မေလ (၁၄) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုးရီးယား သမ္မတလီမြောင်ဘတ်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်၌ မြန်မာသမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံအနေနှင့် မြောက်ကိုးရီးယားထံမှ နျူးကလီးယားနှင့် အခြားစစ်ရေး စီမံကိန်း အကူအညီ များကို ရယူခဲ့ခြင်း မရှိပါ ကြောင်း ငြင်းဆို ပြောကြား လိုက်ပါသည်။
တောင်ကိုးရီးယား သမ္မတသည် ၁၉၈၃ ခုနှစ် ၊ အောက်တိုဘာလ (၉) ရက်နေ့တွင် မြောက်ကိုးရီးယား သူလျှိုများ၏ လက်ချက်ကြောင့် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော တောင်ကိုးရီးယား နိုင်ငံခေါင်းဆောင်များအား အမှတ်ရသောအားဖြင့် အာဇာနည် ဗိမာန်သို့ သွား ရောက်ကာ လွှမ်းသူ့ပန်းခွေချ၍ ဂုဏ်ပြုခဲ့ပါသည်။
တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်
ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ်
ကျဆုံးသွားသော တောင်ကိုးရီးယား ခေါင်းဆောင်များမှာ
ဒုဝန်ကြီးချုပ်တစ်ဦး အပါအဝင် ဝန်ကြီး လေးဦးနှင့် အဆင့်မြင့် အရာရှိများ၊
သတင်းထောက်များ၂၁ ဦး သေဆုံးခဲ့ရပြီး၊ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ်
ထိုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သည့်အနေနှင့် ၄င်းတို့၏ သံတမန် များအား နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် နဝတ အစိုးရ တက်လာပြီး နောက်ပိုင်းတွင် မြောက်ကိုးရီးယား မြန်မာသံတမန် အဆက်အသွယ်များ ပြန်လည်စတင်ခဲ့ပါသည်။
တောင်ကိုးရီးယားသမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည်
တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ (၁၄)
ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ နှစ်ရက်တာ အလည်အပတ်ခရီး လာရောက်
ခဲ့ခြင်းလည်း ဖြစ်သည်။ ဤခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း၌ လုံခြုံရေး
တင်းကျပ်စွာ ချထားခဲ့ပါသည်။