Friday, May 11, 2012

သမ္မတဦးသိန်းစိန်မှဒုတိယအဆင့်မဟာဗူဟာရေးဆွဲရန်မှာကြား

ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် င်းလဲဒုတိယအဆင့် မဟာဗျူဟာ ရေးဆွဲကာ ပြုပြင်ပြောမှုများ လုပ်သွားရန် သောကြာနေ့နံနက် နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က လမ်းညွှန် မှာကြားသွားသည်ဟု သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

“အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲလုပ်ဆောင်ရာတွင် ရှေးကနှင့်မတူဘဲ စိတ်ဓါတ်အရ၊ လူမှုဆက်ဆံရေးအရ ပြည်သူ့အကျိုး စီးပွားအတွက် ပြည်သူများကို မိမိတို့မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူ မလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိ လိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက္က ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း” ဟု ဦးသိန်းစိန်က ညွှန်ကြား သွားသည်။

ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ကိုလည်း နိုင်ငံ၏ ဘဏ္ဍာငွေ တခုတည်းအပေါ် မှီခိုလုပ်ဆောင်ခဲ့ရာမှ နိုင်ငံတကာအကူအညီများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသွားသည်။
p
“မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်” ဟု ညွှန်ကြားထားသည်။

ပြည်ပရောက် မြန်မာ ပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်မျိုးစုံ သွားရောက်လုပ်ကိုင်နေကြသူများ ပြန်လာရေးနှင့် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတ က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေး
ဆွေးနွေးသဘောတူပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်”
ပြောဆိုသွားသည်။

သောကြာနေ့ မနက် အစည်းအဝေးသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှာ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိပေ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အာင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့မှာ မေလ ၅ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း မေလ ၆ ရက်နေ့မှစ၍ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်လျက်ရှိသည်။

မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ် သတင်းစာရှင်းလင်းပွဲပြုလုပ်



ကလိုထူးဘော (ယခင် DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ခေါ်ဗိုလ်နှုတ်ခမ်းမွေးအား ထိုင်းနိုင်ငံမှ မူးယစ်ရာဇာစာရင်းထဲ ထည့်သွင်းကာ ဆုငွေထုတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းသတင်းမီဒီယာများအား ဖိတ်ကြား၍ ယနေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားသည်။
သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ယနေ့နံနက် ၉နာရီခွဲမှ ၁၀ နာရီခွဲအထိ ကျင်းပခဲ့ပြီး ၎င်းတို့လက်နက်ကိုင် အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး
ကိစ္စနှင့် လုံးဝပတ်သက်ခြင်းမရှိပဲ နယ်စပ်အကောက်အခွန်၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မိုင်းတွင်းတူးဖေါ်သည့် လုပ်ငန်းများဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးဆန်းအောင်က ရှင်းလင်းပြောဆိုသွားသည်။
မူးယစ်ဆေးဝါး နှင့်ပတ်သက်သည်ဟု ထိုင်းနိုင်ငံ၏ သံသယကို ရှင်းလင်းသွားစေရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဋ္ဌာနတို့ပူးပေါင်း၍ လာရောက်စစ်ဆေးမေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်သည်ဟုလည်း ရှင်းလင်းပွဲတွင် ပြောသည်။
ကလိုထူးဘော အဖွဲ့အား ထိုင်းအစိုးရမှ ယခုကဲ့သို့ စွပ်စွဲသည့်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပင်ရန် မြန်မာအစိုးရသို့ အဆိုပြုသွားမည်ဟု
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သော်လည်း ယခုလောလောဆယ် မဟုတ်သေးကြောင်းလည်း သတင်းထောက်တဦး၏ မေးမြန်းချက်ကိုဖြေကြား ပြောဆိုသွားသည်။
 
ကလိုထူးဘော အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး (ဓါတ်ပုံ-သူရမျိုး YPI)
ကလိုထူးဘောခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်အား ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ရာဇာ ၂၅ ဦးစာရင်းထဲတွင် ပါဝင်နေသည်ဟု ထိုင်းနိုင်ငံ ချယ်နယ် (၃) ရုပ်သံ ဧပြီလ ၂၀ ရက်နေ့ကထုတ်လွှင့်သွားခဲ့ပြီးနောက် ကလိုထူးဘောအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် ယခုလို သတင်းမီဒီယာများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းမီဒီယာများမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်းနိုင်ငံမှ ချယ်နယ် ၃ ရုပ်သံအပါအ၀င် သတင်းမီဒီယာသမားများပါ
တက်ရောက်ခဲ့ကြသည်။
ကလိုထူးဘောအဖွဲ့ (ယခင် ဒီကေဘီအေ) အဖွဲ့သည့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး အစည်းအရုံး (ကေအန်ယူ) အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့တဖွဲ့ဖြစ်ကာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အစိုးရနှင့်ငြိမ်းချမ်းရေး ပျက်ပြားကာ မြ၀တီမြို့ကို တိုက်ခိုက်ခဲ့သည်။ ၎င်းနောက် ယခုနှစ်အစောပိုင်းတွင်
အစိုးရနှင့်ငြိမ်းချမ်းရေးပြန်လည် ရယူခဲ့သည်။       ။

ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင်








ယနေ့ ရုပ်သံသတင်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတွင် တွေ့ရသော စိုင်းနော်ခမ်း

လာအိုအာဏာပိုင်တို့သည် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသူဟု စွပ်စွဲခံနေရသည့် မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ယနေ့ လွဲအပ်လိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်သင်္ဘောသားများအား သတ်ဖြတ်မှုတွင် နော်ခမ်းနှင့် သူ၏ နောက်လိုက်များ၊ ထိုင်းစစ်သားတချို့တို့ ပါဝင်ပတ်သက်နေသည်ဟူသော သက်သေအထောက်အထား ရှိနေသည်ဟု တရုတ်အရာရှိကြီးတဦး၏ ပြောဆိုချက်ကို ဆင်ဟွာသတင်းဌာန သတင်းတပုဒ်တွင် ရေးထားသည်။
သင်္ဘောသားများ သတ်ဖြတ်ခံရစဉ်က ထိုအမှုသည် နော်ခမ်းတို့၏အဖွဲ့၏ လက်ချက်များဖြစ်သည်ဟု ဒေသတွင်း လုံခြုံရေးအရာရှိတို့က သံသယ ရှိခဲ့ကြသည်။
မူးယစ်ရာဇာ စိုင်းနော်ခမ်းအား ထိုသို့ သံသယဖြစ်နေကြစဉ်မှာပင် ထိုင်းစစ်သား ၉ ဦး တို့က ထိုသတ်ဖြတ်မှုကို ကျူးလွန်မိသည်ဟု ဆိုကာ ထိုင်းအာဏာပိုင်တို့ထံတွင် အဖမ်းခံခဲ့ရာ ၎င်းတို့ကို ယခုအချိန်ထိ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် အဖွဲ့သည် ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံဒေသတွင် အခြေစိုက် လှုပ်ရှားသော အဖွဲ့ဖြစ်ပြီး ထိုနိုင်ငံများအား ဖြတ်သန်း စီးဆင်းရာ မဲခေါင်မြစ်တလျှောက် လူသတ်မှု၊ မူးယစ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအတွက် တာဝန်ရှိသည်ဟု ယူဆခံထားရသည်။
စိုင်းနော်ခမ်းအား လာအိုနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး ၂ ပတ် အကြာတွင် လာအိုအရာရှိများက တရုတ်အရာရှိများလက်သို့ သူ့အား လွဲအပ်လိုက်သည်။ ထိုသို့ လွဲအပ်သည့် အခမ်းအနားကို တရုတ် တီဗီသတင်းများတွင် ထုတ်လွှင့် ပြသခဲ့သည်။ သူနှင့်အတူ ဖမ်းဆီးခံရသည့် သူ၏ နောက်လိုက်များနှင့် ပတ်သက်ပြီး သတင်းများတွင် ဖော်ပြထားခြင်း မတွေ့ရချေ။
ယခင်က သတင်းတချို့တွင် သူ့အား ဖမ်းဆီးရမိသည့်နေ့ကပင် တရုတ်ပြည်သို့ ပို့ဆောင်လိုက်သည် ဖော်ပြခဲ့ဖူးသည်။

လာအိုနိုင်ငံ တနေရာတွင် ပြုလုပ်သည့် တရားခံ လွဲအပ်ခြင်း အစီအစဉ်
နှစ်နိုင်ငံအရာရှိများရှေ့တွင် ဒူးထောက်ထိုင်နေရသော စိုင်းနော်ခမ်း
တရုတ်လေယာဉ်ပေါ်သို့ တင်ဆောင်စဉ် နှစ်နိုင်ငံ လုံခြုံရေးအရာရှိများ၊ သတင်းသမားများ ၀န်းရံနေပုံ

တရုတ်နိုင်ငံသို့ ရောက်ရှိပြီး လေယာဉ်ပေါ်မှအဆင်း စွဲချက်များအား နားထောင်နေသော နော်ခမ်း
သူ့အား ဖမ်းဆီးရန် ထုတ်ပြန်ထားသည့် ၀ရမ်း နှင့် စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုး လက်ဗွေနှိပ်နေသော စိုင်းနော်ခမ်း
လက်မှတ်ထိုးပြီးနောက် သူ့အား ကားဖြင့် တင်ဆောင်သွားသည်



Friday, May 4, 2012

ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး

----------ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို (ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်
ဧက ၁၀၀ ခန့်ရှိသော ကျောက်ဖြူမြို့နယ် ကလန်းတဲ ကျေးရွာအုပ်စုမှ လယ်သမားများ စုပေါင်း ပိုင်ဆိုင်သော စားကျက်မြေကို သိမ်းယူပြီး ၁၀ နှစ်ခန့်အကြာတွင် ယခုကဲ့သို့ အမိန့်ထုတ်လာခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ကလန်းတဲ ကျေးရွာအုပ်စုမှာ အထက်တောလို့ခေါ်တဲ့ နွားစားကျက် ပြင်ကြီး တစ်ပြင် ရှိပါတယ်။ အဲဒီကွင်းပြင်ကို ဓည၀တီ ရေတပ်စခန်းက သိမ်းယူပြီးတော့ တချို့မြေကွက်တွေမှာ ခြံကာပြီး မြေပဲစိုက် ထားပါ တယ်။ အကောင်းဆုံး မြေနေရာတွေမှာတော့ သီဟိုဠ်ပင်တွေ စိုက်ထားပါတယ်။ အခု တိုင်းပြည် အခြေအနေ ကောင်းလာပြီဆိုတော့ ဒေသခံ ပြည်သူတွေက နွားစာကျက်ကို ပြန်တောင်းလာတော့ အခုလို အမိန့်ထုတ်လာတာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီး တစ်ဦးက ပြောပါသည်။

ရေတပ်မှ သေနတ်ဖြင့် ပစ်ခတ်မည်ဟု အမိန့်ထုတ်ထားသဖြင့် ကျွဲနွားများကို လွှတ်ပြီး မွေးမြူလေ့ရှိသော အဆိုပါ ဒေသတွင် တောင်သူများ အခက်ကြုံနေရပုံကို သူက ယခုလို ပြောသည်။

" ရေတပ်က မသိမ်းခင်ကဆိုရင် တစ်အုပ်စုလုံးက နွားတွေဟာ အဲဒီ နေရာမှာဘဲ စားသောက် ကြရတယ်။ သူတို့ သိမ်းပြီးတဲ့ အချိန်မှာလည်း ကျွဲနွားတွေကို အဲဒီ စာကျက်မှာ ကျောင်းလို့ ရပါသေးတယ်။ အခု နှစ်တွေအတွင်းမှာ သီ ဟိုဠ်ပင်တွေက ကြီးထွားလာ သလို လူတွေကလည်း စားကျက်ကို ပို အသုံးပြုလာတော့ လုံးဝ ပေးမကျောင်း တော့သလို လူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး။ ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတဲ့ ဒေသဆိုတော့ အခုလို အမိန့်ထုတ်လာတဲ့ အတွက် နွားတွေကို လိုက်ကျောင်းရတာနဲ့ အဲဒီကွင်းဘက်ကို မသွားဖို့ လိုက်ထိန်းရတာနဲ့ တစ်နယ်လုံး ဒုက္ခ ဖြစ်နေကြရပါတယ်" ဟု သူက ပြောသည်။

အများပြည်သူပိုင် နွားစားကျက်ကို ရေတပ်က သိမ်းယူသွားသဖြင့် ကျွဲနွားစားကျက် မရှိတော့၍ ဒေသခံ ကျွဲနွား မွေးမြူသူများမှာ ယခုအခါ အထူး အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

ကလန်းတဲ ကျေးရွာအုပ်စုအတွင်း တရွာနှင့်တရွာ သွားလာရာတွင် ယခင်က အဆိုပါ နွားစားကျက် ကွင်းပြင်ကို ဖြတ်သန်းသွားလာခွင့်ရှိသည့်အတွက် အချိန်တိုအတွင်း ရောက်နိုင်သော်လည်း ယခုအခါ ဖြတ် သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် တရွာနှင့်တရွာ သွားလာခွင့်မှာ အချိန်ပိုကြာပြီး သွားနေရသဖြင့် အခက်အခဲများစွာ ဖြစ်နေကြရသည်ဟု ဒေသခံ လူကြီးက ပြောသည်။

ယခုကဲ့သို့ ရေတပ်က ရပ်ရွာသာများ စုပေါင်းပိုင်ဆိုင်သော မြေကို သိမ်းပြီး စိုက်ခင်းများ ချနေသည့် အပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေချိန်တွင် အမျိုးသမီး ကိစ္စပါ ပေါ်ပေါက်နေ၍ ကျေးရွာ လူငယ်များ အကြားတွင် ပိုမို မကျေနပ်မူများ ပေါ်ပေါက်နေကြောင်း ဒေသခံ လူငယ်တစ်ဦးကလည်း ပြောသည်။

" ဒီလို မကျေနပ်မှုတွေ တိုးပွားနေတဲ့အချိန်မှာ စစ်တပ်မှ ရဲဘော်တွေက ရွာထဲကိုဝင်ပြီး ရွာထဲက အမျိုးသမီးတွေကို စော်ကားတဲ့ အပြင် တစ်ခြား အကျင့်ပျက် မုဆိုးမတစ်ဦးနဲ့ပါ မဖွယ်မရာတွေ ဖြစ်နေတဲ့ အတွက် ကာလသား (လူငယ်)တွေက မကျေနပ် ဖြစ်နေကြတယ်။ တပ်က ဆိုပြီး အားနဲ့ လုပ်ချင်သလို လုပ်နေတဲ့ အတွက် လူငယ်တွေ အကြားမှာ တစ်နေ့ထက် တစ်နေ့ မကျေနပ်မူတွေ တိုးလာနေပါတယ်။ ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတဲ့ အတွက် လူကြီးတွေက အထက်ကို တိုင်ကြားထားပါတယ်" ဟု ပြောသည်။

ကျေးရွာလူကြီးများက ပြဿ နာ တိုးပွားလာမည်ကို အထူးစိုးရိမ်ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် စစ်တပ်အရာရှိများကို တိုင်ကြားထား သော်လည်း တစုံတရာ ၀င်ရောက်ဖြေရှင်းပေးခြင်း မရှိသေးဟု ဆိုသည်။

ကျောက်ဖြူ ဓည၀တီ ရေတပ် ဌာနချုပ်သည် ကလန်းတဲ ကျေးရွာ တစ်ခုတွင်သာ မြေသိမ်းသည် မဟုတ်ဘဲ စစ်တောကျေးရွာမှလည်း လယ်သမား ၄၃ ဦးပိုင် လယ်ဧက ၄၀၀ နီးပါးအား ရေတပ် ဆောက်မည်ဟု အကြောင်းပြ သိမ်းဆည်းကာ ယခုအခါ တနှစ်ကို တဧက (၆) တင်းနုန်းဖြင့် လယ်သမားများကို သီးစားချ ဌားရမ်းနေကြောင်း သိရသည်။



ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ် အောင်ဆန်းပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း

July-19-new၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံးဟောင်း) ၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည့် ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ် အောင်ဆန်းပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအား လုပ်ပိုင်ခွင့် ပေးထားပြီဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှ နေပြည်တော် စက်မှုခန်းမ၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ တစ်ရပ်တွင် ပြောကြား သွားပါသည်။
“ ကျွန်တော်တို့ ပစ်ထားတာလည်း ကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ ပါတဲ့အဖွဲ့၊ အနုပညာ လုပ်တဲ့အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ် ထားပါတယ်။ ဗိုလ်ချုပ် ကျဆုံးသွားတဲ့ နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ( ဇေကမ္ဘာကုမ္ပဏီ) သည်လည်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန် ရုံးဟောင်း) အား လုပ်ပိုင်ခွင့် လျှောက်ထားပြီး စုစုပေါင်း လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ငါးခု ရှိကြောင်း သိရှိရပါသည်။
61647_165246526819020_100000010222133_576803_2548175_n
အခမ်းအနားတစ်ခု၌ ဗိုလ်ချုပ်အောင်ဆန်းမှ မိန့်ခွန်းခြွှေနေစဉ် (ဓါတ်ပုံ - အင်တာနက်)
ထို့အလားတူ ဗဟို တရားရုံး ဟောင်းအားလည်း ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျက် ရှိရာ ဦးထွန်းလွင်၏ ကုမ္ပဏီမှ ပြင်ဆင် ထိန်းသိမ်းရန် လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက် ပြောကြားသွားပါသည်။
“တရားရုံး (ဟိုက်ကုတ်) မှာ တရားခွင်တွေ ပန်းချီပြခန်းတွေ၊ စာကြည့်တိုက်တွေ ထားသွားမယ်။ တရားရုံးကလည်း ရှိနေမယ်၊ အဆောက်အဦး နှစ်ခုလုံးဟာ ထိန်းသိမ်းဖို့ အရမ်းကို လိုအပ်နေပါပြီ။ ကျွန်တော်တို့ အမြတ်ရအောင် လုပ်တာ မဟုတ်ပါဘူး။ အမျိုးသား အမွေအနှစ်တွေကို ပြန်လည် ထိန်းသိမ်းဖို့ပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ထပ်လောင်း ပြောကြား သွားပါသည်။
ထိုအမျိုးသား အမွေအနှစ်များ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လုပ်ငန်းရပ် အသီးသီးတို့၏ အသေးစိတ် အစီအစဉ်များကို နိုင်ငံတော် သမ္မတ မှတဆင့် လွှတ်တော်၌ တင်ပြသွားမည်ဖြစ်သည်။ ထိုသို့ ပြင်ဆင် ထိန်းသိမ်းရာ၌ ယူနက်စကို အဖွဲ့၏ အကူအညီကိုလည်း ရယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားသွားပါသည်။

ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုK.I.O သံသယဝင်

ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေးတင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေအရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေးအဆင့် သုံးဆင့်ကို မကြားသိရဘူးဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု သတင်းထောက်များကို ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
နေရခြင်း ဖြစ်နိုင်ကြောင်း “ဒါကြောင့် ရှေ့တန်းတွေမှာက ယုံကြည်မှု ပျက်ပြားပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့
ပြင်းထန်လာတယ်။ တွေ့ဆုံ ဆွေးနွေးမှုအဆင့် မရောက်ပေမယ့် တဖက်နဲ့တဖက် ယုံကြည်မှုရှိအောင်၊ လေးလေး စားစား ရှိလာဖို့ကတော့ ဒီဆွေးနွေးပွဲမှာ ဦးစီးဦးဆောင်ပေးတဲ့ လူပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တယ်” ဟု ဦးလနန် က ပြောသည်။
AungHdown
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သစ်တွင် ၎င်း ပါဝင်တော့မည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးအောင်သောင်း က ဧပြီလ ၃ဝ ရက်နေ့တွင် ပြောဆို ထားသည်။

KIO မှ တင်ပြသည့် အဆင့် သုံးဆင့် ဟူသည်မှာ ပဏာမ နိုင်ငံရေးဆွေးနွေးမှု အဆင့်တွင် နှစ်ဘက်တပ်စခန်းများ ကိစ္စကို နှစ်ဘက် သဘောတူညီမှုရသည်အထိ ဆွေးနွေးသွားရန်၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သည့် ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပ၍ သဘောတူညီချက်တရပ် အတည်ပြရန်နှင့် ထိုသဘောတူညီမှုများအား အကောင်အထည် ဖော်သွားကြရန်တို့ ဖြစ်သည်။

လက်ရှိ အစိုးရနှင့် KIO အဖွဲ့များအကြား ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံ ဆွေးနွေးရန်နေရာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး KIO ဘက်မှ မိုးမောက်မြို့နယ် လွယ်ဂျယ်အနီးရှိ ပရန်ဝမ်ကျေးရွာတွင် တွေ့ဆုံရန် တင်ပြထားမှုကို အစိုးရဘက်က သဘောတူညီမှု မရှိသလို၊ အစိုးရဘက်က တင်ပြထားသည့် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် တွေ့ဆုံရန် ကိုလည်း KIO က ငြင်းဆိုထားသည်။

တိုက်ပွဲအခြေအနေ အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား မေလ ၂ ရက်နေ့ တရက်တည်းတွင် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် KIO လိုင်ဇာမြို့နယ်အတွင်း တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု KIO မှ ဦးလနန်က ပြောသည်။

မေလ ၁ ရက်နေ့ နံနက်ပိုင်းက KIO၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ တပ်ဖွဲ့များက မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာ အနီးမှ ဝူထော်ကုန်းဘက် အစိုးရတပ်ရင်း ၈၈ နည်းဗျူဟာ ၁ မှ တက်လာသည့် စစ်ကား သုံးစီးမှ နှစ်စီးကို ဗုံးခွဲဖျက်ဆီးခဲ့ရာ ဒုစစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သူက ဆိုသည်။

မေလ ၂ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာအနီး အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲများ
ဖြစ်ပွားခဲ့ပြီး ထိုကျေးရွာအနီးရှိ အနီး အဇီးလူမျိုးများ နေထိုင်သည့် ရွာတရွာကို အစိုးရ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု သိရသည်။

ပန်ဝါမြို့အခြေစိုက်ထားသည့် ဗိုလ်ကြီး Waw Lau ဦးဆောင်သည့် နံပါတ် ၁ဝဝ၂ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေးလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးတင် က ညွန်ကြားခဲ့သည်ဟု KIO ရှေ့တန်းမှ ရဲဘော်တဦးက ပြောသည်။

“မေ ၁ ရက်နေ့ စည်းဝေးလုပ်ပြီး BGF က KIA ရှင်းလင်းရေးလုပ်။ အခုတလောဘဲ ရောက်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းရေးလုပ်ပါလို့ ပြောပြီး ကျီးကျန်ဆိုတဲ့ ရွာဘက်ကို ပြန်သွားတယ်”ဟု သူက သတင်းထောက်များအား ပြောသည်။

နယ်မြေရှင်းလင်းရေး လုပ်နေသည့် အစိုးရ တပ်ဖွဲ့များက လူအခွင့်အရေးချိုးဖောက်မှုများ  ပြုကျင့်နေကြကြောင်း ကြားသိရသော်လည်း  သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည်လက်နက်ဝယ်ယူမူကမ္ဘာမှာအများဆုံး

mmmilitary_105mm_tank_destroyer_7မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်တမ်း ကောက်ချက်များ အရ ဝယ်ယူမှု အင်အား အများဆုံးဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံ တစ်ခု အဖြစ် Oxfam Aid Agency မှ ထုတ်ပြန်သည့် 'The Devil is in the Detail' အစီခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။ အလားတူ လက်နက် ရောင်းဝယ် တင်သွင်း မှုကို ပိတ်ပင် တားမြစ် ထားသည့် နိုင်ငံများမှ တရားမဝင် လက်နက် ဝယ်ယူမှု ပမာဏသည် အမေရိကန်ဒေါ်လာ 2.2 ဘီလျံရှိကြောင်း ယမန်နေ့က Oxfam အဖွဲ့မှ ထုတ်ပြန်သည့် အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။
“သစ်သီး ဝလံဖြစ်တဲ့ ငှက်ပျောသီး ရောင်းဝယ် ဖောက်ကားမှုဟာ လက်နက် ရောင်းဝယ် ဖောက်ကား မှုထက်ကို တင်းကျပ် နေတာ တွေ့နေရတယ်၊ ဒါဟာ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ။ ရှိပြီးသား စစ်လက်နက်ပစ္စည်း တင်ပို့မှု ပိတ်ပင် ထားတဲ့ သဘောတူ စာချုပ်ကို ချိုးဖောက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကနေ စစ်လက်နက် ပစ္စည်းတွေကို ကြိုက်သလို ရွေးချယ် ဝယ်ယူ နေကြတာကို တွေ့ရတယ်၊ ဒါကလည်း နိုင်ငံတကာရဲ့ လေ့လာ စောင့်ကြည့်မှုနဲ့ အရေးယူမှုတွေ လျော့ရဲ နေတဲ့အပေါ်ကို အခွင့်ကောင်း ယူပြီး လုပ်ဆောင် နေခြင်းလဲ ဖြစ်ပါတယ်၊” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက် ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြား သွားပါသည်။
မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်တမ်းများအရ အမေရိကန်ဒေါ်လာ ၆၀၀ မီလျံရှိပြီး ကမ္ဘာ့နိုင်ငံများမှ လက်နက်ဝယ်ယူမှု ပမာဏ၏ ထိပ်တန်းစာရင်းဝင် ဖြစ်ပါသည်။ ဒုတိယ အဖြစ် အီရန်မှ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၅၇၄ မီလျံ ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး တတိယ အနေဖြင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂၄ မီလျံကို ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။
sx2190_02large
ဓါတ်ပုံအညွှန်း - မြန်မာ့တပ်မတော်မှ အမြောက်ကြီးများအား သယ်ယူပို့ဆောင်ရာတွင်
အသုံးပြုသော တရုပ်နိုင်ငံထုတ် Shaanqi SX2190 ယာဉ်ကြီးများပုံ
ကုလသမဂ္ဂမှ စစ်လက်နက် ပစ္စည်း ကုန်သွယ်မှု သဘောတူ စာချုပ်သစ် ပြန်လည် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင်လအတွင်း ပြုလုပ်ဖွယ်ရှိ၍ စာချုပ်သပ် ထပ်မံချုပ်ဆိုရန်ရှိကြောင်း သိရှိရပါသည်။
 “အဓိက စိန်ခေါ်မှုတွေကတော့ စစ်လက်နက်ပစ္စည်း ကုန်သွယ်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေက လက်နက် ဝယ်ယူ စုဆောင်းမှုနဲ့ ပတ်သက်လို့ လက်မှတ် ရေးထိုးမယ့် စာချုပ်အသစ်မှာပါ သဘောတူညီချက်တွေအတိုင်း တိတိကျကျ လိုက်နာအောင် လုပ်ဆောင်ဖို့ လိုပါတယ်၊ စစ်လက်နက်ပစ္စည်း တင်ပို့ ရောင်းဝယ်မှုကို ကမ္ဘာ့ လောင်စာဆီ ပြသနာ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ နိုင်ငံတွေ အပေါ် တင်ပို့နေမှုတွေကို ပြတ်ပြတ်သားသား အရေးယူရပါမယ်” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက်ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြားသွားပါတယ်။
mmmilitary.blogspot.com
ဓါတ်ပုံအညွှန်း - မြန်မာ့ရေတပ်ရှိ ဒုံးတပ်ဖရီးဂိတ် "အောင်ဇေယျ" ခေတ်မှီ
စစ်ရေယာဉ်ပုံ
“လက်နက် ဝယ်ယူဖို့ ပိတ်ပင် ထားပေမယ့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေရဲ့ လက်နက် ဝယ်ယူမှု ပမာဏဟာ ကြောက်ခမန်း လိလိကို တိုးတက် လာနေတာကို ကျွန်တော်တို့ တွေ့နေရတယ်” ဟု လူသားချင်း အကူအညီ ပေးရေး အဖွဲ့များမှ ပြောကြား လိုက်ပါသည်။
လူသားချင်း အကူအညီပေးရေး အဖွဲ့အစည်းများမှ အသစ်ထပ်မံ ချုပ်ဆိုမည့် စစ်လက်နက် ပစ္စည်း တင်ပို့မှု ကန့်သတ်ရေး သဘောတူ စာချုပ်တွင် ပိတ်ပင်နိုင်ငံများသို့ စစ်လက်နက်ပစ္စည်း တင်ပို့မှုကို တိတိကျကျ ပိတ်ပင်တားမြစ်ရန် အဆိုပြု ထားပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ သုံးသပ်ချက်များအရ အဆိုပါ နိုင်ငံများသည့် ကမ္ဘာ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံများလည်း ဖြစ်ကြောင်းလည်း သုံးသပ် ဖော်ပြထားပါသသည်။