အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူမ၏နေအိမ်တွင်တွေ့ ဆုံ
ဟီလာရီ ကလင်တန်၏ ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ယနေ့ညနေ၅နာရီထိုးက ရန်ကုန်သို့အမေရိကန်အစိုးရပိုင် လေယာဉ်ဖြင့်ရောက်ရှိလာပြီး တစ်ဆက်တည်းရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့
ကြောင်း သိရသည်။
ယင်းနောက် ဟီလာရီ ကလင်တန်နှင့်အတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ ဆုံကာ ညစာစားပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ သမတ ဦးသိန်းစိန်နှင့် တွေ့ ဆုံ
၁-၁၂-၂၀၁၁
မြန်မာနိုင်ငံသို့  အမေရိကန်အစိုးရ အဆင့်ဖြင့်ထိပ်တန်း နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခြင်း
သည် ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့  ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ
ဒီကနေ့ နေ့ လည်ပိုင်းမှာ နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့
ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်အား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းအာလုံးလွတ်ပေးရန် ကချင်ဒေသ ထိုးစစ်များရပ်တန့် ရန်နှင့် နိုင်ငံရေးတွင်ပြည်သူအားလုံးပါဝင်နိုင်ရန် တောင်းဆိုလိုက်သည်။
သမတ ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံ
ဒီမိုးကရေစီပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေးပိတ်ဆို့ မှုများ ဖွင့်ပေးရန်တောင်းဆိုသည်ဟု
သိရှိရသည်။
မနက်ဖန် ၂ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း
များနှင့် လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်။











No comments:
Post a Comment