Wednesday, May 29, 2013

အခြေခံလူတန်းစားကလေးများ ကျောင်းလခကင်းလွတ်ခွင့်ရရှိရေး တောင်းဆိုမည်





အခြေခံလူတန်းစား အသိုင်းအဝိုင်းမှ ကျောင်းဖွင့်ရာသီ ကျောင်းအပ်နှံရန် အခက်အခဲရှိသော အလယ် တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ကျောင်းလခအပါအဝင် ကင်းလွတ်ခွင့်အချို့ကို သက် ဆိုင်ရာ ပညာရေးဝန်ကြီးဌာနထံ တောင်းဆိုမည်ဖြစ်ကြောင်း ကရုဏာလူမှုဘဝမြှင့်တင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာစိုးနောင်က The Voice သို့ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် မသင်နေရမူလတန်းပညာရေးအတွက် ပညာရေးဝန်ကြီးဌာနက ကင်းလွတ်ခွင့် များပေးထားသော်လည်း အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် အခမဲ့စနစ်မရှိသေး ၍ ယင်းသို့တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ကင်းလွတ်ခွင့်တောင်းဆိုချက်များတွင် ကျောင်းဝင်ကြေး၊ မိဘဆရာအသင်းကြေးနှင့် အထွေထွေ ကောက်ခံကြေးတို့ပါဝင်သည်။

“ဒီနှစ်အတွက်လည်း မူလတန်းကလေးတွေအတွက် ငွေတစ်ထောင်စီ ပေမယ်ပြောတယ်။ တကယ် တော့ မြို့ကြီးတွေက ကလေးတွေက တစ်ရက်အသုံးစရိတ်တောင်မရှိဘူး။ တကယ်လိုအပ်နေတဲ့သူ တွေအတွက်ကိုပဲ ပိုပေးသင့်တယ်” ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းတောင်းဆိုချက်များကို မေလ ၂၄ ရက်နေ့ Myanmar Peace Centers ၌ ကျင်းပမည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည့်အပြင် ပညာရေးဝန်ကြီးဌာနဆိုင်ရာ ပုဂ္ဂိုလ်များနှင့်ပြင်ပ ပညာရှင်တို့၏ အကြံပြုချက်များနှင့် ခွင့်ပြုချက်များ တောင်းခံသွားရန်ရှိကြောင်း ဦးအာကာစိုးနောင်၏ ပြောကြားချက်များအရ သိရသည်။

“ဒီကလေးတွေအတွက် အလှူရှင်တွေရဖို့ အဆိုပြုလွှာရေးထားပြီးသွားပါပြီ။ ပြည်တွင်းက အလှူရှင် တွေပဲ အဓိကထားဖိတ်ခေါ်တယ်” ဟု၎င်းကပြောဆိုသည်။

ကရုဏာ လူမှုဘဝမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေးအဖွဲ့ ကော်မတီငါးဦးနှင့် အခြားကော်မတီဝင် ၁၅ ဦးတို့ဖြင့် လုပ်ကိုင်လျက်ရှိသည်။ လက်ရှိရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် အခြေခံလူတန်းစား လက်လုပ်လက်စား ကလေး ငယ်များ၏ ပညာရေး၊ လူမှုရေးနှင့်မိသားစုစီးပွားရေး လုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးလျက်ရှိ သည်။

The Voice Daily

No comments:

Post a Comment