Friday, February 24, 2012

ပုဂံဘုရားတွေကြောင့် သစ်တောပြုန်းရတာလား


by Lu Cifer on Sunday, February 2012


ဓာတ်ပုံ AP
A young Burmese boy tends his family's cows near the Thatbinnyu Temple in Bagan Saturday December 27, 1997. The temple, the tallest in Bagan, is one of 13,000 temples built on the plain which surrounds the city during the Era of the Temple Builders, a two hundred year period from 1057 onwards. (AP Photo)

ပုဂံဒေသမှာ သစ်ရိပ်ဝါးရိပ် မရှိရတာဟာ ရှေးမင်းတွေ ထောင်နဲ့ချီတဲ့ ဘုရားတွေ တည်ခဲ့တာကြောင့်လား ဆိုတဲ့ သံသယကို အဖြေရှာကြရအောင်ပါ။


ပုဂံဒေသကို တမ္ပဒီပ (Tambadipa) ကြေးအဆင်းရှိတဲ့မြေလို့ ခေါ်တွင်ကြသလို လောလောပူတဲ့အရပ် လို့ခေါ်တဲ့ တတ္တဒေသ (Tassadessa)  ဒါမှမဟုတ် ပူပြင်းခြောက်သွေ့တဲ့ အရပ်လို့လည်း ကျောက်စာမှာတင်ပါတယ်။ ဒါ့ကြောင့် ပုဂံဟာ တည်စကတည်းက မိုးခေါင်ရေရှား ရပ်ဝန်းထဲမှာ ရှိနေတာ ထင်ရှားပါတယ်။

ဒါပေမယ့် ဒီမြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းရပ်ဝန်းထဲက ပုဂံမှာ စေတီပုထိုး ထောင်နဲ့ချီပြီး တည်ထား ကိုးကွယ်တာကြောင့် သစ်တောတွေ ပြုန်းခဲ့ရတယ်ဆိုတဲ့ ပြောဆိုသံတွေကိုတော့ အခုထက်တိုင် ကြားနေရဆဲပါ။

ပုဂံဒေသမှာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တာနဲ့ အမျှ ပုဂံပညာရှင်တွေ ဆောက်လုပ်ခဲ့ကြတဲ့ စေတီ၊ ဂူဘုရား၊ အုတ်ကျောင်း၊ ဥမင်၊ ပိဋကတ်တိုက်၊ သိမ်နဲ့ ပြဿာဒ် လို အဆောက်အဦးတွေမှာ  အုတ်ကိုသာ အဓိက သုံးခဲ့ကြတာပါ။

ဒီအဆောက်အဦးတွေ ဆောက်လုပ်ဖို့ အုတ်ဖုတ်ရာကနေ ပုဂံဒေသ သစ်တောတွေ ပြုန်းပြီး ခြောက်သွေ့ သွားတယ်ဆိုတဲ့ ပြောကြားချက်တွေကိုတော့ ပုဂံသုတေသီ ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက လက်မခံခဲ့သလို ဗိသုကာပညာရှင် ဒေါက်တာ ကျော်လတ်ကလည်း လက်မခံပါဘူး

"ဘုရားတွေတည်လို့ သစ်တောပြုန်းတီးသွားတယ်လို့ ပြောချင်ရင် အတိအကျတွက်ချက်ပြီးမှ ပြောဖို့ လိုပါတယ်။ တွက်တာကလည်း မခက်ပါဘူး။ တွက်တဲ့ နည်းရှိပါတယ်။ ကုဗပေ တရာကို အုတ်ဖုတ်ရင် သစ်ဘယ်လောက်ကုန်မယ် ဆိုတာ လွယ်လွယ်လေးတွက်လို့ ရပါတယ်။ ပုဂံမှာရှိတဲ့ ဘုရားတွေရဲ့ ထု (volume) ကိုတွက်ချလိုက်ပေါ့။ အဲဒီအုတ်ထုထည် ထွက်လာလို့ ရှိရင် အဲဒီအတွက် ဖုတ်ရတဲ့ သစ်က ဘယ်လောက်ကုန်မယ်ဆိုတာ ထွက်လာမှာပါ။ အဖြေထွက်လာရင်လည်းပဲ ပြောပလောက်အောင်မရှိပါဘူး။

ဘာလို့လည်းဆိုတော့ သူတို့တည်ကြတာက တနှစ်မှာမှ ဆယ်ဆူ ၁၅ဆူ လောက် ရှိတဲ့ အတွက်ကြောင့် ဒီဘုရားတည်လို့  သစ်တောပြုန်းတီးတယ် ဆိုတာက အခြေအမြစ် မရှိပါဘူး"

ပုဂံမှာ စေတီ ပုထိုးပေါင်း ၅ထောင်ကျော်ရှိတဲ့ အထောက်အထားအဖြစ် ၁၈ရာစု မှတ်တမ်းတွေ ရှိခဲ့တယ်လို့ ဒေါက်တာကျော်လတ်ကပြောသလို လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ လင်္ကာနဲ့လည်း ဘုရား အရေအတွက်ကို ပြောလေ့ရှိကြပါတယ်။  အရှေ့က လေးလုံးကို နေ့နံနဲ့ တွက်ရင် ၄၄၄၆ ရတာမို့ ဘုရားတွေက လေးထောင်ကျော် ရှိနေတာပါ။ ဒီလောက်များတဲ့  အဆောက်အဦးတွေ ရှိနေပေမယ့် သူတို့ကို နှစ်ပေါင်း သုံးရာလောက် အတွင်းမှာ ဆောက်လုပ်ခဲ့တာကြောင့် တနှစ်ကို ဘုရား ဆယ်ဆူဝန်းကျင် တည်မယ်လို့ တွက်တာပါ။

ဒါပေမယ့် ဒီဘုရားတွေ တည်ဖို့ အုတ်ဖုတ်တာကြောင့် ပုဂံဒေသ က အင်ကြင်းတောတွေ ပြုန်းတယ်ဆိုတာကို လက်မခံတဲ့ ဆရာတော် တပါးလဲရှိတယ်လို့ ဆိုပါတယ်

"ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဆို ကြားရင်သိပ်စိတ်ဆိုးပါတယ်။ အဲဒီဆရာတော်က ကိုလိုနီခေတ်ရဲ့ အစပိုင်းပေါ့ ဧရာဝတီ ဖလော်တဲလာ (Irrawaddy Flotilla သင်္ဘောကုမ္ပဏ)ီ တို့ စပြီး ပြေးဆွဲတဲ့ အချိန်ခါကို မှီလိုက်ပါသေးတယ်။ သူပြောတာက ကျွန်တော်တို့ ပုဂံမှာ အထူးသဖြင့် အင်ကြင်းပင်တွေ ပြုတ်သွားတာ ကုန်သွားတာဟာ အဲဒီဧရာဝတီ ဖလော်တဲလားကြောင့်တဲ့။ ဆရာတော် ငယ်ငယ်တုန်းက ညောင်ဦးကမ်းပါးမှာ အင်ကြင်းပင်တွေကို ( အဲဒီအင်ကြင်းဆိုတာ အင်မတန် လှပြီး ပရိဘောဂ တွေ ဘာတွေလုပ်မယ်ဆိုရင် အင်မတန်လှပြီး မာလဲမာ ပါတယ်) အဲဒီသစ်တွေ အတုံးကြီးတွေကို ညောင်ဦးကမ်းပါးမှာ အဆောက်အဦး သုံးထပ် လေးထပ်စာလောက် အမြင့်ပုံပုံ ထားတာတဲ့ အဲဒါ သဘောင်္ တစီးတခါလာပြီဆို ပြုတ်သွားပေါ့။ အဲဒါကြောင့်မို့ ပုဂံနားတ၀ိုက်မှာ ရှိတဲ့ သစ်တောတွေ ပြုန်းတီးသွားတာလို့ သူကလက်တွေ့ ကြုံခဲ့မြင်ခဲ့တဲ့ ဆရာတော်ပါ"

အဓိက အချက် အနေနဲ့က ပုဂံဘုရားတွေကို တည်နိုင်ဖို့ ဖုတ်ကြတဲ့ အုတ်တွေဟာ ဧရာဝတီမြစ်ကြောင်း အတိုင်း တင်ပို့ခဲ့တဲ့ အုတ်တွေ ဖြစ်နေတာကြောင့်ပါ
"အုတ်တွေကို ဖုတ်တာက ဟိုတုန်းက ပုဂံမှာ ဖုတ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ ရွာတွေကို ဆင့်ပြီးတော့ မင်းတို့ရွာကနေ ဘယ်နှစ်လုံးပို့ ဆိုပြီးတော့၊ အဲဒီလိုဆင့်ပြီးတော့ ပို့ခဲ့တယ်ဆိုတာ ဘယ်လိုသိသာ ထင်ရှားလဲ ဆိုတော့ တချို့သော အုတ်တွေကို အနောက်မှာ ကပ်ပြီးကြည့်လိုက်ရင် ရွာနံမယ်လေးတွေ  ပါနေ ပါတယ်။

အဲဒါကိုကြည့်ခြင်းအားဖြင့်က အုတ်တွေက အဲဒီလို ခွဲပြီးဖုတ်ခိုင်းတယ်။ ပြီးတော့ သူတို့ ဖေါင်နဲ့သယ်လာတယ်၊ နောက်ပုဂံမှာ ပို့တယ်ပေါ့နော်။ အဲဒါကြောင့် မို့လို့ပါ။ ဘာလို့ဆိုတော့  အဲဒီရွာနံမယ် လေးတွေပါနေတာက သက်သေထင်ရှားပါတယ်"
ဒီလို ဒေသမျိုးစုံက လာတဲ့ အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ပုဂံဘုရားပုထိုး အဆောက်အဦးတွေကို ပြန်ပြီးပြင်ဆင်တဲ့ နေရာမှာ မူလသုံးတဲ့ ပစ္စည်းဟာ ဘယ်ကလာလဲဆိုတာ သိအောင်လုပ်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်

"၂၀ ရာစုနှစ် အစပိုင်းလောက် ကထဲက ကျောက်စာဌာန လို့ပဲခေါ်တာပေါ့။ ဟိုတုန်းကတော့ The Archeological Survey of India လို့ခေါ်ကြတာပေါ့။ အဲဒီရဲ့ မူအားဖြင့်ကတော့ အခုခေတ်မှာ ပြင်တဲ့အခါ ခုခေတ်အုတ် ကိုပဲသုံးပါတယ်။  ပုံကတော့ ဒီအတိုင်းပဲ ဖြစ်အောင်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီ အယူအဆ ကို ကျွန်တော်ပိုပြီးတော့ ကြိုက်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့  တကယ်လို့ သူ့အတိုင်းလိုက်ပြီး ဖုတ်မယ်ဆိုလို့ ရှိရင်လည်း ရှေးတုန်းက အုတ်တွေကိုက အရွယ်က နဲနဲလေးတွေ ကွာပြီးတော့ ပုဂံမှာ ကိုပဲ အုတ်အရွယ် သုံးမျိုးလောက်ကို တွေ့နေရပါတယ်။  ဆိုတော့ တရွာနဲ့ တရွာဖုတ်ကြပြီးတော့ တခါတလေကျရင် လက်တလုံးလောက်၊ တခါတလေကျရင်လည်း တလက်မနီးပါးလောက်ကို အရွယ်တွေ ကွာနေတာ ရှိပါတယ်။

အဲဒီတော့  တကယ်ကို ဘယ်နေရာမှာ ဘယ်လို အုတ်ကို သူတို့ရှေးတုန်းက လုပ်သွားသလဲ ထည့်သွားသလဲ ဆိုတာကိုလည်း ကျွန်တော်တို့က မသိတော့ ပါဘူး။  အဲဒါက ဒီအုတ်နဲ့ဆောက်တဲ့ အဆောက်အဦးတွေကို ပြန်ပြင်တဲ့အခါမှာ တွေ့ရတဲ့ အဓိက အခက်အခဲပါပဲ။

ဗောဓေါဗုဒုတို့လို ဟိုရှေးတုန်းက သဘာဝကျောက်နဲ့ တည်ဆောက်သွားတဲ့ နေရာက ကျောက်ကြီးတွေကျ တော့ အကြီးကြီးတွေ ဖြစ်တော့၊ ဒါကိုသူတို့က စောစောစီးစီးကနေ ကြိုပြီးတော့ ဒီကျောက်တုန်းက ဒီလိုအရွယ် ရှိခဲ့မယ် ဆိုတာကို တွက်လို့ ချိန်လို့ ရပါတယ်။  အခု အုတ်ကျတော့ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ ဆောက်ထားတဲ့ အုတ်တွေ ပါလာတဲ့ အခါကျတော့၊ နောက် အရွယ်ကလည်းပဲ အဲလိုကွာနေတယ်။ ကွာတဲ့အတွက်ကြောင့် မို့လို့ အဲဒီလို ရှေးအုတ်အတိုင်း ပြန်ဖုတ်ပြီးတော့ ပြန်ထည့်မယ်ဆိုရင် လည်းပဲ တိတိကျကျ တော့ ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော့် ယူဆချက်ကတော့ အခုခေတ်အုတ် ကိုပဲ သုံးတာကောင်းတယ်လို့ ယူဆပါတယ်"

ပုဂံဒေသကို ထိမ်းသိမ်းရာမှာ ရှေးမူမပျက်ရှိစေရေးကို အဓိက ထားဖို့ လိုတယ်လို့ ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနဌာန ပါမောက္ခနဲ့ ဌာနမှုး  ဦးသာထွန်းမောင်က ပြောပါတယ်

"အဓိက ပြင်တယ် ဆိုတာထက် ထိမ်းသိမ်းတာက ပိုအရေးကြီးပါတယ်။ ဆက်မပြိုအောင်ပေါ့။ အဲဒီ ရှေးမူမပျက် ထားဖို့ လိုတယ်ခင်ဗျ။ အဲဒီ အုတ်အသစ်တွေ ဘာတွေနဲ့ကတော့  ကျွန်တော်တို့ အများအားဖြင့် သိပ်လက်မခံကြဘူးပေါ့။ ကျွန်တော်တို့ ဘက်ကလေ။ ဒါပေမယ့် အဓိကဘာလဲဆိုလို့ ရှိရင် သူ့ရဲ့ အနုပညာ ရသ၊ ပုံသဏ္နာန် မပြောင်းလဲဖို့တော့ အရေးကြီးတာပေါ့။ ဥပမာ  အဆောက်အအုံရဲ့ မူလပုံသဏာန် မယိုယွင်း သွားဖို့တော့ အရေးကြီးတယ် သုံးတဲ့ အုတ်ကသိပ် ပဓါန မကျဘူး ကျွန်တော်မြင်တာလေ။

တကယ်လို့ Architect ဗိသုကာတွေရဲ့ အပိုင်းက ဒါသည် ပိုခိုင်မှာ မို့လို့၊ ပိုပြီးတော့ ကောင်းမှာ မို့လို့ ဒီအုတ် ကို သုံးမယ်ဆိုရင်လည်း အကောင်းဘက်က ကျွန်တော်တို့ တွေးလို့ ရှိရင် ဒီလာရောက်လေ့လာတဲ့ လူတွေ အနေနဲ့ ကြည့်တဲ့ အခါမှာ ဒါသည် မူလအဟောင်းက ဘယ်လိုရှိတယ်။ ဒါကို အသစ်နဲ့ ဘယ်လိုမွန်းမံ ထားတယ်။ ဒါကို ခွဲခြား မြင်ရခြင်းသည်ပင်လျှင်လည်း တခါတလေကျ အမြတ်ရှိပါတယ်။

နောက်တခုက အသစ်နဲ့ လုပ်လိုက်လို့ ပိုကောင်းသွားတယ် ဆိုရင် ဒါသည် အမြတ်တခုထွက်သွားတာပေါ့။ ကျွန်တော်တွေးမိတာတော့။  ဒါလုပ်သင့် ပါတယ်။  နောက်တချက်က အသစ်မဆောက်မိဖို့ အရေးကြီးတာပေါ့။ မူလ ပုံစံ မယွင်းသွားဖို့ အရေးကြီးတာပေါ့။ မူလပုံစံကို ကွန့်တာမျိုး ကျွန်တော်တို့ မလိုချင်ဘူး။ မူလပုံစံ အတိုင်း ရှိနေဖို့ လိုပါတယ်။ ကျွန်တော်တို့မှာတော့ Style ဟန် နဲ့ပုံစံ Form ရှိတာပေါ့လေ။ အဲဒီ အနုပညာ လက်ရာတွေ ကြည့်တဲ့ အခါမှာ။ အဲဒီတော့ မူလပုံစံ မူလဟန် ကို မပြောင်းစေရဘူး။ အဓိကက ဒါပဲ အရေးကြီး တာပါ"

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာ သဒ္ဓါလွန်ပြီး ရှေးဘုရားတွေကို  စစ္စေးသုတ် ရွှေချတာ၊ ထုံးသုတ်တာ တွေ အပြင်  ယတြာချေ ရွှေ့ပြောင်း ပြုပြင်တာတွေဟာ ရှေးဟောင်း လက်ရာတွေကို ဖျက်ဆီးရာ ရောက်နေ ပါတယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားပါရစေ

ခင်မျိုးသက်
သောကြာ, 10 ဖေဖော်ဝါရီ 2012

http://www.voanews.com/burmese/news/science-technology/SicTec_Bagan_Deforestation_02-10-12MT-139132299.html

သရဖူဆောင်းသူ

by Zay Ya on Thursday, February 23, 2012 at 5:56pm 
·
ဘာဝနာ ။ ဘာဝနာ လို့ ကျနော် ပြောနေတဲ့ အရာဟာ "မိမိ စိတ်သန္တာန် စဉ် အတွင်း လုပ်ကိုင် ဖြစ်ပေါ်နေ သမျှ စောင့်ကြည့် နေခြင်း" သက်သက် ကို သာ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဘာဝနာ ရဲ့ အလုပ် က စောင့်ကြည့်၊ သိနေတယ် ဆိုရုံမျှလေးပဲ ။ ကြည့်တယ် ~ ဆက် စောင့်ကြည့် တယ် ~ သိတယ်။ အဲ့ဒီ အသိ၊ စောင့်ကြည့်နေစဉ် အတွင်းမှာ ဝေဖန်တာ ၊ ခွဲခြားတာ မရှိ ဘူး ~ မိမိ စိတ်သန္တာန် အတွင်း က ဖြစ်ရပ် တစ်ခုခု၊ အတွေးစဉ် တစ်ခုခု ကို အမှားအမှန် ပိုင်းဖြတ် မနေဘူး ။ စောင့်ကြည့်မှု သက်သက် သာ ရှိနေရ တယ်။ ဒါဟာ ဘာဝနာရဲ့ ပင်မ အချက်အချာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စောင့်ကြည့်မှု စင်စစ် ဟာ အဲ့ဒီ ဝင်ရောက် ဝေခွဲမှု မရှိတဲ့ အခါမှသာ ဖြစ်ပေါ်တယ်။ စိတ် အတွေးဟာ တီဗွီ ဖန်သားပြင် ဆိုပါစို့။ အဲ့ဒီ ဖန်သားပြင်မှာ ပေါ်ပေါက်လာတဲ့ ရုပ်ပုံလွှာ ခဏတိုင်းကို မပြတ်စောင့် ကြည့်နေမယ်။ အဲ့ဒီ စောင့်ကြည့်ရုံ ကြည့်နေ တဲ့ တီဗွီရှေ့က အပြင်လူဟာ ခင်ဗျား သာ ဖြစ်ပါတယ်။ ဘာဝနာ အမှု ကို ပြုတဲ့အခါ အဲ့ဒီ အတိုင်း  ဖြစ်နေရပါတယ်။ ခင်ဗျား က စောင့်ကြည့်နေသူ သက်သက်။ စိတ်အတွေးထဲက ဘာဖြစ်လာဖြစ်လာ ဝင်ရောက် ပြောဆိုပိုင်ခွင့် မရှိတဲ့သူ သက်သက်။ ကြည့်နေ တဲ့သူ သက်သက် အဖြစ် ဟာ ဘာဝနာ သာ ဖြစ်တယ်။


အဲ့ဒီ စောင့်ကြည့်သိမှု အခြေခိုင်ခိုင် တည်လာတဲ့ အခါ ~ စိတ်အတွေး တွေ လည်း မိမိသန္တာန်မှာ တဖြေးဖြေး လျော့ကျ လာကြောင်း တွေ့ရပါလိမ့်မယ်။ လွန်းထိုး နေတဲ့ အတွေးတွေ လျော့ပါး သွားတယ်။ လှုပ်ခတ် နေတဲ့ အတွေးတွေ ကင်းဆိတ် သွားတယ်။ သိရုံ မျှလေး ရှိတဲ့ အသိ အကြည်ဓာတ်မျှလေး သာ ခဏတိုင်း ရှိလာ ပါလိမ့်မယ်။ အဲ့ဒီ ခဏဟာ တိတ်ဆိတ်နေတဲ့ ခဏ၊ ငြိမ်းဝပ်နေတဲ့ ခဏတွေ ဖြစ်ကြောင်း ၊ ချမ်းမြေ့မှု စင်စစ် ပြည့်လျှမ်းနေကြောင်း ခင်ဗျား အတိအကျ ခံစား မိနိုင်ပါတယ်။ ( ခံစားတယ် ဆိုတဲ့ စကားက လိုအပ်နေ ပါတယ်။ ခံစားမှု စိတ်ခံစားချက် တစ်ခု မဟုတ်ဘူး ~ အဲ့ဒီ ငြိမ်းအေး နေလျက် ရှိကြောင်း ကိုယ်တွေ့သိလိုက်ရတာမျိုး ~ အသိမျှ - လို့ပဲ ဆိုရ ပါလိမ့်မယ် )

အဲ့သည် အကြည်ဓာတ် သက်သက်မျှ တည်ရှိနေတဲ့ ခဏတိုင်း ဟာ ~ ဘာဝနာ ခိုင်ခန့်တဲ့ အခါ ပိုမို တည်မြဲ လာ တယ်။ နိစ္စဓူဝ  လုပ်ကိုင် လှုပ်ရှား နေသမျှ အတွင်း ~ အကြည်ဓာတ် သက်သက် အပြည့်အဝ နေထိုင် နိုင်လာ ပါလိမ့် မယ်။ အဲ့ဒီ အခါ ခင်ဗျား ရဲ့ ဘဝ ရှင်သန်မှုဟာ ချမ်းမြေ့မှု နဲ့ ရှင်သန်နေတာသာ ဖြစ်ပါ တယ်။ အလားတူ ~ တစ်ချိန်တည်းမှာ စိတ်ကူး အတွေး ဘောင်၊ ခံစားချက်တွေ ကန့်သတ် ချယ်လှယ် သမျှ ခင်ဗျား ကင်းလွတ် နေပါတယ်။  အရင့်အရင် အချိန်တွေ မေ့လျော့ ဖြတ်သန်းခဲ့သမျှနဲ့ မတူ ၊ စိတ်ရဲ့ ကျွန် အဖြစ်က လွတ်မြောက်လာတယ်။ မိမိ သာ မိမိရဲ့ အရှင်သခင် ၊ ဘုရင် ဖြစ်လာ ပါတယ်။ မိမိ သရဖူကို မိမိ ဘာသာ ဆောင်း ထားကြောင်း တွေ့ရမယ်။



ယေရှု ခရစ်တော် ကို လက်ဝါးကပ်တိုင် ပေါ် မတင်ခင် နှိပ်စက် ညှင်းပန်းနေစဉ် အတွင်းက ~ အာဏာ ပါးကွက်သား အချို့ ဟာ ခရစ်တော် ကို လှောင်ပြောင်ကြတယ်။ ဆူးခက် တွေကို သရဖူ လိုထားပြီး ခေါင်းဆောင်း ပေးတယ်။ ပြီးတော့ ပျက်ရယ် ပြုကြတယ်။ "ကြည့်ကြပါဟေ့ ! ဒီလို သရဖူကြီး ဆောင်းထား တဲ့ ဧကရာဇ် ဟာ ခရစ် တဲ့ကွ။ ဘယ်လောက် ရူးသလဲ" လို့ အော်ဟစ် ရယ်မော၊ ပြော ကြ တယ်။ စင်စစ် ရူးသွပ် နေတဲ့သူတွေဟာ သူတို့တွေသာ ဖြစ်ပါတယ်။ ယေရှုခရစ်ဟာ သူရဲ့ နောက်ဆုံး အချိန် အထိ ဆုတောင်း စကား ဆိုပေး ခဲ့သေးတယ်။ "အဘ ဘုရားသခင် ၊ မိမိပြုတဲ့ အမှုကို မိမိ မသိကြတဲ့ သူတို့ အပေါ် အခွင့်လွှတ်တော် မူပါ"

စင်စစ် ခရစ်ဟာ မိမိ ဘာသာ မိမိ သရဖူ ဆောင်းပြီးသား သူဖြစ်ပါတယ်။ ဒါပေတဲ့  အဲ့ဒီလို သရဖူဆောင်းတဲ့ လူတစ်ယောက် ကို တွေ့ရင် ~  ကမ္ဘာလောက၊ လူ့အဖွဲ့အစည်း ဟာ ~ ဒီလိုပဲ ပြုမူ ဆက်ဆံလေ့ ရှိပါတယ်။ ခေတ်အဆက်ဆက် ဒီအတိုင်းပဲ ရယ်မော လှောင်ပြောင် ခဲ့ကြတယ်။ ခင်ဗျားက ဘာဝနာကြောင့် ~ မိမိဘာသာ မိမိ သရဖူ ဆောင်းပြီ ဆိုရင် ~ လောက ပတ်ဝန်းကျင်က ခင်ဗျားကို လက်ဝါး ကပ်တိုင် ထမ်းဖို့ တွန်းအား ပေးကြ ပါလိမ့်မယ်။ ဒီလို သရဖူဆောင်းပြီး မိမိ ငြိမ်းအေးမှုကို မြင်ကြတဲ့ အခါ ~ ဘုရားသခင် က ခင်ဗျား ကို ကောင်းချီးပေးကောင်း ပေးနိုင်ပါတယ် ~ ဒါပေတဲ့ လောက ပတ်ဝန်းကျင် ၊ ခင်ဗျား အသိုင်းအဝိုင်းကတော့ ~ ကွဲပြားသွားတဲ့ ခင်ဗျား ကို ခွင့်မလွှတ် ဘူးရယ်။ ဘာလို့ ခွင့်မလွှတ် သလဲ ဆိုရင် ~ အမြဲပူလောင် နေတဲ့ သူတို့ သန္တာန်မှာ သိမ်ငယ်စိတ် အပြင်း အထန် ခံစား လိုက်ရလို့၊ အေးမြနေတဲ့ အခြားသူ ရဲ့ သန္တာန်အပါ် မနာလို မုန်းထားစိတ် စေတနာ ပေါ်ပေါက်လာလို့ ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ခင်ဗျား ဘာဝနာကို အချိန်ပြည့် ထုံမွှမ်းရင်း ဘဝ ရှင်သန် နေထိုင်လာတဲ့အခါ ~ အဲ့သည် အခက်အခဲ အတားအဆီးကို ကြုံဆုံ ရင်ဆိုင် ရပါလိမ့်မယ်။ ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ် လှောင်ပြောင်သမျှလည်း ကြုံတွေ့ ရနိုင်တယ်။ ဆိုလိုတာက ~
  • အဲ့သည် အချိန်တွေ မှာလည်း မိမိရဲ့ ဘာဝနာ အဖြစ်ကို မပွန်းပဲ့ မထိခိုက် ပါစေနဲ့။ မြဲမြံ အောင် အားထုတ်နိုင်ပါစေ ။
  • Even if all is lost, nothing is lost. အရာ အားလုံး ဆုံးရှံးသွားရင်တောင် ~ စင်စစ် ဘာမှ မဆုံးရှုံးဘူး ဆိုတာ ခင်ဗျား တွေ့ရမယ် ဆိုတဲ့ အကြောင်း၊
  • ခင်ဗျား သိမြင် သမျှဟာ ခင်ဗျား အတွက် ထိုက်တန်တဲ့ သိမှု သက်သက်၊ ချမ်းမြေ့မှု သက်သက်သာ ဖြစ်ကြောင်း၊
  • စင်စစ် ချမ်းမြေ့ ကြည်လင်နေတဲ့ မိမိ သန္တာန်မှာ ~ အခြား ဘယ်အရာမှ အရေးအရာ မပါတော့ကြောင်း ခင်ဗျား တွေ့ရပါလိမ့်မယ်။
  • ခင်ဗျားရဲ့ သရဖူ ဟာ ခင်ဗျား ဘာသာ ဆောင်းမှသာ ရတယ် ။ ခင်ဗျားသာလျှင် ခင်ဗျားရဲ့ ဧကရာဇ် ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။


..................
~ On Meditation
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေဆုံ



အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၃ ရက်နေ့ ညတွင် တိုင်းရင်းသားခေါင်း
ဆောင်များ၏ ဖိတ်ကြားချက်အရ မိတ်ဆုံစားပွဲတက်ရောက်ခဲ့ပြီး ရင်းနှီးချစ်ခင်စွာ တွေ့ ဆုံခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးနှင့်စစ်မှန်သော ဒီမိုကရေစီရရှိရေးကို ပြော
ကြားခဲ့သည်ဟု သိရှိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နှစ်၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်



 
၂၅-၂-၂၀၁၂
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ နှစ်ပေါင်း ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ရွှေတိဂုံ အနောက်မုခ် ရှိ ပြည်သူ့ရင်ပြင် ထဲမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။

မြစ်ဆုံရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ


၂၅-၂-၂၀၁၂
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းအတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တန်ဖဲရွာ၌ ပြုလုပ်သော ' မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ ' မိတ်ဆုံစားပွဲ ဓာတ်ပုံများန်ဖဲရွာ၌ ပြုလုပ်သော ' မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ ' မိတ်ဆုံစားပွဲ ဓာတ်ပုံများမြစ်ဆုံ နေရာရှိ အိမ်ရာဖယ်ရှားခြင်းခံခဲ့ ရသော
တန်ဖဲ ကျေးရွာသားများမှ မိမိမူလအိမ်ရာတွင်ပြန်လည်နေခွင့်ရသည့် အထိမ်းအမှတ်
"မြစ်ဆုံ၏ ကျေးဇူးပဲ့ တင်သံ မိတ်ဆုံစားပွဲ " ကို ယနေ့ ၂၄.၂.၂၀၁၂ ၊ မြစ်ဆုံအပန်းဖြေစခန်း
တည်ရှိရာနေရာတွင်ပြုလုပ်ရာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ကာတွန်းဆရာအော်ပီ

ကျယ်၊စိမ်းရောင်စိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့  တို့ မှ နူတ်ဆက်အမှာစကားပြောကြား
ခဲ့ သည်။
နောက် ရန်ကုန်မှကြွရောက်သော ဧည့် သည်များ၊မန္တလေးမှ ဧည့်သည်များတက်ရောက်ပြီး
မြစ်ဆုံအကြောင်းအရာနှင့်ပတ်သက်သော အကြောင်းအရာများကိုပြောကြားခဲ့ ပါတယ်။
မြစ်ကြီးနားမြို့ မှ တက္ကသိုလ်ကျောင်းသူ၊သားများ ၊ဒေသခံများ၊ရပ်မိရပ်ဖများစုစုပေါင်း
(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးစည်းရုံးရေး ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ
















နှလုံးသားတွေလှူတဲ့နေ့















နှလုံးသားတွေလှူတဲ့နေ့
၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတ ဖျော်ဖြေ ပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း ယင်းည ဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့် မပြုခြင်း၊ အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင် ပွဲကြည့်ပရိသတ်များ အနေဖြင့်လည်း မုဒိတာပွား၍ သာဓု မခေါ်ဆိုနိုင်ခဲ့ချေ။ သို့သော် နှလုံးသားတွေလှူမယ့်ညသည် မထင်မှတ်ဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
“နှလုံးသားတွေလှူမယ့်ည” အလှူပွဲအား ညအချိန်တွင် လှူဒါန်းမှုမပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂.၂.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအလှူပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သူ/သားများ၊ ကိုဆောင်းဦးလှိုင်၏ ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့် စုံညီစွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေး အစစ်အမှန် မရရှိသေးသော မိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာနယ်ပယ်များမှ နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများစုံစည်း ရာပွဲ ငြိမ်းချမ်းရေးလူသားများတွေ့ဆုံသည့်ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏ အခက်အခဲများကို တင်ပြသွားခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသား အဖွဲ့ကိုယ်စား ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့် နှစ်သိန်း) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကားအား ကြေကွဲစွာဖြင့် ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ကိုဆောင်းဦးလှိုင်မှ အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ် တိတိအား လှူဒါန်းခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများဖြစ်ခဲ့ပါက …. အချို့သည် ပိုက်ကွန်ဖြင့် အုပ်ခံကာ ဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြစ် ဖောက်ခွဲ၍ သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်းကာ အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့ ပစ်တင်ခံခဲ့ရသည်” ဟု တင်စားပြောကြားခဲ့သည်။

ယင်းနောက် ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရန် ကျန်ရှိသော ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ်တိတိအား အများဆန္ဒဖြင့် မျိုးဆက်သစ်ဂီတဖျော်ဖြေပွဲတစ်ပွဲ ထပ်မံ၍ အလှူဒါန မတည်ငွေအဖြစ် အသုံးပြုရန် ဆုံးဖြတ်မှုကို ပြုလုပ်ခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် အပိတ်အပင် အတားအဆီးများကြောင့် လူကိုယ်တိုင် ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏ နေအိမ်တွင် သူ၏နှလုံးသားဖြင့် ကြေကွဲစွာရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ် လက်ဆောင် ပေးအပ်ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ ဒေါက်တာ မသီတာ(စမ်းချောင်း)မှ ကျေးဇူးတင်စကားပြောကြားရာတွင် အစဉ်အလာဟောင်းများကို ဆွဲကိုင်ရင်း အစဉ်အလာသစ်သို့ ဖောက်ထွက်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ၈၈ ကျောင်းသားအဖွဲ့ နှစ်ခုတို့၏ ထူးခြားသော ဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ နှလုံးသားတွေ လှူသည့်ပွဲ အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃.၂.၂၀၁၂ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များထံ သွားရောက်၍ အားပေးစကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်တွေ့ဆုံကြမည် ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ရောက်လျှင်ရောက်ခြင်း စစ်ဘေးဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ယခင်ကလည်း မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ လေးရာသုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်း တန်ဖိုးကျပ် သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီး သော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အလှူငွေများ လိုအပ် နေသည်ကို သိရှိရပါ၍ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တစ်ဆင့်လှူဒါန်းမှုကို ပြုလုပ်ချင် ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတစ်ရာတိတိအား ဒီအခမ်းအနားတွင် တစ်လက်စ တည်း ၈၈ ကျောင်းသား ခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် တတိယအကြိမ်အဖြစ် အလှူငွေကျပ် သိန်းတစ်ရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းကဲ့သို့ နှလုံးသားများလှူတဲ့နေ့တွင် လှူဒါန်းမှုများ အသီးသီးပြုလုပ်နိုင်ခဲ့ခြင်းသည် ကိုဆောင်း ဦးလှိုင်အား လာရောက်အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် သဘာဝဘေးဒဏ်များအပြင် စစ်ဘေးဒုက္ခသည်များ အတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား လာရောက်လှူဒါန်းမှုများကို ပြုလုပ်ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှု တို့ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ၂၂.၂.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နှလုံးသားတွေလှူသောနေ့ အလှူပွဲကြီးအား အများပြည်သူ နတ်လူသာဓု ခေါ်ဆိုနိုင်ရန်အတွက် တင်ပြလိုက်ရပါသည်။