ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့ နံနက် ကိုးနာရီအချိန်က
ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့ပါသည်။
ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ မယ်လဒုက္ခသည်စခန်းသို့
သွားရောက်ခဲ့ပြီး စခန်းတာဝန်ရှိသူများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံကာ
မွန်းလွဲတစ်နာရီ မိနစ်သုံးဆယ်အချိန်တွင် ဘန်ကောက်မြို့သို့
ပြန်လည်ထွက်ခွာသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆောက် ခရီးစဉ်၌
မယ်တော်ဆေးခန်းသို့ ၀င်ရောက်ကာ မဲဆောက်မြို့တစ်နေရာ၌
တိုင်းရင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည် သတင်းထွက်ပေါ်ခဲ့သော်လည်း
ထိုအစီအစဉ် ဖြစ်မြောက်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသို့ ၎
ရက်ကြာခရီး လာရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၃ ရက်နေ့
နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဟု သိရပါသည်။















No comments:
Post a Comment