ကျချင်ပြည်နယ်ခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာ
မြစ်ကြီးနား၊ ဖေဖော်ဝါရီ-၂၄ ကချင်ပြည်နယ်သို့စည်းရုံးရေးခရီးစဉ်ရာက်ရှိနေသော
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၄နာရီခန့်က ဗန်းမော်လေဆိပ်မှ
စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်သွာသွားပြီဖြစ်သည်။ ဗန်းမော်မြို့တွင် နာရီဝက်နီးပါးကြာ မိန့်ခွန်းပြောခဲ့ပြီးနောက် ယင်းမြို့ရှိ Freindship Hotel တွင် ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ဗန်းမော်မြို့ရှိ မနောကွင်းတွင်မိန့်ခွန်းပြောကြားရာ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရဘောတူညီမှုရနိုင်ရန် နိုင်ငံရေးနည်းဖြင့်အဖြေရှာရန်၊ ဖက်ဒရယ်စနစ်ဆိုသည်မှာခွဲထွက်ပိုင်ခွင့်လုံးဝမဟုတ်ခြင်းကို ပြည်သူများနားလည်စေလိုကြောင်း၊ဒုက္ခသည်များအားညီနေသူများကို ကျေးဇူတင်ကြောင်းနှင့် ဆက်လက်ကူညီပေးရန်စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
No comments:
Post a Comment