ဧရာဝတီမြစ်ဆိုတာဘာလဲ.....မြန်မာနိုင်ငံရဲ့အကျယ်အဝန်းဧရိယာ ၂၆၁၂၂၇ စတုရန်းမိုင်းမှာ ဧရာဝတီမြစ်ရဲ့ အလျားက ၁၃၄၈မိုင်အထိရှိပြီး မြစ်အစအဆုံးမြန်မာနိုင်ငံအတွင်းမှာတည်ရှိပါ တယ်..ဧရာဝတီမြစ်ဝှမ်းဒေသဟာ၁၅၉၇၃၅ စတုရန်းမိုင်ရှိပြီး ကချင်ပြည်နယ် စစ်ကိုင်းတိုင်း-မန္တလေးတိုင်း-မကွေးတိုင်း- ပဲခူးတိုင်း-ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းစတဲ့မြစ်ဝှမ်းဒေသတွေမှာ မြန်
မာနိုငိငံရဲ့ လူဦးရေ ၅၄ ရာခိုင်နူန်းနေထိုင်ပြီး မြို့ကြီး..မြို့ငယ်ပေါင်း ( ၇၀ )ကျော်တည်ရှိပါတယ်။ မြစ်သေ မြစ်ကောဆိုတာ ဘာလဲ........ပင်လယ်သမုဒ္ဒရာတွေဆီကိုရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကိုတော့မြစ်ကောတယ် မြစ်သေဆုံးတယ် လို့သတ်မှတ်ကြတယ်။အဲဒီလို့မြစ်တစ်စင်းသေဆုံးပြီးဆို
ရင်မြစ်ကိုအမှီပြုနေထိုင်ကြတဲ့ပြည်သူတွေရဲ့ဘဝရပ်တည်မူတွေလည်းပျက်စီးကြရတာဘဲ့။ သဘာဝကြောင့်ဘဲ့ဖြစ်စေ..လူတွေရဲ့ဖန်တီးမုကြောင့်ဖြစ်စေ လူသမိုင်းတစ်လျှောက်မှာသေဆုံးခဲ့ရတဲ့မြစ်ပေါင်းများစွာရှိခဲ့ပါတယ်။အဲဒီလို့မြစ်ကြီးတွေသေဆုံကြရပါတယ် မြစ်မဟာဧရာဝတီအခြေအနေ(မြစ်ဆုံစီမံကိန်း).......ယနေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဧရာဝတီမြစ်ကြီးဟာ ပင်လယ်ဆီမရောက်နိုင်တော့တဲ့ဘဝမိုးနဲ့သေဆုံး
ရတောမဲ့အခြေအနေကိုရောက်ရှိခဲ့ပါပြီး။ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့အာဏာရှင်တွေနဲ့ကိုယ်ကိုးစီပွားဖက်နေသူတွေကြောင့်အက်ငွေ့ငွေ့ကျန်တော့တဲ့ဧရာဝတီဖြစ်နေပါပြီး။အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့မြစ်ဆုံဒေသမှာ တရုတ်နိုင်ငံကောင်းကိုးအတွက်ခေါင်းထိုးသယ်ပိုးပေးရမဲ့.မြစ်ဆုံရေကာတာစီမံကိန်းကြီးကို အစိုးရအဖွဲအစည်းနဲ့(ဗိုလ်သိန်းစိန်အစိုးရသစ်)တရုတ်နိုင်ငံတို့ပူပေါင်းပြီးတည်ဆောက်နေလို့ဘဲ့ဖြစ်ပါတယ် ကချင်ဒေသက မေခ+မေလိခမြစ်ဆုံဒေသမှာတရုတ်အစိုးပိုင်ကုမ္ပဏီများကဆောက်လုပ်နေတဲ့ဒီမြစ်ဆုံစီမံကိန်းကြီြးု့ပီးသွားရင်တရုတ်နိုင်ငံယူနန်ပြည်နယ်ကြီးကိုလျှပ်စစ်ဓာတ်အားတွေအလုံအလောက်ရပြီးစီပွားရေးအတွက်ပိုမိုတိုးတက်..မြန်မာစစ်ဗိုလ်တွေရဲ့အလိုတော်ရိစီးပွားရေးသမားတွေအကိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီးကတော့ကွယ်လွန်သွားပြီးဖြစ်တဲ့မြစ်ကြီးများစာရင်းထဲ့နောက်တိုးဝင်ရောက်...မြန်မာပြည်သူတွေကတော့လက်ရှိဆင်းရဲနွမ်းပါးမူထက်အဆပေါင်းများစွာနိမ့်ကျပြီးဆင်းရဲပျက်စီးကျပါတော့မယ်... သိန်စိန်အစိုးရ၏မြစ်ဆုံစီမံကိန်းရည်ရွယ်ချက်..........၁...မြစ်ဆုံဒေသမှထွက်ရှိတဲ့လျှပ်စစ်ဓာတ်အားကိုတရုတ်နိုင်ငံသို (၉၉ % )တင်ပိုပြီး ဒေသအတွင်း ( ၁ % )သုံးစွဲမည်
၂...ဆည်မှထွက်ရှိသောအကိုးအမြတ်အားတရုတ်နိုင်ငွမှ (၇၀%) မြန်မာနိုင်ငံမှ (၂၀%) ခွဲဝေယူပြီးကျန် (၁၀%)ကိုကြားပွဲစားသို့ပေးရမည်။
မြစ်ဆုံရေကာတာ၏အကိုးဆက်များ..........မြစ်ဆုံရေကာတာကြီးပြီးစီးသွားရင်နောင်ဖြစ်ပေါ်လာမဲ့အကိုးဆက်တွေကိုနိုင်ငံတကာပညာရှင်တွေကအခလိုသွုးသပ်ပြထားပါတယ်
၁...မြန်မာနိုင်ငံ၏အကြီးမားဆုံးအကိုးအပြုဆုံးရေအရင်းအမြစ်ကြီးတစ်ခုလုံပျက်စီးပျောက်ဆုံးသွားမည်။
၂..မြစ်ဆုံ၏အလှတရားပျက်စီးသွားမည်။
၃..မြစ်ဆုံဒေသများဖြစ်သောကချင်လူမိုးတို့၏ယျဉ်ကျေးမူနှင့်လူမူရေးစီးပွားရေးတစ်ခုလုံးထိခိုက်မည်။
၎..စိုက်ပိုးမြေသစ်တောနှင့်အခြားသယံဇာတများထုတ်လုပ်နိုင်သောမြေဧရိယာ၁၀၀၀၀၀ ဧက ထာဝရ
ရေနစ်မြုပ်သွားမည်
၅...မိုးသုဉ်လုရှားပါးတီရီစ္ဆာများနှင့်အပင်အမိုးပေါင်းများစွာပျောက်ကွယ်သွားမည်။
၆..မြစ်ဆုံရေကာတာကြီးသည် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောပေါ်တွင်တည်ရှိနေသောကြောင့်ငလျင်ကြီးမှားဖြစ်ပေါ်လာနိုင်ပြီး ငလျင်လူပ်ခြင်းကြောင့်လည်းကောင်းမိုးကြီးခြင်းကြောင့်လည်းကောင်းဆည်တာတမံများကိုးပေါက်ပါကအနီးဆုံးမြစ်ကြီးနားမြို့အပါအဝင်ဒေသတစ်ခုလုံးအချိန်တိုအတွင်းရေအောက်နစ်မြုပ်သွားနိုင်သည်
၇..မြစ်ရိုးတစ်လျှောက်သောင်းထွန်းမုပိုမိုဖြစ်ပေါ်ခြင်းကြောင့်ရေကြောင်းပိုဆောင်ရေးနှင့်ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းသူများထိခိုက်ပျက်စီးမည်။
၈..မြစ်ရေထုဖိအားနည်းပါးခြင်းကြောင့်မြစ်ဝကျွန်းပေါ်ဒေသတွင်ရေငံဧရိယာပိုမိုကျယ်ပြန့်လာပြီးစပါးစိုက်ပိုးမြေများဆိုးရွားစွာထိခိုက်မည်။
၉...မြစ်ဆုံရေကာတာ၏အချက်အလက်......မြစ်ဆုံစီမံကိန်းမှ နှစ်စဉ် ရေအားလျှပ်စစ် ကီလိုဝပ် ၃ သန်း
၆သိန်းမှ ၆ သန်းအထိ ထုတ်လုပ်မည်။
ရေကာတာ၏အရွယ်အစားမှာ အလျား ၅၀၀ ပေ အမြင့် ၅၀၀ ပေ ရှိပြီး အကျယ်အဝန်းမှာ ၂၉၅.၈ စတုရန်းမိုင်ရှိသည် ( အဆိုပါအကျယ်အဝန်းမှာ ရန်ကုန်မြိုထက်ကြီးသည် စင်ကာပူနိုင်ငံထက်ကျယ်သည်)
ဒီမြစ်ဆုံစီမံကိန်းကြီးရဲ့ဆိုးကိုးတွေကိုတက်သိနားလည်းတဲ့ပညာရှင်တွေက အတိအကျတွက်ပြပြီး စာမျက်နှာ ၉၀၀ ရှိတဲ့စာတမ်းတစ်စောင်ကိုတင်သွင်ချက်ကိုတာဝန်ရှိတဲ့မြစ်ဆုံတည်ဆောက်သူတွေကမသိယောင်ပြုနေကြပါတယ်ဒီလိုဆုံးရူံးမူတွေတနျင့်တပိုးကြီးကိုသိသိနဲ့အာဏာရှင်ကစိုးမိုးထားလိုခါိးူ့းတော့မည်ဆိုရင် ကမ္ဘာ မှာမြန်မာဟေ့လိုကြွေးကြော်နေတဲ့ဧရာဝတီအတွက်ဒီတစ်သက်ကျွန်တော်တိုရှက်လိုဆုံးမယ်မထင်တော့ပါဘူး
No comments:
Post a Comment