Tuesday, September 13, 2011

ပဲ့တင်သံ

ဒေါ်စုမှားခဲ့ရင် ဒေါ်စုတာဝန်ယူမယ်-
-10-9, 2011


ဦးသိန်းစိန် နှင့် တနာရီကြာ


ဖိုရမ်ပွဲမှာဤသို့  ခန့့်ငြား တည်ကြည်စွာဖြင့်




အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊ ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

“အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။

လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည် ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း တက်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်တွင် ပထမအကြိမ်တွေဆုံရာ၌ NLDပါတီ တရားဝင် ရပ်တည်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပါက ဆူပူမှုများ မဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက် သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ် မလာသေးသဖြင့် အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဟု သုံးသပ်နေကြချိန်တွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ပေါက်လာသည်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာအကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည်၏ အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရသစ်က ၂၀၁၄ ခုနှစ် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရလိုသဖြင့် နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ပြောဆို ကြသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး

မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ရုပ်မြင်သံကြား သတင်းထောက် ၁၇ ဦး နှင့် နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုသော ဆန္ဒပြပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့သည်။

Ba-Saw-Tin-sep-09-09-11
ဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင် သတင်းထောက် လှလှဝင်း၊ လူရွှင်တော် ဇာဂနာတို့၏ ရုပ်ပုံများဖြင့် ယနေ့ ဆန္ဒပြနေသူတချို့ 

ဆန္ဒပြပွဲကို ဒီမိုကရက်တစ် မြန်မာ့အသံ၏ ရုပ်သံ သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့ (Free Burma VJ) က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"မြန်မာပြည်က အစိုးရဟာ သတင်းထောက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ပြီး ချုပ်နှောင်ထားတာဟာ လုံးဝ တရားမျှတမှု မရှိဘူး။ ဒါကြောင့် ကျမတို့က ခုလို မြန်မာ သံရုံးရှေ့မှာ လာရောက် စုရုံးပြီး ဆန္ဒပြတာ ဖြစ်ပါတယ်" ဟု Free Burma VJ မှ တာဝန်ခံတဦးဖြစ်သူ Ms. Geraldine May က   ပြောသည်။

"ကျမတို့တောင်းဆိုချက်ကိုလည်း မြန်မာသံရုံးကနေ တဆင့် မြန်မာအစိုးရဆီကို ပို့သွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ဆန္ဒပြသူများသည် သတင်းထောက် မလှလှဝင်း၊  လူရွှင်တော် ဇာဂနာတို့၏ ပုံများကို မျက်နှာတွင် တပ်ဆင်ထားကြသည်။

တခြား သတင်းသမားများ ဖြစ်သည့် ကိုဝင်းမော်၊ ကိုမောင်မောင်ဇေယျ၊ ကိုငွေစိုးလင်း၊ ကိုစည်သူဇေယျ တို့၏ ပုံများကိုလည်း ကိုင်ဆောင်ထားကြသည်။

ဒီမိုကရက်တစ် မြန်မာ့အသံမှ ရုပ်သံ သတင်းထောက် ၁၇ ဦးသည်  မြန်မာပြည် အခြေအနေများ၊ ရွှေဝါရောင် တော်လှန်ရေးကာလက ဖြစ်ရပ်များကို သတင်းပို့ခဲ့သူများ ဖြစ်သည်။

ထိုပုဂ္ဂိုလ်များ လွတ်မြောက်ရေး လှုံ့ဆော်နေသော Free Burma VJ က သတင်းသမား ၅ ဦး၏ အမည်နှင့်ဓာတ်ပုံများကိုသာ ထုတ်ပြန်ထားသည်။ အကျဉ်းချခံထားရသော တခြား ၁၂ ဦး နှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့၏ ဆက်နွယ်မှုကို အစိုးရက မသိသဖြင့် ၎င်းတို့၏ အမည်များကို ထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။

အစိုးရသစ်လက်ထက်တွင် သတင်းသမား အများအပြား အကျဉ်းချခံနေရဆဲ ဖြစ်သည်ကို ကမ္ဘာက သိစေချင်သည်ဟု သံရုံးရှေ့မှ ဆန္ဒပြသူတဦးက ပြောသည်။

"မြန်မာနိုင်ငံမှာ ဒိမိုကရေစီ ရှိနေပြီလို့ ကမ္ဘာကို အသံကောင်းဟစ်ပြီး ပြောနေတယ်။ ဒါပေမဲ့ လူတွေကို အမှန်တရားတွေ သိအောင် လုပ်နေကြတဲ့ သတင်းထောက်တွေကို ထောင်ချနေတယ်" ဟု ကိုအဘူကလန်က  ပြောသည်။

ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် နိုင်ငံတကာ မြို့ကြီးတချို့ရှိ Free Burma VJ အဖွဲ့နှင့် ဆက်သွယ်လုပ်ကိုင်နေသူများက မြန်မာသံရုံးများသို့ သွားရောက်ပြီး  ဆန္ဒပြတောင်းဆိုကြမည်ဟု သိရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ၀န်းကျင် ရှိနေသည်။

မြန်မာပြည်စွမ်းအင်ဝန်ကြီးပြောစကား


ဗိုလ်ချုပ်လူထွက်တွေကို မိန့်ခွန်း ပြောဖို့မြောက်သာပေး။ စကားပြောတော့မှစကားတဲ့ဇာတိတွေ၊ သူတို့အရေအချင်းတွေ ကိုလူထုက မျက်ဝါးထင်ထင်တွေ့ ရလိမ့်မယ်။ ယူနီဖေါင်းတကားကား၊ တိုက်ပုံခေါင်းပေါင်းတကားကားနဲ့မသိရင်တော့ တကယ့် နိုင်ငံတော်အကြီးအကဲဆိုပြီး ဟောက်စားခြောက်စားတွေဟာ စကားလည်းပြောခိုင်းလိုက်မှ သောက်ရူးပါလား ဆိုတာ တွေ့ရတော့တာကိုး။
သူတို့ကို နိုင်ငံတော်အကြီးအကဲလို့ ခေါ်တာသုံးတာကို သူတို့ သိပ်ကြိုက်တယ်။ ဒါပေမဲ့ ဇော်မင်း တယောက်ကတော့ သောက်ရူးဆိုတော့ နိုင်ငံတော်သောက်အရူးလို့ ခေါ်ကြပါစို့။
သူရဲ့မိန့်ခွန်းမှာ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့ထည့်ရောင်းလို့ မရဘူး။ ကြိုးနဲ့သွယ်ပြီးရောင်းရတာ လို့ဆိုတယ်။ အတော် မှတ်သားလောက်တဲ့စကားပဲ။ သူရဲ့ပညာရေးအခြေခံကို ဖေါ်ပြနေတာပေါ့။ တကယ်တော့ သန်းရွှေက သူ့ကိုထောင်ဝါဒါ လောက် ခိုင်းလိုက်ရင်တောင် ရနေပြီ။ ဘယ်နဲ့ လျှပ်စစ်ကို လူတွေက ငှက်ပျောဖက်နဲ့ ထုတ်ပြီးရောင်းရတာလို့ ထင်နေပုံ ရတယ်။ ဒီလို လူမျိုးကို စွမ်းအင်ဝန်ကြီးခန့်ထားတော့ စစ်အစိုးရလက်အောက်က မြန်မာ့ပညာရေး အခြေအနေဆိုးဝါးမှုကို မြင်ရတော့တယ်။
မြန်မာပြည်က လျှပ်စစ် လိုအပ်မှုက မီဂါဝပ် ၁၅၀၀ မျှသာဖြစ်တယ်တဲ့။ ပြည်တွင်းမှာ ဖူလှုံနေတယ်တဲ့။ ပိုလို့ရောင်းစားရ တာလို့ ဆိုတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိန္ဒိယ သမတ က သန်းရွှေနဲ့တွေ့တော့ ရန်ကုန်မြို့က ထွက်တာနဲ့ ကျန်တဲ့ ဒေသအားလုံးဟာ ကျေးလက်အဆင့်မှာပဲ ရှိသေးတယ်။ လျှပ်စစ်မီး လုံးဝ မရှိကြဘူး။ ဖွံ့ဖြိုးမှုအလွန်ကို နှောက်ကျနေ တာကို စိုးရိမ်ကြောင်း အကြံပေးခဲ့တယ်။ ဖူလုံတယ်ဆိုရင် မြို့ကြီးတွေမှာ မီးဘာလို ခနခန ပြတ်လည်း၊ ကျေးလက်ဒေ သအားလုံး နီးပါးမှာ လွတ်လပ်ရေး ရပြီးကတည်းက မီးမရတာ ဘာကြောင့်လဲ။
မြန်မာပြည်ရဲ့ လျှပ်စစ်သုံးစွဲမှု မီဂါဝပ် ၁၅၀၀ နဲ့ ကျေနပ်နေရမှာလား။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံနဲ့ လုံးတူဒေါက် တူ နိုင်ငံတွေရဲ့လျှစ်စစ်သုံးစွဲမှုကိုကြည့်ရင် ထိုင်းနိုင်ငံရဲ့လျှပ်စစ်သုံးစွဲနိုင်မှုက ၁၃၄. ၄ ဘီလီယံ ကီလိုဝပ်ရှိတယ်။်ဗီယက် နမ်က ၈၅ ဘီလီယံကီလိုဝပ်၊ အင်ဒိုနီးရှားက ၁၁၉ ဘီလီယံကီလိုဝပ်တွေ သုံးစွဲနေချိန်မှာ မြန်မာပြည်က ၄.၄ ဘီလီယံကီ လိုဝပ်ပဲ ရှိတာကိုတွေ့ရပါတယ်။
ရေကာတာကိုမဆောက်ဖို့ တရုပ်အစိုးရ ပညာရှင်တွေကိုတိုင် ကန့်ကွက်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ပါတဲ့ အစီရင်ခံစာ အကြောင်းကို သူမပြောဘူး။ ရေကာတာဆောက်သင့် မဆောက်သင့်ကို ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့ကို ငှားရမ်းပြီး လေ့ လာ ကွင်းဆင်းခဲ့တာကို ဂုဏ်ယူဝံကြွားစွာနဲ့ ပြောနေတယ်။
ဘီလူးချောင်းရေအားလျှပ်စစ် အသက်ထွက်နေတာ သူခုထိ သိပုံမရသေးဘူး။ တောတွေခုတ်လို့ ဘီလူးချောင်း ရေအား ကျ၊ အင်းလေကန်ကြီး ကောခါနီးနေပြီ။ နှောင် ၁၀ နှစ်အတွင်းမှာ ဒီနေရာမှာအင်းလေးကန်ရှိခဲ့တယ်ဆိုတာကို ဓါတ်ပုံအ ထောက်ထားနဲ့ ကလေးတွေကိုပြောမှ ယုံကြတော့မယ် အနေအထား။ ဓါတ်အားပေးစက်ရုံမှာ အဓိကလည်ပတ်နေတာ က မီးစက်နှစ်လုံးမျှသာတည်း။ တလုံးက ပျက်နေတယ်လို့ ဓါတ်သိဝန်ထမ်းတဦးက ဆိုပါတယ်။
သူ့ စွမ်းအင်ဝန်ကြီးဌာနက ထွန်းထားတဲ့ လျှပ်စစ်မီးက တရုပ်စက်နဲ့လည်ပြီး ထွန်းနေတာလို့ ဓါတ်သိတယောက်က ဆို တယ်။ ဒါပေမဲ့ မြန်မာ ပြည်ဝန်ထမ်းတွေက ဘီလူးချောင်းကလာတဲ့ လျှပ်စစ်လို့ သူ့ကို ကြပ်ပေးထားတာသူက အဟုတ် မှတ်နေတယ်။
သစ်ပင်တွေပျောက်တယ်။ တရိစ္တာန်လေးတွေ ပျောက်သွားတာကို သူက ပေါ့ပေါ့ဆဆ မြင်နေတယ်။ ဒါဟာအလွန် အန္တ ရာယ် ရှိတယ်။ ရေကာတာကို ဆောက်ပြီးသွားရင် ဖြစ်လာမယ့် ရေအကျယ်အ၀န်းက နယူးယောက်မြို့လောက် ရှိနေ တယ်။ ပင်မရေကာတာရဲ့ ရေအကျယ်ဝန်းက စင်္ကပူနိုင်ငံထက် ကြီးနေတယ်။ ရေကာတာဆောက်ပြီးသွားရင် ငါးတွေ မျိုးဥဖို့ မြစ်ညာကို မတက်နိုင်တော့ဘူးဆိုရင် ငါးမျိုးစိတ် ပျောက်ကုန်မယ်။ တရိစ္တာန်လေးတွေဟာ ကမ္ဘာကြီးမှာ နေထိုင် ခွင့် ရှိသူတွေ၊ ကျနော်တို့ မသိနိုင်သေးတဲ့ တာဝန်တွေကို ထမ်းဆောင်နေရသူတွေ ဖြစ်လာတယ်။
လိပ်ပြာတကောင် သေသွားတဲ့အတွက် အလွန်ဆိုးတဲ့ သဘာဝပတ်ဝန်းကျင် ဖေါက်ပြန်မှုတွေတောင် ရှိနိုင်တယ်ဆိုတဲ့ လိပ်ပြာ သက်ရောက်မှု သီအိုရီ- Butterfly Effect theory – ကို ပညာရှိတဲ့ ခေါင်းဆောင်တွေက အလေးအနက်ထား ကြတယ်။ ဒါကို ဇော်မင်း သိရဲ့လား။
မြစ်ရေ ၇ ရာခိုင်နှုန်းကိုပဲ ဖမ်းတာ ၉၇ ရာခိုင်နှုန်းက ဆက်လက်စီးဆင်းနေနိုင်တယ်ဆိုတာ ဘယ်သူပြောတာလဲ။ ဘယ်ပညာရှင်က လိမ်ထားတဲ့ ကိန်းဂဏန်းလဲ။
တရုပ်ပြည်မှာ မြစ်ချောင်းကြီးပေါင်း ၆၀၀ ကျော်ရှိတယ်။ တရုပ်ခေါင်းဆောင်တွေရဲ့အမြင်တိမ်တဲ့ ကောင်းမှုတွေကြောင့် မြစ်ကြီး ၄၀၀ ကျော် ပျောက်ဆုံးသွားပြီဖြစ်ကြောင်း မှတ်တမ်းတွေရှိတယ်။ ရေအားလျှပ်စစ်ကြောင့်ရတဲ့ စွမ်းအင်ဟာ တကယ်တမ်းသိပ်မရှိဘူး သဘာဝပတ်ဝန်းကျင် ပျက်တဲ့ရလဒ်ဆိုးတွေက ပိုများနေတယ်ဆိုတာ နိုင်ငံတကာပညာတွေ က တညီတညွတ်တည်း ကောက်ချက်ချထားတာ ကြာပါပြီ။
ဒီတော့ အနောက်နိုင်ငံတွေက သတိထားပြီးလုပ်ကြတယ်။ ရေကာတာတည်ဆောက်တာတွေကို ရှောင်လာတာကိုတွေ့ ရတယ်။ အာရှတိုက်တွေမှာတော့ ဇော်မင်းတို့လို နိုင်ငံတော် သောက်ရူးတွေက များတယ်။ ရေကာတာ တည်ဆောက်ပေး လိုက်တာကို ဘုရားတည်ပေးလိုက် သလိုလို၊ မင်းကောင်းမင်းမြတ်တွေလိုလို အိုင်တင်ထုတ်လို့ ကောင်းနေကြတုန်း။
နောင်ဖြစ်လာမယ့် ဆိုးကျိုးတွေကို သူတို့ မမြင်ကြဘူး။
ဒီလိုသောက်ရူးတွေ အုပ်ချုပ်နေသမျှတော့ လူမှုဒုက္ခတွေ ပင်လယ်ဝေနေဦးမှာပဲ ဖြစ်တယ်။
မိုးသီးဇွန်

သိန်းစိန်အစိုးရနှင့်ဧရာဝတီအနာဂတ်

အငြင်းပွားဖွယ်ရာ မြစ်ဆုံ စီမံကိန်းကို နောက်မဆုတ်တမ်း ဆက်လက် လုပ်ကိုင်သွားမည်
ဖြစ်ကြောင်းနှင့် ရှစ်နှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက
ပြောကြားသွားသည်။

နေပြည်တော်ရှိ မီးရထားဝန်ကြီးရုံးတွင် တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ဝန်ကြီး
က လျှပ်စစ်မီး ရရှိရေးသည် "အမျိုးသား အကျိုးစီးပွား ဖြစ်ပါတယ်" ဟုဆိုကာ "နွေရာသီစတာနဲ့ ဒီလုပ်ငန်း (တည်ဆောက်ရေး) ကို ဆက်လုပ်မှာ ဖြစ်တယ်"ဟု  ပြောကြားသွားသည်။

"ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ကန့်ကွက်လို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခု မေးပါတယ်။ နောက်မဆုတ် ပါဘူး။ ကျနော်တို့ ဆက်လုပ်မှာဖြစ်ပါတယ်” ဟုလည်း ထည့်သွင်းပြောသွားသည်။
myitsone1
မေခ မလိခ မြစ်ဆုံအနီးရှိ မဂ္ဂါဝပ် ခြောက်ထောင်တပ်ဆင်အားရှိ မြစ်ဆုံစီမံကိန်းအနေအထားကို ယခုနှစ် ဇွန်လက တွေ့ရစဉ်။ 

ဧရာဝတီမြစ်ဖျား မေခနှင့် မလိခမြစ်နှစ်သွယ် ဆုံရာအနီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ခြောက်ထောင် တပ်ဆင်စက် အင်အားရှိမည့်  မြစ်ဆုံရေကာတာ စီမံကိန်းအတွက် တည်ဆောက်မှု ဖွင့်ပွဲကို ဒီဇင်ဘာလ ၂ဝဝ၉  ခုနှစ်တွင် စတင်ခဲ့သည်။ လျှပ်စစ် (၁) ဝန်ကြီးက ရှစ်နှစ်အတွင်း အပြီး ဆောက်လုပ်သွားမည်ဟု ပြောသည်။

ဦးဇော်မင်းက ဧရာဝတီမြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အသေးစိတ် လေ့လာမှုကို လုပ်ခဲ့ကြောင်းနှင့် စူးစမ်း လေ့လာမှုကို ရှစ်လ၊ တနှစ်ခန့် Biodiversity and Nature Conservation Association (BANCA) က
ပြုလုပ်ရန်အတွက် ငှားရမ်းကာ အမေရိကန်ဒေါ်လာ ၁.၂၅ သန်း ပေးခဲ့ရသည်ဟု ပါရှိသည်။ ဝန်ကြီးကိုယ်တိုင်
"လျှပ်စစ် ဝန်ထမ်းတဦး" ဟု အမည်ခံ ရေးသားထားသော သြဂုတ်လ ၉  ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတွင် BANCA အပါအဝင် အဖွဲ့ပေါင်း ၂၆၀ ပါဝင်သော စူးစမ်းလေ့လာမှုကို ၂ဝဝ၉  ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများက ထောက်ပြသော တရုတ်နိုင်ငံကိုသာ အကျိုးရှိစေမည် ဆိုခြင်းကိုလည်း ချေပ
ပြောဆိုရာတွင် "ကျနော်တို့နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာကိုယ် လုပ်မှာပေါ့။ ဒါနံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ်လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူက သုံးမှာလဲ။ ကျနော်တို့နိုင်ငံမှာ အခု မဂ္ဂါဝပ် ၁,၅ဝဝ
ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် Market ရဲ့ သဘောအရ
ရောင်းစားရမှာပေါ့။" ဟု ဆိုသည်။

အင်တာနက်တွင် ပြန့်နေသော BANCA ၏ သဘာဝတ်ဝန်းကျင် စူးစမ်းလေ့လာမှု အစီအရင်ခံစာကိုလည်း အစိုးရက ကုန်သွယ်မှု လျို့ဝှက်ချက်အဖြစ် လျို့ဝှက်ထားသော်လည်း ပေါက်ကြားသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
zawmin
မြစ်ဆုံ စီမံကိန်းကို နောက်မဆုတ်တမ်း ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်းနှင့် ရှစ်နှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)

ဦးဇော်မင်းက "ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ" ခေါင်းစဉ်ဖြင့် မြစ်ဆုံ စီမံကိန်း အပါအဝင် ဧရာဝတီ
မြစ်ပေါ်မှ ရေကာတာ စီမံကိန်းများ၏ ကောင်းကျိုးကို ညွှန်းဆို ရေးသားထားရာတွင် ၁၅ နှစ်အတွင်း တည်ဆောက်
မည့် စီမံကိန်းများကြောင့် စက်တပ်ဆင်အင်အား ၁၈,၄ဝဝ မဂ္ဂါဝပ်ခန့် ရှိမှာဖြစ်ပြီး မြစ်ကြီးနားမြို့ကို မြစ်ရေလျှံခြင်း
သည် ငါးနှစ်တကြိမ်ဖြစ်နိုင်ချေမှ အနှစ် ၂၀ လျှင် တကြိမ်သာ ဖြစ်နိုင်ချေ ရှိတော့မည်ဟု ဆိုသည်။

ထို့အပြင် ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်သော တမံအလျားပေ ၄,၃ဝဝ ပေနှင့် တမံ
အမြင့် ၄၅၈ ပေရှိ မြစ်ဆုံစီမံကိန်းတွင် ကျရောက်သော ကျေးရွာငါးခုမှ လူဦးရေ ၂,၁၄၆ ဦးကို ပေ ၈ဝx၆ဝ မှသည်
ပေ ၁ဝဝ x ၁၂ဝ အကျယ်ရှိ မြေကွက်များဖြင့် ပြန်လည် နေရာချထားရေး ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။

မြစ်ဆုံရေကာတာမှ ရေထိန်းပေးမှုကြောင့် မိုးရာသီတွင် ပုံမှန်မြစ်ရေထုစီးနှုန်းထက် ၃.၅ ရာခိုင်နှုန်း လျော့နည်းမှာ
ဖြစ်ပြီး နွေရာသီတွင် (နိုဝင်ဘာလမှ ဧပြီလအထိ) ပုံမှန်မြစ်ရေထက် ၁၆ ရာခိုင်နှုန်းတိုးလာကာ ဧရာဝတီမြစ်ကြောင်း တလျောက် မြစ်ရေ ၁.၅ ပေခန့် ပိုမိုမြင့်တက်လာမည်ဟု ဆိုသည်။

သတင်းစာပါ ဆောင်းပါးကို ဝေဖန်မှုများဖြင့် တုံ့ပြန်ကြခြင်းနှင့် ပတ်သက်၍ "ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက် တတ်လို့လဲ။ ဒီကောင်က ဘာအဆင့် ရှိလို့လဲဆိုတော့ ကျနော်မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ် ပြောလိုက်၊ ငါရေးတယ် မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲ ရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုရင် မကောင်းဘူး ဖြစ်သွားမယ်။ အမှန်ကတော့ ကျနော်ပဲရေးလိုက်တာ" ဟု ပြောသည်။

တဘက်တွင်လည်း မြစ်ဆုံဆည် တည်ဆောက်မှုနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေပြီး ယခုလ ၁၀ ရက်နေ့က စာရေးဆရာများဖြစ်သည့် ကိုတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောက်ရွက်သူ ဦးဇော်မြင့်၊ မိုးလေဝသပညာရှင် ဦးထွန်းလွင်တို့မှလည်း "Save the Irrawaddy" ခေါင်းစဉ်ဖြင့် ဧရာဝတီမြစ် ထိန်းသိမ်းရေး ဟောပြောပွဲတခု ပြုလုပ်ခဲ့သေးသည်။

မြစ်ဆုံဆည် တည်ဆောက်မှုနှင့်ပတ်သက်၍ ဦးထွန်းလွင်က "ကျနော် အသက်လည်း ကြီးပြီ။ ကြောက်လည်း
ကြောက်ပါတယ်။ ဒါကြောင့် တခွန်းတည်းပဲပြောမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်ခြင်းကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်" ဟု ဟောပြောပွဲတွင် ထည့်သွင်း ပြောသွားသည်။

ယင်းအပြင် အာရှတွင် အရှည်ဆုံးဖြစ်သည့် တရုတ်နိုင်ငံရှိ ယန်စီမြစ်သည် တိမ်ကော ပျက်စီးနေပြီး ပျောက်ကွယ်
တော့မည့် အရေးနှင့် ရင်ဆိုင်နေရကာ၊ နောင်တွင် ဧရာဝတီပါ အပါအဝင် ဖြစ်လာတော့မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောသွားသည်။

တရုတ်နိုင်ငံအတွင်း ဆည်များတည်ဆောက်မှုကို ကန့်ကွက်မှုများ ရှိနေခြင်းကြောင့်လည်း မြန်မာနိုင်ငံတွင် လာရောက် ဆောက်လုပ်ခြင်းဖြစ်ကြောင်းလည်း ဦးထွန်းလွင်က ဆိုခဲ့သည်။

"ကိုယ့်နေရာမှာ လုပ်တာတွေအတွက် ကန့်ကွက်မှုတွေရှိလာတော့ ကံဆိုးစွာ ကျနော်တို့ နိုင်ငံကို ရောက်လာတာပါပဲ" ဟု ဦးထွန်းလွင်မှ "Save the Irrawaddy" ဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။

ဒုက္ခနှင့်ကျမ

ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ စကားကို စိတ်ထဲ မှတ်မှတ်ထင်ထင် ရှိရတဲ့နေ့က ကျမ ချော်လဲတဲ့နေ့ပါပဲ။ ဒုက္ခသည် စခန်းမှာ မိုးမပြတ်ပါဘူး။ ရိက္ခာမီးသွေး ထုတ်ရာကအပြန် တောင်ကုန်းအဆင်းက ရေညှိကို နင်းမိရာက လဲကျတာ
လေ။

ထမင်းချက်ရာမှာ အသုံးပြုရတဲ့ ဒီမီးသွေးကို မြင်တော့ ငါ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုကို အရင်းအနှီးပြုပြီး ချက်နေရ တာလို့ ခံစားမိတယ်။ ညာဘက်လက်ကောက်ဝတ် နေရာမှာ နာကျင်ပြီး လက်တခုလုံး ယောင်လာတယ်။ အရေးပေါ် ဓါတ်မှန်ရိုက်ဖို့ ဒုက္ခသည်စခန်းမှာ မဖြစ်နိုင်ပါဘူး။

ဒုက္ခသည်တွေ အားထားရာ AMI ဆေးရုံလေးဆီကို ကျမအားကိုးတကြီး ကျမသွားရတယ်။ ဆေးရုံသွားရာမှာ လူနာ
က ကိုယ့်အားကိုယ်ကိုးပဲ။ မိနစ်နှစ်ဆယ်ကြာ ခြေလျင် လျှောက်သွားရတယ်။ မိုးရေတွေကြားမှာ ဒုက္ခသည် စခန်းလေးက ကျမလို အားငယ်နေပုံရတယ်။

တခြားဆေးရုံတွေမှာလို ဆေးဝါးကိရိယာ မပြည့်စုံပေမယ့် အဲဒီဆေးရုံတွေက မရတဲ့ ကြင်နာမှုတွေကို AMI ဆေးရုံ
လေးမှာ ကျမခံစားရတယ်။ ကရင်လူမျိုးဆရာ၊ ဆရာမ ဆေးရုံဝန်ထမ်းတွေက ကျမကို နွေးနွေးထွေးထွေး ကြိုဆို
တယ်။

အုန်းဖန်မြို့လေးကနေ လာရတဲ့ ဆရာဝန်မ အလာနဲ့ ကျမရောက်တဲ့ အချိန်က အတိအကျ ချိန်းဆိုထားသလိုပါပဲ။ ဆရာဝန်မကိုမြင်တော့ ဆေးရုံတခုလုံးက လူနာတွေနဲ့အတူ ကျမပါ အားရှိသွားတယ်။ ဆရာဝန်မက ကျမ ညာဘက် လက်ကို ပြန်ဖြောင့်ပေးဖို့ ဆေးရုံက တာဝန်ရှိသူတွေကို ညွှန်ကြားပါတယ်။

ယောက်ျားအားနဲ့ ခပ်သာသာ ဆွဲလိုက်တဲ့ အချိန်မှာ ဖြစ်ခါစထက်တော့ လက်က ကြည့်ကောင်းသွားတယ်။ ပတ်တီး စီးပေးပြီး ကျမကို နောက်နေ့ရက် ချိန်းပေးလိုက်ပါတယ်။ ဒုတိယနေ့မှာ လက်အယောင် မကျဘူး။ ဆေးရုံကိုသွား
တော့ ဆရာဝန် မရှိလို့ သည်းခံစောင့်ပါတဲ့။

တတိယမြောက်နေ့ ဆရာဝန်မ ရောက်လာတဲ့အချိန်မှာ ကျမလက်ကိုကြည့်ပြီး အုန်းဖန် ဆေးရုံကိုသွားဖို့ အတည်ပြု
ပေးတယ်။ အုန်းဖန်ဆေးရုံကို သွားတဲ့အခါ AMI ဆေးရုံကားနဲ့ သွားရပါတယ်။ ဒုက္ခသည် ကျမတို့ အတွက် စခန်းအတွင်းက ထွက်ခွာခွင့် လက်မှတ် အထူးတင်စရာ မလိုတော့ဘူး။ ဆေးရုံ လူနာစာရင်းနဲ့ သွားခွင့်ရတယ်။

လိုအပ်တဲ့ ပစ္စည်းထုတ်လေးနဲ့ ကျမတို့ရင်ထဲ စိုးရိမ်စိတ် အပြည့်ထည့် သွားခဲ့ကြတယ်။ လအတန်ကြာ မပြတ်တမ်း ရွာသွန်းနေတဲ့မိုးကြောင့် လမ်းတွေ ပျက်ကုန်တယ်။ ကျမညာဘက်လက်ကို ပုဆိုးနဲ့ သိုင်းလွယ်ပြီး ဘယ်ဘက်လက်နဲ့
ခေါင်းပေါ်က ကားအပိုးတန်းကို ကိုင်လိုက်ရတယ်။

ချိုင့်တွေ ကွေ့ပတ်ရှောင်တိမ်း မောင်းနေပေမယ့် ရှောင်စရာ မရှိတဲ့အခါ ချိုင့်ထဲကပဲ ကားပိုမောင်းရတယ်။ ကျမ လက်တွေ အပြင် ကျမရင်ထဲက ကလီဇာတွေကိုပါ ခိုင်မခိုင် နို့ဖို့မဲဆောက် ကားလမ်းက စမ်းသပ်နေပုံ ရတယ်။

အုန်းဖန်မြို့ ဝင်ခါနီး အစိမ်းနဲ့ အဝါ ရောထားတဲ့ ပြောင်းခင်းတွေကို တမျှော်တခေါ် မြင်ရပြီ။ တောင်တန်းတွေကြား
မှာ အစိမ်းအဝါ ဆေးစက်တွေ ကြဲပက်ထားတဲ့ ပန်းချီကားတချပ်လို လှပနေတဲ့ သဘာဝရှုခင်းကို ဝေဒနာကြားက
ကျမ ခံစားမိသေးတယ်။

အုန်းဖန်မြို့လေးက မြန်မာပြည်က ပြင်ဦးလွင်မြို့လေးနဲ့ သိပ်တူပါတယ်။ ကျမတို့ ဒုက္ခသည်စခန်းက လာသူတွေ အတွက် အဆောင်မှာ နေရတယ်။ ဆေးရုံနဲ့ ငါးမိနစ်ပဲ ဝေးတဲ့အဆောင်က ခြံကျယ်ကျယ် နှစ်ထပ်အိမ်ကြီးပါ။ ခြံဝန်းထဲမှာ နှစ်ရှည်သီးပင်တွေ အများကြီး စိုက်ထားပါတယ်။ ကျွန်းပင် အလုံးလိုက်ကို အိမ်တိုင် လုပ်ထားတဲ့ အိမ်ကြီးရဲ့ ကြမ်းခင်းတွေ နံရံတွေက ပျဉ်းကတိုးတွေ သစ်သားကြမ်းခင်းရဲ့ အထိတွေ့က သက်တောင့် သက်သာ ရှိလိုက်တာ။

ဒုက္ခသည် စခန်းထဲက ကျမတို့ တဲအိမ်လေးတွေနဲ့များ သပ်သပ်စီပဲ။ တဲအိမ်ဝါးကြမ်းခင်းတွေက စန္ဒရား ခလုပ်လိုပဲ။ နင်းမိရင် အသံစုံ ထွက်တတ်တယ်။ တဲအိမ်ထဲ ဝင်မယ်ဆိုရင် ခေါင်းငုံ့ ဝင်ရတယ်။လေးစားရို့ကျိုးတဲ့ နေရာလို့ ကြံဖန် တွေးမိရသေးတယ်။ ကျမတည်းခိုရတဲ့ အဆောင်က ထမင်းကျွေးပါတယ်။

ထမင်းစားဖို့ ကရင်လို "အော့မေ" လို့ ပြောလိုက်ရင် လူနာစောင့်တွေ၊ လူနာတွေ ထမင်းစားခန်းထဲ သွားရတယ်။ မနက်စောစောဆို ကြက်ဥပြုတ် နှစ်ယောက်စာ သုံးလုံး၊ နေ့လည်စာ အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်ဥ
ရောကြော် ထားတဲ့ဟင်း၊ ညနေစာ အတွက်ဆို ကြက်သား နုတ်နုတ်စင်းထားပြီး ခရမ်းသီး ကျောက်ဖရုံသီး
ရောချက်ထားတဲ့ဟင်း။ ထမင်းကတော့ လိုသလောက်ရတယ်။ ဟင်းကတော့ ဝေပုံကျပဲ။ ပူပူနွေးနွေးဆိုတော့ စားလို့ ကောင်းတယ်။

အဝေရာပင်က အရွက်နုလေးတွေ ခူးပြီး အစိမ်းတို့စားတော့လဲ ထမင်းမြိန်တာပဲ။ မနက်၈နာရီဆို နို့ဖိုး၊ အုန်းပြန့် ဒုက္ခသည်စခန်းက လူနာတွေကို AMI က ကားနဲ့လာကြိုပြီး အုန်းဖန် ဆေးရုံကို လိုက်ပို့ပေးတယ်။ အုန်းဖန်ဆေးရုံမှာ ကျမတို့ လူနာတွေအတွက် စကားပြန် ဆောင်ရွက်ပေးမယ့် ဝန်ထမ်းတယောက် ပါပါတယ်။ အဲဒီဝန်ထမ်းက ထိုင်းစကား၊ ကရင်စကား၊ ဗမာစကား ဘာသာစကား သုံးမျိုး တတ်သူပါ။

အုန်းဖန်ဆေးရုံက ကျယ်ဝန်းသပ်ရပ်ပါတယ်။ သိပ်ကိုသန့်ရှင်းတယ်။ အနံ့အသက်မရှိဘူး။ ဆေးရုံအဝင်မှာ ထိုင်းဘုရင့် သားတော် မိသားစု ဓါတ်ပုံက ကျမတို့ကို ဆီးကြိုနေပါတယ်။ ဆရာဝန် ဆရာမတွေရဲ့ ယူနီဖောင်းတွေကလဲ သပ်ရပ်ကြတယ်။ သူနာပြုဆရာမတွေက အဖြူရောင် အင်္ဂျီာ၊ မီနီစကတ် ဝတ်ပြီး အဖြူအနက်အကြား ခေါင်းဆောင်း
လေးတွေနဲ့ပါ။

မွေးလူနာဆောင်မှာ တာဝန်ကျသူတွေက အဝါရောင်ကုတ် အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်ထားတယ်။ လမ်းလျှောက်ပုံ
က အစ အားလုံးက တင့်တင့်တယ်တယ် ထယ်ထယ်ဝါဝါနဲ့ ကြည့်လို့ ကောင်းလှပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ မျက်နှာကိုယ်စီနဲ့ပါ။

ဒုက္ခသည်စခန်းက လာသူ ကျမလို လူနာတွေ အတွက် ဝန်ထမ်းက စာရွက်စာတမ်း ပေးလိုက်ယုံပဲ။ ထိုင်းလူမျိုးတွေ၊
ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အတွက် လူနာမှတ်ပုံတင်တဲ့ နေရာရှိတယ်။ ဘတ်ငွေ နှစ်ဆယ် ပေးလိုက်ရင်
ချက်ချင်း မှတ်ပုံတင်၊ လူနာစာရင်း သွင်းပေးတယ်။ အကြာကြီး စောင့်စရာမလိုဘူး။

ပလပ်စတစ် လောင်းပြီးသား မှတ်ပုံတင် ကဒ်ပြားကို ကိုင်ဆောင်ထားတဲ့ လူနာဟာ အချိန်မရွေး အခမဲ့ ဆေးကုသ
ခွင့် ရသွားပြီ။ ကျမတို့လို ဒုက္ခသည် လူနာတွေ အတွက်တော့ AMI က ဆေးဖိုးအားလုံး ရှင်းပေးရတယ်။ ညနေဆို အုန်းပြန့်၊ နို့ဖိုးဒုက္ခသည်စခန်းက လူနာသစ်တွေ ရောက်လာကြပြီ။

မနက်ရှစ်နာရီ ဆိုရင်တော့ အုန်းဖန် ဆေးရုံမှာ ကုသလို့မရတဲ့ လူနာတွေ မဲဆောက်ဆေးရုံကို သွားဖို့နဲ့ အုန်းပြန့်ကို
ပြန်မယ့် ဒုက္ခသည် လူနာတွေကို လာကြိုပြီ။ နို့ဖိုး ဒုက္ခသည်စခန်းကို ဝေဒနာ သက်သာတဲ့ လူနာတွေပြန်ဖို့ ကား
နှစ်စီး တပြိုင်နက် ရောက်လာကြတယ်။

ဆေးရုံအဆောင်မှာ ခင်မင်ရင်းနှီးသွားတဲ့ ဒုက္ခသည် လူနာအချင်းချင်း အပြန်အလှန် အားပေး နှုတ်ဆက်သံတွေနဲ့ အဆောင်ခြံဝင်းတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေတတ်တယ်။ နေ့လည်နေ့ခင်းမှာတော့ အဆောင်တခုလုံး တိတ်ဆိတ်
နေပါတယ်။ လူနာအချင်းချင်း ဘဝအမြင်ချင်း ဖလှယ်ကြတဲ့ အသံပဲ ရှိပါတယ်။

ကျမစိတ်ထဲ မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ လူနာနှစ်ဦး ရှိပါတယ်။ တဦးက ခြောက်လသားအရွယ် ခေါင်းမှာ ရေအိတ် တည်နေတဲ့ လူနာကလေးပါ။ ကလေးကကြီးမားတဲ့ ဦးခေါင်းကို မထိန်းနိုင်တော့ ပက်လက်လှန် ထားရတယ်။

နှစ်နာရီခြား တခါ နာနာကျင်ကျင် ငိုကြွေးနေတဲ့ ကလေးကို ကြည့်ပြီး ကျမခံစားနေရတဲ့ ဝေဒနာကို မေ့သွားတယ်။ သူ့မိခင်က အသက်နှစ်ဆယ်အရွယ် ကလေးသုံးယောက် မိခင်ပါ။ ဆယ့်လေးနှစ်သမီးမှာ အိမ်ထောင် ကျခဲ့တယ်တဲ့။

မိခင်နို့ မလုံလောက်တော့ သကြားကို ရေနဲ့ ဖျော်ပြီး ကလေးကို တိုက်ရတယ်။ မိခင်နို့ မလုံလောက်ရှာဘူး။ အာဟာရ ချို့တဲ့နေတဲ့မိခင် နို့မထွက်တာလဲ အပြစ်မရှိပါဘူး။ ဝါကျင်နေတဲ့ ရေသန့်ဘူးဟောင်းထဲက နောက်ကျိနေတဲ့ ရေနဲ့ ကလေးကို သကြားရည် ဖျော်တိုက်တော့ ကျမတို့မှာ ရင်ဘတ်စည်တီးပါပဲ။

ဘဝအသိ၊ ပညာအသိ ဘာမှမရှိရှာပေမယ့် မိခင်စိတ်ကတော့ ပြည့်စုံရှာတယ်။ သားငယ်ကို တယုတယ ပိုက်ထွေးပြီး မအိပ်မနေ ပြုစုရှာတယ်။ သားငယ်ကို ချစ်ခင်ယုယစွာ တရှုံ့ရှုံ့နမ်းနေတဲ့ သူတို့သားအမိကို ကံကြမ္မာက ဘယ်အတိုင်း အတာ အထိ မျက်နှာသာပေးမလဲဆိုတာ ကျမ သိချင်လိုက်တာ။

နောက်တဦးကတော့ အုန်းပြန့် ဒုက္ခသည်စခန်းက မြေးအဘိုး နှစ်ယောက်ပါပဲ။ ကျမရောက်ပြီး သုံးရက်မြောက်နေ့မှာ သူတို့ မြေးအဘိုး ရောက်လာပါတယ်။ မြေးလူမမာကို စောင့်ရှောက်မယ့် အဘိုးက မျက်စိမမြင်ပါဘူး။ အဘိုးကို လူမမာမြေးမလေးက တွဲခေါ်လာရတယ်။ မိဘမဲ့ မြေးလေးကို စောင့်ရှောက်တဲ့ အဘိုးအတွက် ကျန်သူတွေက စုတ်တသပ်သပ်ပါ။

ဘဝတွေ အမျိုးမျိုး ရှိတယ်တဲ့။ ဘဝအလွဲတွေကြား ဒီလိုပဲ ဖြတ်သန်းနေရဦးမယ်။ ခြောက်ရက်မြောက်နေ့မှာ ညာဘက် လက်ကောက်ဝတ် အရိုးအက်သွားတဲ့ ကျမလက်ကို ကျောက်ပတ်တီးကိုင်ပြီး နို့ဖိုး ဒုက္ခသည်စခန်းကို ပြန်ခဲ့ပါတယ်။

မျက်မမြင် အဘိုးက ကျမကို နှုတ်ဆက်စကား ဆိုပါတယ်။ "သံသရာ ဝဋ်ဒုက္ခက အမြန်ဆုံး လွတ်မြောက်ပါစေ" တဲ့။ ကျမနဲ့ အတူ လေးဆယ့်ခြောက်နှစ်လုံးလုံး ဘဝအချိုအခါးကို အတူရင်ဆိုင်ခဲ့တဲ့ ညာဘက်လက်၊ အကျဉ်းကျ မိသားစုဝင် အဖြစ်၊ ဒုက္ခသည် အဖြစ် ဘဝကို ဖြတ်သန်းရာမှာ လောကဓံကို ရဲရဲရင်ဆိုင်နိုင်ခဲ့တာ သတ္တိဆိုရင် ဒီသတ္တိကိုကျမ ညာဘက်လက် ကလေးက ပေးခဲ့တာ။ ဒုက္ခကလူကို လိုအပ်ပေမယ့် လူကဒုက္ခကို မလိုအပ်ပါဘူး။



 

မြန်မာအစိုးရသစ်ပြောင်းလဲမူရှိမရှိအမေရိကန်အစိုးရစောင့်ကြည်နေကြောင်း

သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်အနေနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအ၀င် ဒီမိုကရေစီနှင့် လျော်ညီပြီး ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းရှိ၊ မရှိကို အမေရိကန် ပြည်ထောင်စုက စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ညှိနှိုင်းရေးမှူး Mr. Derek Mitchell က အစိုးရ တာဝန်ရှိသူများကို ပြောဆိုလိုက်သည်ဟု သတင်းရရှိသည်။

Phyu_Phyu_Thing_Derek_Mitchell
NLD က စောင့်ရှောက်ထားသော HIV/ AIDS ဂေဟာသို့ Mr. Derek Mitchell သွားရောက်ပြီး မဖြူဖြူသင်းနှင့် စကားပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“အမေရိကန်အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြန်မာအစိုးရက လုပ်၊ မလုပ် စောင့်ကြည့်နေတယ် ဆိုတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေကို ပြောဆိုခဲ့တဲ့ အကြောင်း Mr. Derek Mitchell က ကျမကို ပြောပြတယ်။ လက်ရှိ အစိုးရက အရင်အစိုးရနဲ့ မတူတာတွေ ရှိနေတယ်လို့လည်း သူက ပြောတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာမှ တာဝန်ရှိသူ မဖြူဖြူသင်းက ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် ရောက်ရှိလာသော Mr. Derek Mitchell က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် မြန်မာခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အထက်ပါအတိုင်း ပြောခဲ့ကြောင်း မဖြူဖြူသင်းနှင့်တွေ့ဆုံစဉ် ပြန်လည် ပြောပြသည်ဟု သိရသည်။

မြန်မာအစိုးရက လက်တွေ့တွင် တိုင်းပြည်အခြေအနေ ဆိုးရွားနေသည်ကို လက်ခံထားပြီး အစိုးရတရပ်တည်း အနေနှင့် တိုင်းပြည်၏ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း၊ အားလုံး စုပေါင်းဖြေရှင်းမှသာ ပြဿနာများပြေလည်မည်ဟု နားလည် ကြောင်း အစိုးရခေါင်းဆောင်များက အမေရိကန်ကိုယ်စားလှယ်ကို ပြန်လည်ရှင်းလင်း ပြောဆိုခဲ့သည်ဟု မဖြူဖြူသင်းက ဆိုသည်။

မဖြူဖြူသင်းက လူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေအနေများ၊ မြန်မာနိုင်ငံတွင်း HIV/ AIDS ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား တချို့၏ ခုခံအား ကျဆင်းမှု ရောဂါကူးစက် ခံနေရမှု အခြေအနေများကို အမေရိကန် အထူးကိုယ်စားလှယ်ကို ရှင်းလင်းဆွေးနွေး ခဲ့သည်ဟု သိရှိရသည်။

Mr. Derek Mitchell သည် တောင်ဒဂုံရှိ NLD က စောင့်ရှောက်ထားသော HIV/ AIDS ဂေဟာသို့ စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းတွင် သွားရောက်လည်ပတ်ခဲ့ပြီး လူနာများနှင့် ရောဂါ ကူးစက်ခံနေရသော ကလေးငယ်များကို အားပေးစကား ပြောဆိုခဲ့သည်။

အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell သည် ယင်းနေ့ မနက်ပိုင်းတွင်ပင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ
နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီး နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ် လေ့လာခဲ့သည်ဟု သိရသည်။

“သူက နာရေးကူညီမှုအသင်းက အခမဲ့ ဈာပနအတွက် ထားတဲ့ အခေါင်းတွေအထိ သွားပြီးကြည့်တယ်။ ဘယ်လိုတွေ လုပ်နေသလဲ ဆိုတာ စိတ်ဝင်တစားမေးတယ်။ သူ့မျက်နှာမှာတော့ စိတ်မကောင်းတာတွေ၊ သူမြင်နေတဲ့ အခြေအနေတွေကို မယုံကြည်နိုင်တဲ့ အမူအရာမျိုးတွေ တွေ့ရတယ်” ဟု နာရေးကူညီမှုအသင်းသို့ သွားရောက် သတင်းယူခဲ့ သည့် သတင်းထောက်တဦးက ပြောသည်။

Mr. Derek Mitchell သည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်တွင် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့်လည်း ထိုနေ့တွင်ပင် တွေ့ဆုံမည်ဟု သိရှိရသည်။

စစ်ရန်နိုင်သိတဲ့ဧရာဝတီအကြောင်း

ဧရာဝတီမြစ်ဆိုတာဘာလဲ.....မြန်မာနိုင်ငံရဲ့အကျယ်အဝန်းဧရိယာ ၂၆၁၂၂၇ စတုရန်းမိုင်းမှာ   ဧရာဝတီမြစ်ရဲ့                                                    အလျားက ၁၃၄၈မိုင်အထိရှိပြီး မြစ်အစအဆုံးမြန်မာနိုင်ငံအတွင်းမှာတည်ရှိပါ                                                    တယ်..ဧရာဝတီမြစ်ဝှမ်းဒေသဟာ၁၅၉၇၃၅  စတုရန်းမိုင်ရှိပြီး ကချင်ပြည်နယ်      စစ်ကိုင်းတိုင်း-မန္တလေးတိုင်း-မကွေးတိုင်း- ပဲခူးတိုင်း-ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းစတဲ့မြစ်ဝှမ်းဒေသတွေမှာ မြန်
မာနိုငိငံရဲ့ လူဦးရေ ၅၄ ရာခိုင်နူန်းနေထိုင်ပြီး  မြို့ကြီး..မြို့ငယ်ပေါင်း  ( ၇၀ )ကျော်တည်ရှိပါတယ်။                  မြစ်သေ မြစ်ကောဆိုတာ  ဘာလဲ........ပင်လယ်သမုဒ္ဒရာတွေဆီကိုရောက်အောင်မစီးဆင်းနိုင်တော့တဲ့                                                                                       မြစ်ကြီးတွေကိုတော့မြစ်ကောတယ်  မြစ်သေဆုံးတယ်                                                                                     လို့သတ်မှတ်ကြတယ်။အဲဒီလို့မြစ်တစ်စင်းသေဆုံးပြီးဆို
ရင်မြစ်ကိုအမှီပြုနေထိုင်ကြတဲ့ပြည်သူတွေရဲ့ဘဝရပ်တည်မူတွေလည်းပျက်စီးကြရတာဘဲ့။ သဘာဝကြောင့်ဘဲ့ဖြစ်စေ..လူတွေရဲ့ဖန်တီးမုကြောင့်ဖြစ်စေ  လူသမိုင်းတစ်လျှောက်မှာသေဆုံးခဲ့ရတဲ့မြစ်ပေါင်းများစွာရှိခဲ့ပါတယ်။အဲဒီလို့မြစ်ကြီးတွေသေဆုံကြရပါတယ်   မြစ်မဟာဧရာဝတီအခြေအနေ(မြစ်ဆုံစီမံကိန်း).......ယနေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဧရာဝတီမြစ်ကြီးဟာ                                                                                    ပင်လယ်ဆီမရောက်နိုင်တော့တဲ့ဘဝမိုးနဲ့သေဆုံး
                                                                                  ရတောမဲ့အခြေအနေကိုရောက်ရှိခဲ့ပါပြီး။ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့အာဏာရှင်တွေနဲ့ကိုယ်ကိုးစီပွားဖက်နေသူတွေကြောင့်အက်ငွေ့ငွေ့ကျန်တော့တဲ့ဧရာဝတီဖြစ်နေပါပြီး။အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့မြစ်ဆုံဒေသမှာ   တရုတ်နိုင်ငံကောင်းကိုးအတွက်ခေါင်းထိုးသယ်ပိုးပေးရမဲ့.မြစ်ဆုံရေကာတာစီမံကိန်းကြီးကို အစိုးရအဖွဲအစည်းနဲ့(ဗိုလ်သိန်းစိန်အစိုးရသစ်)တရုတ်နိုင်ငံတို့ပူပေါင်းပြီးတည်ဆောက်နေလို့ဘဲ့ဖြစ်ပါတယ်         ကချင်ဒေသက  မေခ+မေလိခမြစ်ဆုံဒေသမှာတရုတ်အစိုးပိုင်ကုမ္ပဏီများကဆောက်လုပ်နေတဲ့ဒီမြစ်ဆုံစီမံကိန်းကြီြးု့ပီးသွားရင်တရုတ်နိုင်ငံယူနန်ပြည်နယ်ကြီးကိုလျှပ်စစ်ဓာတ်အားတွေအလုံအလောက်ရပြီးစီပွားရေးအတွက်ပိုမိုတိုးတက်..မြန်မာစစ်ဗိုလ်တွေရဲ့အလိုတော်ရိစီးပွားရေးသမားတွေအကိုးအမြတ်ဖြစ်ထွန်းပြီး  ဧရာဝတီမြစ်ကြီးကတော့ကွယ်လွန်သွားပြီးဖြစ်တဲ့မြစ်ကြီးများစာရင်းထဲ့နောက်တိုးဝင်ရောက်...မြန်မာပြည်သူတွေကတော့လက်ရှိဆင်းရဲနွမ်းပါးမူထက်အဆပေါင်းများစွာနိမ့်ကျပြီးဆင်းရဲပျက်စီးကျပါတော့မယ်...   သိန်စိန်အစိုးရ၏မြစ်ဆုံစီမံကိန်းရည်ရွယ်ချက်..........၁...မြစ်ဆုံဒေသမှထွက်ရှိတဲ့လျှပ်စစ်ဓာတ်အားကိုတရုတ်နိုင်ငံသို                                                                                      (၉၉  %  )တင်ပိုပြီး ဒေသအတွင်း ( ၁ %  )သုံးစွဲမည် 
                                                                               ၂...ဆည်မှထွက်ရှိသောအကိုးအမြတ်အားတရုတ်နိုင်ငွမှ (၇၀%) မြန်မာနိုင်ငံမှ (၂၀%) ခွဲဝေယူပြီးကျန် (၁၀%)ကိုကြားပွဲစားသို့ပေးရမည်။                                     
 မြစ်ဆုံရေကာတာ၏အကိုးဆက်များ..........မြစ်ဆုံရေကာတာကြီးပြီးစီးသွားရင်နောင်ဖြစ်ပေါ်လာမဲ့အကိုးဆက်တွေကိုနိုင်ငံတကာပညာရှင်တွေကအခလိုသွုးသပ်ပြထားပါတယ်
                                                                 ၁...မြန်မာနိုင်ငံ၏အကြီးမားဆုံးအကိုးအပြုဆုံးရေအရင်းအမြစ်ကြီးတစ်ခုလုံပျက်စီးပျောက်ဆုံးသွားမည်။    
၂..မြစ်ဆုံ၏အလှတရားပျက်စီးသွားမည်။        
၃..မြစ်ဆုံဒေသများဖြစ်သောကချင်လူမိုးတို့၏ယျဉ်ကျေးမူနှင့်လူမူရေးစီးပွားရေးတစ်ခုလုံးထိခိုက်မည်။
၎..စိုက်ပိုးမြေသစ်တောနှင့်အခြားသယံဇာတများထုတ်လုပ်နိုင်သောမြေဧရိယာ၁၀၀၀၀၀ ဧက ထာဝရ
          ရေနစ်မြုပ်သွားမည်
၅...မိုးသုဉ်လုရှားပါးတီရီစ္ဆာများနှင့်အပင်အမိုးပေါင်းများစွာပျောက်ကွယ်သွားမည်။  
၆..မြစ်ဆုံရေကာတာကြီးသည် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောပေါ်တွင်တည်ရှိနေသောကြောင့်ငလျင်ကြီးမှားဖြစ်ပေါ်လာနိုင်ပြီး ငလျင်လူပ်ခြင်းကြောင့်လည်းကောင်းမိုးကြီးခြင်းကြောင့်လည်းကောင်းဆည်တာတမံများကိုးပေါက်ပါကအနီးဆုံးမြစ်ကြီးနားမြို့အပါအဝင်ဒေသတစ်ခုလုံးအချိန်တိုအတွင်းရေအောက်နစ်မြုပ်သွားနိုင်သည်
၇..မြစ်ရိုးတစ်လျှောက်သောင်းထွန်းမုပိုမိုဖြစ်ပေါ်ခြင်းကြောင့်ရေကြောင်းပိုဆောင်ရေးနှင့်ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းသူများထိခိုက်ပျက်စီးမည်။
၈..မြစ်ရေထုဖိအားနည်းပါးခြင်းကြောင့်မြစ်ဝကျွန်းပေါ်ဒေသတွင်ရေငံဧရိယာပိုမိုကျယ်ပြန့်လာပြီးစပါးစိုက်ပိုးမြေများဆိုးရွားစွာထိခိုက်မည်။
၉...မြစ်ဆုံရေကာတာ၏အချက်အလက်......မြစ်ဆုံစီမံကိန်းမှ  နှစ်စဉ် ရေအားလျှပ်စစ်  ကီလိုဝပ် ၃  သန်း
       ၆သိန်းမှ ၆ သန်းအထိ  ထုတ်လုပ်မည်။  
       ရေကာတာ၏အရွယ်အစားမှာ  အလျား  ၅၀၀  ပေ  အမြင့် ၅၀၀ ပေ ရှိပြီး  အကျယ်အဝန်းမှာ  ၂၉၅.၈ စတုရန်းမိုင်ရှိသည်   ( အဆိုပါအကျယ်အဝန်းမှာ  ရန်ကုန်မြိုထက်ကြီးသည်  စင်ကာပူနိုင်ငံထက်ကျယ်သည်)
ဒီမြစ်ဆုံစီမံကိန်းကြီးရဲ့ဆိုးကိုးတွေကိုတက်သိနားလည်းတဲ့ပညာရှင်တွေက အတိအကျတွက်ပြပြီး စာမျက်နှာ ၉၀၀  ရှိတဲ့စာတမ်းတစ်စောင်ကိုတင်သွင်ချက်ကိုတာဝန်ရှိတဲ့မြစ်ဆုံတည်ဆောက်သူတွေကမသိယောင်ပြုနေကြပါတယ်ဒီလိုဆုံးရူံးမူတွေတနျင့်တပိုးကြီးကိုသိသိနဲ့အာဏာရှင်ကစိုးမိုးထားလိုခါိးူ့းတော့မည်ဆိုရင်  ကမ္ဘာ မှာမြန်မာဟေ့လိုကြွေးကြော်နေတဲ့ဧရာဝတီအတွက်ဒီတစ်သက်ကျွန်တော်တိုရှက်လိုဆုံးမယ်မထင်တော့ပါဘူး