု ပြုလုပ်ဖို့လည်း စီစဉ်ထားကြပါတယ်။

မေန်မာနယ်စပ် တလျောက်သို့ ထောင်နှင့်ချီသည့် တရုတ်အစိုးရ တပ်များ ဖြန့်ချထားသည်ဟု နယ်စပ် သတင်းများက ဆိုသည်။

မြန်မာပြည်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် တလျောက်သို့ ထောင်နှင့်ချီသည့် တရုတ်အစိုးရ တပ်များ ဖြန့်ချထားသည်ဟု နယ်စပ် သတင်းများက ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ်မြို့များဖြစ်သည့် ကျန်းဖုန်း (လွယ်ကျယ်နှင့် မျက်နှာချင်းဆိုင်)နှင့် ယင်ကျန်းမြို့(လိုင်ဇာအနီးရှိ တရုတ်မြို့) များသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်ဟု တရုတ် အစိုးရ အာဏာပိုင်များထံမှ သိရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက အခုလိုပြောသည်။
“ကျန်းဖုန်းမှာ တရုတ်စစ်တပ်အင်အား (၃၀၀၀) လောက်ရောက်တယ် ပြောတယ်။ ခန့်မှန်းခြေ ပေါ့နော်။ ပြီးတော့ လက်နက်ကြီးတွေ ပါတယ်လို့ကြားတယ်။ နောက် ယင်ကျန်းဘက်ကိုလည်း ပို့ထားပြီလို့ ပြောတယ်။ အဲဒါ သေခြာအောင်လို့ ကျနော်တို့လူတွေကို လိုက်ကြည့်ခိုင်းတာ ကွန်ဖမ်း ဖြစ်တယ်။”
နယ်စပ်တလျောက် ယခုလို တရုတ်အစိုးရတပ်ဖွဲ့များ အလုံးအရင်းဖြင့် နေရာယူထားသည့်အပေါ် “သူတို့ ရည်ရွယ်ချက်ကတော့ နယ်စပ် လုံခြုံရေးပေါ့။ ပြီးတော့ အစိုးရတပ်ဖက်က လေယာဉ်တွေ ဘာတွေ ကျော်ဝင်လာရင် ကာကွယ်ဖို့လည်း ပါတယ်ဆိုပြီး အဲလိုပဲ သတင်းလွှင့်ထားတယ်။ ဒီသတင်းက တရုတ်ဖက်က ရတဲ့ သတင်းပါ။”  ဟု ၎င်းက ဆက်ပြောသည်။
တရုတ်မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ယင်းကိစ္စ တရုတ်အစိုးရ အာဏာပိုင်ဘက်မှ ထုတ်ဖော် မပြောသော်လည်း ဒေသခံလူထုထံက သိရကြောင်း အခုလို ပြောသည်။
“ကျနော်လည်း မေးပြီးပြီ။ ကျနော်တို့ လူထုကလည်း မြင်တဲ့ကောင်က မြင်တယ်။ လုံးကျန်းခရိုင် ကျန်းဖုံမှာ တော်တော်များများ မြို့ပြင်က ကျောင်းတွေတို့ စက်ရုံဟောင်းတွေတို့ ဘာတို့မှာ တပ်တွေ တွေ့ရတယ်လို့ ပြောတယ်။ လက်နက်ကြီးတွေလည်း ပါတယ်လို့ ပြောတယ်။”
တရုတ်အစိုးရတပ်များ ရောက်ရှိနေသည့် မြို့များသည် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO နှင့် အစိုးရတပ်ဖွဲ့တို့ လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် နယ်စပ်ချင်း ထိစပ်နေသည်။
နယ်စပ်လက်နက်ကိုင် တပ်ဖွဲ့များ၏ အတွေ့ အကြုံများအရ တရုတ်စစ်တပ်များ နယ်စပ်ဒေသသို့ အများအပြား ရောက်ရှိလာပြီး မကြာမီတွင် မြန်မာစစ်တပ်က ထိုးစစ်ကြီးများ ဆင်နွဲလေ့ရှိသည်။ ထိုးစစ်ကြီးများရှိပါက တရုတ်ပြည်သူ့ တပ်မတော်သို့ အရင် အကြောင်းကြားရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် KIO ဌာနချုပ် လိုင်ဇာမြို့အပါအ၀င် တောင်ဘက် နယ်စပ်တလျောက်ရှိ တာပိန် ရေအားလျပ်စစ် စီမံကိန်း တည်ဆောက်ရာ မိုးမောက်မြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် အတွက် မကြာမီ အစိုးရက KIO အား ထိုးစစ်ကြီး ဆင်နွဲလာမည့် လက္ခဏာ တွေ့ရကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။ 
လောလောဆယ်တွင် KIO ဌာနချုပ် လိုင်ဇာမြို့မြောက်ဖက်နှင့် အနောက်ဖက်ရှိ မိုင်နှစ်ဆယ် ပတ်လည်ခန့် အတွင်း အစိုးရနှင့် KIO တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်က အခုလို ပြောသည်။
“တိုက်ပွဲကတော့ မနေ့ကလည်း ပြင်းထန်နေတယ်။ ပါဂျို၊ နားဖော့ အောက်ဖက် မှာတော့ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ မနေ့က ၀ိုင်းမော်၊ ရွှေညောင်ပင်ဘက်ကနေ ကားခုနှစ်စီးတောင် တက်ခဲ့တာကိုး။ သူတို့ စစ်ကူဖြည့်ဖို့ လာတာလား ဘာလားတော့ မသိဘူး။ အခု လမ်းမှာစောင့်ပြီးတော့ ချကုန်ပြီ။ တိုက်ပွဲတော့ နည်းနည်း ပြင်းတယ်။ လက်နက်ကြီးတွေနဲ့ ချည်းပဲ ချနေတာ။”
အစိုးရတပ်မှ ဒေသတွင်း စစ်အင်အားပိုမို ဖြည့်တင်း လာသည့်အပေါ် ဌာနချုပ် လိုင်ဇာမြို့သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု အစောပိုင်းကာလ ကတည်းက KIO မှ ခန့်မှန်း ပြောဆို ထားသည်။
အစိုးရနှင့် KIO တို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ တိုက်ပွဲများ ပြန်လည်

Saturday, October 15, 2011

အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှု တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း RFA ကတင်ပြနေတဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ်မှာ ရခိုင်ပြည်နယ်ကို သူပြောင်းရွှေ့ရောက်ရှိသွားခဲ့စဉ်က အတွေ့အကြုံတွေကို အောက်တိုဘာ ၃ ရက်နေ့က တင်ပြခဲ့ရာမှာ ပြောကြားချက်တချို့ကို (BRANA) ခေါ် မြောက်အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။
လွတ်လပ်တဲ့အာရှအသံ ရုံးချုပ်ကို ဒီကိစ္စအတွက် လာရောက်ခဲ့တဲ့ BRANA ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်း ကို ဦးတင်ဦး ရဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ် တာဝန်ယူ တင်ဆက်သူ ဦးခင်မောင်စိုး က စတူဒီယို အမှတ် ၁၁ မှာ တွေ့ဆုံမေးမြန်း ခဲ့တာကို နားဆင်ပါ။

တပ်တွင်းရန်ပွဲ

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ( ၁၇) ၌ အရာရှိငယ်နှစ်ဦးက တပ်သား တဦးကို ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အမှုနှင့် ပတ်သက်၍ ပင်မ စစ်လက်နက် ပစ္စည်းတပ် နတ်မောက် (ပပန) မှ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေး လျက်ရှိသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အခြေစိုက် ကပစ (၁၇) တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် - ကြည်း
- ၅၇၄ဝ၃ ဗိုလ်ခင်ဇော်အောင်နှင့် ကိုယ်ပိုင်အမှတ် ကြည်း - ၅၇၃၈၃ ဗိုလ်ဟိန်းဝင်းအောင် တို့က စက်တင်ဘာလ ၁၄ ရက်နေ့က ကိုယ်ပိုင်အမှတ် - ကြည်း ၃၄၃၈၄၁ တပ်သား အောင်ငြိမ်းချမ်းကို ထိုးကြိတ်၊ ကန်ကျောက်ကာ ဝါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ တနာရီက ခုံရုံးစတင်ဖွင့်လှစ်ပြီး တရားလိုဖြစ်သူ တပ်သား အောင်ငြိမ်းချမ်းနှင့် မိခင်ဖြစ်သူ ဒေါ်မြင့်ဇူတို့ကို သီးခြားစီစစ်ဆေးခဲ့ကြောင်း ဒေါ်မြင့်ဇူက သတင်းထောက်များအားပြောသည်။

ခုံရုံးကို အောက်တိုဘာ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းကာ နတ်မောက်မြို့နယ် ပင်မ စစ်လက်နက်ပစ္စည်းတပ်မှ ကြည်း - ၁၄၃ဝဝ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ၊ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဋ္ဌာနချုပ် အမှတ် -
၁၈ဝ၉ မှ ဗိုလ်မှူး ကိုကိုနိုင်တို့က အတွင်းရေးမှူး၊ ပင်မစစ်လက်နက်ပစ္စည်းတပ်မှ ဗိုလ်ကြီးမြတ်နိုးက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

“အဲဒီအရာရှိ သုံး ဦးက ဘေးမှာ စစ်သား ငါး ယောက်ခြံရံပြီးတော့ ကျမကိုစစ်တယ်။ တိုင်ရင် ထောင်ကျမယ်
ဆိုတာ ခင်ဗျားကို ဘယ်သူပြောသလဲတို့။ တိုင်စာကို ရေးပေးတဲ့လူကို အဓိကထားမေးတယ်။ စာစီပေးတဲ့
လူတို့ ဘယ်ကွန်ပြူတာမှာရိုတ်တာလဲတို့၊ ကပစ (၁၇) ကို မတိုင်ဘဲနဲ့ သမ္မတကို တိုင်တယ်ဆိုတာ အရာရှိ
တွေ နစ်နာတယ်ဆိုတဲ့အကြောင်း၊ စက်ရုံကိုမတိုင်ဘဲ ကျော်တိုင်တယ်တို့ မေးတယ်” ဟု ဒေါ်မြင့်ဇူက မဇ္ဈိမ
ကို ပြောသည်။

“တိုင်တာကတော့ သတင်းစာတွေ၊ ရေဒီယိုတွေ ထဲကကြားတဲ့သိတဲ့အတိုင်း ကြည့်ပြီးတိုင်တယ်။ စာစီတာက
တော့ ကိုယ်ကပြော ပြတာကို နောက်က ကွန်ပြူတာ သမားက စာရိုက်ပေးတယ်လို့ ကျမကပြန်ဖြေခဲ့တယ်”
ဟု သူက ဆက်ပြောသည်။

တရားခံဖြစ်သူ ဗိုလ်ခင်ဇော်အောင် နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့ကို စစ်ဆေးခြင်း ရှိမရှိ မသိခဲ့ရ ဟုဆိုသည်။ ဗိုလ်ဟိန်းဝင်းအောင်မှာ လာမည့် နှစ်ဆန်းတွင် တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရန် ရွေးချယ်ခံရထားသူ ဖြစ်သည်။

ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ကပစ (၁၇) မှ အရေးယူပေးလိမ့်မည်အထင်ဖြင့် စောင့်ကြည့်ခဲ့သော်လည်း မဖြစ်လာသဖြင့် မိခင် ဒေါ်မြင့်ဇူ က စက်တင်ဘာ ၂ဝ ရက်နေ့တွင် သမ္မ တဦးသိန်းစိန်အပါအဝင်၊ ကာကွယ်ရေး ဝန်ကြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မကွေးတိုင်း ဝန်ကြီးချုပ်တို့အား တိုင်ကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက်နေ့ က တာဝန်ပြီး အနားယူ ရေချိုးနေသည့် အောင်ငြိမ်းချမ်း ကို ဗိုလ်ခင်ဇော်အောင် က
အပြင်မှ ခေါ်သဖြင့် ထွက်တွေ့သည့် အခါတွင် အင်္ကျီ ကြယ်သီးတလုံး ပြုတ်နေပြီး သတိဆွဲရန် မေ့လျော့ခဲ့ခြင်း
ကြောင့် ဗိုလ်ခင်ဇော်အောင်နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့က အချက် (၄ဝ) ထက်မက ထိုးကြိတ် ကန်ကြောက်ပြီး ဝါးစိမ်းဒုတ်ဖြင့်ပါ ရိုက်နှက်ခဲ့ကြောင်း ဒေါ်မြင့်ဇူက ပြောသည်။

ဒါဏ်ရာများပြင်းထန်သဖြင့် တပ်တွင်းဆေးခန်းတွင်ပြသသော်လည်း မသက်သာသဖြင့် တောင်တွင်းကြီးမြို့ မဏိမေခလာ ဆေးခန်းသို့ တပ်အစီအစဉ်ဖြင့် သယ်ဆောင်ကာ သွားရောက် ကုသခဲ့ရသည်။ ယခုအခါ တပ်တွင်းဆေးခန်းတွင် ကုသမှု ခံယူနေရသည်။

ထူးကုမ္မဏီ၏ ရွှေတူးဖေါ်ရေး လုပ်ငန်းတွင် ကချင်နှင့် တရုတ်သူဌေးများပါဝင်

ထူးကုမ္မဏီက လုပ်ဆောင်နေသည့် ရွှေထူးဖေါ်ရေး စီမံကိန်းအတွက် အထောက်အပံ့များ ပစ္စည်းကရိယာများ ယခင်အနေအထားအတိုင်းရှိနေပြီး လုံခြုံရေး တင်းကြပ်ထားဆဲဖြစ်သည်။ ထိုမျှမက မြစ်ဆုံရှိ ဆိုးဝါးလှသော ရွှေတူးဖော်ရေးလုပ်ငန်းလည်း လုပ်ဆောင်နေဆဲဖြစ်သည်။
သစ်ပင်များကို ခုတ်လဲ၍ တူးဖေါ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသဖြင့်  သဘာဝတောတောင်
များပျက်ဆီးဆုံးရှုံးရသည်။

ဘိုးဘွားအစဉ် အဆက်လုပ် ကိုင်စားသောက်နေတဲ့ လယ်မြေတွေအတွက်လည်း စိုးရိမ်ရတဲ့
သဘောပဲ'' ဟု ပြောပြကြသည်။ ''လယ်မြေတွေကို ရွှေထွက်ရှိနိုင်မှု ပမာဏနဲ့ တွက်ဆပြီးတော့ မတန်တဆ ဈေးတွေနဲ့ ပစ်ပေါက်ဝယ်ကြလို့ လယ်မြေတွေဟာ ပြောင်းရွှေ့ခဲ့ရတဲ့အထိ
ရှိခဲ့တယ်။ သဘာဝဝပတ်ဝန်းကျင် လှပသာယာမှုများက ရွှေလုပ်ကွက်များမှ စွန့်ပစ်မှုများကြောင့် သိသိသာသာညစ်နွမ်းခဲ့ရသည်။

ဧရာဝတီမြစ်ဆုံကိစ္စ ဆိုင်းငံ့ထားမည်ဟု သမ္မတဦးသိန်းစိန်သည် လည်းကောင်း၏ သက်တမ်းတွင် 
ရပ်ဆိုင်းထားမည်ဟု သဝဏ်လွှာထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင်စီမံကိန်းရပ်ဆိုင်းသည့် အရိပ်အယောင်မမြင်သေးဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့က ပြောသည်။

သမတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ မှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် တရုပ်နိုင်ငံသို့ 
သွားရောက်၍ စီမံကိန်းများ ဆက်လုပ်သွားရန် ဆွေးနွေးမှုများရှိနေပြီး အစိုးရအဖွဲ့ နှင့် 
ညှိနှိုင်းနေသည့် သဘောရှိသည်။ရပ်ဆိုင်းထားမည်ဆိုပါက လျော်ကြေးအဖြစ် တခြားစီမံကိန်း
လုပ်ငန်းများ ချပေးရန်ရှိသည်ဟု သမတ အကြံပေး ဒေါက်တာ နေဇင်လတ်မှ ပြောဆိုခဲ့ကာ
တရုတ်၏ ကျေနပ်မှုကို ရယူနေသည့်သဘောရှိပြီး အစိုးရ ၅ နှစ်သက်တမ်းကုန်ဆုံးချိန်
လည်းကောင်းတို့  နောက်အစိုးရလက်ထက်တွင် ဆက်လက်လုပ်ဆောင်မည့် သဘော
ရှိသည်။