Tuesday, September 13, 2011

မြန်မာပြည်စွမ်းအင်ဝန်ကြီးပြောစကား


ဗိုလ်ချုပ်လူထွက်တွေကို မိန့်ခွန်း ပြောဖို့မြောက်သာပေး။ စကားပြောတော့မှစကားတဲ့ဇာတိတွေ၊ သူတို့အရေအချင်းတွေ ကိုလူထုက မျက်ဝါးထင်ထင်တွေ့ ရလိမ့်မယ်။ ယူနီဖေါင်းတကားကား၊ တိုက်ပုံခေါင်းပေါင်းတကားကားနဲ့မသိရင်တော့ တကယ့် နိုင်ငံတော်အကြီးအကဲဆိုပြီး ဟောက်စားခြောက်စားတွေဟာ စကားလည်းပြောခိုင်းလိုက်မှ သောက်ရူးပါလား ဆိုတာ တွေ့ရတော့တာကိုး။
သူတို့ကို နိုင်ငံတော်အကြီးအကဲလို့ ခေါ်တာသုံးတာကို သူတို့ သိပ်ကြိုက်တယ်။ ဒါပေမဲ့ ဇော်မင်း တယောက်ကတော့ သောက်ရူးဆိုတော့ နိုင်ငံတော်သောက်အရူးလို့ ခေါ်ကြပါစို့။
သူရဲ့မိန့်ခွန်းမှာ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့ထည့်ရောင်းလို့ မရဘူး။ ကြိုးနဲ့သွယ်ပြီးရောင်းရတာ လို့ဆိုတယ်။ အတော် မှတ်သားလောက်တဲ့စကားပဲ။ သူရဲ့ပညာရေးအခြေခံကို ဖေါ်ပြနေတာပေါ့။ တကယ်တော့ သန်းရွှေက သူ့ကိုထောင်ဝါဒါ လောက် ခိုင်းလိုက်ရင်တောင် ရနေပြီ။ ဘယ်နဲ့ လျှပ်စစ်ကို လူတွေက ငှက်ပျောဖက်နဲ့ ထုတ်ပြီးရောင်းရတာလို့ ထင်နေပုံ ရတယ်။ ဒီလို လူမျိုးကို စွမ်းအင်ဝန်ကြီးခန့်ထားတော့ စစ်အစိုးရလက်အောက်က မြန်မာ့ပညာရေး အခြေအနေဆိုးဝါးမှုကို မြင်ရတော့တယ်။
မြန်မာပြည်က လျှပ်စစ် လိုအပ်မှုက မီဂါဝပ် ၁၅၀၀ မျှသာဖြစ်တယ်တဲ့။ ပြည်တွင်းမှာ ဖူလှုံနေတယ်တဲ့။ ပိုလို့ရောင်းစားရ တာလို့ ဆိုတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိန္ဒိယ သမတ က သန်းရွှေနဲ့တွေ့တော့ ရန်ကုန်မြို့က ထွက်တာနဲ့ ကျန်တဲ့ ဒေသအားလုံးဟာ ကျေးလက်အဆင့်မှာပဲ ရှိသေးတယ်။ လျှပ်စစ်မီး လုံးဝ မရှိကြဘူး။ ဖွံ့ဖြိုးမှုအလွန်ကို နှောက်ကျနေ တာကို စိုးရိမ်ကြောင်း အကြံပေးခဲ့တယ်။ ဖူလုံတယ်ဆိုရင် မြို့ကြီးတွေမှာ မီးဘာလို ခနခန ပြတ်လည်း၊ ကျေးလက်ဒေ သအားလုံး နီးပါးမှာ လွတ်လပ်ရေး ရပြီးကတည်းက မီးမရတာ ဘာကြောင့်လဲ။
မြန်မာပြည်ရဲ့ လျှပ်စစ်သုံးစွဲမှု မီဂါဝပ် ၁၅၀၀ နဲ့ ကျေနပ်နေရမှာလား။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံနဲ့ လုံးတူဒေါက် တူ နိုင်ငံတွေရဲ့လျှစ်စစ်သုံးစွဲမှုကိုကြည့်ရင် ထိုင်းနိုင်ငံရဲ့လျှပ်စစ်သုံးစွဲနိုင်မှုက ၁၃၄. ၄ ဘီလီယံ ကီလိုဝပ်ရှိတယ်။်ဗီယက် နမ်က ၈၅ ဘီလီယံကီလိုဝပ်၊ အင်ဒိုနီးရှားက ၁၁၉ ဘီလီယံကီလိုဝပ်တွေ သုံးစွဲနေချိန်မှာ မြန်မာပြည်က ၄.၄ ဘီလီယံကီ လိုဝပ်ပဲ ရှိတာကိုတွေ့ရပါတယ်။
ရေကာတာကိုမဆောက်ဖို့ တရုပ်အစိုးရ ပညာရှင်တွေကိုတိုင် ကန့်ကွက်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ပါတဲ့ အစီရင်ခံစာ အကြောင်းကို သူမပြောဘူး။ ရေကာတာဆောက်သင့် မဆောက်သင့်ကို ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့ကို ငှားရမ်းပြီး လေ့ လာ ကွင်းဆင်းခဲ့တာကို ဂုဏ်ယူဝံကြွားစွာနဲ့ ပြောနေတယ်။
ဘီလူးချောင်းရေအားလျှပ်စစ် အသက်ထွက်နေတာ သူခုထိ သိပုံမရသေးဘူး။ တောတွေခုတ်လို့ ဘီလူးချောင်း ရေအား ကျ၊ အင်းလေကန်ကြီး ကောခါနီးနေပြီ။ နှောင် ၁၀ နှစ်အတွင်းမှာ ဒီနေရာမှာအင်းလေးကန်ရှိခဲ့တယ်ဆိုတာကို ဓါတ်ပုံအ ထောက်ထားနဲ့ ကလေးတွေကိုပြောမှ ယုံကြတော့မယ် အနေအထား။ ဓါတ်အားပေးစက်ရုံမှာ အဓိကလည်ပတ်နေတာ က မီးစက်နှစ်လုံးမျှသာတည်း။ တလုံးက ပျက်နေတယ်လို့ ဓါတ်သိဝန်ထမ်းတဦးက ဆိုပါတယ်။
သူ့ စွမ်းအင်ဝန်ကြီးဌာနက ထွန်းထားတဲ့ လျှပ်စစ်မီးက တရုပ်စက်နဲ့လည်ပြီး ထွန်းနေတာလို့ ဓါတ်သိတယောက်က ဆို တယ်။ ဒါပေမဲ့ မြန်မာ ပြည်ဝန်ထမ်းတွေက ဘီလူးချောင်းကလာတဲ့ လျှပ်စစ်လို့ သူ့ကို ကြပ်ပေးထားတာသူက အဟုတ် မှတ်နေတယ်။
သစ်ပင်တွေပျောက်တယ်။ တရိစ္တာန်လေးတွေ ပျောက်သွားတာကို သူက ပေါ့ပေါ့ဆဆ မြင်နေတယ်။ ဒါဟာအလွန် အန္တ ရာယ် ရှိတယ်။ ရေကာတာကို ဆောက်ပြီးသွားရင် ဖြစ်လာမယ့် ရေအကျယ်အ၀န်းက နယူးယောက်မြို့လောက် ရှိနေ တယ်။ ပင်မရေကာတာရဲ့ ရေအကျယ်ဝန်းက စင်္ကပူနိုင်ငံထက် ကြီးနေတယ်။ ရေကာတာဆောက်ပြီးသွားရင် ငါးတွေ မျိုးဥဖို့ မြစ်ညာကို မတက်နိုင်တော့ဘူးဆိုရင် ငါးမျိုးစိတ် ပျောက်ကုန်မယ်။ တရိစ္တာန်လေးတွေဟာ ကမ္ဘာကြီးမှာ နေထိုင် ခွင့် ရှိသူတွေ၊ ကျနော်တို့ မသိနိုင်သေးတဲ့ တာဝန်တွေကို ထမ်းဆောင်နေရသူတွေ ဖြစ်လာတယ်။
လိပ်ပြာတကောင် သေသွားတဲ့အတွက် အလွန်ဆိုးတဲ့ သဘာဝပတ်ဝန်းကျင် ဖေါက်ပြန်မှုတွေတောင် ရှိနိုင်တယ်ဆိုတဲ့ လိပ်ပြာ သက်ရောက်မှု သီအိုရီ- Butterfly Effect theory – ကို ပညာရှိတဲ့ ခေါင်းဆောင်တွေက အလေးအနက်ထား ကြတယ်။ ဒါကို ဇော်မင်း သိရဲ့လား။
မြစ်ရေ ၇ ရာခိုင်နှုန်းကိုပဲ ဖမ်းတာ ၉၇ ရာခိုင်နှုန်းက ဆက်လက်စီးဆင်းနေနိုင်တယ်ဆိုတာ ဘယ်သူပြောတာလဲ။ ဘယ်ပညာရှင်က လိမ်ထားတဲ့ ကိန်းဂဏန်းလဲ။
တရုပ်ပြည်မှာ မြစ်ချောင်းကြီးပေါင်း ၆၀၀ ကျော်ရှိတယ်။ တရုပ်ခေါင်းဆောင်တွေရဲ့အမြင်တိမ်တဲ့ ကောင်းမှုတွေကြောင့် မြစ်ကြီး ၄၀၀ ကျော် ပျောက်ဆုံးသွားပြီဖြစ်ကြောင်း မှတ်တမ်းတွေရှိတယ်။ ရေအားလျှပ်စစ်ကြောင့်ရတဲ့ စွမ်းအင်ဟာ တကယ်တမ်းသိပ်မရှိဘူး သဘာဝပတ်ဝန်းကျင် ပျက်တဲ့ရလဒ်ဆိုးတွေက ပိုများနေတယ်ဆိုတာ နိုင်ငံတကာပညာတွေ က တညီတညွတ်တည်း ကောက်ချက်ချထားတာ ကြာပါပြီ။
ဒီတော့ အနောက်နိုင်ငံတွေက သတိထားပြီးလုပ်ကြတယ်။ ရေကာတာတည်ဆောက်တာတွေကို ရှောင်လာတာကိုတွေ့ ရတယ်။ အာရှတိုက်တွေမှာတော့ ဇော်မင်းတို့လို နိုင်ငံတော် သောက်ရူးတွေက များတယ်။ ရေကာတာ တည်ဆောက်ပေး လိုက်တာကို ဘုရားတည်ပေးလိုက် သလိုလို၊ မင်းကောင်းမင်းမြတ်တွေလိုလို အိုင်တင်ထုတ်လို့ ကောင်းနေကြတုန်း။
နောင်ဖြစ်လာမယ့် ဆိုးကျိုးတွေကို သူတို့ မမြင်ကြဘူး။
ဒီလိုသောက်ရူးတွေ အုပ်ချုပ်နေသမျှတော့ လူမှုဒုက္ခတွေ ပင်လယ်ဝေနေဦးမှာပဲ ဖြစ်တယ်။
မိုးသီးဇွန်

No comments:

Post a Comment