ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁) မှာရှိတဲ့
ထိုင်ဝမ်တရုတ်ပိုင် တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံက
စက်ရုံအလုပ်သမားတွေဟာ ဇွန်လ ၁ ရက်နေ့
မနက် ၈ နာရီကနေ စတင်ပြီး နောက်တစ်နေ့ နံနက် ၈ နာရီအထိ တစ်နေ့လုံး တစ်ညလုံး
ဆန္ဒပြ ခဲ့ကြပါတယ်။ အခြေခံလစာ ၃၀၀၀၀
ကျပ်ရရှိရေးနဲ့ အလုပ်သမား
အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် မေလ ၂၆ ရက်နေ့ကနေ စတင်ပြီး ဆန္ဒပြခဲ့တဲ့
စက်ရုံအလုပ်သမားတွေနဲ့ စက်ရုံလုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်း
ဆန်ခတ်မှုလည်း ဖြစ်ခဲ့ကြပါတယ်။
No comments:
Post a Comment