Saturday, June 9, 2012

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဟု ၈၈ ကျောင်းသားများ ပြော

  
t

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ် ထည့်သွင်းရန် ကမ္ဘာ့နိုင်ငံကြီးများက ဖိအားပေးလာပါက အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ယမန်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“ဒီ ရိုဟင်ဂျာ ပြဿနာကို ဘယ်နိုင်ငံကမှ လက်မခံတာကို ကျနော်တို့နိုင်ငံက ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီးတွေကနေပြီးတော့ ရိုဟင်ဂျာတွေကို လက်ခံရမယ်လို့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ လုံးဝ သည်းညည်းခံမှာ မဟုတ်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများသည် နယ်စပ်မှ ကျူးကျော်ဝင်ရောက်လာသည့် ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများ ပါဝင်နေသည်ဟုရှုမြင်ပြီး ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု လုံးဝမဟုတ်ကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းတွင် မျိုးရိုးစဉ်ဆက် နေထိုင်ကြသည့် တိုင်းရင်းသားမဟုတ်သော အိမ်နီးချင်းနိုင်ငံများမှလူမျိုးများကို နိုင်ငံတော်မှ နိုင်ငံသားအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ထိုသူများအတွက် နိုင်ငံသားတဦး ရသင့်ရထိုက်သော အခွင့်အရေး၊ နိုင်ငံသားတဦးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို အပြည့်အ၀လက်ခံသော်လည်း တိုင်းရင်းသားအဖြစ် လက်ခံရန် အတင်းအကြပ် ဖိအားပေးမှုများကို လုံးဝသည်းညည်းခံမည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ သဘောထားကို အတိအလင်း ပြောကြားသည်။
ယနေ့ ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကိစ္စများကို လုံးဝ လက်မခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာမှ ယခုဖြစ်ရပ်ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန် မေတ္တာရပ်ခံခဲ့ပြီး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ခိုကိုးရာမဲ့ ဖြစ်ခဲ့သော ရခိုင်တိုင်းရင်းသားများ နေထိုင်စားသောက်ရေးအတွက်ကို တာဝန်ရှိသူများမှ အချိန်မှီ ဖြည့်ဆည်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကလည်း ရခိုင်ပြည်နယ်ရှိ ၃ ဒဿမ ၈ သန်းသော ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် လူဦးရေ သန်းထောင်ချီရှိသည့် အိမ်နီးချင်းနိုင်ငံကြီး၏ လူမျိုးစုများ စိမ့်ဝင်မှုကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန် ဥပဒေတခု ပြဌာန်းစေလိုပြီး ယခုလက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို အမျိုးသားရေး ပြဿနာအဖြစ်ရှုမြင်ကာ ပြည်တွင်းနေ မြန်မာ မွတ်စလင်များကလည်း ထိရောက်သော အကူအညီများ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယမန်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ် မောင်းတောမြို့ မြို့တော်ခန်းမ အနီးရှိ နေအိမ်များနှင့် မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား မီးရှို့ဖျက်စီးခံခဲ့ရသည်။ မောင်တောဒေသတွင် ညမထွက်ရ အမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခြင်းကို ရှုတ်ချကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ရေးကိုလိုလားကြောင်း သဘောထား ထုတ်ပြန်ထားသည်။ ထို့အပြင် ယင်းအဖွဲ့ကြီး၏ အစ္စလမ်ဘာသာဝင်များကို မေတ္တာရပ်ခံ ပန်ကြားလွှာတွင် ဇွန်လ ၅ ရက်နေ့ထုတ် သတင်းစာပါ အသုံးအနှုန်းဖော်ပြချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံ တင်ပြပြီး ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနေကြောင်း၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ရှောင်ကျဉ်ရန် မေတ္တာရပ်ခံကြောင်း

မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ



ယခုအခါ မောင်တောမြို့သို့  အစိုးရ အဆင့်မြင့် အရာရှိများ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီ ဖြစ်သဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော လူထုကြီးမှာ စိတ်သက်သာရ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးကို မေးမြန်းစဉ် ပြောကြားသည်။
“ အခုဘဲ မောင်တော ဘော်လုံးကွင်းမှာ ရဟတ်ယာဉ်တွေ ဆင်းနေတဲ့ အသံကို ကြားရပါတယ်။ လူကြီးတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်တွေ အသံကြားရတာ ကြောက်စိတ်တွေ ပျောက်ပြီး စိတ်သက်သာရာ ရသွားပါတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။
ရဟတ်ယာဉ် ဆင်းသက်သည့် အသံများကြားသော်လည်း ဘော်လုံးကွင်းထိ သွားမကြည့်ရဲသဖြင့် စစ်ရဟတ်ယာဉ်လား၊ အရပ်ဘက် ရဟတ်ယာဉ်လားဆိုသည်ကို သူမသိကြောင်း ပြောကြားသည်။
ရဟတ်ယာဉ်များဖြင့် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာရာ အနောက်ပိုင်း တိုင်း တိုင်းမှူးနှင့် ၀န်ကြီး  တစ်ဦး၊ တခြား ပြည်နယ် အဆင့် ၀န်ကြီးများလည်း ပါဝင်လာကြောင်း ဒေသခံ ၀န်ထမ်း တစ်ဦးက ပြောသည်။
“ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နဲ့ ၀န်ကြီးတွေ ပါလာပါတယ်။ အခု မီးတိုက်ခံရတဲ့ မောရ၀တီ၊ ရွှေရင်အေးတို့ကို သွားကြည့်ပါတယ်။ အဲဒီမှာ မောရ၀တီမှာ အိမ်ခြေ ၁၀၆ ဆောင်မှာ တစ်ဆောင်ဘဲ ကျန်တယ်။ အကုန်လုံး မီးရှို့ခံရတယ်။ လူတွေ ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်”ဟု သူက ပြောသည်။
မောရ၀တီမှာလည်း ဘုန်းကြီးကျောင်းတွင် နေထိုင်သူ လူကြီး တစ်ဦး အသတ်ခံရသည်မှာ သေချာသော်လည်း ကလေးငယ်များ သေဆုံးမူ ရှိသည်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း သူက ပြောသည်။
တခြားမီးတိုက်ခံရသော ကျေးရွာများမှာ ကိုင်းကြီး၊ ရွှေရင်အေး၊ သရေကုန်ဘောင် အပါအ၀င် အဆိုပါ ပတ်ဝန်းကျင်တွင် (၈) ရွာခန့်ရှိကြောင်း သူက အတည်ပြု ပြောကြားသည်။

Friday, June 8, 2012

ထုတ်လိုက်ပြန်ပေါ့ တစ်သောင်းကျပ်တန်ငွေစက္ကူ



မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။ 
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။ ပေါ်လွင်ထင်ရှားသောအရောင်
မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့်ဆင်ဖြူနှစ်စီးနှင့်ကြာဖြူတစ်ပွင့်တို့ဖြင့်ဖွဲ့စည်းရိုက်နှိပ်ထားသည်။

မြန်မာစစ်တပ်များ ဆိုင်းတောင်မြို့ထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်



ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် စစ်ရေးတင်းမာနေသော မြန်မာစစ်တပ်သည် ဖားကန့်ဖက်တွင် မေလကုန်ပိုင်းမှစ၍ စစ်အင်အားတိုးချဲ့လျက်ရှိရာ တပ်ခွဲမှူးအောင်ကိုလတ်၊ ဒုတပ်ခွဲမှူး ကိုကိုဦး၊ ရဲကင်းမှူး မင်ဦး တို့ဦးဆောင်သော ခလရ တပ်ရင်း(၁၆)သည် မေလ ၃၁ ရက်နေ့တွင် ဤကဲ့သို့ လူနေအိမ်များသို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ကျောက်စိမ်းတူးဖော်ရေး ဆဲဗင်းစတား ကုမ္ပဏီရုံးတွင် မော်တာ လက်နက်ကြီးတကြိမ်ကျခဲ့ရာ ကုမ္ပဏီဝန်ထမ်း နေလင်းအောင်ဆိုသူအား ထိမှန်ကာ ညတွင်းချင်းသေဆုံးသွားခဲ့ပြီး တခြားဝန်ထမ်း ၅ ဦးမှာ ဒာဏ်ရာရရှိသွားခဲ့ဟု မျက်မြင်ဒေသခံများပြောသည်။

ထို့အပြင် ဆိုင်းတောင် တရုတ်ဘုရားကျောင်းဝင်းတွင်လည်း တကြိမ်ကျခဲ့ရာ ဦးရဲဝင်းအားထိမှန်၍ ဘယ်ဖက်ပခုံး နှင့် ခြေတစ်လုံးမှာ ဒာဏ်ရာရှိသွားခဲ့သည်။

ဒဏ်ရာသူများမှ ဦးမျိုးဝင်း၊ ဦးမိုင်းစိန်၊ ဦးလူမင်း နှင့် အခြားအမည်မသိ နှစ်ဦး တို့မှာ ယခုချိန် သက်ဆိုင်ရာ ဖားကန့်ဆေးရုံနှင့်မိုးညှင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

အစိုးရစစ်တပ်များသည် လူနေအရပ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ၏ ကားများထိခိုက်ပျက်စီးခြင်းသာမက ဆိုင်းတောင် ရပ်ကွက် (၂ )ရှိ ဒေါ်ချိုမာ၏ အိမ်တွင်လည်း မော်တာကျည်ကျပြီး  နေအိမ်နှင့် အိမ်တွင်းပစ္စည်းအချို့ ပျက်စီးသွားကြောင်း ဒေသခံများပြောသည်။

သို့သော် ဆိုင်းတောင် ကြက်သွေးတောင်တွင် တကြိမ်နှင့် နှစ်ခြင်းအသင်းတော်မှ အထွဋ်အမြတ်ထားကာ ကျောက်စိမ်းများဖြင့် စီချယ်ကာ လက်ဝါးကားတိုင်ပြုလုပ်စိုက်ထူထားသော ဆုတောင်းတောင် ဘုရားကျောင်းဝင်းတွင် လက်နက်ကြီး ၅ ကြိမ်ကျခဲ့ရာမှာ ထိခိုက်ပျက်စီးမှုတစုံတရာ မရှိကြောင်း ဒေသခံများပြောသည်။

ဖားကန့်ဒေသတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် ကေအိုင်အိုမှ ဒေသခံများအား ရိက္ခာစုဆောင်း၍ သတိဖြင့်နေရန်ပြောဆိုထားပြီး မြန်မာအစိုးရဖက်ကလည်း ဖားကန့်ဒေသရှိကုမ္ပဏီများနှင့် ၀န်ထမ်းများ အလုပ်သမားများအားလုံးကို မေလကုန်ပိုင်းမှစ၍ နေရပ်ပြန်ရင်ညွှန်ကြားခဲ့ပြီးနောက် တိုက်ပွဲများနှင့် ပစ်ခတ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

Thursday, June 7, 2012

တော်ဝင်စက်ရုံအလုပ်သမားများအကြမ်းဖက်ခံရ


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁) မှာရှိတဲ့ ထိုင်ဝမ်တရုတ်ပိုင် တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံက စက်ရုံအလုပ်သမားတွေဟာ ဇွန်လ ၁ ရက်နေ့
မနက် ၈ နာရီကနေ စတင်ပြီး နောက်တစ်နေ့ နံနက် ၈ နာရီအထိ တစ်နေ့လုံး တစ်ညလုံး ဆန္ဒပြ ခဲ့ကြပါတယ်။ အခြေခံလစာ ၃၀၀၀၀ ကျပ်ရရှိရေးနဲ့ အလုပ်သမား
အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် မေလ ၂၆ ရက်နေ့ကနေ စတင်ပြီး ဆန္ဒပြခဲ့တဲ့ စက်ရုံအလုပ်သမားတွေနဲ့ စက်ရုံလုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်း
ဆန်ခတ်မှုလည်း ဖြစ်ခဲ့ကြပါတယ်။

လက်ရှိ ရခိုင်ပြည် ကျော်နီမော်အရေးအခင်းအပေါ် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်


မက်ဆင်ဂျာ ဂျာနယ်၊ ဖေ့စ်ဘွတ်ခ်က ကူးယူဖော်ပြသည်၊ ဇွန် ၆၊ ၂၀၁၂
မေး။ ။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။
မေး။ ။သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင် တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေးခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန် တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။
မေး။    ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင်ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော်ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ် မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေ ချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင် လည်း ညှိနှိုင်းတိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။
မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန် တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေးယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရသတင်းစာထဲမှာပါတဲ့ စကားလုံးတွေကို ပြောချင်တယ်။ ကျွန်တော် တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှုကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်းပုံစံကို ကျွန်တော်လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့်အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့ကာ
ကွယ်တာဆီးရမှာ ဖြစ်သလိုရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို စည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။
မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုခံယူချက်မျိုးထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစားလိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့်တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမနာခံကြမယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ်က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရမဲ့ နိုင်ငံရေးသမားစိတ်ဓာတ်

ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း


တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့ စုဝေးဆန္ဒပြမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းနေစဉ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။
"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"
ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။
ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။
" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"
ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြောသာဖွင့် ပေးထားပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီးမှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။