စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ပြန်လည်ဖြစ်ပေါ်လာဖို့ကို ရည်ရွယ်တာပါ။
တိုင်းရင်းသားတွေ
အချင်းချင်း ငြိမ်းချမ်းရေးရဖို့ ပြိုင်ရာမှာ ဘယ်ဘက်က ပိုပြီး
တိုက်နိုင်တယ်၊ ခိုက်နိုင်တယ်။ ဘယ်ဘက်က ပိုပြီး လက်နက် အင်အားကြီးတယ်။
ဒါတွေကို ပြိုင်ရမှာ မဟုတ်ဘူး။ ဘယ်ဘက်က ပိုပြီး သဘောထားကြီးတယ်။ ဖြူစင်တယ်။
ဘယ်ဘက်က ပိုပြီး စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပိုပြီး
မွေးမြူနိုင်တယ်ဆိုတာ ပြိုင်ရမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့
မဟာမိတ်တိုင်းရင်းသားတွေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက ၂၁
ပင်လုံဆိုတာ ပြောလာတာ ရှိပါတယ်။ ပင်လုံမြေမှာ နောက်တစ်ကြိမ်
လက်မှတ်ထိုးဖို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်
ပြန်လည်ဖြစ်ပေါ်လာဖို့ကို ရည်ရွယ်တာပါ။
- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ ကောက်နုတ်ချက်)
No comments:
Post a Comment