ဥက္ကဌကြီးမော်ရဲ့ အမိုးသမီးအဖြစ် လူသိများခဲ့တဲ့ကျန်ကျင်းဟာ အာဏာကိုဆုပ်ကိုင်ထားနိုင်ဖို့ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့သူဖြစ်ခဲ့ပါတယ်...သရုပ်ဆောင်ဘဝ..မအောင်ခဲ့တဲ့အိမ်ထောင်ရေး ..အစွန်းရောက်လူပ်ရှားမူစွပ်စွဲချက်တွေနဲ့အကျဉ်းကျခံနေရတဲ့ကာလ စတဲ့ နုပိုဘဝနောက်ပိုင်း ၁၉၈၈ ခုနှစ်မှာ မော်စီတုန်း ဇနီးတစ်ယောက်ဖြစ်လာခဲ့ပြီး နာကျင်ခဲ့တဲ့အတိတ်ကအ်မ်မက်ဆိုးတွေကိုမေ့ပျောက်နိုင်ရန်အတွက်သူမဘဝဇက်ကြောင်းတစေ့တစောင်းဖော်ပြထားတဲ့စာရွက်စာတမ်း
မှန်သမျှဖျကိစီးပစ်ဖို့အမိန်ပေးခဲ့ပါတယ်..သူမဟာ ကွန်ဖြူနစ်ပါတီရဲ့အမြင့်ဆုံးကိုရောက်နိုင်ဖို့အတွက်အာဏာလှေခါးထစ်များကိုတစ်ထစ်ပြီးတစ်ထစ်မဆုတ်မနစ်နင်းတက်ခဲ့ရာမှာနောက်ဆုံးမှာတော့သူမဟာ
ပါတီရဲ့အဖြူတေလေးဦးဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်..လေးဦးဂိုဏ်းနဲ့အတူ ကျန်ကျင်းဟာ ယဉ်ကျေးမူဌာနတိုင်းကိုခူပ်ကိုင်လာခဲ့ပြီးနောက်ပိုင်း များပြားမရေတွက်နိုင်တဲ့ရှေးဟောင်းစာအုပ် စာတမ်း ..ဆောက်အအုံ..ပန်းချီကားတွေကိုဖျက်စီးဖို့အမိန်ပေးခဲ့သူတစ်ဥိးဖြစ်သလို့..တရုပ်လူထုများစွာကိုညှဉ်းပန်းနှိပ်စက်မူအတွက်တာဝန်အရှိလူတစ်ဦးပဲဖြစ်ပါတယ်..အဲဒီအချိန်ကာလက တရုတ်ပြည်သူမည်မျှသေဆုံးခဲ့ရသလည်းဆိုတာတိကျတဲ့အရေအတွက်ကိုမသိရှိနိုင်ပေမဲ့ ၁၉၆၆--၆၉ သုံးနှစ်တာကာလ အတွင်းမှာ လူဦးရေပေါင်း ၅၀၀၀;၀၀၀ မျှ အထိ မြင့်တက်ခဲ့ရတယ်လို့သိရှိရပါတယ် သမိုင်းပညာ၇ှင်တခို့ကယဉ်ကျေးမူတော်လှန်ရေး၏နောက်ကွယ်မှာ လေးဦးဂိုဏ်းရှိနေခဲ့တယ်လို့စွပ်စွဲနေတဲ့အချိန်မှာတော့ကျန်ကျင်းကစကားတစ်ခွန်းပြောပြီးမော်စီတုန်းကိုသာအပြစ်ပုံချခဲ့ပါတယ်...သူမပြောခဲ့တဲ့စကားကတော့ သူမ ကမော်စီတုန်းကိုက်စေချင်တဲ့လူကို ကိုက်ပေးရတဲ့ မော် ရဲ့ ခွေးတစ်ကောင်ပါလို ပြောရင်သူမကိုစွဲခဲ့တဲ့ရာဇဝက်မူစွဲချက်တွေကိုဝန်ချတောင်းပန်မယ့်အစား ၁၉၉၁ ခုနှစ်သူမကိုအဆုံးမစီရင်မှီအထိ အကျဉ်းထောင်ထဲ့တွင် ဆယ်စုနှစ်တစ်ခုလုံးကုန်ဆုံးခဲ့ပါတော့တယ်...
Monday, December 5, 2011
မတူခြားနားတဲ့လူဘဝထဲ့က..မာဂရက်မိဒ်(၁၉၀၁...၁၉၇၈ )
မာဂရက်မိဒ်ဟာ သူဘဝတစ်လျှောက်လုံး မနုသာဗေဒပညာရှင် ..ပြတိုက်မူးနဲ့ က္ကုတ္ထိယဝါဒ ရေးဟာ ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်ခဲ့တယ်...တစ်ခါကသူမပြောဖူးတဲ့စကားတစ်ခွန်းရှိတယ် မတူခြားနားတဲ့လူများစွာရဲ့ဘဝဖြစ်တည်မူတွေကိုရှာဖွေရင်သူမဘဝကိုဖြတ်သန်းခဲ့ရတယ်..အဲဒါကြောင့်လည်းအမေရိကန်တွေကသူတို့အအြေနေကိုသူတို့ပိုနားလည်လာတာပါပဲ..မိဒ်ရဲ့ပါမောက္ခလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းဖြစ်တဲ့ဖရန်ဇ်ဘို့ဟာ အမေရိကန်မနုသာဗေဒအတွင်းကယဉ်ကျေးမူအပြန်အလှန်ယှက်နွယ်မူတွေအတွက်ထင်မြင်လေ့လာချက်နဲ့ပက်သက်ပြီးနံမည်ကောင်း
ရရှိခဲ့ပါတယ်..ဒါပေမဲ့အဲဒီအောင်မြင်မူဟာမိဒ်နဲ့သက်ဆိုင်ခဲ့တယ်ပစိဖိတ်တစ်ခွင်ကိုဖြန့်ကျက်ပြီးတော့မှ အရိုင်းအစိုင်းဆိုတဲ့ယူဆလက်ခံထားမူကိုအပြီးသတ်ဖယ်ရှားလိုက်တာဟာ မိဒ်ရဲ့ ရ လဒ်ပါဘဲ့..မိဒ်ဟာအစောပိုင်းကာလတွေမှာ သူမ၏မိခင်တိုက်တွန်းချက်အရ ဆွေမိုးရင်းချာ မောင်နှမဝမ်းကွဲငယ်လေးတွေရဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလွဲမူကိုစိတ်ဝင်စားစွာသူမလေ့လာခဲ့ပါတယ်..အဲဒီနောက်ပိုင်းမှာတော့မိဒ်ဟာလူတွေရဲ့ပင်ကိုအမူအကျင့်တွေနဲ့ပက်သက်ပြီးသူမလေ့လာထားခဲ့သမျှတွေကိုအချက်အလက်စုဆောင်းပြီးစတင်ရေးမှတ်ခဲ့တယ်
အဲဒီလိုမိဒ်ဟာစနစ်တကျမှတ်တမ်းမှတ်ရာထားနိုင်ခဲ့တဲ့များလှတဲ့အံ့သြဖွယ်ရာအချက်အလက်တွေဟာ ၁၉၂၉ ခုနှစ် ကိုလံဘီယာတက္ကသိုလ်ကနေ P.h.d ယူနိုင်ခဲ့တဲ့စာတမ်းတွေအတွက်သုသေသနပြုရာမှာသူမအတွက်အထောက်အကူဖြစ်ခဲ့ရပါတယ်..အဲဒီနောက်ပိုင်းမှာသူမဟာ ၁၉၃၄ ခုနှစ်မှာအမေရိကန်သဘာဝသမိုင်းပြတိုက်ရဲ့ပြတိုက်မူးဖြစ်လာခဲ့ပါတယ်..သူမရဲ့အကိုးပြုစာအုပ်တစ်ဖြစ်တဲ့
Coming of Age in Samoa ဟာ အမေရိကန်အများစုအပေါ်မှာအကိုးသက်ရောက်စေခဲ့ပါတယ်..အထူးသဖြင့်သူမ၏ထူးထွေကျယ်ပြန့်လှတဲ့ ကိုယ်ပိုင်းအတွေ့အကြုံတွေကို သူတို့ကိုယ်တိုင်နားလည်လက်ခံနိုင်စေဖို့ဗွေဆော်ဦးအထောက်အပံကောင်းဖြစ်ခဲ့ပါတယ်

Sunday, December 4, 2011
နိုင်ငံတော်၏သမီးရတနာ အင်ဒီရာ ဂန္ဒီ (၁၉၁၇..၁၉၈၄ )
အင်ဒီရာဂန္ဒီ ဟာ နိုင်ငံတော်ရဲ့သမီးရတနာဖြစ်ခဲ့တယ်..သူမဖခင်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီးစ အိန္ဒိယ နိုင်ငံရဲ့ ပထမ ဦးဆုံးဝန်ကြီးခူပ် ဂျဝါဟလာနေရူး ပဲဖြစ်ပါတယ်...အင်ဒီရာ ဟာ သူမဖခင်နဲ့သူနိုင်ငံရဲ့ အနီးကပ်စောင့်ရှောက်မူအောက်မှာကြီးပြင်းခဲ့တာပါ..၁၉၆၆ ခုနှစ်တုန်းက နံမည်ကြီးမဂ္ဂဇင်းတစ်ခုရဲ့မျက်နှာဖုံးမှာ အမိုးသမီးလက်ဖဝါးထဲ့က သောကများတဲ့ အင်န္ဒိယ ဆိုတဲ့ခေါင်းစည်းနဲ့ဖေါ်ပြခံခဲ့ရဖူးပါတယ်...တည်ငြိမ်လှတဲ့လက်တစ်စုံဟာ တိုင်ပြည်ကိုကောင်းအောင်ထိန်းသိမ်းကိုင်တွယ်နိုင်ခဲ့ပါတယ်..ဒါပေမဲ့လည်းချောချောမွေ့မွေ့ နဲ့ကင်းလွတ်ခဲ့တာတော့မဟုတ်ပါဘူး...နောက်ပိုင်းအနှစ်နှစ်ဆယ် အတွင်းမှာကြုံတွေခဲ့ရတဲ့စီပွားရေးအကျပ်အတည်း.အငတ်ဘေးကြုံမူ(စားနပ်ရက္ခာပြတ်လပ်မူ) ပထမဦးဆုံးအကြိမ်နိုင်ငံမှာအက်တမ်ဗုံးပေါက်ကွဲမူကိစ္စ အာဏာအလွဲသုံးမူနဲ့ပက်သက်ပြီးစွပ်စွဲချက်တွေ စတဲ့ ကိစ္စတွေ ရှင်းလင်းခဲ့ရတဲ့အပြင် အိမ်နီးနားပါကစ္စတန် နိုင်ငံ ရဲ့ ပြည်တွင်းစစ်ကို သူမ ဝင်ရောက်ပါဝင်ညွန်ကြားမူအောက်မှာဖြေရှင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ အသစ်အဖြစ် ခွဲထွက်ဖန်တီးနိုင်ခဲ့တယ်..၁၉၉၄ ခုနှစ်မှာသူမ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက်မှာတော့ အင်ဒီရာ ဟာ ကမ္မာ လုပ်သက်အရှည်ဆုံးအမိုးသမီးဝန်ကြီးခူပ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးယနေ့တိုင် ထင်ရှားနေဆဲပဲဖြစ်နေပါတော့တယ်
ပါရမီဖြည်ဖက် ကိုရာဇန်အကွီနို (၁၉၃၃..၂၀၀၉ )
ကိုရီအကွီနိုဟာ သူပင်ကိုအနေနဲ့ နိုင်ငံရေးရည်မှန်းချက်ထားတာမိုး မရှိခဲ့ပါဘူး ..ဒါပေမဲ့ ၁၉၈၃ ခုနှစ်ထဲ့ သူခင်ပွန်း အထက်လွတ်တော်အမတ် ဘီနစ်ဂ်နိုအကွီနို လုပ်ကြံခံရပြီးတဲ့နောက် နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပါတော့တယ်..ရုတ်ချဉ်းဆိုသလိုပဲ သူမဟာ အာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ် ကို ဆန့်ကျင်တဲ့ အတိုက်အခံစုစည်းညီညွတ်ရေးအင်အားစုမှာခေါင်ဆောငိတစ်ဦးဖြစ်လာခဲ့တယ်..အဲဒီတုန်းက ဆုံးဖြတ်အမိန်တွေအရ မားကို့စ် ကို အနိုင်ရရှိသူအဖြစ်ကြေညာခဲ့ပေမဲ့ နိုင်ငံတစ်ဝှန်းမှာငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေဆက်ခါဆက်ခါဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတောဖိလစ်ပိုင်နိုင်ငံရဲ ပထမ ဦးဆုံးအမိုးသမီးသမ္မတအဖြစ်အကွီနို အာဏာရရှိခဲ့ပါတော့တယ်..အကွီနိုင်ဟာပထမဦးဆုံးအမိုးသမီးသမ္မတအနေနဲ့ရှင်သန်လာတာဟာ ယှိယွင်းနေတဲ့ကျွန်းစုရဲ့ ဒီမိုကရေစီလူ့ဘောင်စီ လှမ်းဝင်ခဲ့တဲ့သူမရဲ့ပထမဦးဆုံးခြေလှမ်းလည်းဖြစ်ခဲ့ပါတယ်.. ခြစားမူနဲ့ အာဏာသိမ်းဖို့ကြိုးစားမူတွေရှိနေတဲ့ကြားကလုပ်ဆောင်ခဲ့ပေမဲ့ အကွီနို အနေ နဲ့ သူမကိုထောက်ခံသူဖိလစ်ပိုင်ပြည်သူတွေမျှော်လင့်ခဲ့ရတဲ့ လူမူပြုပြင်ပြောင်းလွဲမူတွေကိုတော့သူမ များများစားစား မလုပ်ပေးနိုင်ခဲ့ပါဘူး...၁၉၉၂ မှာ နိုင်ငံရေးစင်မြင့်ကနေဆင်းပေးခဲ့ရပေမဲ့ဖိလစ်ပိုင်ပြည်သူတွေရဲ့နှစ်သက်ထောက်ခံမူကိုတော့အပြည်အဝရ ရှိသူတစ်ဦးအဖြစ်ဆက်လက်ရပ်တည်နေပါသေးတယ်
မာသာ ထရီဆာ (၁၉၁၀-၁၉၉၇)
မျက်မှောက်ခောတ်မှာ သူမရဲ့အပြာနားကွပ်ဝက်ရုံဖြူဟာ အဆင်းရဲတကာ့အဆင်းရဲဆုံးတွေကြားမှာသူမရဲစေတနာဝန်ထမ်းရဲ့ဝိသေသဂုဏ်ရည်တွေကိန်းဝပ်ရာဖြစ်နေခဲ့ပါပြီ
အယ်လဘေနီးယန်းမိဘနှစ်ပါးကမွေးဖွားလာခဲ့တဲ့ အဂ္ဂနက် ဘိုဂျာရှူးဟာ အော့တိုမန် အင်ပါယာ လက်အောက်မှာ နေထိုင်ခဲ့ရပြီးမှ သီလရှင်လေးဘဝနဲ့ ၁၉၂၉ မှာ အိန္ဒိယာ ကိုရောက်လာခဲ့ပြီး ကိုလ်ကတ္တား( ယခင် အမည် ကာလကတ္တား )မှာအဖွဲဝင် ၁၃ ယောက်နဲ့ သာသနာပြုအဖွဲငယ် တစ်ခုကိုတည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ မိဘမဲ့နဲ့ A.I.D.S ဂေဟာတွေကို လည်ပတ်အလုပ်လုပ်နေတဲ့သီလရှင်ဆရာလေးပေါင်း ၄၀၀၀၀ ကျော်ရဲ့ ကမ္ဘာတစ်ခွင်ကွန်ယက်ကြီးအဖြစ် ကြီးထွားလာခဲ့တာဖြစ်ပါတယ်..ကြိမ်ဖန်များစွာ ဆေးဘက်ဆိုင်ရာခို့ငဲ့မူ ဆင်းရဲမွဲတေမူကို အဝန်းကျယ်ကျယ်မကိုင်တွယ်နိုင်မူ- မွေးဖွားမူထိန်းခူပ်ရေးနဲ့ ကိုယ်ဝန်ဖျက်ချမူတို့ကို တက်ကြွစွာ ရံခါ အာဏာရှင်တွေနဲ့အလွမ်းသင့်မူကြောင့်အဝေဖန်ခံခဲ့ရပေမဲ့လည်း နိုဘယ်ဆုရှင်ကြီးဟာ စေတနာဝန်ထမ်းများစွာကိုလှုံဆော်မူပေးနိုင်ခဲ့သလို ကက်သလစ်သူတော်စင်ဘဝကိုသွားရာလမ်း တစ်လျှောက်မှာ သူမရဲ့သန့်ရှင်းဖြူစင်တဲ့အကျင့်သီလကို ထာဝရ ဝတ်ဆင်နေဦးမှာပဲဖြစ်မှာပါ

Saturday, December 3, 2011
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာပြည်ခရီးစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူမ၏နေအိမ်တွင်တွေ့ ဆုံ
ဟီလာရီ ကလင်တန်၏ ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ယနေ့ညနေ၅နာရီထိုးက ရန်ကုန်သို့အမေရိကန်အစိုးရပိုင် လေယာဉ်ဖြင့်ရောက်ရှိလာပြီး တစ်ဆက်တည်းရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့
ကြောင်း သိရသည်။
ယင်းနောက် ဟီလာရီ ကလင်တန်နှင့်အတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ ဆုံကာ ညစာစားပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ သမတ ဦးသိန်းစိန်နှင့် တွေ့ ဆုံ
၁-၁၂-၂၀၁၁
မြန်မာနိုင်ငံသို့  အမေရိကန်အစိုးရ အဆင့်ဖြင့်ထိပ်တန်း နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခြင်း
သည် ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့  ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ
ဒီကနေ့ နေ့ လည်ပိုင်းမှာ နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့
ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်အား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းအာလုံးလွတ်ပေးရန် ကချင်ဒေသ ထိုးစစ်များရပ်တန့် ရန်နှင့် နိုင်ငံရေးတွင်ပြည်သူအားလုံးပါဝင်နိုင်ရန် တောင်းဆိုလိုက်သည်။
သမတ ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံ
ဒီမိုးကရေစီပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေးပိတ်ဆို့ မှုများ ဖွင့်ပေးရန်တောင်းဆိုသည်ဟု
သိရှိရသည်။
မနက်ဖန် ၂ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း
များနှင့် လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ် ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။
သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။
“အန်တီစုက ဗိုလ်ချုပ် သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ movie တည်ဆောက်ချင်လို့ ကျနော်တို့ဆီကနေ အကြံဉာဏ်လေးတွေ တောင်းတယ်။ အန်တီစု ဖြစ်ချင်တဲ့ပုံစံမျိုးလေးတွေကို လာပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ။ ရုပ်ရှင်ရိုက်ဖို့အတွက်ပါ။ ဗိုလ်ချုပ်ရဲ့ biography ကို ရုပ်ရှင်အဖြစ် အန်တီစု ရှိနေတဲ့အချိန် အတွင်းမှာ ဖြစ်သွားစေချင်တဲ့ဆန္ဒလေးပေါ့။ သူ့ရဲ့ ဆန္ဒလေးကို ကျနော်တို့ ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဒါရိုက်တာပိုင်းတွေရောကို ခေါ်ပြီးတော့ ပြောတာပါ။ ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းတစ်ခုကို ကျနော်တို့ မြန်မာ့ရုပ်ရှင်နဲ့ နိုင်ငံတကာက အကူအညီတွေနဲ့ပေါ့နော် ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မလဲ ဆိုတဲ့ သဘောတရားနဲ့ ကျနော်တို့ဘက်က လုပ်ချင်တဲ့ပုံစံလေးနဲ့ ဖြစ်ချင်တဲ့ပုံစံလေးကို အန်တီစုကနေ ကျနော်တို့ရဲ့ အိုင်ဒီယာလေးတွေကိုလည်း ခေါ်မေးပြီးတော့ အန်တီစုဖြစ်ချင်တဲ့ ပုံစံလေးတွေကိုလည်း ပြောပြတဲ့သဘောပါပဲခင်ဗျ ဒီနေ့ကတော့။”
အခြေခံအားဖြင့်တော့ ဗိုလ်ချုပ်ဆောင်ဆန်းမွေးဖွားခဲ့တဲ့ နှစ်တစ်ရာပြည့်အမှီ ၂၀၁၅ ခုနှစ်မှာ ဒီဇာတ်ကားကို ထုတ်နိုင်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ကိုနေတိုးက ဆက်ပြောပါတယ်။
“ဒီမှာက အခုကတော့ ဒီကားရိုက်ဖို့အတွက် အဓိကက ကျနော်တို့ ကဒ်တူး ရေးပြီးတော့မှ ဇာတ်ကားဖြစ်မြောက်ရေး ကော်မတီလေးတစ်ခု ဖွဲ့ဖို့အကြောင်းလေးကိုတော့ နောက်ဆုံး ပြောဖြစ်သွားတာပေါ့။ ဆိုတော့ အဓိက ကတော့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှာ ဒီ နောက်ထက်လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ ဒီကားလေးကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားဖို့အတွက် အန်တီစုက ကျနော်တို့ကို ဆွေးနွေးတာပေါ့နော်။”
ကော်မီတီဖွဲ့တယ်ဆိုပေမဲ့လည်း ဘယ်သူက ဘယ်လိုအခန်းကဏ္ဍမှာ ပါကြမယ်၊ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်မယ့် ရန်ပုံငွေကို ဘယ်လို ရှာကြမယ်ဆိုတဲ့ အသေးစိတ် တာဝန်ခွဲဝေမှုတွေကတော့ အတိအကျ မဆုံးဖြတ်ရေးသေးဘူးလို့ ဆိုပါတယ်။
တကယ်လို့ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် မြန်မာ့လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင် ဖြစ်လာမှာပါ။
အရင် န၀တ စစ်အစိုးရတက်လာပြီး မကြာသေးခင်ကာလအထိ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ထားခဲ့တယ်လို့ လူအများက သုံးသပ်ခဲ့ကြတာပါ။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်လို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သို့လောသို့လော ပြောဆိုမှုတွေ အနုပညာရှင် အသိုင်းအ၀ိုင်းကြားမှာရော၊ မြန်မာလူထုအကြားမှာပါ ရှိခဲ့ပေမဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရိုက်ဖို့ ဆန္ဒရှိတဲ့အတွက် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပါ။
ဗိုလ်ချုပ်လို ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ရိုက်ကူးမှာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံက သန့်ရှင်း ကောင်းမွန်စေချင်တဲ့အကြောင်း ဒီကနေ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက ပြောပါတယ်။
“ဗိုလ်ချုပ်ရဲ့သမိုင်းကို ရိုက်မှာဆိုတော့ အရမ်းကို historical ဖြစ်တယ်။ အတ္ထုပ္ပတ္တိတစ်ခု ရိုက်မှာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာရော အနုပညာပိုင်းဆိုင်ရာရော အရာအားလုံးကို သန့်ရှင်းသော၊ စည်းလုံးသော၊ ရိုးသားသောအရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတ္ထုပ္ပတ္တိမျိုးကို တည်ဆောင်ချင်တယ်ပေါ့။ ငွေကြေးပိုင်းကအစပေါ့။ ကျနော်တို့တွေ အများကြီး စုပေါင်း ကြိုးစားလိုက်မယ်ဆိုရင် အတ္ထုပ္ပတ္တိကောင်း Art တစ်ခု ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ အချိန်တော်တော်ယူရမှာပါ။”
အဆိုတော် ချစ်သုဝေ ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်ခဲ့တဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ရုပ်ရှင်လောက က အထင်ကရပုဂ္ဂိုလ်တွေ၊ ဂီတပညာရှင်တွေ အများအပြား တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Subscribe to:
Posts (Atom)