Thursday, May 31, 2012

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ



တစ်နေ့ ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီစီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”
တက္ကစီဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟု ပြန်ပြောသည်။
“မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်နေတဲ့ နေရာမှာ ခင်ဗျားတည်တည် ငြိမ်ငြိမ်အလုပ်လုပ်တာ သဘောကျလို့ပါ”
“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။
“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်း ရှိတော့မှ ကျွန်တော် မေးမိသည်။
“နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်” မိတ်ဆွေက ဆိုသည်။
“ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”
“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်၊ အကယ်၍ ဒီနေ့မှာ သူ ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော်တစ်ယောက် ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေကတစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ်ဆိုရင် ဒီ တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွားလိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား”
“ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီဒရိုင်ဘာပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားခင်ဗျာ”
“ဟာ…ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာ ဖြန့်ကျက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ ကနေ ဆင့်ပွားပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ၀င်သွားမယ်”
“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမဲ့ လက်တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး”
“မဖြစ်တော့လည်း ဘာနစ်နာသွားတာမှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျားလုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာလည်း ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလည်း မလို၊ လျှော့ပေးစရာလည်း မလို၊ ကိုယ့်စကား သူ့ရင်ထဲ ၀င်မသွား တော့လည်း ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့ တွေ့တော့ သူဝမ်းသာ သွားအောင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့”
“အင်း…ခင်ဗျားလည်း တစ်နည်းတစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက်ချမိသည်။
“ဟာ အဲဒါပဲ ခင်ဗျားနှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော်လေ့လာထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ၀န်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ…ဟုတ်လား၊ သူတို့ အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”
“ဟ၊ ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”
“ခင်ဗျားပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်း လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလည်း အရေးမစိုက်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့် ဘူးလားဗျ”
စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦတစ်ခု အနီးသို့ ရောက်လာ သည်။ သည်မှာ အလုပ်သမား ၅ ယောက် နေ့လည်စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။
“ခင်ဗျားတို့ အဆောက်အဦကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လည်း များမယ့်ပုံ”
အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။
“ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။
“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။
“ဟာ…ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”
ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း…ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့ ရှားမှရှားပဲဗျို့” ကျွန်တော် သြဘာ ပေးမိသည်။
သူက အေးအေးဆေးဆေး။
“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွား လိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီးထဲက တခြားလူတွေ ခံစားရလိမ့်မယ်”
“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။
“ဘယ် ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးအချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ၊ ဒါပေမဲ့ ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားလူတွေ လည်း ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်…”
“ကြည့်စမ်း ဟေ့လူ ခင်ဗျား ခုနက အရုပ်ဆိုးဆိုးမိန်းမကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော် ကြားဖြတ်မေးသည်။
“ဟုတ်တယ်လေဗျာ၊ ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော်မျက်စပစ်ပြလိုက်တော့ သူ့ကိုလည်း သဘောကျတဲ့လူ ရှိသေးတာပဲတွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့တော့ ဒီနေ့ဟာ ပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။
ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie] (ဖေမြင့် ဘာသာပြန်သည် ။)

တစ်ကြိမ်မှာ တစ်ခု


ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ”

“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။
(  ဆရာ ဖေမြင်၏ နှလုံးသား ရသစာစု များမှ )

ခွေး= လူ

စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။ `
ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´ တဲ့။ သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်
ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား ။  ခဏအကြာမှာပင် ကလေးတစ်ယောက်
ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။  `ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ´
သူကမေးသည် ။  `ဒေါ်လာ ၃၀ က ၅၀ အထိဈေးအစားစားရှိတယ် ´လို့ဆိုင်ရှင်ကဖြေသည် ။ 
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံ အကြွေတွေနှိုက်ထုတ်လိုက်သည် ။  `ကျွန်တော့်မှာ ၂
ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ ရမလားခင်ဗျ ` ဆိုင်ရှင်က ပြုံးသည်။
ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည် ။  ခွေးမကြီးဆိုင်ခန်းထဲပြေး
ဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင် တန်းစီရ်ျ လိုက်ပါလာသည် ။ 
ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည် ။ 
အဲသည်ထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။  သူက ထော့တီးထော့နဲ့နှင့်
လမ်းမလျှောက်တတ်သလို ။  ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည် ။ 
`ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´  ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစäာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း
ဆိုင်ရှင်က ရှင်းပြသည် ။  ကောင်လေးက ပိုရ်ျ စိတ်ဝင်စားသွားသည်။  `ဒီခွေးလေး ကျွန်တော်
ဝယ်ချင်တယ်ဗျာ´ သူကဆိုသည်။  `ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါ ပေးပါ့မယ်´ 
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။  သူကမကျေနပ်သည့် အမူအရာမျိုးနှင့်
ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီး ပြန်ပြောသည်။  `အလကားပေတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျ၊
ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ပါဘူှး ၊ ကျွန်တော်
တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊ အခု
အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့် ၅၀ စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်´  သို့သော်
စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။  `မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊
ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး´ 
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျ
ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။  `ကျွန်တော်လဲကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ
သူ့ကို ကိုယ်ချင်းစာပေးမဲ့ လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့´ တဲ့။  ကောင်လေး၏
ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ်တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။   ။
(မူရင်း။   ။Dan Clark ၏ Puppies for Sale)

သတ္တိ

အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့"
သူမက မေးသည်။
"ဟုတ်တယ်"
"အင်းလေ… ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ၊ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"
* * * * * * * *

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်။ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့နည်းလမ်း တစ်ခုပဲရှိတော့တယ်။ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒ ရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်။ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ်။ "မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော် ပေးပါ့မယ်" တဲ့။

အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်း ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်။ ကောင်မလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံးနည်းတူ သူလည်း ပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်။ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်။ "ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား" တဲ့။

ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး။ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး

"အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ"

[ဖေမြင့်၊ နှလုံးသားအာဟာရ ရသစာများ၊ ]

အဖေ

1989 ခုနှစ် အာမေနီးယားပြည်တွင် ရစ်ချတာစကေး 8.2 ရှိသည် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု
ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာပြားပြားဝပ်သွားပြီး ၄ မိနစ်ပင် မပြည့်သည်အချိန်အတောအတွင်း
လူပေါင်း 30.000 ကျော် သေဆုံးခဲ့ရသည်။ အပျက်အစီးတွေ ဖရို ဖရဲ ကစဥ့် ကလျားကြားမှာ ဖခင် တစ်ယောက်
ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူသားရှိနေမည့် စာသင်ကျောင်းဆီသို့ပြေးလာသည်။
သို့သော်ကျောင်းကိုရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီး။ရုတ်တရက်သူရင်ထဲ ဆို့နင့်ကာ ကယောင်
ချောက်ချားဖြစ်သွားသည်။သည့်နောက်မှာသားကိုသူပေးထားသည် ကတိစကားကိုပြန်ပြီးသတိရသည်။
.ဘယ်လိုကိစ္စမိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲံ ဖေဖေ အရောက်လာမယ်စိတ်ချဆိုသောစကား။ သူမျက်လုံးအစုံ
ထဲမှာမျက်ရည်တွေအိုင်လာသည်။   သူရှေ့တွင်တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သောနေရာတွင် အုတ်ပုံအစု
အဝေးတစ်ခုရှိနေသည်။ ဘယ်လို့မှ မျှော်လင့်နိုင်စရာမရှိအောင်ပိပြားနေသည်အုတ်ပုံကြီးတစ်ခု။ သို့သော်သား
ထံပေးခဲ့သည် ကတိစာကားကိုမူ သူထပ်တလဲလဲကြားနေသည်။စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာသူ
နေ့စဉ်နံနက်တိုင်းလိုက်ပိုနေကျဖြစ်သည် သူ သားငယ်၏ စာသင်ခန်းရှိရာနေရာကိုမှန်းဆရှာဖွေမိသည်။
သားတို့အခန်းသည်အဆောက်အဦး၏လက်ယာဘက် အပိုင်းအနောက်ဘက်အခြမ်းမှာ။သည်နေရာသို့သူပြေး
သွားသည်။ ပြီးအုတ် ကိုး အုတ်ပဲ့တွေကိုစတင်တူးဆွဖယ်ရှားခြင်းပြုလေသည်။ သူဖယ်ရှားနေဆဲ တခြားမိဘ
တွေရောက်လာကြသည်။...ငါ့သားလေးသေပါပြီး...ငါ့သမီးလေး မရှိတော့ဘူ..စသည်ဖြင့် သောကမီး ပရိဒေဝမီး
တွေတောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ် ရှိသည်တခို့မိဘများက တော့
( သွေးရူး သွေးတန်း လုပ်ကိုင်နေဟန်ရှိသော ) သူအား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကိုးပုံမှ
ဖျောင်းဖျခေါ်ယူကြသည်။ မရတော့ပါဘူးဗျာ..ဘယ်သူမှအသက်မရှိတော့ပါဘူးဗျာ.အဲဒီလိုလုပ်နေလို့အကိုး
မထူးတော့ပါဘူးအိမ်သာပြန်ပါဗျာ..စိတ်ထိန်းမှပေါခင်ဗျာမြင်တဲ့အတိုင်းပဲဘာလုပ်လိုရအုံးမှာလည်းစသဖြင့်
ပြောကြသည်။တခို့ကဆိုလျှင်..ဟောလူ တော်ပါတော့ဗျာ ..ခင်ဗျာလုပ်တဲ့အတွက် ပိုတောင်ဆိုးဦးမယ်ဟု
ပြစ်တင်ကြသည်။သည်လိုလာပြောသည်မိဘတိုင်းကိုသူကစကားတစ်ခွန်းပဲပြန်ပြောသည်။ဒီမှာ..ခင်ဗျာအခု
လုပ်နေတာကိုကူညီမလား မကူညီဘူးလား..ဒါပဲပြောဟုဆိုသည်။ ဒီလူတွေကိုလျစ်လျူရူ ကာ သူသားကို
ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်လုံးချင်း တစ်ဖဲ့ချင်း ကောက်ယူ
ဖယ်ရှားသည်။ သည်အချိန်မီးသတ်အရာရှိရောက်လာပြီး သူကိုဆွဲထုတ်ဖို့ကြိုးစားသည်။ မီးတွေလောင်နေ
ပြီးဘယ်နေရာကမဆို အချိန်မရွေးထပေါက်နိုင်တယ်..ခင်ဗျာအတွက်အန္တရာယ် ရှိတယ် ကျွန်တော်တို့
လုပ်ပါ့မယ် ကိုယ့်အိမ် ကိုယ်ပြန်ပါဟုဆိုသည်။သားကိုချစ်သောအဖေကတော့သူစကားကိုအလေးမထား
ခင်ဗျာကူပ် ကိုကူညီမလား မကူညီဘူးလား..ဒါပဲပြောပါဟုပြန်ပြောသည်။  ရဲကလည်းရောက်လာသည်
ခင်ဗျာသွေး ရူး သွေးတန်းတွေ လျှောက်လုပ်မနေနဲ့  ခင်ဗျာကြောင့်တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်အိမ်
ပြန်ပါ..ကျွန်တော်တို့လုပ်ပါမယ်....ရဲ ကိုလည်းခင်ဗျာကူညီမှာလားမကူညီဘူးလားဟုမေးသည်။
မည်သူကမျှမကူညီ သို့သော်ကိစ္စမရှိသူဘာသာသူတစ်ယောက်တည်းဇွဲနပဲကြီးစွာသူတူးဖော်သည်။သူမှာ
အရေးကြီးနေတာတစ်ခုပဲရှိတယ်..ငါ့သားလေးသေပြီးလား..အသက်ရှင်နေသေးလား  ဒါ အရေးကြီးသည်။
မျက်မြင်ဒိဋ သူတွေဖို့လိုသည်..သူတစ်ယောက်တည်းအုတ်ကိုး အုတ်ပျက်ပုံကိုဖယ်ရှားသည်...8 နာရီ.....
12  နာရီ.....24  နာရီး....36  နာရီ..38  နာရီ..မြေုက်ဍ်  အုတ်အင်္ဂတေ တုံးကြီးတစ်တုံးကို သူဆွဲထုတ်ပြီးသည်
နောက်တွင် သား၏“ အသံကို ကြားရသည် ..ချင်ချင်းပင် သားနံမည်ကို သူအသံကုန်အော်ခေါ်လိုက်သည်။
...အာမန်း....ပြန်အော်သံကြားရသည်..ဖေဖေ..ဖေဖေလား..သားပါဖေဖေရ..သူငယ်ချင်းတွေကိုလဲသား
ပြောထားတယ်..ဘာမှမကြောက်နဲ့ ငါ့အဖေ မသေသေးရင်ငါ့ကိုသေချာပေါက်လာကယ်မှာ..ငါ့လွတ်ရင်
မင်းတို့လည်းလွတ်မယ်လို့...ဖေဖေ သားကိုကတိပေးထားတယ်မဟုတ်လား..ဘယ်လိုကိစ္စမိုးကြုံကြုံ
သားမစိုးရိမ်နဲ့ဖေဖေ အရောက်လာမယ်စိတ်ချဆိုတာလေအခုဖေဖေပြောထားတဲ့အတိုင်းပဲရောက်လာပြီး
လေ။  အဲဒီအောက်မှာဘယ်လိုအခြေအနေရှိလဲသားဟု အဖေကမေးသည်...သားတို့ 33 ယောက်မှာ 14
ယောက်ပဲကျန်တယ်..သားတို့ကြောက်လဲကြောက်တယ်ဆာလဲဆာတယ် ရေလဲငတ်တယ် ဖေဖေရောက်
လာတော့အရမ်းဝမ်းသာတာပဲ...ကျောင်ကြီးပြိုကျတော့ သားတို့နေရာလေးကွတ်ပြီးကြိဂံ မမြှောင့်လေး
တစ်မြှောင့်မပိပဲကျန်နေတယ်..အဲဒါကြောင့်သားတို့မသေတာ..ကဲ ..ကဲ..ထွက်ခဲ့တော့သားရေ..နေဦး
ဖေဖေရ တခြားလူတွေအရင်ထွက်ပါ့စေ...သားမှာကဘယ်လိုကိစ္စမိုးကြုံကြုံ သားကမစိုးရိမ်ဘူး ဖေဖေ
လာကယ်မယ်ဆိုတာသိနေတယ်။။ (   ကျွန်တော်၏ဖခင်အားသတိရသောအားဖြင့် ဆရာဖေမြင်၏ နှလုံး
သား စာစုများမှကူယူဖော်ပြပါသည်  )

Friday, May 18, 2012

စမ်းချောင်းမြို့နယ်ဂွဈေးမီးလောင်မူဖြစ်ပွား

စမ်းချောင်းမြို့နယ် ဂွဈေးတွင် ယနေ့မနက် ၁ နာရီဝန်းကျင်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်ကျွမ်းမှုကို ရှို့မီးအဖြစ်ဈေးသူဈေးသားများနှင့် စမ်းချောင်းဒေသခံအများစုက သံသယဖြင့် ဝေဖန်ပြောဆိုနေကြသည်။
စမ်းချောင်းမြို့နယ် ဂွဈေး မီးလောင်နေစဉ် 
ဆိုင်ခန်းပေါင်း သုံးရာကျော်ရှိသည့် ယင်းဈေးတွင် ယနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မနက် ၁ နာရီဝန်းကျင်မှ လောင်ကျွမ်းသော မီးကို မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးညွန့်ချိုးနိုင်ခဲ့ကြောင်း၊ ယင်းဂွဈေးနေရာကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရန် ညှိုနှိုင်းခဲ့သော်လည်း ဈေးသူဈေးသား များက လက်မခံဘဲ အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း၊ ယခုအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ခြင်းအပေါ် ဈေးသူဈေးသားများအများစုက ဈေးဖျက်သိမ်းလို၍ လုပ်ဆောင်သော ရှို့မီးဖြစ်နိုင်သည်ဟု ဝေဖန်နေကြသည်။
“အထပ်မြင့်ဈေးဆောက်ဖို့ စည်ပင်က ဈေးသူဈေးသားတွေကို ညှိုတယ်။ အဲဒါ အဆင်မပြေဘူး။ ဈေးသူ ဈေးသားတွေဘက်ကလည်း လက်မခံဘူး။ နှစ်အတော်ကြာနေပြီ အဲဒီလိုညှိုမရဖြစ်နေတာ။ အဲလိုအချိန်မျိုးကြီးမှာမှ ထဖြစ်တယ်ဆိုတော့ သံသယဖြစ်စရာတွေဖြစ်ကုန်တယ်။ ဒါက ရှို့မီးလား။ မနေ့ ညနေက မိုးကသဲသဲမဲမဲရွာထားတယ်။ တညလုံးလည်း မိုးတဖွဲဖွဲလေးကျနေတာ။ မီးလောင်ဖို့ မလွယ်လှဘူး။ ဘာပဲပြောပြော အခု စည်ပင်က လုပ်ချင်နေတဲ့ ဈေးသစ်စီမံကိန်းကြီးဖြစ်လာတော့မှာပေါ့” ဟု ဂွဈေးတွင် ဈေးရောင်းချသူ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက သုံးသပ်သည်။
စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကမူ ဂွဈေးလောင်ကျွမ်းသော မီးသည် ရှို့မီးမဟုတ် ကြောင်း၊ ပေါ့ဆမီးဖြစ်ပြီး မီးလောင်မှုစတင်ဖြစ်သော  ဆိုင်ခန်းပိုင်ရှင်ကို ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“စပြီးလောင်တာက ဈေးရုံ ဃ ရုံ၊ ဆိုင်ခန်း အမှတ် ၁ က စလောင်တာပါ။ အဲဒီဆိုင်က ကုန်စုံဆိုင်။ မနေ့ ညနေပိုင်းက ကုန်စုံဆိုင်မှာ ကုန်ပစ္စည်းတွေချတဲ့နေရာမှာ ထွန်းထားတဲ့ လေးပေမီးချောင်းနားမှာ ပစ္စည်းတွေချသွားတယ်။ အဲဒါ လေးပေမီးချောင်းကိုလည်း တညလုံးထွန်းထားခဲ့တော့ အပူလွန်ပြီး ဘေးနားမှာရှိတဲ့ ပစ္စည်းတွေကို စပြီး မီးလောင်တယ်။ အဲဒီကစလို့ မီးကူးစက်တာ။ ဆိုင်ရှင် နာမည်က ဒေါ်အေးသန်း။ အခုကျနော်တို့ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေလုပ်နေပါပြီ” ဟု စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်းသွားသောကြောင့် ဈေးပြန်မဖွင့်နိုင်တော့ကြောင်း၊ ဈေးသူဈေးသား အများစုက  ဆိုင်ခန်းနေရာ ပြန်မရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။
“မီးလောင်ထားတော့ ဈေးဆိုင်တွေ ပြန်ဖွင့်ခွင့် မရဖို့က များတယ်။ တကယ်လို့ အထပ်မြင့် ဈေးသစ်ကြီးဆောက်ရင်ကော ဆိုင်ခန်း နေရာပြန်ပေးပါ့မလား။ အဲဒါကို အားလုံးစိုးရိမ်ကြတယ်။ ဘာမှကို မသေချာဘူး။ စောင့်ကြည့်ရမယ်” ဟု ဈေးသူဈေးသားတဦးက ပြောသည်။