စီး
ပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆိုင်းငံ့လိုက်တာကို
မကန့်ကွက်ပေမယ့် မြန်မာ့ ဒီမိုကရေစီအသွင်ဖော်ဆောင်ရေး
လုပ်ငန်းစဉ်တွေဟာ နောက်ပြန် ဆုတ်သွားနိုင်တယ် ဆိုတာကို မမေ့ဖို့
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
မေ ၁၅ ရက်နေ့
မနက်ပိုင်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမေရိကန် သမ္မတဟောင်း
George W. Bush ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က Skype
အင်တာနက် ဗွီဒီယိုကတဆင့် ပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူတွေကို
အခုလို ပြောကြားလိုက်တာပါ။
“စီးပွားရေးပိတ်ဆို့
ဒဏ်ခတ် အရေးယူမှုတွေကို ဆိုင်းငံ့ပေးတာဟာ လက်ရှိအခြေအနေမှာ
သင့်တော်တဲ့ ကိစ္စဖြစ်တယ်လို့ အမေရိကန်နိုင်ငံသားတွေ ယူဆတယ်ဆိုရင်
ကျမအနေနဲ့ မကန့်ကွက်ပါဘူး။ လူတွေဟာ မြန်မာနိုင်ရဲ့
ပြုပြင်ပြောင်းလဲမှုတွေအပေါ် သိပ်ကိုအကောင်းမြင်လွန်းကြတယ်လို့ ကျမ
တခါတလေ ခံစားမိတယ်။၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်
ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေဟာ နောက်ပြန်ဆုတ်သွားနိုင်တယ်ဆိုတာကို
မမေ့သင့်ပါဘူး။ စစ်တပ်အနေနဲ့ ဒီမိုကရေစီအသွင်ဖော်ဆောင်ရေးကို
လေးလေးနက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်
ခိုင်ခိုင်မာမာ မချမချင်း ဒီမိုကရေစီအသွင်ဖော်ဆောင်ရေးဟာ
နောက်ပြန်ဆုတ်လို့မရဘူးလို့ ဘယ်တော့မှ မပြောနိုင်ဘူးဆိုတာ
ကျမပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။”
အခမ်းအနားမှာ
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး
ကိစ္စတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေကိုလည်း
ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။
No comments:
Post a Comment