Wednesday, September 14, 2011

စပါတာ..မီးသတ်သမား..ဂျပန်အလုပ်သမား

ယခု ဂျပန် နျူကလီးယား ပေါက်ကွဲမှု အန္တရာယ် ကပ်ဘေး ဆိုးကနေ ရှောင်ရှားဖို့ အသက်စွန့်လုပ်နေကြတဲ့ ဂျပန် အလုပ်သမား ၁၈၀ ရဲ့ မြင်ကွင်းက ဂရိဒေသမှ သူရဲကောင်း စပါတာ ၃၀၀ ရဲ့ စွန့်စားမှုကို ပြန်အမှတ်ရစရာ
ဖြစ်လာသည်။
ဂရိကို ကျူးကျော်ဖို့လာတဲ့ ရန်သူ ပါရှန်း (ယခု အီရန်) တစ်သန်းကျော် ရှိ စပ်တပ်ကြီးကို  သာမိုပီလီ တောင်ကြားမှာ  စပါတာ သူရဲကောင်း ၃၀၀ က အသက်ပေးတိုက်ခဲ့တဲ့ သမိုင်းဝင် ဇာတ်လမ်း ရှိသည်။ အင်အား အဆမတန်ကြီးပြီး လက်နက် ယန္တရားပဉ္စလက် ပေါင်းစုံနဲ့ ချီလာတဲ့ ပါရှန်ဘုရင်က စပါတာတွေကို လက်နက်ချရင် သူကောင်းပြုဖို့ ကမ်းလှမ်းကြည့်သည်။ မရ။ စပါတာ ၃၀၀က နောက်ဆုတ်ဖို့လည်း မစဉ်းစား။ ကိုယ့်အသက်တွေ သေမှာ သိသိနဲ့ မနိုင်မှန်းသိတဲ့ ခေါဘဏီတပ်ကြီးကို ခံတိုက်ရင်း စွန့်လွှတ်စတေးခဲ့ကြသည်။
ရလဒ်က ရန်သူ ပါရှန်းတွေကို အချိန်ဆွဲ တိုက်ထားနိုင်တာနဲ့အမျှ ဖရိုဖရဲ စိတ်ဝမ်းကွဲနေတဲ့ ဂရိဒေသကြီး ပြန်လည် စည်းလုံးမိလာပြီး နောက်ဆုံး အောင်ပွဲ ဆင်နိုင်ခဲ့ကြသည်။ စပါတာ သူရဲကောင်း ၃၀၀ ရဲ့ စွန့်စားမှုက ငထွေရူးတို့ ညောင်ဦးဖီးတို့လို ဒဏ္ဍာရီမဟုတ်။ တကယ် အသက်ပေးသွားတဲ့ သမိုင်းဝင် စွန့်စားမှုကြီး ဖြစ်သည်။
နယူးယော့ခ် ကမ္ဘာ့ကုန်သွယ်ရေး စင်တာကြီး အကြမ်းဖက်တိုက်ခိုက်ခံရတော့ အသက်ပေးသွားတဲ့ မီးသတ်သမား ၃၄၀ ရဲ့ စွန့်လွှတ်မှုကလည်း သမိုင်းဝင် ဖြစ်သွားသည်။ မီးစွဲလောင်နေတဲ့ WTC မိုးပျံအဆောက်အဦကြီး အထပ် ထပ်ကနေ လူတွေ ထောင်သောင်းချီ ဆင်းပြေးလာချိန်မှာ မီးသတ်သမား ၃၄၀ က မီးငြိမ်းဖို့ အပေါ်ကို တက်နေကြသည်။ အားလုံး အသက်လု ဆင်းပြေး နေရတဲ့ အချိန်မှာ မိမိတာဝန်အတွက် အများနဲ့မတူနဲ့ လားရာဘက် တက်ရင်း အသက်ပေး သွားခဲ့ကြသည်။
လူ့အဖွဲ့အစည်းတွေမှာ အရေးအကြောင်း ဖြစ်လာတဲ့အခါ ကပ်ကမ္ဘာပျက်မှု ကြုံရတဲ့အခါ သူရဲကောင်းတွေ ပေါ်မြဲဖြစ်သည်။ ယခု နျူကလီးယား အန္တရာယ် ဘေးဆိုးကြီးကနေ ကာကွယ် ရှောင်ရှားနိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန် အလုပ်သမား ၁၈၀ ရဲ့ စွန့်စားမှုတွေကို တကမ္ဘာလုံး စောင့်ကြည့်နေကြသည်။ သူတို့က စပါတာတွေလို နယူးယော့ခ် မီးသတ်သမားတွေလို သူရဲကောင်းများ ဖြစ်သည်။ သို့သော် သူတို့က အသက်ရှိ စွန့်စား လုပ်ကိုင်နေသူများ ဖြစ်သည်။
ပြီးခဲ့တဲ့အပတ် ငလျင်နဲ့ ဆုနာမီကြောင့် ဖူကူရှီမာ ဒိုင်အီချီ ဓာတ်ပေါင်းဖိုတွေကနေ နျူကလီးယား ယို့စိမ့် ပေါက်ကွဲထွက် လာမှာမို့ လူ သိန်းပေါင်း များစွာ အိုးအိမ်တွေ စွန့်ပစ် ပြေးခဲ့ကြရသည်။ ဒါပေမဲ့  နောက်ဆုံး လက်ကျန် စက်ရုံ အလုပ်သမား ၁၈၀ ကတော့ နျူကလီးယား ဘေးဆိုးကြီးကို ကာကွယ်ဖို့ သူတို့ အသက်တွေ စတေးရင်း လုပ်ကိုင်နေကြ သည်။
အမေရိကန် စွမ်းအင် အရာရှိ  Robert Alvarez က “အခု ဂျပန် အလုပ်သမားတွေရဲ့ ဆောင်ရွက်ချက်က ကြီးမားတဲ့ သူရဲကောင်း လုပ်ငန်းကြီးပါ။ ရေဒီရေးရှင်းတွေ ပျံနှံ့ထွက်လာရင် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ သူတို့ အသိဆုံးပဲ။ ဟိုက်ဒရို ပေါက်ကွဲမှုကြီး ဖြစ်လာရင် သိပ်ကြောက်ဖွယ်ကောင်းတယ်။ ဒါပေမဲ့ သူတို့ တာဝန်ကို အစွမ်းကုန် ဆောင်ရွက် နေကြတယ်။ ဂျပန်တွေဟာ တာဝန်ကို ရိုသေတဲ့ လူမျိုးဆိုတာ ကမ္ဘာကို ပြသနေကြတယ်။ ကပ်ဆိုးကို တားဆီနိုင်ပြီး သူတို့ ပြန်လာရင် အနည်းဆုံးတော့ သွေးဖြူဥ ကင်ဆာနဲ့ လည်ချောင်း ကင်ဆာမျိုးတွေ ရကြလိမ့်မယ်” ဟု ဆိုသည်။
ဂျပန် ဘုရင်ကိုယ်တိုင်ကလည်း အလုပ်သမား သူရဲကောင်းများကို လေးစားဦးညွှတ်ကြောင်း ပြောခဲ့သည်။
မောက္ခ နိုင်ငံတကာ သတင်း

မကုန်မိ...လျှော့ဈေးနဲ့..ဘယ်မှာနေလည်း..ကြောက်လွန်လွန်းလို့....

မကုန်မီ...................
အမျိုးသမီးတစ်ဦးမောင်းလာသောကားကို ယာဉ်ထိန်းရဲက ရပ်ခိုင်းလိုက်သည်။
“သတ်မှတ်နှုန်းထက် ပိုမောင်းလို့ ပါခင်ဗျာ”
“ကျွန်မသိပါတယ်။ အခုဟာက ဓာတ္ဆီမကုန္မီ အိမ္ကိုေ၊ရာက္ခ်င္လို ့ပါ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လျှော့ဈေးနဲ့ ......................
လူတစ်ယောက်သည် အိမ်ပြန်ရောက်လာသည့်အခါ ဇနီးသည်အား ပြောပြနေသည်။
“ကိုယ်ဒီနေ့ ဆိုင်တစ်ဆိုင်မှာ မော်တော်ကားတာယာလေးလုံးကို နှစ်လုံးဈေးနဲ့ ရလို့  ဝယ်လာတယ်ကွ”
“ဘာပြောတယ် ။ ရှင် ရှုးနေလား။ ကျွန်မတို့ မှာ မော်တော်ကးမှမရှိတာ။ တာယာတွေက ဘာလုပ်ဖို့ လဲ။”
“မင်း ဘရာစီယာဝယ်တုန်းက ငါဘာပြောလို့ လဲ”
ဘယ်မှာနေသလဲ.....................
“ကိုယ်က ဂျင်စတစ်လောက် မချမ်းသာပါဘူး။ ပြီတော့သူ့ လိုရိုလ်ရွိုက်ကား လည်းကိုယ့်မှာမရှိပါဘူး။ ဒါပေမဲ့ မင်းကိုတော့ ကိုယ်တကယ် ချစ်မြတ်နိုး တာပါကွာ”
ထို အခါ အမျိုးသမီးဖြစ်သူက ထိုလူ၏လည်ပင်းကို သာယာစွာဖက်လိုက်ပြီး နားနားကပ်ကာ တိုးတိုးကလေး ပြောလိုက်သည်။
“အဲဒီ ဂျင်စတစ်ဆိုတဲ့ လူက ဘယ်မှာနေတာလဲဟင်”
ကြောက်လွန်လွန်းလို့ ................................
အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်ပြင်စွာ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲက ရပ်တန့် စေပြီး ဖမ်းဆီးလိုက်သည်။
“နောက်ကနေလိုက်လာပြီ ရပ်ဖို့ သတိပေး အချက်ပြ မီးနဲ့ ဥသြသံကို ခင်ဗျား သတိမထားမိဘူးလား”
“ကျွန်တော်သိပါတယ်”
“ဒါဆိုရင် ချက်ချင်းဘာဖြစ်လို့  ရပ်မပေးတာလဲ”
“ဒီလိုရှိပါတယ်။ အရင်လက ကျွန်တော်မိန်းမဟာ ယာဉ်ထိန်းရဲတစ်ယောက်နဲ့  လိုက်ပြေးသွားပါတယ် ။ အခုဟာက အဲဒီ ရဲက ကျွန်တော်မိန်းမကို ပြန်လာပို့ တယ်ထင်လို့ ပါ”

သမိုင်းဝင်ရှေးဟောင်းတံတားနှင့်အာဏာရှင်

မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။
အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။

၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။

စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။

အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။

မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။

၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။

မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။
Last Updated ( Saturday, 08 January 2011 08:59 )

ညဝက်အကျီ

ကိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲး) မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော်း) တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး အသံထွက်အောင် အော်ရီကြည့်ကြတာပေါ့နော် .. ဟား..ဟား..ဟား

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

" ဒါ ဘာလုပ်တာလဲ"
"ယောကျာ်းအပြန်ကို စောင့်နေတာလေ"
"ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
"ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
"လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
"ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။

"ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
" ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။

ဟာသ

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။
တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲ
ဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ"
လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။

၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....

ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...

" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..

" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး


" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက

" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်
 

တွေးတွေးပြီးရယ်



၁)
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

၂)
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"

ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။

၃)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။

ဟာသလေးတွေ တင်ပေးပါဆိုလို့ တင်လိုက်ပါတယ်။ မရယ်ရလဲ ရယ်ကြပါလို့..
ကျွန်မအပါအဝင် တစ်ချို့လူတွေက အလုပ်ဖိစီးမှု၊ ကျောင်းစာဖိစီးမှု၊ အဖက်ဖက်က ဖိအားတွေကြောင့် လွတ်လပ်ပေါ့ပါးတဲ့ စာတွေကိုပဲ ဖတ်ချင်ကြတယ်။ စိတ်ညစ်လေးလံတဲ့ စိတ်ကို ရယ်စရာစာတွေ၊ ရုပ်ရှင်တွေကြည့်ပြီး ဖြေချင်ကြတယ်။ "laughter is the best medicine" တဲ့... ရယ်စရာတွေ တော်တော်များများ ဖတ်မိပါတယ်။ ဒါပေမယ့် လူပြောစရာဖြစ်မှာစိုးလို့ ဆင်ဆာလွတ်တဲ့ ဟာသတွေပဲ ရွေးတင်လိုက်တယ်.. ပျော်ရွှင်ရယ်မောနိုင်ကြပါစေလို့း)

နောင်တ--မရှိရင်ကောင်းသေး--ကောင်းပါတယ်

ဆရာ - မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ်
မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု - ၁၀ ပါ ဆရာ။
ဆရာ - မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု - ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။
(နောင်တ)
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
 
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
(မရှိရင်ပိုကောင်းသေး)
မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊     ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
               မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊     ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
                       မလိုဘူးကွ´

(ကောင်းပါတယ်)
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
 မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့

ရန်ကုန်မှာ ၂၄ နာရီး လျှပ်စစ်မီးရရှိမည်ဟုပြော

၀၁၂ ခုနှစ် မတ်လမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး ၂၄ နာရီလျှပ်စစ်မီး ရရှိနိုင်တော့မည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇူလိုင်လကတည်းကပင် ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲခွင့် ရရှိထားပြီး လောပိတ ရေအားလျှပ်စစ်ဌာန(၁)၊ လောပိတ ရေအားလျှပ်စစ်ဌာန (၂)နှင့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းကရရှိသည့် လျှပ်စစ်ဓာတ်အားများကို ယခုထက်တိုင် ထုတ်ယူသုံးစွဲရခြင်းမရှိသေးသည့်အတွက် လာမည့်နွေရာသီအစတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် ၂၄ နာရီလျှပ်စစ်မီး သုံးစွဲခွင့် ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး ၂၄ နာရီပေးနိုင်ဖွယ်ရှိသော်လည်း အကြောင်းအရာကိစ္စရပ် အချို့ကြောင့် တစ်ခါတစ်ရံ တစ်နာရီ၊ နှစ်နာရီခန့် မီးပျက်ခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း ၎င်း ကဆက်လက်ပြောကြားခဲ့သည်။
ယခင်က အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ရေအားလျှပ်စစ်စီမံကိန်း လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ (၁၈) ရုံရှိသော်လည်း နောက်ပိုင်း ကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နှောင့်ယှက်ဖျက်စီးမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁) ရုံပျက်စီးခဲ့ရပြီး လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံ (၁၇) ရုံသာကျန်ရှိတော့ကြောင်း သိရသည်။
ယခုနှစ်အစပိုင်းမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်သကဲ့သို့ နောင်နှစ်များတွင်လည်း ယခုထက်ပို၍ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။