Monday, December 5, 2011
ပုခက်လွှဲတဲ့သံမဏိလက်တစ်စုံ (Margaret Thatcher 1925)
အဆင့်အတန်းမြင့်မားပြီးစိတ်ဆတ်တက်တဲ့ မာဂရက်သက်ချာ ဟာ ဓာတုဗေဒနဲ့ဥပဒေ ပညာရှင်တစ်ဦးဖြစ်ပြီးကလေးနှစ်ဦးထွန်းကားပြီးတဲ့နောက် ၁၉၅၉ မှာ ကွန်ဆာဗေတစ်ပါတီရဲ့အမတ်တစ်ဦးဖြစ်လာပြီးတဲ့အခါမှာတော့သက်ချာဟာသူမတစ်လျှောက်လုံးကိုင်စွဲလာခဲ့တဲ့
နိုင်ငံရေးမျော်လင့်ချက်တွေအကောင်အထည်ဖေါ်လာပြီးဆိုတာမြင်တွေလာခဲ့ပါတယ်...နှောင်အနှစ် ၂၀  မှာတော့သူမဟာဗြိတိန်နိုင်ငံ၏သက်တမ်းအကြာဆုံးဝန်ကြီးခူပ်တစ်ယောက်ဖြစ်ခဲ့သလို သက်တမ်း သုံးကြိမ် ဆက်တိုက်အရွေးခံရတဲ့တစ်ဦးတည်းသောဗြိတိသျှဝန်ကြီးတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်..ဒါအပြင်သူမဟာ ဥရောပ ရဲ့  တစ်ဦးတည်သော ပထမဦးဆုံးဝန်ကြီးခူပ်လည်းဖြစ်ပါတယ်..သက်ချာဟာ ၁၉၇၉ မှ ၁၉၉၀  အထိ ဝန်ကြီးခူပ်တာဝန်ကို  အနှစ် ၁၁ ကျော်   ထမ်းဆောင်ခဲ့တဲ့ကာလမှာ နိုင်ငံပိုင်အင်တာပရိုတ်စ်များ..စက်မူလုပ်ငန်းများကိုပြည်သူပိုင်သိမ်းရေးထောက်ခံအဆိုပြုခဲ့သလို့..အလုပ်သမားများသမဂ္ဂထူထောင်ပေးခဲ့တဲ့အပြင် လူမူရေးစားသုံးစရိတ်ကိုလည်းအားလုံးအကြုံးဝင်တဲ့အထိလျှောချပေးခဲ့ပါတယ်..ဗြိတိန်နိုင်ငံကိုစွမ်းဆောင်ရေးမြင့် လွတ်လပ်တဲ့စီပွားရေးအသွင်းပြောင်ဖို့အတွက်ဆန့်ကျင်မူတွေကိုကြံကြံခံလုပ်ခဲ့သလို့ ဆိုဗိယက်ယူနီယံကို
မြန်မြန်ဆန်ဆန်ပြိုကျစေရာမှာကူညီပံပိုးပေးခဲ့တဲ့အတွက်အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့အတူ ဂုဏ်ပြုခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်
မော်စီတုန်းရဲ့ခွေးတစ်ကောင် (Jiang Qing 1914..1991 )
ဥက္ကဌကြီးမော်ရဲ့ အမိုးသမီးအဖြစ် လူသိများခဲ့တဲ့ကျန်ကျင်းဟာ အာဏာကိုဆုပ်ကိုင်ထားနိုင်ဖို့ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့သူဖြစ်ခဲ့ပါတယ်...သရုပ်ဆောင်ဘဝ..မအောင်ခဲ့တဲ့အိမ်ထောင်ရေး ..အစွန်းရောက်လူပ်ရှားမူစွပ်စွဲချက်တွေနဲ့အကျဉ်းကျခံနေရတဲ့ကာလ စတဲ့ နုပိုဘဝနောက်ပိုင်း ၁၉၈၈ ခုနှစ်မှာ မော်စီတုန်း ဇနီးတစ်ယောက်ဖြစ်လာခဲ့ပြီး နာကျင်ခဲ့တဲ့အတိတ်ကအ်မ်မက်ဆိုးတွေကိုမေ့ပျောက်နိုင်ရန်အတွက်သူမဘဝဇက်ကြောင်းတစေ့တစောင်းဖော်ပြထားတဲ့စာရွက်စာတမ်း
မှန်သမျှဖျကိစီးပစ်ဖို့အမိန်ပေးခဲ့ပါတယ်..သူမဟာ ကွန်ဖြူနစ်ပါတီရဲ့အမြင့်ဆုံးကိုရောက်နိုင်ဖို့အတွက်အာဏာလှေခါးထစ်များကိုတစ်ထစ်ပြီးတစ်ထစ်မဆုတ်မနစ်နင်းတက်ခဲ့ရာမှာနောက်ဆုံးမှာတော့သူမဟာ
ပါတီရဲ့အဖြူတေလေးဦးဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်..လေးဦးဂိုဏ်းနဲ့အတူ ကျန်ကျင်းဟာ ယဉ်ကျေးမူဌာနတိုင်းကိုခူပ်ကိုင်လာခဲ့ပြီးနောက်ပိုင်း များပြားမရေတွက်နိုင်တဲ့ရှေးဟောင်းစာအုပ် စာတမ်း ..ဆောက်အအုံ..ပန်းချီကားတွေကိုဖျက်စီးဖို့အမိန်ပေးခဲ့သူတစ်ဥိးဖြစ်သလို့..တရုပ်လူထုများစွာကိုညှဉ်းပန်းနှိပ်စက်မူအတွက်တာဝန်အရှိလူတစ်ဦးပဲဖြစ်ပါတယ်..အဲဒီအချိန်ကာလက တရုတ်ပြည်သူမည်မျှသေဆုံးခဲ့ရသလည်းဆိုတာတိကျတဲ့အရေအတွက်ကိုမသိရှိနိုင်ပေမဲ့  ၁၉၆၆--၆၉  သုံးနှစ်တာကာလ အတွင်းမှာ လူဦးရေပေါင်း   ၅၀၀၀;၀၀၀ မျှ အထိ မြင့်တက်ခဲ့ရတယ်လို့သိရှိရပါတယ် သမိုင်းပညာ၇ှင်တခို့ကယဉ်ကျေးမူတော်လှန်ရေး၏နောက်ကွယ်မှာ   လေးဦးဂိုဏ်းရှိနေခဲ့တယ်လို့စွပ်စွဲနေတဲ့အချိန်မှာတော့ကျန်ကျင်းကစကားတစ်ခွန်းပြောပြီးမော်စီတုန်းကိုသာအပြစ်ပုံချခဲ့ပါတယ်...သူမပြောခဲ့တဲ့စကားကတော့  သူမ ကမော်စီတုန်းကိုက်စေချင်တဲ့လူကို ကိုက်ပေးရတဲ့  မော် ရဲ့ ခွေးတစ်ကောင်ပါလို  ပြောရင်သူမကိုစွဲခဲ့တဲ့ရာဇဝက်မူစွဲချက်တွေကိုဝန်ချတောင်းပန်မယ့်အစား ၁၉၉၁ ခုနှစ်သူမကိုအဆုံးမစီရင်မှီအထိ အကျဉ်းထောင်ထဲ့တွင် ဆယ်စုနှစ်တစ်ခုလုံးကုန်ဆုံးခဲ့ပါတော့တယ်...
မတူခြားနားတဲ့လူဘဝထဲ့က..မာဂရက်မိဒ်(၁၉၀၁...၁၉၇၈ )
မာဂရက်မိဒ်ဟာ သူဘဝတစ်လျှောက်လုံး မနုသာဗေဒပညာရှင် ..ပြတိုက်မူးနဲ့ က္ကုတ္ထိယဝါဒ ရေးဟာ ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်ခဲ့တယ်...တစ်ခါကသူမပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်  မတူခြားနားတဲ့လူများစွာရဲ့ဘဝဖြစ်တည်မူတွေကိုရှာဖွေရင်သူမဘဝကိုဖြတ်သန်းခဲ့ရတယ်..အဲဒါကြောင့်လည်းအမေရိကန်တွေကသူတို့အအြေနေကိုသူတို့ပိုနားလည်လာတာပါပဲ..မိဒ်ရဲ့ပါမောက္ခလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းဖြစ်တဲ့ဖရန်ဇ်ဘို့ဟာ အမေရိကန်မနုသာဗေဒအတွင်းကယဉ်ကျေးမူအပြန်အလှန်ယှက်နွယ်မူတွေအတွက်ထင်မြင်လေ့လာချက်နဲ့ပက်သက်ပြီးနံမည်ကောင်း
ရရှိခဲ့ပါတယ်..ဒါပေမဲ့အဲဒီအောင်မြင်မူဟာမိဒ်နဲ့သက်ဆိုင်ခဲ့တယ်ပစိဖိတ်တစ်ခွင်ကိုဖြန့်ကျက်ပြီးတော့မှ အရိုင်းအစိုင်းဆိုတဲ့ယူဆလက်ခံထားမူကိုအပြီးသတ်ဖယ်ရှားလိုက်တာဟာ မိဒ်ရဲ့ ရ လဒ်ပါဘဲ့..မိဒ်ဟာအစောပိုင်းကာလတွေမှာ  သူမ၏မိခင်တိုက်တွန်းချက်အရ ဆွေမိုးရင်းချာ မောင်နှမဝမ်းကွဲငယ်လေးတွေရဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလွဲမူကိုစိတ်ဝင်စားစွာသူမလေ့လာခဲ့ပါတယ်..အဲဒီနောက်ပိုင်းမှာတော့မိဒ်ဟာလူတွေရဲ့ပင်ကိုအမူအကျင့်တွေနဲ့ပက်သက်ပြီးသူမလေ့လာထားခဲ့သမျှတွေကိုအချက်အလက်စုဆောင်းပြီးစတင်ရေးမှတ်ခဲ့တယ်
အဲဒီလိုမိဒ်ဟာစနစ်တကျမှတ်တမ်းမှတ်ရာထားနိုင်ခဲ့တဲ့များလှတဲ့အံ့သြဖွယ်ရာအချက်အလက်တွေဟာ ၁၉၂၉ ခုနှစ် ကိုလံဘီယာတက္ကသိုလ်ကနေ  P.h.d ယူနိုင်ခဲ့တဲ့စာတမ်းတွေအတွက်သုသေသနပြုရာမှာသူမအတွက်အထောက်အကူဖြစ်ခဲ့ရပါတယ်..အဲဒီနောက်ပိုင်းမှာသူမဟာ ၁၉၃၄ ခုနှစ်မှာအမေရိကန်သဘာဝသမိုင်းပြတိုက်ရဲ့ပြတိုက်မူးဖြစ်လာခဲ့ပါတယ်..သူမရဲ့အကိုးပြုစာအုပ်တစ်ဖြစ်တဲ့
Coming of Age in Samoa  ဟာ အမေရိကန်အများစုအပေါ်မှာအကိုးသက်ရောက်စေခဲ့ပါတယ်..အထူးသဖြင့်သူမ၏ထူးထွေကျယ်ပြန့်လှတဲ့ ကိုယ်ပိုင်းအတွေ့အကြုံတွေကို သူတို့ကိုယ်တိုင်နားလည်လက်ခံနိုင်စေဖို့ဗွေဆော်ဦးအထောက်အပံကောင်းဖြစ်ခဲ့ပါတယ်
Sunday, December 4, 2011
နိုင်ငံတော်၏သမီးရတနာ အင်ဒီရာ ဂန္ဒီ (၁၉၁၇..၁၉၈၄ )
အင်ဒီရာဂန္ဒီ ဟာ နိုင်ငံတော်ရဲ့သမီးရတနာဖြစ်ခဲ့တယ်..သူမဖခင်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီးစ အိန္ဒိယ နိုင်ငံရဲ့ ပထမ ဦးဆုံးဝန်ကြီးခူပ် ဂျဝါဟလာနေရူး ပဲဖြစ်ပါတယ်...အင်ဒီရာ ဟာ သူမဖခင်နဲ့သူနိုင်ငံရဲ့ အနီးကပ်စောင့်ရှောက်မူအောက်မှာကြီးပြင်းခဲ့တာပါ..၁၉၆၆  ခုနှစ်တုန်းက နံမည်ကြီးမဂ္ဂဇင်းတစ်ခုရဲ့မျက်နှာဖုံးမှာ အမိုးသမီးလက်ဖဝါးထဲ့က သောကများတဲ့  အင်န္ဒိယ ဆိုတဲ့ခေါင်းစည်းနဲ့ဖေါ်ပြခံခဲ့ရဖူးပါတယ်...တည်ငြိမ်လှတဲ့လက်တစ်စုံဟာ  တိုင်ပြည်ကိုကောင်းအောင်ထိန်းသိမ်းကိုင်တွယ်နိုင်ခဲ့ပါတယ်..ဒါပေမဲ့လည်းချောချောမွေ့မွေ့ နဲ့ကင်းလွတ်ခဲ့တာတော့မဟုတ်ပါဘူး...နောက်ပိုင်းအနှစ်နှစ်ဆယ် အတွင်းမှာကြုံတွေခဲ့ရတဲ့စီပွားရေးအကျပ်အတည်း.အငတ်ဘေးကြုံမူ(စားနပ်ရက္ခာပြတ်လပ်မူ)  ပထမဦးဆုံးအကြိမ်နိုင်ငံမှာအက်တမ်ဗုံးပေါက်ကွဲမူကိစ္စ အာဏာအလွဲသုံးမူနဲ့ပက်သက်ပြီးစွပ်စွဲချက်တွေ စတဲ့ ကိစ္စတွေ ရှင်းလင်းခဲ့ရတဲ့အပြင် အိမ်နီးနားပါကစ္စတန် နိုင်ငံ ရဲ့ ပြည်တွင်းစစ်ကို သူမ ဝင်ရောက်ပါဝင်ညွန်ကြားမူအောက်မှာဖြေရှင်းခဲ့ပြီး  ဘင်္ဂလားဒေ့ရှ် နိုင်ငံ အသစ်အဖြစ် ခွဲထွက်ဖန်တီးနိုင်ခဲ့တယ်..၁၉၉၄ ခုနှစ်မှာသူမ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက်မှာတော့  အင်ဒီရာ ဟာ  ကမ္မာ  လုပ်သက်အရှည်ဆုံးအမိုးသမီးဝန်ကြီးခူပ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးယနေ့တိုင် ထင်ရှားနေဆဲပဲဖြစ်နေပါတော့တယ်
ပါရမီဖြည်ဖက် ကိုရာဇန်အကွီနို (၁၉၃၃..၂၀၀၉ )
ကိုရီအကွီနိုဟာ သူပင်ကိုအနေနဲ့ နိုင်ငံရေးရည်မှန်းချက်ထားတာမိုး မရှိခဲ့ပါဘူး ..ဒါပေမဲ့ ၁၉၈၃  ခုနှစ်ထဲ့ သူခင်ပွန်း အထက်လွတ်တော်အမတ် ဘီနစ်ဂ်နိုအကွီနို လုပ်ကြံခံရပြီးတဲ့နောက် နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပါတော့တယ်..ရုတ်ချဉ်းဆိုသလိုပဲ သူမဟာ အာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ် ကို ဆန့်ကျင်တဲ့ အတိုက်အခံစုစည်းညီညွတ်ရေးအင်အားစုမှာခေါင်ဆောငိတစ်ဦးဖြစ်လာခဲ့တယ်..အဲဒီတုန်းက ဆုံးဖြတ်အမိန်တွေအရ မားကို့စ် ကို အနိုင်ရရှိသူအဖြစ်ကြေညာခဲ့ပေမဲ့ နိုင်ငံတစ်ဝှန်းမှာငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေဆက်ခါဆက်ခါဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတောဖိလစ်ပိုင်နိုင်ငံရဲ ပထမ ဦးဆုံးအမိုးသမီးသမ္မတအဖြစ်အကွီနို အာဏာရရှိခဲ့ပါတော့တယ်..အကွီနိုင်ဟာပထမဦးဆုံးအမိုးသမီးသမ္မတအနေနဲ့ရှင်သန်လာတာဟာ ယှိယွင်းနေတဲ့ကျွန်းစုရဲ့ ဒီမိုကရေစီလူ့ဘောင်စီ လှမ်းဝင်ခဲ့တဲ့သူမရဲ့ပထမဦးဆုံးခြေလှမ်းလည်းဖြစ်ခဲ့ပါတယ်.. ခြစားမူနဲ့ အာဏာသိမ်းဖို့ကြိုးစားမူတွေရှိနေတဲ့ကြားကလုပ်ဆောင်ခဲ့ပေမဲ့ အကွီနို အနေ နဲ့ သူမကိုထောက်ခံသူဖိလစ်ပိုင်ပြည်သူတွေမျှော်လင့်ခဲ့ရတဲ့  လူမူပြုပြင်ပြောင်းလွဲမူတွေကိုတော့သူမ များများစားစား မလုပ်ပေးနိုင်ခဲ့ပါဘူး...၁၉၉၂ မှာ  နိုင်ငံရေးစင်မြင့်ကနေဆင်းပေးခဲ့ရပေမဲ့ဖိလစ်ပိုင်ပြည်သူတွေရဲ့နှစ်သက်ထောက်ခံမူကိုတော့အပြည်အဝရ ရှိသူတစ်ဦးအဖြစ်ဆက်လက်ရပ်တည်နေပါသေးတယ်
မာသာ ထရီဆာ (၁၉၁၀-၁၉၉၇)
မျက်မှောက်ခောတ်မှာ သူမရဲ့အပြာနားကွပ်ဝက်ရုံဖြူဟာ အဆင်းရဲတကာ့အဆင်းရဲဆုံးတွေကြားမှာသူမရဲစေတနာဝန်ထမ်းရဲ့ဝိသေသဂုဏ်ရည်တွေကိန်းဝပ်ရာဖြစ်နေခဲ့ပါပြီ
 အယ်လဘေနီးယန်းမိဘနှစ်ပါးကမွေးဖွားလာခဲ့တဲ့ အဂ္ဂနက် ဘိုဂျာရှူးဟာ အော့တိုမန် အင်ပါယာ လက်အောက်မှာ နေထိုင်ခဲ့ရပြီးမှ သီလရှင်လေးဘဝနဲ့  ၁၉၂၉ မှာ အိန္ဒိယာ ကိုရောက်လာခဲ့ပြီး ကိုလ်ကတ္တား(  ယခင်  အမည် ကာလကတ္တား )မှာအဖွဲဝင်  ၁၃ ယောက်နဲ့ သာသနာပြုအဖွဲငယ် တစ်ခုကိုတည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ  မိဘမဲ့နဲ့ A.I.D.S ဂေဟာတွေကို လည်ပတ်အလုပ်လုပ်နေတဲ့သီလရှင်ဆရာလေးပေါင်း ၄၀၀၀၀  ကျော်ရဲ့  ကမ္ဘာတစ်ခွင်ကွန်ယက်ကြီးအဖြစ် ကြီးထွားလာခဲ့တာဖြစ်ပါတယ်..ကြိမ်ဖန်များစွာ ဆေးဘက်ဆိုင်ရာခို့ငဲ့မူ  ဆင်းရဲမွဲတေမူကို အဝန်းကျယ်ကျယ်မကိုင်တွယ်နိုင်မူ- မွေးဖွားမူထိန်းခူပ်ရေးနဲ့ ကိုယ်ဝန်ဖျက်ချမူတို့ကို တက်ကြွစွာ ရံခါ  အာဏာရှင်တွေနဲ့အလွမ်းသင့်မူကြောင့်အဝေဖန်ခံခဲ့ရပေမဲ့လည်း နိုဘယ်ဆုရှင်ကြီးဟာ စေတနာဝန်ထမ်းများစွာကိုလှုံဆော်မူပေးနိုင်ခဲ့သလို ကက်သလစ်သူတော်စင်ဘဝကိုသွားရာလမ်း တစ်လျှောက်မှာ  သူမရဲ့သန့်ရှင်းဖြူစင်တဲ့အကျင့်သီလကို  ထာဝရ ဝတ်ဆင်နေဦးမှာပဲဖြစ်မှာပါ
Saturday, December 3, 2011
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာပြည်ခရီးစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူမ၏နေအိမ်တွင်တွေ့ ဆုံ
1-12-2011       ဓါတ်ပုံ AP
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ၏နေအိမ်တွင်တွေ့ ဆုံခဲ့သည်။
ဟီလာရီ ကလင်တန်ဟာ နေ့လည် ၁ နာရီ အမေရိကန်သံရုံးမှာ
သတင်းစာရှင်းလင်းပွဲလုပ်မယ်
လို့ သိရှိရပြီး ညမှာပြန်ထွက်ခွာမယ်လို့ လဲ သိရပါတယ်။
ဟီလာရီ ကလင်တန်၏ ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ယနေ့ညနေ၅နာရီထိုးက ရန်ကုန်သို့အမေရိကန်အစိုးရပိုင်လေယာဉ်ဖြင့်ရောက်ရှိလာပြီး တစ်ဆက်တည်းရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့
ကြောင်း သိရသည်။
 ယင်းနောက် ဟီလာရီ ကလင်တန်နှင့်အတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ ဆုံကာ ညစာစားပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရွှေတဂုံဘုရား ဖူးမျှော်
1-12-2011       ဓါတ်ပုံ ဒီမိုကောင်းကင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ညနေ၅နာရီထိုးက ရန်ကုန်သို့အမေရိကန်အစိုးရပိုင်လေယာဉ်ဖြင့်ရောက်ရှိလာပြီး တစ်ဆက်တည်းရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့ကြောင်း သိရသသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ သမတ ဦးသိန်းစိန်နှင့် တွေ့ ဆုံ
၁-၁၂-၂၀၁၁
မြန်မာနိုင်ငံသို့  အမေရိကန်အစိုးရ အဆင့်ဖြင့်ထိပ်တန်း နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခြင်း
သည် ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့  ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ
 ဒီကနေ့ နေ့ လည်ပိုင်းမှာ နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့
ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်အား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းအာလုံးလွတ်ပေးရန် ကချင်ဒေသ ထိုးစစ်များရပ်တန့် ရန်နှင့် နိုင်ငံရေးတွင်ပြည်သူအားလုံးပါဝင်နိုင်ရန် တောင်းဆိုလိုက်သည်။
သမတ ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံ
ဒီမိုးကရေစီပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေးပိတ်ဆို့ မှုများ ဖွင့်ပေးရန်တောင်းဆိုသည်ဟု
သိရှိရသည်။
မနက်ဖန် ၂ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း
များနှင့် လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ တွင် တောင်းဆိုဆန္ဒပြ