စက်မှုဇုန်ထုတ်ကားဟု အမည်ခံထားသော ဂျပန်နိုင်ငံလုပ် Hi Ace ကားများကို ရန်ကုန်မြို့လယ်တွင် ဤသို့ တွေ့ရသည်
“တရားမ၀င် ကားတွေသွင်းတဲ့အမှုက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေအထိပါ ပါဝင်ပတ်သက် နေတာပါ။ ညွှန်မှူးအဆင့် လောက်နဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးလည်း မပေါ်နိုင်ဘူး။ အဲဒီအဖွဲ့ကိုယ်တိုင်ကလည်း အမှုကို စစ်ဆေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မစစ်ဆေးနိုင်အောင် တဘက်က လာဘ်ပေးထားတာတွေ ရှိတယ်လို့ သိထားပါတယ်” ဟု သူက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက လိုင်စင်မဲ့ကား ဆိပ်ကမ်းမှ တင်သွင်းမှု ကိစ္စများကို လာရောက် စစ်ဆေးသော်လည်း အမှုမှန် မပေါ်ပေါက်ဟု သိရသည်။
“စ သုံးလုံး ဘက်ကလည်း လာသာစစ်တာ၊ မယ်မယ်ရရ ဘာရလဒ်မှ ထွက်မလာဘူး။ စစ်ဆေးမှု အဆင့်မှာတင် ကြန့်ကြာနေပါတယ်။ ၀န်ထမ်းအချင်းချင်း ဖြစ်တဲ့အတွက် တဦးနဲ့တဦး ငွေပေး၊ နားလည်မှုယူပြီး မစစ်ဘဲ ထားတာ ဖြစ်နိုင်တယ်” ဟု နေပြည်တော်မှ အရာရှိက ပြောသည်။
စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ခဲ့သော အရာရှိတချို့မှာ ရုံးမတက်ဘဲ ခွင့်ယူရှောင်တိမ်း မှုများရှိနေသည်ဟု သိရှိရသည်။
“ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ဆိုရင် လနဲ့ချီ ခွင့်တိုင်တယ်။စုံစမ်းစစ်ဆေးမှု ကာလအတွင်းမှာ အခြေအနေမကောင်းရင် ထွက်ပြေးမယ့်ပုံ ရှိတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူးရုံးမှ အရာရှိတဦးက ပြောသည်။
တရားမ၀င်လိုင်စင်မဲ့ ကားများကို ဆိပ်ကမ်း၊ နယ်စပ်စခန်းများမှ တဆင့် လာဘ်ပေးလာဘ်ယူ ပြုလုပ် တင်သွင်းကြပြီး ယင်းတင်သွင်းမှုတွင် နယ်မြေခံစစ်တပ်၊ ရဲများနှင့် ၀န်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ၀န်ကြီး၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀န်းများ အထိ ပါဝင်ပတ်သက်သည်ဟု သိရသည်။
၂၀၀၆ ခုနှစ်အတွင်းက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူမှုများ ပြုလုပ်လျှက်ရှိသည်ကိုသိရသည်
No comments:
Post a Comment