အပြည်ပြည်ဆိုင်ရာ မြစ်ကြောင်းတွင်း ပူးတွဲကင်းလှည့်တပ်ဖွဲ့ ကင်းလှည့်နေတုန်း မဲခေါင်မြစ်တွင်းမှာ လက်နက်ကိုင် တပ် ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်သား ၃ ဦး အသတ်ခံရတယ်လို့ လုံခြုံရေးဆိုင်ရာ သတင်းရပ်ကွက်က ဆိုပါတယ်။ မြန်မာ၊ လာအို ပူးတွဲကင်းလှည့်တပ်ဖွဲ့ဟာ နော်ခမ်းခေါင်းဆောင်တယ်လို့ ယုံကြည်ရတဲ့ အဖွဲ့နဲ့ မနေ့က ရွှေတြိဂံဒေသ မြောက်ဘက် ကီလိုမီတာ ၂၀လောက်မှာ ရှိတဲ့ ဘန့်ဒုံဆမ်ပု အရပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အောက်တို ဘာလ ၅ ရက်က အဲဒီနားမှာပဲ တရုတ်သင်္ဘောသား ၁၃ ယောက် အသတ်ခံခဲ့ရပါသေးတယ်။
မဲခေါင်မြစ်ကြောင်းတလျှောက် လုံခြုံရေးပေးဖို့ တပ်ဖြန့်ထားတဲ့ မြန်မာနဲ့ လာအိုစစ်သားတွေနဲ့အတူ လုံခြုံရေးပူးတွဲ ယူ တဲ့အနေနဲ့ ယူနန်ပြည်နယ်၊ ကွမ်းလေဆိပ်ကမ်းကနေ ချင်းရိုင်းနယ်၊ ချင်းဆန်ဆိပ်ကမ်းကို ခုတ်မောင်းလာတဲ့ ပုဂ္ဂလိက ကုန်တင်သင်္ဘော ၉စင်း စောင့်ရှောက်ပေးဖို့ မော်တော်ဘုတ် ၁၁စင်းနဲ့အတူ လက်နက်ကိုင်ရဲတွေကို တရုတ်က ပို့ပေး ခဲ့ချိန်မှာ ဒီတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ တရုတ်ပြည်က သူတို့ သင်္ဘောသာတွေသေဆုံးပြီးနောက်မှာ မြန်မာ၊ လာအို၊ ထိုင်းနဲ့ပူးတွဲဆောင်ရွက်ဖို့အတွက် မဲခေါင်မြစ်အတွင်းကင်းလှည့်ဖို့ မော်တော်ဘုတ်တွေနဲ့အတူ လက်နက်ကိုင်ရဲ အင်အား ၃၀၀ ကျော် ကို တပ်ဖြန့်ထားပါတယ်။
တရုတ်ပြည် ကွမ်းလေဆိပ်ကမ်းကနေ ရွှေတြိဂံထိ သွားလာတဲ့ မြစ်ကြောင်း ကင်းလှည့်တပ်ဖွဲ့နဲ့အတူ ထိုင်းအာဏာပိုင် တွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး သူတို့တာဝန်ကတော့ ရွှေတြိဂံကနေ ချင်းဆန်ဆိပ်ကမ်းထိ ကင်းလှည့်ဖို့ တဦး တည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။ တရုတ်သင်္ဘောသား ၁၃ ယောက်ဟာ တရုတ်နယ်စပ်တောင်ပိုင်း၊ မြစ်ကြောင်းပိုင်းမှာ အသတ်ခံရတာဖြစ်ပြီး တရုတ်က မူးယစ်ဆေးဝါး စစ်ပွဲ တွေနဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပြည့်နေတဲ့ ဒီဒေသကို ဖြတ်ပြီး တောင်ပိုင်းကိုသွားနေတဲ့ သင်္ဘောသားတွေနဲ့ကုန်တင် သင်္ဘောတွေ ဘေးကင်လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေပါတယ်။
ဒီတရုတ်သင်္ဘောသားတွေ အသတ်ခံရမှုနဲ့ ထိုင်းရဲတွေက စစ်သား ၉ ဦးကို ဖမ်းထားပါတယ်။ ထိုင်း၊ အမှတ် ၃ တပ်တော် ရဲ့ ဖမောန်အထူးတပ်ဖွဲ့မှာ တွဲဖက်ထားတဲ့ အရာရှိ ၉ယောက်ကို လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူတို့ကတော့ ဒီ စွဲဆိုချက်ကို ငြင်းပယ်ပြီး နော်ခမ်းခေါင်း ဆောင်တဲ့ ဗမာပြည်၊ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်နေတဲ့ ဂိုဏ်းမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ ကနဦးထွက်ဆိုချက်မှာ သူတို့မဲခေါင်မြစ်ကြောင်းထဲ ၀င်တဲ့အချိန် မှာ အရာရှိ ၉ ဦးက ဟွာဖင်းနဲ့ ယုရှင်း သင်္ဘော ၈စင်းကို ကြားဖြတ်ဖမ်းဆီးခဲ့တယ်။ သင်္ဘောပေါ်မှာ မြင်းဆေး (ယာဘ) အလုံးပေါင်း ၉၂၀,၀၀၀ တွေ့ခဲ့တယ်။ ရေထဲမှာ သင်္ဘောသားတွေရဲ့အလောင်းတွေတွေ့တော့ စစ်သားတွေဟာ လူသတ် သမားတွေအဖြစ် သံသယ ဖြစ်ခံရသူတွေ ဖြစ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သား ၉ ယောက်အပေါ် စွဲဆိုထားတဲ့ အမှုကို စဉ်းစားပေးဖို့အတွက် အရှေ့နေချုပ်ရုံးကို အခု တင်ပြထားပါတယ်လို့ အမှတ် (၅) ရဲတိုင်း၊ ဒုတိယ အကြီးအကဲ ရဲ ဗိုလ်ချုပ် ဆစ်သီပေါန်ဆရီချန်ထာ့ပ် က မနေ့က ပြောပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ရှေ့နေတွေနဲ့ ရဲတွေပါတဲ့ အ ဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားပါတယ်လို့ ရဲဗိုလ်ချုပ် ဆစ်သီပေါန်က ပြောပါတယ်။ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ နိုင်ငံခြားက သက်သေ တွေကို မေးမြန်းဖို့ လိုနေတုန်းပါပဲလို့ သူက ပြောပါတယ်။
No comments:
Post a Comment