Friday, September 23, 2011

သက်စင်ရဲ့ နိုင်ငံကူးလက်မှတ်ပြန်ပေးဖို့ အစိုးရ ပြန်စဉ်းစား


ရာထူးက မောင်းထုတ်ခံရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်စင်ရှီနာဝပ်ထ်ရဲ့သာမန်ထိုင်းနိုင်ငံကူးလက်မှတ်ကို နိုင်ငံခြားရေးဝန် ကြီး ဆူရာဖုန်တိုဝိချာ့က်ချိုင်ခူးလ်က ပြန်ပေးချင်တယ်။  ဒီနိုင်ငံကူးလက်မှတ်ကို လွန်ခဲ့တဲ့၂ နှစ်၊ ရှပ်နီဆန္ဒပြပွဲမှာ ဆူပူ လှုံ့ဆော်စေနိုင်တဲ့စကားတွေ မှတ်ချက်ချပြောဆိုပြီးနောက်မှာ ပြန်လည်ရုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဟာ သာမန်ထိုင်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ဖို့ ထိုက်တန်ပါတယ်လို့ ဆူရာဖုန်က ပြောလိုက်ပါတယ်။ သူ့ရဲ့ သံတ မန်နိုင်ငံကူးလက်မှတ်ပြန်ပေးဖို့ကိုတော့ စဉ်းစားနေပါတယ်။
“နိုင်ငံကူးလက်မှတ်ဆိုတာဟာ မှတ်ပုံတင်ကဒ်လိုပါပဲ၊ ထိုင်းနိုင်ငံက နိုင်ငံရေးအကျဉ်းသားတောင်မှ သူတို့ မှတ်ပုံတင် ကဒ်ကို ကိုင်နေတာပဲ။ ကျနော့်အနေနဲ့ပြောရရင် ထိုင်းလူ့အဖွဲ့အစည်းဟာ ဒီအခြေခံကနေ စဉ်းစားစေချင်ပါတယ်” လို့ နယူးယောက်မြို့မှာ ကုလသမဂ္ဂအစည်းအဝေး တက်နေတဲ့ ဆုရာဖုန်က ပြောပါတယ်။ “ကျနော့်အနေနဲ့ကတော့ ထပ်စင် ကို အနီရောင် သံတမန်နိုင်ငံကူးလက်မှတ် ပြန်ပေးဖို့ မစဉ်းစားခင် သာမန်နိုင်ငံကူးလက်မှတ်တော့ ပြန်ရစေချင်ပါတယ်”။ သူ့တာဝန်တခုက ထပ်စင်ရဲ့ နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးရေး ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတခုကို သြဂုတ်လ ၁၇ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပထမဆုံး စတင်တာဝန်ယူတဲ့နေ့က ဆူရာဖုန်က ပယ်ချလိုက်ပါတယ်။ သူ့ဦးစား ပေး အလုပ် က တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားကနေ တို့မီးရှို့မီး လုပ်နေတယ်လို့ သူ့ကို အစိုးရက စွပ်စွဲအပြီး ၂၀၀၉ခုနှစ် ဧပြီလ ၁၂ရက်နေ့မှာ သက်စင်ရဲ့ နိုင်ငံ ကူးလက်မှတ်ကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ ထပ်စင်ဟာ အဲဒီတုန်းက အဖိဆစ်ခေါင်းဆောင်တဲ့ အစိုးရကိုဆန့်ကျင်ဖို့ ရှပ်နီဆန္ဒပြသမားတွေကို လှုံ့ဆော်ပြောဆိုခဲ့တယ်လို့ အစိုးရက စွပ်စွဲခဲ့ပါတယ်။ ပတ်တရားမှာ ကျင်းပတဲ့ အာဆီ ယံထိပ် သီးဆွေးနွေးပွဲကို ရှပ်နီတွေက ဒလကြမ်းဝင်ရောက်ဆန္ဒပြခဲ့လို့ ရုတ်တရက် ဖျက်သိမ်းလိုက်ရအပြီး နောက် တရက်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအကြောင်းကြောင့် ပြန်လည်ရုတ်သိမ်းခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး သက်စင်ရဲ့နိုင်ငံကူးလက်မှတ်ကို ပြန်ပေးဖို့ ဆူရာဖုန်က တွန်းတွန်းတိုက်တိုက် လုပ်နေပါ တယ်။ သူဆက် သွယ်တဲ့ နိုင်ငံအများအပြားကလည်း ဒီလိုပဲ အမြင်ရှိကြပါတယ်။
ကမ္ဗောဒီးယားကို အလည်ရောက်နေတဲ့ ထပ်စင်ဟာ မွန်တီနီဂရိုးက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားနေ တာပါ။ သူဟာ နိုင်ကာရာဂွာနဲ့ယူဂန်ဒါနိုင်ငံတွေအပါ တခြားနိုင်ငံက နိုင်ငံကူးလက်မှတ်တွေကိုလည်း ကိုင်ထားပါတယ်။ ပုံမှန်အားဖြင့်တော့ ဟိုတုန်းကနဲ့အခုအစိုးရခေါင်းဆောင်တွေဟာ သံတမန်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခွင့် ရှိကြပါ တယ်။ ထပ်စင်ကို မောင်းထုတ်ဖို့အတွက် ၂၀၀၆ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး ဖွဲ့စည်းခဲ့တဲ့ ဆူရာယုဒ် ချူလာနွန့်ဒ် အစိုးရက သူ့နိုင်ငံကူးလက်မှတ်အနီကို ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ ပြည်သူ့ စွမ်းအားပါတီဦးဆောင်တဲ့ နောက်အစိုးရက ဒီဆုံးဖြတ်ချက်ကို ပြောင်းလိုက်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ အာဏာရလာတဲ့ ဒီမိုကရက်ဦးဆောင်တဲ့အစိုးရက ဒီစာအုပ်ပြန်လည်ရုတ်သိမ်းဖို့ နောက်တကြိမ် ဆုံးဖြတ်ခဲ့ပါတယ်။
prasong.com ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ဆောင်းပါးတစောင်မှာ သက်စင်အစိုးရကို ပြတ်ပြတ်သားသားဝေဖန်ရေးသား သူ ဝေဖန်ရေးဆရာ Mr Kaewsunက အာဏာရပါတီဟာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ဘုရင်ကြီးရဲ့ ၈၄ နှစ် မြောက် မွေးနေ့ပွဲကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေပြဋ္ဌာန်းဖို့ တွန်းအားပေးနေပါတယ်လို့ ဖော် ပြထားပါတယ်။ ဘုရင့်မွေးနေ့လို မင်္ဂလာအခါသမယကာလမှာ များသောအားဖြင့် ဘုရင်ကြီးကလွတ်ငြိမ်းခွင့် ပေးပါတယ်။ နိုဝင်ဘာလမှ ထပ်စင်ပြန်လာဖို့ ဖွေ့ထိုင်းပါတီက စီစဉ်ထားတယ်။ ဒီတော့ သူဟာ လွတ်ငြိမ်းခွင့် ဥပဒေ မသက်ရောက် ခင်ကလေးမှာ ထောင်ထဲမှာ ခဏပဲ နေရမှာဖြစ်ပါတယ်လို့ Mr Kaewsun က ပြောပါတယ်။
Mr Kaewsun ဟာ အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်နေတယ်။ ဒါကို မလုပ်ဖို့တားမြစ်ရမယ်လို့ မစ္စတာ ဖိုင်ချစ် က ပြောပါတယ်။ “Mr Kaewsun ဟာ မစ္စခွန်ယင်လပ် အလုပ်တွေလုပ်နေတာကို ရပ်သွားအောင်လုပ်နေတယ်” လို့ သူ က ပြောပါတယ်။ ဖွေ့ထိုင်းပါတီဟာ အခြေခံဥပဒေအသစ်တခုရေးဆွဲဖို့ လုပ်နေတယ်။ ဒီအခြေခံဥပဒေသစ်အရ အထက် လွှတ်တော်ကို ဖျက်သိမ်းမှာဖြစ်ပြီး လွတ်လပ်တဲ့အေဂျင်စီတွေရဲ့အခန်းကဏ္ဍကို ကန့်သတ်မှာဖြစ်တယ်။ တရားစီရင်ရေး အာဏာဟာ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ Mr Kaewsun က မှတ်ချက်ပေးပါတယ်။
စက်တင်ဘာ ၂၂၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

No comments:

Post a Comment