သတင်းစာရှင်းလင်းပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ယနေ့နံနက် ၉နာရီခွဲမှ ၁၀ နာရီခွဲအထိ ကျင်းပခဲ့ပြီး ၎င်းတို့လက်နက်ကိုင် အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး
ကိစ္စနှင့် လုံးဝပတ်သက်ခြင်းမရှိပဲ နယ်စပ်အကောက်အခွန်၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မိုင်းတွင်းတူးဖေါ်သည့် လုပ်ငန်းများဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးဆန်းအောင်က ရှင်းလင်းပြောဆိုသွားသည်။
မူးယစ်ဆေးဝါး နှင့်ပတ်သက်သည်ဟု ထိုင်းနိုင်ငံ၏ သံသယကို ရှင်းလင်းသွားစေရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဋ္ဌာနတို့ပူးပေါင်း၍ လာရောက်စစ်ဆေးမေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်သည်ဟုလည်း ရှင်းလင်းပွဲတွင် ပြောသည်။
ကလိုထူးဘော အဖွဲ့အား ထိုင်းအစိုးရမှ ယခုကဲ့သို့ စွပ်စွဲသည့်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပင်ရန် မြန်မာအစိုးရသို့ အဆိုပြုသွားမည်ဟု
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သော်လည်း ယခုလောလောဆယ် မဟုတ်သေးကြောင်းလည်း သတင်းထောက်တဦး၏ မေးမြန်းချက်ကိုဖြေကြား ပြောဆိုသွားသည်။
ကလိုထူးဘော အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး (ဓါတ်ပုံ-သူရမျိုး YPI)
ကလိုထူးဘောခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်အား ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ရာဇာ ၂၅ ဦးစာရင်းထဲတွင် ပါဝင်နေသည်ဟု ထိုင်းနိုင်ငံ ချယ်နယ် (၃) ရုပ်သံ ဧပြီလ ၂၀ ရက်နေ့ကထုတ်လွှင့်သွားခဲ့ပြီးနောက် ကလိုထူးဘောအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် ယခုလို သတင်းမီဒီယာများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း သတင်းမီဒီယာများမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်းနိုင်ငံမှ ချယ်နယ် ၃ ရုပ်သံအပါအ၀င် သတင်းမီဒီယာသမားများပါ
တက်ရောက်ခဲ့ကြသည်။
ကလိုထူးဘောအဖွဲ့ (ယခင် ဒီကေဘီအေ) အဖွဲ့သည့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး အစည်းအရုံး (ကေအန်ယူ) အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့တဖွဲ့ဖြစ်ကာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အစိုးရနှင့်ငြိမ်းချမ်းရေး ပျက်ပြားကာ မြ၀တီမြို့ကို တိုက်ခိုက်ခဲ့သည်။ ၎င်းနောက် ယခုနှစ်အစောပိုင်းတွင်
အစိုးရနှင့်ငြိမ်းချမ်းရေးပြန်လည် ရယူခဲ့သည်။ ။
No comments:
Post a Comment