Sunday, November 13, 2011

စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ကျော်လွှားခြင်း

·



မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။
မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ ဒီကနေ့ အဲဒါကို ကျနော် ပြောချင်ပါတယ်။
ကျနော်တို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ်၊ ကျနော်တို့မှာ လိုချင်တာကို မရနိုင်အောင်လုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိကြပါတယ်။
အများအားဖြင့်တော့ အဲဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ အမှန်တကယ် အခြေအမြစ်မရှိပါဘူး။ အဲဒါတွေအများစုဟာ ကျနော်တို့ ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊ ပညာရေး ဒါမှမဟုတ် ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတဲ့ အတားအဆီးတွေပါ။

ဒီအောက်က စာကြောင်းတွေကို စဉ်းစားကြည့်ပါဦး။

” ငါဟာ တက္ကသိုလ်တက်ရလောက်အောင် စာမတော်ဘူး ”
” ငါဟာ လူကြားသူကြားမှာ စကားပြောဖို့ သတ္တိမရှိဘူး ”
” ငါဟာ အဲဒီအားကစားကို ကစားဖို့ အရည်အချင်းမရှိဘူး ”
” ငါဟာ စီးပွားရေးလုပ်ငန်းမှာ မအောင်မြင်နိုင်ဘူး ”
” ငါ ဘယ်တော့မှ အဲဒီ ငွေကြေးအခြေအနေကို ရောက်မှာမဟုတ်ဘူး ”
” ငါ သူ့လို မအောင်မြင်နိုင်ဘူး ”
” ငါ့ရည်မှန်းချက်ဟာ ငါနဲ့ အလှမ်းဝေးနေတယ် ”

ဒါတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေပါပဲ။ အဲဒါတွေဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်လည်း မရှိပါဘူး။ သင့်မှာ အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ နောက်ထပ် ရှိချင်ရှိနေမှာပါ။ လေးမိနစ် တစ်မိုင် အတားအဆီး အကြောင်းကို စဉ်းစားကြည့်ရအောင်။ ၁၉၄၀ ပြည့်နှစ်တွေတုန်းက လူတစ်ယောက်ဟာ လေးမိနစ်အတွင်းမှာ တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ကြတယ်။ အပြေးသမားအများစုကော၊ လူထုကပါ အဲဒီလို ယုံကြည်ခဲ့ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာဝေးအပြေးသမားတွေကိုယ်တိုင်က လေးမိနစ်အတွင်း တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြလို့ပါပဲ။ အဲဒီယုံကြည်မှုဟာ ၁၉၅၄ ခုနှစ် မေလအထိပဲ ခံပါတယ်။
ရိုဂျာ ဘန်နီစတာ (Roger Bannister) က ၃မိနစ်နဲ့ ၅၉စက္ကန့်အတွင်းမှာ ပြေးပြနိုင်ခဲ့တယ်။
စိတ်ဝင်စားစရာ ကောင်းတာကတော့၊ နောက်ထပ် ရက်သတ္တပတ် ၆ ပတ်အကြာမှာ ဘန်နီစတာရဲ့ စံချိန်ဟာ ကျိုးသွားခဲ့တယ်လေ။ အဲဒီနောက်တော့ လေးမိနစ် တစ်မိုင်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။
သင်ဟာ သင့်ရဲ့ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက သင့်ကို သင်လိုချင်တာမရအောင် နောက်ပြန်ဆွဲနေလို့ပါပဲ။
၁။ သေသေချာချာ သတ်မှတ်ပါ
သင့်ကို နောက်ပြန်ဆွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကို ချရေးပါ။ အဲဒါရဲ့အောက်မှာ ဒီယုံကြည်မှုကြောင့် သင်ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေကို ချရေးပါ။
ဥပမာ-
“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”
ငါ စီးပွားရေးမှာ အောင်မြင်နိုင်မယ့်၊ အကျိုးအမြတ်ရနိုင်မယ့် စိတ်ကူးတချို့ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထိ သူများဆီမှာ အလုပ်လုပ်နေမိတုန်းပဲ။
၂။ သင့်ကိုယ်သင် အားပေးပါ
တခြား စာရွက်မှာလည်း အဲဒီ အတားအဆီးကို ချရေးပါ။ ပြီးတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကိုလည်း ချရေးပါ။ နောက်ဆုံးအနေနဲ့ (အဲဒါအရေးကြီးပါတယ်) အဲဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ခြစ်ပစ်လိုက်ပါ။
ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”
“ငါဟာ စီးပွားရေးမှာ သိပ်ကိုအောင်မြင်မှာ သေချာတယ် ”
၃။ သင့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုပါ
သင့်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကို မြင်သာတဲ့ နေရာတစ်ခုခုမှာ ရေးထားလိုက်ပါ။ ပြီးတော့ နေ့စဉ်နေ့တိုင်း အဲဒီစာကြောင်းကို စွမ်းအင်အပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ အသံကျယ်ကျယ် ဖတ်ပါ။ ကျနော် ဒီနည်းကို သုံးကြည့်ပြီးပါပြီ။ တကယ် အလုပ်ဖြစ်ပါတယ်။
တကယ်တော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ ဆင်တစ်ကောင်မှာ ခတ်ထားတဲ့ သံခြေကျင်းနဲ့ တူပါတယ်။ မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။

မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကြောင့်ပါပဲ။
အဲဒီဆင်ကြီးကို ငယ်စဉ်က အဲဒီလို သံခြေကျင်းခတ်ထားတယ်။ သူက ရုန်းတယ်။ ငယ်ငယ်လေးဆိုတော့ မရုန်းနိုင်ဘူးပေါ့။ သူ ရုန်းလေ၊ သံခြေကျင်းက သူ့ခြေထောက်ထဲကို နစ်ဝင်ပြီး နာကျင်လေ။ အဲဒီနောက်တော့ နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူရုန်းနေတာကို ရပ်လိုက်တော့တယ်။ ပြီးတော့ သူဟာ သံခြေကျင်းကို ပြုတ်ထွက်အောင် မရုန်းနိုင်ဘူး။ ရုန်းလိုက်ရင် နာမှာပဲဆိုတဲ့ အသိကလည်း သူ့စိတ်ထဲမှာ စွဲနစ်သွားတော့တယ်။
ဒီလိုနဲ့ သူဟာ ဆင်ကြီးတစ်ကောင်ဖြစ်လာတယ်။ အင်အားအပြည့်၊ ခွန်အားအပြည့်နဲ့ပေါ့။ ဒါပေမဲ့ သူ့မှာ ငယ်ငယ်ကတည်းက စွဲလာတဲ့ ” သံခြေကျင်းကို ပြုတ်အောင် မရုန်းနိုင်ဘူး၊ ရုန်းရင် နာလိမ့်မယ် ” ဆိုတဲ့ အသိက မပျောက်တော့ဘူး။ ဒီတော့ သူမရုန်းဘူး။ သူ့ရဲ့ ခွန်အားနဲ့ ရုန်းလိုက်ရင် အသာလေးပြုတ်ထွက်မယ့် သံခြေကျင်းကို သူမရုန်းဘဲ နေတော့တယ်။
သင့်မှာလည်း အဲဒီဆင်ကြီးလိုပဲ ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ရှိချင်ရှိလိမ့်မယ်။ အဲဒါကို ဆုပ်ကိုင်မထားပါနဲ့။ အခု သင်ဟာ ခွန်အားအပြည့်နဲ့ ဆင်ကြီးတစ်ကောင်ဖြစ်နေပြီ။ သင့်ရဲ့ ခွန်အားတွေနဲ့ စွမ်းအင်တွေနဲ့ ရုန်းလိုက်စမ်းပါ။ အဲဒီ သံခြေကျင်းကို ပြုတ်ထွက်သွားအောင် ရုန်းပစ်လိုက်စမ်းပါ။ သင် လုပ်နိုင်ပါတယ်။

Saturday, October 29, 2011

ပညာရေးဝန်ထမ်း(အငြိမ်းစား)များ“၏ဒုက္ခ

ပင်စင်စား ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာအိုများ၏ ဘ၀ နေ၀င်ချိန်မှာ မလှပဘဲ ရှိနေပါသေးသည်။ ၂၀၁၀ ဒီဇင်ဘာလက တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုတို့ကို ကယ်တင်ကြရန် လှုံ့ဆော်ခဲ့ဖူးသည်။
ယခုအပတ် သတင်းစာ ဖြတ်ပိုင်းမှ ကျောင်းအုပ်ကြီး (အငြိမ်းစား) တစ်ဦး၏ ခြံစောင့်အလုပ် တောင်းခံပုံကို ကြည့်ရှုနိုင်ပါသည်။
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို
ပညာရေးဝန်ထမ်းများတွင် အမျိုးသမီးဆရာမဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး မည်သူမှ မလုပ်ချင်ဆုံး အလုပ်မှာ ကျောင်းဆရာ အလုပ်ဖြစ်နေရသည့် ပညာခေတ်၏ မြန်မာနိုင်ငံ ကျောင်းဆရာအိုများ ဤ ကံကြမ္မာဆိုးမှ အမြန်ဆုံး လွန်မြောက်နိုင်ကြပါစေ

ဘယ်လိုဆရာမိုးလည်း

ကျွန်မတို့ စမ်းချောင်း၊ မင်္ဂလာလမ်းမှာ အငြိမ်းစားဆရာမ တယောက်ရှိပါတယ်။ သူနဲ့ သူ့သမီးတယောက်က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး သူ့သမီးက တစ်ခါတစ်လေမှာ အ၀တ်မကပ်ဘဲ
လျှောက်သွားနေတဲ့အထိ အခြေအနေ ဆိုးပါတယ်။ ကျန်တဲ့ သမီးတွေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲဒီဆရာမက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကလေးတယောက်ကို ကျောင်းထားပေးမယ်ဆိုပြီး ခေါ်ထားပါတယ်။
ခုတစ်လော ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့ အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ ၂ စုံလောက်ပဲ ပေးပြီး ရပ်ကွက်က လူတွေ လာပေးတာလဲ ကလေးက ၀တ်ရတာမမြင်မိပါဘူး။
သူခိုင်းတဲ့အတိုင်း စိတ်တိုင်းကျ မလုပ်ပေးရင် အဲဒီကလေးကို ရိုက်နှက်ပြီး လက်ညိုး ငေါက်ငေါက်ထိုးပြီး နာရီပေါင်းများစွာ ဆဲဆိုနေတယ်လို့ သိရပါတယ်။ အဲဒီဆရာမကြီးက အခန်းသေးသေးလေးတွေဖွဲ့ပြီး နယ်က ကလေးတွေကို ငှားစားပါတယ် အဲဒီအခန်းတွေကိုလဲ မကြာခဏ လျှပ်စစ်မီးမရအောင် မိန်းပိတ်ချထားတတ်ပြီး ကလေးကိုမရိုက်နှက်ဖို့ဝင်ပြောတဲ့ ကျောင်းသူတိုင်းကို မောင်းချတတ်ပါတယ်။ အိမ်ကိုလဲ အပေါက်တွေဖောက်ထားပြီး လူတွေကိုလိုက်ချောင်းနေတတ်ပါတယ်။
အဲဒီကလေးကို ကယ်တင်လို့ရအောင် ကူညီပေးပါ။ အငြိမ်းစားဆရာမကြီးလဲဖြစ် တခြားသမီးတွေကလဲ ရပ်ကွက်ထဲမှာ တည်တည်တံ့တံ့နေတဲ့ လူတွေဖြစ်တော့ ရပ်ကွက်လူကြီးက ၀င်လက်မလျှိုချင်ဘူးလို့ ပြောပါတယ်။ သတင်းကို ဖြန့်ဝေပြီး ကလေးကို အားလုံးစုစုစည်းစည်းနဲ့ ၀ိုင်းကယ်ထုတ် ကူညီချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သန်လျင်တက္ကသိုလ်ကျောင်းသူများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့  မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့  သိရပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဖြစ်ပါသည်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေက ရန်ကုန် အခြေစိုက် စာနယ်ဇင်းတွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်က အယ်ဒီတာတဦးက ပြောပါတယ်။ စာပေစိစစ်ရေးက တနင်္ဂနွေနေ့ တနာရီလို့ အကြောင်းကြားထားတဲ့အကြောင်း၊ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက တရားဝင် မထုတ်ပြန်ပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနဲ့ NLD က ရွေးကောက်ပွဲဝင် မ၀င် ပြောမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမယ့် သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Eleven Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒီကနေ့မှာ ရေးသား ဖော်ပြထားပါတယ်။ တကယ်လို့သာ တွေ့ဆုံခဲ့ရင် တနင်္ဂနွေနေ့ တွေ့ဆုံမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ရဲ့  စတုထ္ထအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD က ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့် ကတော့ ဒါဟာ တာဝန်ရှိသူတွေဖက်က သတင်းဂျာနယ်တွေကို အကြောင်းကြားတာ ဖြစ်ပြီး NLD အနေနဲ့ တရားဝင် မသိရှိရသေးဘူးလို့ သတင်းထောက်များကို ပြောကြားပါတယ်။

Friday, October 28, 2011

ဟားခါးဈေးအကြွေးနှင့်သိမ်းခံရ

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင်တွင် ပြည်နယ်စည်ပင်မှ ဖွင့်လှစ်ထားသော မြို့မ ဈေးလိုင်စင်စာအုပ် ပုဂ္ဂလိက ဆိုင်ရှင်တဦးက ယခုလ အတွင်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။
လိုင်စင်စာအုပ်အသိမ်းခံရခြင်းမှာ ပြည်နယ်စည်ပင်မှူး ဦးတမ်အောင်က ပုဂ္ဂလိ ဆိုင်ရှင်တဦးထံ သိန်းပေါင်း ၆၀ ချေးယူ ထားသော ငွေမဆပ်နိုင် သောကြောင့် ဖြစ်ကြောင်း ကြားသိရသည်။
”စည်ပင်မှူးကတော့ ဈေးလိုင်စင်စာအုပ်ပျောက်သွားတယ်လို့ ပြောပေမဲ့မဟုတ်ဘူး၊ သိန်း ၆၀ အကြွေးရှင်ထံမှာ ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောသည်။
ပြည်နယ်စည်ပင်ဌာနသည် ဟားခါးမြို့ပေါ်ရှိ ကုန်သည်များ၊ နယ်မှ ကုန်သည်များထံ အတိုးနှုန်းဖြင့် သိန်းပေါင်း ၃၀၀- ၅၀၀ အကြားအတိုးဖြင့် ငွေချေးကြောင်း ချေးငွေကို မဆပ်နိုင်သောကြောင့် စည်ပင်ရုံးမှ အမျိုးသမီး ၀န်ထမ်းတဦးက လိုင်စင် စာအုပ်ကို ပုဂ္ဂလိက လက်ထဲအပ်ခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင် သွားကြောင်း ပြောကြ သည်။
“စည်ပင်ရုံးမှာလုပ်တဲ့ အမျိုးသမီးက ပြီးခဲ့တဲ့အပတ်ကပဲ မီဇိုရမ်ကို ရောက်လာတယ်၊” ဟု အိုင်ဇောလ်ရောက် ချင်းလူငယ် တဦးက ပြောသည်။
သို့ သော်အဆိုပါအမျိုးသမီးကို ယခုအထိမဆက်သွယ်နိုင်ပါ။
စည်ပင်အပါအ၀င် ချင်းပြည်နယ်အစိုးရဌာနများမှ ပြည်သူထံ မတရားငွေကောက်ခံမှူကို ဟားခါးမြို့နယ် ချင်းအမျိုး သား ပါတီမှ ပြည်နယ်အစိုးရထံ စက်တင်ဘာအတွင်းက အသိပေးထားကြောင်း သိရသည်။
“အဲဒီကိစ္စအတွက်ပြည်နယ်ဝန်ကြိးချုပ်က ဦးတမ်အောင်အပါအ၀င် ဌာနဆိုင်ရာလူကြီးတွေကို  သတိပေးခဲ့ဘူးပါတယ်၊  ဒီ ကိစ္စ ကို အလေးထား ဆောင်ရွက်မှူမရှိယင် ပူး တမ်အောင်နဲ့ ၀န်ကြီးတွေမှာ တာဝန်ရှိတယ်” ဟု ဟားခါးမြို့မှ ရပ်မိရပ်ဖ တဦးက ဆိုသည်။
ပြည်နယ်စည်ပင်ဌာနသည် မြို့ပေါ်လူထုထံ အခွန်အမျိုးမျိုးကောက်ခံသော်လည်း မြို့တော်စည်ပင် သာယာရေးအတွက် ဘာတခုမှ မလုပ်ကြောင်း ထပ်မံပြောကြသည်။
ပုဂ္ဂလိက လက်ထဲသို့ လိုင်စင်စာအုပ်ရောက်သွားခြင်းသည် ဒေသခံလူထုအတွက် အထိနာနိုင် ကြောင်း၊ ၄င်း

အင်းစိန် (CID) ၀င်းထဲက ရဲမှူးကြီး ဦးညိမ်း၏ အိမ် ဖောက်ထွင်းခံရခြင်း


အင်းစိန် (CID) ၀င်းထဲတွင် အောက်တိုဘာ ၂၅ ရက်နေ့က ရဲမှူးကြီး ဦးညိမ်း၏ အိမ် ဖောက်ထွင်းခံလိုက်ရ သည်။ လူနိုးသွား၍ ငွေသား သုံးသိန်းခွဲလောက်နှင့် ဟန်းဖုန်းတလုံးသာ ပါသွားသည်။ အိမ်တွင် သူ့ဇနီးလည်း ရှိ သူ့သားလည်း အတူရှိနေစဉ် ဖောက်ထွင်းခံရခြင်းဖြစ်သည်။ ရဲမှူးကြီး၏ အိမ်မှာ စီအိုင်ဒီအမှုစစ်ရုံးနှင့် ကပ် လျက်လည်း ဖြစ်သည်။

သူခိုးက သံဇကာကွက်ကို ဖျက်ပြီး ၀င်လာခြင်းဖြစ်သည်။ လူနိုးသွား၍ သူခိုးထွက်ပြေးသောအခါ ရဲမှူးကြီးက သူခိုး သူခိုးဟု အော်သဖြင့် စီအိုင်ဒီဝင်း လုံခြုံရေးရဲများ ရောက်လာကြသည်။ ယခု သတင်းရေးချိန် ၂၇ ရက် နေ့လည်အထိ တရားခံကို မမိသေးဟု ကြားသိရသည်။

စီအိုင်ဒီဝင်းမှာ ၈ ပေအမြင့် အုတ်တံတိုင်းခတ်ထားပြီး ဂိတ်စောင့်များ၊ လှည့်ကင်းများ နေ့နေ့ညညရှိသဖြင့် ယ ခုအမှုကြောင့် ရှုပ်ထွေးမှုများဖြစ်ကုန်သည်။ ယခုအခါ ဝင်းအတွင်းသို့ လူအဝင်အထွက်များကို တင်းကျပ်လိုက် ပြီး ညဘက်တွင်လည်း မီးများ လင်းထိန်နေအောင် ထွန်းထားသည်။

စစ်အစိုးရများလက်ထက်တွင် ရဲများ၌ပင် လုံခြုံမှုမဲ့နေသည်ကို ယခုအမှုက ပြနေသည်ဟု အင်းစိန်မှ အမည်မ ဖော်လိုသူတဦးက မှတ်ချက်ချပြောဆိုသည်။ ရဲဝင်းအတွင်း၌ပင် ယခုလိုသောင်းကျန်းနေပါက သာမန်ပြည်သူ များ၏ လုံခြုံရေးမှာ မတွေးရဲစရာဖြစ်ကြောင်း၊ မကြာမီက ရာဇဝတ်အကျဉ်းသားလွတ်လာခြင်းနှင့် ဆက်စပ် နိုင်ကြောင်း စီအိုင်ဒီဝင်းအနီးမှ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မိန်းမချောလေးရဲ့ ရင်သပ်ရှုမောဖွယ်ပြကွက်ဆန်း




သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ထိုင်းနိုင်ငံက မိန်းမချောလေး တွင်ဂျိုင်ပင်ဆန် ရဲ့ ရင်သတ်ရှုမောဖွယ် ပြကွက်ဆန်းလေးကို ကြည့်ကြရအောင်နော်....


Gently does it: Tueanjhai Pimsan manages to get her crocodile friend 'snappy' to open his powerful jaws
"အား...!!!!" လို့ အော်မိမှာတော့  အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီး တစ်ကောင်နဲ့ အသက်ကိုရင်းပြီး အလောင်းအစား လုပ်နေတဲ့ အသည်းယားစရာ အခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်၊ အသက် (၂၇)နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်တဲံ့ လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီးရဲ့ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို ထည့်ပြနေတာပဲဖြစ်ပါတယ်၊
သစ်သားအပိုင်းအစလေး တစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ကို ဟခိုင်းပြီး သူမရဲ့ ဦးခေါင်းကို မိချောင်းကြီးရဲ့ ပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါ

တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်...
မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်....

သူမနဲ့ ရေသတ္တ၀ါတို့ရဲ့ဘုရင် မိကျောင်းကြီးတို့ အကြား နားလည် ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများက ချစ်စနိုးခေါ်ကြတဲ့  မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေးတွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီ ရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်၊ အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်။

မိန်းမချောလေးတွင်ဂျိုင်ကို တည်ငြိမ်အေးချမ်းလှတဲ့ မတုန်မလှုပ်ဟန်နဲ့  တုံ့ ပြန်နေတဲ့ Snappy မိကျောင်းကြီးဟာ အစာစားချိန်မှာတော့ ကြက်တွေကို အကောင်လိုက် ၀ါးမြိုစားတတ်တဲ့  အသားစားတိရိစ္ဆာန်ကြီး ဖြစ်နေပါတယ်၊ ထွင်ဂျိုင် ပြောပြတာကတော့... ""ဒီလို သရုပ်ဆောင်ရတိုင်း ကြောက်စိတ်မဖြစ်မိပါဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုလုပ်နေခဲ့ တာ နှစ်ပေါင်းများစွာ ကြာခဲ့ တဲ့ အပြင် တစ်ခါမှလည်း ထိခိုက်ဒါဏ်ရာရမှု မရှိခဲ့ လို့ ပါပဲ၊ လူအများစုကတော့ ဒီလိုလုပ်တာဟာ ရူးလို့ ၊ စိတ်မမှန်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူလို့ ထင်မယ်ဆိုတာ ကျွန်မသိပေမယ့်  ဒါဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သလို ဒီလိုစွန့် စားပြရတာကိုလည်း နှစ်သက် သဘောကျမိပါတယ် ကျွန်မ ဒီမှာ အလုပ်လုပ်နေခဲ့ တာ ခြောက်နှစ်ရှိခဲ့ ပြီး ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ ၀မ်ချိုင်းလည်း ဒီမှာပဲ အလုပ်လုပ်နေပါတယ်၊ ကျွန်မ မိကျောင်းတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ ကို စိတ်ချယုံကြည်ရပြီး လေးစားရပါတယ်... အချိန်တွေကြာလာတာနဲ့ အမျှ သူတို့ ဘယ်လို သွားလာလှုပ်ရှားတယ်ဆိုတာ သိရှိနားလည်လာပြီး သူတို့ ကလည်း ကျွန်မတို့ အကြောင်းကို သိရှိနားလည်သွားကြတာပါပဲ"" လို့ သူမကရှင်းပြခဲ့ ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် (၅၀)အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့် ဘ် ဟာ အဆိုပါ မိကျောင်းနဲ့ လှယမင်းတို့ရဲ့ အံ့ ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်၊ "ကျွန်တော့် ဖြင့် တစ်ခါမှ ဒီလိုမျိုး မမြင်ဘူးခဲ့လို့ ပထမဦးဆုံးအကြိမ် စတွေ့ လိုက်ရတော့ အကြီးအကျယ်ကို အံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်၊ မိန်းကလေး တွင်ဂျိုင် နဲ့ ကြောက်စရာ မိကျောင်းကြီးတို့ အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့် ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်" လို့ သူကထပ်ပြောပြခဲ့ ပါတယ်။